← Chapters

အခန်း ၇၁

Vol. 5 Ch. 71

အခန်း ၇၁

Vol. 5 Ch. 71

အပိုင်း (၇၁)

ချီမင်ရဲ့မျက်နှာပေါ်က လေးစားထိုက်တဲ့ ဂုဏ်သိက္ခာနဲ့ ဖြောင့်မတ်မှုတို့က ချက်ချင်း အေးခဲသွားခဲ့တယ်။ အရမ်းကို ကြာနေပြီပဲ။ ဘယ်ကမှန်းမသိတဲ့ အသံ... ဘယ်လိုဖြစ်ပြီး မင်းက ဒီကိစ္စကို အဲ‌လောက် ရှင်းရှင်းလင်းလင်း ကြီး မှတ်မိနေသေးတာလဲ။

နှစ်ဘက်လုံးက အကြီးအကဲနဲ့ တောင်ထွတ်သခင်တွေက တချိန်ထဲ ကောင်းကင်ကို မော့ကြည့်လိုက်ကြပြီး သူတို့နှုတ်ခမ်းပေါ်က အပြုံးတွေကို ခက်ခက်ခဲခဲ ကြိုးစားပြီး မျိုသိပ်ထားလိုက်ရတယ်။

ချီမင်က ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး သူ့ရှက်ရွံ့စိတ်ကို ချိုးနှိမ်ထားပြီး ဖြောင့်မတ်မှန်ကန်တဲ့ဟန်နဲ့ ပြောလိုက်တယ်။ “ငါ့မှာ ဒီလိုအတွေ့အကြုံ ရှိနေတာကြောင့်ပဲ အဲဒီကိစ္စကို အရမ်းကို အတွင်းကျကျ နားလည်မှုရှိတယ်၊ ငါ မင်းတို့တွေကို ငါ့လိုအမှားမျိုး ထပ်မဖြစ်စေချင်ဘူး”

“မင်းတို့တွေ ဒီလိုလိမ်ညာမှုမျိုးကို တွေ့ကြုံခဲ့ရရင် အချိန်မီ ရပ်တန့်ပြီး မျှော်လင့်ချက် တစ်မျှင်လေးတောင် လုံးဝ ဆုပ်ကိုင်မထားဘဲ ဆက်ပြီး လှည့်စားမခံကြနဲ့”

ဒီစကားကို ကြားလိုက်တော့ အောက်ကတပည့်တွေက သူတို့ရဲ့အပြုံးကို သိမ်းထားလိုက်ကြပြီး သူတို့ရဲ့မျက်လုံးထဲမှာ လေးစားမှုနဲ့ အပြစ်ရှိစိတ် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့တယ်။

သူတို့ကို ဆက်ပြီး သတိပေးဖို့အတွက် သူတို့ရဲ့ ဂိုဏ်းချုပ်ကြီးက သူတို့ကို ဆိုဆုံးမပေးဖို့ သူ့ကိုယ်ပိုင်အတွေ့အကြုံကို သုံးခဲ့တာပဲ။ ဒါပေမဲ့ သူတို့တွေကတော့ သူ့ကို စိတ်ထဲမှာ ကျိတ်ရယ်နေခဲ့မိတယ်။ ဒါက တကယ်မှားယွင်းတာပဲ။

စူးလီက ချီမင်ရဲ့မျက်နှာပေါ်က ဖြောင့်မတ်ပြီး လေးနက်တဲ့အမူအရာကို ကြည့်လိုက်ပြီး သူမများ အမှတ်မှားသွားလေသလားလို့ စပြီး သံသယဖြစ်သွားခဲ့တယ်။

သူမက မျက်နှာပေါ်မှာ ထူးဆန်းတဲ့အမူအရာတစ်ခုနဲ့ ကောင်းကင်စာအုပ်ကို လှန်လှောကြည့်လိုက်တယ်။

[အချိန်မီ ရပ်တန့်ရမယ် ဟုတ်လား]

