← Chapters

အခန်း ၈၃

Vol. 6 Ch. 83

အခန်း ၈၃

Vol. 6 Ch. 83

အပိုင်း(၈၃)

ထိုက်ယွမ်အအချုပ်အခြာကြီးရဲ့ဝိညာဥ်က ရှန်ချန်းဟန်ရဲ့ခေါင်းလေးကို ချည့်နဲ့စွာ ပုတ်ပေးလိုက်ပြီး ပြောလိုက်တယ်။

“သွားကြစို့”

ရှန်ချန်းဟန်က နည်းနည်းလေး ဇဝေဇဝါ ဖြစ်သွားတယ်။

“ဆရာ ကျွန်မတို့ ဘယ်သွားကြမှာလဲ”

ထိုက်ယွမ် အချုပ်အခြာကြီးရဲ့အဖြေက ထူးထူးခြားခြား လိုရင်းကိုပဲ ပြောလိုက်တယ်။

“ရတနာသိုက် ရှာပုံတော် ထွက်မယ်”

လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီလောက်တုန်းက ဝမ့်ကျန့်ဂိုဏ်းထဲမှာ ရတနာတွေ အများကြီး ချန်ထားခဲ့တာကို သူ မှတ်မိနေသေးတယ်။ သူက တပည့်တစ်ယောက်ကို လက်ခံထားပြီးပြီဆိုတော့ လက်ဆောင်တချို့ ပြင်ဆင်ပေးရမှာက သဘာဝပဲလေ။ နောက်ပြီးတော့ သူရဲ့ဝိညာဥ်က တော်တော်လေးကို အားနည်းနေတယ်။ သူကလည်း သူရဲ့ ဝိညာဥ်အစွမ်းကို ပြန်လည်အားဖြည့်ပေးဖို့အတွက် ဝိညာဥ်ရတနာတွေကို လိုအပ်တယ်။

ရှန်ချန်းဟန်ရဲ့လက်ထဲက အဆင့်(၉) မသေမျိုးကြာပန်းအတွက်က တော့လား...

ရယ်စရာပဲ။ သူက နှစ်ပေါင်းထောင်ချီအောင် နေလာပြီးပြီ။ တပည့်ဆီက အကျိုးအမြတ်တောင်းတဲ့ ဆရာတစ်ယောက် ဘယ်တော့မှလုပ်မှာ မဟုတ်ဘူး။

သုံးရက်ကြာပြီးတဲ့နောက်မှာ-

စူးလီက ထိုက်ချင်းတောင်ထွတ် ရေတံခွန်ဘေးက ထိုင်ခုံတစ်လုံးပေါ် ထိုင်ရင်း သိပ်မဝေးလှတဲ့မြင်ကွင်းကို ပျင်းရိလေးတွဲစွာနဲ့ ကြည့်နေမိတယ်။

ရွှင့်ချန်ဂိုဏ်းချုပ်နဲ့ ပိုင်ကျစ်ယွင်တို့နှစ်ယောက်စလုံးက ရွှင့်ချန်ဂိုဏ်းအတွက် အင်မတန်မှ အရေးကြီးတယ်လေ။ ဒီတော့ ပိုင်ကျစ်ယွင်က ဝမ့်ကျန့်ဂိုဏ်းမှာ တစ်ရက်လောက်ပဲ နေလိုက်ရပြီး ရွှင့်ချန်ဂိုဏ်းကို ဂိုဏ်းချုပ်နဲ့အတူ ပြန်သွားရတယ်။

မပြန်ခင်မှာ အသက်မရှူနိုင်လောက်အောင် အသဲအသန် ငိုကြွေးနေတဲ့ ပိုင်ကျစ်ယွင်ကို ပြန်စဥ်းစားမိလိုက်ပြီး သူမရဲ့လက်ထဲကို ခေါင်းမာမာနဲ့ သိုလှောင်အိတ်တစ်ခု ထည့်ပေးခဲ့တာကိုလည်း စဥ်းစားမိလိုက်တယ်။ သူမက ဘာမှမတက်နိုင်သလို ခေါင်းခါလိုက်ပေမဲ့လည်း သူမရဲ့မျက်လုံးထဲမှာတော့ ခပ်ရေးရေးအပြုံးတစ်ခု ပေါ်လာခဲ့တယ်။

အဲ့ဒီအခိုက်အတန့်မှာပဲ သူမကိုယ်တိုင်နဲ့ ဒီကျင့်ကြံရေးလောကကြားမှာ သံယောဇဥ်တစ်ခု ဖြစ်နေတာကို ရုတ်တရက် ခံစားမိလိုက်တယ်။

ဒါက သူမအနေနဲ့ တခြားလောကမှာ တစ်ခါမှ မခံစားခဲ့ရဖူးတဲ့ ခံစားချက်တစ်ခုပဲ။ နွေးထွေးနေသလိုလို...

