အခန်း ၈၁
Vol. 6 Ch. 81
အပိုင်း(၈၁)
[ ဒါက ရွှင့်ချန်ဂိုဏ်းအတွက် ကောင်းတာပဲမဟုတ်ဘူးလား]
[ ဘာမှမဖြစ်ဘူးဆိုရင် ဒီထက်ကောင်းတာတောင်မရှိဘူး]
[ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက ဘယ်ထောင့်ကနေ ဒီလောက်များပြားတဲ့ ပြဿနာသေးသေးလေးတွေကိုများ ရှာလာတာပါလိမ့်]
အပြင်လောကကလာတဲ့အသံကို ကြားလိုက်ပြီးတဲ့နောက်မှာ လုကျင်းဟွိုင်ရဲ့ မျက်လုံးတွေက အံ့ဩတဲ့အရိပ်အပြည့် ဖြစ်သွားတယ်။ ရွှင့်ချန်ဂိုဏ်းက တကယ်တော့ ဘာပြဿနာမှ မရှိခဲ့ဘူးတဲ့။
[ ဒါပေမဲ့... ]
လုကျင်ဟွိုင်းရဲ့စိတ်က ရုတ်ချင်းဆိုသလို တင်းကျပ်သွားတယ်။ ဒါပေမဲ့ ဘာဖြစ်လဲ။
ဧကန္တ ရွှင့်ချန်ဂိုဏ်းက ဂိုဏ်းကို ထိခိုက်စေမဲ့ ပြဿနာတချို့ ထပ်ပြီးရင်ဆိုင်နေရလို့လား။ ဒါမှမဟုတ် ဂိုဏ်းထဲမှာ နောက်ထပ် လူဆိုးတစ်ယောက် ထပ်ဝင်လာလို့လား။
စူးလီက လုကျင်းဟွိုင် အပြောအများဆုံးနေရာကို ကြည့်လိုက်ပြီး သူမရဲ့အသံက နည်းနည်းလေး ထူးဆန်းလာတယ်။
[ ဟွေ့မင်တောင်အောက်မှာ ဝိညာဉ်ကျောက်တုံး မိုင်းတွင်းတစ်ခု ရှိနေသတဲ့လား]
[ဟွေ့မင်တောင်က ရွှင့်ချန်ဂိုဏ်းကနေ မိုင်ပေါင်း တစ်သိန်းရှစ်သောင်းလောက် ဝေးကွာတယ် ဆိုပေမဲ့လည်း ရွှင့်ချန်းဂိုဏ်းရဲ့စည်းမျဉ်းအောက်မှာ ဒါက မြင့်မြတ်တဲ့တောင်ထွတ်တစ်ခု ဖြစ်နေသေးတော့....]
ချီမင်က အရင်ဆုံးသတိဝင်လာပြီး သူ့မျက်လုံးတွေကလည်း ရုတ်တရက် ပြူးကျယ်သွားခဲ့တယ်။ ဘာတဲ့။
ဝိညာဉ်ကျောက်တုံး မိုင်းတွင်းတစ်ခုတဲ့။
ရွှင့်ချန်းဂိုဏ်က ဘယ်လိုတောင် ကံကောင်းလိုက်တာလဲ။
တစ်ဖက်မှာတော့ လုကျင်းဟွိုင်က တည်ငြိမ်ပြီး ပုံမှန်ဖြစ်နေတဲ့ရုပ်ပဲ။ ဝိညာဉ်စွမ်းအင်မိုင်းတွင်းတွေက ရှားပါးတယ်ဆိုပေမဲ့လည်း ရွှင့်ချန်ဂိုဏ်းမှာ အခုလုံးဝမလိုတဲ့အရာက ဝိညာဉ်ကျောက်တုံးပဲလေ။
နောက်ထပ် ဝိညာဉ်ကျောက်တုံး မိုင်းတွင်းတစ်ခု ပိုင်ဆိုင်ထားတာက ကောင်းပါတယ်။ ဒါပေမဲ့လည်း အဲလောက် အံ့ဩစရာမကောင်းပါဘူးလေ။
ဒါပေမဲ့... ဒီတကြိမ် ငါက ဝိညာဉ်ကျောက်တုံးမိုင်းတွင်းတစ်ခုကို သယ်ပြန်လာမယ်ဆိုရင်တော့ အကြီးအကဲတွေနဲ့ တောင်ထွတ်သခင်တွေက ငါလုပ်နေတဲ့အရာတွေကို အရမ်းကြီး ဆန့်ကျင်တော့မှာတော့ မဟုတ်လောက်ဘူး ထင်တယ်။
ဒါက သူတို့တွေကို သူတို့ရဲ့ဂုဏ်သိက္ခာလေး မဖြစ်စလောက်လေး စွန့်လွှတ်ခိုင်းခဲ့တာပဲ မဟုတ်လား။
ဒါက ပြန်ယူလာပေးတာက ရွှင့်ချန်ဂိုဏ်းတွက် နှစ်ပေါင်းထောင်ချီတဲ့ ဂုဏ်အရောင်အဝါလေ။
စူးလီကတော့ သူစဉ်းစားနေတဲ့ အကြောင်းအရာတွေကို မသိလေဘူး။ သူမက ချမ်းသာနှင့်ပြီးသား ရွှင့်ချန်ဂိုဏ်းအကြောင်းကို စဉ်းစားလိုက်ရင် ခေါင်းလေးခါရင်း သက်ပြင်းချလိုက်တယ်။
[ ဒါကြီးကလေ ချမ်းသာပြီးသားဂိုဏ်းတစ်ခုကို ပိုပြီးတော့ လက်မခံချင်စရာကောင်းလောက်အောင် ချမ်းသာလာအောင် လုပ်ပေးနေတာပဲ]
[ ရွှင့်ချန်ဂိုဏ်းရဲ့လက်ရှိ ဝိညာဉ်ကျောက်တုံးတွေကို နှစ်ထောင်ချီနဲ့ သုံးရင်တောင် ကုန်နိုင်မှာ မဟုတ်ဘူး...]
