အခန်း ၇၆
Vol. 6 Ch. 76
အပိုင်း (၇၆)
ဟင်။
အပြင်လောကကလာတဲ့အသံကို ကြားလိုက်ပြီးတဲ့နောက်မှာ ချီမင်နဲ့ ဝိန်းကျစ်တို့ရဲ့မျက်နှာက ငေးငိုင်ပြီး ဆွံအသွားမိတော့တယ်။ သူတို့ခမျာ လုံးဝကို မတုံ့ပြန်နိုင်အောင်ဖြစ်သွားတယ်။ ဒါပေမဲ့လည်း အမှတ်တမဲ့ သူတို့ရဲ့ဝမ်းဗိုက်ထဲမှာ မထင်မရှားနာကျင်မှုကို ခံစားလိုက်ရသလိုပဲ။
သတိပြန်ဝင်လာပြီးတဲ့နောက်မှာတော့ နှစ်ယောက်သား အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့တစ်ယောက်စီမှာ အခုအချိန်ထိ ပျောက်ကွယ်မသွားသေးတဲ့ ကြောက်ရွံမှုတွေ ရှိနေသေးတယ်။
ဒါက သူတို့တွေ ဒီနေ့ လျှို့ဝှက်ချက် အများကြီးကို တွေ့ခဲ့ပြီး ဒါတွေကပဲ သူတို့ရဲ့စိတ်ကို လှုံဆော်ပြီးတော့ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နေတာများလား။
အဲလိုမှ မဟုတ်ဘူးဆိုရင် သူတို့တွေက ဘယ်လိုလုပ်ပြီး ကောင်းကင်ကလာတဲ့အသံ ပြောလိုက်တဲ့စကားကို ကြားနိုင်မှာလဲ။ ယောက်ျားတစ်ယောက်က... ကလေးတစ်ယောက်ကို မွေးသတဲ့လား။
အဲဒီအပြင်... အမြွှာတဲ့လား။
သူတို့တွေက နှစ်ပေါင်းတစ်ထောင်နီးပါး အသက်ရှင်နေလာခဲ့ပြီးပြီ။ ဒီလောက် ကြောက်စရာကောင်းတဲ့ကိစ္စမျိုး တစ်ခါမှတောင် မကြားခဲ့ဖူးဘူး။
ယောက်ျားတွေမှာ အဲလိုလုပ်ငန်းတာဝန်မျိုးမှ မပါလာခဲ့ဘဲ ဘယ်လိုလုပ်ပြီး ဆယ်လလုံးလုံး ကလေးတစ်ယောက်ကို သယ်ထားပြီးတော့ ဘယ်လိုလုပ်ပြီး ကလေးမွေးနိုင်မှာလဲ။ ဧကန္တ ဗိုက်ကို ခွဲပြီးတော့များ....
အိုက်ရို့... လူနှစ်ယောက်ရဲ့မျက်လုံးတွေက ပိုပြီးတော့ ထိတ်လန့်တကြား ဖြစ်သွားတယ်။
ရှယောင်ယွိရဲ့တုံ့ပြန်မှုကတော့ သူတို့နဲ့ လုံးဝ တခြားဆီပဲ။ အပြင်လောကကလာတဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူမက လုံးဝကို သံသယ မဖြစ်လေဘူး။ သူမက အခိုက်အတန့်လောက်ပဲ မှင်တက်အံ့ဩသွားပြီးတော့ သူမရဲ့မျက်လုံးတွေထဲမှာ မျက်စိကျိန်းလောက်အောင် လင်းလက်တဲ့အရောင်တစ်ခု ပေါ်ထွက်လာတော့တယ်။
ဒီအချိန်မှာတော့ သူမရဲ့မျက်နှာပေါ်မှာ ဘာဒေါသအရိပ်မှမရှိတော့ဘဲ သူမရဲ့မျက်နှာဟာဆိုရင် လင်းဖြာလာတော့တယ်။ ရှမိသားစုမှာ သွေးသား နှစ်ယောက် ရှိလာပြီးလေ။ သူမမှာ နောက်ထပ်ကလေးနှစ်ယောက် ရှိတယ်တဲ့။
သားသမီးမရနိုင်တော့တဲ့ သူမအတွက်တော့ ဒါဟာ ကြီးမားတဲ့ အံအားသင့်မှုဆိုတာ သံသယဖြစ်စရာ မလိုဘူး။
ဒီအချိန်မှာတော့ ယောက်ျားတစ်ယောက်က ကလေးတစ်ယောက်ကို မွေးတယ်ဆိုတာ မပြောနဲ့ အမျိုးသမီးတစ်ယောက်က သူမရဲ့ကလေးကို မွေးတယ်ဆိုရင်တောင် သူမက လုံးဝဂရုစိုက်မှာ မဟုတ်ဘဲ နတ်ဘုရားတွေက သူမကို ကူညီဖို့ရှိနေသေးတယ်ဆိုပြီး ကျေးဇူးတောင် တင်နေလိမ့်အုံးမယ်။
