အခန်း ၉၀
Vol. 6 Ch. 90
အပိုင်း (၉၀)
“မိသားစုရဲ့ ချီမြှောက်ခံရတဲ့လူတွေက အများကြီးရှိပါတယ်။ ဒါပေမဲ့ နှစ်တစ်ရာသာ သက်တမ်းရှိတဲ့ ကျင့်ကြံသူအနည်းစုကသာ အခြေတည်စ ကျင့်ကြံခြင်းဝိညာဥ်အဆင့်ကို ရောက်ရှိကြတာ”
ချီမင်ကပြုံးလိုက်ပြီး သူ့ပခုံးကိုပုတ်ပေးလိုက်တယ်။
“မင်းအဘိုး မင်းကိုတွေ့ရင်တော့ သူကတော့ သေချာပေါက် အရမ်းဝမ်းသာနေတော့မှာပဲ”
ကြီးမြတ်သူ လင်းဖုန်းအကြောင်း ပြောလိုက်တဲ့အခါ ရှဲ့ရှောက်ချင်းရဲ့မျက်နှာပေါ်က အပြုံးကပိုပြီးတော့ ဖြူစင်လာခဲ့တယ်။ သူက အဘိုးဖြစ်သူနဲ့ အကြိမ်အများကြီး မတွေ့ရပေမဲ့လည်း သူနဲ့ ရှင်းမပြတတ်အောင် ရင်းနှီးတယ်ဆိုတဲ့ ခံစားချက်တစ်ခုရှိနေတယ်။
ဒီအချိန်မှာပဲ ကြီးမြတ်သူလင်းဖုန်းက အလျင်အမြန် ရောက်လာတော့တယ်။
ဒီနေ့ သူက သင်းကွပ်ဖို့ ပြင်နေတာလေ။ နောက်ဆုံး ဝမ့်ကျန့်ဂူသင်္ချိုင်းထဲက ထိုက်ချင်းဓားပြဿနာကို ဖြေရှင်းပြီးတဲ့နောက်မှာ သူနဲ့ သူ့မွေးချင်းဓားက ပိုပိုပြီးတော့ အပေးအယူ မျှလာခဲ့တယ်။ ဒီတစ်ကြိမ် သင်းကွပ်ဓားက အရင်တစ်ခေါက်ကထက် သေချာပေါက် ပိုပြီးတော့ ထိရောက်လိမ့်မယ်။
ထင်မထားဘဲ စပြီးလုပ်တော့မယ်လို့ ပြင်လိုက်တဲ့အချိန်မှာပဲ မြေးဖြစ်သူက ဝမ့်ကျန့်ဂိုဏ်းကို ရောက်လာတယ်လို့ လာပြီးတော့ သတင်းပို့တယ်။
တခြားကိစ္စတွေကို ဆက်ပြီး ဂရုမစိုက်နိုင်တော့ဘဲ ယွမ်ချန်ခန်းမဆီကို မြန်မြန်လာခဲ့ရတယ်။
သမီးဖြစ်သူ ကျန်းကျူးနဲ့ ရှဲ့မိသားစုခေါင်းဆောင်တို့ တာအိုစုံတွဲ ဖြစ်လာကတည်းက သူက အများစုမှာ ရှဲ့မိသားစုမှာပဲ နေလာခဲ့တာ သူနဲ့သမီးဖြစ်သူကြားက ဆက်ဆံရေးကလည်း... နည်းနည်းလေး သိပ်ပြီးတော့ မရင်းနှီးလာဘူး။ သူ့ကိုလည်း ရှဲ့မိသားစုက ဖိတ်ခေါ်တယ်ဆိုတာ ခပ်ရှားရှားရယ်ပါ။ ဒါကြောင့် သူ့သမီးဖြစ်သူနဲ့ မြေးဖြစ်သူတွေကိုတွေ့ဖို့ အခွင့်အရေးဆိုတာ ခပ်ရှားရှားပါပဲ။ တကယ်ရှားပါးလှတယ်။
ကြီးမြတ်သူလင်ဖုန်းက ယွမ်ချန်ခန်းမထဲက လူငယ်လေးရဲ့ ပုံရိပ်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ ဝမ်းသာစိတ် အပြည့်ဖြစ်သွားတယ်။
“ရှောက်ချင်း လာပါအုံး၊ အဘိုးကို လာပြပါအုံး “
