အခန်း ၇၈
Vol. 6 Ch. 78
အပိုင်း (၇၈)
ချီမင်နဲ့ ဝိန်းကျစ်တို့နှစ်ယောက်စလုံးက ငေးငေးငိုင်ငိုင်နဲ့နေရာမှာ တင်ရပ်နေကြပြီး သူတို့ရဲ့ မျက်လုံးထဲမှာလဲ အချိန်မရွေး ပြည့်လျှံကျလာတော့မယောင် ဖြစ်နေတဲ့ ထိတ်လန့်မှုနဲ့ ဇဝေဇဝါဖြစ်နေတဲ့ ခံစားချက် အပြည့်ပဲ။
အတင့်ရဲလို့ တစ်ယောက်ယောက်ကများ မဟာယနပညာရှင် တစ်ယောက်လို ဟန်ဆောင်ရဲရသလား။
ကျင့်ကြံရေးတစ်လောကလုံးကို ကြည့်မယ်ဆိုရင် မဟာယနပညာရှင်ရယ်လို့ သိကြတာ လူတစ်ရာလောက်ပဲ ရှိမယ်။ တစ်ယောက်ချင်းစီကလဲ မြေတစ်ကွက်လောက်ကို အေးအေးဆေးဆေး ကာကွယ်ပေးနိုင်ပြီး ဂိုဏ်းတစ်ခုကို တာဝန်ယူပေးနိုင်တယ်။
ကျင့်ကြံသူအများစုဟာဆိုရင် အဲဒီပုဂ္ဂိုလ်ထူးတွေရဲ့နာမည်ကိုတောင် ထုတ်မပြောရဲကြဘူး။ အခုတော့ ဒီလိုဝေးလံခေါင်းဖျားတဲ့မြို့မှာ တစ်ယောက်ယောက်က မဟာယနပညာရှင်လို ဟန်ဆောင်ရဲသတဲ့။
ဒီလူရဲ့ကျင့်ကြံခြင်းအဆင့်က အုတ်မြစ်တည် ကျင့်ကြံခြင်းအဆင့်ပဲ ရှိသတဲ့။
အုတ်မြစ်တည် ကျင့်ကြံခြင်းအဆင့်ပဲရှိတဲ့ ကျင့်ကြံသူတွေက မဟာယနပညာရှင်လို ဟန်ဆောင်နေကြတယ်။ သူတို့တွေဟာ ရူးနေကြတာလား။ ဒါမှမဟုတ် ကျောက်မိသားစုရဲ့ ဘိုးဘေးကပဲ ရူးသွားတာလား။
ကျောက်မိသားစုရဲ့ ဘိုးဘေးက မဟာယနပညာရှင်ဆိုတာ ဘာအဓိပ္ပာယ်မှန်း သိရဲ့လား။
သူက ပေါင်းစပ်ကျင့်ကြံခြင်းအဆင့်ရှိတဲ့ အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်လို ဟန်ဆောင်ခဲ့မယ်ဆိုရင်တောင် သူတို့က အဲလောက်အထိ အထိတ်တလန့် ဖြစ်နေမှာမဟုတ်ဘူး။ သူက ပုဂ္ဂိုလ်ထူးတစ်ယောက်လေ။ အတင့်ရဲလို့များကွာ။
အသက်နဲ့ရင်းပြီး တိုက်ခိုက်ဖို့ပြင်ထားတဲ့ ရှယောင်ယွိကလဲ ကောင်းကင်ကလာတဲ့အသံရဲ့စကားကို ကြားလိုက်ရတဲ့အခါ မှင်တက်အံ့ဩသွားတယ်။
ကျောက်မိသားစုရဲ့ မဟာယနပညာရှင်က အတုတစ်ယောက်တဲ့လား။
သူမရဲ့အနောက်ဘက်က စိုးရိမ်တဲ့အကြည့်ကို ခံစားလိုက်မိတဲ့အခါ သူမရဲ့မျက်လုံးတွေက အံ့ဩတဲ့အမူအရာတွေက ရုတ်ခြည်းဆိုးသလို ပြတ်သားတဲ့ဆုံးဖြတ်ချက် အသွင်ပြောင်းလဲသွားတယ်။
ဒီလူက ဘာကျင့်ကြံရေးအဆင့်ပဲရှိနေနေ သူမကတော့ သူမရဲ့သွေးသားနဲ့ သူမရဲ့....ခင်ပွန်းကို ထိခိုက်အောင်လုပ်မဲ့သူကို လုံးဝခွင့်ပြုမှာ မဟုတ်ဘူး။
အဲဒီအချိန်မှာပဲ ခြံတံခါးက ပွင့်သွားပြီး အလွန်အမင်း အိုမင်းနေတဲ့ရုပ်နဲ့ ဆံပင်ဖြူဖြူ၊ မုတ်ဆိတ်ဖြူဖြူ ပိုင်ဆိုင်ထားတဲ့ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း တစ်လှမ်းပြီးတစ်လှမ်း လျှောက်လာခဲ့တယ်။ သူလှမ်းလိုက်တဲ့ခြေလှမ်းတိုင်းမှာ မဟာယနဖိအားတွေက ပိုပြီးတော့ ပြင်းထန်လာတယ်။ သူက ခြံဝန်းရှေ့ကို ရောက်လာတဲ့အချိန်မှာပဲ သူ့ဘေးက မဟာယနဖိအားတွေက အရမ်းကို ပြင်းထန်လွန်းတဲ့အတွက် ကျင့်ကြံသူတွေက ကြီးမားလှတဲ့ဖိအားတစ်ခုကို ခံစားလိုက်ရတယ်။ ကျင့်ကြံခြင်းအဆင့်နိမ့်တဲ့ ကျင့်ကြံသူတွေက မြေကြီးပေါ်မှာ ဒူးထောက်ကျသွားပြီး တုန်ယင်လို့နေတယ်။