သူမ ဂရုစိုက်တာကတော့ တစ်ခါမှမတွေ့ရသေးဘူးတဲ့ သူမရဲ့ကလေးနှစ်ယောက်ပဲ။
သုမရဲ့ရင်အစုံဟာ ဝမ်းသာလှုပ်ရှားမှုကြောင့် နိမ့်လိုက်မြင့်လိုက် ဖြစ်နေတော့တယ်။ အံ့ဩရတဲ့အပြင် သူမက နည်းနည်းလေးလဲ စိုးရိမ်မိသေးတယ်။
ကျင့်ကြံရေးလောကထဲမှာ အင်အားကြီးတဲ့သူက အင်းအားနည်းတဲ့သူတွေကို အမဲလိုက်နေကြလေ။
အခုအချိန်မှာ သူမရဲ့ကလေးနှစ်ယောက်က အသက်ဘယ်လောက် ရှိပြီလဲ မသိဘူး။ သူတို့တွေက မတရားခံစားနေရတာများရှိနေမလား။ သူတို့တွေက ကျန်းမာရေးများ ကောင်းကြရဲ့လား။
ဒီလောက်နှစ်တွေအများကြီး သူမရဲ့အဖော်ပြုခြင်းမရှိဘဲနဲ့ ကလေးတွေက ဝမ်းနည်းနေကြမလား။
ကလေးတွေက ငိုယိုပြီးတော့ သူတို့ရဲ့အမေက သူတို့ကို မချစ်တော့ဘူးလား၊ မလိုချင်တော့ဘူးလားလို့ သူတို့ရဲ့အဖေကို မေးမြန်းနေတော့မှာပဲလို့ စဉ်းစားမိလိုက်တဲ့အချိန်မှာ သူမမှာ မျက်မှောင်ကြုတ်ရင် ရင်နာမိတော့တယ်။
သူမက ပင့်သက်တချက်ရှိုက်လိုက်ပြီး သူမရဲ့ခံစားချက်တွေအားလုံးကို မျိုသိပ်ထားလိုက်တယ်။ အခုအချိန်မှာ အရေးအကြီးဆုံးကတော့ ကလေးတွေရှိနေတဲ့နေရာကို သိဖို့ပဲ ။
သူမက ကလေးတွေကို ရှာတွေ့တဲ့အခါကြရင် ဒီနှစ်တွေထဲမှာ သူတို့တွေအပေါ် တင်နေတဲ့အကြွေးအားလုံးကို ပေးဆပ်ရလိမ့်မယ်။
သူတို့ရဲအရည်အချင်းတွေက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူမကတော့ လုံးဝဂရုစိုက်မှာ မဟုတ်ဘူး။ သူတို့မှာ ကောင်းမွန်တဲ့ အရည်အချင်းရှိတယ်ဆိုရင် သူမက သူတို့တွေကို ကိုယ်တိုင် လေ့ကျင့်သင်ကြားပေးမယ်။ တကယ်လို့များ သူတို့မှာ ကောင်းမွန်တဲ့အရည်အချင်း မရှိဘူးဆိုရင်လည်း သူမက သူတို့ရဲ့ကျင့်ကြံခြင်းအဆင့် တိုးအောင် အရင်းအမြစ်တွေကို အသုံးချပြီး သူတို့တွေ အသက်ရှည်အောင် နည်းလမ်းတွေကို ရှာဖွေပေးရလိမ့်မယ်။
ဒီလိုစဉ်းစားလိုက်ပြီး သူမက အသက်အောင့်ထားလိုက်မိတယ်။ အပြင်လောကကလာတဲ့အသံ နောက်ထပ်ပြောမဲ့စကားကို စိတ်ဝင်တစားနဲ့နားထောင်ရင်း သူမရဲ့စကားတွေထဲက ကလေးတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေသိရဖို့ မျှော်လင့်နေမိတယ်။
စူးလီကတော့ ရှယောင်ယွိ စဉ်းစားနေတဲ့အရာကို မသိလေဘူး။ သူမက ကောင်းကင်းစာအုပ်ထဲက စာလုံးတွေကို စိတ်လှုပ်ရှားတဲ့ဟန်နဲ့ ဖတ်လိုက်တယ်။
ဒါက ယောက်ျားတစ်ယောက်က ကလေးမွေးတဲ့အကြောင်းပဲ။
