← Chapters

အခန်း ၈၅

Vol. 6 Ch. 85

အခန်း ၈၅

Vol. 6 Ch. 85

အပိုင်း (၈၅)

ဒီအချိန်မှာတော့ သူ့ ငိုရှိုက်နေတာကို ကြိုးစားထိန်းထားလိုက်ပြီး ပြောလိုက်တယ်။

“ကိစ္စမရှိပါဘူး၊ ကျွန်တော်က အစောကြီးကတည်း သေသင့်တာပါ၊ အပို၁၀နှစ်နေရတာကပဲ ဆုတစ်ခု ဖြစ်နေပါပြီ”

ဝမ့်ကျန့်ဂိုဏ်းက လူတွေက ဘာမှမပြောရသေးခင်မှာပဲ သူတို့တွေက တော်တော်လေး ဇဝေဇဝါ ဖြစ်နေတဲ့ အပြင်လောကလာတဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်။

[ဝိညာဉ်ကို ဆွဲထုတ်မယ်ဟုတ်လား၊ ကျင့်ကြံရေးလောကထဲမှာ ဓားဆရာကြီးရဲ့ ခန္ဓာကိုယ်နဲ့ အရမ်းကို ကိုက်ညီတဲ့ နောက်ထပ်ဝိညာဉ်တစ်ခု မရှိလောက်တော့ဘူးနော်၊ ဆွဲထုတ်လိုက်ရင်တော့ နှမြောစရာပဲ]

[နောက်ဆုံး ဒါက ချင်းယွမ်ကျန့်စွမ်းရဲ့ မသေခင် နောက်ဆုံးဆန္ဒလည်း ဖြစ်နိုင်တာပဲ]

စူးလီက သူမ အခုလေးတင် လှန်လှောလိုက်တဲ့ အကြောင်းအရာကို ကြည့်လိုက်ပြီး သူမရဲ့အသံထဲမှာ စိတ်ခံစားချက်တွေ ပြည့်သွားခဲ့တယ်။

[ချင်းယွမ်ကျန့်စွမ်းက သူ မသေခင်မှာတောင် ဝမ့်ကျန့်ဂိုဏ်းအတွက် စိတ်ပူနေသေးတာ၊ ဒါကြောင့် သူက သူ့ကိုယ်စား ဝမ့်ကျန့်ဂိုဏ်းကို ကာကွယ်ပေးဖို့ ဒီခန္ဓာကိုယ်ထဲ ဝင်နိုင်တဲ့ ဝိညာဉ်တစ်မျိုးကို ဖွင့်ထားပေးခဲ့တာ]

[တဖက်မှာ ကုချန်းကျဲ့ ဖြစ်နေတဲ့အကြောင်းအရင်းကတော့ သူတို့နှစ်ယောက်က စိတ်ဝိညာဉ်အရ အင်မတန်မှ ကိုက်ညီနေလို့ပဲ၊ ကုချန်းကျဲ့က သူ မသေခင်မှာ ကျင့်ကြံရေး လောကကို သွားနိုင်ပြီး အစွမ်းထက်တဲ့ လုံအောက်ထျန်း ဖြစ်လာတယ်လို့ အိပ်မက်မက်ခဲ့သေးတယ်လေ]

[ဒါက တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘူး~ ~]

[မဟုတ်ရင် ကုချန်းကျဲ့ရဲ့ဝိညာဉ် ခွန်အားနဲ့ဆိုရင် သူက ဘယ်လိုလုပ်ပြီး ဒီခန္ဓာကိုယ်ထဲကို အန္တရာယ်ကင်းကင်းနဲ့ ဝင်လာနိုင်ပြီး အခုချိန်အထိ အန္တရာယ်ကင်းနေနိုင်မှာလဲ]

ကုချန်းကျဲ့က မျက်နှာပေါ်မှာ စိတ်ရှုပ်သွားတဲ့ အမူအရာတစ်ခု ဖြစ်သွားတယ်။ သူက ခိုအိမ်ကို သိမ်းပိုက်ထားတဲ့ လူ မဟုတ်ဘူးပေါ့။