သူ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ ရှဲ့ရှောက်ချင်းက ရုတ်တရက် ကိုယ်ကို လှည့်လိုက်ပြီး သူ့ဆီကို မြန်မြန်လျှောက်သွားလိုက်တယ်။ သူ့ရဲ့အသံကလည်း ကြည်လင်နေပြီး ငြင်းဆန်လို့မရတဲ့ ရင်းနှီးမှုကို သယ်ဆောင်ထားတယ်။
“အဘိုး”
“ကောင်းတယ် ကောင်းတယ် ကောင်းတယ်”
ကြီးမြတ်သူလင်းဖုန်းက သူရဲ့ကျင့်ကြံရေးအဆင့်ကို ကြည့်လိုက်ပြီး ဝင့်ကြွားစွာနဲ့ ခေါင်းညိတ်လိုက်တယ်။
“မင်းက အသက်၁၀၀မပြည့်သေးခင်မှာပဲ အခြေတည်စဝိညာဥ် ကျင့်ကြံခြင်းအဆင့်ကို ရောက်နှင့်နေပြီပဲ။ ငါ့မြေးလေး ဖြစ်ထိုက်ပါပေတယ်”
“ခဏနေအပြင်ထွက်ပြီးရင် ကျွန်တော့်ရဲ့ ဓားသိုင်းပညာ ဘယ်လောက်အထိ ကောင်းလာလည်းဆိုတာ အဘိုးကို တစ်ကွက်နှစ်ကွက် လောက်ပြပေးမယ်”
နှစ်ယောက်သားက ခဏလောက် စကားစမြည် ပြောလိုက်ကြပြီးတဲ့နောက်မှာ ကြီးမြတ်သူလင်ဖုန်းရဲ့ မျက်နှာပေါ်က အပြုံးက အနည်းငယ်လျော့ကျသွားခဲ့တယ်။
သူက ကျန်းကျူးနဲ့ ရုပ်ချင်းဆင်လှတဲ့ ရှဲ့ရှောက်ချင်းရဲ့မျက်နှာကို ကြည့်လိုက်ပြီး သတိအနေအထားနဲ့ မေးလိုက်တယ်။
“မင်းအမေရော နေကောင်းရဲ့လား”
“ရှဲ့မိသားစုမှာ နေရတာရော အဆင်ပြေရဲ့လား၊ ဘယ်သူကမှ သူ့ကို ဒေါသထွက်အောင် မလုပ်ရဲကြပါဘူးလေ ဟုတ်တယ်မလား”
ရှဲ့ရှောက်ချင်းက အခုတလော နည်းနည်းလေး အိပ်ချင်သလိုဖြစ်နေတဲ့ အမေဖြစ်သူအကြောင်းကို စဥ်းစားလိုက်ပြီး သူ့မျက်ခုံးတွေက မသိမသာ တွန့်ချိုးသွားတယ်။ သူ့အမေက အခုတလော ခါတိုင်းထက် အချိန်ပိုကြာအောင် အနားယူလာတက်တယ်။
ဒါပေမဲ့ ရှဲ့မိသားစုရဲ့ ပါရမီရှင်သမားတော်ပြောတာကတော့ အမေက နည်းနည်းလေး ပင်ပန်းနေတာတဲ့။ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကလည်း ပိတ်ဆို့နေတယ်။ ဒါကြောင့် သူမရဲ့ ချီသွေးကြောက နည်းနည်းလေး ပိတ်ဆို့နေပြီး သူမက ပြန်လည်အားပြည့်ဖို့ လိုအပ်တယ်လို့ ပြောတယ်။
အမေက ရှဲ့မိသားစုရဲ့ ဒုတိယခေါင်းဆောင် တစ်ယောက်လိုဖြစ်နေပြီး အရမ်းကို မြင့်မားတဲ့ ရာထူးအဆင့်တစ်ခု ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ အဒေါ်နဲ့ ရှောက်ထင်းတို့ကတော့...