[သဘောက ရှင်က ဟယ်ဟွမ်းဂိုဏ်းချုပ် လှည့်စားတာခံလိုက်ရမှန်း သိလိုက်ပြီးနောက်မှာ ရှင်က ကိုယ့်ဟာကို မူးအောင်သောက်ပြီး ဟယ်ဟွမ်းဂိုဏ်းချုပ်ဆီမှာ သွားငိုတာကို ပြောတာလား၊ သူက ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် သူ့ကိုပဲ ချစ်မှာပါဆိုပြီးတော့လေ]

[ဟယ်ဟွမ်းဂိုဏ်းချုပ်က ရှင့်ရဲ့အမြတ်တနိုး ဖွင့်ဟဝန်ခံစကားကို နားမထောင်ဘဲ တန်းပြီး ဖုန်းချလိုက်တာတော့ သနားစရာပဲ]

[တကယ့်ကို ကျေနပ်စရာကောင်းပြး အချိန်မီရပ်တန့်လိုက်ခြင်းပဲ၊ အဲလိုဆိုပေမဲ့ ဒါက အတွင်းထဲမှာတော့ လှုံ့နိုးခံခဲ့ရသေးတာပဲ]

သိုလှောင်ခန်းအကြီးအကဲက ခေါင်းငုံ့ထားလိုက်ပြီး သန့်ရှင်းရေးနည်းပညာနဲ့ မွဲဖြူနေအောင် လျှော်ထားတဲ့ သူ့အဝတ်အစားတွေကို ပြန့်အောင်ဆန့်လိုက်ပြီး အော်ချင်စိတ်ကို ချုပ်တီးထားလိုက်ရတယ်။

ဂိုဏ်းချုပ်ကြီးက လှည့်စားခံလိုက်ရတာ သိလိုက်ပြီးနောက်မှာ သူက ဟယ်ဟွမ်းဂိုဏ်းချုပ်ကို မုန်းသွားလိမ့်မယ်လို့ အစက ထင်ထားခဲ့တာလေ။ ဂိုဏ်းချုပ်ကြီးကတော့ ဟယ်ဟွမ်းဂိုဏ်းချုပ်ကို ပြဿနာသွားရှာတော့မှာပဲဆိုပြီး စိုးရိမ်နေမိသေးတာ။

ထင်မထားဘူး... အဟက်... ဂိုဏ်းချုပ်ကြီးက အရမ်းကို စွဲလမ်းနေတာပဲ။

သူက အရမ်းကို စိုးရိမ်နေခဲ့မိတာ။

ချီမင်ရဲ့မျက်နှာပေါ်က အမူအရာက အရမ်းကို ဝမ်းနည်းပြီး ဒေါသထွက်သွားခဲ့တယ်။ အပြင်ကလာတဲ့အသံက ဒါကိုတောင် သိနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။

ဒါပေမဲ့ အပြင်လောကကလာတဲ့အသံ ပေါ်လာတာက ဝမ့်ကျန့်ဂိုဏ်းကို ယူလာပေးခဲ့တဲ့ အကျိုးကျေးဇူးတွေကို ပြန်စဉ်းစားကြည့်လိုက်တော့ သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သူ့တည်ငြိမ်တဲ့မျက်နှာကို ထိန်းထားလိုက်ရင်း ဘာမှမဖြစ်ခဲ့သလို စကားလမ်းကြောင်း ပြောင်းလိုက်တယ်။

“ဓားသိုင်းကျင့်ကြံသူတွေအနေနဲ့ ကိုယ့်ရဲ့ပတ်ဝန်းကျင်က ပုံမှန်မဟုတ်တဲ့ ကိစ္စတိုင်းကို သတိရှိရှိဖြစ်နေဖို့ မှတ်ထားရမယ်”

“လူလိမ်တွေက မင်းတို့တွေကို ဘာလို့ လိမ်လည်နိုင်တာလဲ၊ ဒါပေါ့ မင်းတို့ဆီမှာ တစ်ခုခု လိုအပ်ချက်မဲ့နေလို့ပဲ၊ ဒီကဂိုဏ်းချုပ်ကြီးကလည်း နားလည်ပါတယ်၊ ဓားသိုင်းကျင့်ကြံသူတစ်ယောက် အနေနဲ့ လူအများစုက ဓားကိုပဲ ပထမဦးစားပေးကြပြီး သူတို့ငွေတွေအားလုံးကိုလဲ သူတို့ရဲ့မွေးချင်းအတွက်ပဲ သုံးတတ်ကြတာ”