အဲဒီနောက်မှာတော့ ရေတံခွန်ဘေးက လှုပ်ရှားမှုတွေက ဖြည်းဖြည်းချင်း ရပ်တန့်သွားတယ်။

ထိုက်ယွမ်အချုပ်အခြာကြီးက ဓားကိုပြန်သိမ်းလိုက်တဲ့ ရှန်ချန်းဟန်ကို ကြည့်လိုက်ပြီး ကျေကျေနပ်နပ်နဲ့ ခေါင်းညိတ်လိုက်တယ်။

တပည့်တစ်ယောက်ကို ပညာသင်ပေးရတာ အဲ့လောက်ရိုးရှင်းလိမ့်မယ်လို့ တစ်ခါမှ ထင်မထားမိဘူး။

သူက သူမကို ဓားကျမ်းတစ်ခုကိုပေးပြီး တစ်ခါလောက်ပဲ သရုပ်ပြပေးဖို့လိုတယ်။ တခြား ဘာမှထပ်လုပ်ပေးစရာတောင် မလိုဘူး။ ချုံးမင် ပြောသလောက်တောင်မှ ဒုက္ခမများဘူး။

ဒီလိုစဥ်းစားလိုက်ပြီး သူ့မျက်နှာပေါ်မှာ စိတ်အေးသွားတဲ့ အရိပ်အယောင်တစ်ခု ပေါ်လာခဲ့တယ်။ သူက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။

“ဒီမှာပဲရပ်ကြရအောင်”

ဟွမ်းယွမ်ကျောက်တုံးထဲကို ပြန်ပြီးအနားယူဖို့ သူ့အတွက် အချိန်မှီလေးပဲ။ သူက ဒီနေ့ ရှန်ချန်းဟန်ကို နာရီဝက်တောင် ဓားသိုင်းပညာ သင်ပေးပြီးသွားပြီဆိုတော့ တကယ်ပင်ပန်းနေပြီ...

ဒီအချိန်မှာပဲ သူရဲ့နောက်ကျောဖက်က မကျေနပ်တဲ့အကြည့်တစ်ခု ဝင်လာတာကို ရုတ်တရက် ခံစားမိလိုက်ပြီး အဲ့ဒီနောက်မှာ မသဲမကွဲ မေးခွန်းတစ်ခု ပါလာတယ်။

“ဒါက သင်လို့ပြီးသွားပြီတဲ့လား”

ထိုက်ယွမ်အချုပ်အခြာကြီးရဲ့အရိပ်က ရုတ်တရက် ရပ်တန့်သွားတယ်။ အကြောင်းအမျိုးမျိုးကြောင့် သူရဲ့ကျင့်ကြံခြင်းတွေက သူ့တစ်သက်စာလုံးအတွင်းမှာ ပြန့်ကျဲသွားပြီး ဒီအချိန်မှာ သူမှာ ဝိညာဥ်ခန္ဓာကိုယ်တစ်ခုပဲ ရှိတော့တယ်ဆိုရင်တောင် သူက ပေါင်းစပ်ကျင့်ကြံခြင်းအဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ အရည်အသွေးတွေ ပိုင်ဆိုင်ထားပါသေးတယ်။ ဒါပေမဲ့လည်း သူက စူးလီကို တွေ့လိုက်ရတဲ့အချိန်မှာတော့ သူ့ရင်ထဲမှာ အမှတ်တမဲ့ အံ့သြလေးစားတဲ့ ခံစားချက်တစ်ခု ဖြစ်သွားတယ်။

သူ လက်ရှိနေနေတဲ့ ဟွမ်းယွမ်ကျောက်တုံးက စူးလီရဲ့လက်ထဲက လာတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာ အံ့သြထိတ်လန့်မိသွားသလို ခံစားရပြီး နည်းနည်းလေး စိတ်မလုံသလို ဖြစ်သွားတော့တယ်။

သူက ကိုယ်ကိုပြန်လှည့်လာလိုက်ပြီး သူရဲ့နဂိုက ကျွမ်းကျင်နှံ့စပ်ပြီး ပြိုင်ဘက်ကင်းတဲ့ စိတ်နေသဘောထားက ရုတ်တရက်ဆိုသလို စံပြတပည့်တစ်ယောက်ရဲ့ ခံစားချက်တချို့ ရုတ်တရက် ဖြစ်လာတယ်။

သူက ပုံမှန်ထက် အများကြီး စကားပြောခဲ့ပြီး စိတ်ရင်းတစ်ခုနဲ့ ရှင်းပြလိုက်တယ်။

“အခု ချန်းဟန်က ဓားသိုင်းအကွက်တွေကို လေ့လာပြီးပြီလေ၊ ဒီတော့ သူက သူ့ဟာသူ ကိုယ်တိုင်လေ့ကျင့်နိုင်သွားပြီ၊ ကျုပ်ကတော့...”

