← Chapters

အခန်း ၈၀

Vol. 6 Ch. 80

အခန်း ၈၀

Vol. 6 Ch. 80

အပိုင်း(၈၀)

စူးလီက ပိုင်ကျစ်ယွင်ကို မြင်လိုက်တဲ့အခါ အခိုက်အတန့်အံ့ဩသွားပြီး သူမရဲ့ မျက်လုံးတွေက သူမကိုယ်တိုင် သတိမထားမိလိုက်တဲ့အချိန်မှာပဲ နူးညံ့သိမ်မွေ့သွားခဲ့တယ်။

သူမက ရှန်ချန်းဟန်ရဲ့ခေါင်းကို ပွတ်သပ်ပေးနေတဲ့ညာဘက်လက်ကို ချလိုက်ပြီး အသစ်ရောက်လာသူကို အေးအေးဆေးဆေး လက်ရမ်းပြလိုက်တယ်။

“ နင် ဘာလို့အဲဒီမှာရပ်နေတာလဲ၊ ငါ့ကိုလာတွေ့တာလား”

“ ချန်ပေ့”

စူးလီရဲ့အသံကို ကြားလိုက်ပြီးတဲ့နောက်မှာ ပိုင်ကျစ်ယွင်က သူမရဲ့အတွေးအားလုံးကို ရုတ်တရက် ဘေးချိတ်ထားလိုက်တော့တယ်။

ဝိညာဉ်စွမ်းအင်တွေက သူမရဲ့ခြေထောက်အောက်မှာ စုစည်းသွားပြီး သူမက စူးလီဆီကို မြန်မြန်ပြေးလာပြီး မျက်စိတမှိတ်အတွင်းမှာပဲ သူမရဲ့ရှေ့ကိုရောက်ခဲ့တယ်။

ဒီရင်းနှီးလှတဲ့ပုံရိပ်လေးကို ကြည့်လိုက်ပြီးတဲ့အခါ ပိုင်ကျစ်ယွင်ရဲ့မျက်လုံးထဲမှာ မျက်ရည်တွေ ဝေ့တက်လာလာခဲ့တယ်။ သူမက မျက်တောင်လေးကိုခတ်လိုက်ပြီး သူမရဲ့မျက်လုံးထဲက မျက်ရည်တွေကို ကြိုးစားဖယ်ရှားလိုက်ပေမဲ့လည်း လုံးဝထိရောက်မှု မရှိခဲ့ဘူး။

သူမက တဟင့်ဟင့် ငိုရှိုက်လိုက်ပြီး သူမရဲ့မျက်နှာပေါ်မှာ ရွှမ့်ချန်ဂိုဏ်း ဧည့်အကြီးအကဲ့ရဲ့ အေးစက်ပြီး ထည်ဝါနေတဲ့အရိပ်အယောင်တွေ မကျန်ရစ်တော့ဘူး။ သူမက စူးလီအပေါ် မှီခိုအားထားယုံကြည်ပြီး လေးစားတဲ့ပိုင်ကျစ်ယွင်တစ်ယောက် ပြန်ဖြစ်သွားတယ်။

“ချန်ပေ့” သူမရဲ့အသံလေးက ငိုသံလေးအနည်းငယ်စွတ်နေတယ်။

“ ကျွန်မ ချန်ပေ့ကို သိပ်သတိရနေတာ”

စူးလီက သူမရဲ့မျက်ရည်ဝဲနေတဲ့အသွင်လေးကို ကြည့်လိုက်ပြီး မတတ်သာတော့ဘဲ ဆံပင်လေးကို သပ်ပေးလိုက်တယ်။

“ ငါတို့တွေ မတွေ့ရသေးတာ တစ်လလောက်ပဲရှိပါအုံးမယ်၊ နင်က ဘယ်လိုဖြစ်ပြီး ဆယ်စုနှစ်လောက် ခွဲခွာရသလိုဖြစ်နေတာလဲ”

သူမရဲ့ခေါင်းပေါ်မှာ အထိအတွေ့ကို ခံစားလိုက်ရတဲ့အခါ ပိုင်ကျစ်ယွင်ရဲ့ မျက်လုံးတွေက ရုတ်တရက် လင်းလက်သွားတယ်။ သူမက ခြေဖျားထောက်လိုက်ပြီး စူးလီရဲ့လက်ကို သူမရဲ့ခေါင်းလေးနဲ့ သွားထိလိုက်တယ်။ သူမက မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ရင်း သူမရဲ့အသံကလည်း ငိုသံကြောင့်တိမ်ဝင်နေရာကနေ လိမ္မာပြီး ပျော်ရွှင်သွားတဲ့အသံလေး ဖြစ်သွားတယ်။

“ ချန်ပေ့၊ ကျွန်မက ချန်ပေ့နဲ့မတွေ့ရတာ နှစ်ဆယ့်ခြောက်ရက် ပြည့်သွားပြီးလေ”

စူးလီးက သူမရဲ့ခေါင်းပေါ်ကလက်ကို ဖယ်လိုက်ပြီး သူမရဲ့မရှိသလောက်သေးငယ်တဲ့ လူမှုဆက်ဆံရေးစည်းမျဉ်းကို ခေါက်ထားလိုက်ကာ သူမရဲ့ညာဘက်လက်ကို ဖြည်းဖြည်းချင်း ဆန့်လိုက်တယ်။