“ဒါပေမဲ့ ဒါကြောင့်ပဲ မင်းတို့တွေက မျှော်လင့်မထားတဲ့ အကျိုးအမြတ်တွေကို ပိုပြီး သတိကြီးကြီးထားသင့်တယ်”

စူးလီက ဒါကို ကြားလိုက်တဲ့အခါ သည်းမခံနိုင်တော့ဘဲ ပျင်းပျင်းရိရိနဲ့ သမ်းဝေလိုက်ပြီး သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကိုလည်း တဖျပ်ဖျပ် လှန်လှောလိုက်တယ်။

ဒီအချိန်မှာပဲ သူမက တစ်ခုခုကို ရုတ်တရက် မြင်လိုက်ရသလိုပဲ။ အိပ်ချင်လို့ မှေးသွားတော့မတတ် ဖြစ်နေတဲ့ သူမရဲ့မျက်လုံးတွေက ရုတ်တရက် ပြူးကျယ်သွားခဲ့တယ်။

[ဟယ်... ဘယ်လိုဖြစ်ပြီး ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက ထပ်အလိမ်ခံရပြန်တာတုံး]

ပရိသတ်တွေထဲမှာ နုံးခွေပြီး နားထောင်လာကြတဲ့ တပည့်တွေက ရုတ်တရက် အလန့်တကြား ဖြစ်သွားပြီး အပြင်လောကကလာတဲ့အသံ ဆက်ပြောမဲ့ စကားကို နားစွင့်ထားလိုက်ကြတယ်။

နှစ်ဖက်လုံးမှာ ရှိနေတဲ့ အကြီးအကဲတွေနဲ့ တောင်ထွတ်သခင်တွေက သူတို့မျက်နှာပေါ်မှာ ဘာအမူအရာမှ မရှိကြပေမဲ့ သူတို့ရဲ့သိလိုစိတ်ကတော့ ရုတ်ခြည်းဆိုသလို မတ်မတ်ထိုင်လိုက်ကြတဲ့ အချက်ကို အပြည့်အဝ သုံးသပ်ကြည့်လို့ရတယ်။

[ဒီတစ်ခါကျတော့ အချစ်အတွက် လိင်မှုကိစ္စအတွက် လှည့်စားခံလိုက်ရတာ မဟုတ်ဘဲနဲ့ ငွေတွက် ဟုတ်လား]

[ကျွတ်.. ကျွတ်... တလောက သော့ပေါင်းခန်းမ အတုတစ်ခု ဝမ့်ကျန့်ဂိုဏ်းနားမှာ ပေါ်ထွက်လာခဲ့တယ်၊ သူက သော့ပေါင်းခန်းမရဲ့ ဌာနခွဲတစ်ခုနာမည်နဲ့ ဝိညာဉ်ကျောက်တုံးတွေကို စုဆောင်းတာ၊ ဌာနခွဲတစ်ခု ဖွင့်မှာမလို့ ရင်းနှီးမြှုပ်သူတိုင်းကို ဝေစု ၂၀၀% တစ်ခု ပေး...]

ဒါကို မြင်တော့ စူးလီက မနေနိုင်တော့ဘဲ ကိုယ့်ဟာကို ပြန်ဆန်းစစ်တဲ့သလို မေးမိတော့တယ်။

[၂၀၀%ဝန်ဆောင်ခ ဟုတ်လား၊ ဒီလောက်သိသာနေတဲ့ လိမ်လည်မှုတစ်ခုကို ဒါကြီးကို တကယ် ယုံတဲ့သူက ဘယ်လိုလုပ်ပြိး ရှိနေတာလဲ]

