အခန်း ၆၈
Vol. 5 Ch. 68
အပိုင်း (၆၈)
စူးလီက တိမ်လွှာကြေးမှုံထဲ အားလုံးရဲ့ မှိုင်တွေစိတ်ပျက်နေတဲ့ မျက်နှာထားတွေနဲ့ လှုပ်ရှားမှုတွေကို ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ အော်ရယ်မိပြန်တယ်။
[ဟား ဟား ဟား ဟား ကြည့်ရတာ သူတို့ရဲ့ချစ်ရသူက တစ်ခုခုလွဲနေတာကို သိသွားကြတဲ့ပုံပဲ]
[နင်တို့ရဲ့ ချစ်လှစွာသောထန်ယာက မြေကြီးပေါ်မှာ နင်တို့ရဲ့အကူအညီကို စောင့်နေတယ်လေ ဟား ဟား ဟားဟား____]
[ဟား ဟား ဟားဟား မှုတ်ဆိတ်နဲ့လူတစ်ယောက်နဲ့ အချိန်အကြာကြီး ချစ်ခင်ကြင်နာလာခဲ့တာဆိုတော့ အခုလောက်ဆိုရင် သူတို့ရဲ့စိတ်ထဲတွင် ထရော်မာတွေ ဘယ်လောက်တောင် ဝင်နေကြမလဲ]
ဘ၀သတ်သူ ပုဂ္ဂိုလ်ကြီးက သူ့အစာအိမ်ထဲက အော်ဂလီဆန်နေတဲ့ ခစားချက်ကို ဖိနှိပ်ထားလိုက်ပြီး ထရပ်လိုက်တယ်။ ကောင်းကင်ကလာတဲ့ အသံရဲ့လှောင်ရယ်သံကို သူ ကြားလိုက်တယ်လေ။
သူက သန်မာပေမဲ့ ရွှံစေးလို ပျော့ညံ့နေတဲ့ မြေကြီးပေါ်မှာ လဲကျနေတဲ့လူကို အမှတ်တမဲ့လှမ်းကြည့်လိုက်တယ်။ ထန်ယရဲ့ရင်ဘတ်ပေါ်က ထူပိန်းနေတဲ့ရင်ဘတ် အမွှေးတွေကို မြင်လိုက်တဲ့အခါ သူက ရုတ်ခနဲ ခေါင်းပြန်လှည့်သွားပြီး သူ့ရင်ဘတ်ကို လက်တစ်ဖက်နဲ့ အုပ်လိုက်ပြီး ကိုးယိုးကားယား ကိုယ်ကို ကုန်းထားလိုက်တယ်။
“ဝေါ့_ _”
သူ့လှုပ်ရှားသံကို ကြားလိုက်ရတော့ အကြီးအကဲချောင်က နောက်ဆုံး သူ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်တယ်။ သူက မြေကြီးပေါ်က ထန်ယကို လှမ်းကြည့်လိုက်ပြီးနောက် မျက်လုံးထဲမှာ ထုံထိုင်းနေတဲ့အကြည့်တစ်ခုနဲ့ အလင်းလိုအမြန်နှုန်းနဲ့ အကြည့်လွဲသွားတော့တယ်။
မဟာယာန ပညာရှင်တွေတောင် အိပ်မက်ဆိုးမက်ရတော့မယ်ဆိုရင် ဖြစ်သင့်ရဲ့လား။
နတ်သမီးလျိုကွမ်းကတော့ အေးခဲသွားတဲ့မျက်နှာတစ်ခုနဲ့ သူမရဲ့လက်တွေကလည်း အနည်းငယ် တုန်ယင်နေတယ်။ အခုလေးတင် အဲဒီအကြည့်ရဲ့သက်ရောက်မှုက အရမ်းပြင်းထန်သွားကာ သူမမှာ ထပ်ကြည့်ဖို့တောင် သတ္တိမရှိတော့ဘူး။
လူသုံးယောက်ရဲ့ အမူအရာက အကြိမ်တော်တော်များများ ပြောင်းလဲသွားပြီး နောက်ဆုံးတော့ သဘောတူညီချက်တချို့ကို ရသွားကြသလိုပဲ။
ဘ၀သတ်သူက ကိုယ်ကို တခြမ်းစောင်းလိုက်ပြီး မြေကြီးပေါ်က ထန်ယကို ကြည့်ဖို့တောင် ငြင်းဆန်နေတော့တယ်။