“ငါတို့‌တွေ အချိန်အကြာကြီးနေမှ ပြန်တွေ့ကြတာဆိုတော့ င့ါကို ဖက်ပေးလို့ရမလား” သူမ စကားဆုံးသွားတာနဲ့ ပိုင်ကျစ်ယွင်က ချက်ချင်းကို ခုန်ဝင်လာပြီး သူမရဲ့လက်တွေကို စူးလီရဲ့ခါးပေါ်မှာ သိုင်းဖက်ထားလိုက်တယ်။ သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ပျော်ရွှင်မှုပူဖောင်းလေးတွေနဲ့ ပြည့်သွားသလိုပါပဲ။

ချန်ပေ့က ရွှမ့်ချန်ဂိုဏ်းမှာတုန်းက သူမကို တစ်ခါပဲ ဖက်ခဲ့ဖူးတယ်လေ။ အဲဒီတုန်းကလည်း သူမတို့နှစ်ယောက် ခွဲခွာရမဲ့အချိန် ဖြစ်နေလို့ပေါ့။

ဒီလိုပြန်စဉ်းစားလိုက်ပြီး ပိုင်ကျစ်ယွင်က နောက်ကျမှ မျက်တောင်ခတ်မိတယ်။ ချန်ပေ့က အများကြီး ပြောင်းလဲသွားသလိုပဲ။

အရင်တုန်းကတော့ သူမက သူမရဲ့ချန်ပေ့နဲ့ ဆက်ဆံလာခဲ့တဲ့အခါ သူမရဲ့ချန်ပေ့က သူစိမ်းဆန်တတ်ပြီး အားလုံးနဲ့လည်း လိုက်လျောညီထွေမှုမရှိဘူးလို့ အမြဲတမ်း ခံစားမိခဲ့တယ်။

ချန်ပေ့မှာလည်း သူ့ကိုယ်ပိုင်ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေ ရှိတယ်။ ပျော်စရာကောင်းတဲ့ကိစ္စတွေကို ဝင်ပါရတာကြိုက်ပြီး ဝိညာဉ်စွမ်းအင် အစားအသောက်တွေကို စားသောက်ရတာကြိုက်တယ်။ သူမရဲ့ချန်ပေ့က ဒီဟာတွေကို လုပ်ရတာကြိုက်တယ်။ ဒါပေမဲ့ သူက ဒီကိစ္စတွေအပေါ်မှာ စိတ်ခံစားချက်ကြီး မထားတတ်သလို အချိန်မရွေး ရုပ်သိမ်းနိုင်တယ်ဆိုတာကိုလည်း သူမ ခန့်မှန်းမိနိုင်တယ်။

ဒါပေမဲ့အခုကျတော့ ချန်ပေ့ဆီက ဒီလိုသီးခြားဆန်တဲ့ခံစားမှုမျိုးက အများကြီး ပိုနည်းသွားသလိုပဲ။

စူးလီကတော့ သူမဘာတွေ စဉ်းစားနေမှန်းမသိပါဘူး။ သူမက သူမရဲ့ရင်ခွင်ထဲက ပိုင်ကျစ်ယွင်ကို ကြည့်လိုက်ပြီး အနေခက်သွားသလို မျက်မှောင်ကြုတ်မိတယ်။ သူမရဲ့ရင်ခွင်ထဲက လူရဲ့မှီခိုအားထားစိတ်ကို ခံစားမိလိုက်တဲ့အခါ သူမက ကြိတ်ပြီးသက်ပြင်းချလိုက်ကာ သူမရဲ့ညာဘက်လက်လေးနဲ့ ဝတ်ကျေတန်ကျေ သူမရဲ့ကျောပြင်လေးကို နှစ်ချက်လောက် ပွတ်ပေးလိုက်တယ်။ အဲဒီနောက်မှာတော့ သူမက ပိုင်ကျစ်ယွင်ကို ရင်ခွင်ထဲကနေ မြန်မြန်ထုတ်လိုက်တယ်။ ပိုင်ကျစ်ယွင်ရဲ့ စိတ်ရှုပ်သွားတဲ့ရုပ်လေးကို ကြည့်လိုက်ပြီး စူးလီက သူမရဲ့နှာခေါင်းဖျားကို ထိလိုက်ကာ သူမရဲ့ဘေးမှာရပ်နေတဲ့ ရှန်ချန်းဟန်ကို လှည့်လိုက်လိုက်ပြီး ဘာမှမဖြစ်ခဲ့သလို မိတ်ဆက်ပေးလိုက်တယ်။

“ ဒါက ဝမ့်ကျန့်ဂိုဏ်းက တပည့်ရှန်ချန်းဟန်တဲ့”

ပိုင်ကျစ်ယွင်က နောက်ဆုံးတော့ စူးလီက ခေါင်းလေးကို ထိပေးလိုက်တဲ့ ရှန်ချန်းဟန်ကို လှည့်ကြည့်လိုက်တယ်။ သူမက နှုတ်ခမ်းလေးကို တင်းထားလိုက်ပြီး ရုတ်တရက် သူမရဲ့စိတ်ထဲမှာ ရှင်းမပြတတ်တဲ့ ရုန်းရင်ဆန်ခတ်တဲ့ ခံစားချက်တစ်ခု ထိုးထွက်လာတယ်။

ဒါပေမဲ့လည်း သူမရဲ့စိတ်ထဲမှာ ဘာကိုပဲတွေးနေပါစေ ရှန်ချန်းဟန်ကိုတော့ ခေါင်းညိတ်ပြလိုက်‌သေးတယ်။ သူမရဲ့အသံက ရင်းနှီးနေတဲ့ ဟန်မပေါ်ပေမဲ့လည်း သိမ်မွေ့နေသေးတယ်။

“ ညီမလေးချန်းဟန်”