[ဝမ့်ကျန့်ဂိုဏ်းခေါင်းဆောင်က ဒါကို တွေဝေတောင်မနေဘဲ တကယ်ယုံကြည်သွားပြီး သူ့ဝိညာဉ်ကျောက်တုံးတွေ အားလုံးကို ထည့်လိုက်သတဲ့]

ချီမင်ရဲ့မျက်လုံးက ကြောက်စရာကောင်းလောက်အောင် ပြူးကျယ်သွားခဲ့တယ်။ ဘာ.. အဲဒါက လူလိမ်တဲ့လား။

ဒါပေမဲ့ ရင်းနှီးမြှုပ်နှံလိုက်ရင် နှစ်ဆပြန်ရမယ်လို့ အဲဒီလူက သေချာပြောခဲ့တာပဲ။

နောက်ပြီးတော့ သူက ဒါကို အစတုန်းက မယုံခဲ့ပါဘူး။

အဲဒီတုန်းက သူက ဝိညာဉ်ကျောက်တုံး အခု၂၀ကို ကြိုးစားပြီး ရင်းနှီးကြည့်လိုက်တာ နောက်တစ်နေ့မှာပြ ဝိညာဉ်ကျောက်တုံး အခု၄၀ ပြန်ရတယ်လေ။ ဒါနဲ့ သူလည်း...

အပြင်လောကက လာတဲ့အသံကို ကြားနိုင်ကြတဲ့ လူအားလုံးက မျက်နှာပေါ်မှာ မယုံကြည်နိုင်တဲ့ အမူအရာတွေ ဖြစ်သွားကြတယ်။

ဒီလောက် သိသာတဲ့ လိမ်လည်မှုကို အရူးတောင် သိနိုင်တယ်လေ။ ဟုတ်တယ်မလား။

ဘယ်လိုဖြစ်ပြီး ဂိုဏ်းချုပ်က ...

ဒါပေမဲ့ သူတို့တွေက ချီမင်ရဲ့မျက်နှာပေါ်က ယူကျုံးမရ ဖြစ်နေတဲ့ရုပ်ကို ကြည့်လိုက်ပြီး ဒီကာလအတွင်း ဝမ့်ကျန့်ဂိုဏ်းချုပ်ရဲ့ အပြုအမူတွေကို လေ့လာကြည့်မိတာကို ပြန်စဉ်းမိလိုက်ကြပြီး သူတို့ရဲ့အမူအရာတွေက တခုပြီးတစ်ခု ပြောင်းသွားခဲ့တယ်။

ဘာလုပ်ရမလဲ။ ဂိုဏ်းချုပ်ကြီးက ဝမ့်ကျန့်ဂိုဏ်းကို အပေါင်ခံထားပြီး အလိမ်ခံလိုက်ရတာတော့ မဟုတ်ပါဘူးနော်။

စူးလီက ချီမင်ရဲ့ပို့ချချက်ကို စိတ်ဝင်တစား နားထောင်နေကြတဲ့ တပည့်တွေကို ကြည့်လိုက်ပြီး ချီမင်က ဝမ့်ကျန့်ဂိုဏ်းသားတွေကို သတိပေးနေတာကို စဉ်းစားမိလိုက်တယ်။ သူမရဲ့မျက်နှာပေါ်မှာ ထူးဆန်းတဲ့ ရုပ်ဖြစ်သွားခဲ့တယ်။

[ဒါကို သူက တပည့်တွေကို အတုအယောင်ဆန့်ကျင်ရေး သင်ခန်းစာ ပို့ချရဲသေးသလား]

[ဝမ့်ကျန့်ဂိုဏ်းသားတွေအားလုံး လမ်းလွဲသွားအောင် လုပ်မိမှာ သူက မစိုးရိမ်တော့ဘူးလား]

ချီမင်က နောက်ဆုံးတော့ သတိပြန်ဝင်လာပြီး သူ့အသံက အနည်းငယ် တုန်ယင်နေတယ်။

“ကျုပ်ရဲ့အကြီးအကဲတို့ ကျုပ် အရေးကြီး သွားစရာ ကိစ္စတစ်ခု ရှိတာ အခုမှ ရုတ်တရက် သတိရလာလို့၊ ဒီသင်ခန်းစာကို...”