သူမက နေ့တိုင်း မရေမတွက်နိုင်တဲ့ ဖရဲသီးတွေနဲ့ မရေမတွက်နိုင်တဲ့ပွဲတွေကို ကြည့်ရှုလာခဲ့တာတောင် ဒါက ယောက်ျားတစ်ယောက်က ကလေးတစ်ယောက်ကို မွေးဖွားတယ်ဆိုတဲ့ကိစ္စနဲ့ ရင်ဆိုင်ဖူးတာတော့ ပထမဦးဆုံးပဲ။
အရမ်းကို စိတ်လှုပ်ရှားပြီး အရမ်းကို အထူးအဆန်းဖြစ်နေမိတာ ဒါကြောင့် သူမက တိမ်လွှာကြေးမုံထဲကလူတွေကို လုံးဝမကြည့်လိုက်မိဘူး။
[ဝိုး ဒီကလေးနှစ်ယောက်က လွန်ခဲ့တဲ့ဆယ့်ငါးနှစ်တုန်းက ရှယောင်ယွိရဲ့ စိတ်ကူးယဉ် ဇာတ်လမ်းတိုလေးကနေ ပေါက်ဖွားလာတာပဲ~~]
[လွန်ခဲ့တဲ့ဆယ့်ငါးနှစ် အဲဒီတုန်းက ရှယောင်ယွိက ရုံမိသားစုရဲ့ အငယ်ဆုံးသားရုံယိကို မတော်တဆ ကယ်တင်ပေးခဲ့ပြီးတော့ ရုံယိက သူ့ကို နက်နက်ရှိုင်းရှိုင်း ချစ်ခင်မိသွားတယ်]
[အဲဒီတုန်းက ရှယောင်ယွိက ရုံယိရဲ့အိမ်မှာနေနေတာ။ တစ်ရက်ကျတော့ သူက အမူးလွန်သွားပြီး ရုံယိနဲ့မှားယွင်းသွားခဲ့တယ်]
ချီမင်နဲ့ဝိန်းကျစ်တို့က အပြင်လောကကလာတဲ့အသံကို နားထောင်ရင်း တအံတဩနဲ့ ရှယောင်ယွိကို ကြည့်လိုက်မိတယ်။
မြို့သခင်ရှမှာလည်း ဒီလိုစိတ်ကူးယဉ် ဇာတ်လမ်းမျိုးရှိလိမ့်မယ်လို့ ထင်တောင်မထားခဲ့ဘူး။
ဒါပေမဲ့ မြို့သခင်ရှက ငယ်ရွယ်ပြီးတော့ အလားအလာရှိတဲ့သူလေ။ ဒီတော့ လူတချို့က လေးစားအားကျတာ ပုံမှန်ပဲပေါ့။ ရွှေသက်စောင့်အဆင့် ကျင့်ကြံသူတွေနဲ့ ယှဉ်လိုက်ရင်တော့ မြို့သခင်ရှကို သန့်ရှင်းစင်ကြယ်တယ်လို့ မှတ်ယူနိုင်တယ်လေ။
သူတို့ရဲ့အကြည့်ခံနေရတဲ့ရှယောင်ယွိက အပြင်လောကကလာတဲ့အသံကို ကြားလိုက်ပြီးတဲ့နောက်မှာ လွန်ခဲ့တဲ့ဆယ့်ငါးနှစ်က ဖြစ်ပျက်ခဲ့တဲ့အရာကို တဖြည်းဖြည်းနဲ့ ပြန်စဉ်းစားလိုက်မိတယ်။
ရုံယိ ဟုတ်လား။
မာနကြီးပြီး အထက်တန်းဆန်တဲ့ သခင်လေးတစ်ယောက်က သူမရဲ့စိတ်ထဲမှာ ရုတ်တရက် ပေါ်လာခဲ့တယ်။ သူက သူမနဲ့ တွေ့တဲ့အချိန်တိုင်း ခေါင်းလေးကို ငုံ့ထားပြီး သူမနဲ့စကားပြောရင်လည်း အထစ်ထစ်အငေါ့ငေ့ါနဲ့ စကားနည်းနည်းပါးပါးပြောပြီးရင် ထွက်ပြေးသွားတတ်တယ်။ သူက သူမကို ကြောက်နေတယ်လို့ ထင်ထားခဲ့တာလေ။
အခု ဒီကိစ္စကို ပြန်စဉ်းစားကြည့်လိုက်မှ သူက သူမ ရုံမိသားစုမှာ နေခဲ့တုန်းက သူမရဲ့အစားအသောက်၊ အဝတ်အစား၊ အနေအထိုင်၊ သွားလာရေး ကဏ္ဍအားလုံးအတွက် စီစဉ်ပေးခဲ့တဲ့ပုံပဲ။ လက်ဖက်ရည်တည်တာ၊ ရေကမ်းတာ စတဲ့ အသေးအမွှားကိစ္စကလည်း ရုံမိသားစုရဲ့သခင်လေးက ကိုယ်တိုင်လုပ်ပေးခဲ့သလိုပဲ။
ရှယောင်ယွိရဲ့မျက်လုံးတွေကတော့ ပြောင်းလဲမသွားခဲ့ဘူး။ ရုံယိက သူမကို ချစ်မြတ်နိုးနေတယ်ဆိုတာ သိခဲ့တဲ့တိုင်အောင် သူမရဲ့စိတ်ထဲမှာတော့ အခိုက်အတန့်လေး မသိမသာ ဖြစ်သွားတာပဲ ရှိခဲ့တယ်။ ကျန်တဲ့သူမရဲ့အတွေးတွေကတော့ သူမရဲ့ကလေးတွေအပေါ်မှာပဲ ရှိနေသေးတယ်။
