အခန်း ၇၂
Vol. 5 Ch. 72
အပိုင်း(၇၂)
တံခါးအပြင်ဘက်က လာတဲ့အသံကို ကြားလိုက်ရတဲ့အခါ ချန်အန်းက ဆိုင်ရှင်ကို လှမ်းပေးပြီးသား သိုလှောင်အိတ်ကို အမှတ်တမဲ့ ပြန်ယူထားလိုက်ပြီး ကိုယ်ကိုလှည့်ပြီး အဲဒီလူကို တအံ့တဩနဲ့ ကြည့်လိုက်တယ်။
“အဖေ ဘာလို့ ဒီကို ရောက်လာတာလဲ”
“ငါက ဘာလို့ ဒီကိုရောက်လာလဲ ဟုတ်လား” သိုလှောင်ခန်းအကြီးအကဲက သူ့လက်ထဲက သို့လှောင်အိတ်ကို ဖမ်းဆွဲလိုက်တယ်။ သိုလှောင်အိတ်ထဲက ဝိညာဉ်ကျောက်တုံးတွေကို မသုံးရတာ တွေ့လိုက်ပြီးတဲ့နောက်မှ နောက်ဆုံးတော့ လက် အားသွားပြီး သူ့ကို ခပ်နာနာလေး ပါးချပစ်တော့တယ်။
“ငါသာ ထပ်မလာရင် မင်း ငါ့ရင်းနှီးငွေတွေကို ဆုံးရှုံးရတော့မယ်လေ”
“မင်းကလေ ဝက်ဦးနှောက်ပဲ၊ မင်းက ဒါကိုတောင် ယုံရသလား”
ဒီအချိန်မှာ သိုလှောင်ခန်းအကြီးအကဲက အရမ်းကို ဒေါသထွက်သွားပြီး တရှူးရှူးတရှားရှားနဲ့ မုတ်ဆိတ်မွှေးကို မှုတ်ထုတ်လိုက်ပြီး ဝါးစားမတတ် ကြည့်လိုက်တယ်။ နှစ်နှစ်ရာလောက် ကြိုးစားပမ်းစားနဲ့ သူ ပျိုးထောင်လာတဲ့ ကလေးက တကယ်တော့ ငမိုက်လေးတစ်ယောက် ဖြစ်လာမယ်လို့ လုံးဝ ထင်မထားခဲ့ဘူး။
သူဟာဆိုရင်ဖြင့် တုံးအလွန်းလိုက်တာမှ ဂိုဏ်းချုပ်အတိုင်းပဲ။ ဒီလောက် သိသာနေတဲ့ အလိမ်အညာကိုတောင် မမြင်နိုင်ဘူး။
မဟုတ်ဘူး။ သူက ဂိုဏ်းချုပ်ထက်တောင် ပိုပြီး ထုံအသေးတယ်။
ဂိုဏ်းချုပ်က ဝိညာဉ်ကျောက်တုံး ရာပိုင်းလေးပဲ အလိမ်ခံရတာ။ ဒါပေမဲ့ သူ့သားကတော့ ဒီလူလိမ်ကို သူ့ချမ်းသာမှုတွေအားလုံး ပေးပစ်မိတော့မလို့လေ။
ဝိညာဉ်ကျောက်တုံး ၉၀၀၀ဟ။ သူ့တစ်ဘဝလုံး ရှာထားတဲ့ ဝိညာဉ်ကျောက်တုံးတွေ အားလုံးကို ဆုံးရှုံးလိုက်ရတော့မလို့။
ဒီအကြောင်းကို စဉ်းစားလိုက်ပြီး သိုလှောင်အိတ်ကို ကိုင်ထားတဲ့ ဘယ်ဖက်လက်က တုန်ယင်သွားတယ်။ သူက ညာဖက်လက်နဲ့ ချန်အန်းကို ထပ်ပါးချလိုက်ပြန်တယ်။
ချန်အန်းမှာ အရမ်းကို ကြမ်းကြမ်းတမ်းတမ်း ရိုက်ခံလိုက်ရလို့ ကြယ်တွေလတွေ မြင်သွားတော့တယ်။ သူက ပါးကို ကိုင်လိုက်ပြီး သိုလှောင်ခန်းအကြီးအကဲကို စွပ်စွဲခံရတဲ့အကြည့်နဲ့ ပြောလိုက်တယ်။
“ကျန်တော်က ဝိညာဉ်ကျောက်တုံးတွေကို ဖြုန်းတီးနေတာမဟုတ်ပါဘူး”
ဒီအချိန်မှာ သူ့မျက်လုံးထဲမှာ ထူးဆန်းတဲ့အလင်းတစ်ခု လင်းလက်လာတယ်။ သူက မကြာခင် ချမ်းသာလာတော့မလို အိပ်မက်ဆန်ဆန် မျက်နှာထားတစ်ခုနဲ့ သူ့လက်ကို ဆန့်လိုက်တယ်။ “ကျွန်တော်တို့တွေ ဒီနေ့ ဝိညာဉ်ကျောက်ကို သုံးလိုက်ရင်း လဝက်အတွင်းမှာ ဝိညာဉ်ကျောက်တုံး နှစ်ဆပြန်ရလိမ့်မယ်”
“အဖေ၊ ဒါက ဝိညာဉ်ကျောက်တုံး ၁၈,၀၀၀ နော်”
သိုလှောင်ခန်းအကြီးအကဲက သားဖြစ်သူရဲ့ ခေါင်းမာနေပုံကြောင့် အရမ်းကို ဒေါသထွက်သွားပြီး အသက်ကို လုရှူနေရတော့တယ်။ သူက ချန်အန်းကို ထပ်ပြီး အကြင်နာမဲ့စွာနဲ့ ပါးချပြီး ပြောလိုက်တယ်။ “လဝက်အတွင်း ၂ဆပြန်ရမယ်ပေါ့”
“လူလိမ်က လဝက်အတွင်းမှာ အိပ်ရာလိပ်ပြီး ပြေးသွားလောက်ပြီ”