ကျောက်စိမ်းပြားကနေတဆင့် ထန်ယနဲ့ ကုန်ဆုံးခဲ့တဲ့အချိန်တွေ၊ ထန်ယက သူနဲ့ စကားပြောတဲ့အချိန်ဆိုရင် ဘယ်လိုသဘောကောငးပြီး၊ ပါးနပ်ပြီး၊ ပွင့်လင်းချစ်စရာကောင်းပုံတွေကို စဉ်းစားမိလိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သူ့ကိုယ်သူ လှည့်စားနေသယောင် ထင်ရတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ထုတ်ပြောလိုက်တယ်။
“တစ်ခုခု အထင်လွဲနေတာပဲ ဖြစ်ရမယ်”
“ရှောင်ယာ သေချာပေါက်... အဲဒီလူ... မဖြစ်နိုင်ပါဘူး..နော်”
သူ့စကားလုံးများကို ကြားလိုက်ရတော့ အကြီးအကဲရှောင်ရဲ့မျက်လုံးတွေက မျှော်လင့်ချက်နဲ့ ဖျတ်ခနဲ လက်သွားခဲ့တယ်။ သူက မသိမသာ မျက်လွှာချထားလိုက်ပြီး သူ့ကိုယ်သူပဲ နားချဖို့ ကြိုးစားရမလား၊ တခြားသူပြောတာကိုပဲ ယုံလိုက်ရမလား မသိနိုင်အောင် ဖြစ်သွားတယ်။
“ငါ ရှောင်ယာနဲ့ ဒီလောက်အချိန်အကြာကြီး အတူရှိလာခဲ့တာ၊ သူက ဘယ်လိုလူမျိုးလဲဆိုတာ သိတာပေါ့၊ သူက ... ဒီရုပ်ကြီးတော့ လုံးဝမဖြစ်နိုင်ပါဘူး”
အခုတော့ ထန်ယရဲ့ ရုပ်ရည်က လုံးဝ အရေးမကြီးတော့ဘူးလို့ ခံစားမိလိုက်တယ်။ သူက မိန်းကလေး တစ်ယောက် ဖြစ်နေသရွေ့ သူ့မှာ သူသဘောကျတဲ့ ရုပ်ရည် မရှိရင်တောင် သူက ရုပ်ဆိုးပြီး သက်လတ်ပိုင်းအရွယ် ဖြစ်နေရင်တောင် သူကတော့ သူမကို လက်ခံလိုက်မှာပဲ။
နတ်သမီးလျိုကွမ်းကလည်း သတိပြန်ဝင်လာပြီး တုန်ယင်နေတဲ့အသံတစ်ခုနဲ့ ထောက်ခံလိုက်တယ်။
“ဟုတ်တယ်၊ ဒီလူပေါ်က အကာအကွယ်မှော်လက်နက်က ညီမလေးရှောင်ယာ သူ့ကို ပေးထားပဲ ဖြစ်ရမယ်”
သူမရဲ့ချစ်စရာကောင်းပြီး သိမ်မွေ့ပြီး စဉ်းစားတွေးတောပေးတတ်တဲ့ ညီမငယ် ရှောင်ယာက ဘယ်လိုလုပ်ပြီး ဒီလိုလူထွားကြီးတစ်ယောက် ဖြစ်နိုင်မှာလဲ။
[ဟား ဟားဟားဟား ဒီလူသုံးယောက်ရဲ့ တုံ့ပြန်ပုံတွေက မင်ဟွိုင်ရှင်း အမှန်တရားကို ပထမဆုံး သိလိုက်ရတုန်းကပုံစံနဲ့ တထပ်တည်းပဲ]
[သူတို့လေးယောက်လုံးက ထန်ယရဲ့ အဲလောက် အရူးလုပ်ခံထားရတာ မဆန်းတော့ပါဘူး ဟား ဟား ဟား ဟား __ __]
အပြင်လောကက လာတဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ လူသုံးယောက်က အမှတ်တမဲ့ မင်ဟွိုင်ရှင်းကို ကြည့်လိုက်ကြတယ်။
သူ့ရဲ့မျက်နှာပေါ်က မပြောင်းလဲတဲ့အမူအရာနဲ့ လောကကို တက်လှမ်းခဲ့တဲ့ သူ့စိတ်နေမြင့်ပုံကို မြင်လိုက်ရတော့ ဘ၀သတ်သူရဲ့ နှုတ်ခမ်းတွေက တဆတ်ဆတ် တုန်ယင်နေပြီး ဘာအားမှ မသုံးရဘဲ လူသတ်လာခဲ့တဲ့ သူ့လက်တွေက မသိမသာ တုန်ယင်သွားခဲ့တယ်။ “မင်မိသားစုဘိုးဘေး... ထန်ယာက တကယ်ပဲ....လား”
မင်ဟွိုင်ရှင်းက သူ့ကို မျက်နှာသေနဲ့ လှမ်းကြည့်လိုက်ပြီး ဘာမှမပြောဘဲ ခေါင်းညိတ်ပြလိုက်တယ်။