စူးလီရဲ့မျက်နှာပေါ်က ဘာမှဂရုမစိုက်တဲ့မျက်နှာထားကို ကြည့်လိုက်တယ်။ သူက ခဏလောက် နှုတ်ဆိတ်သွားပြီး ရှန်ချန်းဟန်ဘက်ကို လှည့်ကာပြောလိုက်တယ်။

“ဒီနေ့ ငါ့မှာ လုပ်စရာ ဘာမှမရှိဘူး။ ဒီတော့ ငါ မင်းလေ့ကျင့်တာကို စောင့်ကြည့်ပေးပြီး မင်းကို တချို့နေရာတွေ ထောက်ပြပေးနိုင်တယ်”

သူ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ စူးလီက ကျေကျေနပ်နပ်နဲ့ ခေါင်းညိတ်လိုက်ပြီး ကျောက်ထိုင်ခုံပေါ်ကို ပြန်ထိုင်ချလိုက်တယ်။

ကို့ယ်တပည်ကို နေ့တိုင်း နာရီဝက်လောက်ပဲ သင်ပေးတဲ့ဆရာ ဘယ်မှာရှိလို့လဲ။ ကျန်တဲ့အချိန်တွေမှာ တပည့်ကို ကိုယ့်ဟာကို လေ့ကျင့်ခိုင်းထားသတဲ့။

ပြီးခဲ့တဲ့ဒီနှစ်ရက်အတွင်းမှာ ရှန်ချန်းဟန်က ဓားသိုင်းပညာရပ်တွေကို စိတ်ထဲမှာ အစွဲအလမ်း ဖြစ်ရလောက်တဲ့အထိ လေ့ကျင့်တာ သူမ မြင်ခဲ့တယ်လေ။ သူမက တစ်ခုခုလွဲနေပြီလို့ ခံစားရတဲ့အချိန်တိုင်း အကြိမ်တစ်ရာမကအောင် ပြန်ပြီးတော့ လေ့ကျင့်ချင်နေတာ။ ထိုက်ယွမ်အချုပ်အခြာကြီးက ဘယ်လိုဖြစ်ပြီး သူမအပေါ် သတိတရ မကြည့်ရတာလဲ။

ထိုင်ယွမ်အချုပ်အခြာကြီးက သူ့နောက်ကအကြည့်ကို ခံစားမိလိုက်ပြီး နှုတ်ခမ်းကို စိတ်မကောင်းကြီးစွာနဲ့ တင်းထားလိုက်တယ်။ အရင်တုန်းကဆိုရင်ဖြင့် သူက နေ့တိုင်း နာရီဝက်လောက်ပဲ ဓားသိုင်းလေ့ကျင့်ခဲ့တာ။

ဓားသိုင်းကွက်တွေကို တစ်ခါတည်းကြည့်ပြီး တစ်ခါတည်းလေ့ကျင့်ရုံနဲ့ လုံးဝကို ကျွမ်းကျင်လာခဲ့တာ။ ဒါနဲ့များ ဒီလောက်အချိန်အကြာကြီး လေ့ကျင့်လို့ ဘာအဓိပ္ပာယ်ရှိမှာလဲ။

သူကျောပြင်နောက်က ခြိမ်းခြောက်နေတဲ့အကြည့်နဲ့ သူ့ရှေ့က တပည့်ရဲ့ မျှော်လင့်တကြီးမျက်လုံးတွေကို တွေ့လိုက်ရတဲ့နောက်မှာတော့ သူ့မှာ သမ်းဝေချင်စိတ်ကို တွန်းလှန်ထားလိုက်ရတယ်။ ထားလိုက်ပါလေ။ သူ့ကို နောက်ထပ် နာရီဝက်လောက် ထပ်ပြီးသင်ပေးလိုက်ပါ့မယ်။

တပည့်တွေကို သင်ကြားပေးရတာ ပင်ပန်းလိုက်တာ။ အရမ်းကို ပင်ပန်းတာပဲ။

ဘာပဲဖြစ်ဖြစ်ပါ။ ရှန်ချန်းဟန်က ချုံးမင်ရဲ့တပည့်တွေထက် ပျိုးထောင်ရတာ အများကြီး ပိုလွယ်ကူပါသေးတယ်။