ဆိုင်ရှင်က သိုလှောင်ခန်းအကြီးအကဲ ဆိုင်ထဲ ဝင်လာပြီးနောက်မှာ သူ့ကို မသိမသာ လေ့လာလိုက်တယ်။ သူ့ရဲ့အရမ်းကို ရိုးရှင်းတဲ့ အဝတ်အစားနဲ့ မျက်နှာသိပ်မကောင်းတာကို မြင်ရတော့ သူ့စိတ်ထဲမှာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။
ကြည့်ရတာ နောက်ထပ်ရောက်လာတဲ့ ကျင့်ကြံသူက သူ့ကလေးတွေကို ပျိုးထောင်ဖို့ ငွေကို ခက်ခက်ခဲခဲ စုဆောင်းထားရပုံပဲ။
ဒီလို ကျင့်ကြံသူမျိုးကို လိမ်ရတာ ပိုလွယ်တယ်။
ဆိုင်ရှင်နဲ့ အမျိုးသမီး ကျင့်ကြံသူက အချင်းချင်း ကြည့်လိုက်ကြတယ်။ အမျိုးသမီးကျင့်ကြံသူက တစ်ခုခုကို နားလည်သွားသလိုပဲ။ သူမရဲ့အမူအရာက ရုတ်ခြည်းဆိုသလို အားတက်ပြီး မျက်နှာချိုသွေးလိုက်တယ်။
“ဆိုင်ရှင် သူက လက်လျှော့လိုက်ပြီဆိုမှတော့ ကျွန်မ အလှည့်ဖြစ်သွားပြီနော်”
အမျိုးသမီး ကျင့်ကြံသူက သူ့လက်ထဲက သိုလှောင်အိတ်ကို ဆိုင်ရှင်ရဲ့လက်ထဲ အတင်းထိုးထည့်ပေးလိုက်တယ်။
“ဆိုင်ရှင် ဒီမှာ ဝိညာဉ်ကျောက်တုံး ၈၅၀၀၊ ကျေးဇူးပြုပြီး လက်ခံပေးပါ”
“နောက်ဆုံးနေရာက ကျွန်မဟာ ဖြစ်သွားပြီနော်”
ချန်အန်းက သူ့နောက် ဆူညံသံကို ကြားလိုက်ရပြီး သူ့မျက်လုံးများက စိုးရိမ်စိတ်ကြောင့် နီရဲသွားတယ်။ စဉ်းစားမနေဘဲ သူက လက်လှမ်းလိုက်ပြီး သိုလှောင်ခန်းအကြီးအကဲဆီက သိုလှောင်အိတ်ကို လုယူဖို့ ကြိုးစားလိုက်တယ်။
“အဖေ အရေးကြီးနေပြီ ကျွန်တော် နောက်မှ အဖေ့ကို ရှင်းပြမယ်”
သိုလှောင်ခန်းအကြီးအကဲက သူ့အပြူအမူကို မြင်လိုက်တော့ သူ့ကို ပါးတစ်ချက်နဲ့ လွင့်ထွက်သွားအောင် ရိုက်ပစ်တော့တယ်။ သူ့စိတ်ထဲမှာ အတွေးတစ်ခုပဲ ကျန်တော့တယ်။ “ငါ ဒီထုံအလွန်းတဲ့သားကို တကယ် လက်မခံနိုင်တော့ဘူး”
ဆိုင်ရှင်က သိုလှောင်ခန်းအကြီးအကဲရဲ့ လုပ်ရပ်တွေကို မြင်လိုက်ပြီးတဲ့နောက်မှ မသိမသာ မျက်မှောင်ကြုတ်လိုက်ပြီး အမျိုးသမီး ကျင့်ကြံသူ လှမ်းပေးလိုက်တဲ့ သိုလှောင်အိတ်ကို ဘာမှမဖြစ်သလိုနဲ့ ယူလိုက်ပြီး ဖြောင့်ဖြောင့်မတ်မတ် ပြောလိုက်တယ်။
“ကျုပ်ရဲ့သော့ပေါင်းခန်းမက ကျင့်ကြံရေးတလောကလုံးမှာ ဌာနခွဲတွေ ရှိတယ်၊ ကျုပ်က မင်းတို့ကျင့်ကြံသူတွေကို ဘယ်လိုလုပ်ပြီး လှည့်စားနိုင်မှာလဲ”
သူက စကားပြောပြီးတာနဲ့ အမျိုးသမီးကျင့်ကြံသူကို ဦးညွှတ်ပြီး ပြောလိုက်တယ်။ “မင်း ကျုပ်ကို ဒီနေရာမှာ နေ့တိုင်း လာတွေ့လို့ရတယ်နော်၊ လဝက်နေပြီးရင် ကျုပ်က ဝိညာဉ်ကျောက်တုံး ၂ဆ အမှန်အကန် ပြန်ပေးမှာပါ”
အမျိုးသမီးကျင့်ကြံသူက တွေဝေမနေဘဲ ပြောလိုက်တယ်။ “ကျွန်မ ရှင့်ကို ယုံပါတယ်၊ ကျွန်မ ပြီးခဲ့တဲ့ ၁၀ရက်တုန်းကတော့ ဝိညာဉ်ကျောက်တုံး ၃၀၀၀ ရင်းနှီးခဲ့သေးတယ်၊ ပြီးခဲ့တဲ့နှစ်ရက်က ဝိညာဉ်ကျောက်တုံး ၆၀၀၀ ပြန်ရထားတာလေ”
ဒီအချိန်မှာတော့ သူမက မြေကြီးပေါ် လဲကျသွားတဲ့ ချန်အန်းကို မျက်စောင်းထိုးလိုက်ပြီး “တချို့လူတွေကတော့ ဝိညာဉ်ကျောက်တုံးကို ရှာဖွေဖို့ ကံမပါလာဘူးလေ”