ကြီးမြတ်သူလင်ဖုန်းရဲ့ မျက်နှာပေါ်က အမူအရာကို မြင်လိုက်ပြီးတဲ့အခါ ကြီးမြတ်သူလင်ဖုန်းကို အရမ်း စိတ်မပူစေချင်တဲ့အတွက်ကြောင့် သူ့နှုတ်ခမ်းတွေကို တင်းနေအောင် စေ့ထားလိုက်ပြီးမှ ပြောလိုက်တယ်။
“အမေက အခုတစ်လော နေကောင်းနေပါတယ်။ နောက်နှစ်ရက်နေရင် အဘိုးက ရှဲ့မိသားစုအိမ်ကို လာတဲ့အခါ အမေနဲ့စကားစမြည် ကောင်းကောင်းလေးပြောဖို့ အခွင့်အရေးရလာမှာပေါ့”
သူက ဖိတ်စာကို မြန်မြန် ထုတ်ယူလိုက်ပြီး
“ကျွန်တော့် အဖေရဲ့မွေးနေ့က နောက်သုံးရက်နေရင် ပြုလုပ်မှာပါ၊ ဂိုဏ်းချုပ်ကြီးနဲ့ အဘိုးတို့က လာရောက်ပေးဖို့မျှော်လင့်ပါတယ်”
ချီမင်က လက်ကိုဆန့်လိုက်ပြီး ဖိတ်စာကိုလှမ်းယူရင်း ခေါင်းညိတ်ကာ ပြောလိုက်တယ်။
“လာရမှာပေါ့”
ကျင့်ကြံရေးလောကထဲမှာ သမက်ဖြစ်သူကို သဘောကျတဲ့ ယောက္ခမဆိုတာ ရှိမယ်တောင် မထင်ဘူးလေ။
ရှဲ့ရှောက်ချင်းရဲ့ စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ စကားလမ်းကြောင်း ပြောင်းတဲ့နေရာမှာ သူက တော်တယ်လို့ စဥ်းစားလိုက်တယ်။ သူက ပြုံးပြီးပြောလိုက်တယ်။
“မင်းရဲ့အမေ အဆင်ပြေတယ်လို့ကြားလို့ ငါ စိတ်အေးရပါတယ်”
“ထင်းအာကော၊ ဘယ်ရောက်နေလဲ၊ ထင်းအာရော အခုတစ်လော နေပြန်ကောင်းလာသေးလား”
ညီမလေးအကြောင်းကို ပြောလိုက်တဲ့အချိန်မှာ ကြီးမြတ်သူလင်ဖုန်းက သူ့မျက်နှာပေါ်မှာ ချစ်ခင်မြတ်နိုးတဲ့ အရိပ်တစ်ခု မနေနိုင်ဖြစ်သွားတော့တယ်။
ရှဲ့ရှောက်ထင်းက ကျန်းကျူးရဲ့သမီးအငယ်ဆုံးလေ။ သူ့ကို အားနည်းချိနဲ့စွာနဲ့ မွေးဖွားလာခဲ့ပြီး သူ့ချီသွေးကြောကလည်း အင်မတန်မှ ကျဥ်းမြောင်းတဲ့အတွက် သူမရဲ့ကျင့်ကြံခြင်းအဆင့် ဆက်ပြီး တိုးတက်လာဖို့ ခက်ခဲနေတာပေါ့။
သေသေချာချာ ဂရုမစိုက်ဘူးဆိုရင် သက်တမ်းကို ထိခိုက်သွားနိုင်တယ်။
ဒါကြောင့်ပဲ ကြီးမြတ်သူလင်ဖုန်းက ဒီမြေးမလေးကို အရမ်းချစ်မြတ်နိုးပြီး သူတို့တွေ့ကြတဲ့အကြိမ်တိုင်း မြေးမလေးအတွက် ဝိညာဥ်ရတနာတွေ အများကြီးကို ယူလာပေးတက်တယ်။
ကြီးမြတ်သူလင်ဖုန်းရဲ့ မေးခွန်းကို ကြားလိုက်တဲ့အခါ ရှဲ့ရှောက်ချင်းက မျက်မှောင်ကြုတ်လိုက်ပြီး ဒီနှစ်တွေမှာ ရှဲ့ရှောက်ထင်း လုပ်ခဲ့တဲ့ကိစ္စတွေကို မစဥ်းစားဘဲ မနေနိုင်အောင် ဖြစ်သွားတယ်။
