← Chapters

အခန်း ၇၃

Vol. 5 Ch. 73

အခန်း ၇၃

Vol. 5 Ch. 73

အပိုင်း (၇၃)

မြို့သခင်သုံးယောက်က အချင်းချင်း ကြည့်လိုက်ကြပြီး ခဏလောက် ကြာတဲ့အထိ ဘယ်သူမှ အရင်စပြီး မပြောလိုက်မိကြဘူး။

နောက်ဆုံးတော့ ထန်ယွင်က ရှေ့ထွက်လိုက်တယ်။ သူမရဲ့အသံက နည်းနည်းလေး ခြောက်ကပ်နေလေရဲ့။ “ဂိုဏ်းချုပ်ကြီး ပြောတဲ့အတိုင်းပါပဲ၊ ချင်းကျန့်မြို့မှာ အလိမ်ခံလိုက်ရတဲ့ မြို့သားတွေ များပါတယ်...”

[ဟား ဟား ဟားဟား ချင်းကျန့်မြို့မှာ အလိမ်ခံလိုက်ရတဲ့သူက ခုနှစ်ယောက်ပဲ ရှိတာပါ၊ ဝမ့်ကျန့်ဂိုဏ်းနဲ့ ယှဉ်လိုက်ရင်တော့ တကယ် များပါတယ်လေ~~]

[ကြည့်လိုက်အုံးမယ်၊ အလိမ်ခံလိုက်ရတဲ့သူတွေထဲမှာ.... ကလေးသုံးယောက်၊ လူကြီးနှစ်ယောက်နဲ့ စိတ်ကျန်းမာရေး ပြဿနာရှိနေတဲ့ သခင်လေးတစ်ယောက်တဲ့ ဟား ဟား ဟား ဟား __ __]

“အဟမ်း__”

ဒီစကားကို ကြားလိုက်ပြီးတဲ့နောက်မှာ စည်းကမ်းထိန်းသိမ်းရေးဌာနက တပည့်တွေက ထိန်းမနိုင်ထားနိုင်တော့ဘူး။ အခိုက်တန့်အတွင်းမှာပဲ ဆိုင်ထဲမှာ ဖိနှိပ်ထားတဲ့ အပြုံးနဲ့အတူ ချောင်းဟမ့်သံတွေ ပြည့်နက်သွားခဲ့တယ်။

ချီမင်က မရယ်မိအောင် ကြိုးစားနေကြတဲ့ လူတွေကို လှမ်းကြည့်လိုက်ပြီး ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး ‌အေးအေးလူလူ ပြောလိုက်တယ်။ “စည်းကမ်းထိန်းသိမ်းရေးဌာနက ဒီလူလိမ်ကို စစ်ဆေးဖို့ အချိန်တစ်ခုတော့ ယူရလိမ့်မယ်ထင်တယ်၊ မြို့သခင်တို့ ဝမ့်ကျန့်ဂိုဏ်းကို သွားပြီး အတူတူ စောင့်ကြပါလား”

“အဆင်ပြေတာပါပဲ” ဝိန်းကျစ်က သူ့နှုတ်ခမ်းပေါ်က အပြုံးကို မြန်မြန် ဖိနှိပ်ထားလိုက်ပြီး တလေးတစားနဲ့ ပြောလိုက်တယ်။ “ဒါဆိုရင်တော့ ဂိုဏ်းချုပ်ကြီးကို နှောင့်ယှက်မိတဲ့အတွက် အားနာရပါတယ်”

ယွင်ချွမ်ခန်းမ။

ချီမင်က အပေါ်မှာထိုင်နေပြီး တစ်ဖက်တစ်ချက်မှာ မြို့သခင်သုံးက ထိုင်နေတယ်။ အားလုံးရဲ့ အမူအရာက နည်းနည်းလေး လျှို့ဝှက်နေတယ်။