စူးလီနဲ့သူက တချိန်တည်း ပြောမိသလို ဖြစ်သွားခဲ့တယ်။

[အဲလိုပြောမှပဲ ဝမ့်ကျန့်ဂိုဏ်းချုပ်က မရေမတွက်နိုင်တဲ့ အကြွေးတွေ အများကြီး ရှိတယ်မလား၊ သူက သော့‌ပေါင်းခန်းမအတုမှာ ရင်းနှီးမြှုပ်နှံဖို့ ဘယ်က ငွေရခဲ့တာလဲ]

သိုလှောင်ခန်းအကြီးအကဲရဲ့မျက်နှာက ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားခဲ့တယ်။ သူ အမှတ်မမှားရင် ဂိုဏ်းချုပ်ကြီးက ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက သူ့ဆီက ဝိညာဉ်ကျောက်တုံး အခု၅၀၀ လာချေးသွားတယ်လေ။

ရှန်ယွင်အန်းရဲ့မျက်နှာကလည်း ရုတ်ခြည်းဆိုသလို ဖြူဆုတ်သွားတယ်။ သူ တမြန်နေ့ကမှ ဂိုဏ်းချုပ်ကြီးကို ဝိညာဉ်ကျောက်တုံး အခု၁၀၀ ချေးလိုက်သေးတယ်။

လူနှစ်ယောက်က တချိန်ထဲမှာ ချီမင်ကို လှမ်းတားလိုက်ကြတယ်။ သိုလှောင်ခန်းအကြီးအကဲကတော့ အောင့်သက်သက် မျက်နှာတစ်ခုနဲ့ အပေါက်ဖြစ်နေတဲ့ သူ့အင်္ကျီကို ထိလိုက်ပြီး စိတ်မကောင်းတဲ့ရုပ် တစ်ခု ဖြစ်‌သေးတယ်။

“ဂိုဏ်းချုပ်ကြီး၊ ခင်ဗျား ကျုပ်ဆီမှာ ဝိညာဉ်ကျောက်တုံးတွေ အကြွေးတင်ခံမှာ မဟုတ်ဘဲ ပြန်ပေးမှာပါနော် ဟုတ်တယ်မလား။

ရှန်ယွင်အန်းက သိုလှောင်ခန်းအကြီးအကဲရဲ့ အပြုအမူကို ကြည့်လိုက်ပြီး ခဏလောက် ငြိမ်ကျသွားတယ်။ သိုလှောင်ခန်းအကြီးအကဲက ဝမ့်ကျန့်ဂိုဏ်းမှာ အချမ်းသာဆုံး ကျင့်ကြံသူဆိုတာ လူတိုင်းသိတယ်လေ။ မရေမတွက်နိုင်တဲ့ ဝိညာဉ်ရတနာတွေနဲ့ ဓားသွန်းလုပ်တဲ့ ပစ္စည်းတွေအများကြီး ပိုင်ဆိုင်ထားတယ်။

တစ်ခုဆိုးတာက သူက အင်မတန်မှ ကပ်စေးနည်းတယ်လေ။ သူ့ဆီက ဝိညာဉ်ကျောက်တုံးကို ချေးငှားဖို့ဆိုတာ ကောင်းကင်ဘုံကို တက်လှမ်းရသလိုကို ခက်တာ။

ဒါပေမဲ့ သူ့ရဲ့ဝိညာဉ်ကျောက်တုံး အခု၁၀၀ကို စဉ်းစားမိလိုက်တော့ ရှန်ယွင်အန်းက စိတ်ဓာတ်ကျသွားတဲ့ရုပ်နဲ့ သူ့အတွေးအားလုံးကို ပြန်ရုပ်သိမ်းထားလိုက်တယ်။

“ဂိုဏ်းချုပ် ကိစ္စက အရေးကြီးတယ်၊ သိုလှောင်ခန်းအကြီးအကဲနဲ့ ကျုပ်တို့ ခင်ဗျားနဲ့လိုက်ခဲ့မယ်”