ရုံမိသားစုက လီကျန့်မြို့က အရမ်းကို သေးငယ်တဲ့ မိသားစုတစ်ခုပဲဆိုပေမဲ့ သူ့ကို ရွှေအမြုတေအဆင့် ပညာရှင်တစ်ယောက်က အကာအကွယ်ပေးထားတယ်။ တကယ်လို့ ကလေးနှစ်ယောက်က ရုံမိသားစုထဲမှာ ကြီးပြင်းလာမယ်ဆိုရင် သူတို့တွေက အနိုင်ကျင့်ခံရမှာတော့ မဟုတ်ပါဘူး။
သူမက လီကျန့်မြို့ကိုသွားမဲ့ခရီးကို အကြမ်းဖျင်းတွက်ချက်လိုက်ပြီး ရုံမိသားစုဆီကို ပျံသန်းသွားဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ အပြင်လောကကလာတဲ့အသံက ထပ်ပြောလိုက်တဲ့စကားကို ကြားလိုက်ရတယ်။
[သနားစရာကောင်းလိုက်တာ၊ ရုံယိက အခု ရုံမိသားစုထဲမှာမရှိတော့ဘူး]
ရှယောင်ယွိက သူမရောက်နေတဲ့နေရာမှာ ရုတ်တရက် ရပ်တန့်သွားပြီး သူမရဲ့မျက်ခုံးတွေကလည်း မသိမသာ တွန့်ချိုးသွားတော့တယ်။ ရုံယိက ရုံမိသားစုထဲကနေ ဘာလို့ထွက်သွားတာလဲ။
ဒီလိုဆိုရင် အခု သူတို့တွေဘယ်ရောက်နေလဲ။ သူတို့တွေက လီကျန့်မြို့ထဲမှာ ရှိသေးရဲ့လား။
[ကျွတ်ကျွတ်... ရုံယိက ရှယောင်ယွိကို တကယ် နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့တာပဲ~~]
[ရှယောင်ယွိထွက်သွားပြီး မကြာခင်မှာပဲ ရုံယိက သူ့မှာကိုယ်ဝန် ရှိတယ်ဆိုတာကို သိလိုက်ရတယ်။ သူ ဘယ်နေရာမှာပဲရောက်ရောက် ယောက်ျားတစ်ယောက်က ကလေးမွေးတယ်ဆိုတဲ့ကိစ္စက တကယ်ကို ရှားမှရှားတဲ့ကိစ္စပဲ။ သူက ရုံမိသားစုရဲ့သဘောထားကို လောင်းကြေး မထပ်ရဲဘူးလေ]
[ကလေးတွေရဲ့အမေကို ထုတ်ပြောလိုက်တာနဲ့ ရုံမိသားစုက ရှယောင်ယွိနဲ့ ရင်းနှီးဖို့အတွက် ကလေးမွေးခွင့်ပြုမယ်ဆိုတာကို သူက သိနေတယ်။ နောက်ပြီးရင် နည်းလမ်းပေါင်းစုံသုံးပြီး သူနဲ့ ကလေးတွေကို ရှယောင်ယွိဆီ ပို့လိမ့်မယ်]
[ ဒါပေမဲ့ အဲဒီတုန်းက ရှယောင်ယွိနဲ့ ဝမ်စစ်ချီတို့ရဲ့အချစ်ဇာတ်လမ်းက လီကျန့်မြို့ထိ ပျံနှံသွားပြီပြီလေ။ သူက သူမရဲ့မိသားစုကို မဖျက်ဆီးချင်ဘူး။ သူက သူမရဲ့အာဏာကြောင့် သူမဆီကို ချဉ်းကပ်တယ်လို့လဲ ရှယောင်ယွိကို မထင်စေချင်ဘူး။ ဒါကြောင့်မို့ သူက အရာအားလုံးကို ဖုံးကွယ်ထားလိုက်တော့တယ်]
[ နောက်ဆုံးတော့ ရုံမိသားစုက ကလေးရှိနေတာကို သိရှိလိုက်ရပြီး ရုံယိကို ကိုယ်ဝန်ဖျက်ချစေချင်ခဲ့ပြီး တခြားမိသားစုရဲ့ သမီးငယ်လေးတစ်ယောက်နဲ့ လက်ထပ်စေချင်ခဲ့တာ၊ သူက ဆန္ဒမရှိဘူးပေါ့။ ဒါကြောင့်မို့လို သူက ရှာတွေ့ခံလိုက်ရမဲ့အရေးကို စွန့်စားပြီး ရုံမိသားစုထဲကနေ တိတ်တိတ်လေး ထွက်လာခဲ့လိုက်တယ်]
ဒါကိုတွေ့လိုက်တဲ့အခါ စူးလီက ခေါင်းခါပြီး သက်ပြင်းချလိုက်တော့တယ်။