သူစိမ်းတွေကို သူ့ခန္ဓာကိုယ်ထဲ လိုလိုလားလား ဝင်ခွင့်‌ပေးထားတာ ဂိုဏ်းကို ကာကွယ်ဖို့ သက်သက်ပဲပေါ့။

ဒါက သူ့လက်ရှိခန္ဓာကိုယ်လား။ ဒါက အဲဒီတုန်းက ချင်းယွမ်ကျန့်စွမ်း စဉ်းစားခဲ့တဲ့ အကြောင်းအရာလား။

ဒီလိုစဉ်းစားလိုက်ပြီး ကုချန်းကျဲ့ရဲ့မျက်နှာက အပြစ်ရှိစိတ် အပြည့်ဖြစ်သွားခဲ့တယ်။ သူက လုံးဝကို အသုံးမကျတာပဲ။ အခုချိန်အထိ သူ့မှာ ဓားပေါ်မှာတောင် မပျံရဲသေးဘူး။ သူက ချင်းယွမ်ကျန့်စွမ်းရဲ့ မျှော်လင့်ချက်တွေနဲ့ မထိုက်တန်ပါဘူး။

အပြင်လောက လာတဲ့အသံကို ကြားလိုက်ပြီးနောက်မှ ဝမ့်ကျန့်ဂိုဏ်းက လူတွေရဲ့မျက်နှာပေါ် စီးဆင်းတာ ရပ်တန့်သွားတဲ့ မျက်ရည်တွေက ထပ်ပြီး စီးကျလောတော့သည်။

ဓားဆရာကြီးက ဝမ့်ကျန့်ဂိုဏ်းကို အရမ်းစဉ်းစားပေးပြီး စိုးရိမ်ပေးခဲ့တာပဲ။

သူတို့တွေက ဓားဆရာကြီးအပေါ် ရှက်ရွံ့မိပါတယ်။ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်လိုအပ်ချက်ကြောင့် အခုချိန်မှာ ဝမ့်ကျန့်ဂိုဏ်းက ဒီလိုအရေးကိစ္စကို ကြုံနေရတာ။

ဒီတစ်ခါရော ဝမ့်ကျန့်ဂိုဏ်းက ဘယ်လောက်ဆိုးဆိုးရွားရွား ခံစားရအုံးမလဲ မသိဘူး။

ကုချန်းကျဲ့အပါအဝင် အားလုံးက အပြစ်ရှိသလို ခံစားနေရတုန်းမှာပဲ ကောင်းကင်က ပျင်းရိလေးတွဲ့နေတဲ့အသံက ထပ်ထွက်လာခဲ့တယ်။

[ဒီလို ကိုက်ညီတဲ့ ဝိညာဉ်တစ်ခုနဲ့ဆိုရင် ကုချန်းကျဲ့က ဒီခန္ဓာကိုယ်ထဲမှာ နောက်ထပ် ၁၀နှစ်လောက် ထပ်နေလို့ရသေးတယ်...]

[သူသာ ပုံမှန်အတိုင်း ‌လေ့ကျင့်သွားမယ်ဆိုရင် ချင်းယွမ်ကျန့်စွမ်းရဲ့ အစွမ်းကို ၅၀%-၆၀ % အထိ သုံးလို့ရလောက်တယ်]

ဝမ့်ကျန့်းဂိုဏ်းက လူအားလုံးက ရှားပါးရတနာကို တွေ့လိုက်ရတဲ့အတိုင်း လင်းလက်တဲ့မျက်လုံးတွေနဲ့ ကုချန်ကျဲ့ဘက်ကို ခေါင်းလှည့်ကြည့်လိုက်ကြတယ်။ ထူးထူးခြားခြား ထူးဆန်းသွားတဲ့ အားလုံးရဲ့ မျက်လုံးထဲမှာလည်း မျက်ရည်တွေ ဝဲလို့ပါပဲ။

ကုချန်းကျဲ့က သူတို့ရဲ့ အကြည့်ခံလိုက်ရတော့ ကပျာကယာ နောက်တစ်လှမ်းဆုတ်လိုက်မိတယ်။ ချီမင်က ရှေ့ကို မြန်မြန်တိုးလိုက်ပြီး ကုချန်းကျဲ့ကို တလေးတစားနဲ့ ဦးညွှတ်လိုက်တယ်။