လတ်တလောနှစ်တွေမှာ သူ့ညီမဖြစ်သူက ပိုပိုပြီးထောင်လွှားလာပြီး ပိုပြီးတော့ တဇွတ်ထိုး လုပ်လာတက်တယ်။ သူမက မိသားစုခွဲက ကလေးတွေကို အနိုင်ကျင့်တတ်ပြီး ရှဲ့မိသားစုထဲက အစေခံတွေကိုလည်း ဆူပူကြိမ်းမောင်းတက်တဲ့အပြင် အမေ့ကိုလည်း ပြန်ခံပြောတတ်သေးတယ်။ အကြိမ် တော်တော်များများမှာလည်း အမေ့အကြောင်း မကောင်းကြောင်းလဲ ပြောတတ်သေးတယ်။
အဖေက သူ့ကျန်းမာရေးကို သနားညှာတာတဲ့ အတွက်ကြောင့် သူ့ကိုဘယ်တော့မှ အပြင်းအထန် ဆူပူတာမျိုး မရှိခဲ့ဘူး။ အခု အမေဖြစ်သူရဲ့ စည်းကမ်းစည်းကမ်းတွေကတောင် သူ့အပေါ် သက်ရောက်မှု မရှိတော့ဘူး။
ရှဲ့ရှောက်ချင်းက ခဏလောက် နှုတ်ဆိတ်နေလိုက်ပြီး နောက်ဆုံးမှာ မပြုံးချင်ပြုံးချင်နဲ့ ပြုံးလိုက်တယ်။
“အခုတလော ညီမလေးရဲ့ ကျန်းမာရေးက တိုးတက်လာပါတယ်။ သူရဲ့ကျင့်ကြံခြင်းအဆင့်ကလည်း အုတ်မြစ်တည် ကျင့်ကြံခြင်းအဆင့် ရောက်သွားပြီ။ အဘိုး အများကြီး စိုးရိမ်နေစရာ မလိုတော့ပါဘူး”
ကြီးမြတ်သူလင်ဖုန်းက အမြဲတမ်းဆိုသလို သတိမထားတတ်တဲ့ ဓားသမားတစ်ယောက်ဖြစ်ခဲ့တယ်။ သူက ရှဲ့ရှောက်ချင်းရဲ့ အမူအရာ ပြောင်းလဲသွားတာကို လုံးဝ သတိမထားမိခဲ့ဘူး။ သူရဲ့အဖြေကို ပြန်ကြားလိုက်ရပြီးတဲ့အခါ သူက လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်တယ်။
“ထင်းအာ ကျန်းမာတယ်ဆိုရင် ဟုတ်ပါပြီ”
ချီမင်နဲ့ ရှန်ယွမ်အန်းတို့က ရှဲ့ရှောက်ချင်းရဲ့ လေသံထဲက အပြောင်းအလဲကို ကြားလိုက်တယ်။ သူတို့တွေက မျက်လုံးထဲမှာ နားမလည်နိုင်တဲ့ အရိပ်တစ်ခုနဲ့ အချင်းချင်း ကြည့်လိုက်ကြတယ်။
ကျန်းကျူးက အခုဆိုရင် ရှဲ့မိသားစုသခင်ကြီးရဲ့မိန်းမပဲ။ ရှဲ့မိသားစုရဲ့ သေရေးရှင်ရေး အာဏာတစ်ဝက်ကိုလည်း ရထားတယ်။ ရှဲ့ရှောက်ထင်းက ကျန်းကျူးရဲ့တစ်ဦးတည်းသောသမီးပဲ။ သူက ကျန်းမာရေး ချို့တဲ့တယ်ဆိုပေမဲ့ ရှားပါရတနာတွေနဲ့ ပြန်ပြီး ကုစားလာခဲ့တာဆိုတော့ ပြဿနာမရှိလောက်ပါဘူး။
ရှဲ့ရှောက်ချင်းက ဘာဖြစ်လို့ဒီလို ပြုမူနေတာပါလိမ့်။
ရှဲ့မိသားစုဝင်တွေမှာ တစ်ခုခုများ ဖြစ်နေလို့လား။
သူတို့တွေက စိတ်ထဲမှာ ဘယ်လိုပဲစဥ်းစားနေပါစေ သူတို့ရဲ့မျက်နှာကတော့ ရင်းနှီးတဲ့အကြည့်တစ်ခုကို ပြသနေဆဲပဲ။
သုံးရက်ကြာပြီးတဲ့နောက်မှာ သီးခြားထူးထောင်ထားတဲ့ ရှဲ့မိသားစု။