တစ်ခုခုက အသံထွက်လာတယ်။
ဘ၀သတ်သူက သူ့ရင်ဘတ်ကို အုပ်ထားလိုက်ပြီး နောက်ကို လှမ်းလောက် ယိုင်သွားပြီး သူ့မျက်လုံးထဲမှာ နာကျင်မှုနဲ့ ကြံရာမရဖြစ်သွားတယ်။ “မဟုတ် __ ___”
အကြီးအကဲရှောင်ရဲ့မျက်လုံးထဲက တစ်ခုတည်းသော အလင်းရောင်ကလည်း တဖြည်းဖြည်း မှေးမှိန်သွားပြိး သူ့မျက်လုံးထဲမှာ မည်းနက်နေတဲ့ အမှောင်ထုတစ်ခု ပြည့်သွားခဲ့တယ်။
နတ်သမီးလျိုကွမ်းရဲ့ရင်ဘတ်က ကြမ်းကြမ်းတင်းတင်း လှိုက်တက်လာတယ်။ သူမက ဘဝ နှစ်ခုလုံးမှာ ဒီလိုမျှော်လင့်ချက်မဲ့တဲ့ကိစ္စမျိုး တစ်ခါမှ မကြုံခဲ့ရဖူးဘူး။ ဒီအချိန်မှာ သူမမှာ ဘာမှမပြောနိုင်အောင် ဖြစ်သွားတယ်။
[ဟား ဟား ဟား ဟား အမှန်တရားက အရမ်းကို အောချရလွန်းလို့ ထန်ယက မိန်းကလေးချစ်သူတွေများကို ခြေတော်ရင်းမှာ အများကြီး ထားထားတဲ့ကိစ္စကို သူတို့တွေ လုံးဝ လျစ်လျူရှုထားလိုက်ကြတာပဲ]
[ဟုတ်တာပေါ့လေ၊ ချစ်စဖွယ် မိန်းကလေးတစ်ယောက်က ကြွက်သားနဲ့ ယောက်ျားတစ်ယောက်လို ပြောင်းသွားတာထက် ပိုပြီး စိတ်ပျက်စရာကောင်းတာ ရှိပါအုံးမလား]
[တော်တော်လေးကို အားရဖို့ကောင်းတဲ့ အွန်လိုင်းအချစ်ဇာတ်လမ်းပဲ ဟား ဟား ဟား ဟား ___]
စူးလီက အားလုံးရဲ့မျက်နှာပေါ်က အင်မတန်ကြေကွဲနေတဲ့ အမူအရာကို ကြည့်လိုက်ပြီး ရယ်မောပြီးတဲ့နောက်မှာ ထန်ယရဲ့ အကျင့်စရိုက်ကို ရုတ်တရက်ကြီး နည်းနည်းလေး သိချင်စိတ်ဖြစ်လာခဲ့တယ်။
[ဒီလူတွေ သူ့ဆီမှာ လိုလိုလားလားနဲ့ ပျော်ပျော်ကြီး အလိမ်ခံနေအောင် တကတည်း ထန်ယက ဘာတွေလုပ်ထားတာလဲ]
[ဒါက ကျောက်စိမ်းပြားလေးတစ်ခုကိုပဲ သုံးပြီး စကားလေး နည်းနည်းပါးပါး ပြောရုံပဲ မဟုတ်ဘူးလား၊ ဒီလူတွေက နှစ်ထောင်ချီအောင် နေလာကြတဲ့သူတွေပဲ၊ ဘယ်လိုဖြစ်ပြီး သူတို့တွေက အဲလောက် အလွယ်တကူ အလိမ်ခံလိုက်ရတာလဲ]
သူမက ကောင်းကင်စာအုပ်ကို သိချင်စိတ်နဲ့ လှန်လှောကြည့်လိုက်ပြီး ထန်ယနဲ့ သူကြားက ဆက်ဆံပုံကို အသေးစိတ်ကို တစ်ချက်လောက် ကြည့်ဖို့ အသင့်ဖြစ်နေခဲ့တယ်။
[ဝိုး... ထန်ယက တကယ် တွက်ချက်တတ်တာပဲ]
[သူက အထက်တန်းစား မိသားစုက ဒုတိယမျိုးဆက်တွေ မကြာခဏ လာတတ်တဲ့ နေရာတွေမှာ ဆက်သွယ်လို့ရနိုင်တဲ့ ကျောက်စိမ်းပြားတွေအများကြီး တမင်ထားခဲ့ပြီး ငါးက ငါးစာကို လာဟပ်မဲ့အချိန်ကို စောင့်နေတာပဲ]
