← Chapters

အခန်း ၈၄

Vol. 6 Ch. 84

အခန်း ၈၄

Vol. 6 Ch. 84

အပိုင်း (၈၄)

ရုတ်တရက်ဆိုသလိုပဲ သိုင်းပြိုင်ကွင်းထဲမှာ လုံးဝတိတ်ဆိတ်သွားခဲ့တယ်။ ဘာလှုပ်ရှားမှုမှ မရှိတော့ဘူး။ တိတ်ဆိတ်သွားလိုက်တာ အပ်ကျသံတောင် မကြားရဘူး။

အားလုံးရဲ့မျက်နှာပေါ်က အမူအရာတွေကလည်း လုံးဝကို နားမလည်နိုင်တော့သလိုဖြစ်နေပြီး စကားလုံးနဲ့တောင် ဖော်ပြဖို့ တော်တော်လေး ခက်တာပါပဲ။ စိတ်ရှုပ်ထွေးမှုကြားမှာ နားမလည်နိုင်တဲ့ အရိပ်အ‌ယောင်တစ်ခု။ နားမလည်နိုင်တဲ့ကြားက နက်နဲတဲ့ မျှော်လင့်ကုန်ဆုံးခြင်း။ မျှော်လင့်ချက် ကုန်ဆုံးနေတဲ့ကြားထဲကပဲ ခပ်ရေးရေး မျှော်လင့်ချက် အမျှင်တန်းလေးတစ်ခု။

ဒါတွေက စိတ်ထင်ယောင်ထင်မှား ဖြစ်နေတာပဲ နေမှာပါလေ။

သိုလှောင်ရုံအကြီးအကဲက သူ့အကြီးအကဲထိုင်ခုံမှာ ထိုင်နေရင်း သူ့ရင်ဘတ်ကတော့ ခပ်ကြမ်းကြမ်း နိမ့်လိုက် မြင့်လိုက်ပဲ။ သူက အိုတခု အချိန်ခရီးသွား တစ်ယောက်ဆိုတာ ဘာမှန်းတော့မသိပေမဲ့ အပြင်လောကကလာတဲ့အသံ ပြောလိုက်တဲ့ စကားလုံးရဲ့ တိုက်ရိုက်အကျဆုံး အဓိပ္ပာယ်ကိုတော့ သိသေးတယ်။

သူတို့ရဲ့ဓားဆရာကြီးကို ... ဖြစ်နိုင်တာက... ဖြစ်ချင်မှ ဖြစ်မယ်ဆိုပေမဲ့... တစ်ယောက်ယောက်က သိမ်းပိုက်ထားတဲ့သဘော...။

လုံးဝ မဖြစ်နိုင်တာ။

ပြီးခဲ့တဲ့ နှစ်ရက်တုန်းက ဘိုးဘေးကြီးကို တွေ့လိုက်ရပြီး သူ အရမ်း စိတ်လှုပ်ရှားသွားလို့ပဲ ဖြစ်ရမယ်။ ဒါကြောင့် သူ့စိတ်က ဝရုန်းသုန်းကားဖြစ်ပြီး ဒီလိုဆိုးရွားတဲ့ ထင်ယောင်ထင်မှားတွေ ဖြစ်နေတာ။

ဒီအချိန်မှာပဲ အပြင်လောကကအသံက သူနဲ့ အားလုံးရဲ့ ရင်ထဲက တစ်ခုတည်းသော မျှော်လင့်ချက်အမျှင်တန်းကို ရက်ရက်စက်စက် ဖြတ်တောက်လိုက်တော့တယ်။

[ဟားဟား ဟား ဟား တခြားသူတွေ ကောင်းကင်မှာ ပေါ်လာတာမဆန်းပါဘူး၊ ဒါပေမဲ့ ဓားဆရာကြီးတော့ တပည့်တွေရဲ့ ခေါင်းပေါ်ကနေပဲ ပျံတယ်လေ၊ သူ့ အမြင့်ကြောက်လို့ကိုးဟဲ့]

[ဆယ်နှစ်တောင် ရှိသွားပြီ၊ ဒီအိုတခုက ကြိုးကြိုးစားစား လုပ်မယ်ဆိုရင် ၅မီတာလောက်ကိုတော့ ပျံသင့်ပါတယ်]

[ဟား ဟား ဟား ဟား အခုတော့ သူက ဓားသိုင်းကျင့်ဖို့မပြောနဲ့ သူ့မွေးချင်းဓားကိုတောင် မဆွဲထုတ်နိုင်ဘူးတဲ့]