[တကယ်ကို အချစ်ရူးနေတဲ့သူပါပဲ]
[တကယ်လို့များ ရှယောင်ယွိက ရုံယိနဲ့သာ အရင်ဆုံးတွေ့ခဲ့မယ်ဆိုရင် ဝမ်စစ်ချီအတွက် ဘာနေရာမှရှိခဲ့လိမ့်မှာ မဟုတ်ဘူး]
ရုံယိရဲ့ အတွေ့အကြုံတွေကို ကြားလိုက်ရပြီးတဲ့အခါ ရှယောင်ယွိရဲ့ မျက်နှာပေါ်မှာ ဘာတခြားအမူအရာမှ မရှိတော့ပေမဲ့ သူမရဲ့လက်ဖျားကတော့ မသိမသာ လှုပ်ခတ်သွားတော့တယ်။
သူမက နှုတ်ခမ်းကို တင်းနေအောင် စေ့ထားလိုက်ပြီး အပြင်လောကကလာတဲ့အသံ ပြောတဲ့စကားကို တိတ်တိတ်လေး နားထောင်နေလိုက်တယ်။
[ ကျွတ်ကျွတ် လက်နဲ့ပခုံးကို သုံးပြီး ဘာတစ်ခုကိုမှ မ မနိုင်တဲ့ သခင်လေးတစ်ယောက်က ကိုယ်ဝန်ရှိပြီးတော့ ဒီအကြောင်းကို ဘယ်သူကိုမှလည်း အသိမပေးရဲဘူးတဲ့]
[ လူတစ်ယောက်က ရိုးရိုးသားသား နေထိုင်ပြီး အလှည့်စားခံခဲ့ရတဲ့အတွက် ဒုက္ခရောက်ခဲ့ရတယ်။ နောက်ဆုံးတော့ သူက သေလုနီးပါး အတွေ့အကြုံတစ်ခုမှာ ရှင်သန်နိုင်ခဲ့ပြီး ကလေးတွေကို မွေးခဲ့ပေမဲ့ သူ့မှာတော့ ရောဂါတွေ အများကြီးကျန်နေခဲ့တယ်]
[ ကလေးမွေးပြီးတဲ့အခါမှာ သူက ပြန်လည်အားဖြည့်ဖို့ အချိန်တောင်မရခဲ့ဘူး။ ကလေးတွေ အသက်ရှင်သန်ဖို့အတွက် သူရဲ့ဖျားနာနေတဲ့ခန္ဓာကိုယ်ကို အတင်းဆွဲပြီး အသက်ရှင်ဖို့အတွက် တောက်တိုမယ်ရ အလုပ်လေးတွေကို ရှာလုပ်ခဲ့ပြီး ကလေးနှစ်ယောက်ကိုလည်း တကယ်ကို ခက်ခက်ခဲခဲနဲ့ ပြုစုပျိုးထောင်ခဲ့ရတယ်...]
[ ဘဝက အရမ်းကိုခက်ခဲလှပေမဲ့လည်း သူက ရှယောင်ယွိရဲ့ သတင်းတွေကိုတော့ စောင့်ကြည့်နေတုန်းပဲ]
သူက သူ့ကလေးနှစ်ယောက်ကို ရှအန်းယန့်နဲ့ ရှယွင်ကွေးဆိုပြီးတော့... နာမည် အသီးသီးပေးခဲ့တယ်။ တကယ်လို့ ငါ အမှတ်မမှားဘူးဆိုရင် ရှယောင်ယွိရဲ့ဂုဏ်ပုဒ်တစ်ခုက အန်းယွင် မဟုတ်လား]
စူးလီက ဒီနှစ်တွေမှာ ရုံယိရဲ့အတွေ့အကြုံတွေကို ကြည့်လိုက်ပြီး သူမျက်နှာပေါ်မှာ လေးနက်ပြီး နောင်တလုံးဝမရတဲ့ ရုပ်အသွင်တစ်ခု ရှိနေသေးတာကို မြင်လိုက်တော့ မနေနိုင်ဘဲ သက်ပြင်းချမိတော့တယ်။
[ ဒါကြီးက ဘယ်လိုတောင်မှ ထိပ်တန်းဆန်လိုက်တဲ့ အချစ်ရူးလဲ]
ရှယောင်ယွိက သူမရဲ့လက်တွေကို ဖြည်းဖြည်းချင်း တင်းနေအောင် ဆုတ်မိတော့တယ်။ ဒီစကားတွေ မကြားရခင်တုန်းကတော့ ရုံယိကို သူမအတွက် ကလေးနှစ်ယောက်မွေးပေးခဲ့တဲ့ သူစိမ်းတစ်ယောက်လို့ပဲ သတ်မှတ်ထားခဲ့တာ။ ဒါပေမဲ့ အပြင်လောကကလာတဲ့အသံ ပြောလိုက်တဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူမကိုယ်တိုင်တောင် သတိမထားမိဘဲ သူမရဲ့ရင်ထဲမှာ နာကျင်သလို ခံစားမိတော့တယ်။