ကျောက်မိသားစုရဲ့ဘိုးဘေးက ခြံဝန်းထဲကမြင်ကွင်းကို ကြည့်လိုက်ပြီး သိက္ခာရှိတဲ့အပြုအမူတစ်ခုနဲ့ ပြောလိုက်တယ်။
“အတင့်ရဲလို့ ကျုပ်ရဲ့ကျောက်မိသားစုမှာ ဘယ်သူက ရိုင်းရိုင်းစိုင်းစိုင်း ပြုမူနေတာလဲ”
ကောင်းကင်ကလာတဲ့အသံကို မကြားနိုင်တဲ့သူတွေရဲ့အမြင်မှာတော့ ကျောက်မိသားစုရဲ့ဘိုးဘေးက မကြည်မလင်ရုပ်တစ်ခု ဖြစ်နေပြီး ဒါကသူရဲ့မူလအကျင့်စရိုက်ကို ပြန်ရောက်သွားပြီဆိုတဲ့အဓိပ္ပာယ်ပဲ။ သူရဲ့ဆံပင်၊ မုတ်ဆိတ်မွှေးတွေအားလုံးက ဖြူဆွတ်နေတယ်။ ဒါက သူ့မှာ မသေမျိုးတစ်ယောက်ရဲ့ အရောင်အဝါ ရှိနေတဲ့သဘောပဲ။ သူ့ရဲအရောင်အဝါတွေကလဲ ဘာကိုမှ အလေးအနက် ထားတဲ့ပုံမပေါ်ဘူး။ ဒါက သူဟာ မသေမျိုးတစ်ယောက် ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။
ဒါပေမဲ့ အပြင်လောကကလာတဲ့အသံကို ကြားနိုင်ကြတဲ့ ချီမင်နဲ့တခြားသူတွေရဲ့အမြင်မှာတော့ ဒီကျောက်မိသားစုရဲ့ ဘိုးဘေးဟာဆိုရင် သူ့ခန္ဓာကိုယ်တစ်ခုလုံးရဲဖိအားက မဟာယနပညာရှင်တစ်ယောက်နဲ့ နည်းနည်းလေး ဆင်တူနေတဲ့အချက်ကလွဲရင် ကျန်တဲ့အရာတွေ အားလုံးကတော့ ပြစ်ချက်တွေအပြည့်ပဲ။
ကျောက်မိသားစုဝင်တွေက ဖိအားအောက်မှာ တစ်ကိုယ်လုံး တုန်ယင်နေကြပေမဲ့လဲ သူတို့ရဲ့မျက်လုံးတွေကတော့ ပီတိဖြာနေတဲ့ဟန်အပြည့်ပဲ။ ရှေ့မှာ ဒူးထောက်နေတဲ့ ကျောက်မိသားစုခေါင်းဆောင်က ချီမင်နဲ့တခြားသူတွေကို မျက်နှာပေါ်မှာ ဆိုးညစ်တဲ့အကြည့်တစ်ခုနဲ့ ခြိမ်းခြောက်နေတယ်။
“ အခုဘိုးဘေးကြီးက သီးသန့်ကျင့်ရာကနေ ပြန်ထွက်လာပြီး မင်းတို့တွေ မြေကြီးပေါ်မှာ ဒူးထောက်ပြီး အသနားခံမယ်ဆိုရင် ဘိုးဘေးကြီးက မင်းတို့ကို အသက်ရှင်ခွင့် ပေးချင်ပေးလိမ့်မယ်”
လဲကျနေကြတာပဲဖြစ်ဖြစ်၊ ဒူးထောက်နေကြတာပဲဖြစ်ဖြစ် ကျောက်မိသားစုဝင် အားလုံးက အင်မတန်မှကို ထောင်လွှားတဲ့ရုပ် ဖြစ်နေတယ်။ ဒါပေမဲ့လဲ သူတို့က ကျောက်မိသားစုရဲ့ဘိုးဘေးကို လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ သူတို့ရဲ့မျက်လုံးထဲမှာ ရူးသွပ်တော့မဲ့ လေးစားအားကျမှုတွေ ဖြစ်သွားတယ်။
ကျောက်မိသားစုရဲ့ဘိုးဘေးက နောက်ဆုံးတော့ ခြံဝန်းထဲကို လမ်းလျှောက်ဝင်လာတယ်။ သူက ချီမင်နဲ့ သူ့အဖွဲ့ကို လှမ်းကြည့်လိုက်ပြီး သူ့အသံထဲမှာလဲ အသက်အရွယ်ကြောင့် စွဲကျန်နေတဲ့ ထောင်လွှားရိပ်တစ်ခုနဲ့ ပြည့်နေတယ်။