[ဒီဓားဆရာကြီးရဲ့ဝိညာဉ် တစ်ခုခု မူမမှန်ဖြစ်နေတာကို တစ်ယောက်ယောက်ကတော့ သတိထားမိသင့်တယ်မလား၊ ဒါက အတုဆိုတာ အသိသာကြီးပဲမလား]

ဝုန်း___

ဒါကတော့ သိုလှောင်ရုံအကြီးအကဲ သတိလစ်ပြီး မြေကြီးပေါ်လဲကျသွားတဲ့အသံပါပဲ။

ဖတ်___

ဒါကတော့ တောင်ထွတ်သခင်နှစ်ယောက် ခြေထောက်တွေ အားပျက်ပြီး ဒူးထောက်ကျသွာတဲ့အသံ။

ဒုတ် ဒုတ် ဒုတ် ___

ဒါကတော့ မရေမတွက်နိုင်တဲ့ လူတွေရဲ့ခန္ဓာကိုယ် တုန်လှုပ်နေရာကနေ ပဲ့တင်ထွက်လာတဲ့အသံ။

အဓိကထိုင်ခုံနေရာမှာ ထိုင်နေတဲ့ချီမင်ကတော့ သူတို့တွေထက် မသိမသာလေး အခြေအနေ ပိုကောင်းတယ်။ အနည်းဆုံးတော့ သူ ငြိမ်ငြိမ်လေး ထိုင်နိုင်နေသေးတယ်လေ။ သူ့နှုတ်ခမ်းတွေကတော့ တဆတ်ဆတ်တုန်နေပြီး သူ့မျက်နှာက သွေးလုံးဝမရှိဘဲ ဖြူဖျော့နေပြီး သူ့နှုတ်ခမ်တွေကတောင် မျှော်လင့်ချက်မဲ့လောက်အောင် ဖြူဆုတ်နေလို့ပါပဲ။

သူက တုန်တုန်ယင်ယင်နဲ့ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ရှိသမျှသတ္တိတွေ စုစည်းလိုက်ပြီးတော့ သူ့ဘယ်ဖက်က ချင်းယွမ်ဓားဆရာကြီးကို ကြည့်လိုက်တယ်။

ဒီအချိန်မှာတော့ ချင်းယွမ်ဓားဆရာကြီးရဲ့မျက်နှာပေါ်မှာ အနှိုင်းမဲ့ စိတ်နေသဘောထား လုံးဝမရှိနေဘူး။ သူ့မျက်နှာက ဖြူဆုတ်နေပြီး သူ့မျက်လုံးတွေကလည်း ပတ်ဝန်းကျင်ကို လှစ်ခနဲကြည့်နေတုန်း ချီမင်ရဲ့စူးရဲတဲ့အကြည့်နဲ့ ဆုံပါလေရော။ အဲဒီနောက်က သူက ခေါင်းငုံ့ကာ ကြမ်းပြင်ကိုပဲ ကြည့်နေရင်း ဘယ်သူ့ကို ထပ်ပြီး မော့မကြည့်ရဲတော့ဘူး။

သူ့ကို ဒီလိုမြင်လိုက်ရတော့ ချီမင်ရဲ့မျက်လုံးတွေက လှန်ထွက်သွားပြီး သိုလှောင်ရုံအကြီးအကဲလိုပဲ သတိလှစ်တော့မလို ဖြစ်သွားတော့တယ်။

ချင်းဟွမ်ဓားဆရာကြီး... မဟုတ်ဘူး။ စိတ်ပျက်လက်ပျက်နဲ့ ကြမ်းပြင်ကိုပဲ ငေးကြည့်နေတဲ့သူက ကုချန်းကျဲ့။

ဒီကာလအတွင်းမှာ ကောင်းကင်ကလာတဲ့ အသံအရေအတွက်က နည်းသွားတယ်လို့ သူ ကြားထားတာပဲ။ သူ(မ)ကတော့ ဝမ့်ကျန့်ဂိုဏ်းကို စိတ်မဝင်စားတော့ဘူးလို့ ထင်ထားခဲ့တာ။ နောက်ပြီးတော့ ဝမ့်ကျန့်ဂိုဏ်းချုပ်က ပြီးခဲ့တဲ့နှစ်ရက်တုန်းက ဂူအထိလာပြီး သူ့ကို လာရှာနေတာလေ...။

