← Chapters

အခန်း ၉၁

Vol. 7 Ch. 91

အခန်း ၉၁

Vol. 7 Ch. 91

အပိုင်း (၉၁)

ဒီအချိန်မှာပဲ ရှဲ့မိသားစုရဲ့ အစေခံတွေ ဦးဆောင်ပြီးခေါ်လာတဲ့ ရှဲ့မိသားစုဆီကို အလည်အပတ်ရောက်လာကြတဲ့ မိသားစုနဲ့ဂိုဏ်းတွေဆီက လူအားလုံးက ဝိညာဉ်စွမ်းအင်သစ်ပင် အပြည့်ရှိနေတဲ့ ကွေ့ဝိုက်တဲ့လမ်းလေးကနေ လျှောက်ပြီး ထွက်လာကြတယ်။ သူတို့တွေက ပတ်ဝန်းကျင်ကို ကြည့်ဖို့အချိန်မရသေးခင်မှာဘဲ အပြင်လောကက လာတဲ့အသံရဲ့ ထိတ်လန့်ဖွယ်စကားကို ကြားလိုက်ရတယ်။

မှားယွင်းမွေးမြူခဲ့မိတာတဲ့။

အားလုံးက အလိုလိုက်ခြင်းခံထားရတဲ့ ရှဲ့မိသားစုရဲ့ ဒုတိယသခင်မလေးက တကယ်တော့ ရှဲ့မိသားစုရဲ့ သခင်မလေးအစစ် မဟုတ်ဘူးတဲ့လား။

အားလုံးက အထိတ်တလန့်ဖြစ်သွားပြီး သူတို့နားတွေ အားလုံးက ထောင်မတ်သွားကာ သူတို့တွေက ဒါကိုဖုံးကွယ်ဖို့ အကောင်းဆုံး ကြိုးစားပေမဲ့လဲ သူတို့ရဲ့မျက်လုံးတွေကတော့ ထိန်းမရအောင် လင်းလက်နေကြဆဲပဲ။

စည်းမျဥ်းစည်းကမ်းကို အင်မတန်မှ အလေးထားတဲ့ သီးခြားရပ်တည်တဲ့ မိသားစုတစ်ခုဖြစ်တဲ့ ရှဲ့မိသားစုက သူတို့ရဲ့မျိုးဆက်သစ်တွေထဲမှာ ဒီလိုကြီးမားတဲ့ အမှားတစ်ခု လုပ်လိမ့်မယ်လို့ ထင်တောင်မထင်ထားခဲ့ဘူး။

ဒီလိုဆိုတော့ တကယ့် ဒုတိယသခင်မလေးက အခုဘယ်မှာတဲ့လဲ။ ဧကန္တ သူ့ကို သူခိုးတွေက သတ်ဖြတ်လိုက်ကြပြီးလား။

ကျန်းကျူးက နေရာမှာပဲ အေးခဲသွားတယ်။ အသက် တစ်ချက် နှစ်ချက်လောက် ရှူအပြီးမှ သတိပြန်ဝင်လာတယ်။ သူမက တုန်ယင်နေတဲ့ မျက်လုံးတွေနဲ့ ဘေးမှာရှိတဲ့ ရှဲ့ရှောက်ထင်းကို ကြည့်လိုက်တယ်။

ရှဲ့ရှောက်ထင်းရဲ့ ထောင်လွှားမှုအပြည့်နဲ့ စိတ်မရှည် လက်မရှည်ဖြစ်နေတဲ့ မျက်နှာအမူအရာကို ကြည့်လိုက်ပြီး သူ့အဘိုးဖြစ်သူကိုတောင် လှည့်မကြည့်လိုက်တာကို မြင်လိုက်ရတဲ့အခါ သူမရဲ့နှလုံးသားက တဖြည်းဖြည်း လေးလံလာခဲ့တယ်။

သံသယအရိပ်တစ်ခုက သူ့မရဲ့နှလုံးသားထဲကနေ ထိုးထွက်လာတဲ့အချိန်မှာ အစောပိုင်းက သူမ လျစ်လျူရှုခဲ့မိတဲ့ အသေးစိတ် အချက်အလက်တွေက သူမ စိတ်ထဲမှာ ပြန်ပေါ်လာတယ်။