ဝမ့်ကျန့်ဂိုဏ်းက လူတွေက ရှဲ့မိသားစုသူတို့အတွက် ပြင်ဆင်ထားပေးတဲ့နေရာမှာ သူတို့ရဲ့လှေပျံကို ရပ်လိုက်တယ်။ အဲ့ဒီနောက်မှာ ပုံရိပ်တစ်ခုက အပြုံးတစ်ခုနဲ့ သူတို့ကိုကြိုဆိုပြီး ယဥ်ယဥ်ကျေးကျေးနဲ့ ဦးညွှတ်နှုတ်ဆက်တယ်။
“ရှဲ့ရှူး၊ ရှဲ့မိသာစုရဲ့ စည်းကမ်းထိန်းသိမ်းရေး ခန်းမခေါင်းဆောင်က ဂိုဏ်းချုပ်ကြီးချီကို နှုတ်ဆက်ပါတယ်”
ချီမင်ရဲ့မျက်နှာက လှေပျံပေါ်က ဆင်းလာကတည်းက ဘာမှဂရုမစိုက်ဘဲ ခပ်တန်းတန်း နေတတ်တဲ့ အမူအရာတစ်ခုကနေ လုံးဝပြောင်းလဲသွားတယ်။ သူက ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးရဲ့ ထည်ဝါပြီး ဂုဏ်သိက္ခာရှိလှတဲ့ ဟန်အမူအရာကို ဆောင်ထားလိုက်တယ်။ သူက ရှဲ့ရှူးကို မြင်လိုက်တဲ့အခါ သူ့လက်ကို ဆန့်လိုက်ပြီး သူရဲ့ဝိညာဥ်စွမ်းအင်နဲ့ ရှဲ့ရျူးကို တွဲထူပေးလိုက်တယ်။
“သခင်ကြီးရှဲ့ ကျေးဇူးတင်ပါတယ်”
ရှဲ့ရျူးက ထရပ်လိုက်ပြီးတဲ့နောက်မှာ သူကချီမင်နောက်က များပြားလှစွာသော ကြီးမြတ်သူတွေကို ဦးညွှတ်နှုတ်ဆက်လိုက်တယ်။
“ကြီးမြတ်သူတို့ကို နှုတ်ဆက်ပါတယ်”
ကြီးမြတ်သူလင်ဖုန်းက ဒီလိုအသုံးမဝင်တဲ့ လောကဝတ်တွေကို သဘောမကျလေဘူး။ သူက သူ့စိတ်မရှည်မှုကို ဖိနှိပ်ထားလိုက်ပြီး မျက်မှောင်ကျုံ့လိုက်ကာ
“ကျူးအာ မင်းသခင်ရဲ့ဇနီးဘယ်ရောက်နေလဲ”
“သခင်မက ရှဲ့အိမ်တော်ထဲမှာ ကြီးမြတ်သူကို စောင့်ဆိုင်းနေပါတယ်”
ရှဲ့ရှူက ဘေးကိုလမ်းဖယ်ပေးလိုက်ပြီး သူ့နောက်က တစ်ဖက်တစ်ချက်မှာ အဆင့်၅ အဆင့်၆ ဝိညာဥ်သစ်ပင်တွေ စိုက်ပျိုးထားတဲ့ လမ်းကို ဖွင့်ပေးလိုက်တယ်။
“ ကျွန်တော် အခုပဲ လူကြီးမင်းတို့ကို ခေါ်သွားပေးပါမယ်”
ကြီးမြတ်သူနောက်က ချီမင်နဲ့ အကြီးအကဲတပည့်တွေက လုံးဝ လျစ်လျူရှု ခံထားလိုက်ရတယ်။
ရှန်ယွမ်အန်းက သူရဲ့ အပြုအမူတွေကို စောင့်ကြည့်နေလိုက်ပြီး မသိမသာမျက်ခုံးတွေကို ပင့်ထားလိုက်တယ်။ ရှဲ့မိသားစုကတော့ ထင်ထားတဲ့အတိုင်းပဲ လူတိုင်းကို အထင်သေးတဲ့ ရှဲ့မိသားစု ဖြစ်နေတုန်းပဲ။
ဒါပေမဲ့ သူက သူ့ပတ်ဝန်းကျင်က ဝိညာဥ်စွမ်းအင် သစ်ပင်တွေကို ကြည့်လိုက်ပြီး မြေကြီးပေါ်မှာ အလှဆင်ဖို့သုံးထာတဲ့ ဝိညာဥ်ရတနာတွေကိုလည်း ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ နားမလည်နိုင်တဲ့ အရိပ်အယောင်တစ်ခုဖြစ်သွားတယ်။ သူက အဲ့လောက်တောင် ချမ်းသာသတဲ့လား။