ဆိုင်ရှင်က အပြုံးတစ်ခုနဲ့ သူ့မုတ်ဆိတ်ကို သပ်လိုက်ပြီး မမှန်မကန် ပြောလိုက်တယ်။ “အားလုံးမှာ ကိုယ်ပိုင်ကံတရား ပါလာပြီးသားပါ၊ နောက်ဆုံး ဝိညာဉ်ကျောက်တုံး ၉၀၀၀ဆိုတာကလဲ နည်းတဲ့ပမာဏမှ မဟုတ်တာ၊ ညီငယ်လေးနဲ့ သူ့မိသားစုက သတိထားကြတာလည်း မှန်ပါတယ်”
သူ့စကား ဆုံးပြီးသွားတဲ့နောက်မှာ သူက ဘာမှမတတ်နိုင်တော့သလို သက်ပြင်းချလိုက်ပြီး သူ့အင်္ကျီလက်ထဲက ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်တယ်။ “တာအိုရောင်းရင်း ဒါက ခြေရာခံပေးတဲ့ကျောက်စိမ်းပြားပါ၊ ကျုပ်က ဒီထဲမှာ ကျုပ်ရဲ့ဝိညာဉ်စွမ်းအင်ကို ထည့်သွင်းထားတယ်၊ ကျုပ်ဘယ်နေရာပဲ ရောက်ရောက် တာအိုရောင်းရင်းက ကျုပ်ဘယ်နေရာမှာ ရှိတယ်ဆိုတာ သိနိုင်ပြီ ကျုပ်ကို အလွယ်တကူ ရှာနိုင်ပါတယ်”
“ဒီလိုဆိုရင် တာအိုရောင်းရင်းလည်း စိတ်ပူနေစရာမလိုတော့ဘူးပေါ့...” ဒီအချိန်မှာ သူက ဝေခွဲမရတဲ့အကြည့်နဲ့ သိုလှောင်ခန်းအကြီးအကဲကို လှမ်းကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ်။
“ကျုပ်က ခင်ဗျားရဲ့ ဝိညာဉ်ကျောက်တုံးကို လိမ်ပြီး ထွက်သွားမှာ စိတ်မပူပါနဲ့”
အမျိုးသမီး ကျင့်ကြံသူက မျက်မှောင်ကြုတ်လိုက်ပြီး “ဆိုင်ရှင် ကျွန်မ ရှင့်ကို ယုံတယ်၊ ရှင် အဲလို လုပ်စရာမလို....”
ဆိုင်ရှင် ကျောက်စိမ်းပြားကို အမျိုးသမီး ကျင့်ကြံသူလက်ထဲ တိုက်ရိုက်ထိုးထည့်ပေးလိုက်ပြီး ပြောလိုက်တယ်။ “မင်းက ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရင်းနှီးထားတာ ဒါက အပိုဆုကြေးပါ၊ တာအိုရောင်းရင်း ကျေးဇူးပြုပြီး မငြင်းပါနဲ့”
မြေကြီးပေါ်လဲကျသွားတဲ့ ချန်အန်းက သူ့ရင်ဘတ်ကို အုပ်ထားလိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်တယ်။
“အဖေ ဆိုင်ရှင် လုပ်နေတာကို ကြည့်လိုက်စမ်းပါ၊ သူက ဘယ်လိုလုပ်ပြီး လူလိမ်တစ်ယောက် ဖြစ်နိုင်မှာလဲ”
“မြန်မြန်လုပ်ပါ၊ ကျွန်တော့်ကို သိုလှောင်အိတ်ပေး၊ မဟုတ်ရင် ကျွန်တော်တို့ ဝိညာဉ်ကျောက်တုံး ရှာနိုင်မဲ့အခွင့်အရေး တကယ်လက်လွှတ်လိုက်ရတော့မယ်၊ ဒါက ဝိညာဉ်ကျောက်တုံး ၂ဆရမဲ့ အခွင့်အရေးတစ်ခုနော်”
တံခါးနားကို အခုမှ ရောက်လာတဲ့ ရှန်ယွင်အန်းက ဆိုင်ရှင်လုပ်လိုက်တာကို ကြည့်ပြီး တွေးတွေးဆဆနဲ့ ခေါင်းညိတ်လိုက်တယ်။
ဒီဆိုင်ရှင်က ဂိုဏ်းချုပ်ကြီးနဲ့ ချန်အန်းကို လိမ်စားနိုင်တာ မအံ့ဩတော့ပါဘူး။ သူ့မှာ တကယ်ပဲ အရည်အချင်းတချို့ ရှိနေတာကိုး။
ဒီအခိုက်မှာတော့ သူ့ဘေးက ဝမ့်ကျန့်ဂိုဏ်းချုပ်က အရမ်းကို ပေါ့ပါးတဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။
“အကြီးအကဲရှန် ဒီဆိုင်ရှင်က လိမ်ညာမနေဘူးဆိုတဲ့ ဖြစ်နိုင်ခြေရှိလား”
ချီမင်က ဆိုင်ထဲက မျက်နှာပေါ်မှာ ‘သိက္ခာရှိခြင်း’ဆိုစားလုံးကို ရေးထွင်းထားဟန်ပေါက်တဲ့ ရိုးသားတဲ့လူကို ကြည့်လိုက်တယ်။ သူက လူလိမ်ဆိုတာကို အပြင်လောကကလာတဲ့ အသံဆီက အခုလေးတင် သိလိုက်ရပေမဲ့ သူ့ကို တွေ့လိုက်တဲ့ အခိုက်တန့်လေးမှာ မနေနိုင်ဘဲ သံသယဖြစ်မိတယ်။
ရှန်ယွင်အန်း: “....”