သူမနဲ့ ရှဲ့ယွင်ပေါ်တို့ နှစ်ယောက်စလုံးက ပေါင်းစပ်ကျင့်ကြံခြင်းအဆင့်ရှိတဲ့ ကျင့်ကြံသူတွေဖြစ်ပြီး ကျင့်ကြံရေးအဆင့် မြင့်မားပြီးတော့ အင်မတန်မှ ကျန်းမာတဲ့ ခန္ဓာကိုယ်တွေကိုလဲ ပိုင်ဆိုင်ထားတယ်။ သူမ ကိုယ်ဝန်ဆောင်တဲ့ အချိန်ကာလတုန်းကလဲ စိတ်လှုပ်ရှားမှုတွေကိုလဲ မတွေ့ကြုံခဲ့ရဘူး။ သူမရဲ့သမီးကျမှ ဘာဖြစ်လို့ အားနည်းချိနဲ့ပြီး မွေးဖွားလာတာလဲ။ အားနည်းလိုက်တာများ ကိုယ့်ဟာကိုယ် မကျင့်ကြံနိုင်လောက်တဲ့အထိတဲ့လား။

အဲဒီအပြင် ရှဲ့ရှောက်ထင်းက သူမကို မွေးပြီးကတည်းက သူမနဲ့ အရမ်းအရင်းတနှီး မရှိခဲ့ဘူး။ သူမက ရှဲ့ရှောက်ထင်းကို မြင်လိုက်တဲ့အချိန်မှာလဲ သူမရဲ့စိတ်နှလုံးသားထဲမှာ ချင်းအာကို မြင်ရသလိုမျိုး ပျော်နေတာမျိုး မခံစားမိဘူး။ ရှဲ့ရှောက်ထင်း ကြီးပြင်းလာတဲ့နဲ့အမျှ သူမနဲ့ဆက်ဆံရေးကလဲ ပိုပိုပြီး တင်းမာလာခဲ့တယ်။

အစတုန်းကတော့ သူမက ရှဲ့မိသားစုရဲ့ အရေးကိစ္စတွေကြောင့် အရမ်းကို အလုပ်များခဲ့ပြီး သူမရဲ့သမီးကို လျစ်လျူရှုခဲ့မိတယ်လို့ ထင်ခဲ့တာ။ ဒါကြောင့် ပြဿနာကို သဘောပေါက်ပြီးတဲ့နောက်မှာ သူမက ရှဲ့ရှောက်ထင်းကို သူမရဲ့ဘေးမှာ ထားဖို့ ဆက်တိုက် ကြိုးစားခဲ့တယ်။ ဒါပေမဲ့လဲ ဒါက အသုံးမဝင်တဲ့အပြင် ရှဲ့ရှောက်ထင်းက သူမနဲ့ ပိုပြီးဝေးကွာသွားအောင် ပြုလုပ်မိမယ်လို့ မထင်ထားခဲ့မိဘူး။

ကျန်းကျူးက ရှဲ့မိသားစုဝင်တစ်ဝက်ကို အုပ်ချုပ်နိုင်တဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ သူမမှာ အင်မတန်မှ ကောင်းမွန်တဲ့ အရည်အချင်းတွေရှိတဲ့အပြင် ကောင်းမွန်တဲ့အကျင့်စရိုက် တစ်ခုလဲ ရှိတယ်။ သူမက အရင်က သံသယဖြစ်ခဲ့တဲ့ အရာအားလုံးကို စဥ်းစားလိုက်မိတယ်။