[အချိန်တော်တော်များများလောက် တူးဆွကြည့်လိုက်ပြီးရင် ကျောက်စိမ်းပြားရဲ့ တခြားဖက်လူမှာ ဝိညာဉ်ကျောက်တုံးတွေရှိလား၊ ဒါမှမဟုတ် ချမ်းသာလားဆိုတာကို အကြမ်းဖျင်းသိပြီးရင်တော့ သူက ငါးစာ စချတော့တာပဲ]
[ကြည့်ပါအုံးမယ်.. ငါးစာကို အရင်ဆုံး လာဟပ်တဲ့သူက___ ကျွတ် ကျွတ်... အကြီးအကဲရှောင်တဲ့ဟ~ ~]
အားလုံးက အကြီးအကဲရှောင်ကို ကြည့်လိုက်ကြတယ်။
အကြီးအကဲရှောင်က သူ့နှုတ်ခမ်းကို တင်းနေအောင် စေ့ထားလိုက်ပြီး သူ့မျက်နှာကလည်း ကြောက်စရာကောင်းအောင် အေးစက်သွားတယ်။
[ဝိုး~ ~ ထန်ယက အကြီးအကဲရှောင်နဲ့ အဖော်လုပ်ရင် သိမ်မွေ့နူးညံ့ပြီး အပြောချိုသူလေးပဲ~ ~]
[အကြီးအကဲရှောင်က ဘယ်လိုပဲ အေးစက်ပြီး လျစ်လျူရှုထားထား ထန်ယက နူးနူးညံ့ညံ့လေးနဲ့ သူ့ကို တိတ်တိတ်လေး ဆက်ပြီး အဖော်လုပ်ပေးနေမှတော့ အဲဒီလူရဲ့နှလုံးသားက အရည်ပျော်ပြီပေါ့~~]
[ဟား ဟား ဟား ဟား အကြီးအကဲရှောင်က ထန်ယကို စိတ်ဝင်စားသွားတယ်ဆိုတာ ထန်ယက သုံးရက်လောက် အချိန်ပေး ရှာခဲ့ပြီး နောက်ဆုံးတော့ ဒဏ္ဍာရီကံကောင်းခြင်းမြက်ပင်ကို ရှာတွေ့သွားလို့တဲ့လေ၊ အဲဒီမြက်ပင်ကို မြင်တဲ့လူတိုင်းက ကံကောင်းခြင်းကို ယူလာပေးနိုင်တယ်တဲ့၊ ဒါကြောင့်လဲ အကြီးအကဲရှောင်က အခုတလော သူ့အတွက် ကိစ္စတွေက လွယ်ကူနေတယ်လို့ ပြောတာကိုး]
[ဟား ဟားဟား တကယ်တော့ ထန်ယက အဲဒီကံကောင်းခြင်းမြက်ပင်ကို ဆိုင်တစ်ဆိုင်ကနေ ဝိညာဉ်ကျောက်တုံး ၁၀တုံးနဲ့ ဝယ်ခဲ့တာပဲ၊ သူက အရက်ဆိုင်မှာ သုံးရက်လောက် သောက်ရင်း အချိန်ကုန်သွားပြီးမှ သူနှစ်သိမ့်ပေးလို့ရတဲ့ ငါးတစ်ကောင် ရှိသေးတယ်ဆိုတာကို သတိရသွားတာလေ]
[အဲဒီကတည်းက အကြီးအကဲရှောင်က ထန်ယအတွက် ချစ်မေတ္တာတွေ တိုးပွားလာခဲ့တာပဲ၊ အခုဆိုရင် တကယ်တော့ သူက တာအိုမင်္ဂလာပွဲကို ပြင်ဆင်ဖို့တောင် စလုပ်နေပြီတဲ့လေ]
[သူက ထန်ယရဲ့ရုပ်သွင်ကို ကိုယ်ပိုင်စိတ်ကူးနဲ့တောင် ပုံဖော်ကြည့်နေပြီး နေ့တိုင်း အသံချိုချိုလေးနဲ့ ပုံတူလေးကို ဆက်တိုက် ခေါ်နေတာလေ ဟား ဟား ဟား ဟား___]
[တကယ်လေး ရှေးရိုးဆန်တဲ့သူပဲ___]
လူကြီးများအားလုံးထဲမှာ မင်မိသားစုခေါင်းဆောင်ခမျာ သူ့တည်ရှိမှုကို ကြိုးစားပြီး လျှော့ချနေရလေရဲ့။ ဒါပေမဲ့လဲ အပြင်လောကကလာတဲ့အသံကို ကြားလိုက်ရတဲ့အခါ သူ့မှာ အကြီးအကဲရှောင် ရှိတဲ့ဘက်သို့ သေသေချာချာလေး မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့တယ်။
အဟမ်း__ အကြီးအကဲရှောင်ရဲ့ပုံစံက အေးစက်စက်နဲ့ ရေခဲလိုပဲ။ ငါ ထင်တောင်မထား....