“လူကြီးမင်း ဓားဆရာကြီး ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်တဲ့ လူကြီးမင်းရဲ့ အရည်အချင်းဟာ ဓားဆရာကြီးရဲ့ နောက်ဆုံးဆန္ဒပါ။ လူကြီးမင်းက ထွက်သွားဖို့ ရွေးချယ်စရာမလိုပါဘူး”

“ဒီလိုပါ၊ အခုချိန်မှာ ဝမ့်ကျန့်ဂိုဏ်းက အင်မတန်မှာ ပြင်းထန်တဲ့ အပြင်ဘက်က ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရတာပါ၊ အခု လူကြီးမင်းနဲ့ ဓားဆရာကြီးနဲ့ အပြန်အလှန် သဟဇာတ ဖြစ်နေတာဆိုတော့ လူကြီးမင်းသာ နည်းနည်းလောက် လေ့ကျင့်နိုင်ရင် ဓားဆရာကြီးနဲ့ ဆင်တူတဲ့ ကျင့်ကြံခြင်းအဆင့်တစ်ခုကို သေချာပေါက် ရောက်နိုင်ပြီး ဝမ့်ကျန့်ဂိုဏ်းကိုလဲ အန္တရာယ်ကနေ ကယ်တင်ပေးနိုင်ပါလိမ့်မယ်”

ဒီစကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ကုချန်းကျဲ့က စဉ်းစားမနေတော့ဘဲ ကတိပေးလိုက်တယ်။

“ကောင်းပါပြီ၊ ကျွန်တော် နေ့တိုင်း ဇွဲလုံ့လရှိရှိနဲ့ လေ့ကျင့်ပါ့မယ်”

ဘယ်ယောက်ျားမှာ ဓားတစ်လက်ကို ဝေ့ယမ်းပြီး သူရဲကောင်းတစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်တစ်ခု မရှိလို့လဲ။

အရင်ကတော့ သူ့ဓားသိုင်းပညာက ဓားဆရာကြီးရဲ့ ဓားသိုင်းပညာတွေနဲ့ ကွာခြားနေတာကို တခြားသူ သိသွားမှာ စိုးရိမ်လို့ သူက လုံးဝ ဓားသိုင်းမကျင့်ရဲခဲ့တာပဲ။ သူက ဂူထဲမှာ ဝိညာဉ်ဓားရဲ့ ဓားအိမ်ကိုပဲ တိတ်တိတ်လေး ကြည့်နေရဲခဲ့တာ။

ဘာလို့လဲဆိုတော့ သူက မှော်ဓားကို လုံးဝ မဆွဲထုတ်နိုင်ဘူးလေ။

အခုတော့ သူက ဓားသိုင်း ကောင်းကောင်း လေ့ကျင့်ပြီး ချင်းယွမ်ကျန့်စွမ်းလို အစွမ်းထက်တဲ့ ဓားသမားတစ်ယောက် ဖြစ်လာမှ ဖြစ်မယ်။

သူ့အဖြေကို ကြားလိုက်ပြီးတဲ့နောက်မှာ ချီမင်က သူ့ကို တလေးတစား ဦးညွှတ်လိုက်ပြီး ပြောလိုက်တယ်။ “ကျေဇူးတင်ပါတယ် လူကြီးမင်း”

သူက ခေါင်းကို ပြန်မော့လိုက်တဲ့အချိန်မှာ သူ့မျက်နှာပေါ်က ပင်ပန်းမှုကို ဖိနှိပ်ထားလိုက်ပြီး သူ့ပတ်ဝန်းကျင်က ကြီးမြတ်သူတွေ အများကြီးကို ဦးညွှတ်လိုက်တယ်။

“ကြီးမြတ်သူရဲ့ ဓားသိုင်းလေ့ကျင့်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကြီးမြတ်သူလူကြီးမင်းတို့ကိုပဲ လွဲ‌ပေးရပါတော့မယ်”

သူ့ စကား ဆုံးသွားပြီးတဲ့နောက်မှ သူက သက်ပြင်းချလိုက်ပြီး ပြောလိုက်တယ်။ “ကျုပ်ကတော့ ရန်သူနဲ့ တိုက်ခိုက်ဖို့ ဝမ့်ကျန့်ဂိုဏ်းအတွက် သွားပြီး ပြင်ဆင်လိုက်ပါအုံးမယ်”

သူက ... ချင်းယွမ်ဓားဆရာကြီးရဲ့ ကဗျည်းတိုင်ကိုလည်း သွားပြီး အရိုအသေ ပေးရမယ်။

...