သူမနဲ့ တစ်ချိန်ထဲမှာ ကလေးမွေးခဲ့တဲ့သူက ရှဲ့ယွင်ပေါ်ရဲ့ညီမဖြစ်သူ ရှဲ့ယွင်နဉ်ပဲ။

ရှဲ့ယွင်နဉ်ရဲ့ကလေးရဲ့ အဖေကို ဘယ်သူမှ မသိကြဘူး။ ဒါပေမဲ့ ရှဲ့ယွင်နဉ်က သူမရဲ့သမီးအရင်းကို အင်မတန်မှ မုန်းတီးတာကိုတော့ အားလုံးက သိကြတယ်။ သူက သူမရဲ့သမီးကို “နင်”လို့ခေါ်တတ်ပြီး နေ့တိုင်းအလုပ်တစ်ခုလို သူမကို ရိုက်နှက်ဆူဆဲနေတတ်တယ်။ သူမက သူမရဲ့သမီးဖြစ်သူကို ဓားသိုင်းလေ့ကျင့်ခွင့် မပြုသလို ရှဲ့ယုံရဲ့ ရုပ်ပိုင်းဆိုင်ရာကိုလဲ ဘယ်တော့မှ စစ်ဆေးခွင့် မပေးခဲ့ဘူး။ တခါတလေ သူမက မကြည့်ရက်နိုင်တော့တာကြောင့် သူမက ရှဲ့ယုံကို အကြိမ်အနည်းငယ် မကြာခဏဆိုသလို အကူအညီပေးခဲ့ပြီး ကျင့်ကြံရေးအတွက် ဝိညာဥ်စွမ်းအင် ရတနာအချို့ကို ပေးခဲ့တယ်။ ဒါပေမဲ့လဲ ရှဲ့ယွင်နဉ် သိသွားပြီးတဲ့နောက်မှာ ရှဲ့ယုံအပေါ် သူမရဲ့နှိပ်စက်မှုတွေက ပိုပြီးဆိုးရွားလာခဲ့တာ သူမကို သတိပေးနေတဲ့အတိုင်းဘဲ။

သူမလဲ မကြံတတ်တော့တာနဲ့ ကိုယ့်ဟာကို ရှဲ့ယုံနဲ့ ခပ်ခွာခွာနေဖို့သာ တတ်နိုင်ခဲ့ပြီး တခါတလေကျမှ အစေခံတွေကို ရှဲ့ယုံကို စောင့်ရှောက်ပေးဖို့ ပြောရတယ်။ ဒါပေမဲ့လဲ သူမက ရှဲ့ယွင်နဉ်ကို အသိမပေးရဲခဲ့ဘူးပေါ့။

ထူးဆန်းတာက ရှဲ့ယွင်နဉ်ရဲ့ ရှဲ့ရှောက်ထင်းအပေါ် သဘောထားကတော့ ရှဲ့ယုံ အပေါ်ထားတဲ့ သဘောထားနဲ့ လုံးဝကို ဆန့်ကျင့်နေတယ်။

သူမနဲ့ ရှဲ့ယွင်နဉ်တို့က ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု မရှိသည့်တိုင်အောင် ရှဲ့ယွင်နဉ်ကတော့ ရှဲ့ရှောက်ထင်းကို အရမ်းကောင်းမွန်တယ်။

အစတုန်းကတော့ ရှဲ့ယွင်နဉ်က ရှဲ့မိသားစုထဲက သွေးသားတွေကို တန်ဖိုးထားတယ်လို့ပေါ့။ ဒါပေမဲ့ အခုဒီအကြောင်းကို စဥ်းစားကြည့်လိုက်တော့ ကိုယ်ရဲ့သမီးအရင်းကို အင်မတန်မှ မုန်းတီးပြီး တခြားလူရဲ့ကလေးကိုတော့ မျက်နှာသာပေးတတ်တဲ့ အမေဆိုတာမျိုးက ရှိလို့လား။

နောက်ပြီးတော့ ရှဲ့မိသားစုခေါင်းဆောင်ရဲ့ ညီမဖြစ်သူကလွဲရင် ဘယ်သူက သူမရဲ့ကလေး မွေးဖွားတဲ့ကိစ္စကို လီဆယ်ဖို့ ဒီလောက်အရည်အချင်းရှိမှာလဲ။