ဝိညာဉ်ကျောက်တုံးတွေ ပြန်ရလာရင် သူနဲ့ သိုလှောင်ခန်းအကြီးအကဲတို့က အဲဒါတွေကို နေရာမှာတင် ပြန်ယူရလိမ့်မယ်။

သူတို့ပြောတဲ့ စကားလုံးတိုင်းက အတွက်အချက်နဲ့ ဖြစ်နေတာကို စူးလီက မသိလေဘူး။ ကောင်းကင်စာအုပ်ထဲမှာ မှတ်ထားတဲ့ ပမာဏကို မြင်လိုက်တော့ သူမရဲ့နဂိုစိတ်လှုပ်ရှားနေတဲ့ မျက်လုံးတွေက ရုတ်တရက် တည်ငြိမ်သွားခဲ့တယ်။

သူမ ဒါကိုတော့ သိနေပါတယ်။ ဝမ့်ကျန့်ဂိုဏ်းက ကျင့်ကြံသူတွေက အလိမ်ခံရရင်တောင် သူတို့တွေက ဝိညာဉ်ကျောက်တုံးဘယ်လောက်ကိုများ အလိမ်ခံရနိုင်မှာလဲ။

[ဪ ဝမ့်ကျန့်ဂိုဏ်းချုပ်က သူ ပြန်ပေးမယ်ဆိုပြီး ချေးထားတဲ့ ဝိညာဉ်ကျောက်တုံး အခု၆၀၀ကို ရင်းနှီးမြှုပ်နှံခဲ့တာကိုး]

[အဲဒီလူလိမ်က သူ့ကို နားချဖို့ အရမ်းကို ကြိုးစားခဲ့ရပြီး လဝက်လောက် သူ့ကို လိမ်ညာချော့မော့ခဲ့ပေမဲ့ သူက ဝမ့်ကျန့်ဂိုဏ်းချုပ်ဆီကနေ ဝိညာဥ်ကျောက်တုံး အခု၆၀၀ကိုပဲ လိမ်နိုင်ခဲ့တယ်... သူ့မှာ အလုပ်တစ်ခုသာရှိရင် ဒီထက်ပိုပြီးတော့တောင် ရှာနိုင်အုံးမယ်လေ ဟုတ်တယ်မလား]

ဒါကို မြင်တော့ သူမက ဒီလူလိမ်ကို ရုတ်တရက် စိတ်ဝင်စားသွားတယ်။

[ကြည့်ပါအုံးမယ်.. သူက ဝမ့်ကျန့်ဂိုဏ်းနားကို ရောက်လာပြီး တစ်လထဲမှာ လူနှစ်ယောက်ကို လိမ်ညာခဲ့တယ်]

[ဒီလုပ်ငန်းအရည်အသွေးက အရမ်းညံ့တာပဲ]

[တစ်ယောက်က ဝမ့်ကျန့်ဂိုဏ်းချုက် ချီမင် နောက်တစ်ယောက်က__ __]

[သိုလှောင်ခန်းအကြီးအကဲရဲ့သား ချန်အန်း ဖြစ်နေတာပဲ]

ချီမင်ကို တားဖို့ ကြိုးစားနေတဲ့ သိုလှောင်ခန်းအကြီးအကဲရဲ့လက်တွေက ချက်ချင်း တောင့်တင်းသွားတယ်။ သူ့မျက်လုံးထဲမှာ စိုးရိမ်စိတ် အပြည့်ဖြစ်သွားပြီး သူ့ခန္ဓာကိုယ်ကလည်း စတင် တုန်ယင်လာတယ်။ သူက သားဖြစ်သူကို အရမ်းယုံထားတာလေ။ သူ့ကို သူ့သိုလှောင်ခန်းသော့တောင် ပေးထားခဲ့သေးတယ်...