ရှန်ချန်းဟန်ရဲ့ လေ့ကျင့်နေတဲ့ပုံစံကို စောင့်ကြည့်နေလိုက်ပြီး သူက ပျင်းပျင်းရိရိနဲ့ တွေးတောနေလိုက်တယ်။ ကြည့်ရတာ ချီမင်က ဖိန်းနွဲခါကျရင် ဝမ့်ကျန့်ဂိုဏ်းထဲမှာ အတွင်းစည်းတပည့်တွေ ပြိုင်ပွဲတစ်မျိုးလုပ်ဖို့ ပြင်ဆင်နေတဲ့ပုံပဲ။ သူ့ကိုတောင် တစ်ချက်လောက် လာပြီးကြည့်ခိုင်းနေသေးတယ်။

သူ့က လက်ကိုဆန့်လိုက်ပြီး အသက်ရှူသံတစ်ချက်နဲ့ ရှန်ချန်းဟန်ရဲ့ လက်လှုပ်ရှားမှုကို ပြင်ပေးလိုက်တယ်။ သူရဲ့အမူအရာကတော့ အခုထိ အိပ်ချင်မူးတူးပဲ။

ချီမင်က ဘယ်လိုဖြစ်ပြီး ချုံးမင်နဲ့များ တစ်ပုံစံတည်း ဖြစ်နေရတာလဲ။ အမြဲတမ်း အစည်းအဝေးလုပ်လိုက် ပြိုင်ပွဲတွေလုပ်လိုက်နဲ့ ဒါတွေကလည်း တစ်ခါလုပ်ရင် နှစ်နာရီသုံးနာရီလောက် ကြာသေးတယ်။ ဒီအချိန်မှာ ပိုပြီးအိပ်လိုက်တာက ပိုကောင်းတယ် မဟုတ်လား။

ဒီလိုဂိုဏ်းအတွင်းပြိုင်ပွဲကို နှစ်ပေါင်း၁၀နှစ်လောက်မှ တစ်ခါလုပ်သင့်တာ။

ဘာလို့များ တစ်နှစ်တစ်ခါ လုပ်နေကြတာလဲ။ ပင်ပန်းလိုက်တာ။

သူက ကမ်းလှမ်းလာတဲ့စကားကို စောစောစီးစီး ငြင်းပယ်ခဲ့လိုက်တဲ့အတွက် ကံကောင်းတယ်လို့ ခံစားမိနေတုန်းမှာပဲ ရှန်ချန်းဟန်က နောက်ဆုံးတော့ သူမရဲ့ဓားသိုင်းအကွက်တွေကို လေ့ကျင့်လို့ ပြီးသွားပြီ။ ကိုယ်ကိုလှည့်ကာ သူ့ကို လေးလေးနက်နက်နဲ့ ပြောလာတယ်။

“ဆရာ ကျွန်မ နောက်ထပ်တစ်နာရီ လေ့ကျင့်ချင်ပါတယ်”

ထိုက်ယွမ်အချုပ်အခြာကြီးရဲ့ မျက်နှာအမူအရာက မသိမသာ အေးခဲသွားတော့တယ်။ ဒီတော့ သူက နောက်ထပ်တစ်နာရီ ဒီနေရာမှာ ရပ်နေရအုံးမယ်ပေါ့။

သူ့ပါးစပ် မဖွင့်ရသေးခင်မှာပဲ သူ့နောက်က ခပ်တိုးတိုးအသံတစ်ခုကို ကြားလိုက်ရတော့တယ်။

“တစ်နာရီက လောက်လို့လား သုံးနာရီဆိုရင်ကော...”

ထိုင်ယွမ်အချုပ်အခြာကြီးက တဒင်္ဂအတွင်း နှုတ်ဆိတ်သွားပြီး သူ့စိတ်ထဲမှာ ကိုယ့်ဟာကို ကြိတ်ပြီး နှစ်သိမ့်နေလိုက်ရတယ်။ ရက်အနည်းငယ်လောက်နေရင် သူက ရှန်ချန်းဟန်ကို ဂိုဏ်းအတွင်းပြိုင်ပွဲအတွက် ပြင်ဆင်ဖို့ လွှတ်လိုက်မယ်လို့ စဉ်းစားထားတယ်။ ဒီလိုဆိုရင်တော့ အဲ့ဒီနေ့တွေမှာ သူက ကောင်းကောင်းလေး အိပ်နိုင်ပြီပေါ့။

နှစ်ထောင်ချီအတွင်းမှာ သူက ဘယ်တုန်းကများ တစ်နေ့ကို ခုနှစ်နာရီပဲ အိပ်လို့တုံး။

ဂိုဏ်းအတွင်းပြိုင်ပွဲက နှစ်ရက်တစ်ခါလောက်လုပ်ရင် ပိုပြီးတော့ကောင်းမယ်။ ဒီလိုဆိုရင်တော့ သူ့မှာ အားလပ်တဲ့အချိန်တွေ အများကြီး ပိုပြီးတော့ရလာလိမ့်မယ်။