သူက ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး စိတ်ထဲကနေ သူ့ကိုယ်သူ ဆက်တိုက် နှစ်သိမ့်နေရတယ်။ ဒါက ဂိုဏ်းချုပ်လေ။ သူ့ကို ဘာမှမလုပ်နိုင်ဘူး။ သူကလုပ်ရင်တောင် ဂိုဏ်းချုပ်ကို မနိုင်ဘူးလေ။
သုံးခါလောက် အသက်ရှူအပြီးမှာတော့ သူက မျက်နှာထားကို ပြင်လိုက်ပြီး လေးစားတဲ့ရုပ်တစ်ခုနဲ့ ပြောလိုက်တယ်။
“ဂိုဏ်းချုပ်ကြီး အခုလေးတင် ဝမ့်ကျန့်ဂိုဏ်းသားတွေကို သတိပေးထားတာ မေ့သွားပြီလား၊ လောကမှာ အလကားရတဲ့ နေ့လယ်စာဆိုတာ မရှိဘူးတဲ့”
ချီမင်က ရှန်ယွင်အန်းရဲ့လေသံထဲက ပုန်းကွယ်နေတဲ့ သတိပေးချက်ကို ကြားလိုက်ပြီး ခြောက်ခြောက်ကပ်ကပ် ရယ်မောလိုက်တယ်။ “ဟုတ်တာပေါ့၊ ဒီဆိုင်က တစ်ခုခုလွဲနေတာ ဒီက ဂိုဏ်းချုပ်ကြီးက သိပါတယ်”
“ခုနတုန်းက ဒီအတိုင်း မေးလိုက်တာပါ၊ ဒီအတိုင်း မေးလိုက်တာ”
သူက သူ့ဘေးကလူကို မကြည့်ရဲဘူး။ ဘေးဘီကို မကြည့်ဘဲ ဆိုင်ထဲကို ဝင်သွားလိုက်တော့တယ်။
ရှန်ယွင်အန်းကို စိတ်ချစေချင်လို့ သူက ဆိုင်ရှင်ရဲ့လက်ထဲကို ဝိညာဉ်ကျောက်တုံးတွေ အတင်းထိုးပေးနေတဲ့ အမျိုးသမီးကျင့်ကြံသူကို သတိပေးနေတဲ့ရုပ်တစ်ခုနဲ့ ပြောလိုက်တယ်။
“တာအိုရောင်းရင်း ဝိညာဉ်ကျောက်တုံး ၈၀၀၀ဆိုတာ နည်းတဲ့ပမာဏ မဟုတ်တာ ကျေးဇူးပြုပြီးတော့ နားလည်ပါ၊ မင်းက ဒါတွေအားလုံးကို ဆိုင်ရှင်ဆီ တကယ်ပဲ ပေးလိုက်ချင်တာလား”
ဒီအခိုက်မှာ သူက အမျိုးသမီးကျင့်ကြံသူလက်ထဲက ကျောက်စိမ်းပြားကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်တယ်။ “ဒီလိုအဆင့် ခြေရာခံကျောက်စိမ်းပြားတစ်ခု လုပ်ဖို့ အရမ်းလွယ်ပါတယ်”
သူ့နောက်က ရှန်ယွင်အန်းက အသက်ပြင်းပြင်းတစ်ချက် ရှူမိတော့တယ်။ ဂိုဏ်းချုပ်ကြီးက သေချာသိနေရက်နဲ့များ ဘာလို့ အလိမ်ခံနေရသေးတာလဲ။
အမျိုးသမီးကျင့်ကြံသူရဲ့ မျက်နှာပေါ်က ခေါင်းမာတဲ့အမူအရာက ချန်အန်းထက်တောင် ပိုပြီး ခိုင်မာသေးတယ်။ သူက စိတ်မရှည်လက်မရှည်နဲ့ လက်ကာပြလိုက်ပြီး “ဆိုင်ရှင်က ကျွန်မကို မလိမ်နိုင်လောက်ပါဘူး”
ဆိုင်ရှင်က ချီမင်ကို တွေ့လိုက်ရတဲ့အချိန်မှာ သူ့မျက်နှာပေါ်က ကြင်နာတဲ့အမူအရာက တခဏအတွင်း အေးခဲသွားတော့တယ်။ ဘာလို့ ဒီလူ ထပ်ဖြစ်နေတာလဲ။
ဝတ်ကောင်းစားလှ ဝတ်ထားပြီး အရမ်းကို ချမ်းသာပြီး တော်တော်လေး တုံ့အတဲ့ ဒီကျင့်ကြံသူပေါ့။ သူက ငါပြောသမျှကို အရမ်းကို စိတ်ဝင်စားတယ်လေ။