သူမက မျက်လုံးတွေကို ဖြည်းဖြည်းချင်း ပိတ်ထားလိုက်တော့တယ်။ သူသာ ဆန္ဒရှိတယ်ဆိုရင် သူ့ကို မြို့သခင်အိမ်တော်မှာ နေခိုင်းတာလည်း မဆိုးတဲ့စိတ်ကူးပါပဲ။
ဒီအချိန်မှာပဲ အပြင်လောကကလာတဲ့အသံက သူရဲ့အာရုံတွေကို ကလေးနှစ်ယောက်ဆီကို နောက်ဆုံးတော့ ပို့လိုက်တော့တယ်။
[ ကျွတ်..ကျွတ်.. ရှယောင်ယွိက အရမ်းကိုကံကောင်းတာပဲ။ ဒီကလေးနှစ်ယောက်လုံးက အရမ်းကို ဉာဏ်ကောင်း၊ လိမ္မာသိတတ်ကြီး အရည်အချင်းရှိတာပဲ]
အပြင်လောကကလာတဲ့အသံရဲ့ ဖော်ပြချက်တွေကို ကြားလိုက်ရတဲ့အခါ ရှယောင်ယွိရဲ့မျက်လုံးတွေက ရုတ်တရက်ဆိုသလို ပျော့ပျောင်းသွားတော့တယ်။
စူးလီက ကောင်းကင်စာအုပ်ထဲက ကလေးနှစ်ယောက်အကြောင်းကို ဖတ်လိုက်ရပြီးတဲ့နောက်မှာ ချည်နှောင်ခံထားရပြီး သူ့မျက်နှာပေါ်မှာ ‘သူရဲကောင်းတစ်ယောက် စွန့်လွှတ်လိုက်ခြင်း’ဆိုတဲ့ ရုပ်ဖြစ်နေတဲ့ ရှချန်ယွင်ကို မနေနိုင်တော့ဘဲ ကြည့်လိုက်မိပြီး အထင်သေးရွံရှာသလို ပြောလိုက်တော့တယ်။
[သူတို့တစ်ယောက်ချင်းစီတိုင်းက ဒီသစ္စာဖောက်အရူးထက်တော့ အများကြီသာတာပဲ]
ရှချန်ယွင်က ကောင်းကင်ကလာတဲ့အသံကို မကြားနိုင်ဘူး။ သူကမျက်လုံးထဲမှာ ဝင့်ကြွားတဲ့အရိပ်တစ်ခုနဲ့ စိတ်တည်ငြိမ်သွားသယောင် ထင်ရတဲ့ ရှယောင်ယွိဆီကို ကြည့်လိုက်တယ်။
သူ့အမေက သူ့ကို လိုက်လျောလိမ့်မယ်ဆိုတာ သူ သိသားပဲ။ နှစ်တွေအကြာကြီး ဒီလိုပဲဖြစ်လာခဲ့တာပဲ။ ဒီတစ်ကြိမ်လည်း ခြွင်းချက်ရှိလိမ့်မှာ မဟုတ်ဘူး။
ဒီလိုစဉ်းစားလိုက်ပြီးတဲ့နောက်မှာ သူက ခန္ဓာကိုယ်အပေါ်ပိုင်းကို လှည့်လိုက်ပြီး သိတတ်လိမ္မာတဲ့မျက်နှာထားတစ်ခုနဲ့ ဝမ်စစ်ချီကို ပြောလိုက်တယ်။
“ အဖေ စိတ်မပူပါနဲ့။ ကျွန်တော်က အဖေနဲ့အဒေါ်ချောင်တို့ကို အမေနာကျင်အောင်လုပ်မှာ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး”
“ဒီနှစ်တွေမှာ ကျွန်တော်က အဒေါ်ချောင်ကို ကျွန်တော်ရဲ့အမေအရင်းလို သတ်မှတ်လာပြီးသားပါ။ တကယ်လို့ အမေက အဖေတို့ကို တကယ်ပဲလုပ်ရဲခဲ့တယ်ဆိုရင် ကျွန်တော်က အဆုံးအထိ အမေနဲ့ သေချာပေါက် တိုက်ခိုက်သွားရလိမ့်မယ်”
ရှချန်ယွင်က ပိုပြီးတော့ကောင်းမလာတဲ့အပြင် အရင်တုန်းကထက် မျက်နှာတွေဖြူဆွတ်သွားတဲ့ ဝမ်စစ်ချီကို ကြည့်လိုက်ပြီး သူမျက်လုံးထဲမှာ စိတ်ရှုပ်မှု အပြည့်ဖြစ်သွားတော့တယ်။
“ အဖေ အဖေဘာဖြစ်လို့လဲ နေမကောင်းလို့လား”
“ ကျွန်တော် အခုချက်ချင်းပဲ အဖေ့အတွက် အမေကို သမားတော်တစ်ယောက် သွားရှာခိုင်းလိုက်မယ်”