ဒီလိုစဥ်းစားမိပြီး သူမရဲ့ရင်ထဲမှာ နာကျင်သွားတော့တယ်။ အရမ်းကို ပိန်ပါးပြီး မျက်လုံးထဲမှာလဲ လေးစားမှုအပြည့် ဖြစ်နေတဲ့ ရှဲ့ယုံရဲ့မျက်နှာက ရုတ်တရက် သူမရှေ့မှာပေါ်လာတယ်။

အဲ့ဒါ သူမရဲ့.... သမီးများလား။

တဖန် သူမက ခေါင်းကို ပြန်လှည့်လိုက်တဲ့အခါ ဒီတစ်ကြိမ် ရှဲ့ရှောက်ထင်းကို ကြည့်လိုက်တဲ့အကြည့်ထဲမှာ အရင်တုန်းကလို ကြင်နာမှုတွေ မပါတော့ဘဲ အဲဒီအစား အေးစက်စက်နဲ့ သေသေချာချာ အကဲခတ်နေတဲ့အကြည့်တစ်ခု ပါလာခဲ့တယ်။

တကယ်လို့များ ရှဲ့ရှောက်ထင်းက သူ့သမီးအရင်းဖြစ်သူရဲ့ သရုပ်မှန်ကို ရယူထားတယ်ဆိုရင် သူမရဲ့သမီးက ဒီ၂၈နှစ်အတွင်းမှာ ဒုက္ခတွေကို ဘယ်လောက်များ သည်းခံခဲ့ရလိမ့်မလဲ...

ရှဲ့ရှောက်ထင်းက ကျန်းကျူးရဲ့အကြည့်နဲ့ ဆုံသွားတဲ့အခါ အလန့်တကြား နောက်ကို တစ်လှမ်း ဆုတ်မိသွားတယ်။ အမေက ဘာဖြစ်သွားတာလဲ။

အရင်တုန်းက သူမက ဘယ်လောက်ပဲ တရားလွန်ဖြစ်နေပါစေ။ သူမရဲ့အမေက သူမကို ဒီလိုတစ်ခါမှ မကြည့်ခဲ့ဖူးပါဘူး။

သူမက ကြောက်ရွံ့မိတာကို နားလဲသွားပြီးတဲ့နောက်မှာ ရှက်ရွံ့မှုနဲ့ ဒေါသတွေနဲ့ ပြည့်နှက်သွားပြီး သူမရဲ့အသံက ရုတ်တရက် မြင့်သွားခဲ့တယ်။

“အမေ သမီးက ဒီဆင်းရဲလှတဲ့ ဆွေမျိုးတွေကိုပဲ သဘောမကျတာပါ၊ အမေက သမီးကို ဘာဖြစ်လို့ ဒီလိုကြည့်နေတာလဲ”

ကြီးမြတ်သူလင်းဖုန်းက သူမရဲ့အသံကို ကြားလိုက်တဲ့အချိန်မှာ နောက်ဆုံးတော့ အထိတ်တလန့် ဖြစ်နေရာကနေ ပြန်ပြီး သတိဝင်လာခဲ့တယ်။ အပြင်လောကကအသံက ဘယ်တုန်းကမှ မမှားခဲ့ဖူးဘူး။ ရှဲ့ရှောက်ထင်းက ကျူးအာရဲ့ သမီးမဟုတ်ဘူးလို့ပြောရင် သူက လုံးဝမဟုတ်လို့ပဲ။

အတင့်ရဲလို့များ ဘယ်သူက သူ့သမီးရဲ့ကလေးကို ခိုးသွားခဲ့တာလဲ။

ထက်ရှတဲ့ ဓားစွမ်းအင်တစ်ခုက ရုတ်တရက်ဆိုသလို သူ့ခန္ဓာကိုယ်ထဲကနေ ပွင့်ထွက်လာခဲ့တယ်။ ဓားစွမ်းအင်ရဲ့ လွှမ်းမိုးမှုအောက်မှာ လေမတိုက်ပါဘဲ ပတ်ဝန်းကျင်က စွမ်းအင်သစ်ပင်တွေက ရွေ့လျားသွားခဲ့တယ်။ ဒီပတ်ဝန်းကျင် အခြေအနေက ရုတ်တရက်ဆိုသလို တင်းမာလာခဲ့တယ်။