ဒါနဲ့ ငါ့မှာ သူ့ဆီ ဝိညာဉ်အစားအသောက်နဲ့ ဝိညာဉ်ဆေးပင်တွေ ယူသွားပြီး သူ့နောက်ကို လဝက်ကျော်လောက် လိုက်ပြီး အချိန်ကုန်ခဲ့ရတာ။
နောက်ဆုံးတော့ သူ့ကို ချော့မော့လိုရသွားပြီး သူက သူ့ပိုင်ဆိုင်မှုအားလုံးကို သောပေါင်းခန်းမထဲမှာ ရင်းနှီးမယ်လို့ ပြောလာတယ်လေ။
ရလဒ်ကရော။
သူ့မှာ တစ်နေ့လုံး မျှော်လိုက်ရတာ။ ဒီကျင့်ကြံသူက နောက်ဆုံးတော့ ဝိညာဉ်ကျောက်တုံး ၆၀၀ပဲ ယူလာခဲ့တယ်။
ဝိညာဉ်ကျောက်တုံး ၆၀၀တဲ့။
ဒီရက်ပိုင်း သူ့အတွက် သုံးခဲ့ရတဲ့ ဝိညာဉ်ကျောက်တုံးတွေ ၆၀၀တောင်ကျော်တယ်။
အားလုံးက သူ့အမှားပဲ။ သူ့မှာ ဘာဝိညာဉ်ကျောက်တုံးမှ မရှိဘဲနဲ့ ဒီလောက်ခမ်းနားကြီးကျယ်တဲ့ အဝတ်အစားကို ဝတ်ထားသေးတယ်။
အခုတော့ သူက ချီမင်ရဲ့မျက်နှာကို မြင်တာနဲ့ချက်ချင်း သူ့မျက်နှာထားက အမှတ်တမဲ့ ရှုံ့မဲ့သွားတော့တယ်။
ဒါပေမဲ့ ဆိုင်ရှင်က သူ့အမူအရာကို မြန်မြန် ပြင်ဆင်လိုက်ပြီး အထင်သေးတဲ့စိတ်ကို မျိုသိပ်ထားလိုက်ရင်း ဖော်ဖော်ရွေရွေနဲ့ ပြောလိုက်တယ်။ “တာအိုရောင်းရင်း ဘာလို့ ရောက်လာတာလဲ၊ ဝိညာဉ်ကျောက်တုံးတွေကို ဆက်ပြီး ရင်းနှီးချင်သေးလို့လား”
“ကျုပ် လူလိမ်တစ်ယောက်ကို ဝိညာဉ်ကျောက်တုံးတွေ ဆက်ပြီးပေးဖို့ သတ္တိမရှိပါဘူး” ချီမင်က မာထန်တဲ့မျက်နှာထားတစ်ခုနဲ့ သူ့လက်ကို ဝေ့ယမ်းလိုက်တယ်။ ဝမ့်ကျန့်ဂိုဏ်းချုပ်ရဲ့ အရောင်အဝါတွေ ပွင့်ထွက်လာခဲ့တယ်။ “မင်းကများ အတင့်ရဲလို့ ဝမ့်ကျန့်ဂိုဏ်း အုပ်ချုပ်မှုနယ်မြေထဲမှာ ဝိညာဉ်ကျောက်တုံးတွေကို လိမ်လည်ရသလား”
ဆိုင်ရှင်မှာ သူ့အစွမ်းကြောင့် ကြောက်လန့်တကြားဖြစ်သွားပြီး ခြေနှစ်လမ်းဆုတ် သွားခဲ့တယ်။ ဒါပေမဲ့ ဒီကျင့်ကြံသူက ဆင်းရဲပြီး အစွမ်းမဲ့တဲ့ ကျင့်ကြံသူတစ်ယောက်ပဲလို့ စဉ်းစားမိတဲ့အခါ သူက ဒေါသထွက်ပြီး ပြောလိုက်တယ်။ “ကျုပ်က လူလိမ်တစ်ယောက် ဟုတ်လား”
“သော့ပေါင်းခန်းမကို နာမည်ဖျက်တာ ဘာပြစ်မှုလဲဆို သိရဲ့လား”
သူ့ဘေးက အမျိုးသမီးကျင့်ကြံသူကလည်း ချီမင်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။ “ဆိုင်ရှင်ဝမ်က ကျင့်ကြံသူတွေကို အဲလောက် ဂရုစိုက်တာ ရှင်က ဘာလို့ သူ့ကို ဒီလို နာမည်ဖျက်ချင်နေရတာလဲ”
[ကျွတ် ကျွတ်... ဒီကလေးထိန်းလေးကတော့ တကယ့်ကို စိတ်နှစ်ထားတာပဲ]