“ ကျုပ်ရဲ့ကျောက်မိသားစုထဲက သားမြေးတွေကို ထိခိုက်ဒဏ်ရာရအောင်လုပ်တာ မင်းတို့လား”
“ မိုက်မဲလိုက်ကြတဲ့လူငယ်တစ်သိုက်ပဲ”
သူက သူ့ရဲ့အင်အားကို တိတ်တိတ်လေး ထပ်ထည့်လိုက်တဲ့အခါ မဟာယနအဆင့်ဖိအား အားလုံးက လူနည်းစုဆီကို သက်ရောက်သွားခဲ့တယ်။
“ ဒီတော့ကျုပ်က မဟာယနကျင့်ကြံခြင်းဆိုတာ ဘာလဲဆိုတာ ခံစားရအောင် လုပ်ပေးမယ်”
ချီမင်နဲ့တခြားသူတွေက သူတို့ပတ်ဝန်းကျင်မှာ မဟာယနပညာရှင်တွေရဲ့ ဖိအားကို ခံစားနေရပြီး သူတို့ရဲ့အမူအရာကတော့ ထူးထူးခြားခြား ထူးဆန်းနေတယ်။
ဒီရှုထောင့်ကနေကြည့်ရင် ဒီဘိုးဘေးကြီးက တကယ်တော့ ဘာမှမဟုတ်ဘဲနဲ့ အကြပ်ကိုင်နေတာပဲ။ သူက အကြပ်ကိုင်တယ် ပြောလို့ရအောင်တောင်မှ မလုပ်နိုင်ဘူး ။
[ ဟားဟားဟား တခြားသူတွေကို အရှက်ခွဲဖိနှိပ်တတ်တဲ့အကျင့်ကြီးက ပြန်ရောက်လာပြီပဲ]
[ ဘယ်လိုဖြစ်ပြီး အဲလောက်တောင် ရယ်စရာကောင်းရသလဲ ဟားဟားဟား___]
[မဟာယနကျင့်ကြံခြင်းကနေပြန်ရောက်လာပြီးတဲ့ ဟားဟားဟား___]
စူးလီတစ်ယောက်ကတော့ ရယ်ရလွန်းလို့နာကျင်နေတဲ့ပါးကို ပွတ်သပ်လိုက်ပြီး မျက်လုံးထဲမှာ အပြုံးတစ်ခုနဲ့ တိမ်လွှာကြေးမုံကို ကြည့်လိုက်တယ်။
[ ဒီလူဟန်ဆောင်နေတဲ့ပုံက ချို့ယွင်းချက်အပြည့် ရှိနေတယ်ဆိုပေမဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်ရဲ့ ဦးနှောက်မျိုးနဲ့ဆိုရင် ဒါက သူ့ကို တကယ် အရူးလုပ်နိုင်လိမ့်မယ်လို့ ဘာလို့များ ထင်မိနေတာပါလိမ့် ဟားးဟားး]
[ တကယ်တမ်းပြောရရင် အမြတ်နှစ်ဆပေးမယ်လို့ ပြောခဲ့တဲ့လူလိမ်ကတောင် ပိုပြီး လှည့်စားတတ်သေးတယ်]
ချီမင်ရဲ့မျက်နှာပေါ်ကအကြည့်က ရုတ်ခြည်းဆိုသလို မျက်နှာသေ ဖြစ်သွားတော့တယ်။
ခုနတုန်းက ဂိုဏ်းအကြီးအကဲတွေကို အကူအညီတောင်းဖို့ ပြင်ဆင်နေတဲ့ ဆက်သွယ်ရေးအဆောင်စာရွက်ကို အေးစက်စက် မျက်နှာထားတစ်ခုနဲ့ သူရဲ့သိုလှောင်အိတ်ထဲကို ပြန်ထိုးထည့်ထားလိုက်တယ်။
ဒီအချိန်မှာပဲ ကျောက်မိသားစုရဲ့ဘိုးဘေးက သူတို့တွေက ဖိအားကို ကြောက်လန့်တာလဲမရှိသလို တုန်ယင်တာလဲမရှိမှန်း သိလိုက်ရတယ်။ သူတို့တွေက ဒူးထောက်ချလိုက်ပြီး သနားခံလိုက်ရင်တောင် သူ့မှာ ရုတ်တရက် နေရခက်သလို ဖြစ်သွားတော့မယ်။
အခုလေးတင် ကျောက်မိသားစုက သူ့ကို ပြောလိုက်တဲ့စကားကို မှတ်မိသွားပြီး သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်တယ်။
ဒီလူက တကယ်ပဲ ဝမ့်ကျန့်ဂိုဏ်းချုပ်များလား။