နောက်ဆုံးတော့ ချီမင်ပဲ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တယ်။ သူက လည်ချောင်းရှင်းလိုက်ပြီး ကျေနပ်နေတဲ့ အကြည့်တစ်ခုနဲ့ ထန်ယွင်ကို ပြောလိုက်တယ်။

“အခု ချင်းကျန့်မြို့က မြို့သခင်ထန်ရဲ့ အုပ်ချုပ်မှုအောက် ပိုပိုပြီး ချမ်းသာကြွယ်ဝလာပါပြီ၊ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ဝင်ငွေက တခြားမြို့နှစ်ခုရဲ့ ဝင်ငွေစုစုပေါင်းနဲ့တောင် ညီမျှနေပြီ”

“မြို့သခင်ထန်က အခုမှ နှစ်၂၀၀ပဲ ရှိတယ်၊ တကယ် ငယ်ရွယ်ပြီး အလားအလာရှိတဲ့သူပါပဲ”

ထန်ယွင်ဘေးမှာရှိနေတဲ့ ရှယောင်ယွိက ချီမင်ရဲ့စကားကို ကြားလိုက်တဲ့အခါ ပြုံးလိုက်တယ်။

“ဟုတ်တယ်၊ ချင်းကျန့်မြို့က ဓားသွန်းလုပ်တဲ့နေရာမှာ ကျွမ်းတဲ့အပြင် ပြီးခဲ့တဲ့ဆယ်နှစ်အတွင်းမှာ ဝိညာဉ်သားရဲတွေကို မွေးမြူတာမှာလဲ ဆက်တိုက်တိုးတက်လာတယ်လို့ ပြောကြတယ်”

“မင်ကျန့်မြို့က ဝိညာဉ်သားရဲအများစုကို ချင်းကျန့်မြို့က ဝယ်လာခဲ့တာချည်းပဲလေ”

ထန်ယွင်က မျက်နှာပေါ်မှာ ဂုဏ်သွားတဲ့ရုပ်တစ်ခု ဖြစ်သွားတယ်။ သူမ ချင်းကျန့်မြို့တော်ဝန် ဖြစ်လာကတည်း သူမရဲ့ ချမ်းသာကြွယ်ဝရေး စည်းမျဉ်းအောက်မှာ မြို့သူမြို့သားတွေအားလုံး အတွက် အကောင်းဆုံးဖြစ်အောင် လုပ်လာခဲ့တာလေ။

ဒီအတွက်နဲ့ သူမမှာ ကျင့်ကြံရေးတောင် နှောင့်နှေးခဲ့ရတယ်။ ဒါပေမဲ့ သူမပေးခဲ့တာတွေ အားလုံးက တန်ပါတယ်။

ဒီနေ့ ချင်းကျန့်မြို့က သူ့ရဲ့တည်ရှိမှုကို ခက်ခက်ခဲခဲ ထိန်းသိမ်းဖို့ ဝိညာဉ်ကျောက်တုံးတွေကို ချေးငှားဖို့ လိုခဲ့တဲ့ ယိုင်နဲ့နဲ့ မြို့တစ်မြို့ကနေ ပတ်ဝန်းကျင်ဒေသထဲက အချမ်းသာဆုံးနဲ့ အကြွယ်ဝဆုံး မြို့တွေထဲကတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီလေ။

သူမက စိတ်ထဲမှာ ဘာပဲတွေးနေနေ အားလုံးရဲ့ရှေ့မှာတော့ နိမ့်နိမ့်ချချ ပြောလိုက်ဆဲပါပဲ။

“ဂိုဏ်းချုပ်ကြီး၊ မြို့သခင်ရှ၊ ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

သူမရဲ့ ကိုယ့်ဟာကို ကန့်ကွက်တဲ့ စကားတွေကို ကြားလိုက်ရတော့ ဝိန်းကျစ်က ခေါင်းခါလိုက်ပြီး အပြုံးရိပ်သမ်းပြီး ပြောလိုက်တယ်။ “အခုတလော မြို့သခင်ထန်က အဆင့်ခုနှစ်ရှိတဲ့ ဝိညာဉ်သားရဲတစ်ကောင်ကို ယဉ်ပါးအောင် လုပ်နေတယ်လို့ ကျုပ်ကြားမိတယ်”