သူက ဂူထဲမှာ နေလာခဲ့တာ ၁၀နှစ်ကျော်သွားပြီးလေ။ သူ့ခန္ဓာကိုယ်ကလဲ မှိုတွေနဲ့ ဖုံးတော့မယ်။ ဒါက မျက်နှာလည်းပြရင်း လေကောင်းလေသန့်ရှူဖို့ အခွင့်အရေးကောင်းတစ်ခုလို့ သူ ထင်တယ်လေ...။

အပြင်လောကကလာတဲ့အသံက တစ်ချိန်လုံး ဒီမှာရှိနေပြီး သူ့ကို ချက်ချင်းမိသွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

သူ့ကို စိုက်ကြည့်နေကြတဲ့ လူထောင်ပေါင်းများစွာရဲ့ အကြည့်ကို ခံစားမိနေတဲအခါ သူ့တကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရတယ်။ “အင်း... အိမ်မှာ တစ်ခုခု ဖြစ်နေတာကို အခုမှ ရုတ်တရက် သတိရသွားလို့ အရင်ဆုံး ပြန်နှင့်ပါအုံးမယ်”

သူက ဓားအိမ်ထဲကနေ ဆွဲမထုတ်ရသေးတဲ့ သူ့မွေးချင်းဓားပေါ် တက်ပြီး ဝှစ်ခနဲ ပျံထွက်သွားခဲ့တယ်။

ပျံသန်းတဲ့ နှုန်းက အင်မတန်မှ မြန်တယ်ဆိုပေမဲ့ အမြင့်ကိုတော့ ၃မီတာအတွင်းမှာ တင်းတင်းကြပ်ကြပ် ထိန်းထားပြီး ၁ စင်တီမီတာလေးတောင် မပိုဘူး။

ချီမင်နဲ့ ဝမ့်ကျန့်ဂိုဏ်းက တခြား အဆင့်မြင့်ဂိုဏ်းသားတွေက ကုချန်းကျဲ့ လုံးဝနိမ့်နိမ့်လေး ပျံနေတာကို မြင်လိုက်ရတော့ သူတို့တွေက မျက်နှာပေါ်မှာ စိတ်ပျက်လက်ပျက်ရုပ်တွေနဲ့ သူ့နောက်က လိုက်ကြတော့တယ်။

စူးလီက ဒီလူတွေရဲ့ ကျောပြင်ကို ကြည့်လိုက်ပြီး သူမရဲ့အသံက သံသယအပြည့်ဖြစ်သွားတယ်။

[ဒီလူတွေ အားလုံးက ဘာလို့ ပြေးထွက်သွားကြတာလဲ]

[ဧကန္တ သူတို့တွေက ဓားဆရာကြီးဆီမှာ တစ်ခုခု လွဲနေရာကို ရှာတွေ့သွားကြလို့လား]

ဒီလိုစဉ်းစားလိုက်ပြီး သူမရဲ့မျက်လုံးတွေက ပိုပြီး စိတ်လှုပ်ရှားလာခဲ့တယ်။ သူမက သူမဘေးမှာ စိတ်လှုပ်ရှားနေကြတဲ့ ဝမ့်ကျန့်တပည့်တွေကိုတောင် မကြည့်တော့ဘူး။ အဲဒီအစား သူမက ဝမ်းသာအားရနဲ့ ရွှမ်းလင်တောင်ထွတ်ကို ပြန်လာပြီး သူမအခန်းကို ပြန်သွားဖို့ ပြင်ဆင်ရင်း သွားရေစာလေးဘာလေး ပြင်ဆင်လိုက်ပြီး ဒီဖရဲသီးကြီးကို စားဖို့ တိမ်လွှာကြေးမုံကို အသုံးချလိုက်တယ်။

စူးလီက ရွှမ်းလင်တောင်ထွတ်ကို ပြန်လာတဲ့အချိန်မှာပဲ ချီမင်နဲ့တခြားသူတွေက ကမန်းကတမ်း ထွက်ပြေးသွားပြီး ကျစ်ရွှမ်းဝါးထဲ ရောက်နေတဲ့ ကုချန်းကျဲ့ကို ဝိုင်းထားလိုက်ကြတယ်။

ဝမ့်ကျန့်ဂိုဏ်းက ပုဂ္ဂိုလ်ထူးတွေ တော်တော်များများကလည်း ဒီသတင်းကို ရသွားပြီး ဒီနေရာကို အပြေးအလွှားရောက်လာကြတယ်။