သူက ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး သူ့ကိုယ်သူ ဆက်တိုက် နှစ်သိမ့်နေရတယ်။ သူ့သားက ဘယ်လိုဖြစ်ပြီး အဲလောက်သိသာတဲ့ လိမ်လည်မှုကို မမြင်နိုင်ရတာတုန်း။

အပြင်လောကကလာတဲ့အသံရဲ့ နောက်စကားတစ်ခွန်းက သူ့ရင်ထဲက ကံကောင်းခြင်းကို နှင်ထုတ်လိုက်တော့တယ်။

[ရေကြည့်လိုက်ပါအုံးမယ်၊ ၁၀၊၁၀၀၊ ၁၀၀၀...]

[ဟိုက်__ __ ချန်အန်းက ကျားသော့ ရတနာသေတ္တာထဲက ဝိညာဉ်ကျောက်တုံး ၆၇၀၀ကို ရင်းနှီးခဲ့တဲ့အပြင် အဆင့်(၆) ဝိညာဉ်ဆေးပင်တွေ၊ အကာအကွယ်မှော်လက်နက် (၄)နဲ့ အဆင့်(၆) ဝိညာဉ်စွမ်းအင်လှေတဲ့လား]

[သိုလှောင်ခန်းအကြီးအကဲက အဲလောက်တောင် ချမ်းသာသလား]

ဒီစကားကို ကြားလိုက်ပြီးတဲ့နောက်မှာ သိုလှောင်ခန်းအကြီးအကဲရဲ့နှုတ်ခမ်းတွေက တဆတ်ဆတ် တုန်နေပြီး သူ့မှာ အချိန်မရွေး အသက်ရှူကြပ်ပြီး မေ့လဲတော့မဲ့အတိုင်းပဲ။

ဒီအချိန်မှာပဲ ပရိသတ်တွေထဲက တပည့်တစ်ယောက်က အားမပါဘဲ ထုတ်ပြောလိုက်တော့တယ်။

“အတန်းမစခင်တုန်းကတောင် ဂိုဏ်းတူအစ်ကိုချန်က သိုလှောင်အိတ်တစ်လုံးကို သယ်ပြီး လင်းဟွာလမ်းကို သွားလိုက်တာ မြင်ခဲ့တယ်၊ သူ့ကြည့်ရတာ ဝိညာဉ်ကျောက်တုံးလား၊ တစ်ခုခုကို ရင်းနှီးမြှုပ်နှံမလို့ ထင်တယ်၊ အခုလောက်ဆိုရင် သူ...”

သူ့စကားမဆုံးခင်မှာပဲ သိုလှောင်ခန်းအကြီးအကဲက ဖျတ်ခနဲ နေရာမှာတင် ပျောက်သွားပြီး မြန်လိုက်တာဆိုတာ ပုံရိပ်တစ်ခုပဲ ကျန်ရစ်ခဲ့တယ်။

သူ့နောက်မှာတော့ ဝမ့်ကျန့်ဂိုဏ်းချုပ်နဲ့ အကြီးအကဲရှန်တို့က အနီးကပ်လိုက်ပါသွားကြပြီး သူတို့ရဲ့မျက်နှာပေါ်မှာလဲ အင်မတန်မှ စိုးရိမ်နေတဲ့ အမူအရာတွေ ဖြစ်နေကြတယ်။ သူတို့ရဲ့ဝိညာဉ်ကျောက်တုံးတွေ လူလိမ်လက်ထဲမှာပဲ ရှိသေးတယ်။

-

လင်းဟွာလမ်းထောင့်က ဆိုင်တစ်ခုထဲမှာ-

ချန်အန်းက သိုလှောင်အိတ်တစ်ခုကို ကိုင်ထားပြီး ဆိုင်ရှင်ရှေ့မှာ ရပ်လို့နေတယ်။ သူ့ဘေးမှာတော့ ကိုယ်ကြပ်အင်္ကျီနဲ့ အမျိုးသမီးကျင့်ကြံသူတစ်ယောက်။ သူမက လက်တစ်ဖက်ကို ရင်ဘတ်ပေါ် တင်ထားပြီး ကျန်တဲ့လက်တစ်ဖက်က ဆိုင်ရှင်ရဲ့လက်ထဲက သိုလှောင်အိတ်ကို တိုက်ရိုက် ထည့်လိုက်ပြီး

“နေရာတစ်ခုပဲ ကျန်တယ်ဟုတ်လား”