[ ဝမ့်ကျန့်ဂိုဏ်းကို ကြည့်လိုက်ပါအုံး။ နောက်ပြီးရင် ချန်ထျန်းဂိုဏ်းကို လည်း ကြည့်လိုက်ပါအုံး။ မတူညီတဲ့ဂိုဏ်းတွေက မတူညီတဲ့ကံတရားတွေ ပိုင်ဆိုင်ထားကြတာပဲ]
ချီမင်က အပြင်လောကကလာတဲ့အသံ သက်ပြင်းချတာ ကြားလိုက်တဲ့အချိန်မှာ ဆင်းရဲလွန်းလို့ ဝိညာဉ်ကျောက်တုံးတွေကို ချေးငှားရတော့မတတ်ဖြစ်နေတဲ့ သူရဲ့ဝမ့်ကျန့်ဂိုဏ်းအကြောင်း စဉ်းစားလိုက်မိပြီး သူ့မျက်လုံးတွေက အားကျစိတ်နဲ့ နီရဲသွားပြန်တယ်။
ဝမ့်ကျန့်ဂိုဏ်းရဲ့အကြီအကဲတွေနဲ့ တောင်ထွတ်သခင်တွေအားလုံးက အလွန်မှ မနာလိုစရာဖြစ်သွားပြီး သူတို့တွေမှာ အံကြိတ်ထားလိုက်ရတော့တယ်။
ဒီလောက်ကောင်းတဲ့ကိစ္စကြီးက ဘာဖြစ်လို့များ သူတို့ဝမ့်ကျန့်ဂိုဏ်းထဲကို ကျမလာတာပါလိမ့်။
ဘာမှမဖြစ်သလို ဖြစ်နေတဲ့ရွှင့်ချန်ဂိုဏ်းချုပ်ကြီးကို မြင်လိုက်တဲ့အခါ သူတို့တွေက ပိုပိုပြီး ဒေါသထွက်လာကြတယ်။
ဒါက ဝိညာဉ်ကျောက်တုံးမိုင်းတွင်းတစ်ခုပဲ။
သူတို့တွေကို အခွင့်အရေးသာပေးမယ်ဆိုရင် သူတို့တွေက နေရာမှာတင် စတင်လှုပ်ရှားကြပြီး အရမ်းဝမ်းသာလွန်းလို့ မေ့လဲသွားလောက်တယ်။
ဒီအချိန်မှာပဲ တပည့်တစ်ယောက်ကလာပြီးတော့ လျှောက်တင်တယ်။ ချန်းမိသားစုက ချန်းချိုးက ဂိုဏ်းချုပ်ကြီးနဲ့ အရေးပေါ် ဆွေးနွေးစရာကိစ္စရှိလို့တဲ့။
ချီမင်က ယွင်ချွမ်ခန်းမထဲက ရွှင့်ချန်ဂိုဏ်းက လူတွေကို ကြည့်လိုက်တယ်။ သူ စကားမပြောရသေးခင်မှာဘဲ လုကျင်းဟွိုင်ရဲ့ သွေးတိုးစမ်းသလို စကားသံကို ကြားလိုက်ရတယ်။
“ဂိုဏ်းချုပ်ကြီးချီက လုပ်စရာရှိနေတယ်ဆိုမှတော့ ကျုပ်တို့က အရင်ဆုံး...”