ပုဂ္ဂိုလ်ထူးရူရွှင့်က သူ့ကျင့်ကြံခြင်းကို ခိုးယူသွားပြီး သူ့ကျင့်ကြံခြင်းကို ပိတ်ဆို့အောင် လုပ်ခဲ့တဲ့ သူ့ညီ‌လေးကိစ္စ ဖြေရှင်းပြီးလို့ တမြန်နေ့ကမှ ပြန်ကောင်းလာပြီး သူ့မျက်နှာပေါ်မှာ နာမကျန်းဖြစ်နေပြီး အားနည်းတဲ့ အရိပ်အယောင်တစ်ခု ရှိနေသေးတယ်။

သူက အလယ်မှာ ဝိုင်းခံထားရတဲ့ ချင်းဟွမ်ဓားဆရာကြီးကို လှမ်းကြည့်လိုက်ပြီး သူ့မျက်နှာက ပိုပြီး ဖြူဆုတ်သွားခဲ့တယ်။

သူက မယုံမကြည်နဲ့ ခေါင်းကို လှည့်လိုက်ပြီး သူ့ဘေးမှာ ရပ်နေတဲ့ ချီမင်းကို ကြည့်လိုက်တယ်။

“ဂိုဏ်းချုပ်ကြီး ဧကန္တက ဓားဆရာကြီးက တကယ်ပဲ....”

ချီမင်က မြေကြီးပေါ်မှာ ပြိုလဲကျနေပြီး တုန်ယင်နေတဲ့ ကုချန်းကျဲ့ကို ကြည့်လိုက်ပြီး လုံးဝ မျှော်လင့်ချက် ပျက်နေတဲ့ အသံနဲ့ ပြောလိုက်တော့တယ်။

“တကယ်ပါ”

ရေခဲလို အေးစက်တဲ့ဓားကို ပိုင်ဆိုင်ထားတဲ့ သူတို့ရဲ့ ပြိုင်ဖက်ကင်း ချင်းယွမ်ဆရာကြီးက ဘယ်လိုဖြစ်ပြီး .... ဒီလိုဖြစ်သွားတာလဲ။

ဒီစကားကို ကြားလိုက်တော့ အခုမှ ရောက်လာတဲ့ ပုဂ္ဂိုလ်ထူး ဟွားချီကတွေဝေမနေဘဲ သူ့ဘေးက ဝိညာဉ်ဓားကို ဆွဲထုတ်လိုက်ပြီး သူ့အသံက စိတ်ပျက်မှုနဲ့ အေးစက်မှုတွေ ပြည့်နက်နေတယ်။ “သူခိုး၊ အတင့်ရဲလို့ မင်းကများ ဓားဆရာကြီးရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားရသလား”

အစပိုင်းက စိတ်ပျက်လက်ပျက်ဖြစ်နေသည့် လူအုပ်ကြီးက နောက်ဆုံးတော့ သတိဝင်လာပြီး အားလုံးက ‌ဒေါသအပြည့်ဖြင့် ကုချန်းကျဲ့ကို ကြည့်လိုက်ကြသည်။

ဒီနေ့ သူတို့တွေ ဒီဓားဆရာကြီး သူခိုးရဲ့ ဝိညာဉ်ကို သေချာပေါက် ဆွဲနှုတ်ပြီး အမှုန့်ဖြစ်အောင် ကြိတ်ခြေပစ်ရမယ်။

ကုချန်းကျဲ့က သူ့ကို အပိုင်းအစစ ဖြစ်အောင် ဆွဲဖြဲပစ်နိုင်တဲ့ သူ့ဘေးက ဝိညာဉ်စွမ်းအင်လှိုင်းလုံးကို ခံစားမိလိုက်တယ်။ ချွေးအေးတွေ ထွက်လာပြီး သူ့ခြေထောက်ကလည်း တဆတ်ဆတ် တုန်လှုပ်နေတယ်။ သူ့မှာ ကြောက်လန့်ပြီး နစ်နာတယ်လို့ ခံစားလိုက်ရတယ်။

“ကျွန်တော်က ခင်ဗျားတို့ရဲ့ ဓားဆရာကြီးရဲ့ ခန္ဓာကိုယ်ကို ယူထားတာ မဟုတ်ပါဘူး၊ ကျွန်တော်က ဒီခန္ဓာကိုယ်ထဲမှာ နိုးလာခဲ့တာ”

သူက ခေတ်သစ်မှာ ကောင်းကောင်းနေနေ ကောင်းကောင်းစားပြီး နေ့တိုင်း အဆီပြည့် အိမ်ကို ပျော်ရွှင်စေတဲ့ရေ (ကိုကာကိုလာ slang)ကို သောက်ပြီး ကွန်ပျူတာထဲက သူ့နတ်ဘုရားမကိုလည်း စောင့်ကြည့်နိုင်တာပဲ။