[ဒီလေသံ၊ ဒီမျက်နှာထား၊ ဒီအမူအရာနဲ့ဆိုရင် သူ ဒီလူလိမ်ဆီက ဝိညာဉ်ကျောက်တုံး ဘယ်လောက်တောင် ရထားလဲ မသိဘူး]
ဝမ့်ကျန့်ဂိုဏ်းရဲ့ အတုအယောင်ဆန့်ကျင်ရေးသင်ခန်းစာက ချီမင်ထွက်သွားပြီးနောက်မှာ ‘အောင်အောင်မြင်မြင်’ ပြီးမြောက်သွားခဲ့တယ်။ စူးလီက ရွှမ်းလင်တောင်ထွတ်ကနေ ပြန်လာပြီးနောက်မှာ သူမက ပျင်းရိငြီးငွေ့နေပြီး ရုတ်တရက် ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးကို လိမ်သွားတဲ့လူလိမ်ကို ရုတ်တရက် သတိရသွားခဲ့တယ်။ သူမက သိချင်စိတ် ဖြစ်သွားပြီး တိမ်လွှာကြေးမုံကို ဖွင့်လိုက်တယ်။
ဆိုင်ရှင်ဝမ်က ရည်မွန်ပြီးကြင်နာတတ်တဲ့သူ ရုပ်ဖြစ်နေတာကို မြင်လိုက်ရတော့ သူမက ကောင်းကင်စာအုပ်ကို ဒီအတိုင်း လှမ်းကြည့်လိုက်ပြီး ထူးဆန်းတဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။
[ငါလေ ဒီဆိုင်ရှင်ဝမ်ကို ဘယ်လိုအကဲဖြတ်သင့်လဲ....]
[သူက ကံကောင်းတယ်လို့ သူ့ဟာသူတော့ ပြောတာပဲ၊ ဝမ့်ကျန့်ဂိုဏ်း ပတ်ဝန်းကျင်ကို ရောက်လာပြီးနောက်ပိုင်းမှာ သူက တစ်လလုံးနေမှ လူနှစ်ယောက်ကိုပဲ လိမ်နိုင်ခဲ့တာ]
[သူက ကံဆိုးတယ်လို့တောင် ပြောလို့ရတယ်၊ သူတို့ထဲကတစ်ယောက်က ဝိညာဉ်ကျောက်တုံး ၆၀၀နဲ့ ကျန်တဲ့တစ်ယောက်က ဝိညာဉ်ကျောက်တုံး ၉၀၀၀နီးပါ လိမ်ခံလိုက်ရပေမဲ့လေ]
[ဟား ဟား ဟား ဟား အလိမ်ခံလိုက်ရတဲ့လူနှစ်ယောက်မှာ တစ်ယောက်က ဝမ့်ကျန့်ဂိုဏ်းချုပ်နဲ့ ကျန်တဲ့လူက ဝမ့်ကျန့်ဂိုဏ်းရဲ့ သိုလှောင်ခန်းအကြီးအကဲရဲ့သားတဲ့]
[လူလိမ်ကလည်း တကယ်တော်တာ၊ ကြိုးကြိုးစားစားနဲ့ ချေးငှားပြီးမှ ရလာတဲ့ ဝိညာဉ်ကျောက်တုံး ၆၀၀ကိုပဲ ဝမ့်ကျန့်ဂိုဏ်းချုပ်ဆီကနေ လိမ်နိုင်ခဲ့တယ် ဟား ဟား ဟား ဟား___]
ဆိုင်ရှင်ဝမ်ရဲ့မျက်နှာပေါ်က အပြုံးက ရုတ်ခြည်းဆိုသလို အေးခဲသွားတယ်။ သူ့မျက်လုံးထဲမှာလဲ ကြောက်စိတ်အပြည့် ဖြစ်နေပြီး မယုံမကြည်နဲ့ ခေါင်းလှည့်ကြည့်လိုက်တယ်။
ဘယ်လို။
မျက်နှာပေါ်မှာ ‘ငါကတော့ လိမ်ရလွယ်တဲ့သူ’ဆိုတဲ့ စာလုံးနဲ့ စုဆောင်းငွေ ၆၀၀ပဲရှိပြီး ဆင်းရဲမွဲတေလှတဲ့ သာမန်ကျင့်ကြံသူက တကယ်တော့ ဝမ့်ကျန့်ဂိုဏ်း ခေါင်းဆောင်တဲ့လား။
ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဂိုဏ်းချုပ်တစ်ယောက်က ဘယ်လိုလုပ်ပြီး အဲလောက်ဆင်းရဲမှာလဲ။
သူ့ခန္ဓာကိုယ် တစ်ခုလုံးက တုန်ယင်သွားပြီး တုန်တုန်ယင်ယင်နဲ့ ပြောလိုက်တယ်။
“မင်းက...”