အားလုံးမှာ အရမ်းကို ရင်ထဲထိရတဲ့ အခိုက်တန့်တစ်ခုရှိပြီး အဲဒီ ခံစားချက်အခိုက်တန့်မှာ သူတို့တွေမှာ မဆုံးနိုင်တဲ့ သတ္တိတွေနဲ့ ယုံကြည်မှုတွေ ပိုင်ဆိုင်ထားသလို ခံစားကြရပြီး သူတို့တွေမှာ မဆုံးနိုင်တဲ့ သတ္တိတွေ ယုံကြည်မှုတွေကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ထားကြတဲ့ အခိုက်အတန့်ဆိုတာ ရှိလောက်တယ်။

ကံဆိုးချင်တော့ အဲလိုခံစားချက်မျိုးက ပုံမှန်ဆိုရင် နှစ်နာရီထက် ပိုမခံတတ်ဘူးလေ။

ကုချန်းကျဲ့အတွက်လဲ အတူတူပဲပေါ့။ ခေတ်သစ်လူ့အဖွဲ့အစည်းက သာမန် အိုတခုတစ်ယောက်အနေနဲ့ သူ့စိတ်ကို ဆုံးဖြတ်ချဖို့ လွယ်ကူပေမဲ့ ဒီဆုံးဖြတ်ချက်ကို စွဲမြဲအောင် လုပ်ဖို့ကတော့ ကောင်းကင်ပေါ် တက်ရတာထက်တောင် ပိုခက်သေးတယ်။

ဒီနေ့ အပြင်လောကက ကုချန်းကျဲ့ရဲ့ သရုပ်မှန်ကို ဖော်ထုတ်ခဲ့တာ သုံးရက် ရှိသွားပြီ။

ဒီသုံးရက်အတွင်းမှာ သူက ပထမရက်မှာ လေးနာရီလောက်ပဲ လေးလေးနက်နက် အပြုအမူနဲ့ ဓားသိုင်းကျင့်ခဲ့တယ်။

နောက်တစ်နေ့ကျတော့ သင်ကြားပေးတာမပါဘဲ ကိုယ့်အားကိုယ်ကိုးပြီး သင်ခဲ့တယ်။ သူက ဓားကို ဝေ့ယမ်းလိုက်တဲ့အချိန်တိုင်း ဓားကွက်တွေ ဓားကျမ်းထဲက အကွက်တွေနဲ့ လုံးဝမကွာခြားသလိုပဲ။ ဒါပေမဲ့ အနီးကပ် လေ့လာကြည့်လိုက်ရင်တော့ နေရာတိုင်း ပြစ်ချက်တွေချည်းပဲ။

တတိယနေ့မှာတော့ သူက ပိုပိုပြီး စတင်ပြီး ပျင်းရိလာပြီလေ။

ကြီးမြတ်သူ ဟွားချီနဲ့ ကြီးမြတ်သူ လင်းဖုန်းတို့က ဘေးမှာရပ်ရင်း အချင်းချင်း ကြည့်လိုက်ကြပြီး ကုချန်းကျဲ့က သူ အားစိုက်မှု လုံးဝမလုပ်ရတဲ့ နေရာမှာပဲ ဘာလို့ အကွက်တိုင်းကို လုပ်နိုင်လဲဆိုတာ နားမလည်နိုင်ကြတော့ဘူး။ အထူးသဖြင့် သူက လုံးဝ အလေးချိန်မရှိတဲ့ သာမန် အဆင့်(၁) ဝိညာဉ်ဓားတစ်ချောင်းကိုပဲ ကိုင်ထားလို့လေ။

ကုချန်းကျဲ့က သူ့ဓားကို အကြိမ်သုံးဆယ်လောက် ဝေ့ယမ်းပြီးတဲ့နောက်မှာ ရုတ်တရက် ရပ်ထားလိုက်ပြီး သူ့မျက်နှာချင်းဆိုင်က လူတွေကိုကြည့်ပြီး တိုးတိုးလေး ပြောလိုက်တယ်။