လိမ်စားခံလိုက်ရတဲ့ တခြားလူလေးယောက်ကလည်း အကြီးအကဲရှောင်ကို တပြိုင်ထဲ ကြည့်လိုက်ကြတယ်။
အကြီးအကဲရှောင် ပတ်ဝန်းကျင်က အပူအချိန်က ရုတ်တရက် ထိုးကျသွားပြီး သူ့ဘေးမျာ နှင်းပွင့်တွေကိုတောင် မသဲမကွဲ မြင်နေရတယ်။ ဒါပေမဲ့ သူ့မျက်နှာကတော့ သူ့ဘေးက ရေခဲတွေထက်တောင် ပိုပြီး အေးစက်နေသေးတယ်။ ထန်ယအပေါ်က သူ့ရဲ့သိမ်မွေ့နူးတဲ့ပူပန်စိတ်တွေ အချစ်တွေစိတ်ကို စဉ်းစားမိလိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်မှာ ရေခဲပွင့်တွေ ပေါ်လာခဲ့တယ်။
သူ့ကို ပိုပြီး သည်းမခံနိုင်စရာက သူ့ကို ကြည့်နေတဲ့ ဘေးကလူတွေရဲ့ အကြည့်ကိုပဲ...
နှစ်ပေါင်းတစ်ထောင်ရှိတော့မဲ့ သူ့ဂုဏ်သိက္ခာကတော့ ဒီနေရာမှာ လုံးဝကို ဆုံးရှုံးသွားခဲ့ပြီလေ။
စူးလီက အကြီးအကဲရှောင် လှည့်စားခံရတဲ့ အခြေအနေကို လိုရင်းပဲ ပြန်ကြည့်လိုက်ပြီး အရမ်းကို စိတ်ဝင်စားနေတဲ့ပုံနဲ့ ပြောလိုက်တော့တယ်။
[ငါးစာကို ဟပ်လိုက်တဲ့ ဒုတိယတစ်ယောက်ကတော့ မင်ဟွိုင်ရှင်းပဲ... မင်မိသားစုရဲ့ အကြီးအကဲရာထူးကိုတောင် ထန်ယကို ပေးလိုက်ဖို့ အတင်း ဆွဲဆောင်ခံခဲ့ရတယ်]
သူမက မင်ဟွိုင်ရှင်းရဲ့ အခြေအနေကို သိပြီးသားဆိုတော့ နည်းနည်းပါးပါးလောက်ပဲ ပြောပြီး ဝမ်းသာအားရနဲ့ နောက်တစ်ယောက် ပြောင်းသွားတယ်။
[ငါးစာကို ဟပ်ခဲ့တဲ့ တတိယတစ်ယောက် ____ ဝိုး... ဘ၀သတ်သူ ပုဂ္ဂိုလ်ကြီး ဖြစ်နေတာပဲ~~]
အကြီးအကဲရှောင်နဲ့ မင်ဟွိုင်ရှင်းတို့အတွက် ဘ၀သတ်သူ ပုဂ္ဂိုလ်ကြီးရဲ့ မျက်လုံးထဲက သနားနေတဲ့အကြည့်က ရုတ်တရက် အေးခဲသွားတော့တယ်။
သူက ထန်ယနဲ့ အချိန်တွေကို ခဏလောက် ပြန်သတိရသွားတဲ့အချိနမှာ သူ့မျက်လုံးတွေက စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့တယ်။
[ဟား ဟားဟားဟား သူ ထန်ယကို တကယ်ကြွေသွားတာက သူ ဒဏ်ရာရနေတုန်းက ထန်ယက သူ့ကို ဂရုစိုက်ပြီး ဆေးလုံးတွေ ပို့ပေးလိုက်လို့တဲ့လေ __ နောက်ပြီး အဲဒီဆေးလုံးတွေက မင်းဘိုးဘေး ပေးထားတဲ့ဆေးလုံးတွေ]
မင်ဟွိုင်ရှင်းရဲ့မျက်နှာပေါ်က အတင်းလုပ်ယူထားရတဲ့ တည်ငြိမ်မှုတွေက ရုတ်ခြည်းဆိုသလို ကွဲကြေသွားတော့တယ်။
အပြင်လောကကလာတဲ့အသံကတော့ ဝမ်းသာအားရဖြစ်နေတုန်းပဲ။
[ဟား ဟားဟား ဘ၀သတ်သူ ပုဂ္ဂိုလ်ကြီးက အားလုံးက သူ့ရဲ့ အနိုင်အရှုံးကိုပဲ ဂရုစိုက်ကြတဲ့အချိန်မှာ သူ့ရဲ့ရှောင်ယာလေးကပဲ သူ ထိခိုက်ဒဏ်ရာရလား မရလားဆိုတာကို ဂရုစိုက်တယ်လို့ ထင်နေတာလေ]
[အဲဒီအချိန်ကစပြီး ‘မင်းက ကိုယ်အတွက် တိုက်ခိုက်ရမဲ့ တစ်ခုတည်းသော အကြောင်းပြချက်ပဲ’ ‘တစ်ယောက်က မင်းကို ထိခိုက်ဒဏ်ရာရအောင် လုပ်ရဲရင်လုပ်ကြည့်စမ်း ငါ သူ့မိသားစုတစ်ခုလုံးကို ဖျက်ဆီးပစ်မယ်’ ‘မင်း သဘောကျတာမှန်သမျှ ကိုလည်း သဘောကျတယ်’.....]