[ ချန်းချိုး ဒီနာမည်ကို ရင်းနှီးနေတယ်]
[ အော် မှတ်မိပြီး အရက်မှားသောက်မိပြီး ချွင်းဖုန်းလိုကို သက်ဆိုင်ရာ ပညာတွေသင်ဖို့ ပို့ခံလိုက်ရတဲ့တစ်ယောက်ပဲ]
[ ကျွတ်ကျွတ် သူက ပညာတွေကို တော်တော်လေး ကောင်းကောင်း လေ့လာခဲ့တာ မှတ်မိနေသေးတယ်~~]
လုကျင်းဟွိုင်ရဲ့မျက်လုံးတွေက ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာ လင်းလက်သွားတယ်။ ဟွေ့မင်တောင်မှာ ဝိညာဉ်မိုင်းတွင်းတစ်ခုရှိတယ်လို့ ကြားလိုက်ရတုန်းကထက်တောင် ပိုပြီးတောက်ပသွားသေးတယ်။ သူက ချက်ချင်း ပြန်ထိုင်ချသွားလိုက်တယ်။
“ ဒီမှာပဲ ခဏလောက်ဆက်ထိုင်နေရအောင်၊ ဂိုဏ်းချုပ်ကြီးချီက သူ့ကိစ္စကို ပြီးအောင်လုပ်တဲ့အထိ စောင့်နေရမယ်။ ပြီးရင်တော့ ကျုပ်တို့တွေက အတူတူဆက်ပြီးသောက်ကြတာပေါ့”
အရက်မှားသောက်မိပြီး ချွင်းဖုန်းလိုကို ပို့ခံရတဲ့လူက အရေးကြီးကိစ္စသာ မဟုတ်ဘူးဆိုရင် ချီမင်နဲ့လာပြီးတော့ တိုင်ပင်မှာမဟုတ်ဘူးလို့ ထင်တယ်။
ချန်းချိုးက ယွင်ချွမ်ခန်းမထဲကို ဝင်လာတာနဲ့ ချက်ချင်း သူ့ကို ထူးထူးဆန်းဆန်းကြည့်နေကြတဲ့ မရေမတွက်နိုင်တဲ့ လူတွေကို တွေ့လိုက်ရတယ်။
သူက ဇဝေဇဝါနဲ့ အပေါ်ဆုံးမှာထိုင်နေတဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးကို ကြည့်လိုက်တယ်။
“ ဂိုဏ်းချုပ်ကြီး ဒါက....”
ချီမင်က သူ့ကိုအားလုံးနဲ့ မိတ်ဆက်ပေးလိုက်တယ်။ ချန်းချိုးက ရွှင့်ချန်ဂိုဏ်းက လူအားလုံးကို တလေးတစားနဲ့ နှုတ်ဆက်ပြီးသွားတဲ့အချိန်မှာတော့ တဖက်မှာ ယမကာခွက်ကို ကိုင်ထားလိုက်ပြီး ထည်ဝါတဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။
“ ဒီနေ့ ကျုပ်ရဲ့တူတော်က ဘာအရေးကြီးကိစ္စများရှိနေလို့လဲ”
နောက်ဆုံး ချန်းချိုးက ဒီနေ့ သူဝမ့်ကျန့်ဂိုဏ်းကို လာရတဲ့အကြောင်းအရင်းကို သတိရသွားပြီ သူ့မျက်နှာကပိုပြီးတော့ လေးနက်လာခဲ့တယ်။
“ဂိုဏ်ချုပ်ကြီး သိပ်မကြာခင်တုန်းက လူတွေကို လှည့်စားတဲ့နေရာမှာ သုံးတဲ့ နောက်ထပ်ကျောက်စိမ်းပြားတွေကို ရှာတွေ့ခဲ့တယ်”
ဒီကာလအတွင်းမှာ အတုအရောင်ဆန့်ကျင်ရေးသင်တန်းကို ဝမ့်ကျန့်ဂိုဏ်းမှာတင် အပြည့်အဝ ဆောင်ရွက်နေတာ မဟုတ်ဘဲနဲ့ ဝမ့်ကျန့်ဂိုဏ်းရဲ့ စီမံအုပ်ချုပ်မှုအောက်က မြို့အားလုံးမှာလည်း ဆောင်ရွက်နေတယ်။
အထင်ကရမိသားစုပဲဖြစ်ဖြစ်၊ သာမန်မြို့သားပဲဖြစ်ဖြစ် ကျောက်စိမ်းပြားနဲ့ လူလိမ်ရဲ့မှတ်ဉာဏ်က သူတို့ရဲ့စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ထွင်းထုပြီးသားဖြစ်နေတယ်။
ဒါကလည်း လူလိမ်တွေက ဘယ်လောက်တောင် ဆိုးဝါးတယ်ဆိုတာကို နားလည်သွားစေခဲ့တဲ့ ပုဂ္ဂိုလ်ထူးတော်တော်များများရဲ့ ကိုယ်တွေ့ အဖြစ်အပျက်တွေကြောင့်လို့ ကျေးဇူးတင်ရမယ်။
ဒါကိုစဉ်းစားလိုက်ပြီး သူက သူ့လက်ထဲကအရောင်မှိန်းနေတဲ့ ကျောက်စိမ်းပြားတစ်ခုကို အချိန်ဆွဲမနေဘဲ မြန်မြန်ထုတ်လိုက်ပြီး ချီမင်ကြည့်လို့ရအောင် ရှေ့မှာကိုင်ပြလိုက်တယ်။
“ ဒီကျောက်စိမ်းပြားပဲ”
“ဒါက ဂိုဏ်းချုပ်ကြီးတို့ရဲ့ဂိုဏ်းက ပြထားခဲ့တဲ့ လုံအောက်ထျန်း ကျောက်စိမ်းပြားလိမ်လည်မှုနဲ့ တစ်ပုံစံတည်းပဲ၊ ဒီအထဲမှာ တစ်ယောက်တည်း စကားပြောနေပြီး ခဏခဏအိပ်ပျော်သွားတဲ့ အဘိုးကြီးတစ်ယောက်လည်းရှိတယ်”