“ကြီးမြတ်သူ လင်းဖုန်း ကျွန်တော် နည်းနည်း ရေဆာလို့ပါ၊ ကျွန်တော် အရင်ဆုံး ရေသောက်လို့ရမလား”

ကုချန်းကျဲ့က အားလုံးက သူ့ကို အင်မတန်မှ တလေးတစား ဖြစ်နေတာကို တွေ့ရတော့ သူ့ရဲ့ ပျင်းရိတဲ့အတွေးကလည်း မကြာမကြာ ထဖောက်လာတတ်တယ်။

သူက မကြိုးစားတာတော့ မဟုတ်ပါဘူး၊ သူက နေ့တိုင်း ဓားကို အရမ်းကို အချိန်အကြာကြီး ဝေ့ယမ်းတာပါ။ သူက အထက်တန်းကျောင်း စီနီယာနှစ်မှာတုန်းကတောင် ဒီလောက် ကြိုးစားခဲ့တာ မဟုတ်ဘူး။

သူက နေ့တိုင်း ဓားကို အကြိမ်တစ်ရာလောက် ဝေ့ယမ်းတာနော်။ အကြိမ်တစ်ရာဗျ။

ကြီးမြတ်သူ လင်းဖုန်းက တလေးတစားနဲ့ သူ့ဟာသူ အတင်း ပြုံးထားရတယ်။ “ကြွပါ”

ကုချန်းကျဲ့ ထွက်သွားပြီးနောက်မှာ သူ့မျက်နှာပေါ်က အပြုံးက ရုတ်တရက် ဘာခံစားချက်မှ မရှိတဲ့မျက်နှာတစ်ခု ပြောင်းသွားတယ်။ သူက သူ့ဘေးကလူကို စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်တယ်။

“ဒီကြီးမြတ်သူက ဓားကို တစ်နေ့အကြိမ်ရေ ဘယ်လောက် ဝေ့ယမ်းနိုင်မယ်ထင်လဲ”

“အကြိမ် ငါးရာအောက်တော့ ထင်တယ်၊ ဟုတ်တယ်မလား” စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ကြီးမြတ်ဟွားချီရဲ့ အသံက သူ့ထက်တောင် ပိုပြီး လေးလံနေသေးတယ်။ “ကျုပ် ဓားကိုင်နိုင်တဲ့ အရွယ်ကတည်းက နေ့တိုင်း ဓားကို အကြိမ်တစ်ထောင် ဝေ့ယမ်းလာခဲ့တာ”

“ဒီသူတော်စင်ကြီးက ဘယ်လိုဖြစ်ပြီးတော့....” သူက ဓားကို တစ်နေ့ အကြိမ် ၅၀၀ အောက်ဝေ့ယမ်းပြီး သူ့ကိုယ်အနေအထားကလည်း အကြိမ်တိုင်း အမြဲတမ်းမှားနေတာပဲ”

ကြီးမြတ်သူ ရူရွှင့်ရဲ့မျက်နှာက ဖြူဆုတ်သွားတယ်။ သူက နှစ်ကြိမ်လောက် ချောင်းဟန့်လိုက်ပြီး ကူကယ်ရာမဲ့သလို ပြောလိုက်တယ်။

“သူ့လက်ရှိ နှုန်းထားနဲ့ဆိုရင် ဓားဆရာကြီးရဲ့ အစွမ်း ၁၀%ကိုရဖို့ ၁၀နှစ်ကျော်လောက် အချိန်ယူရလောက်တယ်”

ကြီးမြတ်သူတွေရဲ့နောက်မှာ အကြီးအကဲတွေရဲ့မျက်နှာပေါ်က အမူအရာကတော့ ထူးထူးခြားခြား တည်ကြည်လို့နေတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက အထက်တန်းစားမိသားစုတွေ အများကြီးက လှုပ်ရှားခဲ့ကြပြီး နှစ်ပေါင်းတစ်ရာကျော် ဂူပိတ်ကျင့်ကြံနေကြတဲ့ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကြီးမြတ်သူနှစ်ယောက်ကတောင် ထွက်လာခဲ့ရတယ်လို့ သူတို့ ကြားခဲ့တယ်။