“အဆင့်ခုနှစ် ဝိညာဉ်သားရဲမှာ ဖွံ့ဖြိုးပြီးသားဉာဏ်ရည်ရှိပြီး အင်မတန်မှ အစွမ်းကြီးတာပဲ၊ သူတို့တွေမှာလဲ အကျိုးနဲ့အပြစ်တော့ရှိတယ်၊ သူတို့တွေက အရမ်းရှားပြီး မွေးမြူဖို့ ပိုပြီးတော့ ခက်သေးတယ်၊ ဝိညာဉ်သားရဲတွေကို အထူးပြုပြီး မွေးမြုကြတဲ့ ဝိညာဉ်တောင်ထွတ်နဲ့ ဂိုဏ်းတွေကတောင် အဆင့်ခုနှစ်သားရဲ အများကြီး ရှိချင်မှ ရှိမှာ”

ဒီအချိန်မှာ သူက လေးစားအားကျသွားပြီး ပြောလိုက်တယ်။ “သူက စစ်သည်တစ်ယောက်မှ အနာတရ မဖြစ်ဘဲ အဆင့်ခုနှစ်သားရဲကို ယဉ်ပါးအောင် လုပ်ခဲ့တာပဲ”

“မြို့သခင်ထန်က ကျွန်တော်တို့မျိုးဆက်ရဲ့ စံပြပုဂ္ဂိုလ်ဖြစ်ထိုက်ပါပေတယ်”

ဝိန်းကျစ်ရဲ့ စကားကို ကြားတဲ့အခါ ချီမင်ရဲ့မျက်လုံးတွေက အံ့ဩရိပ်တစ်ခု ဖြစ်သွားတယ်။ အဆင့်ခုနှစ် ဝိညာဉ်သားရဲတဲ့လား။

ဘာအားထုတ်မှုမှ မပါဘဲ အဆင့်ခုနှစ်ဝိညာဉ်သားရဲကို ယဉ်ပါးအောင် လုပ်တာဆိုတော့ ထန်ယွင်က အဲလောက်အစွမ်းကြီးလို့လား။

[အယ်... ချင်းကျန့်မြို့မှာ တကယ်ပဲ အဆင့်ခုနှစ် ဝိညာဉ်သားရဲတစ်ကောင် ရှိလို့လား]

စူးလီက အချင်းချင်း ချီးမွှမ်းနေကြတဲ့ သူတို့ရဲ့ တရားဝင်စကားဝိုင်းကို နားထောင်လိုက်ပြီး ပျင်းပျင်းနဲ့ တိမ်လွှာကြေးမုံကို ပိတ်တော့မဲ့အချိန်မှာပဲ ဝိန်းကျစ်ရဲ့စကားကို ရုတ်တရက် ကြားလိုက်ရတယ်။

သူမက အင်အားတွေ နည်းနည်းလောက် ပြန်ရလာပြီး သူမရဲ့သိစိတ်ပင်လယ်ထဲမှာ ကောင်းကင်စာအုပ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တော့တယ်။

[ဟား ဟား ဟား ဟား ဒီတော့ အဆင့်ခုနှစ် ဝိညာဉ်သားရဲကို ယဉ်ပါးအောင် လုပ်နည်းလမ်းပေါ့လေ]

ထန်ယွင်ရဲ့မျက်နှာပေါ်က အမူအရာက မသိမသာ အေးခဲသွားတော့တယ်။

ဒါပေမဲ့ ကျန်တဲ့လူတွေ အားလုံးက အရမ်းကို စိတ်လှုပ်ရှားသွားကြပြီး သူတို့အားလုံးက နားစွင့်ထားကြရင်း ထန်ယွင်က အဆင့်ခုနှစ် ဝိညာဉ်သားရဲကို ဘယ်လိုယဉ်ပါးအောင် လုပ်သလဲလို့ သိချင်နေကြတယ်။