[ဟား ဟား ဟား ဒီချစ်ရေးချစ်ရာ စကားလုံးတွေက ဘယ်လိုဖြစ်ပြီး တပြိုင်ထဲမှာ အပေါစားဆန်ပြီး ကိုးရိုးကားယား နိုင်နေရတာတုန်း]
မင်မိသားစုခေါင်းဆောင်က သူ့ခေါင်းလေးကို ငုံ့ထားလိုက်ပြီး သူ့အပြုံးကို ခက်ခက်ခဲခဲ ကြိုးစား မျိုသိပ်နေရလေရဲ့။
ဘ၀သတ်သူက ကိုင်ထားတဲ့ ဓားကောက်ကို အားတွေ ဆက်တိုက်ထည့်ထားပြီး သူ့မျက်လုံးထဲမှာလဲ ပိန်းပိတ်အောင်မဲနက်နေတဲ့ အမှောင်ထုတစ်ခုနဲ့ ပြည့်သွားတယ်။
ဒီအကြောင်းကို ဖတ်လိုက်ပြီးတော့ စူးလီက သူ့အာရုံကို နောက်တစ်ယောက်ဆီ ပြောင်းသွားတယ်။
[နတ်သမီးလျိုကွမ်း ထန်ယကို ချစ်သွားရတဲ့အကြောင်းကတော့.... သူက တစ်ခါက ထန်ယကို ဝိညာဉ်ရတနာတွေ အများကြီး ပေးခဲ့ဖူးတယ်၊ ဒါပေမဲ့ ထန်ယက တစ်ခုမှ လက်မခံဘဲ အကုန်လုံး သူ့ကို ပြန်ပေးလိုက်တယ်လေ]
[အဲဒီကတည်းက သူက ထန်ယကို လွတ်လပ်၊ သန်မာ၊ ဖြူစင်ပြီး ဟိတ်ဟန်မရှိဘူးလို့ ထူးထူးခြားခြား ခံစားလိုက်မိတာ~~]
[နင် သူ့ကို ပေးလိုက်တဲ့ ပစ္စည်းတွေက အင်္ကျီ၊ အဝတ်အစားနဲ့ လက်ဝတ်ရတနာတွေလေ၊ ဟား ဟား ဟား သူ့လို လူကြီးတစ်ယောက်က အဲဒါတွေကို ဘယ်လိုလုပ်ပြီး သုံးလို့ရမှာလဲ]
[ဝိုး.. နတ်သမီးလျိုကွမ်းက ထန်ယက မိန်းမတစ်ယောက်ကို လက်မခံနိုင်မှာ စိုးလို့တဲ့၊ သူက ယောက်ျားတစ်ယောက်လို ပြောင်းဖို့တောင် တကယ်စဉ်းစားထားခဲ့တာပဲ၊ သူက လိင်ပြောင်းဆေးကိုတောင် ပြင်ဆင်ထားပြီးပြီ ဟုတ်လား]
[ဒါက ဘယ်လိုတောင် လှပပြီး ရင်ထဲထိလိုက်တဲ့ အချစ်မျိုးလဲ... ဟား ဟား ဟားဟား___]
အပြင်လောကကလာတဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ အားလုံးရဲ့အကြည့်တွေက နတ်သမီးလျိုကွမ်းဆီကို ရောက်သွားတော့တယ်။
ဒါက...အရမ်းကို ထိတ်လန့်စရာပဲ။
နတ်သမီးလျိုကွမ်းက သူမရဲ့လက်တွေကို တင်းနေအောင် ဆုပ်ထားပြီး သူတို့ တစ်ယောက်ချင်းစီးကို ကြည့်လိုက်ပြီး သူမရဲ့မျက်လုံးထဲမှာလဲ ဓားသိုင်းကျင့်ကြံသူတစ်ယောက်ရဲ့ သတ်ဖြတ်လိုစိတ်တွေ ပြည့်နက်သွားတယ်။
ဒီလူတွေရဲ့ ကျင့်ကြံရေးအဆင့်သာ သူမလောက် မမြင့်နေဘူးဆိုရင် သူက တကယ်ပဲ... သူတို့ကို သတ်ပြီး နှုတ်ပိတ်ချင်လိုက်တော့တယ်။
ဒီလိုကိစ္စမျိုးက သတင်းပြန့်သွားလို့ မဖြစ်ဘူး။
မဟုတ်ရင် နှစ်ဘဝလုံးမှာ သူမရဲ့ဉာဏ်ပညာကတော့ တစ်ချက်ထဲနဲ့ ပျက်စီးသွားလိမ့်မယ်။
အပြင်လောကကလာတဲ့အသံက လျှို့ဝှက်ချက်တွေကို စပ်စုတတ်ပေမဲ့ သူ သိချင်တဲ့ လျှို့ဝှက်ချက်တွေ လုံလောက်သွားပြီးလို့ ခဏလောက်ကြာသွားရင်း ဒီနေ့ဖြစ်ခဲ့တာတွေကို မေးသွားလိမ့်မယ်။
ဒီတော့...
