← Chapters

အခန်း ၈၆

Vol. 6 Ch. 86

အခန်း ၈၆

Vol. 6 Ch. 86

အပိုင်း (၈၆)

မှော်ဓားကို ဝေ့ယမ်းရင်း သူက ဓားကို ကြမ်းကြမ်းတမ်းတမ်း ခုတ်ချပစ်လိုက်တယ်။

ရုတ်ခြည်းဆိုသလိုပဲ ဓားစွမ်းအင်က အရမ်းကို ပြင်းထန်သွားပြီး လင်းချင်းဓားရဲ့ ဝေ့ယမ်းခံလိုက်ရတာကြောင့် ကောင်းကင်နဲ့ မြေကြီးကို ဖျက်ဆီးတော့မယောင်ပဲ။ ဝမ့်ကျန့်ဂိုဏ်းတစ်ခုလုံးက ဒီဓားစွမ်းအင်ထဲမှာ တုန်လှုပ်သွားခဲ့တယ်။

ဓားစွမ်းအင် စုစည်းသွားတဲ့နေရာမှာ တစပြင်လိုဖြစ်နေတဲ့ မြင့်မြတ်တောင်ထွတ်တစ်ခုက ရုတ်ခြည်းဆိုသလို ပြာကျသွားတော့တယ်။ သူ့ပတ်ဝန်းကျင်မှာ နှစ်တစ်ရာကျော်လောက် ပျောက်ကွယ်မသွားနိုင်တဲ့ ဓားစွမ်းအင်တစ်ခုသာ ကျန်ခဲ့လေတယ်။

ဒီဓားစွမ်းအင်က ချင်းယွမ်ဓားဆရာကြီးရဲ့အစောပိုင်း ဓားစွမ်းအင်ထပ်တောင် ပိုပြီး အားပြင်းနေသေးတယ်။ အားပြင်းလွန်းတဲ့အတွက် လူတွေမှာ ခုခံဖို့အတွေး တစ်စလေးတောင် မစုစည်းနိုင်ကြတော့ဘူး။

ကုချန်းကျဲ့က သူ့ဝိညာဉ်စွမ်းအင်အားလုံး ခြောက်ခမ်းသွားတော့တယ်။ သူက မြေကြီး‌ပေါ်မှာ ဒယီးဒယိုင်နဲ့ မောဟိုက်နေပြီး “ကျွန်တော် လင်းချင်းဓားကို ဝေ့ယမ်းနိုင်တယ်၊ ဒါပေမဲ့ ကိုယ့်ဟာကိုတော့ သင်းကွပ်နိုင်ပါ့မလား”

သူ့အသံကို ကြားလိုက်ပြီးတဲ့နောက်မျာ အားလုံးက တပြိုင်ထဲ ဒူးထောက်ချလိုက်ကြတယ်။

“ဓားဆရာကြီးကို ဖိအားမပေးသင့်တဲ့သူက ကျုပ်တို့တွေပါ”

ကုချန်းကျဲ့က မြေကြီး‌ပေါ်မှာ ကပျာကယာ လဲချလိုက်ပြီး သူ့မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ ကောင်းကင်ကို ကြည့်လိုက်တော့တယ်။ သူ့ဘဝကို ကယ်တင်နိုင်ခဲ့ပြီ။

-

ယွင်ချွမ်ခန်းမထဲမှာ

ချန်မိသားစုရဲ့သခင်ကြီးက ရန်လိုနေတဲ့ပုံပဲ။ သူက ဝမ့်ကျန့်ဂိုဏ်းကို တခါမှ မပြဖူးတဲ့ မောက်မာတဲ့ သဘောထားတစ်ခုကို ဆောင်းထားပြီး သူ့အသံကလည်း နည်းနည်းလေး ဒေါသကို ဆွပေးနေတယ်။