[ထန်ယွင်က ဒီအဆင့်ခုနှစ်ဝိညာဉ်သားရဲ ရှိနေတဲ့အကြောင်းကို သိလိုက်ရပြီးနောက်မှာ သူက တတ်နိုင်တဲ့နည်းလမ်း အကုန်သုံးပြီး သူ့အားနည်းချက်ကို ရှာဖွေခဲ့တာ]

[နောက်ဆုံးတော့ သူ ရှာတွေ့ခဲ့ပါတယ်၊ အဆင့်ခုနှစ် ငွေတိမ်ကျားသစ်လေ.. ဟား ဟား ဟား ဟား သူက အရမ်း လောဘကြီးတာ]

[အဲဒီနောက်တော့ ထန်ယွင်က သူ့လူတွေကို ဆယ်မိုင်ဝန်းကျင်အတွင်းမှာ ငွေတိမ်ကျားသစ်ကို ဝိုင်းထားခိုင်းလိုက်တယ်၊ နောက်ပြီး ငွေတိမ်ကျားသစ်အတွက် ဝိညာဉ်အစားအသောက်တွေ ပြင်ဆင်ပေးဖို့ စားဖိုမှူးဒါဇင်လောက် ရှာပေးလိုက်တယ်လေ]

[အသားကင်၊ ဝက်သားလုံးကင်ချက်... ဟား ဟား ဟား ဟား .. သူက စားတော်ပွဲအပြည့်ပဲ]

[ငွေတိမ်လွှာကျားသစ်ကလည်း တောင်ပေါ်မှာ ကြီးလာတာကိုး၊ ဒီလို အရသာပေါများလှတဲ့ အစားအသောက်တွေကို တစ်ခါမှ မတွေ့ဖူးဘူးလေ၊ သူက တစ်နာရီလုံးလုံး သွားရေတွေကျပြီး နောက်ဆုံးတော့ မနေနိုင်တော့ဘဲ တစ်ကိုက်လောက် ခိုးမြည်းလိုက်တာပေါ့]

[ဟား ဟား ဟား ထန်းယွင်က တကယ်အရည်အချင်း ရှိတာပဲ]

ဒါက ဖြစ်နိုင်လို့လား။

အပြင်လောကကလာတဲ့အသံကို ကြားလိုက်ပြီးတဲ့နောက်မှာ အားလုံးက စိတ်ရှုပ်သွားကြတဲ့ပုံပဲ။

ဒါက အဆင့်ခုနှစ်ဝိညာဉ်သားရဲလေ။ ဘယ်လိုဖြစ်ပြီး အစားအသောက် နည်းနည်းလေးနဲ့ ထိန်းချုပ်နိုင်ခဲ့တာလဲ။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းကဆိုရင် အထက်တန်းစား မိသားစုရဲ့ အကြီးအကဲ တော်တော်များများက အဆင့်ခုနှစ် မီးတိမ်သားရဲကို ယဉ်ပါးအောင် လုပ်ရင်း ပြင်းပြင်းထန်ထန် ဒဏ်ရာ ရခဲ့ကြတာလေ။ အခုထိတောင် သူတို့တွေက ပြန်မကောင်းလာကြသေးဘူး။

ဒါပေမဲ့ အခုတော့ ထန်ယွင်က အစားအသောက် နည်းနည်းလေးနဲ့ ဘာထိခိုက်ဒဏ်ရာမှ မရဘဲ အဆင့်ခုနှစ်ငွေတိမ်ကျားသစ်ကို ထိန်းချုပ်နိုင်ခဲ့သတဲ့လား။

ထန်ယွင်က အောင့်သက်သက်နဲ့ သူမရဲ့နှာဖျားကို ထိလိုက်တယ်။ သူမက ငွေတိမ်ကျားသစ်ရဲ့ အားနည်းချက်ကို သိလိုက်ပြီးနောက်မှာ ဒီအတိုင်း စမ်းကြည့်ရုံလေး စမ်းကြည့်ချင်ခဲ့တာပါ။