စူးလီက ပိုင်ကျစ်ယွင်ရဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ အပြုံးတစ်ခုနဲ့ ပြန်လှည့်လာပြီး ရှန်ချန်းဟန်ကို ပြောလိုက်တယ်။

“ ဒါက ရွှင့်ချန်ဂိုဏ်းရဲ့ ဧည့်အကြီးအကဲပိုင်ကျစ်ယွင်တဲ့”

ရှန်ချန်းဟန်က စူးလီနဲ့ ပိုင်ကျစ်ယွင်တို့ ရင်းနှီးနေတာကို ကြည့်လိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ ကိုယ်တိုင်တောင် သတိမထားမိတဲ့ အားကျစိတ်တစ်ခု ဖြစ်သွားတယ်။

ဒါက ချန်ပေ့က ပိုပြီးရင်းနှီးတဲ့လူတွေရှေ့မှာ ပြုမူတဲ့ပုံစံလား။

ဒီအခိုက်အတန့်မှာပဲ ပူလောင်သွားတဲ့ အတွေးတစ်ခုက သူမရဲ့ရင်ထဲမှာ ထိုးတက်လာတယ်။ သူမကလည်း ချန်ပေ့က အသိအမှတ်ပြုပြီး ဂရုစိုက်ရတဲ့လူတစ်ယောက် ဖြစ်လာအောင် ကြိုးစားချင်တယ်။ ဒီလူထက် ပိုပြီးတော့ရင်းနှီးတဲ့သူ ဖြစ်လာချင်တယ်။

စူးလီ မိတ်ဆက်ပေးတဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူမက အတွေးတွေကို ဘေးဖယ်ထားလိုက်ပြီး ပိုင်ကျစ်ယွင်ကို ဦးညွှတ်နှုတ်ဆက်လိုက်တယ်။

“ အကြီးအကဲပိုင်”

သူတို့နှစ်ယောက်စလုံးက ယဉ်ယဉ်ကျေးကျေးနဲ့ အပြန်အလှန် ကြည့်လိုက်ကြပြီး တပြိုင်တည်း အကြည့်လွှဲလိုက်ကြတယ်။ စူးလီရဲ့အကျင့်စရိုက်က သိပ်ပြီးတော့သတိမထားတတ်တဲ့သူ ဖြစ်ပေမဲ့လည်း ပိုင်ကျစ်ယွင်နဲ့ရှန်ချန်းဟန်တို့ တည့်ရှုနေပုံကို မြင်လိုက်ရပြီး သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုလွဲနေတဲ့ပုံ ဖြစ်နေတာကိုလည်း သတိထားမိလိုက်တယ်။

စူးလီက လည်ချောင်း ရှင်းလိုက်ပြီး ပိုင်ကျစ်ယွင်ကို စကားလမ်းကြောင်းလွှဲလိုက်တယ်။

“ရွှင့်ချန်းဂိုဏ်က ကိစ္စတွေကို ရှင်းလင်းလို့ပြီးသွားပြီးလား”

“ မဟုတ်ရင်တော့ ရွှင့်ချန်ဂိုဏ်းချုပ်က နင့်ကို လာခွင့်ပေးဖို့ဆန္ဒရှိမှာ မဟုတ်ဘူးမလား”

သူမရဲ့မေးခွန်းကို ကြားလိုက်ရပြီးတဲ့နာက်မှာ ပိုင်ကျစ်ယွင်က လုကျင်ဟွိုင်းအတွက် ဖုံး‌ကွယ်ပေးဖို့ တစ်စက်ကလေးမှ ရည်ရွယ်ချက်မပါဘဲ စဉ်းစားမနေဘဲ ပြန်ဖြေလိုက်တယ်။

“ ဂိုဏ်းချုပ်ကြီးက ပြောတယ်လေ သူက ဂိုဏ်းချုပ်ကြီးချီနဲ့ တစ်ခွက်လောက်သောက်ချင်လို့တဲ့၊ ပြီးတော့ စကားလေးလည်း ပြောချင်တယ်တဲ့၊ ဒါကြောင့် ကျွန်မက ကျွန်မကိုခေါ်လာပေးဖို့ သူ့ကိုတောင်းဆိုခဲ့တာ”

လုကျင်းဟွိုင်က ဂိုဏ်းရဲ့သက်ရှိရတနာလေး ရွှမ်းလင်တောင်ထွတ်ကို တစ်ယောက်တည်း လာတာကို စိုးရိမ်တယ်လေ။ ဒီတော့သူက ချီမင်က သူ့ကိုလက်ခံဖို့ မကြိုးစားပေမဲ့လည်း ရွှမ်းလင်တောင်ကို အပြေးပြန်လာရတော့တာပေါ့။

သူ့မှာ ခြေတစ်လှမ်းပြည့်အောင်တောင် မလှမ်းရသေခင်မှာ ပိုင်ကျစ်ယွင်ရဲ့ တဲ့တိုးဆန်တဲ့အဖြေကို ကြားလိုက်ရပြီး ခလုတ်တိုက်သွားတော့တယ်။ သူ့ဘေးက ချီမင်ကလည်း ဒီစကားကိုကြားလိုက်ပြီး ထူးဆန်းတဲ့ မျက်နှာအမူအရာတစ်ခုနဲ့ လုကျင်ဟွိုင်ကို ကြည့်လိုက်တယ်။

“ ဂိုဏ်းချုပ်ကြီးလုက ကျုပ်နဲ့တွေ့ချင်တယ်ဆိုတဲ့ကိစ္စက အဲလောက်တောင် အရေးကြီးနေသလား”