“ဝမ့်ကျန့်ဂိုဏ်းက ခင်ဗျားတို့ တပည့်တွေက ကျုပ်တို့ ချန်မိသားစု မျိုးဆက်တွေရဲ့ အသားကို အကြိမ်မရေမတွက်နိုင်အောင် ခုတ်ဖြတ်ပစ်ခဲ့တယ်... အဟမ်း... ဒီကိစ္စကို ဒီအတိုင်း ကျော်သွားမပေးနိုင်ဘူး”

ဒီအချိန်မှာ သူက ထိပ်မှာထိုင်နေတဲ့ ချီမင်ကို လှမ်းကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။

“မဟုတ်ရင်တော့ ဒါက ကျုပ်တို့ ချန်မိသားစုကို ဘယ်သူမဆို တက်နင်းသွားနိုင်လို့ ဖြစ်လာတော့မလား”

“ကျုပ်တို့ဘိုးဘေးကြီးက ပြောလိုက်တယ်၊ ခင်ဗျား ဒီနေ့ ချန်မိသားစုကို ကျေနပ်အောင် မရှင်းပြပေးနိုင်ဘူးဆိုရင် သူက နှစ်ရက်လောက်နေရင် ကိုယ်တိုင် အလည်လာခဲ့ပါမယ်တဲ့”

ချီမင်က ချန်မိသားစုသခင်ကြီးရဲ့ မောက်မာတဲ့ရုပ်ကို လှမ်းကြည့်လိုက်ပြီး သူ့မျက်နှာပေါ်က သိက္ခာကို ခက်ခက်ခဲခဲ ကြိုးစား ထိမ်းထားလိုက်ရတယ်။

အဲဒီလူက မိန်းမငယ်လေးတစ်ယောက်ကို အဓမ္မပြုပြီး သတ်ခဲ့တာလေ။ ဒီတော့ သူ့ကို အကြိမ်တစ်ရာလောက် ခုတ်ဖြတ်ပစ်မှာကို အဓိပ္ပာယ်ရှိမှာ။

နောက်ပြီးတော့ အဲဒီလူရဲ့ မျိုးရိုးနာမည်ကလည်း ချန် မဟုတ်ပါဘူး၊ ဒါနဲ့များ သူက ရုတ်တရက် ဘယ်လိုဖြစ်ပြီး ချန်မိသားစုရဲ့ မျိုးဆက် ဖြစ်လာတာလဲ။

ဒါက ချန်မိသားစုက ဝမ့်ကျန့်ဂိုဏ်းကို စမ်းချင်လို့ အကြောင်းပြချက် သက်သက်ပဲဆိုတာကို ချီမင် သိနေတယ်။ သူက တည်ငြိမ်ချင်ဟန်ဆောင်လိုက်ပြီး ဝိညာဉ်စွမ်းအင် လက်ဖက်ရည်ကို တစ်ငုံသောက် လိုက်တယ်။ သူက တည်ငြိမ်ပြီး ပုံမှန်လေသံနဲ့ ပြောလိုက်တယ်။

“ဒီတော့ ချန်သခင်ကြီးက ဘာလိုချင်လို့လဲ”

ချန်သခင်ကြီးက ချီမင်ရဲ့တည်ငြိမ်တဲ့ အမူအရာကို ကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် မရေမတွက်နိုင်တဲ့ အတွေးတွေ တဖျပ်ဖျပ်ဝင်လာတယ်။ နောက်ဆုံးတော့ သူက ခေါင်းမော့ပြီး တွေဝေမနေဘဲ ပြောလိုက်တယ်။

“ခင်ဗျားတို့ရဲ့ ဝမ့်ကျန့်သင်္ချိုင်းထဲ မရေမတွက်နိုင်တဲ့ ဝိညာဉ်ဓားတွေ အများကြီး ရှိတယ်လို့ ကျုပ် ကြားတယ်၊ တကယ်လို့ ကျုပ်သာ အခွင့်အရေးရမယ်ဆိုရင် အဲဒါတွေကို ကျုပ်မျက်လုံးနဲ့ ကိုယ်တိုင် တကယ်ပဲ မြင်ဖူးချင်ပါတယ်”