ဒီအချိန်မှာတော့ သူ့အသံက ရုတ်တရက်မြင့်တက်လာပြီး ဒေါသတကြီးနဲ့ ပြောလိုက်တယ်။
“ သူက သာမန်ပုဂ္ဂိုလ်ထူးတစ်ယောက်လို ဟန်ဆောက်တယ်ဆိုရင်လည်း ထားပါတော့။ ကျွန်တော်က ဒီကိစ္စကို ကျွန်တော့်အဖေ ဖြေရှင်းဖို့အတွက်ပဲ ထားပေးလိုက်အုံးမယ်”
“ဒါပေမဲ့ တကယ်တမ်းကျတော့ သူက ထိုက်ယွမ် မြင့်မြတ်အကြီးအကဲလို ဟန်ဆောင်ရဲတယ်လေ”
“ ဘာ”
“ အတင့်ရဲလိုက်လေ၊ ဝမ့်ကျန့်ဂိုဏ်းက လူအားလုံးက ထရပ်လိုက်ကြပြီး သူတို့အားလုံးက အက်မတန်မှ ဒေါသဖြစ်သွားတဲ့ရုပ် ဖြစ်သွားကြတယ်”
ထိုက်ယွမ်မြင့်မြတ်အကြီးအကဲဆိုတာ ဝမ့်ကျန့်ဂိုဏ်းရဲ့ ဘိုးဘေးပဲ။ သူက ဝမ့်ကျန့်ဂိုဏ်းကို တည်ထောင်ပေးခဲ့ပြီး မရေမတွက်နိုင်တဲ့ ဓားသိုင်းကွက်တွေနဲ့ ဝိညာဉ်ဓားတွေကို ချန်ထားပေးခဲ့တာ။ ဝမ့်ကျန့်ဂိုဏ်းရဲ့ ဝမ့်ကျန့်ဂူသင်္ချိုင်းကိုတောင် ထိုက်ယွမ်မြင့်မြတ်အကြီးအကဲရဲ့ ဂမ္ဗီရရှေးဟောင်းပစ္စည်းတစ်ခုကနေ ဖော်ထုတ်ပေးခဲ့တာ။
ဝမ့်ကျန့်ဂိုဏ်းက ဒီလောက်အချိန်အကြာကြီး ရပ်တည်နိုင်တဲ့ အကြောင်းအရင်းနဲ့ ကျင့်ကြံရေးလောကထဲမှာ ဂိုဏ်းကြီးခြောက်ခုထဲက တစ်ခုဖြစ်လာတဲ့ အကြောင်းအရင်းကလည်း ဘိုးဘေးကြီး ချန်ထားပေးခဲ့တဲ့ ဒီရတနာတွေကြောင့်ဆိုတာ အတိအကျပဲ။
ကံဆိုးချင်တော့ ဘိုးဘေကြီးက ထိန်းချုပ်ခံထားရတာကို မကြိုက်တဲ့ လွတ်လပ်ပေါ့ပါးတဲ့ လူတစ်ယောက်လေ။ ဂိုဏ်းက ပုံမှန်လေးတိုးတက်လာပြီးတဲ့နောက်မှာ သူကအပြင်လောကကို ခရီးထွက်ပြီး ဘယ်တော့မှ ပြန်မလာတော့ဘူး။
ဝမ့်ကျန့်ဂိုဏ်းက ဘိုးဘေကြီးရဲ့သတင်းကိုထပ်ပြီး ကြားလိုက်ရတဲ့ အချိန်မှာပဲ ဘိုးဘေးကြီးက ဆုံးပါးသွားခဲ့ပြီးတဲ့။
အခုတော့ တစ်စုံတစ်ယောက်က လူတွေကိုလိမ်ညာဖို့ ဘိုးဘေးကြီးရဲ့နာမည်ကို အသုံးချရဲသတဲ့။
ချန်းချိုးမှာ သူတို့ကြောင့် အလန့်တကြားဖြစ်သွားပြီး နောက်ကို တစ်လှမ်းဆုတ်မိသွားကာ ပြတ်ပြတ်သားသား ခေါင်းညိတ်ပြလိုက်တယ်။
“ ဟုတ်ပါတယ်၊ ဒီကျောက်စိမ်းပြားထဲက လူလိမ်က ထိုက်ယွမ် မြင့်မြတ်အကြီးအကဲပါဆိုပြီး ဟန်ဆောင်နေတာလေ”
“နောက်ပြီးတော့ တူအောင်အတုခိုးနေတဲ့ပုံစံကလည်း အရမ်းကိုညံ့လွန်းပါတယ်”
သူက ကျောက်စိမ်းပြားထဲက အသံကိုသတိရသွားပြီး သူ့အသံမှာ အထူးတလည် ခိုင်မာလာတော့တယ်။
“ ကျောက်စိမ်းပြားထဲကအသံက အင်မတန်ကို ပျင်းရိနေတာ၊ ပျင်းလွန်းလို့မှ စကားတောင် အများကြီး မပြောဘူး။ တော်တော်လေးကို အိပ်ချင်မူးတူးနဲ့ဖြစ်နေတာ၊ အိပ်လိုက်ရင်လည်း တနေကုန်၊ ဆယ့်တစ်နာရီခွဲလောက်ကို အိပ်တာ”
“အရေးကြီးဆုံးကိစ္စကတော့ ဒီလူလိမ်က ထိုက်ယွမ်မြင့်မြတ်အကြီးအကဲလို့ ဟန်ဆောင်နေတဲ့အပြင် သူက ဝမ့်ကျန့်ဂိုဏ်းရဲ့ ပထမမျိုးဆက် အကြီးအကဲတွေနဲ့ တောင်ထွတ်သခင်တွေကိုလည်း နာမည်ဖျက်နေပြီး ပုဂ္ဂိုလ်ထူး တော်တော်များများရဲ့ မကောင်းသတင်းတွေကိုလည်း လုံးဝကို အဓိပ္ပာယ်မရှိလောက်အောင် လုပ်ကြံပြီး ပြောဆိုနေတယ်”
“ ဒီကျောက်စိမ်းပြားတစ်ခုတည်းပဲ ဆိုရင်တော့ ထားပါတော့၊ ဒါပေမဲ့ အများကြီးဖြစ်နေမယ်ဆိုရင် ကျွန်တော်စိုးရိမ်မိတာက....”