ချီမင်က ခေါင်းကို ချီထားလိုက်ပြီး မျက်နှာပေါ်မှာ ဖြောင့်မတ်မှန်ကန်တဲ့ ရုပ်တစ်ခုနဲ့ ပြောလိုက်တယ်။
“ဒီဂိုဏ်းချုပ်ကြီးက ဝမ့်ကျန့်ဂိုဏ်းရဲ့ အုပ်ချုပ်ရေးနယ်မြေကို ဆက်ပြီး အန္တရာယ်ဖြစ်စေမဲ့ မင်းလိုလူလိမ်ကို လုံးဝ ခွင့်ပြုမှာမဟုတ်ဘူး”
ဒီစကားကို ကြားလိုက်တော့ အမျိုးသမီး ကျင့်ကြံသူက မြန်မြန်နောက်နှစ်လှမ်းဆုတ်လိုက်ပြီး ဆိုင်ရှင်ဝမ်နဲ့ ခပ်ခွာခွာနေဖို့ ကြိုးစားလိုက်တယ်။ “ကျွန်မ သူ့ဆီက ဟန်ဆောင်ပေးထားပေးတဲ့ ဝိညာဉ်ကျောက်တုံး ၁၀၀ကိုပဲ ရထားတယ်”
“သူက လူလိမ်တစ်ယောက်မှန်း ကျွန်မ မသိခဲ့ဘူး... ခု ကျွန်မရထားတဲ့ ဝိညာဉ်ကျောက်တုံး အားလုံးကို ပြန်လွှဲပေးပါ့မယ်”
ဒီအခိုက်မှာ ဝမ့်ကျန့်ဂိုဏ်းရဲ့ စည်းကမ်းထိန်းသိမ်းရေးတပည့်တွေလည်း ရောက်လာခဲ့တယ်။ လက်ရှိအခြေအနေကို မြန်မြန်အကဲခတ်လိုက်ပြီး သူတို့တွေက ရှန်ယွင်အန်းရဲ့အချက်ပြချက်မှာ ဆိုင်ရှင်နဲ့ အမျိုးသမီးကျင့်ကြံသူကို ခေါ်သွားလိုက်ပြီး စည်းကမ်းထိန်းသိမ်းရေးဌာနမှာ စုံစမ်းဖို့အတွက် ပြင်ဆင်လိုက်တယ်။
ဆိုင်ရှင်ဝမ်က ချီမင်နားကနေ ဖြတ်သွားတဲ့အခါ သူက ထိန်းထားဖို့ ကြိုးစားပေမဲ့လဲ နောက်ဆုံးတော့ ဆက်ပြီး ထိန်းမထားနိုင်တော့ဘူး။
“ဂိုဏ်းချုပ်ကြီး ကျွန်တော် ဒီအလုပ်လုပ်တာ တစ်လကို ဝိညာဉ်ကျောက်တုံး အနည်းဆုံး ၅,၀၀၀ ရှာနိုင်ပါတယ်၊ ကျွန်တော်တို့တွေ ၅၀-၅၀ ခွဲကြမယ်ဆိုရင်ကော...”
ချီမင်က အရမ်းကို ဒေါသထွက်သွားပြီး သူ့မျက်နှာက ပြာနှမ်းသွားတယ်။ သူကများ ဘယ်သူ့ကို အထင်သေးနေတာလဲ။
မင်းက ဝိညာဉ်ကျောက်တုံး ၂၅၀၀လောက်နဲ့ ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်ကို လာဘ်ထိုးချင်သေးတာလား။
ဘယ်ဂိုဏ်းချုပ်က ဒီလိုစမ်းသပ်မှုကို သည်းခံနိုင်မှာလဲ။
သူက ဖြောင့်မတ်မှန်ကန်စွာနဲ့ပဲ စည်းကမ်းထိန်းသိမ်းရေး တပည့်ကို ပြောလိုက်တယ်။
“မင်းကများ အတင့်ရဲလို့ အားလုံးရှေ့မှာ ဂိုဏ်းချုပ်ကြီး ဖျားယောင်းရဲရသလား၊ သူတို့ကို ခေါ်သွားပြီး စစ်ဆေးလိုက်ကြစမ်း”
“ဒီလူလိမ် တခြားလူဆီက လိမ်ထားတဲ့ ဝိညာဉ်ကျောက်တုံးတွေအားလုံးကို ဂိုဏ်းဆီ သေချာပေါက် ပြန်လွဲပေးရမယ်”
သူ့စကားဆုံးသွားတာနဲ့ချက်ချင်း ဓားစွမ်းအင်သံ တော်တော်များများက ဆိုင်ထဲမှာ ရပ်သွားခဲ့တယ်။
ချီမင်က သူ့မျက်လုံးထဲမှာ အံ့ဩသွားတဲ့အရိပ်အယောင်နဲ့ ရောက်လာတဲ့လူတွေကို ကြည့်လိုက်တယ်။
“မြို့သခင်ထန်၊ မြို့သခင်ရှ၊ မြို့သခင်ဝိန်း တို့ပါလား”
မြို့သခင်သုံးယောက်က ချီမင်ကို ဦးညွှတ်နှုတ်ဆက်လိုက်ပြီး ပြောလိုက်တယ်။
“ဂိုဏ်းချုပ်ကြီးချီ”
ထန်ယွင်မြို့သခင်က သူ့လက်တစ်ဖက်ကို နှုတ်ခမ်းနားကပ်ထားလိုက်ပြီး ချောင်းနှစ်ချက်ဟန့်လိုက်ပြီး ရှင်းပြလိုက်၏။ “တချိန်တုန်းကပေါ့၊ လူအများကြီး.. အလိမ်ခံလိုက်ရပြီး ဆူပူမှုတွေ အများကြီး ဖြစ်သွားခဲ့တယ်၊ မြို့သခင်အနေနဲ့ မြို့သူမြို့သားတွေ အလိမ်ခံရမှာ စိုးတဲ့အတွက် စုံစမ်းစစ်ဆေးရေးတစ်ခုကို ဦးစီးဦးဆောင်ခဲ့ရတာ”