ချုံးမင် ပြောတာမှန်တယ်ကွ။ တပည့်တစ်ယောက်ကို သင်ကြားပေးရတာ တကယ်မလွယ်ကူဘူး။ နှစ်ရက်ကြာပြီးနောက်မှာတော့ ဝမ့်ကျန့်ဂိုဏ်းက ဂိုဏ်းတွင်းပြိုင်ပွဲတစ်ခုကို ကျင်းပလေတယ်။

ရှန်ချန်းဟန်က ဘေးကထိုင်ခုံမှာ ထိုင်နေပြီး ပြိုင်ပွဲဝင်ဖို့အသင့်ဖြစ်နေတဲ့ စင်အောက်က မရေမတွက်နိုင်တဲ့ တပည့်တွေကို ကြည့်လိုက်ပြီး တစ်နည်းနည်းနဲ့ နေရခက်သွားသလို မျက်မှောင်ကြုတ်လိုက်တယ်။

ထောင့်တစ်ခုမှာ ပျင်းပျင်းရိရိနဲ့ ထိုင်နေတဲ့စူးလီကို တွေ့လိုက်တဲ့အချိန်မှပဲ သူမရဲ့ကြုတ်နေတဲ့ မျက်ခုံးတွေက တဖြည်းဖြည်း ပြေလျော့သွားတယ်။

စင်အောက်က ဝမ့်ကျန့်ဂိုဏ်းတပည့်တွေက စင်ပေါ်က အဓိကထိုင်ခုံနေရာနဲ့ ဘေးကထိုင်ခုံ နှစ်နေရာကို ကြည့်လိုက်ပြီး သူတို့ရဲ့မျက်လုံးထဲမှာ ဝမ်းသားအားရ စိတ်အပြည့်ဖြစ်သွားတယ်။ နောက်တန်းက တပည့်က ရှန်ချန်းဟန်ကို မျှော်တလင့်လင့် အကြည့်တွေနဲ့ ကြည့်လိုက်ကြပြီး သူ့ဘေးက လူတွေနဲ့ စကားပြောရင်း သူတို့ရဲ့ ဝမ်းသာပြီး စိတ်လှုပ်ရှားနေတဲ့ ခံစားချက်ကို ကြိုးစားပြီး ဖိနှိပ်ထားကြတယ်။

“အဲ့ဒါက ဘိုးဘေးကြီး... ငါတို့ရဲ့ဘိုးဘေးဂိုဏ်းချုပ်ကြီး လက်ခံထားတဲ့ တပည့်လား”

“ဟုတ်တယ်လေ ဘိုးဘေးကြီးက ဒီနေ့ ထွက်လာဖို့ အစီအစဥ်မရှိဘူးတဲ့၊ ဒါကြောင့်မလို့ သူက သူရဲ့တစ်ဦးတည်းသောတပည့်ကို လာပြီးတော့ ပြိုင်ပွဲကို ကြီးကြပ်ခိုင်းတာတဲ့”

“ဒါဆိုရင်တော့ ငါတို့တွေ ကောင်းကောင်းလေး လုပ်ပြရမယ်။ တကယ်လို့ ငါတို့တွေက ငါတို့ရဲ့ဆရာဦးလေးကို အထင်ကြီးအောင် လုပ်နိုင်မယ်ဆိုရင်... ပြောလို့မရဘူး ငါတို့တွေက ပထမဘိုးဘေးကြီးရဲ့ မျက်လုံးထဲကို ဝင်လာနိုင်တယ်”

“မင်းကဘာတွေ အဲ့လောက်အထိ အိပ်မက်နေတာလဲ၊ အဲဒါက ဘိုးဘေးကြီးနော်”

ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက ဘိုးဘေးကြီးရဲ့ဝိညာဥ်က ဝမ့်ကျန့်ဂိုဏ်းကို ပြန်လာတယ်ဆိုတာကို သိလိုက်ရပြီးတဲ့နောက်မှာ သူတို့အားလုံးက သူတို့ရဲ့ ဂိုဏ်းချုပ်ကတော့ လှည့်စားခံလိုက်ရပြန်ပြီလို့ မှတ်လိုက်ကြတာ။

သူတို့တွေ ဒီလိုစဥ်းစားကြတာလည်း မဆန်းဘူးလေ။ သူတို့ရဲ့ ဂိုဏ်းချုပ်ကြီးမှာ ပြစ်မှုမှတ်တမ်းတွေ အများကြီး ရှိနေတာကိုး။

အကြီးအကဲနဲ့ တောင်ထွတ်သခင်တွေအားလုံးက ဒါကို အသိအမှတ်ပြုလိုက်ကြပြီး ဘိုးဘေးကြီးက ဂိုဏ်းထဲမှာ ပေါ်လာတဲ့အချိန်ကျမှပဲ ဘိုးဘေးကြီး ပြန်ရောက်လာတယ်ဆိုတာကို သူတို့တွေ ယုံသွားကြတော့တယ်။