လုကျင်ဟွိုင်းက ငိုတာထက်ကို ပိုပြီးအကျည်းတန်သွားတဲ့သူ့ရဲ့ရုပ်လေးကို အတင်း ပြုံးယူထားလိုက်ရတယ်။

“ဂိုဏ်းချုပ်ကြီးချီနဲ့ လက်ဖက်ရည်လေးတစ်ခွက်လောက် သောက်တာပဲ၊ ဒါကဘယ်လိုဖြစ်ပြီး အရေးကြီးတဲ့ကိစ္စ မဟုတ်ဘူးလို့ စဉ်းစားနိုင်မှာလဲ”

သူက စိတ်ထဲမှာ ကြိတ်ပြီးသက်ပြင်းချလိုက်တယ်။ အကြီးအကဲပိုင်ကတော့ အရင်ကတည်းကတိုင်းပါပဲ။ အမြဲတမ်း‌တဲ့တိုးဆန်ပြီး ဖြူစင်လွန်းလှတယ်။

ဒီနေ့ သူက ဝမ့်ကျန့်ဂိုဏ်းကို လာရတဲ့အကြောင်းအရင်းကတော့ ကောင်းကင်ကလာတဲ့အသံ အဘွားကြီးကြောင့်ဆိုတာ အမှန်ပါပဲ။

အပြင်လောကကလာတဲ့အသံက ရွှင့်ချန်ဂိုဏ်းမှာ နှစ်ဆယ်ခြောက်ရက်တိတိ ဝေးကွာနေပြီလေ။

ဒီနှစ်ဆယ့်ခြောက်ရက်အတွင်းမှာ သူ ဘယ်လို အချိန်ကုန်ဆုံးခဲ့ရတယ်ဆိုတာ သိရဲ့လား။ ရွှင့်ချန်ဂိုဏ်းက အကြီးအကဲတွေ ဒီနှစ်ဆယ့်ခြောက်ရက်မှာ ဘယ်လိုကုန်ဆုံးခဲ့ရတယ်ဆိုတာကို သိရဲ့လား။

အပြင်လောကကလာတဲ့အသံကို မြူဆွယ်ဖို့..အဲလေ... ဆွဲဆောင်ထားဖို့ တပည့်တွေ တော်တော်များများက သူတို့တွေကို ရူးသွားပြီးလို့တောင် ထင်နေကြတာ။

ဒီလိုစဉ်းစားလိုက်မိတော့ လုကျင်းဟွိုင်ရဲ့မျက်နှာပေါ်မှာ လွမ်းဆွေးဖွယ်အရိပ်လေး ပြည့်နှက်သွားတော့တယ်။

အပြင်လောကကလာတဲ့အသံကို နောက်ဆုံးကြားလိုက်တဲ့အချိန်တုန်းက မင်နဲ့ ရွှီမိသားစုရဲ့ မျိုးဆက်လေးတွေ တာအိုမင်္ဂလာပွဲအခမ်းအနား လုပ်တုန်းကပေါ့။

အဲဒီတုန်းက အပြင်ကလာတဲ့အသံက ဘယ်လောက်တောင် ဉာဏ်ပညာရှိပြီး အစွမ်းရှိသလဲဆိုတာကို သူ့နားနဲ့ဆက်ဆက် ကြားခဲ့ရတာလေ။ အဲဒီအသံက ရွှီဝမ်ရဲ့ပူးပေါင်လုပ်ကြံမှုကိုဖော်ထုတ်လိုက်တဲ့အပြင် မင်မိသားစုအတွက် အဖိုးမဖြတ်နိုင်တဲ့ ရွှီမော့ကိုလည်းပဲ ရှာပေးခဲ့တယ်။

ကောင်းကင်ကလာတဲ့အသံက မင်မိသားစုဘိုးဘေးက တစ်စုံတစ်ယောက်ရဲ့ လှည့်စားတာကို ခံခဲ့ရတာကို ဖော်ထုတ်ပေးခဲ့ပြီး တဆက်တည်းမှာပဲ အလိမ်ခံခဲ့ရတဲ့ ပုဂ္ဂိုလ်ထူး တော်တော်များများကိုလည်း တွေ့လိုက်ရတယ်။

ရွှင့်ချန်ဂိုဏ်းမှာ ဒီအကြောင်းကို ကြားလိုက်ကြတဲ့အခါ သူ့မျက်လုံးတွေက မနာလိုရိပ်နဲ့ နီရဲသွားတော့တာပဲ။

အခုတော့ ရွှင့်ချန်းဂိုဏ်းမှာ သူစုံစမ်းစစ်ဆေးလို့ မရတဲ့ပြဿနာတွေ ရှိနေတယ်လို့ အမြဲတမ်းပဲ ခံစားမိတယ်လေ။ တကယ်လို့များပေါ့.... တကယ်လို့များ အပြင်လောကကလာတဲ့အသံက ရွှင့်ချန်ဂိုဏ်းမှာ ရှိနေအုံးမယ်ဆိုရင် သူ‌တော့ ဘယ်လောက်များ‌ ပျော်နေမိမလဲဆို‌တာ စဉ်းတောင် မစဉ်းစားရဲတော့ဘူး။

ဝမ့်ကျန့်ဂိုဏ်းရဲ့ လတ်တလော လှုပ်ရှားမှုတွေကို သိလိုက်ရပြီးတဲ့နောက်မှာ အပြင်လောကကလာတဲ့အသံအတွက် သူ့ရဲ့လေးစားမှု၊ အားကျမှုတွေကို ဆက်ပြီး ထိန်းထားမနိုင်တော့ဘဲ အကြီးအကဲပိုင်ကိုခေါ်ပြီး ဝမ့်ကျန့်ဂိုဏ်ကို လာရတော့တာပဲ။