“ရတာပေါ့” ချီမင်က လက်ဖက်ရည်ပန်းကန်ကို တည်တည်ငြိမ်ငြိမ်နဲ့ ချထားလိုက်ပြီး “ချန်မိသားစုမှာ ကျုပ်တို့ ဂိုဏ်းထဲဝင်နိုင်မဲ့ ထူးခြားတဲ့အရည်အချင်းရှိတဲ့ မျိုးဆက်တစ်ယောက် ရှိတယ်ဆိုရင် သူက ဝမ့်ကျန့်သင်္ချိုင်းကို သွားနိုင်မှာ အမှန်ပဲ”

“တစ်ခုပဲ ချန်သခင်ကြီးက အရမ်းကြီးရင့်နေပြီလေ၊ ဝမ့်ကျန့်ဂိုဏ်းက ခင်ဗျားလိုအသက်အရွယ်ကို တပည့်အဖြစ် လက်မခံပေးနိုင်ဘူး”

“ခင်ဗျား”

ဒါကို မြင်လိုက်တဲ့အခါ မျိုးနွယ်စုသခင်ကြီး ကျောက်က မြန်မြန် ထပြောလိုက်ပြီး နှစ်ယောက်ကြားက အငြင်းပွားနေတာကို ဖြတ်ချလိုက်တယ်။

“ဒီမယ် ဂိုဏ်းချုပ်ကြီးချီ၊ လဲ့ကျန့်မြို့က ဝမ့်ကျန့်ဂိုဏ်းသားတချို့က အရမ်းကို မာန်တက်ပြီး မြို့သခင်အိမ်တော်က လူတစ်ယောက်ကိုတောင် ဒဏ်ရာရအောင် လုပ်ခဲ့တယ်”

ဒီအချိန်မှာပဲ ဒီနေရာကို ရောက်လာကြတဲ့လူတိုင်းက ဒီနှစ်တွေမှာ ဝမ့်ကျန့်ဂိုဏ်းက လုပ်ခဲ့တဲ့ အမှားတွေကို ပြောဆိုကြတော့တယ်။ ဝမ့်ကျန့်ဂိုဏ်းသားတွေက တူးစရာ ဝိညာဉ်ကျောက်တုံးတွေ မရှိတော့လို့ အကြွေးဆပ်ဖို့ သူတို့လုပ်အားကို ရောင်းစားနေခဲ့ရတဲ့ အကြောင်းတောင်ပါသေးတယ်။

ချီမင်က ဒီနေ့တော့ အေးအေးချမ်းချမ်း အဆုံးသတ်မှာ မဟုတ်မှန်း သိနေတော့ ပင့်သက်ရှိုက်မိတော့တာပဲ။ သူက သူသေကိုယ်သေ တိုက်ခိုက်ဖို့ အဆင့်သင့် ဖြစ်သွားပြီး ခပ်ဩဩအသံနဲ့ မေးလိုက်တယ်။

“ဒီတော့ ခင်ဗျားက ဘာဖြစ်ချင်တာလဲ”

ချန်မိသားစုသခင်ကြီးက အရင် ပြောလိုက်တယ်။ “ဒါပေါ့....”

သူ့ စကားမဆုံးခင်မှာပဲ ကောင်းကင်နဲ့ မြေကြီးတုန်လှုပ်သွားပြီး ချန်မိသားစုက ဝမ့်ကျန့်ဂိုဏ်းတစ်ခုလုံးကို ဖြန့်ကျက်ထားတာတောင် သူ့ကို ဖျက်ဆီးပစ်နိုင်တဲ့ ပြင်းထန်တဲ့ဓားစွမ်းအင်တစ်ခုကို ခံစားလိုက်ရတယ်။ နောက်တစ်စက္ကန့်မှာပဲ သိပ်မဝေးလှတဲ့နေရာက ဝိညာဉ်တောင်ထွတ်က ပြာကျသွားတာကို သူတို့ကိုယ်ပိုင်မျက်လုံးနဲ့ မြင်လိုက်ရတော့တယ်။

!!!