သူကဒီအတွေးကို မြန်မြန်ဆန်ဆန်ပဲ ပယ်ဖျက်လိုက်တယ်။ ဒါက ဝမ့်ကျန့်ဂိုဏ်းချုပ်လေ။ ကျင့်ကြံရေးလောကထဲက ဂိုဏ်းကြီးခြောက်ခုထဲက တစ်ခုပဲ။ သူက နေ့တိုင်း ကိစ္စတွေနဲ့ အလုပ်များနေတာ။ ဘယ်လိုဖြစ်ပြီး ရှကျန့်မြို့လို ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ နေရာတစ်ကို လာနိုင်မှာလဲ။
ကြည့်ရတာ ဒီလူကလဲ သူ့လိုပဲအကျိုးအမြတ်တချို့ရချင်တဲ့ လူလိမ်တစ်ယောက်ပဲ ဖြစ်မယ်။
ဒီလိုစဉ်းစားလိုက်မိပြီး သူ့စိတ်ထဲက အထိတ်တလန့် ဖြစ်သွားတဲ့ခံစားချက်ကို ရုတ်ခြည်းဆိုသလို ဖယ်ရှားပစ်လိုက်တယ်။
ဒါပေမဲ့ ဒီလူတွေက လူလိမ်တွေဆိုပေမဲ့လဲ သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်ကတော့ သူ့ထက်ပိုပြီး မြင့်နိုင်တယ်။ သူရဲ့ကျင့်ကြံခြင်းအဆင့်က စကားလုံးတွေကိုပဲ အသုံးချနိုင်ပြီး တကယ်တမ်းတော့ ဘာလှုပ်ရှားမှုမှ မလုပ်နိုင်ဘူး။
ကျောက်မိသားစုဘိုးဘေးက မကြည်မလင်မျက်နှာပေးနဲ့ သူတို့ကို လှမ်းကြည့်လိုက်ပြီး လေးစားမှုအငွေ့အသက်တစ်ခုကို ဆောင်ထားလိုက်ပြီး သူတို့ကို အထင်သေးတဲ့ဟန်နဲ့ ညွှန်ကြားလိုက်တယ်။
“ ကျုပ်က အမြဲတမ်း သည်းခံလာပြီး သဘောထားကြီးပေးခဲ့တာ၊ ကျုပ်က မင်းတို့လို လူငယ်လေးတွေနဲ့လဲ တိုက်ခိုက်ဖို့ ဝန်မလေဘူးနော်”
“ ဒီနေ့ မင်းတို့တွေက မင်းတို့ရဲ့အမှားကို ဝန်ခံသရွေ့ ကျုပ်က မင်းတို့ရဲ့အသက်ကို ချန်ထားပေးမယ်”
ဒီအချိန်မှာပဲ သူ့ရဲ့စကားကို ကြားလိုက်တဲ့ကျောက်ချန်က အလောတကြီး ပြောလိုက်တယ်။
“ အဘိုး သူတို့တွေက ကျောက်မိသားစုရဲ့ ကျွန်တော့်မြေးလေးကို တိုက်ခိုက်ရဲတယ်။ သူတို့တွေကို အဲလောက် အလွယ်တကူ လွှတ်ပေးလိုက်လို့ မဖြစ်ဘူးနော်”
“ မင်းက ဒီနေရာမှာ စကားပြောပိုင်ခွင့်ရှိလို့လား”
ကျောက်မိသားစုရဲ့ဘိုးဘေးက ကျောက်ချန်ကို အေးတိအေးစက်နဲ့ ကြည့်လိုက်ပြီးတဲ့နောက်မှာ ဟန်ဆောင်တဲ့ အပြုအမူတစ်ခုနဲ့ သက်ပြင်းချလိုက်တယ်။
“ တခြားသူတွေအပေါ် ကြင်နာသနားပါလို့ အစောကြီးကတည်းက ငါ မင်းကိုသင်ပေးခဲ့သားပဲ၊ လူတွေကို ခွဲခြားဆက်ဆံပြီး မသတ်ပါနဲ့၊ ငါရဲ့အစွမ်းကို အသုံးချပြီး တခြားသူတွေကို အနိုင်မကျင့်ပါနဲ့လို့၊ သင်ထားပေးရဲ့သားနဲ့၊ မင်းတို့တွေအားလုံးက ငါ့စကားကို မကြားသလို နေ နေကြတာလား”
[ တခြားသူတွေအပေါ် ကြင်နာသနားရမယ်၊ နင့်ရဲ့အစွမ်းကို အလွဲသုံးစား မလုပ်ရဘူးတဲ့လား]
[ထင်ထားတဲ့အတိုင်းပဲ အရှက်မရှိတဲ့ လူတစ်ယောက်ကတော့ တကယ်ကို ပြိုင်ဘက်ကင်းလွန်းပါတယ်]
[ကျောက်မိသားစုက ဆိုးဝါးတဲ့ကိစ္စတွေ ဘယ်လောက်တောင် လုပ်ခဲ့လဲဆိုတာ မင်းက မသိလို့လား။ ဘာပဲဖြစ်ဖြစ်ပါ အဲဒီဝိညာဉ်ရတနာတွေကလဲ နင်ရဲ့သိုလှောင်အိတ်ထဲမှာပဲ အဆုံးသတ်ရတာပဲ]