သူက အေးစက်စက် မျက်လုံးတွေနဲ့ ရှဲ့ရှောက်ထင်းကို ကြည့်လိုက်ပြီး အင်မတန်မှ ဒေါသအပြည့်နဲ့ ပြောလိုက်တယ်။

“အမေ ဟုတ်လား၊ မင်းက ကျူးအာကို အဲ့လိုခေါ်ဖို့တောင် မထိုက်တန်ဘူး”

“မင်းက ခိုအိမ်ကို သိမ်းပိုက်ထားတဲ့ ယုတ်ညံ့တဲ့ သတ္တဝါတစ်ယောက်ပဲ”

ရှဲ့ရှောက်ထင်းက မွေးလာကတည်းက ဘာအန္တရာယ်မှ မတွေ့ဖူးလေဘူး။ သူမက မဟာယနကျင့်ကြံခြင်းဆိုတာကိုလဲ ဘာမှန်း မသိလေဘူး။ ဒါကြောင့် သူမက ကြီးမြတ်သူလင်းဖုန်းကို ဒီလို အထင်သေးရဲခဲ့တာပဲ။

အခုတော့ မဟာယနသိုင်းပညာရှင်ကြီးရဲ့ဒေါသကို ရင်ဆိုင်လိုက်ရတဲ့အခါ သူမရဲ့မျက်လုံးထဲမှာ ကြောက်ရွံ့မှုအပြည့် ဖြစ်သွားတယ်။ သူမက အလန့်တကြား နောက်ကို နှစ်လှမ်းလောက်ဆုတ်လိုက်ပြီး ကပျာကယာ ပြောလိုက်တယ်။

“အဘိုး အဘိုး ဘာတွေပြောနေတာလဲ”

[ဟော... ကြီးမြတ်သူလင်းဖုန်းက တကယ် အမြင်အာရုံကောင်းတာပဲ။ သူက တစ်ချက်ကြည့်လိုက်တာနဲ့ ရှဲ့ရှောက်ထင်းက ကျန်းကျူးရဲ့ သမီး မဟုတ်ဘူးဆိုတာ သိသွားတယ်]

[ဒါပေမဲ့လဲ ဒီတစ်ယောက်က သူတို့ရဲ့ သားသမီးအရင်းတွေနဲ့လဲ ရုပ်ချင်းမဆင်တာ အမှန်ပဲ]

ဒီအချိန်မှာတော့ ဘေးမှာရပ်နေတဲ့ရှဲ့ရှူးက အမြန်ဝင်လာပြီး ရှဲ့ရှောက်ထင်းရှေ့မှာ ရပ်လိုက်တယ်။ သူက ကြီးမြတ်သူလင်းဖုန်းကို ဦးညွှတ်ပြီးပြောလိုက်တယ်။

“ကြီးမြတ်သူခင်ဗျာ ဒီလူဆိုးရဲ့ သွေးထိုးနေတဲ့စကားကို လုံးဝ နားမထောင်သင့်ပါဘူး။ ကြီးမြတ်သူရဲ့ မှတ်ချက်စကားက ဒုတိယသခင်မလေးကို ကြောက်ရွံ့သွားစေပါလိမ့်မယ်”

အပြင်လောကကလာတဲ့အသံက ရှဲ့မိသားစုကို တစ်ခါနှစ်ခါလောက်ပဲ ရောက်လာပြီး သူ ရောက်လာတဲ့အကြိမ်တိုင်းမှာလဲ စကားတစ်ခွန်း နှစ်ခွန်းပြောပြီး ထွက်သွားတာချည်းပဲ။ ရှဲ့မိသားစုက သူတို့ကိုယ်သူတို့ အထင်ကြီးကြပြီး ကျင့်ကြံရေးလောကထဲက ကျင့်ကြံသူတွေနဲ့ ဆက်ဆံတယ်ဆိုတာ ရှားပါးတယ်။ ဒါကြောင့်မလို့ ရှဲ့မိသားစုက အခုအချိန်မှာ အပြင်လောကကလာတဲ့အသံနဲ့ မရင်းနှီးလေဘူး။