ဒါကတာ့ ချင်းယွမ်ဓားဆရာကြီး တစ်ခုခု ဖြစ်ခဲ့ပြီး သူက သူ့ဓားကိုတောင် မဝေ့ယမ်းနိုင်ဘူးလို့ ပြောခဲ့တာ အဲဒီအရှုပ်ထုပ်ပဲ။

ဒါက သူတို့ကို သေသွားစေနိုင်တယ်လေ။

ဒီဓားစွမ်းအင်က... ချင်းယွမ်ဓားဆရာကြီးရဲ့ ဓားစွမ်းအင်က ပိုပြီး သန်မာလာတယ်လို့ ဘာလို့ခံစားမိနေတာလဲ။

ဒါက သတိပေးချက်တစ်ခုပဲ ဖြစ်မယ်။ ဒါက ဓားဆရာကြီးက သူတို့ကို သတိပေးနေတာပဲ ဖြစ်ရမယ်။

ချန်မိသားစု သခင်ကြီးရဲ့ အသံက တုန်ယင်သွားပြီး ကိုယ်ကို ပြန်လှည့်ရင်း

“ဟုတ်တာပေါ့၊ ဝမ့်ကျန့်ဂိုဏ်း တပည့်တွေက မကောင်းတဲ့သူတွေကို အပြစ်ပေးပြီး ကောင်းတဲ့သူတွေကို မြှင့်တင်ပေးနေတာပဲ၊ သူတို့တွေက မျိုးဆက်လေးခုအတွက် စံပြတွေဖြစ်ပြီး ချီးကျုးထိုက်ပါပေတယ်”

“ဟုတ်တယ်၊ ဝမ့်ကျန့်ဂိုဏ်းတပည့်တွေအားလုံးက ထူးချွန်ကြတဲ့လူတွေပဲ၊ နောက်ပြီး သူတို့အားလုံး သူတို့ရဲ့စိတ်နှလုံးထဲမှာ ကြီးမားတဲ့ ဖြောင့်မတ်တည်ကြည်မှုတွေ ရှိတယ်၊ ကျင့်ကြံရေးလောကထဲမှာ ဒီလိုအရည်အချင်းတွေ ရှိနေမှတော့ ကျုပ်တို့က အမှန်ပဲ စိတ်အေးရပါတယ်”

“ဟုတ်တယ် ဟုတ်တယ်၊ တမြန်နေ့တုန်းက ကျုပ်သမီးက ပြောတယ်၊ သူက ဝမ့်ကျန့်ဂိုဏ်းကိုလာပြီး ဓားသိုင်းပညာသင်ကြားချင်တယ်တဲ့...”

အားလုံးက သူ့ကို အချိန်အကြာကြီး ချီးမွှမ်းအပြီးမှာ ချန်မိသားစု သခင်ကြီးက ဆက်ပြီး သည်းမခံနိုင်တေ့ဘဲ ထရပ်ပြီး ပြောလိုက်တော့တယ်။

“ချန်မိသားစုမှာ လုပ်စရာလေးတွေ ရှိနေသေးလို့ ကျုပ်က ခင်ဗျားကို ဆက်ပြီး မ‌နှောင့်ယှက်တော့ပါဘူး”

“ကျောက်မိသားစုကလည်း...”

ချီမင်က ခန်းမအပြင်ဘက်က ဓားစွမ်းအင်ကို ခံစားကြည့်လိုက်တယ်။ ဘာဖြစ်ခဲ့မှန်း မသိလိုက်ပေမဲ့ သူက မျက်နှာထားကို ချက်ချင်း ထိန်းထားလိုက်ပြီး အရာအားလုံးက ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ပုံ ဟန်ဆောင်ထားလိုက်ပြီး ဖော်‌ဖော်ရွေရွေ ပြောလိုက်တယ်။

“ခင်ဗျားတို့ကလည်း ဘာလို့ အဲလောက် လောနေကြတာလဲ၊ မိသားစုသခင်ကြီး အားလုံး... ကျုပ်တို့က နောက်ဆုံးတော့ အချင်းချင်း တွေ့ဆုံကြပြီပဲ၊ အတိတ်အကြောင်း ပြန်ပြောရင်း...”