မျှော်လင့်မထားဘဲ အစီအစဉ်တစ်ခုလုံးက အရမ်းကို ချောမွေ့သွားတယ်။ ငွေတိမ်ကျားသစ်က အစားအသောက် ခိုးယူဖို့ ဆင်းလာတဲ့ အချိန်မှာ သူမက ငွေတိမ်ကျားသစ်ကို မေးလိုက်တာလေ။ သူမနဲ့ လိုက်ခဲ့ချင်လားလို့ပေါ့။ လက်ဖက်ရည် ခွက်တစ်ဝက် မကုန်ခင်မှာပဲ ငွေတိမ်ကျားသစ်က သူမနောက် လိုက်ခဲ့တော့တာပဲ။

သူမက လည်ချောင်းကို ရှင်းလိုက်ပြီး ပြောလိုက်တယ်။ “ငွေတိမ်ကျားသစ်ကို ထိန်းချုပ်တာက မျက်နှာချိုသွေးရတဲ့ နည်းလမ်းလေးတစ်ခုပါပဲ၊ ဂိုဏ်းချုပ်ကြီးနဲ့ မြို့သခင်နှစ်ယောက်တို့ ချီးမွှမ်းရလောက်တဲ့အထိ မထိုက်တန်ပါဘူး”

စူးလီက ယွင်ချွမ်ခန်းမမှာ ဖြစ်ပျက်နေတာကို လုံးဝ အာရုံမရဘူး။ သူမက ကောင်းကင်စာအုပ်ထဲကနေ ငွေတိမ်ကျားသစ်ရဲ့ လက်ရှိဘဝအကြောင်း အချက်အလက်တွေကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်တယ်။

[ဒီငွေတိမ်ကျားသစ်က အရမ်းကို ကောင်းတဲ့ဘဝမှာ နေနေတာပဲ၊ မြေပြင်နဲ့ပင်လယ်က ဟင်းလျာမျိုးစုံ စားပြီး မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေက စိတ်ပါလက်ပါနဲ့ ပြုစုပေးကြနေတယ်...]

[လူ့ဘီလူးတွေက သူတို့တွေကို အစားအသောက်နဲ့ နေစရာ မပေးရင် ဘယ်တော့မှ ကျွန်လုပ်ကြတာ မဟုတ်ဘူးလေ~~]

[ဟဲ့.. နေပါအုံး]

စူးလီက ကောင်းကင်စာအုပ်ထဲက စာလုံးတွေကို မြင်လိုက်ပြီး အထိတ်တလန့် ထထိုင်လိုက်တယ်။ သူမရဲ့အသံက အမြင့်တစ်ခုအထိ တက်သွားခဲ့တယ်။

[ဒီငွေတိမ်ကျားသစ်က လောဘကြီးတဲ့အပြင် ရမ္မက်လဲ ကြီးတယ်ဟဲ့]

[လျိုမိသားစုက ငွေတိမ်ကျားသစ်ရဲ့ ဝါသနာကို ရှာတွေ့ခဲ့ပြီးနောက်မှာ သူတို့တွေက သူ့ကို ခိုးပြီး မြူဆွယ်ဖို့ ချောမောတဲ့မိစ္ဆာတစ်သုတ်ကို လွှတ်လိုက်တယ်တဲ့]

[ဟိုက်__ ငွေတိမ်ကျားသစ်က အဆင့် ၅ မီးတိမ်ကျားသစ်ရဲ့ မြူဆွယ်ပြီး ‌ခေါ်ထုတ်သွားတာ ခံရတော့မယ်ဟဲ့]

ထန်ယွင်: !!!