သူတို့အများစု တွေးကြတာက အပြင်လောကကလာတဲ့အသံက စိတ်ဝင်စားမှုကို ဆွဲဆောင်ဖို့ မှော်ရတနာကို သုံးနေတဲ့ သတင်းစုံတဲ့ လူလိမ်တစ်ယောက်က ရုပ်ဖျက်ထားတယ်လို့ ထင်ကြတာ။ ဒီတော့ ရှဲ့ရှူးက အပြင်လောကကဘာတဲ့အသံကို လုံးဝအတည် မမှတ်လေဘူး။

သူက ကြီးမြတ်သူလင်းဖုန်းကို တည်တည်ငြိမ်ငြိမ်နဲ့ ရှင်းပြလိုက်တယ်။

“ရှဲ့မိသားစုမှာ တင်းကြပ်တဲ့စည်းမျဥ်းစည်းကမ်းတွေရှိပြီး လုပ်ဆောင်မှုတိုင်းက တင်းတင်းကြပ်ကြပ် လိုက်နာရတယ်။ ကလေးမှားပြီး ခေါ်လာတယ်ဆိုတဲ့ ကြီးမားတဲ့အမှားမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

သူ့စကားကို ကြားလိုက်ပြီးတဲ့အခါ ကြီးမြတ်သူလင်းဖုန်းရဲ့ ခန္ဓာကိုယ်က ဓားစွမ်းအင်တွေက လုံးဝကို ပျောက်ကွယ်မသွားဘဲ ပိုပြီးတော့တောင် ပြင်းထန်လာသေးတယ်။

“ထိန်ချန်ထားတာ လုံးဝမရှိဘူးပေါ့လေ၊ သူက ငါ့မြေးမလေးအရင်းပဲ ဒီတော့ ငါ သူ့ကို မှတ်မိတာပေါ့”

သူက လက်ကို ဝေ့ယမ်းလိုက်ပြီး ရှဲ့ရှူးမှာ ဓားစွမ်းအင်ကြောင့် ရိုက်နှက်ခံလိုက်ရပြီး ဆိုးဆိုးရွားရွား ထိခိုက်သွားတော့တယ်။

“မင်းက ငါ့ကို ဒီနေရာမှာလာပြီး သတိပေးစရာလိုလို့လား”

“တကယ်တည်း ငါ့ရဲ့မြေးမလေး အစစ်ဘယ်မှာလဲ”

ဒီအခိုက်မှာပဲရှဲ့မိသားစု သခင်ကြီးက နောက်ဆုံးတော့ ရောက်ရှိလာခဲ့တယ်။ သူက အမှတ်တမဲ့ ရှဲ့ရှောက်ထင်းကို ကာကွယ်ပေးထားလိုက်တယ်။ သူမက အဆင်ပြေနေတာကို တွေ့လိုက်ရပြီးတဲ့နောက်မှာ သူက ကြီးမြတ်သူလင်းဖုန်းဘက်ကို လှည့်ကြည့်လိုက်တယ်။

ရှဲ့သခင်ကြီးက သူ့ကို သိမ်သိမ်မွေ့မွေ့ ဦးညွှတ်လိုက်ပြီး သူ့အမူအရာတွေက သိက္ခာအပြည့်ဖြစ်နေကာ ကိုယ့်ကိုကို ထိန်းချုပ်ထားတဲ့ပုံ ဖြစ်နေပြီး ရင်းနှီးတဲ့ အရိပ်အယောင်တစ်ခု ရှိသော်ငြားလဲ သူနဲ့ရင်းနှီးတဲ့လူတွေကသာ သူဖုံးကွယ်ထားတဲ့ နက်ရှိုင်းတဲ့ဒေါသကို ခံစားမိနိုင်ကြတယ်။

“အဖေ ဒေါသမထွက်ပါနဲ့”

ရှဲ့သခင်ကြီးက အပြင်လောကက လာတဲ့အသံကို အတည်မမှတ်လေဘူး။ သူက ခိုင်ခိုင်မာမာနဲ့ ပြောလိုက်တယ်။