ကြည့်ရတာ မနက်ဖြန်လောက်ဆိုရင် ဝမ့်ကျန့်ဂိုဏ်းကတော့ သူတို့တွေ ‘အလည်’လာမဲ့သတင်းကို ကြားရတော့မယ်ထင်တယ်။

ဒီအချိန်မှာပဲ ဝမ့်ကျန့်ဂိုဏ်းရဲ့ ကောင်းကင်ထက်မှာ ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအင် လှိုင်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့တယ်။ ရှန်ယွင်အန်းက သူ့မျက်လုံးတွေကို ရုတ်တရက် ပိတ်ထားလိုက်တော့တယ်။ ရောက်လာပြီလေ။

ကြီးမြတ်သူ ဟွားချီကလည်း လှုပ်ရှားမှုကို သတိထားမိလိုက်ပြီး သူက အေးစက်စက်လေသံနဲ့ ပြောလိုက်တယ်။ “ချန်မိသားစု၊ ကျောက်မိသားစု နဲ့ ရှောင်ယောင်ဂိုဏ်း”

ဒီလူတွေထဲမှာ အတိဒုက္ခကျော်ဖြတ်ခြင်းအဆင့် ကြီးမြတ်သူ တွေ မပါဘူး။ ဒီတော့ သူတို့တွေက အပြစ်များ ရှာတွေ့လို ရှာတွေ့ငြား ဒီနေရာကို လာလေ့လာတာပဲဖြစ်မယ်၊ နောက်တစ်ခါ ဝမ့်ကျန့်ဂိုဏ်းကို လာရင် ဒီလူတွေပဲ မဟုတ်လောက်တော့ဘူး။

အခု ကြီးမြတ်သူက ကြိုးကြိုးစားစား လေ့ကျင့်နေရင်တောင် တစ်နာရီအတွင်းမှာ သူတို့လိုချင်တဲ့ အဆင့်ကို ရောက်ဖို့ မဖြစ်နိုင်ဘူး။

ဒီအချိန်မှာပဲ ကြီးမြတ်သူ လင်းဖုန်းရဲ့ တွေးတွေးဆဆ အသံက ရုတ်တရက် ထွက်လာခဲ့တယ်။

“တကယ်လို့ လင်းချင်းဓားသာ ဓားဝိညာဉ်ကို မွေးနိုင်မယ်ဆိုရင် မွေးချင်းဓားက ဝိညာဉ်ဓားကို ထိန်းချုပ်နိုင်တယ်၊ ဒါကဓားသိုင်းပညာ ကောင်းတာ မကောင်းတာနဲ့ မဆိုင်တော့ဘူး”

“ဓားဝိညာဉ်ကို ဘယ်လိုလုပ်ပြီး အဲလောက် အလွယ်တကူ...” ကြီးမြတ်သူ ဟွားချီက ရုတ်တရက် တစ်ခုခုကို စဉ်းစားမိသွားပြီး ပြောလက်စ စကားကို ရပ်ထားလိုက်တယ်။

သူ့မျက်လုံးတွေက လင်းလက်လာပြီး “ပြောချင်တဲ့သဘောက...”

“ဒီအချိန်မှာ ဒီနည်းပဲ ရှိတော့တယ်” ကြီးမြတ်သူ ဖုန်းလင်းက သူ့သိုလှောင်အိတ်ထဲက ဆေးပုလင်းတစ်ခုကို ဆွဲထုတ်လိုက်ပြီး အခိုင်အမာပြောလိုက်တယ်။ “၆၃ကြိမ် မတိုင်ခင်တော့ ပြဿနာမရှိပါဘူး”

ဒီအချိန်မှာတော့ ကြီးမြတ်သူလင်းဖုန်းက သူ့ကိုယ်သူ ဒါဇင်နဲ့ချီအောင် သင်းကွပ်ခဲ့ပြီး သူ့’ဟာ’က ထပ်ပြီး ‘မထောင်’မတ်နိုင်တော့တာကို အားလုံးကလည်း သိထားကြတယ်။