ထိုက်ယွမ်အချုပ်အခြာက ဝမ့်ကျန့်ဂိုဏ်းက တပည့်တွေတိုင်းရဲ့ ရင်ထဲမှာ နတ်ဘုရားတစ်ပါးလို တည်ရှိမှုမျိုးပဲ။

သူတို့တွေက ဘိုးဘေးကြီး ချန်ထားပေးခဲ့တဲ့ ဓားသိုင်းကွက်တွေကို လေ့လာပြီး သူတို့ရဲ့ဘိုးဘေးချန်ထားပေးခဲ့တဲ့ ဓားစွမ်းအင်တွေကို နားလည်အောင်ဖတ်ရှုပြီး သူတို့လက်ထဲက ဝိညာဥ်ဓားတွေကတောင် သူတို့ရဲ့ဘိုးဘေးက ဓားသင်္ချိုင်းထဲမှာ ရှာပေးလို့ ရလာခဲ့တဲ့ဟာတွေပဲ။

သူတို့ရဲ့ လက်ရှိအဆင့်အတန်းတွေက ဂိုဏ်းရဲ့ကျင့်ကြံခြင်းနဲ့ သူတို့ရဲ့ဘိုးဘေးတွေဆီက ရခဲ့တဲ့လက်ဆောင်တွေနဲ့ ခွဲခြားလို့မရဘူး။

ဒီလိုစဉ်းစားလိုက်ပြီး အဲ့ဒီတပည့်က ခေါင်းလေးကို ဖြည်းဖြည်းချင်း ငုံ့ထားလိုက်တယ်။

“ဘိုးဘေးကြီးက အမြဲတမ်း ငြိမ်သက်နေတာကို ကြိုက်နှစ်သက်ပြီး ဂိုဏ်းရဲ့ပြိုင်ပွဲကို လာကြည့်ဖို့ ခဲယဥ်းတာကတော့ နှမြောစရာပဲ”

သူရဲ့နှမြောတသတဲ့လေသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူ့ဘေးကတပည့်ကတော့ ဝမ်းသာစိတ်လှုပ်ရှားမှုအပြည့် ဖြစ်နေသေးတယ်။

“ဒါပေမဲ့ ဓားဆရာကြီးက ဒီတစ်ကြိမ်တော့ လာမှာတဲ့လေ”

တကယ်လို့များ ထိုက်ယွမ်အချုပ်အခြာကြီးက ဝမ့်ကျန့်ဂိုဏ်းရဲ့အတိတ်က အုတ်မြစ်ဆိုရင် ချင်းယွမ်ဓားဆရာက ဝမ့်ကျန်ဂိုဏ်းရဲ့ အနာဂတ် ထောက်တိုင်ပဲ။

အခုကာလမှာဆိုရင် ကျင့်ကြံရေးလောကထဲမှာ အတိဒုက္ခကျော်လွှားပြီး ကျင့်ကြံခြင်းအဆင့် ရောက်နေတဲ့ ပညာရှင် ကိုးယောက်ပဲရှိတယ်။ ချင်းယွမ်ဓားဆရာကြီးက သူတို့ထဲမှာ အငယ်ဆုံးပဲ။ ဒါပေမဲ့ သူက နှစ်ပေါင်းတစ်ထောင်လောက် ကျင့်ကြံပြီးတဲ့နောက်မှ အတိဒုက္ခကျော်လွှားခြင်းအဆင့်ကို ရောက်လာခဲ့တာ။ သူရဲ့အကျင့်စရိုက်က အင်မတန်မှ မြင့်မြတ်သန့်စင်တယ်။ ဓားတစ်ချက်နဲ့သူက ဒုစရိုက်သမားတွေကို သတ်ဖြတ်နိုင်ပြီး မရေမတွက်နိုင်တဲ့သူတွေကို အန္တရာယ်ကနေ ကယ်တင်ပေးခဲ့တယ်။

အဲ့ဒီအပြင် ချင်းယွမ်ဓားဆရာကြီးမှာ အင်မတန်မှမြင့်မားတဲ့ ဓားသိုင်းပညာတစ်ခု ပိုင်ဆိုင်ထားပြီး လူနဲ့ဓားဟာ တသားတည်းကျရမယ်လို့ နားလည်ထားတယ်တဲ့။ သူ လုပ်တဲ့ဓားကွက်တိုင်းက ဓားတစ်ချောင်း ဖြစ်လာနိုင်တယ်။ အတိဒုက္ခကျော်လွှားခြင်း ကျင့်ကြံခြင်း အဆင့်ချင်းတူညီကြတဲ့ အဲ့ဒီပညာရှင်တွေကတောင် အဲ့ဒီဓားဆရာကြီးနဲ့ မယှဥ်နိုင်ဘူးတဲ့။ ဝမ့်ကျန့်ဂိုဏ်းက ဂိုဏ်းကြီးခြောက်ဂိုဏ်းထဲမှာ ရပ်တည်နိုင်တယ်ဆိုတာကလည်း သူရဲ့ရှည်လျားတဲ့သမိုင်းကြောင်းနဲ့ အမွေအနှစ်တွေအပြင် ပိုပြီးတော့အရေးကြီးတာက တည်ငြိမ်တဲ့အင်အားတစ်ခု ပိုင်ဆိုင်ထားတဲ့ ချင်းယွမ်ဓားဆရာကြီးကြောင့်လည်း ဟုတ်တယ်။