[တကယ်လို့များ နင့်ရဲ့အစွမ်းအစက အဲလောက်တောင် ညံ့ဖျင်းမနေဘူးဆိုရင် အဲဒီဝိညာဉ်ရတနာတွေက နင့်ကို ရွှေအမတေအဆင့် ရောက်အောင်လုပ်ပေးတာ ကြာလှပေါ့]
ချီမင်က အပြင်လောကကလာတဲ့အသံကို နားထောင်လိုက်ပြီး ကျောက်မိသားစုဘိုးဘေးရဲ့ ထောင်လွှားပြီး အမြင်မရှိတဲ့ရုပ်ကို ကြည့်လိုက်မိပြီး သူ့နှုတ်ခမ်းထောင့်က အပြုံးကို ခက်ခက်ခဲခဲ မျိုသိပ်ထားလိုက်တယ်။ သူက ကျောက်မိသားစုဘိုးဘေးကို တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။
“ ဒီလိုဆိုတော့ ခင်ဗျားက ဘာလုပ်ချင်လဲ လူကြီးမင်း၊ လွတ်ပေးမှာလား”
ကျောက်မိသားစုဘိုးဘေးက ချီမင်ရဲ့စကားတွေထဲ သရော်တဲ့စကားကို လုံးဝမကြားလိုက်ဘူး။
ချီမင်က ဒီလိုပြောလိုက်တာကို ကြားလိုက်တဲ့အချိန်မှာ ချီမင်ကတော့ အမှန်တရားကို သဘောပေါက်သွားပြီး အသနားခံချင်တာလို့ နားလည်ထားလိုက်တယ်။
ဒီလိုစဉ်းစားလိုက်ပြီး ကျောက်မိသားစုဘိုးဘေးက အရင်ကလောက် သတိမထားတော့ဘူး။ သူက ဒဏ်ရာရနေတဲ့ကျောက်ချန်းနဲ့ အဲလိုလုပ်ခဲ့ ရှယောင်ယွိကို လှမ်းကြည့်လိုက်ပြီး ရှယောင်ယွိနောက်က လူသုံးယောက်ကို ထပ်ကြည့်လိုက်ကာ သူ့မျက်လုံးတွေကို စွေစောင်းထားလိုက်တယ်။
“ ကျုပ်ရဲ့ကျောက်မိသားစုထဲမှာ လာတိုက်ခိုက်ပြီးမှတော့ ဘယ်သူမှ အထိအခိုက် မရှိ ထွက်သွားလို့ မရတော့ဘူး”
သူက လက်နောက်ပစ်လိုက်ပြီး စကားတစ်လုံးချင်းစီ ပြောလိုက်တော့တယ်။
“ ဒီလိုလုပ်ခဲ့သူကို သတ်ရမယ်၊ ကျန်ခဲ့တဲ့ကလေးနှစ်ယောက်ကတော့ ချန်းအာရဲ့ မောင်းမတွေအဖြစ် လက်မခံချင်ပေမဲ့ လက်ခံပေးရမှာပေါ့”
ကျောက်မိသားစုရဲ့ဘိုးဘေးစကား မဆုံးခင်မှာပဲ အင်မတန်မှထက်ရှလှတဲ့ ဓားတစ်လက်က သူ့လည်ပင်းဆီ ဝင်လာခဲ့တယ်။ သူ့ရဲ့ဆံပင်ဖြူ တစ်ချောင်း နှစ်ချောင်းလောက်က ဓားစွမ်းအင်ကြောင့် ဖြတ်တောက်ခံလိုက်ရပြီး မြေကြီးပေါ်ကို အသာအအယာ ကျသွားတယ်။
“ အတင့်ရဲလိုက်လေ”
“ ဘိုးဘေးကြီး”
“ ဘိုးဘေးကြီး.. သူက ဘိုးဘေးကြီးကို တကယ်ပဲတိုက်ခိုက်ရဲတယ်၊ သူ့ကိုသတ်ပစ်ပါ”
ကျောက်မိသားစုရဲ့ဘိုးဘေးက သူ့လည်ပင်းပေါ်မှာ အေးစိမ့်တဲ့ခံစားမှုတစ်ခု ဖြစ်သွားပြီး သူ့ခြေထောက်ကလဲ ကြောက်စိတ်ကြောင့် ချိနဲ့လာတော့တယ်။ သူက အော်ပြောဖို့ပဲ တတ်တဲ့ ကျောက်မိသားစုဝင်တွေကို ပါးစပ်ပိတ်ထားဖို့သာ ပြောလိုက်ချင်တော့တယ်။
သူ့အသက်က ဒီမိန်းမရဲ့လက်ထဲရောက်နေတာ မင်းတို့တွေ မမြင်ကြလို့လား။