နောက်ကနေ ဖြည်းဖြည်းချင်း လျှောက်လာတဲ့စူးလီက ဒီလူတွေပြောတဲ့စကား ဒါမှမဟုတ် ဒီလူတွေရဲ့အမူအရာကို ဂရုမစိုက်လေဘူး။ သူမက မျက်နှာပေါ်မှာ အင်မတန်မှရှုပ်ထွေးနေတဲ့ အမူအရာတစ်ခုနဲ့ ရှဲ့မိသားစုရဲ့ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ ရှဲ့မိသားစုက ကောင်းကင်ဘုံစည်းမျဥ်းကို ချိုးဖောက်ခဲ့တာလား။
အဲ့လိုမှ မဟုတ်ဘူးဆိုရင် ရှဲ့မိသားစုရဲ့ကောင်းကင်ပေါ်က အပေါက်ကြီးက ဘာလို့များ အရမ်းကို ကြီးမားပြီး ရှဲ့မိသားစုကို ဝါးမျိုနိုင်တဲ့အထိ ဖြစ်နေတယ်လို့ ဘာဖြစ်လို့ ထင်ရတာလဲ။ တခြားဂိုဏ်းတွေ အားလုံးဟာလည်း မရေမတွက်နိုင်တဲ့ အပေါက်သေးသေးလေးတွေ အပေါက်ကြီးတွေရှိပါတယ်။ ဒါပေမဲ့ဒီမှာကတော့ အပေါက်ကတစ်ပေါက်ထဲပဲ။ ကောင်းကင်တာအိုက လှည့်ထွက်သွားချင်လောက်အောင် လုပ်နိုင်တဲ့ အပေါက်တစ်ပေါက် ဖြစ်နေတာပဲ။
ဒီအပေါက်ကြီးက ပိုပြီးတော့ကြီးထွားလာမယ်ဆိုရင် ရှဲ့မိသားစုကတော့ သေချာပေါက် ဇာတ်သိမ်းသွားလောက်တယ်။ သူမက မူးဝေသလို ခံစားလာရတဲ့အထိ အပေါက်ကြီးကို ကြည့်နေမိတယ်။ သူမက ခေါင်းကိုပြန်ငုံလိုက်ပြီး ဝိညာဥ်စွမ်းအင်တွေပြည့်နေတဲ့ လမ်းသွယ်လေးကို ကြည့်လိုက်တယ်။ လမ်းလေးက နေရာတိုင်းမှာ နတ်သမီးဝိညာဥ်တွေနဲ့ ရှိနေတဲ့အတိုင်းပဲ။ သူမက မျက်လုံးထဲမှာ မနေနိုင်ဘဲ သံသယအရိပ်အယောင်တစ်ခု ဖြစ်သွားတော့တယ်။
ဒီနေရာက အဆင်ပြေတာရော ဟုတ်ရဲ့လား။
အခု အရမ်းကို သိချင်နေမိပြီ။ ရှဲ့မိသားစုမှာ ဘာတွေဖြစ်ခဲ့တာလဲ။ ဘာလို့များဒီလောက်ကြီးတဲ့ အပေါက်ကြီးရှိနေတာလဲ။
သူမက သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကိုဖွင့်ဖို့ အားတက်သရော ဖြစ်နေတဲ့အချိန်မှာပဲ အားလုံးကနောက်ဆုံးတော့ လမ်းရဲ့အဆုံးကို ရောက်လာခဲ့တယ်။
“ငါကရှဲ့မိသားစုရဲ့ ဒုတိယသမီးပဲ၊ ငါလုပ်ချင်တာတိုင်းကို လုပ်လို့ရတယ်။ ငါ မလုပ်ချင်တဲ့ဟာဆိုရင်လည်း ဘာမှမလုပ်ဘူး။ နင်တို့တွေက ဘာဖြစ်လို့ ငါ့ကို ဒီအထိ လာခိုင်းနေကြတာလဲ”
“ငါ နင့်ကို မုန်းတယ်။ အဖေဆို ငါ့ကို ဘယ်တုန်းကမှ အတင်းအကြပ် စေခိုင်းတာမျိုး မလုပ်ခဲ့ဘူးဘူး”
ကျန်းကျူးက သူမရဲ့ဒေါသကို မျိုသိပ်ထားလိုက်ပြီး ရှဲ့ရှောက်ထင်းကို တစ်ခွန်းချင်းစီ ရှင်းပြနေတယ်။
“အဘိုးကို အတူတူကြိုဆိုချင်ပါတယ်လို့ မနေ့ကပဲ နင်ပြောခဲ့တာလေ။ ဘယ်သူကမှ နင့်ကို ဖိအားမပေးခဲ့ဘူး”