ဝမ့်ကျန့်ဂိုဏ်းမှာ သူတို့ရဲ့ရန်သူတွေကို လက်စားချေတတ်ပြီး အထက်တန်းလွှာဂိုဏ်းတွေကို ဒုက္ခတွေပေးတတ်ကြတဲ့ ဓားသိုင်းကျင့်ကြံသူတွေမှ အများကြီးပဲ။ ဓားဆရာကြီး ရှိနေတဲ့အတွက်ကြောင့်မလို့သာ ဝမ့်ကျန့်ဂိုဏ်းက အဲ့ဒီအထက်တန်းလွှာဂိုဏ်းကြီးတွေရဲ့ ပစ်မှတ်ထားခြင်းနဲ့ ဖိနိုပ်ခြင်းခံရတာကို ရှောင်ရှားနိုင်ခဲ့တာ။

သူက ဝမ့်ကျန့်ဂိုဏ်းမှာရှိနေသရွေ့ ဘယ်သူကမှ ဝမ့်ကျန်ဂိုဏ်းနဲ့ ရန်သူ မလုပ်ရဲကြဘူး။

“ဓားဆရာကြီးက ဂူပိတ်ကျင့်ရာကနေ ထွက်လာပြီပေါ့”

တပည့်တစ်ယောက်ရဲ့မျက်နှာက ထိန်းချုပ်မရနိုင်တော့တဲ့ ဝမ်းသာမှုအပြည့် ဖြစ်သွားတယ်။ ငါ ဝမ့်ကျန့်ဂိုဏ်းကို ဝင်လာတုန်းက ဓားဆရာကြီးက တိုက်တိုက်ဆိုင်ဆိုင် ဂူပိတ်ကျင့်ကြံနေတာလေ။ အခုတော့ နောက်ဆုံးတော့ ငါ ဓားဆရာကြီးကို တွေ့မဲ့အခွင့်အရေး ရလာပြီ။

“ငါတို့ရဲ့ဂိုဏ်းချုပ်ကြီးက ဓားဆရာကြီးကို အကြိမ်ကြိမ်သွားတွေ့ခဲ့ပြီး နောက်ဆုံးတော့ သူ့ကို ဂူပိတ်ကျင့်ကြံရာကနေ ထွက်လာအောင် လုပ်နိုင်တယ်လို့ ပြောကြတယ်”

သူ့ဘေးကတပည့်ရဲ့ စိတ်လှုပ်ရှားမှုနဲ့တမ်းတတဲ့ ခံစားချက်က သူ့ထက်ကို မလျော့နည်းလေဘူး။

“ဓားဆရာကြီးရှေ့မှာ ငါသေသေချာချာလေး လုပ်ပြရမယ်”

ဒီအချိန်မှာပဲ အေးစိမ့်တဲ့ခံစားချက်တစ်ခုက ကောင်းကင်ထဲမှာ ပြည့်နှက်သွားလိုက်တာ လောကကြီးတစ်ခုလုံးကို ဖိနှိပ်နိူင်လောက်တဲ့ ဓားစွမ်းအင်က ပြိုင်ပွဲကွင်းတစ်ခုလုံးကို လွှမ်းခြုံသွားတဲ့အတိုင်းပဲ။ ရေခဲအပိုင်းအစလေးတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရေခဲတောင်အလယ်မှာ ပုံရိပ်တစ်ခုက ဝမ့်ကျန့်ဂိုဏ်း တပည့်တွေရဲ့ခေါင်းပေါ်ကနေ ဖြတ်သွားတယ်။

တပည့်တွေက သူတို့ရဲ့ခေါင်းကို မော့ကြည့်လိုက်တဲ့အခါ အေးမြပြီး တစ်မူထူးခြားတဲ့ ပုံရိပ်တစ်ခု ထိုင်ခုံရဲ့ဘယ်ဖက်အခြမ်းမှာ တိတ်တဆိတ် ထိုင်နေတာကို တွေ့လိုက်ရတယ်။