မဟာယနပညာရှင်တစ်ယောက်ရဲ့ အစွမ်းလို အယောင်ဆောင်နိုင်တဲ့ မိစ္ဆာသွေးဖန်လုံးကို ကောက်ရပြီးကတည်းက သူဘယ်ကိုပဲသွားသွား မရေမတွက်နိုင်တဲ့လူတွေက သူ့ကို နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက်လို ဆက်ဆံလာခဲ့ကြတာ။ သူက ချောင်းတစ်ချက် ဟန့်လိုက်တာနဲ့ အောက်ကလူတွေက တောင်းပန်ဖို့အတွက် ကိုယ့်ဟာကိုတောင် သတ်သေချင်ကြလောက်တဲ့အထိပဲ။ ဒီနှစ်တွေမှာ ဘယ်သူကမှ သူ့ရှေ့မှာ ဝိညာဉ်ဓားတစ်လက်ကို မဆွဲထုတ်ရဲခဲ့ဘူး။ ဓားတစ်လက်နဲ့ သူ့လည်ပင်းကို ထောက်ထားဖို့ဆိုတာကတော့ ပြောနေစရာတောင်မလိုဘူး။
ဒါပေမဲ့လဲ နှစ်ပေါင်းများစွာ မဟာယနပညာရှင်တစ်ယောက်လို ဟန်ဆောင်လာခဲ့ပြီးတဲ့နောက်မှာ ဓားတစ်လက်ကို ကိုင်ထားတဲ့ ရှယောင်ယွိရှေ့မှာ ဒူးထောက်တော့မတတ် အရမ်းကို ကြောက်ရွံ့နေမိပေမဲ့လဲ သူ့ကိုသူ တည်ငြိမ်အောင် ထိန်းထားရင် ဣန္ဒြေဆည်ထားလိုက်တယ်။
“ အခု မင်းရဲ့ဓားကို ချလိုက်မယ်ဆိုရင် ငါက မင်းရဲ့အသက်ကို ချမ်းသာပေးမယ်”
“ မလိုဘူး”
ရှယောင်ယွိရဲ့ဓားက ရှေ့ကို တစ်လက်မလောက်ရွှေ့သွားပြီး ဓားစွမ်းအင်က ကျောက်မိသားစုရဲ့ ဘိုးဘေးခန္ဓာကိုယ်ပေါ်မှာ သေးငယ်တဲ့ ဓားဒဏ်ရာတစ်ချက်ကို ဖြတ်ချလိုက်တယ်။ သွေးတွေက ချက်ချင်းပဲ စိမ့်ထွက်လာတယ်။
မြို့သခင်တစ်ယောက်အနေနဲ့ သူမက တခြားသူတွေ ထောက်ပံ့မှုကို အားကိုးပြီး တခြားလူတွေကို ဒုက္ခပေးတတ်တဲ့ ကျောက်မိသားစုလို မိသားစုတွေကို အထူးတလည် မုန်းတီးတယ်။
ဒီနေ့ ရုံယိနဲ့ သူမရဲ့ကလေးတွေကို တကယ်တမ်း ဒီလိုဆက်ဆံရဲတဲ့ ကျောက်မိသားစုကိုဆိုရင်တော့ ထည့်ပြောစရာတောင်မလိုဘူး။
သူမသာ အပြင်လောကကလာတဲ့အသံကို မကြားမိခဲ့ရင် သူတို့ရဲ့တည်ရှိမှုကို မသိခဲ့ရင် နောက်ဘာတွေဆက်ဖြစ်မယ်ဆိုတာ စဉ်းစားလို့တောင်မရနိုင်ဘူး။
ဒီလိုစဉ်းစားလိုက်မိပြီး စူးရှတဲ့ အေးစိမ့်စိမ့်ခံစားချက်တစ်ခုက သူမျက်နှာထဲမှာပေါ်လာတော့တယ်။
“ ကျွန်မအထင်တော့ ရှင်က ဆက်ပြီး အသက်မရှင်ချင်တော့ဘူးနဲ့ ထင်တယ်”
ကျောက်မိသားစုရဲ့ဘိုးဘေးမှာ အရမ်းကိုနာကျင်မိတဲ့အတွက် တုန်တုန်ယင်ယင် ဖြစ်ချင်သွားတော့တယ်။ သူက မျက်လုံးတွေကို မှိတ်လိုက်ပြီး ကြောက်မက်ဖွယ်ဖြစ်အောင် အော်ဟစ်လိုက်တယ်။
“ ငါကသာ မင်းကို တစ်ချက်ရိုက်လိုက်ရင် မင်းတို့အားလုံး သေသွားမယ်ဆိုတာ သိရဲ့လား”
“ ကျောက်မိသားစုရဲ့ဘိုးဘေးကြီး၊ ခင်ဗျားက ဝိညာဉ်ရတနာကို ငှားရမ်းပြီး ခင်ဗျားရဲ့ အုတ်မြစ်တည် ကျင့်ကြံခြင့်အဆင့်ကို မဟာယနတစ်ယောက်လို ဟန်ဆောင်ပြီး ရှကျန့်မြို့မှာ မရေမတွတ်နိုင်တဲ့ ဒုစရိုက်အမှုတွေကို ကျူးလွန်ထားတာပဲ”
ချီမင်က ရှေ့ကိုနှစ်လှမ်းတက်လာပြီး သူ့အသံထဲမှာ ဝမ့်ကျန့်ဂိုဏ်းချုပ်တစ်ယောက်ရဲ့ ထည်ဝါမှုနဲ့ တည်ကြည်မှုအပြည့် ဖြစ်နေတယ်။