ဒီလိုစဉ်းစားလိုက်မိတော့ လုကျင်းဟွိုင်းရဲ့မျက်နှာပေါ်မှာ ရှက်ရွံ့စိတ်တွေက ပျောက်ကွယ်သွားပြီး မြတ်နိုးဖွယ်အပြုံးတစ်ခုက သူ့နှုတ်ခမ်း‌ထောင့်မှာ ပေါ်ထွက်လာခဲ့တယ်။

သူက မကြာခင်မှာ ကောင်းကင်ကလာတဲ့အသံကို ကြားရတော့မယ်လေ။

ချီမင်ကတော့ မျက်နှာပေါ်မှာ အမူအရာတစ်ခုကို ကြည့်ပြီး တောင့်တောင့်ကြီးနောက်ကို တစ်လှမ်းဆုတ်မိသွားတယ်။ သူတို့အချင်းချင်း မတွေ့ရသေးတာ ရက်ပိုင်းလောက်ပဲရှိသေးတာပဲ။ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက ရူးသွားတယ်ဆိုတဲ့ခံစားချက်မျိုး ဘယ်လိုဖြစ်ပြီး ခံစားနေမိတာပါလိမ့်။

အဲဒီနောက်မှာတော့ သူက ချောင်းဟန့်လိုက်ပြီး ရွှင့်ချန်းဂိုဏ်းချုပ်နဲ့ သူ့ရဲ့နောက်လိုက်တပည့်တွေ ရှန်ချန်းဟန်နဲ့စူးလီတို့ကို ယွင်ချန်ခန်းမဆီကို ဖိတ်လိုက်တယ်။

ယွင်ချန်ခန်းမထဲမှာ။

ဝမ့်ကျန့်ဂိုဏ်းချုပ် ချီမင်က ထိပ်ဆုံးနေရာက အဓိကထိုင်ခုံမှာ နေရာယူလိုက်တယ်။ သူရဲ့ဘယ်ဘက်မှာတော့ ရွှင့်ချန်ဂိုဏ်းကလူတွေ ထိုင်လိုက်တယ်။ သူ့ရဲ့ညာဘက်မှာတော့ ဝမ့်ကျန့်ဂိုဏ်းရဲ့အကြီးအကဲ‌တွေနဲ့ တောင်ထွတ်သခင်၊ စူးလီဆီကနေ မခွာချင်ဘဲတွယ်ကပ်နေတဲ့ ပိုင်ကျစ်ယွင်တို့က ထိုင်နေတယ်။

ချီမင်က သူ့လက်ထဲက ယမကာခွက်ကို လုကျင်းဟွိုင်ဘက် မြှောက်ပြလိုက်ပြီး အဝေးတစ်နေရာက လှမ်းပြောလိုက်တယ်။

“ ဂိုဏ်းချုပ်ကြီးလုက ရှားပါးဧည့်သည်တစ်ယောက်ပဲ၊ သူက ဒီနေ့ ဒီကို ရောက်လာပြီဆိုတော့ ကျုပ်တို့တွေက စိတ်ကျေနပ်တဲ့ထိ သောက်မှဖြစ်မယ်”

လုကျင်းဟွိုင်ကလည်း သူ့လက်ထဲက ယမကာခွက်ကို မြှောက်လိုက်ပြီး အပြုံးတစ်ခုနဲ့ ပြန်ဖြေလိုက်တယ်။

“ အမှန်ပဲ”

စူးလီကတော့ သူတို့ရဲ့ယဉ်ကျေးပျူငှာတဲ့စကားတွေကို နားထောင်ရတာ အရမ်းကို ပျင်းရိနေလှပါပြီ။ ဒါကြောင့် သူမက ခေါင်းကိုငုံထားလိုက်ပြီး တစ်ခုခုစားဖို့ပြင်လိုက်တယ်။

ဒီအချိန်မှာပဲ ဘယ်ဘက်က ပိုင်ကျစ်ယွင်က အခွံခွာထားပြီးသား ဝိညာဉ်သစ်သီး တစ်ပန်းကန်ကို သူမဆီ လက်လှမ်းပေးလိုက်ပြီး ညာဘက်မှာရှိနေတဲ့ ရှန်ချန်းဟန်က လတ်လတ်ဆတ်ဆတ် လှီးဖြတ်ထားတဲ့ အသားကင်တစ်ပန်းကန်ကို လှမ်းပေးလာတယ်။

သူမက တပြိုင်တည်းနီးပါး သူမရှေ့မှာပေါ်လာတဲ့ ပန်းကန်နှစ်ချပ်ကို ကြည့်လိုက်ပြီး နှစ်ဘက်စလုံးဆီက မီးတောက်နေတဲ့အကြည့်တွေကို ခံစားမိလိုက်တယ်။ သူမက ခဏလောက် မြှောက်ထားတဲ့လက်ကို ဖြည်းဖြည်းချင်း ပြန်ချလိုက်တော့တယ်။

အခုကျတော့ သူမက နည်းနည်းလောက် စားချင်စိတ် ဖြစ်ပေါ်နေတယ်လို့ မခံစားမိဘူးပဲ။

ဒီကာလအတွင်းမှာပဲ ခန်းမထဲက ရင်းနှီးဖော်ရွေးပျုငှာတဲ့ အငွေ့အသက်က အမှတ်တမဲ့ ရှုပ်ထွေးသွားခဲ့တယ်။

ချီမင်က မျက်နှာပေါ်မှာ ထိန်းချုပ်ထားတဲ့ အရိပ်အယောင်တစ်ခုနဲ့ ချီးမွှမ်းပြောဆိုလိုက်တယ်။