အပြင်လောကကလာတဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ ဝမ်စစ်ချီရဲ့မျက်နှာတွေက စိတ်ပျက်မှုအပြည့် ဖြစ်သွားတော့တယ်။ ရှချန်ယွင်က ရှယောင်ယွိရဲ့ တစ်ဦးတည်းသောသား မဟုတ်ဘူးတဲ့။
ကျင့်ကြံရေးလောကကြီးထဲမှာ ယောက်ျားတစ်ယောက်က ဘယ်လိုဖြစ်ပြီး ကလေးမွေးနိုင်ရတာလဲ။
တကယ်လို့များ အပြင်လောကကလာတဲ့အသံ ပြောတဲ့စကားက အမှန်သာဆိုရင်တော့ ဒီနေ့ ရှချန်ယွင်ရဲ့ လုပ်ရပ်တွေကို စဉ်းစားကြည့်လိုက်ရင် သူက ရှမိသားစုရဲ့ မျိုးဆက်တစ်ယောက်ဆိုရင်တောင် ရှယောင်ယွိက သူ့ကို သေချာပေါက်လက်လျှော့ပြီး အဲဒီကလေးနှစ်ယောက် ပြုစုပျိုးထောင်ဖို့နေရာမှာပဲ သူဟာသူ စိတ်နှစ်ထားလိုက်တော့မယ်။
ရှချန်ယွင်ရဲ့အဖေဖြစ်တဲ့ သူအနေနဲ့ကတော့ ရှချန်ယွင်တောင် အသက်ရှင်နေနိုင်ပါ့မလားမသိတာ ရှယောင်ယွိနဲ့ ဘာသွေးသားမှ မတော်စပ်တဲ့သူဆိုရင်တော့ ပြောနေစရာမလိုတော့ဘူး။
ရှချန်ယွင်က တုန်တုန်ယင်ယင်ဖြစ်နေတဲ့ ဝမ်စစ်ချီကို ကြည့်လိုက်ပြီး ကိုယ်ကိုပြန်လှည့်လိုက်ကာ ထောင်လွှားမောက်မာတဲ့ဟန်နဲ့ ရှယောင်ယွိကို အော်ဟစ်လိုက်တယ်။
“ အမေ အဖေက အရမ်းကိုနေရတာခက်ခဲနေပြီး အမေက သမားတော်တစ်ယောက် သွားရှာပေးသင့်တယ်...”
သူစကားကို ကြားလိုက်ရတဲ့အခါ ဝမ်စစ်ချီရဲ့တုန်ယင်နေတဲ့အဖြစ်က ပိုပြီးတော့ သိသာလာတော့တယ်။ သူက ရှချန်ယွင်ရဲ့လက်ကို လှမ်းကိုင်လိုက်ပြီး ကြောက်စိတ်ကို ထိန်းမရတဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။
“ ယွင်အာ ထပ်မပြောတော့နဲ့၊ မင်းအမေကို ဒေါသထွက်အောင်မလုပ်နဲ့”
သူ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ရှချန်ယွင်ရဲ့မျက်လုံးတွေက စိတ်ခံစားမှုတွေ ပြည့်နှက်သွားတယ်။ သူအဖေက ဒီလိုအန္တရာယ်များတဲ့ အခြေအနေတစ်ခုထဲမှာ ရောက်နေတာတောင် သူက သူ့ကိုဂရုစိုက်ဖို့ သတိရသေးတယ်။
သူက အားတက်သရော ခေါင်းညိတ်ပြလိုက်ပြီး သူ့အဖေကို အာမခံဖို့ ရင်ဘတ်ကိုတောင် ပုတ်လုနီးပါးဖြစ်သွားတယ်။
“ အဖေ စိတ်မပူပါနဲ့ ကျွန်တော့်အသက်ကို စွန့်လွှတ်ရမယ်ဆိုရင်တောင်မှ ကျွန်တော်က အဖေနဲ့ အဒေါ်ချောင်တို့ကို ဘာတစ်ခုမှ ဖြစ်ခွင့်ပေးမှာ မဟုတ်ပါဘူး”
ရှယောင်ယွိက မျက်တောင်တစ်ချက်မခတ်ဘဲ ရှချန်ယွင်ရဲ့စကားတွေကို နားထောင်နေလိုက်တယ်။ အပြင်လောကကလာတဲ့အသံက သူမကို ယန့်အာနဲ့ကွေ့အာတို့အကြောင်း သတင်းပြောပြီး သိပ်မကြာခင်မှာပဲ သူမကတော့ ရှချန်ယွင်ကို လက်လျှော့လိုက်မဲ့အတွေး တွေးပြီးသား ဖြစ်နေတယ်။
ဒီလိုမျိုးဆက်မျိုးကို ဆက်ပြီးခေါ်ထားမယ်ဆိုရင်တောင် ရှမိသားစုအတွက် ဘာအကျိုးမှရှိလိမ့်မှာ မဟုတ်ဘူး။