[လျိူမိသားစုကလည်း ဘယ်လိုတောင် အဲလောက် ရက်စက်ရတာလဲ]

[သူတို့တွေက ဒီပရိယာယ်က အရမ်းအသုံံးဝင်မှန်း တွေ့လိုက်ရပြီးတဲ့နောက်မှာ ကျန်းနေတဲ့ဝိညာဉ်သားရဲတွေကို သုံးပြီး မြို့သခင်အိမ်တော်ဝင်းထဲက ဝိညာဉ်သားရဲတွေကို မြူဆွယ်ဖို့ သုံးခဲ့တာပဲ]

[ဟိုက်__ __ သူတို့ထဲက တချို့တောင် မြူဆွယ်ခံလိုက်ရပြီးပြီ]

[အင်္ဂလိပ်သားရဲတွေအတွက် အမေရိကန်သားရဲတွေရဲ့ စမ်းသပ်မှုကို အောင်မြင်ဖို့ ခက်တာကိုး~~]

[ထန်ယွင်ကလည်း အတူတူပဲ၊ သူက ဘယ်လိုဖြစ်ပြီး ဝိညာဉ်သားရဲတွေရဲ့ အစားအသောက်ကိုပဲ အာရုံစိုက်ပြီး ဖြစ်နိုင်ခြေ တခြားဘက်ခြမ်းက သူတို့ရဲ့အကြိုက်က လျစ်လျူရှုထားရတာလဲ]

ဒီအချိန်မှာပဲ ထန်ယွင်ရဲ့ ဆက်သွယ်ရေးပစ္စည်းက အသံမြည်လာပြီး စိုးရိမ်တကြီး အသံတစ်ခုက ခန်းမတစ်ခုလုံးကို ဟိန်းထွက်သွားတယ်။

“ မြို့သခင် မကောင်းတော့ဘူး၊ မြို့သခင်အိမ်တော်ထဲက ဝိညာဉ်သားရဲတွေ အားလုံးက အရူးလို ပတ်ပေးနေကြတယ်”

ထန်းယွင်က မြန်မြန်ထရပ်လိုက်ပြီး အလျင်စလို ဦးညွတ်နှုတ်ဆက်လိုက်ပြီး အမြင့်ဆုံးအရှိန်နဲ့ ယွင်ချွမ်ခန်းမထဲက ထွက်ခွာသွားတယ်။

သူမက ဆက်သွယ်ရေးပစ္စည်းကနေတဆင့် လိုတိုရှင်း ပြောလိုက်တယ်။

“ချောမောတဲ့ ဝိညာဉ်သားရဲတွေကို မြန်မြန်သွားရှာခဲ့၊ အထီးရော အမရော”

“တစ်ကောင် ပိုရှာခဲ့၊ မဟုတ်ဘူး၊ မီးတိမ်ကျားသစ် ၁၀ကောင် ပိုရှာခဲ့” ထန်ယွင်က ပြောရင်းဆိုရင်း သူမရဲ့ဓားနဲ့ ချင်းကျင့်မြို့ကို ပျံသွားလိုက်တယ်။ သူမက အံကြိတ်ထားပြီး တစ်လုံးချင်း ပြောလိုက်တယ်။

“ငွေတိမ်ကျားသစ်က အပြင်ဘက်က ပန်းမန်သစ်ပင်တွေကို ကြည့်ဖို့ အင်အား လုံးဝမရှိအောင် သေချာလုပ်ထားချင်တယ်”

“အယ်”

ဆက်သွယ်ရေးပစ္စည်းရဲ့တခြားဖက်က လူက အခိုက်တန့် ကြောင်အမ်းအမ်း ဖြစ်သွားပေမဲ့ ထန်ယွင်ရဲ့ ဂုဏ်ဒြပ်ကို စဉ်းစားမိတော့ သူက သတိပြန်ဝင်လာပြီး မြန်မြန် ပြန်ဖြေလိုက်တယ်။ “ကျွန်တော် အခုချက်ချင်း သွားရှာလိုက်ပါ့မယ်”