“ ဝမ့်ကျန့်ဂိုဏ်းက အခုတလော အရမ်းအလုပ်များနေတာလေ၊ ဂိုဏ်းချုပ်ကြီးလုလို အားနေတာ မဟုတ်ဘူးဆိုတော့၊ အဲလိုမှ မဟုတ်ဘူးဆိုရင် ကျုပ်က အစောကြီးကတည်းက ဂိုဏ်းချုပ်ကြီးလုဆီ လာပြီး တစ်ခွက်လောက်သောက်ပါတယ်။ ဂိုဏ်းချုပ်ကြီးက လူကိုယ်တိုင် လာနေစရာ မလိုတော့ဘူးပေါ့”

လုကျင်ဟွိုင်းက နောက်ကွယ်က ကြွားဝါနေတယ်လို့ ထင်နေတဲ့သူ့စကားတွေကို နားထောင်လိုက်ပြီး သူ့ရဲ့အံသွားတွေ ကျိုးမတတ် အားကျမိသွားတယ်။

ဝမ့်ကျန့်ဂိုဏ်းက ဒီကာလအတွင်းမှာ ဘာတွေ အဲလောက် အလုပ်များနေတာပါလိမ့်။

အင်းပေါ့လေ အပြင်လောကကလာတဲ့အသံကြောင့် မဟုတ်လား။

အပြင်လောကလာတဲ့အသံက အခုတလော ဝမ့်ကျန့်ဂိုဏ်းကို အထူးတလည် စိတ်ဝင်စားနေတာလေ။ သူက ဝမ့်ကျန့်ဂိုဏ်းအတွက် ပြဿနာတချို့ကိုတောင်မှ ကူညီဖော်ထုတ်ပေးခဲ့ပြီး ဝမ့်ကျန့်ဂိုဏ်းကိုလည်း ဓားခန္ဓာကိုယ်ရှိတဲ့ တပည့်တစ်ယောက်ကိုလည်း ရှာဖွေပေးခဲ့သေးတယ်။

ဒီအကြောင်းကို စဉ်းစားလိုက်မိပြီး သူ့စိတ်ထဲက မနာလိုဝန်တိုစိတ်တွေကို ဖိနှိပ်ထားလိုက်ပြီး ဘာမှမဖြစ်သလို ပြုံးလိုက်ကာ တည်ငြိမ်တဲ့မျက်နှာထားတစ်ခုနဲ့ စကားလမ်း‌ကြောင်း ပြောင်းလိုက်တယ်။

ခန်းမထဲက အပြင်အဆင်တွေကို ကြည့်လိုက်တော့ ဂိုဏ်းချုပ်ကြီးချီက ဒါတွေကို နှစ်ပေါင်းတစ်ရာလောက် မလဲရသေးဘူးပဲ။ ဟုတ်တယ်မလား။

သူက ယမကာခွက်ကို ကောက်ကိုင်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ သောက်လိုက်တယ်။

“ ဂိုဏ်းချုပ်ကြီး ချီက ပြီးခဲ့တဲ့ နှစ်တစ်ရာလုံးလုံး အရမ်းကို အလုပ်များလာခဲ့တာ ခင်ဗျား ကောင်းကောင်းလေးအနားယူဖို့ လိုသေးတယ်နော်”

သူရဲ့ထေ့လုံးတွေကို ကြားလိုက်ရပြီးတဲ့နောက်မှာ ချီမင်က ကြိတ်ပြီးတော့ အံကြိတ်ထားလိုက်မိတယ်။ သူက ခန်းမကို ပြင်ဖို့ အရမ်း အလုပ်များနေသတဲ့လား။ သူ့မှာ ဒါတွေကိုလဲလှယ်ဖို့ ဝိညာဉ်ကျောက်တုံး တစ်ခုမှ မှမရှိဘဲ။ ဘယ်ဂိုဏ်းကရော ရွှင့်ချန်းဂိုဏ်းလောက် ချမ်းသာကြွယ်ဝပြီး အာဏာရှိလို့လဲ။

ဒါပေမဲ့ ကောင်းကင်ကလာတဲ့အသံကို သတိရလိုက်ပြီးတဲ့အခါ သူက မျက်နှာထားကို တည်တည်ငြိမ်ငြိမ်လေး ပြောလိုက်တယ်။ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ အလုပ်များတာက ပုံမှန်ပါပဲ။ ဒီအချိန်မှာတော့ သူ့မျက်လုံးတွေက မျက်စိကျိန်းလောက် လင်းလက်တဲ့အလင်းတစ်ခုနဲ့‌ တောက်ပနေတော့တယ်။

“ နောက်ပြီးတော့ ဝမ့်ကျန့်ဂိုဏ်းက ကောင်းကင်တာအိုရဲ့ အရမ်းကို မျက်နှာပေးအရမ်းကို ခံနေရတာမလား။ ကျုပ်က ဘယ်လိုဖြစ်ပြီး ကောင်းကင်တာအိုရဲ့ချီးမြှောက်မှုကို ဂုဏ်မယူဘဲ နေနိုင်ပါ့မလဲ”

စူးလီက သူ့စကားလုံးတွေကို ကြားလိုက်တဲ့အခါ အူကြောင်ကြောင်နဲ့ ခေါင်းကိုစောင်းလိုက်မိတယ်။