“ ဘာပြစ်မှုအတွက် ခင်ဗျားကို ဘယ်လိုအပြစ်ပေးသင့်သလဲ”
ချီမင်ရဲ့စကားကိုကြားလိုက်ရပြီးတဲ့နောက်မှာ စူးလီက တအံတဩနဲ့ မျက်တောင်ခတ်မိသွားတယ်။
[ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက ဘယ်တုန်းက အဲလောက် ဉာဏ်ကောင်းသွားတာလဲ။ ကျောက်မိသားစု ဘိုးဘေးကြီးက တစ်ခုခုမူမမှန်တာကို သူက တကယ်ပဲမြင်ခဲ့သတဲ့]
[ ငါရောက်လာပြီး ငါက ဝမ့်ကျန့်ဂိုဏ်းချုပ်တစ်ယောက် တကယ်ပဲလုပ်နိုင်တယ်။ ဒါက အရမ်းကို တုံးအလွန်းလို့ ငွေနဲ့လိင်မှုကိစ္စကိုတောင်မှ လှည့်စားခံလိုက်ရတဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးပဲ၊ သူကများ တခြားသူတွေကို ဆက်ဆံရေးအတွက် ကူချင်သတဲ့]
[ သူက ဘယ်လိုလုပ်ပြီး လေးစားဖို့ကောင်းနေရသလား]
ချီမင်ရဲ့မျက်နှာပေါ်က ခြိမ်းခြောက်နေတဲ့အမူအရာက ရုတ်တရက်ဆိုသလို ရှုံ့မဲ့သွားတော့တယ်။ ဒါက ကောင်းကင်ကလာတဲ့အသံရဲ့စိတ်ထဲမှာ သူရဲ့အမြင်ပေါ့လေ။
သူကတကယ်ပဲ အဲလောက်လဲမဟုတ်...
ထားလိုက်ပါတော့လေ၊ ကောင်းကင်ကလာတဲ့အသံက သူ့ကိုမှတ်မိနေတာပဲ သူ့ဂုဏ်တက်စရာ ဖြစ်နေပြီ။
အပြင်ကလာတဲ့အသံကြောင့်သာ မဟုတ်ရင် ဝမ့်ကျန့်ဂိုဏ်းတောင်ခြေက အဲဒီလူလိမ်က သိုလှောင်ရုံအကြီးအကဲရဲ့ အိုစာမင်းစာကို လိမ်လည်သွားပြီး မြို့သခင်ရှကလဲ....
သူက ကျောက်မိသားစုဘိုးဘေးရဲ့ လည်ပင်းကို ဓားနဲ့ထောက်ထားတဲ့ ရှယောင်ယွိကို ကြည့်လိုက်ပြီး ကြိတ်ပြီးသက်ပြင်းချလိုက်တယ်။ မြို့သခင်ရှက လူဆိုးတွေရဲ့လက်ထဲမှာသေသွားနိုင်ပြီး မြို့သခင်ရှရဲ့ ကလေးနှစ်ယောက်ကလဲ...
ကျောက်မိသားစုထဲက ဘယ်သူကမှ အပြင်ကလာတဲ့အသံကို မကြားနိုင်ကြဘူး။ သူတို့ရဲ့ဘိုးဘေးက မဟာယနပညာရှင်တစ်ယောက်လို့ ဟန်ဆောင်နေတယ်လို့ ချီမင်ပြောလိုက်တဲ့စကားကို ကြားလိုက်တဲ့အခါ သူတို့တွေမှာ အရမ်းကို ဒေါသထွက်သွားပြီး သူတို့ရဲမျက်နှာတွေကလဲ ဖြူဆုတ်သွားတော့တယ်။
“ ခင်ဗျား ဘာပေါက်ကရတွေပြောနေတာလဲ”
သူ့ဘေးမှာ ဒူးထောက်နေတဲ့ ကျောက်မိသားစုခေါင်းဆောင်က ဒေါသတကြီး ထရပ်လိုက်တယ်။
“ ကျုပ်တို့ရဲဘိုးဘေးက မဟာယနပညာရှင်တစ်ယောက် ဖြစ်တယ်ဆိုတာ ရှကျန့်မြို့က လူတိုင်းသိတယ်။ ခင်ဗျားက အတင့်ရဲလို့များ ရုတ်တရက်ကြီး သူ့ကို နာမည်ဖျက်ရဲရသလား”
“ ကျုပ်အထင်တော့ ခင်ဗျားက ဆက်ပြီး အသက်မရှင်ချင်တော့ဘူး ထင်တယ်”
သူက အဲလိုပြောလိုက်ပြီး သူ့ခေါင်းကိုလှည့်ကာ ကျောက်မိသားစုရဲ့ဘိုးဘေးကို ကြည့်လိုက်ပြီး သူ့မျက်လုံးတွေထဲမှာတော့ တစ်ဖက်သတ် လေးစားအားကျမှုအပြည့်ပဲ။