“ကျွန်မ ဆီက ယူလိုက်ပါ၊ ဒီမှာ ကျွန်မ သော့ပေါင်းခန်းမကို ထည့်ဝင်မဲ့ ဝိညာဉ်ကျောက်တုံး အခု၈၀၀၀၊ ကျွန်မ သူ့ထက် ပိုပြီး ထည့်ဝင်လိုက်မယ်”

ချန်အန်းက သူ့ဒေါသကို မျိုသိပ်ထားလိုက်ပြီး ပြောလိုက်တယ်။ “တာအိုရောင်းရင်း မင်းက ဘာလို့ ကျွန်တော်နဲ့ တိုက်ခိုက်နေတာလဲ၊ ကျွန်တော်ဒီကို အရင်ရောက်တာ သိသိကြီးနဲ့”

အမျိုးသမီးကျင့်ကြံသူ အထင်သေးတဲ့ပုံနဲ့ သူ့ကို လှမ်းကြည့်လိုက်ပြီး “ဝိညာဉ်ကျောက်တုံးကို ရှာဖွေနိုင်မဲ့ ဒီလိုအခွင့်အရေးကို... ဒါပေါ့.. လုယူရမှာပဲ၊ ဒီနေ့ ကျွန်မ ဝိညာဉ်ကျောက်တုံး အခု၈၀၀၀ ရင်းနှီးမြှုပ်နှံလိုက်မယ်၊ လဝက်လောက်နေရင် ကျွန်မ ဝိညာဉ်ကျောက်တုံး ၁၆,၀၀၀ ပြန်ရနိုင်တယ်လေ”

“ဒီလိုအခွင့်အရေးကို ကျွန်မ လက်လွှတ်စရာလား”

ဆိုင်ရှင် မျက်နှာ‌ပေါ်မှာ တောင်းပန်တဲ့အကြည့်တစ်ခုနဲ့ အမျိုးသမီးကျင့်ကြံသူကို ဦးညွှတ်လိုက်ပြီး ပြောလိုက်တယ်။ “ကျုပ်တို့တာအိုရောင်းရင်း အရင်ဆုံးရောက်လာတဲ့သူက အစ်ကိုချန်ပါ...”

အမျိုးသမီးကျင့်ကြံသူက မျက်ခုံးတွေကို ပင့်ထားလိုက်ပြီး “သူ ရင်းနှီးထားတဲ့ ငွေက ကျွန်မ ရင်းနှီးထားတဲ့ငွေနဲ့ ဘယ်လောက်ယှဉ်နိုင်မှာလဲ၊ ကျွန်မ ဒီမှာ ဝိညာဉ်ကျောက်တုံး ၈၀၀၀ရှိတယ်”

ဒါကိုမြင်တော့ ချန်အန်းက အခွင့်အရေးကို တခြားလူ လုယူသွားမှာ စိုးရိမ်သွားပြီး အလျင်စလို ပြောလိုက်တယ်။ “ကျွန်တော်လဲ ဝိညာဉ်ကျောက်တုံး ၈၀၀၀ ရင်းနှီးမယ်”

အမျိုးသမီးကျင့်ကြံသူက ပိုပြီး ဒေါသထွက်လာပြီး အံကြိတ်ကာ ပြောလိုက်တယ်။ “ကျွန်မ ဝိညာဉ်ကျောက်တုံး ၈၅၀၀ ရင်းနှီးမယ်”

ချန်အန်းကလည်း ဆုံးဖြတ်လိုက်တယ်။ “ကျွန်တော် ဝိညာဉ်ကျောက်တုံး ၉၀၀၀ ရင်းနှီးမယ်”

ဒီအချိန်မှာပဲ ဟိန်းခနဲမြည်သွားတဲ့အသံတစ်ခုက အပြင်ဘက် တံခါးဆီကနေ ဝင်လာခဲ့တယ်။

“တိရစ္ဆာန်ကောင်၊ မင်းရဲ့အဖေကိုပါ ပေးပစ်လိုက်ပါတော့လား”

...

All Chapters