ချန်မိသားစုသခင်ကြီးက ရုတ်တရက် သတိဝင်သွားပြီး ချင်းယွမ်ဓားဆရာကြီးရဲ့ သတင်းက ဘာလို့ ရုတ်တရက် ပျံ့သွားရလဲဆိုတဲ့အကြောင်း စဉ်းစားလိုက်မိတော့တယ်။

ဒါက ဝမ့်ကျန့်ဂိုဏ်းက သူတို့အတွက် ခင်းထားတဲ့ ထောင်ချောက်တစ်ခုပဲ။

ဝမ့်ကျန့်ဂိုဏ်းက အရမ်းကို ဆင်းရဲသွားလို့များ သူတို့တွေက ဒီနေ့နဲ့ သူတို့ဆီက လုယက်နေတာလား။

ချန်မိသားစုသခင်ကြီးက စိတ်မကောင်းဖြစ်နေတဲ့ မျက်နှာနဲ့ သူ့သိုလှောင်အိတ်ကို ထုတ်လာလိုက်တယ်။

“တကယ်တော့ ဒီတစ်ကြိမ် ကျုပ်လာရတဲ့ အဓိကအကြောင်းအရင်းက ဒီကာလအတွင်းမှာ ချန်မိသားစုကို ကာကွယ်ပေးနေတဲ့ ဝမ့်ကျန့်ဂိုဏ်းရဲ့ ကျေးဇူးကို ဖော်ပြချင်လို့ပါ”

တခြားမိသားစု ခေါင်းဆောင်တွေနဲ့ မျိုးနွယ်ခေါင်းဆောင်တွေကလည်း တစ်ယောက်ပြီးတစ်ယောက် သူတို့ရဲ့သိုလှောင်အိတ်ကို လှမ်းပေးကြပြီး ရဲရင့်တဲ့ အမူအရာမျိုး ဆောင်ထားလိုက်ကြတယ်။

သူတို့တွေက ထောင်ချောက်ထဲ ကျသွားပြီဆိုမှတော့ သူတို့တွေက ဝမ့်ကျန့်ဂိုဏ်းကနေ ပြန်သွားချင်ရင် သွေးထွက်သံယို ဖြစ်မှပဲ ရတော့မယ်လေ။

ချီမင်က မျက်နှာပေါ်မှာ ရှက်ရွံ့တဲ့ အမူအရာတစ်ခု ဖြစ်နေပေမဲ့ သူ့လက်တွေကတော့ သိုလှောင်အိတ်တွေကို အင်မတန်မှ မြန်ဆန်တဲ့အရှိန်နှုန်းနဲ့ လက်ခံလိုက်တယ်။

“ချစ်လှစွာသော မိသားစု သခင်ကြီးတို့ရယ် ခင်ဗျားတို့ကလည်း အရမ်းကို အားနာတတ်ရန်ကော၊ အရမ်းကို အားနာလွန်းနေပါပြီ”

“ဘာလို့ ဒီလိုလုပ်နေတာတုန်း၊ ဘာလို့ ဒီလိုတွေ လုပ်နေတာတုန်း”

ဒီလိုနဲ့ လူအုပ်ကြီးက သူတို့ရဲ့သိုလှောင်အိတ်တွေ ပြောင်ရှင်းသွားတဲ့နောက်တော့ သူတို့အားလုံးက စိတ်ဓာတ်ကျနေကြပေမဲ့လဲ အတင်းပြုံးထားရပြီး အပြန်ခရီးအတွက် လှေပျံပေါ် တက်သွားကြတော့တယ်။

အားလုံးရဲ့ စိတ်ထဲမှာတော့ အတွေးတစ်ခုပဲ ကျန်ခဲ့ကြတယ်။ ဒီသ

တင်းကို လွှင့်ခဲ့တဲ့သူကို တွေ့လို့ကတော့ အဲဒီလူ အသေပဲ။

…

All Chapters