“ဒီနေ့ ငါက ဒီအကြောင်းကို မစဥ်းစားချင်ဘူးဆိုရင်ကော အဆင်ပြေတယ် မဟုတ်လား”
ရှဲ့ရှောက်ထင်းက ထုံးစံအတိုင်းပဲ ပြောလိုက်တယ်။ သူမက အေးတိအေးစက်နဲ့ ရှုတ်ချလိုက်သေးတယ်။
“ငါ့ကိုပေးလာတဲ့ ဝိညာဥ်ရတနာတွေကလည်း အမြဲတမ်းအရမ်းကို ပေါပေါပဲပဲနဲ့ပဲ။ ကြီးမြတ်သူဆိုတော့ရော ဘာဖြစ်လဲ၊ ရှဲ့မိသားစုရဲ့ ခန်းမသခင်ကြီးတစ်ယောက်ကတောင် သူ့ထက် ချမ်းသာသေးတယ်”
“ရှဲ့ရှောက်ထင်း”
ကျန်းကျူးရဲ့အသံက အေးစက်လာခဲ့တယ်။
ဒီသမီးဖြစ်သူနဲ့ ဘယ်တုန်းကပိုပိုပြီး စပြီးသူစိမ်းဆန်လာမှန်းတောင် မသိတော့ဘူး။ ငါတို့ကြားထဲမှာ ကျန်တဲ့တစ်ခုတည်းသောအရာက စကားများတာပဲ ရှိတော့တယ်။
ရှောက်ထင်းက ကျန်းမာရေးချို့တဲ့ပြီး သူ့ကို မရေမတွက်နိုင်တဲ့သူတွေက ကာကွယ်ပေးလာခဲ့တာ။ ဒီတော့ သူမအတတ်နိုင်ဆုံးအရာက စကားတွေနဲ့ပဲ သူ့ကို ဆုံးမပေးရတာပေါ့။ ဒါပေမဲ့လည်း ဒါတွေကလည်း ပိုပိုပြီး ထိရောက်မှုနည်းလာခဲ့တယ်။
“ဒီနေရာမှာအကြာကြီး နေရမယ်မှန်းသာ ကြိုပြီးသိခဲ့ရင် အဒေါ့်ကိုပဲ သွားရှာလိုက်ပါတယ်”
ရှဲ့ရှောက်ထင်းက သူမရဲ့အသံထဲမှာ ဒေါသသံ ပါနေတာကို ကြားလိုက်ရတဲ့အခါ သူမတစ်ယောက်ထဲသာ ကြားနိုင်တဲ့ လေသံအထိ နိမ့်ချထားလိုက်တယ်။
“အဒေါ်ကဆိုရင် ငါ့ကိုဘယ်တော့မှ ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံဖူးဘူး”
ကျန်းကျူးကို သူမရဲ့ ဒေါသတွေကို မျိုသိပ်ထားပြီး ပြောလိုက်ရတယ်။
“ရှဲ့ယုံကို ထပ်ပြီး အနိုင်ကျင့်ဖို့ လျန်ထင်းခန်းမဆီကို နင့်ကို ပေးမသွားနိုင်တော့ဘူး။ သူက နင့်အဒေါ်ရဲ့သမီး ရှဲ့မိသားစုရဲ့မျိုးဆက်ပဲ”
“သမီးက ရှဲ့ယုံနဲ့ သွားကစားရုံပါပဲ၊ အဒေါ်ကတောင် ဘာမှမပြောတာ အမေက ဘာဖြစ်လို့အဲ့လောက် စိတ်ပူနေတာလဲ”
“မသိများမသိရင် ရှဲ့ယုံကပဲ အမေရဲ့တရားမဝင်သမီးလို့ ထင်နေအုံးမယ်”
“ရှဲ့ရှောက်ထင်း နင်ဒီလိုပေါက်ကရတွေ ဆက်ပြောနေအုံးမယ်ဆိုရင် နင့်အခန်းကိုပြန်တော့”
အရှေ့ကလာတဲ့ ရန်ဖြစ်နေတဲ့ခပ်တိုးတိုးအသံကို ကြားလိုက်ရတဲ့အခါ ကြီးမြတ်သူလင်ဖုန်းက ရုတ်တရက် မျက်မှောင်ကြုတ်သွားတယ်။
ဒါက ကျူးအာရဲ့အသံပဲ။
ဘယ်သူကများ သူရှေ့မှာ သူ့သမီးကို အနိုင်ကျင့်ရဲရသလဲ။
သူကသူ့လမ်းကိုပိတ်ထားတဲ့ ရှဲ့ရှူကို တွန်းထုတ်လိုက်ပြီး ရှေ့ကိုမြန်မြန်လျောက်သွားလိုက်တယ်။
“ဘယ်သူကများ အတင့်ရဲလည်းဆိုတာ ကြည့်ရအုံး...”