စူးလီက ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားတဲ့ ထန်ယွင်ရဲ့ ကျောပြင်ကို ကြည့်လိုက်ပြီး အပြုံးတစ်ခုနဲ့ သက်ပြင်းချလိုက်တော့တယ်။

[ကျင့်ကြံရေးလောကရဲ့ စီးပွားရေးစစ်ပွဲကလည်း အရမ်းကို ရိုးရှင်းပြီး ဘာဟိတ်ဟန်မှ မရှိတာပဲ~~]

[ပြိုင်ဘက်ရဲ့ ဝိညာဉ်သားရဲ့ကို မြူဆွယ်ဖို့ ဝိညာဉ်သားရဲတစ်ကောင် ပို့လိုက်တယ်တဲ့ ဟား ဟား ဟား ဟား__ လျိုမိသားစုက တကယ် အံ့ဩစရာကောင်းတာပဲ]

ယွင်ချွမ်ခန်းမထဲမှာ ကျန်ခဲ့တဲ့ လူသုံးက အချင်းချင်း ကြည့်လိုက်ကြပြီး အားလုံးမျက်နှာပေါ်က အမူအရာက ရှုပ်ထွေးသွားပြီး နည်းနည်းလေး ရှုံ့မဲ့သွားကြတယ်။

နောက်ဆုံးတော့ ရှယောင်ယွိက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တယ်။ သူမက ဝိညာဉ်စွမ်းအင် လက်ဖက်ရည်ကို တစ်ငုံလောက်သောက်လိုက်ပြီး အကြာင်းမဲ့ ချီးကျူးစကား ပြောလိုက်တယ်။

“ဒီဝိညာဉ်စွမ်းအင် လက်ဖက်ရည်က သောက်ပြီးသွားရင် ချိုတဲ့အရသာနဲ့ မွှေးပျံ့တဲ့ရနံ့တစ်ခု ကျန်ခဲ့တယ်‌နော်၊ တကယ်ကောင်းတဲ့လက်ဖက်ပဲ”

ချီမင်က ဒီစကားကို ကြားလိုက်တဲ့အခါ ‌အောင့်သက်သက်နဲ့ လည်ချောင်းရှင်းလိုက်တယ်။ ဝမ့်ကျန့်ဂိုဏ်းမှာ ဘယ်လိုလုပ်ပြီး လက်ဖက်ခြောက် ကောင်းကောင်း ရှိနိုင်မှာလဲ။ ဒါက ကျင့်ကြံရေးလောကထဲမှာ ဘယ်နေရာမှာမဆို တွေ့နိုင်တဲ့ အဆင့်(၁) အားဖြည့်လက်ဖက်ရည်တစ်ခုပဲ။

“မြို့သခင်ရှက နှစ်သက်တယ်ဆိုတော့ ကျုပ်က မင်းအတွက် တပည့်တွေကို နည်းနည်းလောက် ပြင်ဆင်ခိုင်းလိုက်ပါ့မယ်”

“ကျေးဇူးတင်ပါတယ်၊ ဂိုဏ်းချုပ်ကြီး”

ရှယောင်ယွိ ပြောလိုက်တဲ့ စကားကို ကြားလိုက်ပြီးနောက်မှာ ချီမင်က တစ်ခုခုကို ရုတ်တရက် သတိရသွားတဲ့ပုံပဲ။

“မြို့သခင်ရှရဲ့ခင်ပွန်းကလည်း လက်ဖက်ရည်ကြိုက်တာ ကျုပ် မှတ်မိပါသေးတယ်”

“မြို့သခင်ရှက မင်ကျန့်မြို့ကို အစီစဉ်တကျ လည်ပတ်အောင် စီမံနိုင်တဲ့အပြင် သူ့ခင်ပွန်းကိုလဲ ညီတူညီမျှ ဆက်ဆံပေးပြီး သူတို့တွေက နက်နက်ရှိုင်းရှိုင်း ချစ်ကြတာပဲ။ သူတို့ရဲ့ဆက်ဆံရေးကလည်း အစောကြီးတည်းက ဇာတ်လမ်းကောင်းတစ်ခု ဖြစ်လာတယ်”