ကြီးမြတ်သူ ရူရွှင့်က ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး အရင်ဆုံး ပြန်ဖြေလိုက်တယ်။ “အခြေအနေက အခု အရေးပေါ်ဖြစ်နေတာဆိုတာ ဒီတစ်နည်းပဲ ရှိတော့တာပဲ”

သူတို့နောက်က အကြီးအကဲတွေကလည်း ခေါင်းညိတ်လိုက်ကြတယ်။

ဒီလိုနဲ့ ကုချန်းကျဲ့က ရေသောက်ပြီး ပြန်ရောက်လာတဲ့အခါ ထူးခြားတဲ့အကြည့်တစ်ခုနဲ့ မျက်လုံးတစ်စုံက သူ့ကို ကြည့်နေတာကို တွေ့လိုက်ရတယ်။

အကြောင်းကြောင်းကြောင့်ပဲ သူ့နှလုံးထဲမှာ ရုတ်တရက် ‌အေးစိမ့်သွားသလို ခံစားလိုက်ရတယ်။

“ခင်ဗျားတို့ ဘာဖြစ်တာလဲ”

ကြီးမြတ်သူ လင်းဖုန်းက သူ့ကို ပြန်မဖြေဘဲ ကြီးမြတ်သူ ချင်းယွမ်ရဲ့ မွေးချင်းဓားဆီ လျှောက်သွားလိုက်ပြီး လင်းချင်းဓားကို တရိုတသေနဲ့ ကိုင်လိုက်တယ်။ အဲဒီနောက် သူက ကုချန်းကျဲ့ဆီကို တစ်လှမ်းချင်း လှမ်းသွားလိုက်ပြီး လက်နှစ်ဖက်လုံးနဲ့ သူ့ရှေ့မှာ မွေးချင်းဓားကို တရိုတသေကိုင်ပြီး ပြတ်ပြတ်သားသား ပြောလိုက်တယ်။ “ကြီးမြတ်သူ ကျုပ် ပြစ်မှားမိလို့ တောင်းပန်ပါတယ်”

ကုချန်းကျဲ့ရဲ့ မကောင်းတဲ့နိမိတ်ခံစားချက်က ပိုပြင်းထန်လာပြီး သူ့အသံက တုန်ယင်သွားတယ်။

“ဘာကို ပြစ်မှားမိလို့လဲ”

ကြီးမြတ်သူလင်းဖုန်းက တိုက်ရိုက်ပြန်မဖြေဘဲ စိတ်ရင်းအတိုင်း ပြောလိုက်တယ်။

“ကြီးမြတ်သူ ကျုပ်က ကိုယ့်ဟာကို ၇၆ကြိမ် သင်းကွပ်ခဲ့ပြီးပါပြီ၊ ဒါက လုံးဝ မနာပါဘူး၊ ကျုပ် ဘာကိုမှ လုံးဝမခံစားရဘူး”

တဖက်က ကြီးမြတ်သူ ရူရွှင့်က အလောတကြီး ပြောလိုက်တယ်။ “ခင်ဗျားက ဝိညာဉ်ဓားကို ရလာရင် နေ့တိုင်း အဲလောက်အထိ ပင်ပင်ပန်းပန်း လေ့ကျင့်ဖို့ မလိုတော့ဘူး”

“အဟမ်း___ နောက်ပြီးတော့ ဒါက တကယ် မနာပါဘူး”

သူ့နောက်က အမျိုးသားအကြီးအကဲတွေကလည်း သူတို့ရဲ့ကိုယ်ပိုင် အတွေ့အကြုံကို အခြေခံပြီး သူ့ကို နားချကြတယ်။

တစ်ကြိမ်လောက် လှည့်ပတ်အပြီးမှာ ဝမ့်ကျန့်ဂိုဏ်းက အမျိုးသားအကြီးတွေက အနည်းဆုံး တစ်ကြိမ်တော့ သူတို့ဟာသူတို့ သင်းကွပ်ခဲ့ကြမှာ သိလာရတယ်။

ကုချန်းကျဲ့က သူ့ဘေးမှာ ဝိုင်းအုံနေတဲ့ လူအုပ်ကြီးကို ကြည့်လိုက်ပြီး နောက်ဆုံး သူတို့ရဲ့ စကားလုံးနောက်ကွယ်ကအကြောင်းအရာကို နားလည်သွားပြီး ဆက်တိုက် နောက်ကို ဆုတ်သွားမိတယ်။