“ကျွန်တော်က ရှောက်ထင်းရဲ့အစစ်အမှန်ကို သိတာပေါ့၊ သူ့ကို မွေးတုန်းက ရှောက်ထင်းကို အရင်ဆုံး တွေ့ခဲ့တဲ့လူက ကျွန်တော်ပဲလေ။ ကျွန်တော်က ဘယ်လိုမှ မမှားနိုင်ပါဘူး”

သူကတော့ အပြင်လောကကလာတဲ့အသံက ကောလာဟလတချို့ကို ကြားခဲ့တယ်လို့ပဲ ထင်လိုက်တယ်။ နောက်ပြီးတော့ အပြင်လောကကလာတဲ့အသံက တကယ်ပဲ တစ်ခုခုကို သိတယ်ဆိုရင်တော့ သူ့မှာ သက်သေပြစရာ ရှိနိုင်လို့လား။

ဒီလိုစဥ်းစားလိုက်ပြီး သူ့ခေါင်းကို လှည့်လိုက်ကာ မိသားစုခေါင်းဆောင်တစ်ယောက်ရဲ့ သိက္ခာအပြည့်နဲ့ တည်ငြိမ်တဲ့လေသံတစ်ခုနဲ့ ကျန်းကျူးကို ပြောလိုက်တယ်။

“ရှင်မ မင်းက ရှောက်ထင်း ငယ်ငယ်လေးကတည်းက သူ့ကို ပျိုးထောင်လာခဲ့တာပဲ။ မင်းက သူ့ကို ဒီလိုမေးခွန်းထုတ်နေတာကို ဘယ်လိုလုပ်ပြီး သည်းခံနိုင်နေလဲ”

သူ့စကားဆုံးသွားပြီးနောက်မှာ ကျန်းကျူးကို စိတ်အေးရစေဖို့ သူက ချော့မော့ပြီး ထပ်ပြောလိုက်တယ်။

“ရှောက်ထင်းက ငါ့တို့ရဲ့ရှဲ့မိသားစုရဲ့ သွေးသားဆိုတာအမှန်ပဲ”

[ရှင်က ဒါကို ပြောနေစရာ လိုသေးလို့လား]

စူးလီက ကောင်းကင်စာအုပ်ထဲက ရှဲ့ရှောက်ထင်းရဲ့အမေအရင်းကို ကြည့်ပြီးသွားပြီ။ သူမက သက်ပြင်းသံတစ်ခုနဲ့ ပြောလိုက်တော့တယ်။

[ဒါက ရှင့်ညီမရဲ့ကလေးပဲ၊ ဒီတော့ ရှင့်မိသားစုရဲ့ သွေးသား အမှန်ပဲပေါ့]

[ဒါပေမဲ့ ဒါက ကျန်းကျူးရဲ့ သွေးသားအရင်းတော့ လုံးဝ မဟုတ်ဘူးလေ။ ငါ မှတ်မိသလောက်ကတော့ ကျင့်ကြံရေးလောကထဲမှာ မိန်းကလေးတစ်ယောက်ကို သူ့ဟာ့သူ အလိုလို မွေးဖွားလာတဲ့ သာဓကမျိုး မရှိဘူးလေ။ ဟုတ်တယ်မလား]

[ဝိုးးး ရှဲ့ယွင်နဉ်က သူ့ရဲ့ကလေးကို ကျန်းကျူးရဲ့နာမည်အောက်မှာ ပြောင်းထားချင်လို့ ကျန်းကျူးနဲ့ တစ်ချိန်တည်းမှာ မွေးဖွားဖို့ ရွေးချယ်ခဲ့တာ ဖြစ်နေတာကိုး]

[ရှဲ့မိသားစုရဲ့အစေခံတွေက ရှဲ့ယွင်နဉ် ကြီးပြင်းလာတာကို စောင့်ရှောက်ပေးခဲ့တဲ့သူတွေလေ၊ သူတို့တွေက အပေါ်ယံမှာ ကျန်းကျူးရဲ့စကားကို နားထောင်ကြပေမဲ့ နောက်ကွယ်မှာတော့ ရှဲ့ယွင်နဉ်ရဲ့ စကားကို လိုက်နာနေတုန်းပဲ]