အမ်။

ငါက ဘယ်သူ့ကို သဘောကျတာ။

ဝမ့်ကျန့်ဂိုဏ်းတဲ့လား။

ချီမင်ရဲ့ကြွားလုံးကို ကြားလိုက်ပြီးတဲ့နောက်မှာ လုကျင်းဟွိုင်က မျက်နှာပေါ်မှာ ယဉ်ကျေးတဲ့ အပြုအမူတစ်ခုကို ဆက်ပြီး ထိန်းမထားနိုင်တော့ဘူး။ သူကလက်ထဲက ယမကာခွက်ကို ပြန်ချထားလိုက်ပြီး ပြတ်ပြတ်သားသားနဲ့ ပြောလိုက်တယ်။

“ ရွှင့်ချန်းဂိုဏ်းကမှ ကောင်းကင်တာအို ချီးမြှောက်ထားတဲ့ဂိုဏ်းတစ်ခုပဲ”

“ ကောင်းကင်တာအိုက အကြင်နာသနားပြည့်ဝပြီး ခွင့်လွှတ်ပေးတတ်တယ်။ ကောင်းကင်တာအိုရဲ့ အကာအကွယ်အောက်မှာ ရွှင့်ချန်းဂိုဏ်းက ပြဿနာတွေအားလုံးကို ဖြေရှင်းပေးနိုင်ပြီး ဂိုဏ်းကလည်း ပေါများကြွယ်ဝလာနိုင်တာ”

အဲဒီနောက်မှာတော့ စူးလီက ခေါင်းလေးကို စောင်းလိုက်ပြီး ဘာမှနားမလည်နိုင်တဲ့ မျက်နှာထားတစ်ခုနဲ့ လုကျင်းဟွိုင်ကို ကြည့်လိုက်မိတယ်။

အမ်။

ငါက ဘယ်‌တုန်းက ရွှင့်ချန်းဂိုဏ်းကို ကာကွယ်ပေးခဲ့လို့လဲ။

ဒီလူနှစ်ယောက်က ဘာအကြောင်းတွေ ပြောနေကြတာလဲ။

သူမက အမြင်မကြည်နိုင်တဲ့ ခံစားချက်တချို့နဲ့ လုကျင်းဟွိုင်နဲ့ချီမင်တို့ကို လှမ်းကြည့်လိုက်ပြီး အကျင့်ပါနေတဲ့‌အတိုင်း သူမရဲ့လက်ကို စားပွဲပေါ်က အစားအသောက်တစ်ခုဆီ လှမ်းလိုက်မိတယ်။

ဝိညာဉ်စွမ်းအင်သစ်သီးကမ်းပေးလာတဲ့ လက်တစ်ဖက်က ဘယ်ဘက်ခြမ်းကနေ ရုတ်တရက် ထွက်ပေါ်လာပြီး အသီးအခြောက်နဲ့ ကွာစေ့က ညာဘက်ခြမ်းကနေ အားတက်သရော လှမ်းပေးလာတယ်။

စူးလီက သူမရဲဘယ်ဘက်ခြမ်းက တောက်ပနေတဲ့မျက်ဝန်းတွေကို ကြည့်လိုက်ပြီး သူမရဲ့ညာဘက်ခြမ်းက မျှော်လင့်တကြီး မျက်လုံးတွေကို လှည့်ကြည့်လိုက်တယ်။ သူမက သူတို့နှစ်ယောက်စလုံးဆီက အစားအသောက်တွေ ယူလိုက်တယ်ဆိုရင်တောင် သူမက ဘယ်တစ်ခုကို အရင်ဆုံးစားမှာလဲလို့ စောင့်ကြည့်နေတော့မယ်လို့ ခံစားမိနေတယ်။

သူမက တိတ်တိတ်လေး သူမရဲ့လက်ကို ကျောမှီလိုက်ကာ အနားယူနေသလို မျက်လုံးတွေကို မှိတ်ထားလိုက်မိတော့တယ်။

အဲဒီနောက်မှာတော့ သူမက သိစိတ်ပင်လယ်ထဲမှာ ကောင်းကင်စာအုပ်ကို ဖွင့်ကြည့်လိုက်ပြီး ဖရဲသီး စစားတော့တယ်။

[ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးနဲ့ ရွှင့်ချန်းဂိုဏ်းချုပ်ကြီးတို့မှာ ရန်ငြိုးဟောင်းတွေများ ရှိနေသလား။ သူတို့နှစ်ယောက်စလုံးက ဘာဖြစ်လို့များ အရမ်းအရမ်းကို ထူးဆန်းနေသလိုမျိုး ဖြစ်နေတာလဲ]

[ စကားမစပ် ငါကလည်း ရွှင့်ချန်ဂိုဏ်းကို အာရုံမရောက်တာ တော်တော်ကြာသွားတဲ့ပုံပဲ]

အချိန်တော်တော်ကြာအောင် အပြင်လောကကလာတဲ့အသံကို မကြားနိုင်ခဲ့တဲ့ လုကျင်းဟွိုင်းက အပြင်လောကကလာတဲ့အသံကို နားထောင်လိုက်ပြီး သူ့မျက်လုံးတွေထဲမှာ မျက်ရည်တွေ ဝေ့တက်လာတော့တယ်။

အပြင်လောကကလာတဲ့အသံကပြောတယ်။ သူက ရွှင့်ချန်ဂိုဏ်းကို မမေ့ပါဘူးတဲ့။

သူက ချီမင်ကို ကြည့်နေတဲ့ အံ့ဩတဲ့ရုပ်ကို လုံးဝဂရုမစိုက်တော့ဘူး။ သူက သူ့မျက်လုံးတွေကို ဖြည်းဖြည်းချင်း မှိတ်ထားလိုက်ပြီး ကြည်ညိုကိုင်းရှိုင်းလုနီးပါး နားထောင်နေလိုက်တယ်။