နေ့တိုင်း သိုင်းကျင့်လိုက် ကျင့်ကြံလိုက် လုပ်နေတဲ့ မင်းတို့အားလုံး ရှိနေတဲ့ ဒီကျင့်ကြံရေးလောကထဲ ရောက်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

အဓိကကတော့ လောကမှာ နံပါတ်တစ်ဖြစ်နေတဲ့ လူထဲဝင်သွားလို့ သူ့မှာ ဒီဂူထဲမှာ ဆယ်နှစ်ကျောက် ပုန်းနေခဲ့ရတာ။ သူ့မှာ လတ်ဆတ်တဲ့လေကို ရှူဖို့ တခါတလေမှ အပြင်ထွက်ရဲတာ။ နောက်ပြီး တစ်ယောက်ယောက်ကိုလည်း သူ့အကြောင်း အသိမပေးရဲဘူးလေ။

“စကားကို ကပ်ပြောရဲသေးတယ်” ကြီးမြတ်သူဟွားချီရဲ့မျက်လုံးတွေက ပြူးကျယ်သွားပြီး သူ့ရဲ့မက်မွန်စေ့သဏ္ဌာန် မျက်လုံးထဲက ဒေါသတွေက ကုချန်းကျဲ့ကို မီးကျွမ်းတော့မတတ်ပဲ။ “မင်းသာ သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်မထားဘူးဆိုရင်...”

[ခန္ဓာကိုယ်ကို သိမ်းပိုက်ထားတာလဲ တကယ်တော့ သူ မဟုတ်ပါဘူး]

ရွှမ်းလင်တောင်ထွတ်ကို အခု‌လေးတင်မှ ပြန်ရောက်လာပြီး တိမ်လွှာကြေးမုံကို ဖွင့်လိုက်တဲ့ စူးလီက ကြီးမြတ်သူ ဟွားချီရဲ့ စကားတွေကို ကြားလိုက်တယ်။ သူမက ဒီအတိုင်း ကောင်းကင်စာအုပ်ကို လှန်လိုက်ပြီး သူမရဲ့အသံက နည်းနည်း ထူးဆန်းနေတယ်။

[ဒီအချိန်ခရီးသွားက ညဉ့်နက်တဲ့အထိ နေတာများပြီး ရုတ်တရက် သေသွားပြီး သူ မျက်လုံး ပြန်ဖွင့်လိုက်တဲ့အချိန်မှာ သူက ဓားဆရာကြီးရဲ့ ခန္ဓာကိုယ်ထဲ ရောက်နေတာ]

ကုချန်းကျဲ့ရဲ့မျက်နှာ‌ပေါ်က အမူအရာကလည်း အေးခဲသွားတယ်။ ဒီတော့ သူက သေသွားပြီလား။

ဒါဆို သူက ဘယ်တော့မှ ပြန်သွားလို့မရတော့ဘူးပေါ့။

သူ ရုတ်တရက် သေသွားတာဆိုရင် ရဲတွေကတော့ သူ့အခြေအနေကို သေချာပေါက် စုံစမ်းမှာပဲ။

သူ့ဖုန်းနဲ့ ကွန်ပျူတာပေါ်က ကြည့်ထားတဲ့ historyကို စဉ်းစားမိသွားပြီး သူ့မှာ စိတ်ပျက်လက်ပျက် ဖြစ်သွားတော့တယ်။ သူ့တစ်ဘဝလုံးမှာ ဥပဒေကို လိုက်နာခဲ့ရက်သားနဲ့ နောက်ဆုံးတော့ သူ့အပြစ်ကင်းစင်ပုံကို ထိန်းသိမ်းထားနိုင်မှာ မဟုတ်ဘူးလို့ လုံးဝ ထင်မထားခဲ့မိဘူး။

အပြင်လောကကလာတဲ့အသံကို ကြားလိုက်ပြီးနောက်မှ ကြီးမြတ်သူဟွားချီက ရုတ်တရက် မေးနေတာကို ရပ်လိုက်ပြီး သူအသံထဲမှာ သူကိုယ်တိုင်တောင် သတိမထားမိတဲ့ ကြောက်ရွံ့မှု အပြည့်ဖြစ်သွားတယ်။

“မင်းက ခန္ဓာကိုယ်ကို သိမ်းပိုက်ထားတာ မဟုတ်ဘူးဆိုရင် ဒါဆို မင်းက ဘယ်လိုလုပ်ပြိး ဓားဆရာကြီးရဲ့ ခန္ဓာကိုယ်ထဲမှာ ပေါ်လာနိုင်ရတာလဲ”