“ကျူးအာ၊ ထင်းအာ”
လမ်းအဆုံးမှာရှိနေတဲ့ လူနှစ်ယောက်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ တအံ့တသြ ဖြစ်သွားတော့တယ်။
ခုနတုန်းက ရန်ဖြစ်နေကြတာ သူ့သမီးနဲ့ သူ့မြေးတဲ့လား။
ကျူးအာက ကြီးမြတ်သူလင်ဖုန်းကို တွေ့လိုက်တဲ့အချိန်မှာ သူ့မျက်လုံးထဲက အကြည့်တွေက ပျော့ပြောင်းသွားခဲ့တယ်။ သူမရဲ့အသံက ခပ်တန်းတန်း ဖြစ်နေပေမဲ့လည်း ရင်းနှီးနေဟန်တူတယ်။ သူမကိုယ်တိုင်တောင် သတိမထားမိတဲ့အရာတစ်ခုပဲ။
“အဖေ”
ကြီးမြတ်သူလင်ဖုန်းက အတိုင်းအတာတစ်ခုအထိ ဆွံ့အသွားပြီး ပြန်ဖြေလိုက်တယ်။
“ကျူးအာ အခုတလော အဆင်မှပြေရဲ့လား”
သူ့စကား ဆုံးသွားပြီးတဲ့အခါ မျက်နှာပေါ်မှာ စိတ်မရှည်တဲ့ရုပ်တစ်ခုနဲ့ ဘေးမှာရပ်နေတဲ့လူကို ကြည့်လိုက်ပြီး ဇဝေဇဝါနဲ့ ပြောလိုက်တယ်။
“ဒါက ထင်းအာလား”
သူတို့တွေ နောက်ဆုံးတွေ့ခဲ့ကြတဲ့ အချိန်တုန်းက ရှဲ့ရှောက်ထင်းက နည်းနည်းလေးတဇွတ်ထိုးဆန်တယ် ဆိုပေမဲ့လည်း ယဥ်ယဥ်ကျေးကျေးလေး ဖြစ်နေတုန်းပဲ။ သူက ဘာကြောင့်မလို့များ အရမ်းကြီး....
ကျန်းကျူးရဲ့မျက်လုံးထဲမှာ ဘာမှမတက်နိုင်တော့တဲ့ အရိပ်အယောင်တစ်ခု ထွက်လာတယ်။
“ဒါက ရှောက်ထင်းလေ ကျွန်မရဲ့သမီးပါ”
စူးလီက ကောင်းကင်စာအုပ်ကိုဖွင့်လိုက်ပြီး စာအုပ်ကို လှန်လိုက်တယ်။ သူမကမျက်လုံးထဲမှာ စိတ်လှုပ်ရှားသွားတဲ့ အရိပ်တစ်ခုနဲ့ စာလုံးတွေကို ဖတ်လိုက်တယ်။
[ရှဲ့ရှောက်ထင်းက ရှင့်သမီးမှ တကယ်မဟုတ်ပဲ]
[အလိုလေး... ရှဲ့မိသားစုလို မိသားစုတစ်ခုက ဘယ်လိုဖြစ်ပြီးတော့များ သမီးတစ်ယောက်ကို မှားယွင်းပြီးတော့ မွေးစားခဲ့မိတာပါလိမ့်]
…