“ ဘိုးဘေးကြီး၊ ဘိုးဘေးကြီးက တခြားသူတွေအပေါ် ကြင်နာသနားပြီ သတ်ဖြတ်ရတာ မကြိုက်ဘူးဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမဲ့ ဒါတွေက သူတို့ရဲ့အမှားလေ”
“ ဒီလိုဆက်သွားပါ၊ ဒီလိုပဲလုပ်လိုက်ပါ”
ကျောက်မိသားစုရဲ့ဘိုးဘေးကြီးက သူ့ကို မီးပုံပေါ်တင်နေတဲ့ ကျောက်မိသားစု ခေါင်းဆောင်ရဲ့စကားကို နားထောင်လိုက်ပြီး သူ့မှာ အင်မတန်မှ ဒေါသဖြစ်သွားတဲ့အတွက် စိတ်ထဲမှာ ကျောက်မိသားစုခေါင်းဆောင်ကို အရူးလို့ပဲ ဆက်တိုက် အော်ဟစ်နေရတော့တယ်။
သူသာ ဒီမိန်းမကို နိုင်ရင် ဘာဖြစ်လို့ မလှုပ်ရှားသေးဘဲ နေမှာလဲ။
အခုတော့ သူ့မှာ ရုတ်တရက် နည်းနည်းလေး နောင်တရမိတယ်။ သူက မဟာယနပညာရှင်တစ်ယောက်လို ဟန်ဆောင်နေတယ်ဆိုတဲ့အချက်ကို လျှို့ဝှက်ချက်တစ်ခုအနေနဲ့ အရမ်းကို တင်းတင်းကြပ်ကြပ် မထားရှိခဲ့သင့်တာပဲ။ အခုတော့ သူနဲ့ ပူးပေါင်းဆောင်ရွက်ပေးမဲ့ ကျောက်မိသားစုဝင် တစ်ယောက်မှ ရှိမနေဘူး။
“ ကျုပ်က အပြင်းအထန်ဒဏ်ရာရထားတာကို မင်းတို့ သိနေတဲ့ပုံပဲ “
သူက ခေါင်းကို လှည့်လိုက်ပြီး ဇာတ်လမ်းတစ်ပုဒ် ထွင်လိုက်တယ်။
“ အခု ကျုပ်က အပြင်းအထန် ဒဏ်ရာရထားလို့ ကျုပ်ရဲ့ဝိညာဉ်စွမ်းအင်တွေကို မသုံးနိုင်ဘူး”
“ဒါပေမဲ့ မင်းတို့တွေ ဒီထက်လွန်လာမယ်ဆိုရင်တော့ မင်းတို့အားလုံးကို ငါ့ရဲ့ဓားနဲ့ သတ်ဖို့ ငါက ထပ်ပြီးဒဏ်ရာရလဲ စွန့်စားလိမ့်မယ်”
ဒီအချိန်မှာပဲ ကျောက်မိသားစုဘိုးဘေးက သက်ပြင်းချလိုက်တယ်။
“ ကျုပ်က ကျုပ်တို့နှစ်ယောက်လုံး ထိခိုက်ဒဏ်ရာရမှာကို မလိုချင်လို့ပါ။ ကျုပ်က ဒီတစ်ကြိမ်တော့ ခင်ဗျားကို ခွင့်လွှတ်ပြီး...”
ရှယောင်ယွိက သူ့ရဲ့ပေါက်ကရတွေကို ဆက်ပြီး နားမထောင်ချင်တော့တဲ့အတွက် သူမရဲ့လက်ထဲကဓားနဲ့ အညှာအတာမဲ့စွာ သူ့ကို ရိုက်ချလိုက်တော့တယ်။
လျှပ်တပြက်အတွင်းမှာပဲ ကျောက်မိသားစုခေါင်းဆောင်က လျှပ်စီးလိုအရှိန်နဲ့ ဒူးထောက်ချပြီး ပြောလိုက်တော့တယ်။
“ နတ်သမီး ကျွန်တော်အသက်ကို ချမ်းသာပေးပါ”
သူက မျက်နှာပေါ်မှာ နောင်တရနေတဲ့အမူအရာတစ်ခုနဲ့ လက်တွေကို မြှောက်ထားလိုက်တယ်။ ခုနတုန်းက သူ့မျက်နှာပေါ်မှာရှိခဲ့တဲ့ ဟိတ်ဟန်တွေအားလုံးက အရိပ်ယောင်တစ်ခုမှ မကျန်ခဲ့ဘူး။ သူက မြေကြီးပေါ်မှာ ဝမ်းလျားမှောက်ချလိုက်ပြီး သူ့အမှားကို ဝန်ခံလေတော့တယ်။
“ ကျွန်တော်က လောဘကြောင့် မျက်စိကန်းခဲ့ရပြီး မဟာယနပညာရှင် တစ်ယောက်လို ဟန်ဆောင်ဖို့ စဉ်းစားခဲ့မိပါတယ်၊ ကျွန်တော် မှားပါပြီ”
ကျောက်မိသားစုဝင်အားလုံးက ငြိမ်ငြိမ်လေး ရပ်မိသွားပြီး သူတို့ကြားလိုက်တဲ့စကားကို မယုံနိုင်အောင်ဖြစ်သွားတယ်။
ဘိုးဘေးကြီးက... မဟာယနပညာရှင်တစ်ယောက် မဟုတ်ဘူးတဲ့လား။
...