နောက်တစ်စက္ကန့်မှာပဲ ဖိနှိပ်လွှမ်းမိုးထားတဲ့ ဓားစွမ်းအင်တွေက ရုတ်ခြည်းဆိုသလို ပြယ်လွှင့်သွားတယ်။

အခုလေးတင် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးက အားလုံးရဲ့စိတ်ထဲမှာ ထင်ယောင်ထင်မှား ဖြစ်သွားတဲ့အတိုင်းပဲ။

အားလုံးက ငေးမောပြီး ပတ်ဝန်းကျင်မြင်ကွင်းကို ငေးကြည့်ကာ အချိန်တော်တော်ကြာမှပဲ သတိပြန်ဝင်လာကြတယ်။ ဒါက ချင်းယွမ်ဓားဆရာကြီးပဲ။

ထောင့်လေးတစ်ခုမှာ ငြီးငွေ့ပြီးသမ်းဝေနေတဲ့စူးလီက နောက်ဆုံးတော့ ဓားဆရာကြီးပေါ်လာတာကို မြင်လိုက်တဲ့အခါ နည်းနည်းလေး လန်းဆန်းသွားတယ်။ သူမက သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို မကြာမကြာ လှန်လောကြည့်နေလိုက်တယ်။

ပြီးခဲ့တဲ့နှစ်ရက်တုန်းက ဂိုဏ်းအကြောင်း အတင်းအဖျင်းတွေ အားလုံးကို စားသောက်ပြီးသလောက် ဖြစ်နေပြီလေ။ တကယ်လို့ သူမသာ ချင်းယွမ်ဓားဆရာကြီးကို မမြင်ရတော့ဘူးဆိုရင် ဝမ့်ကျန့်ဂိုဏ်းမှာ ဒီလိုမျိူးပုဂ္ဂိုလ်မျိုးရှိနေတာတောင် သူမက မေ့နေလောက်ပြီ။

[ဒီအကြောင်းကို စဥ်းစားကြည့်ပါအုံးမယ်၊ ဝမ့်ကျန့်ဂိုဏ်းက အဲ့ဒီကြီးမြတ်သူတွေက တော်တော်လေး ထူးဆန်းတဲ့ပုံပဲ~~]

[အန်းယွိကြီးမြတ်သူ၊ သူ့ရဲ့ဓားစွမ်းရည်က ဆက်စီကျတယ်တဲ့။ ရူရွှင့်ကြီးမြတ်သူ၊ သူ့ရဲ့ကျင့်ကြံခြင်းကိုတော့ သူ့ညီအရင်းက ခိုးသွားခဲ့တာတဲ့။ ဟွားချီကြီးမြတ်သူ၊ သူကလည်း အမျိုးသားကျင့်ကြံသူတစ်ယောက်ကို နှစ်ပေါင်းများစွာ လိုက်နေတာတဲ့။ ဘာကြောင့်လဲဆိုတော့ အဲဒီကြီးမြတ်သူက သူမရဲ့အိပ်မက်ထဲက ဓားဝိညာဥ်နဲ့တူနေလို့တဲ့လေ၊ အို ဟုတ်သားပဲ၊ လင်ဖန်း ကြီးမြတ်သူဆိုတာလည်း ရှိသေးတယ်။ သူကျတော့ ဓားဝိညာဥ်အတွက် သူရဲ့ အသက်သွေးကြောမကြီးကို အကြိမ်ဒါဇင်ချီအောင် ဖြတ်ပြစ်ပြီးတော့ ရွှီယွမ်ဆေးလုံးကို သုံးတာကိုတောင်မှ မ’ထောင်မတ်’ နိုင်တော့ဘူးတဲ့လေ...]

[ဒီဓားဆရာကြီးကို တစ်ချက်လောက် ကြည့်လိုက်ပါအုံးမယ်...]

[ဒါကြီးကတော့ အရမ်းကို လွန်သွားပြီ]

[ချင်းယွမ်ကျန့်စွမ်း (ဓားဆရာကြီး)က တကယ်တော့ အိုတခု အချိန်ခရီးသွားတဲ့သူတဲ့လေ]

[ဟားဟားဟားဟား သူ ဒီကိုရောက်လာတာ ဆယ်နှစ်လောက်ရှိပြီတဲ့၊ သူက ဓားတစ်ချောင်းနဲ့ ပျံသန်းနည်းကိုပဲ တတ်မြောက်တာတဲ့လေ၊ သူက သုံးမီတာထက် ပိုမြင့်ပြီးမပျံနိုင်ဘူးတဲ့၊ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ အမြင့်ကြောက်ရောဂါ ရှိနေလို့တဲ့]

[ဝမ့်ကျန့်ဂိုဏ်းရယ် ဒါကတော့ တကယ့် ဆေးပါဟယ်]

...

All Chapters