အဲဒီနောက်မှာတော့ အပြင်လောကကလာတဲ့အသံက သူ့ကို ဆွံအသွား‌တော့မတတ်ဖြစ်သွားစေအောင် အထိတ်တလန့် ဖြစ်သွားစေတဲ့အကြောင်းကို ကြားလိုက်တယ်။

[ရွှင့်ချန်းဂိုဏ်းကလူတွေ ရူးသွားကြပြီးလား]

[ရွှင့်ချန်ဂိုဏ်းချုပ်ကြီးနဲ့ အကြီးအကဲခုနှစ်တို့ကလည်း နေ့တိုင်းအချင်းချင်း ဘာမှလဲမဟုတ်ဘဲနဲ့ စကားချိုချိုလေးတွေ ပြောနေကြတယ်။ ‘မင်းက ငါရဲ့အချစ်ဆုံးလေ’ ‘ငါကတော့ မင်းရဲ့အနွေးထည်ငယ်လေးတဲ့လား’ ဒီလိုကိစ္စကြီးက ဘာပါလိမ့်]

[ မဟာအကြီးအကဲကလည်း ဒီမှာရှိနေသေး...]

[ ဂေးအကြောင်း အပြာဇာတ်လမ်းကိုရေးနေသတဲ့။ ဒါကြီးက နည်းနည်းတော့ လွန်လွန်းတယ်မလား]

[ တတိယအကြီးအကဲကရော၊ တတိယအကြီးအကဲက အခုတစ်လော ဆယ့်ရှစ်မျိုးသော အထိအတွေ့ကို သင်နေသတဲ့လား]

[ တကယ်တမ်းတော့ စကားလုံးတွေ နည်းနည်းပဲပါပြီး ဒါတွေကိုဖတ်လိုက်တာနဲ့ လူတွေကို ပူလောင်စေတဲ့ခံစားချက် ဖြစ်သွားစေသတဲ့]

ကောင်းကင်ကလာတဲ့အသံကို ကြားနိုင်တဲ့ ဝမ့်ကျန့်ဂိုဏ်းကလူတွေအားလုံးက ရွှင့်ချန်းဂိုဏ်းကလူတွေကို အထိတ်တလန့်နဲ့ ကြည့်လိုက်ကြတယ်။ ဒီလူတွေမှာ ဦးနှောက်ရောဂါများ ဖြစ်သွားကြတာလား။

အဲလိုမှ မဟုတ်ဘူးဆိုရင် တော်တော်လေးကို အံမခန်းထူးဆန်းဖို့ကောင်းတဲ့ ဒီလိုကိစ္စမျိုးကို သူက ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ။

လုကျင်းဟွိုင်က ရှက်ရွံ့ရမဲ့အစား ဝင့်ကြွားနေတဲ့ပုံဖြစ်နေပြီး မျက်လုံးဝိုင်းကြီးနဲ့ အားလုံးကို ပြန်စိုက်ကြည့်လိုက်တယ်။ ဒီလူတွေက ဘာသိလို့လဲ။ သူတို့တွေက ဂိုဏ်းအတွက် ကိုယ့်ဟာကို စွန့်လွှတ်နေရတာ။

သူတို့တွေက ကောင်းကင်ကလာတဲ့အသံ ရွှင့်ချန်ဂိုဏ်းကို ပြန်ပြီးစိတ်ဝင်စားလာအောင်လုပ်ဖို့ဆိုရင် သူတို့ ပေးရမဲ့အရာအားလုံးက တန်တယ်။

ဒီလိုစဉ်းစားလိုက်ပြီး သူက သတိဝင်လာပြီး အပြင်လောကကလာတဲ့အသံ ရွှင့်ချန်ဂိုဏ်းကို အတိုင်းအတာတစ်ခုအထိ စိတ်ဝင်စားနေသေးတဲ့အချက်ကို အသုံးချလိုက်ပြီး သူက စိတ်ဓာတ်ကျနေတဲ့ဟန် မြန်မြန်ဟန်ဆောင်လိုက်ပြီး ချီမင်ကို ညည်းညူတော့တယ်။

“ ဂိုဏ်းချုပ်ကြီးချီရေ ရွှင့်ချန်ဂိုဏ်းက အရမ်းကိုကြီးမားတာ ခင်ဗျားလည်း သိပါတယ်၊ ကျုပ်မှာ အလုပ်လုပ်ပြီး ကြိုးစားနေတာတောင်မှ ကျုပ် မမြင်လိုက်တဲ့ ပြဿနာအချို့ ရှိနေကြအုံးမလားလို့ စိုးရိမ်‌နေရသေးတယ်။ ပြီးခဲ့တဲ့နှစ်ရက်တုန်းကလိုပေါ့...”

သူက ဒီကာလအတွင်းမှာ ဂိုဏ်းအတွင်းမှာ ပြဿနာလို့ သူထင်နေတဲ့ကိစ္စတွေနဲ့ လူတွေအားလုံးအကြောင်းကို ပြန်ပြောပြလိုက်တော့တယ်။

ဒီအကြောင်းအရာက အရမ်းကို ငြီးငွေ့ဖွယ်ကောင်း‌နေတာမလို့ စူးလီက နားထောင်ရင်နဲ့ သမ်းဝေ‌လာခဲ့တယ်။

သူမက ပျင်းပျင်းရိရိနဲ့ ကောင်းကင်စာအုပ်ကို လှန်‌လှောနေလိုက်ပြီး သူမရဲ့အသံကလည်း တက်ကြွမှု ပိုပြီးနည်းသွားတော့တယ်။

...

All Chapters