“ ဒီလိုလုပ်ရအောင် အတင့်ရဲလှချည်လား”
ချီမင်က ဒေါသတကြီးနဲ့ ကျောက်စိမ်းစားပွဲကို ရိုက်လိုက်တယ်။ အဆင့်ခြောက်မှော်လက်နက်က မရေမတွက်နိုင်တဲ့ အစိတ်အပိုင်းလေးတွေဖြစ်အောင် ကွဲကြေသွားခဲ့တယ်။ သူက အံကြိတ်ထားလိုက်ပြီး သူ့အသံက ခါတိုင်းထက်ကို ပိုပြီးတော့ ဒေါသထွက်နေတယ်။
“ ဒါက ဝမ့်ကျန့်ဂိုဏ်းတစ်ခုလုံးနဲ့ ရန်သူလာလုပ်နေတာပဲ”
မတ်တတ်ရပ်နေပြီးသားဖြစ်တဲ့ ရှန်ယွင်အန်းကလည်း မျက်နှာပေါ်မှာ ကြောက်စရာကောင်းတဲ့ အေးစက်တဲ့အမူအရာတစ်ခု ဖြစ်နေတယ်။
“ ဒီကျောက်စိမ်းပြားကိုလုပ်တဲ့သူကို ကျုပ်ရဲ့ဓားနဲ့ သေချာပေါက် သတ်ပစ်ရလိမ့်မယ်”
ထိုက်ယွမ် မြင့်မြတ်အကြီးအကဲဆိုတာ ဝမ့်ကျန့်ဂိုဏ်းရဲ့ မရေမတွက်နိုင်တဲ့ ယုံကြည်မှုပဲ။ သူတို့လက်ထဲက ဝိညာဉ်ဓားတွေ၊ သူတို့ဝေ့ယမ်းလိုက်တဲ့ ဝိညာဉ်သိုင်းကွက်တွေ၊ သူတို့အကြိမ်တိုင်း ဖတ်ပြီး လေ့လာနေတဲ့ ဓားစွမ်းအင်တွေကိုတောင် ထိုက်ယွမ် မြင့်မြတ်အကြီးအကဲက ပေးခဲ့တဲ့လက်ဆောင်တွေလို့တောင် ပြောလို့ရတယ်။
ထိုက်ယွမ် မြင့်မြတ်အကြီးအကဲကိုယ်တိုင်က အဲဒီအချိန်တုန်းက ကျင့်ကြံရေးလောကထဲမှာ ထိပ်တန်းပညာရှင်တစ်ယောက်ပဲ။ ဓားတစ်လက်နဲ့ သူက ကောင်းကင်နဲ့ မြေကြီးကို ဖျက်ဆီးပစ်နိုင်တယ်။ သူက သိက္ခာရှိပြီး ဉာဏ်ပညာနှံစပ်တဲ့အပြင် ပြိုင်ဘက်ကင်းပြီး လွတ်လပ်တဲ့ စိတ်သဘောတစ်ခုရှိတယ်။ ဒီလိုလူဆိုးတစ်ယောက်ကများ ထိုက်ယွမ် မြင့်မြတ်အကြီးအကဲရဲ့ နှစ်လိုဖွယ်အရည်အချင်း၊ အပုံတစ်ထောင်မှာ တစ်ပုံလောက်ကိုတောင် တုပနိုင်ရက်တယ်တဲ့။
ချီမင်က မျက်လုံးထဲမှာ လောကကြီးကို ဖျက်ဆီးပစ်နိုင်တဲ့ ဒေါသရိပ်တခုနဲ့ ချန်းချိုးလက်ထဲက ကျောင်စိမ်းပြားကို ကြည့်လိုက်တယ်။ သူက သူရဲ့မွေးချင်းဓားကို ဆွဲထုတ်လိုက်ပြီး အိပ်ပျော်နေတဲ့ ဓားဝိညာဉ်ကတောင် သူ့ရဲ့ဒေါသကို ခန့်မှန်းမိလိုက်ပြီးနှိုးထလာတဲ့အရိပ်အရောင်တစ်ခု ပြလိုက်တယ်။
သူက သုန်မှုန်နေတဲ့မျက်နှာထားတစ်ခု ဖြစ်နေပြီး ပေါက်ကွဲသွားတဲ့ ဓားစွမ်းအင်တစ်ခုက ကောင်းကင်ထဲကို ထိုးတက်သွားပြီး ချန်းချိုးလက်ထဲက ကျောက်စိမ်းပြားကို တိုက်ရိုက်သွားထိ မိသွားပြီး ဒီကျောက်စိမ်းပြားကို နောက်တစ်စက္ကန်အတွင်းမှာ အခိုးအငွေ့အဖြစ် ပျောက်ကွယ်သွားစေတော့မဲ့ဆဲဆဲ...