ဒီလိုစဉ်းစားလိုက်ပြီး သူမက လက်ထဲက ဓားကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်ပြီး အေးစက်စက်လေသံတစ်ခုနဲ့ ပြောလိုက်တယ်။
“ဒီနေ့ဖြစ်သွားတဲ့ ကိစ္စကို ဘယ်သူမှ သိလို့မဖြစ်ဘူး”
မင်ဟွိုင်ရှင်း၊ ဘ၀သတ်သူ၊ အကြီးအကဲရှောင်တို့ရဲ့ မျက်လုံးတွေက သူမနဲ့ တူညီတဲ့ဆုံးဖြတ်ချက်ကို ပြသလို့နေတယ်။
အဲဒီနောက်တော့ လူလေးယောက်ရဲ့မျက်လုံးတွေက ပွဲကြည့်နေတဲ့ မင်မိသားစုခေါင်းဆောင်ဆီကို ဖြည်းဖြည်းချင်း ပြောင်းသွားကြတယ်၊ မင်မိသားစုခေါင်းဆောင်လဲ တကိုယ်လုံး အေးစိမ့်သလို ခံစားလိုက်ရတယ်။ သူက မြန်မြန် ဦးညွှတ်ထားလိုက်ပြီး အားလုံးကို အရိုအသေပေးလိုက်ပြီး
“ဒီနေ့ ကျွန်တော်က အညောင်းအညာပြေ လမ်းလျှောက်တာပါ၊ ကြီးမြတ်တဲ့ပုဂ္ဂိုလ်တို့ကို လုံးဝမတွေ့ခဲ့ပါဘူး”
သူ့စကားကို ကြားလိုက်ကြတော့ လူလေးယောက်က ရွံရှာတဲ့စိတ်ကို ဖိနှိပ်ထားလိုက်ပြီး မြေကြီးပေါ်မှာ လဲကျနေတဲ့လူကို အေးတိအေးစက် ကြည့်လိုက်ကြတယ်။
ထန်ယက အေးစက်ပြီး သတ်ဖြတ်လိုတဲ့အမူအရာတွေနဲ့ သူ့ကို ကြည့်နေကြတဲ့ လူလေးယောက်ကို ကြည့်တော့ မျက်လုံးထဲမှာ ကြောက်စိတ်နဲ့ စိတ်ပျက်အားငယ်မှုတွေ ပြည့်သွားခဲ့တယ်။
သူက ဒီလို အကောင်ကြီးကြီးတွေကို သွားဆွမိနေမှန်း အစောကြီးကတည်းက သိခဲ့ရင် သူ့ကို အသေရိုက်နှက်ရင်တောင် ဒီလိုယုတ်ညံ့တဲ့အတွေးတွေ လုံးဝ တွေးရဲခဲ့မှာမဟုတ်ဘူး။
ကျင့်ကြံရေးလောကထဲက ဒီလိုနာမည်ကြီး ပညာရှင်ကြီးတွေက လူချမ်းသာ ဒုတိယမျိုးဆက်တွေထက်တောင် လိမ်စားရတာ ပိုလွယ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
သူတို့တွေက သူတို့ရဲ့ သရုပ်မှန်းကို နည်းနည်းလေးတောင် ထုတ်ပြလိုက်ရင် သူက ကျောက်စိမ်းပြားကို ပစ်ချခဲ့ပြီး ထွက်ပြေးမှာပဲ။
နတ်သမီးလျိုကွမ်းက သူမရဲ့ဝိညာဉ်ဓားကို ဆွဲထုတ်ပြီး ထန်ယကို ချိန်ရွယ်ထားလိုက်တဲ့အချိန်မှာပဲ ဝိညာဉ်လှိုင်းတစ်ခုက ရုတ်တရက် လေထဲမှာ ပေါ်လာပြီး အားပြင်းလွန်းတာကြောင့် လျစ်လျူရှုထားလို့ မဖြစ်နိုင်ဘူး။
နိုင်ထက်စီးနင်းနေတဲ့ အရိပ်အယောင်တစ်ခုကို သယ်ဆောင်ထားတဲ့ ထောင်လွှားပြီး ဘဝင်ခိုက်နေတဲ့အသံတစ်ခုက အားလုံးရဲ့နားထဲကို ဝင်လာခဲ့တယ်။