“မြို့သခင်ရှရဲ့သားကလည်း အင်မတန် အရည်အချင်းရှိပြီး အင်မတန် သိတတ်လိမ္မာတာပဲ၊ သူက တကယ် အားကျစရာကောင်းလိုက်တာ”

ဝိန်းကျစ်က သူပြောလိုက်တဲ့စကားကို ထောက်ခံလိုက်တယ်။

“အခုဆိုရင် မြို့သခင်ရှနဲ့ သူ့ခင်ပွန်းတို့ရဲ့ အချစ်ဇာတ်လမ်းက ဟွာကျန့်မြို့အထိတောင် ပြန့်နေပြီ‌လေ၊ အိမ်တော်မှာ ကိုယ်တိုင် ကြီးကြပ်နေရတဲ့ အမျိုးသမီးကျင့်ကြံသူတွေကလည်း မိန်းမကို ထောက်ပံ့ပေးနိုင်တဲ့ ခံ့ညားချောမောတဲ့ ခင်ပွန်းတစ်ယောက် လိုချင်နေကြတာ”

ခင်ပွန်းသည်ကို စဉ်းစားမိလိုက်ပြီး ရှ‌ယောင်ယွိက မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားတယ်။

အစတုန်းကတော့ သူမက ကိုယ်ပိုင်ကလေးတစ်ယောက် လိုချင်လို့သာ သူနဲ့လက်ထပ်ခဲ့တာပဲ။ ဒါပေမဲ့ ဆယ်စုနှစ်တွေက လျပ်တပြက်အတွင်း ကုန်ဆုံးသွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။

သူမကို ပိုပြီး ဂုဏ်ယူရစေတာကတော့ သူမရဲ့သားဖြစ်သူပဲ။ အခုမှ နှစ်၅၀တောင် မပြည့်သေးပေမဲ့ သူ့ရဲ့အုတ်မြစ်တည် ကျင့်ကြံခြင်းအဆင့် အောင်မြင်ပြီးသွားလို့ ရွှေသက်စောင့်အဆင့် ရောက်ဖို့ တစ်ဆင့်ပဲ လိုတော့တယ်လေ။

စူးလီက သူတို့စကားဝိုင်းကို နားထောင်လိုက်ပြီး ကောင်းကင်စာအုပ်ကို ပျင်းပျင်းရိရိနဲ့ လှမ်းကြည့်လိုက်တယ်။ သူမက ခါတိုင်းလိုပဲ သမ်းဝေလိုက်ပြီး စာအုပ်ထဲက စာလုံးကို မြင်လိုက်ရတယ်။

[ဟုတ်ပါ့.. ကိုယ့်ရဲ့ နက်ရှိုင်းလှတဲ့အချစ်ကို ဖော်ပြဖို့ တိတ်တိတ်လေး ချစ်သူထားတတ်ကြတဲ့ စုံတွဲတွေ အများကြီးကို မြင်ဖူးပြီးသားပဲ~~]

[ဟမ်]

စူးလီက ကောင်းကင်စာအုပ်ထဲက အကြောင်းအရာကို ကြည့်လိုက်ပြီး ခေါင်းမော့ပြီး ရှယောင်ယွိကို သနားသလိူ လှမ်းကြည့်လိုက်တယ်။

[ဒါပေမဲ့ သူ့ချစ်သူနဲ့ အတူတူ သူ့မိန်းမကို အဆိပ်ခပ်တဲ့ ယောကျ်ားကိုတော့ ရှားရှားပါးပါး မြင်ဖူးလိုက်တာပဲ]

[ဟဲ့__ __ အဆိပ်ကိုလဲ သားအရင်းက တိုက်ခဲ့တာတဲ့လေ၊ နည်းနည်းလေး ဆိုပေမဲ့ပေါ့]

...

All Chapters