“ကျွန်မက အလိမ်ခံလိုက်ရတဲ့ မြို့သားတချို့နဲ့ တွေ့ခဲ့ပြီး သူတို့ပေးတဲ့ သဲလွန်စနောက်လိုက်ရင်း ဒီကိုရောက်လာတာပဲ”
သူမဘေးက ရှယောင်ယွိကလည်း မျက်နှာပေါ်မှာ လေးနက်တဲ့ အမူအရာတစ်ခုဖြစ်နေတယ်။
“ဒီလူလိမ်က ဝမ့်ကျန့်ဂိုဏ်းရဲ့ တောင်ခြေအထိတောင် တကယ်လာပြီး လိမ်စားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
ဒီအခြေအနေမှာတော့ သူမက မျက်လုံးထဲမှာ စိုးရိမ်တဲ့အရိပ်တစ်ခု ဖြစ်သွားတယ်။
“ဂိုဏ်းချုပ်ကြီး ဝမ့်ကျန့်ဂိုဏ်းမှာရော ဒီလူလိမ်ရဲ့ အလိမ်ခံရတဲ့သူများ ရှိသေးလား”
သူမရဲ့စိုးရိမ်တဲ့ စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ချီမင်က သူ့မျက်နှာပေါ်မှာ သိက္ခာရှိတဲ့ အမူအရာကို ခက်ခက်ခဲခဲ ထိန်းသိမ်းထားလိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။
“အခုချိန်အထိတော့ ဝမ့်ကျန့်ဂိုဏ်းက ကျင့်ကြံသူနှစ်ယောက်က ဒီသူခိုး အလိမ်ခံထားရတယ်”
သူ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ ရှယောင်ယွိက စိတ်အေးသွားသလို သက်ပြင်းချလိုက်ပြီး မြောက်ပင့်ပြောလိုက်တယ်။ “ဂိုဏ်းချုပ်ကြီးရဲ့ ခေါင်းဆောင်မှုအောက်မှ တပည့်တွေနဲ့ မြို့သူမြို့သားတွေက အရမ်းကို ပါးနပ်ပြီး တော်ကြတာပဲ၊ အခုအချိန်ထိကို နှစ်ယောက်ပဲ အလိမ်ခံရတယ်ဆိုတော့လေ”
“ကျွန်မတို့တွေ ဂိုဏ်းချုပ်ဆီက ပိုပြီးသင်ယူဖို့ လိုလာပြီ”
ချီမင်ရဲ့မျက်နှာပေါ်က သိက္ခာရပြီး တည်ငြိမ်တဲ့အမူအရာက ရုတ်တရက် အေးခဲသွားတော့တယ်။
သူ့အမူအရာကို မြင်လိုက်ပြီးတဲ့အခါ ရှယောင်ယွိက ဇဝေဇဝါနဲ့ မျက်မှောင်ကြုတ်လိုက်ပြီး ကောင်းကင်ထဲက တဟားဟားရယ်သံကို ကြားလိုက်ရတော့တယ်။
[အလိမ်ခံရမဲ့နည်းလမ်းကို သူ့ဆီက ထပ်လေ့လာအုံးမယ်တဲ့ ဟား ဟား ဟား ဟား __ __]
[ဟား ဟား ဟား ဟား မြောက်ပင့်စကားက မြင်းခွာကို သွားထိတာပဲ]
[သူ့ကို အပြစ်ပြောလို့မရဘူးလေ၊ ဒီလိုလူလိမ်တစ်ယောက်က ဒီနေရာက လူနှစ်ယောက်ကိုပဲ ဘယ်လိုလုပ်ပြီး လိမ်စားနိုင်ရတာလဲ၊ တစ်ယောက်က ဝမ့်ကျန့်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တဲ့လေ]
[ပိုင်ဆိုင်မှုအားလုံးကို ရင်းနှီးမြှုပ်နှံဖို့တောင် လူလိမ်တစ်ယောက်ရဲ့ ဉာဏ်ဆင်တာ ခံလိုက်ရသေးတယ်၊ ဟား ဟားဟား ဟား ဝိညာဉ်ကျောက်တုံး ၆၀၀ပဲ ဆိုပေမဲ့ပေါ့လေ]
ချီမင်ကလည်း လူတိုင်းရှေ့မှာ အရှက်ခွဲခံနေရတာ အသားကျသွားပုံပါပဲ။ ဒီအခိုက်တန့်မှာ သူ့မျက်နှာထားကို ထိန်းထားလိုက်ပြီး ပြောလိုက်တော့တယ်။
“ဒီလူလိမ်က လှည့်စားတဲ့နေရာမှာ အရမ်းကို ကျွမ်းကျင်တယ်၊ ကျုပ်အထင်တော့ မြို့သခင်တို့ရဲ့ မြို့သူမြို့သားတွေ အများကြီး အလိမ်ခံလိုက်ရတာဖြစ်မယ် ဟုတ်တယ်မလား”
...