“အဖေ ဒါက အဖေ.. အဖေရဲ့ချွေးမကို ပထမဆုံး အကြိမ်တွေ့မှာနော်၊ အရမ်းပြင်းပြင်းထန်ထန် မလုပ်ပါနဲ့၊ အဖေက ယာအာကို ခြောက်လန့်မိသွားရင် ဘယ်လိုလုပ်မလဲ”
“အဲလို ရုပ်ကြီး မလုပ်ပါနဲ့, ယာအာက မိသားစုနောက်ခံနဲ့ အဆင့်အတန်းအကြောင့် ကျွန်တော့်ဆီကို ပစ်ဝင်လာကြတဲ့ အဲဒီမိန်းမတွေနဲ့ လုံးဝမတူပါဘူး” ရှန်ရွှင့်က သားနားလှတဲ့အနီရောင်ဝတ်ရုံတစ်ခုကို ဝတ်ထားပြီး သူ့ခေါင်းပေါ်က ကျောက်စိမ်းဆံထိုးကလည်း နေရောင်အောက်မှာ လင်းလက်လို့နေတယ်။ သူက လက်တစ်ဖက်က ဝိညာဉ်ယပ်တောင်ကို ကိုင်ထားပြိး သူ့မျက်လုံးတွေက ပေါ့ပျက်ပျက်နိုင်လှပေမဲ့ အပြစ်ကင်းနေတဲ့ပုံစံက သူဟာ လောကကြီးအကြောင်းကို မသိဘူးဆိုတာ သက်သေပြနေသလိုပဲ။
သူ့နှုတ်ခမ်းထောင့်တွေက မသိမသာ မြင့်တက်နေပြီး မျက်လုံးထဲမှာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ သူ့ဘေးကို လူကို ကြည့်လိုက်တယ်။
“အဖေ ကျွန်တော်က ဒီဘဝမှာ ယာအာကလွဲပြီး ဘယ်သူ့ကိုမှ လက်ထပ်မှာ မဟုတ်ဘူးနော်၊ အဖေ ဒီနေ့ ယာအာကို ခြောက်လန့်ပြီး ကျွန်တော့်ကို လက်မထပ်ချင်အောင် လုပ်ခဲ့ရင် အဖေ့ဘဝမှာ အဖေ့မြေးလေးကို ဘယ်တော့မှ တွေ့ရမှာမဟုတ်တော့ဘူး”
မြို့သခင်ရှန်က သူ့မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး သူ့ကိုယ်သူ ဆက်တိုက် ပြောနေရတော့တယ်။ ဒါက သူ့ရဲ့တစ်ဦးတည်သောသားလေ။ သူ့ကို အသေရိုက်ပစ်လို့ မဖြစ်ဘူး။
သူက ဒေါသကို ဖိနှိပ်ထားတဲ့ မျက်လုံးတွေကို ပြန်ဖွင့်လိုက်ပြီး တစ်လုံးချင်း ပြောလိုက်တော့တယ်။
“အင်းပါ၊ ငါ အခု မင်းရဲ့ ‘ကောင်းပါတယ်ဆိုတဲ့ ယာအာ’ကို သွားတွေ့မလို့ပဲလေ”
မြို့သခင်ရှန်ရဲ့ အဖြေကို ကြားလိုက်ရတော့ ရှန်ရွှင်ကျောင်းက နောက်ဆုံးတော့ စိတ်အေးသွားခဲ့တယ်။
သူက ပြုံးလိုက်ပြီး သူ့လက်ထဲက ယပ်တောင်ကို သိမ်းထားလိုက်ပြီး လှေပျံဘေးက အစွမ်းထက်ပုဂ္ဂိုလ်တွေကို လှည့်ပြီး အရိုအသေပေးလိုက်ပြီး သူ့စိုးရိမ်စိတ်ကို မျိုသိပ်ရင်း ရင်းနှီးဖော်ရွေတဲ့ အပြုအမူတစ်ခုနဲ့ ပြောလိုက်တော့တယ်။
“ဦးလေးတို့ ဒီတစ်ခါ ကျွန်တော် ဦးလေးကို ဒုက္ခပေးမိတာ အားနာမိပါတယ်”
...