အခုဆိုရင် ယန့်အာနှင့်ကွေးအာတို့ရှိနေပြီးဆိုတော့ ချန်ယွင်က သူမအတွက် ဆက်ပြီးတော့ တန်ဖိုးမရှိတော့ဘူ။
သူက ဘာတွေပဲပြောပြော ဘာတွေပဲလုပ်လုပ် သူမရဲ့စိတ်ထဲမှာ ထည့်နေဖို့ မတန်တော့ဘူး။
ဒီအခိုက်အတန့်မှာတော့ သူမရဲ့စိတ်အာရုံတွေအားလုံးက သူမတစ်ခါမှ မမြင်ဖူးသေးတဲ့ ကလေးနှစ်ယောက်ဆီကို ရောက်နေတော့တယ်။
သူတို့တွေက ဒီနှစ်တွေမှာ ဘယ်တွေကိုရောက်နေပြီး ဘာတွေကို ဘယ်လိုလုပ်နေလဲဆိုတာ အင်မတန်မှ သိချင်နေမိတော့တယ်။
ဒီအချိန်မှာပဲ အပြင်လောကကအသံက ရုံယိနဲ့သူ့ကလေးနှစ်ယောက်တို့ ဆင်းရဲပြီးသနားစဖွယ်ဘဝကို ညည်းညူပြောဆိုလိုက်တော့တယ်။
[အိုး ဟယ် ဒီကလေးနှစ်ယောက်က အရမ်းသနားဖို့ကောင်းတာပဲ။ သူတို့တွေက ဆယ့်လေးနှစ်တောင်ရှိနေပြီ၊ ဒါပေမဲ့ ဆယ်နှစ်အရွယ်လို ပိန်ပိန်သေးသေးလေးပဲ]
[ကလေးဘဝကတည်းက ဘာအရင်းအမြစ်ကိုမှ မစားမသောက်ခဲ့ရဖူးဘူး။ ကြီးမားတဲ့အရည်အချင်း ရှိနေတာတောင်မှ လေ့ကျင့်ပေးဖို့မဖြစ်နိုင်ခဲ့ဘူး။ အကြိမ်တိုင်းပဲ အမှားမှား အယွင်းယွင်း ဖြစ်နေမိတယ်]
[ အမေမရှိတဲ့အတွက်ကြောင့်မို့လို့ အရွယ်တူ တခြားကလေးတွေရဲ့ အနိုင်ကျင့်တာကို ခံနေရတယ်]
[နောက်ပြီးတော့ ရှအန်းယန့်က အခုမှဆယ်လေးနှစ်ပဲရှိသေးတာကို တချို့တွေကတော့ သူမအပေါ်မှာ မကောင်းတဲ့စိတ်တွေ ရည်ရွယ်ချက်တွေရှိနေကြပြီး မယားငယ်တစ်ယောက်အဖြစ် ခေါ်ထားချင်နေကြတယ်]
[ တကယ်ကို တိရစ္ဆာန်တွေပဲ ]
ရှယောင်ယွိက ရုတ်တရက် သူမရဲ့လက်တွေကို တင်းနေအောင်ဆုပ်ထားလိုက်ပြီး သူမရဲ့မျက်လုံးတွေထဲမှာ အေးစက်မှုအပြည့် ဖြစ်သွားတယ်။ တစ်ယောက်ယောက်ကသာ တကယ်တမ်း လုပ်ရဲကြည့်စမ်း။ သူမက အဲဒီတိရိစ္ဆာန်ကို သတ်ပစ်ရလိမ့်မယ်။
သူမက အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး သူမရဲ့ရင်ထဲက ကြီးမားလှတဲ့ဒေါသကို ခက်ခက်ခဲခဲ မျိုသိပ်ထားရင်း နားစွင့်ထားလိုက်ကာ အပြင်လောကကလာတဲ့အသံဆီက ကလေးနှစ်ယောက်ရဲ့ တည်နေရာကို မြန်မြန်ဆန်ဆန်ပဲ သိချင်နေမိတော့တယ်။ အပြင်လောကက လာတဲ့အသံကတော့ သူမရဲ့အတွေးကို လုံးဝသတိမထားမိဘူး။ ရုံယိနဲ့ ကလေးနှစ်ယောက်ရဲ့သနားစရာဘဝကိုပဲ သက်ပြင်ချနေမိပြီး ရှချန်ယွင် သားအကြီးဆုံးနဲ့ မကြာခဏနှိုင်းယှဉ်နေလေရဲ့။
အပြင်လောကကလာတဲ့အသံ ပြောလိုက်တဲ့စကားလုံးတိုင်းက ရှယောင်ယွိရဲ့နှလုံးသားကို ပိုပြီးနာကျင်စေမိတယ်။
လက်ဖက်ရည်ခွက်တဝက်စာ ကြာချိန်အပြီးမှာ ရှယောင်ယွိက ဆက်ပြီးတော့ ထိန်းမထားနိုင်တော့ဘဲ အပြင်လောကကလာတဲ့အသံကို ယန့်အာနဲ့ ကွေ့အာတို့ရဲ့နေရာကို ပြောပြပေးဖို့ တောင်းဆိုချင်သွားတော့တယ်။
...