ဒီအချိန်မှာပဲ ရင်းနှီးလှတဲ့အသံတစ်ခုက ဖြည်းဖြည်းချင်းထွက်လာတယ်။
[ ဟယ် ဒီကျောက်စိမ်းပြားကြီးက အတုနဲ့မတူဘူးဘဲ]
ချီမင်: !!!
ဝမ့်ကျန့်ဂိုဏ်းရဲ့အကြီးအကဲနဲ့ တောင်ထွတ်သခင် : !!!
ချန်ချိုး: !!!
ချီမင်နဲ့ စုရှင်းဓားဝိညာဉ်က သူတို့ရဲ့ဝိညာဉ်စွမ်းအင် အားလုံးကို အသုံးချထားတဲ့အတွက် နောက်ဆုံးတော့ တိုက်ခိုက်မှုလားရာကို ကပ်ပြီး ပြောင်းနိုင်တော့တယ်။ ယွင်ချွမ်ခန်းမရဲ့အဝင်ဝက ဓားစွမ်းအင်ကြောင့် ချက်ချင်းဆိုသလို ကွဲကြေသွားတော့တယ်။
စူးလီက ချီမင်ရဲ့လုပ်ရပ်တွေကို ကြည့်လိုက်ပြီး တွေးတွေးဆဆနဲ့ ခေါင်းညိတ်လိုက်တယ်။
[ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးကလည်း ဒီကျောက်စိမ်းပြားက တကယ်ပဲ ထိုက်ယွမ် မြင့်မြတ်အကြီးအကဲရဲ့ ဝိညာဉ်ရှိနေတယ်ဆိုတာ သိသွားတဲ့ပုံ]
[ သူက သူ့ရဲ့ဘိုးဘေးကို မဖျက်ဆီးရသေးခင်မှာပဲ ပြဿနာကို ပေါ်ပေါက်သွားတယ်။ မဆိုးဘူး။ မဆိုးဘူး။ ချီးကျူးထိုက်တယ်]
ချီမင်ရဲ့ခြေထောက်တွေက အားပြတ်သွားပြီး ချန်ချိုးရဲ့လက်ထဲက ကျောက်စိမ်းပြားရှေ့မှာ ချက်ချင်း ဒူးထောက်ချသွားတော့တယ်။
ချန်ချိုးကလည်း မျက်နှာပေါ်မှာ အထိတ်တလန့် ကြံရမရ အကြည့်တစ်ခု ဖြစ်သွားတယ်။
သူက ထိုက်ယွမ် မြင့်မြတ်အကြီးအကဲစစ်စစ်ကိုမှ လူလိမ်တစ်ယောက်လို မှားယွင်းစွပ်စွဲမိခဲ့တာလေ။
သူကလည်း ချက်ချင်း ဒူးထောင်ချလိုက်ပြီး သူ့လက်တွေက အိုးတစ်ခုတည်းက ခေါက်ဆွဲမျှင်နှစ်ဖက်လို ပျော့ပြောင်းသွားတယ်။ ဒါပေမဲ့လည်း သူက လက်နှစ်ဘက်နဲ့ ကျောက်စိမ်းပြားကို သေသေချာချာလေး ကိုင်ထားဆဲ ဖြစ်ပြီး မလေးမစား မလုပ်ရဲရှာတော့ဘူး။
ဝမ့်ကျန့်ဂိုဏ်းသားတွေအားလုံးက ကျောက်စိမ်းပြားရဲ့ရှေ့မှာ ညီညီညာညာလေး ဒူးထောက်ချလိုက်ကြတယ်။
ချီမင်က ချန်ချိုးရဲ့ တုန်ယင်နေတဲ့လက်တွေကို ကြည့်လိုက်ပြီး သူရဲ့နှလုံးသားတစ်ခုလုံးကလည်း သူ့လက်လိုပဲ လှုပ်ခါနေတော့တယ်။ သူက နောက်ကိုပြန်ဆုတ်လိုက်ပြီး ချန်ချိုးရဲ့ရှေ့မှာ ဒူးထောက်ချလိုက်ပြီး ကျောက်စိမ်းပြားကို ဂရုတစိုက် လှမ်းယူလိုက်တယ်။
ဘိုးဘေကြီးရဲ့ဝိညာဉ်က အခုကျောက်စိမ်းပြားထဲမှာတဲ့။
ဒီလိုစဉ်းစားလိုက်မိပြီး သူ့လက်တွေက မတုန်ဘဲ မနေနိုင်တော့ဘူး။
အသင့်စောင့်ဆိုင်းနေတဲ့ ဝမ့်ကျန့်ဂိုဏ်းရဲ့ အကြီးအကဲတွေနဲ့ တောင်ထွတ်သခင်တွေကလည်း အသက်တောင်မှ ပြင်းပြင်းမရှူရဲကြတော့ဘူး။
“ဂိုဏ်းချုပ်ကြီး ဂရုစိုက်ပါ”