ဒါက ကိုယ့်ဟာကို သင်းကွပ်တာပဲဟ။

ဘယ်လိုဖြစ်ပြီး မနာဘဲ နေမှာလဲ။

သူက ကြီးမြတ်သူ လင်းဖုန်းလက်ထဲက လင်းချင်းဓားကို လှမ်းလုလိုက်ပြီး သူ့လက်ထဲမှာ တုန်တုန်ယင်ယင်နဲ့ ကိုင်ထားလိုက်ယ်။ “ကျွန်တော့်အထင်တော့ ကျွန်တော် နေ့တိုင်း ဓားသိုင်းကို ကြိုးကြိုးစားစား လေ့ကျင့်သင့်ပါတယ်”

သူကတော့ မိန်းမစိုးလုပ်ရမှာထက် တစ်နေ့ကို အကြိမ် ၅၀၀ ... မဟုတ်ဘူး၊ အကြိမ် ၈၀၀လောက် ဓားကိုဝေ့ယမ်းတာပဲ လုပ်မှာပဲ။

ဒီအချိန်မှာ ဓားသိုင်းကျင့်ကြံသူတစ်ယောက်က သူ့ဓားကို တစ်နေ့ ဝေ့ယမ်းတဲ့ အကြိမ်ရေက အမြဲတမ်း သုံးထောင်၊ သုံးထောင်ထပ်ပိုပြီး၊ အမြင့်ဆုံး သတ်မှတ်ချက်တောင်မရှိဘူးဆိုတာ သူ့ခမျာ မသိရှာဘူး။

ကြီးမြတ်သူလင်းဖုန်းက သူ့ရဲ့ကြောက်လန့်နေတဲ့ အမူအရာကို ကြည့်ပြီး သက်ပြင်းချရင်း ပြောလိုက်တယ်။ “ဒါပေမဲ့ ကြီးမြတ်သူ၊ အခု ခင်ဗျားက လင်းချင်းဓားနဲ့ ဓားသိုင်းလေ့ကျင့်ဖို့မပြောနဲ့ လင်းချင်းဓားကိုတောင် ဆွဲထုတ်ဖို့ ခက်ခဲနေတာလေ”

“လူကြီးမင်းရယ် စိတ်မပူပါနဲ့၊ ကျုပ် အခုပဲ လုပ်ပြပါ့မယ်၊ ဒါကိုမြင်သွားရင် ကြောက်တော့မှာ မဟုတ်ပါဘူး”

သူက စကားဆုံးသွားပြီးတာနဲ့ ကြီးမား ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ တွေဝေမနေဘဲ သူ့ကိုယ်ပိုင်ဓားကို ဆွဲထုတ်လိုက်ပြီး လျပ်စီးရောင်တွေက ဓားပေါ်မှာ တဖျတ်ဖျတ် လက်သွားခဲ့တယ်။

ကုချန်းကျဲ့က သူ့ဆီကို ဓားနဲ့ ဝေ့ယမ်းလာတဲ့ ကြီးမြတ်သူလင်းဖုန်းကို ကြည့်လိုက်ပြီး ရုတ်တရက် မကြုံစဖူးခွန်အားတစ်ခုကို ခံစားလိုက်ရတယ်။ မွေးချင်းဓားနဲ့ အဖြတ်ခံရတာက သူ့ရဲ့ကျန်တဲ့ ဘဝကို ထရော်မာ ဖြစ်စေတော့မှာပဲ။

သူက ရုတ်တရက် သူ့လက်ထဲကို အားထည့်လိုက်ပြီး အရင်က ဆွဲထုတ်ရခက်ခဲတဲ့ လင်းချင်းဓားက ပထမဆုံးအကြိမ် ဘာခုခံမှုမှ မလုပ်ဘဲ ပထမဆုံးအကြိမ် ဆွဲထုတ်ခံလိုက်ရတော့တယ်။

သူက အသံအကျယ်ကြီး အော်ဟစ်လိုက်တော့တယ်။

“ကျွန်တော် ကိုယ့်ဟာကို မသင်းကွပ်ချင်ဘူး”

…

All Chapters