ဒီအခြေအနေမှာတော့ ဓားဆရာကြီးက အစောကြီးကတည်းက.... မဟုတ်ဘူးဆိုရင် ဒီလောက် အားနည်းတဲ့ ကျင့်ကြံသူတစ်ယောက်က ဓားဆရာကြီးရဲ့ ခန္ဓာကိုယ်ကို ယူထားနိုင်မှာလဲ။

[လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက ချင်းယွမ်ကျန့်စွမ်း (ဓားဆရာကြီး) ကျင့်ကြံနေတုန်းမှာ တစ်ခုခု ဖြစ်သွားခဲ့တာ၊ သူ့ဝိညာဉ်က အပြင်းအထန် ထိခိုက်သွားခဲ့တယ်၊ နောက်ပြီး သူ့ဝိညာဉ်က အရင်ကလည်း ဒဏ်ရာရထားတာ ရှိတယ်၊ ဒီတော့ မိစ္ဆာစိတ်ပြောင်းသွားပြီး ဝမ့်ကျန့်ဂိုဏ်းနဲ့ ကျင့်ကြံရေးလောကကို အန္တရာယ် မဖြစ်စေဖို့ သူက သူ့ဝိညာဉ်ကို ကိုယ့်ဟာကို ဖျက်ဆီးတဲ့နည်းလမ်းကို ရွေးချယ်ခဲ့တာ ]

[ကြည့်ရတာ ကုချန်းကျဲ့နဲ့ ချင်းယွမ်ကျန့်စွမ်းတို့ရဲ့ ဝိညာဉ်တွေက ထင်မထားဘဲ သဟဇာတ ဖြစ်သွားတယ် ထင်ပါတယ်၊ ဒီတော့ သေသွားတဲ့ ကုချန်းကျဲ့က ပြန်နိုးလာတဲ့အချိန်မှာ သူက ချင်းယွမ်ကျန့်စွမ်းရဲ့ ခန္ဓာကိုယ်ထဲ ရောက်နှင့်နေပြီ]

အပြင်လောက လာတဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ ကုချန်းကျဲ့က ခေါင်းမော့လိုက်ပြီး သူ့ပတ်ဝန်းကျင်ကလူတွေကို နည်းနည်းလေး မကျေနပ်တဲ့ရုပ်နဲ့ ကြည့်လိုက်တယ်။ “ခင်ဗျားတို့ ဓားဆရာကြီးရဲ့ဝိညာဉ် ပေါက်ကွဲသွားပြီးမှ ကျွန်တော်က ဒီခန္ဓာကိုယ်ထဲ ဝင်လာတာ၊ ဒါက တကယ် ကျွန်တော်ဖြစ်ချင်တာ မဟုတ်ဘူး”

ကြီးမြတ်သူ ဟွားချီနဲ့ တခြားလူတွေက ဒီအချိန်မှာ တခြားအသံတွေကို မကြားနိုင်တော့ဘူး။ အားလုံးက သူတို့မျက်နှာပေါ်မှာလဲ ဝမ်းနည်း စိတ်မကောင်းဖြစ်နေတဲ့ ရုပ်တစ်ခုစီ ဖြစ်သွားကြတယ်။ ချီမင်ရဲ့မျက်လုံးတွေက နီရဲပြီး သွေးတွေစီးကျတော့မတတ်ပဲ။

ဓားဆရာကြီးရဲ့ဝိညာဉ်က တစ်ခါက အပြင်းအထန် ဒဏ်ရာရခဲ့တာကို သူတို့တွေ လုံးဝ မသိခဲ့ကြဘူးလေ။

ချင်းယွမ်ကျန့်စွမ်းက ဝမ့်ကျန့်ဂိုဏ်းကို နှစ်ရာချီအောင် ကာကွယ်ပေးခဲ့ပြီး ဝမ့်ကျန့်ဂိုဏ်းက မရေမတွက်နိုင်တဲ့ အရှုပ်ထုပ်တွေကို ရှင်းလင်းပေးခဲ့တာ။ အခုတော့ ဝမ့်ကျန့်ဂိုဏ်းရဲ့ လုံခြုံရေးအတွက် သူက မိစ္ဆာတစ်ကောင် ဖြစ်မလာချင်လို့ သူ့ဝိညာဉ်ကို ကိုယ့်ဟာကို ဖျက်ဆီးဖို့ ရွေးချယ်ခဲ့တာတဲ့။