စူးလီက ခန်းမထဲက ဝမ့်ကျန့်ဂိုဏ်းသားတွေရဲ့ အမူအရာကို မကြည့်လိုက်မိဘူး။ အခုတော့ သူမက ဒီလူအုပ်စုကြီးထက် ထိုက်ယွမ် မြင့်မြတ်အကြီးအကဲကိုပဲ အများကြီး ပိုစိတ်ဝင်စားနေမိတယ်။
[ ဟားဟားဟား အားလုံးရဲ့မျက်လုံးထဲက မြင့်မြတ်အကြီးအကဲ တစ်ယောက်က တကယ်တမ်းကျတော့ ငါးဆားနယ်တစ်ယောက် ဖြစ်နေတာကိုး]
[ ထိုင်လို့ရနေရင် ဘယ်တော့မှ မတ်တတ်မရပ်ဘူး။ လှဲလို့ရနေရင်တော့ ဘယ်တော့မှ ထိုင်နေမှာ မဟုတ်ဘူး။ စကားလေးတစ်ခွန်းလောက် ပိုပြောလိုက်ရရင် ပင်ပန်းသွားတဲ့ ငါးဆားနယ်တစ်ကောင်ပဲ]
[ ထိုက်ယွမ် မြင့်မြတ်အကြီးအကဲက အင်မတန်မှ ဂုဏ်ကျက်သရေထည်ဝါပြီး ပြိုင်ဘက်ကင်းတယ်လို့ အားလုံးက ထင်ကြတယ်။ တကယ်တမ်းကျတော့ သူက စကားပြောရမှာ အရမ်းကိုပျင်းနေတာကြောင့်ပဲ ဟားဟားဟား__ __]
[ဟားဟားဟား ဝမ့်ကျန့်ဂိုဏ်းကြီး အဲလောက်ပျက်စီးသွားရတာကလည်း သူ့တို့ရဲ့ဘိုးဘေးက ဒီလောက်တောင် ပျင်းရိနိုင်လို့လေ]
[ ဟုတ်သားပဲ ချန်ချိုးပြောတဲ့လူက တကယ်ကို ထိုက်ယွမ် မြင့်မြတ်အကြီးအကဲပဲ ဟားဟား__]
ကျောက်စိမ်းပြားကိုကိုင်ထားတဲ့ ချီမင်ရဲ့လက်က အေးခဲသွားပြီး အကြောင်းတချို့ကြောင့် သူ့လက်က တုန်ယင်နေရမှာ ရုတ်တရက် ရပ်တန့်သွားတယ်။
နောက်ဆုံးတော့ သူက စကားပြောနိုင်လာပြီး တုန်ယင်နေတဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။
“ ဝမ့်ကျန့်ဂိုဏ်းရဲ့ခြောက်ယောက်မြောက် ဂိုဏ်းချုပ်ကြီးက ဘိုးဘေးကြီးကို နှုတ်ဆက်ပါတယ်”
“ ဘိုးဘေးကြီးကို နှုတ်ဆက်ပါတယ်”
ယွင်ချွမ်ခန်းမတစ်ခုလုံးမှာ လူအုပ်ကြီးရဲ့ စိတ်လှုပ်ရှားနေပြီး လေးစားတဲ့အသံက ပဲ့တင်ထပ်သွားတယ်။
[ နင်တို့တွေက ဘာဖြစ်လို့အဲလောက် အကျယ်ကြီးအော်နေကြတာလဲ ]
သူတို့အော်သံကြောင့် စူးလီက နားတောင်စူးထွက်သွားတယ်။ သူမက စိတ်ထဲမှာ ညည်းညူပြီး ပြောလိုက်တယ်။
[ နင်တို့တွေက လည်ချောင်းကွဲတဲ့အထိ အော်ရင်တောင်မှ နင်တို့ရဲ့ ဘိုးဘေးက နိုးလာမှာမဟုတ်ဘူး]
[ လွန်ခဲ့တဲရက်အနည်းငယ်တုန်းက သူနိုးလာတယ် ဆိုတာကလည်း ကျောက်စိမ်းပြားထဲက ဝိညာဉ်စွမ်းအင်တွေအားလုံးကို စုပ်ယူခဲ့လို့ပဲ]
[ကျောက်စိမ်းပြားက အခုဆိုရင် အမှိုက်တစ်ခုလို အရောင်မှိန်နေတာ နင်တို့ မမြင်ကြဘူးလား]
[နင်တို့တွေ ဘာဝိညာဉ်ရတနာမှ ထုတ်မပြဘဲ တကယ်စိတ်ရင်းတစ်နဲ့ နင်တို့ရဲ့ဘိုးဘေးတွေကို အလွယ်တကူ ခေါ်ထုတ်နိုင်တယ်လို့ ထင်နေကြတာလား]
[ နင်တို့တွေ အဲလောက်တော့ ကပ်စီးမနည်းသင့်ဘူးလေ၊ ဟုတ်တယ်မလား]