ချီမင်က ရုတ်တရက် ဒူးထောက်ချလိုက်တယ်။ သူက ကုချန်းကျဲ့ကို ဒူးထောက်တာ မဟုတ်ဘဲ သူ့ရဲ့လက်ရှိခန္ဓာကိုယ်၊ လွန်ခဲ့တဲ့ ဆယ်နှစ်က ပျောက်ကွယ်သွားခဲ့တဲ့ သူ့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်ကို ဒူးထောက်လိုက်တာပါ။

သူက စိတ်ရင်းအတိုင်း ဦးချလိုက်ပြီး မျက်ရည်တွေက မြေကြီးပေါ်ကို တစ်စက်ပြီးတစ်စက် ကျဆင်းသွားခဲ့တယ်။

“ဝမ့်ကျန့်ဂိုဏ်းရဲ့ခြောက်ယောက်မြောက် ဂိုဏ်းချုပ်က ဓားဆရာကြီးကို ပို့ဆောင်ပါတယ်”

သူ့နောက်က လူတွေအားလုံးကလည်း သူ့လိုပဲ မြေကြီးပေါ်ကို ဒူးထောက်ချလိုက်ပြီး ထိန်းချုပ်မရနိုင်တဲ့ ဝမ်းနည်းပူဆွေးမှုတွေနဲ့ လှိုက်လှိုက်လှဲလှဲ ပြောလိုက်ကြတယ်။

“ဓားဆရာကြီးကို ပို့ဆောင်ပါတယ်”

ကုချန်းကျဲ့က အားလုံးရဲ့ အပြုအမူတွေကို ကြည့်လိုက်ပြီး ဇဝေဇဝါနဲ့ နောက်ကို နှစ်လှမ်းဆုတ်လိုက်ပြီးနောက်မှာတော့ ဘာမှမပြောတော့ဘဲ ခေါင်းငုံ့ထားလိုက်တော့တယ်။

သူ့လက်ရှိခန္ဓာကိုယ်က သူ့အတိတ်ဘဝက ခန္ဓာကိုယ်နဲ့ လုံးဝမတူဘူးလေ။

ချင်းယွမ်ကျန့်စွမ်းမှာ မြင့်မားတဲ့ ကျင့်ကြံခြင်းအဆင့်ရှိပြီး ကြီးမားတဲ့ အရေအချင်းရှိတယ်၊ သူ့မှာ ကြီးမြတ်တဲ့စိတ်နှလုံးတစ်ခု ရှိတယ်။ သူက ဂိုဏ်းအတွက် သူ့ကိုယ်သူ လိုလိုလားလား စွန့်စားခဲ့ပြီး မရေမတွက်နိုင်တဲ့ လူတွေက သူ့ရဲ့သေဆုံးမှုအတွက် ငိုညည်းကြပြီး သူ့ကို နှမြောကြတယ်။ ဒါပေမဲ့ သူကတော့ သူ့နေ့ရက်တွေကို ကွန်ပျူတာရှေ့မှာပဲ ကုန်ဆုံးနေတဲ့ ခေတ်သစ်လူ့အဖွဲ့အစည်းက သာမန်လူတစ်ယောက်ပဲ။ သူ သေသွားရင်တောင် ဘယ်သူကမှ ဂရုစိုက်မှာ မဟုတ်လောက်ဘူးထင်တယ်။

ဓားကိုင်ထားပြီး မရေမတွက်နိုင်တဲ့ လူတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ သူ့ရဲ့ ရှည်သွယ်သွယ် လက်တွေကို ကြည့်လိုက်ပြီး ဝိုးတဝါး ဆန္ဒတစ်ခုက သူ့မျက်လုံးထဲမှာ ရုတ်တရက် ပေါ်လာခဲ့တယ်။ သူသာ ချင်းယွမ်ကျန့်စွမ်းလို ဖြစ်မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။

သူက နေ့ခင်းအိပ်မက်မက်နေတုန်းမှာပဲ ဒူးထောက်နေကြတဲ့ ဝမ့်ကျန့်ဂိုဏ်းက လူတွေအားလုံးက ထရပ်လိုက်ကြပြီ။

ဂိုဏ်းချုပ်ကြီး ချီမင်က အင်မတန်မှ ဝမ်းနည်းနေပေမဲ့ သူက ဂိုဏ်းချုပ်တစ်ယောက်မှာ ရှိသင့်တဲ့ အနေအထားကို ကိုယ့်ဟာကို အတင်းပဲ မြန်မြန်လေး ထိန်းညှိထားလိုက်တယ်။

ဝမ့်ကျန့်ဂိုဏ်းအတွင်း သိုင်းပြိုင်ပွဲကို ဝမ့်ကျန့်ဂိုဏ်းက လူတွေပဲ လာရောက်ကြည့်ရှုကြတာမဟုတ်ဘဲ တခြားဂိုဏ်းနဲ့ မိသားစုတွေက လူတွေအများကြီးကလည်း လာရောက်ကြတယ်။

အပြင်လောကကလာတဲ့အသံက ချင်းယွမ်ကျန့်စွမ်းရဲ့ ဝိညာဉ်ကို လူအသစ်တစ်ယောက်က အစားထိုးဝင်ရောက်ခဲ့တဲ့ လျို့ဝှက်ချက်ကို ဝမ့်ကျန့်ဂိုဏ်း ဓားသိုင်းပြိုင်ပွဲမှာ ထုတ်ဖော်ခဲ့တယ်။ အခုဆိုရင် တချို့ကျင့်ကြံသူတွေက ကြားပြီးသွားလောက်ပြီ။

ဝမ့်ကျန့်ဂိုဏ်းက ဂိုဏ်းကြီးခြောက်ခုထဲက တစ်ခုဆိုပေမဲ့ ချင်းယွမ်ကျန့်စွမ်းရဲ့ အထောက်အပံ့ မရှိတော့ရင် ဝမ့်ကျန့်ဂိုဏ်းထဲမှာ စိတ်ဝင်စားလာကြမဲ့ မိသားစုတွေ အများကြီး သေချာပေါက် ရှိလာလိမ့်မယ်...

တစ်ချိန်ထဲမှာပဲ ဝမ့်ကျန့်ဂိုဏ်းနဲ့ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် ရှိကြတဲ့ ကြီးမြတ်သူတွေ အများကြီးနဲ့လည်း ဆက်ဆံရေးက အတိုင်းအတာတစ်ခုအထိ တင်းမာသွားလိမ့်မယ်။ သူတို့တွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင်... လက်ရှိ ဝမ့်ကျန့်ဂိုဏ်းက ခုခံဖို့ နည်းလမ်း လုံးဝမရှိဘူး။

ကြီးမြတ်သူ ရူရွှင့်က ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က သူ့ညီခိုးသွားတဲ့ ကျင့်ကြံခြင်းကို ပြန်ကောင်းလာစပဲ ရှိသေးတယ်။ အခု သူ့ခန္ဓာကိုယ်က ပြန်မကောင်းသေးဘူး။ ဒီတော့ သူက တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။ ကြီးမြတ်သူ ဟွားချီကျတော့...

ချီမင်က ဝမ့်ကျန့်ဂိုဏ်းထဲက တိုက်ခိုက်နိုင်စွမ်း ရှိတဲ့ ထိပ်တန်းပညာရှင်တွေကို စတင် တွက်ချက်နေတုန်းမှာပဲ ကုချန်းကျဲ့က လူအုပ်ရဲ့မျက်နာတွေကို ကြည့်လိုက်ပြီး သူ့မျက်လုံးတွေက တဖြည်းဖြည်း ပြတ်သားလာလိုက်တာ စိတ်ကို ဆုံးဖြတ်ပြီးသွားတဲ့အတိုင်းပဲ။

သူက သေရမှာ ကြောက်နေသေးပြီး ဒီခန္ဓာကိုယ်ထဲမှာ နေချင်ပေမဲ့ ဝမ့်ကျန့်ဂိုဏ်းအတွက် ချင်းယွမ်ကျန့်စွမ်းရဲ့ အရေးပါပုံကိုလည်း သူ သိနေတယ်။

သူက သေပြီးသားပဲ။ သူက ဓားဆရာကြီးရဲ့ ခန္ဓာကိုယ်ကို ယူထားတာ။ ဒီတော့ သူက မမှန်ဘူး...

ဒီလို စဉ်းစားလိုက်ပြီး သူက မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး ကြောက်ရွံ့နေပေမဲ့လည်း အော်ပြောလိုက်သေးတယ်။ “ကျွန်တော့်ရဲ့ ဝိညာဉ်ကို ဒီခန္ဓာကိုယ်ထဲက ဆွဲထုတ်လိုက်ပါ၊ ကျွန်တော်က ဓားဆရာကြီးရဲ့ခန္ဓာကိုယ်ကို ခင်ဗျားတို့ကို ပြန်ပေးပါ့မယ်”

...

All Chapters