အပြင်လောကကလာတဲ့အသံကို ကြားလိုက်ရတဲ့အခါ ချီမင်က ကမန်းကတန်း ဝိညာဉ်ရတနာတွေကို ဆွဲထုတ်လိုက်ပြီး ဝမ့်ကျန့်ဂိုဏ်းက တခြားလူတွေကလည်း ရူးသွပ်ပြီး နမော်နမဲ့နိုင်တဲ့ဟန်တွေ ဖြစ်သွားတယ်။
စူးလီက ကြမ်းပြင်ပေါ်က အဆင့်ငါး၊ အဆင့်ခြောက်၊ အဆင့်ခုနှစ် ဝိညာဉ်ရတနာတွေကို ကြည့်လိုက်ပြီး အထင်သေးတဲ့အရိပ်တစ်ခုနဲ့ ပြောလိုက်တယ်။
[ထိုက်ယွမ် မြင့်မြတ်အကြီးအကဲက သူ အသက်ရှင်နေတဲ့ ကာလတုန်းကတည်းက အတိဒုက္ခဝဋ်ကြွေးတွေကို ဖြတ်သန်းနေပြီးတဲ့ အဆင့်ရှိတဲ့ မြင့်မြတ်တဲ့သူတစ်ယောက်ပဲ။ နင်တို့မှာ အဆင့်ငါး၊ အဆင့်ခြောက်၊ အဆင့်ခုနှစ် ဝိညာဉ်ဆေးပင်တွေနဲ့ ဝိညာဉ်ရတနာတွေ ထောင်ချီ ရာချီပြီးရှိနေရင်တောင် အဲဒါတွေက လုံးဝအသုံးမဝင်ဘူး]
[တကယ်လို့ နင်တို့တွေက သူ့ကို နိုးထချင်တယ်ဆိုရင်တော့ အနည်းဆုံး အဆင့်ရှစ်လက်နက်၊ အဆင့်ကိုးလက်နက်ဆိုရင် အဆင်ပြေမယ်။ မြင့်မြတ်စွမ်းအင်လက်နက်ဆိုရင် အကောင်းဆုံးပေါ့]
[အရေအတွက်အနေနဲ့ကတော့ များလေကောင်းလေပဲ~~]
အပြင်လောက လာတဲ့အသံက အရမ်းကို အေးဆေးဆေးနဲ့ ပြောလိုက်ပေမဲ့ ဝမ့်ကျန့်ဂိုဏ်းက လူတွေရဲ့မျက်နှာပေါ်က အမူအရာတွေကတော့ ငိုတာထက်ကို ပိုပြီး ရုပ်ဆိုးသွားကြတယ်။ သူတို့တွေက ဝိညာဉ်ကျောက်တုံးကို လိုတယ်ဆိုရင် ရှာဖွေတာဖြစ်ဖြစ် တခြားဂိုဏ်းကနေ ချေးငှားတာဖြစ်ဖြစ် လုပ်လို့ရသေးတယ်။
ဒါပေမဲ့ အဆင့်မြင့်အရည်အသွေးနဲ့ ဝိညာဉ်ရတနာတစ်ခုကိုကျတော့ ဂိုဏ်းငယ်လေးတစ်ခုမှာဆိုရင် ဂိုဏ်းတစ်ခုလုံးမှာမှ တစ်ခုတောင် ရှိချင်မှရှိမှာ။ ဂိုဏ်းကြီးခြောက်ခုထဲမှာတောင် ဂိုဏ်းတစ်ခုစီးမှာ အလွန်ဆုံး ငါးခု ခြောက်ခုပဲ ရှိလောက်တယ်။
ဘိုးဘေးကြီးရဲ့ ဝိညာဉ်ကို အဲလောက် ခက်ခက်ခဲ့ ရှာတွေ့ခဲ့ရပြီးမှ သူတို့တွေက သူ့ဝိညာဉ် ပျောက်ကွယ်သွားတဲ့အထိ သူ ဆက်အိပ်နေတာကို ဒီအတိုင်း ကြည့်နေရမှာလား။
ချီမင်က သူ့မှာ ရှိသမျှ အရာအားလုံးကို ရောင်းပစ်ဖို့ စဉ်းစားနေတုန်းမှာပဲ သူ့ဘေးမှာ ထိုင်နေတဲ့ စူးလီက ရုတ်တရက် တစ်ခုခုကို သတိရသွားတဲ့ပုံပဲ။ သူမရဲ့သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို ဖတ်ခနဲ ပိတ်ချလိုက်တယ်။
သူမမှာ လျှံကျတော့မဲ့ ထိပ်တန်းအဆင့် ဝိညာဉ် ရတနာတွေမှာ အများကြီးပဲ။
သူမက ဝမ့်ကျန့်ဂိုဏ်းသားတွေကို ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ်။
“ထိုက်ယွမ် မြင့်မြတ်အကြီးအကဲက သူ့ဓားသိုင်းပညာ ဘယ်လိုရှိလဲ”
“လူတွေကို သင်ကြားပေးဖို့ သင့်တော်ရဲ့လား”
…