[ဒီတော့ ရှဲ့ယွင်နဉ်အတွက် ကလေးလဲဖို့က အရမ်းကြီး အားစိုက်ထုတ်နေစရာ မလိုဘူးလေ]

ကျန်းကျူးက အပြင်လောကလာတဲ့ စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ အေးစက်တဲ့မျက်လုံးတွေနဲ့ ရှဲ့မိသားစုသခင်ကြီးကို ကြည့်လိုက်တော့တယ်။ သူမက ရုတ်တရက် လက် ဆန့်လိုက်ပြီး သူမရဲ့လက်ထဲမှာ ဓားတိုလေးတစ်ချောင်း ပေါ်လာခဲ့တယ်။

“ဒါဆိုရင် ရှဲ့ရှောက်ထင်းက ကျွန်မရဲ့ကလေးဆိုတာ သိရအောင် ကျွန်မရဲ့လျှို့ဝှက်နည်းလမ်းနဲ့ စမ်းကြည့်ကြတာပေါ့”

“ရှင်မ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ မင်း ဒီလို စမ်းကြည့်မယ်ဆိုရင် မင်းနဲ့ ရှောက်ထင်းတို့ ဆက်ဆံရေးက ဘယ်တော့မှ ပြေလည်လာမှာ မဟုတ်ဘူး”

သူက စိတ်အားထက်သန်စွာနဲ့ ပြောလိုက်တယ်။

“ရှင်မ တကယ် မဟုတ်တဲ့အရာအတွက် မင်းနဲ့ ရှောက်ထင်းတို့ကြားကို ဘာလို့ခွဲခြားမှာလဲ”

ရှဲ့သခင်ကြီး ပြောလိုက်တဲ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ စူးလီက ကောင်းကင်စာအုပ်ကို ကြည့်ရာက မနေနိုင်တော့ဘဲ ခေါင်းမော့ကြည့်လိုက်တယ်။

သူမက ကျန်းကျူးကို လုံးဝကို စဥ်းစားပေးနေသယောင်ဖြစ်နေတဲ့ ရှဲ့သခင်ကြီးရဲ့ ဖြူစင်လှတဲ့မျက်နှာကို ကြည့်လိုက်ပြီး သူ့ကို သရော်သလိုချီးကျူးလိုက်တယ်။

[ပြောနေတဲ့ ပုံစံကိုလဲ ကြည့်လိုက်အုံး၊ ‘ရှဲ့ရှောက်ထင်းရဲ့သရုပ်မှန်က မေးခွန်းထုတ်စရာ ဖြစ်နေပေမဲ့လဲ မင်းရဲ့လုပ်ရပ်တွေက မမှားဘူးဆိုတာ သိပေမဲ့လဲ ဒါတွေအားလုံးက မင်းကောင်းဖို့အတွက်လို့ ပြောရမှာပဲ ဖြစ်ပြီး ငါကတော့ မင်းကို ခွင့်ပြုပေးနိုင်မှာ မဟုတ်ဘူး’ ဆိုတဲ့အတိုင်းပဲ]

[အယ် ဒါကတော့ မဟုတ်သေးဘူးမလား]

စူးလီက တစ်ခုခုကို ရုတ်တရက် သတိရသွားဟန်တူတယ်။ ဇဝေဇဝါနဲ့ ခေါင်းကိုငုံလိုက်တယ်။

“ရှဲ့ယွင်နဉ် လဲလိုက်တဲ့ဟာက ကျန်းကျူးရဲ့ကလေးအပြင် သူ့ကလေးဆိုလဲ ဟုတ်တာပဲလေ”

[ရှဲ့မိသားစုခေါင်းဆောင်ကြီးက ရှဲ့ရှောက်ထင်းရဲ့ သရုပ်မှန်ကို လုံးဝ ဂရုမစိုက်တဲ့ပုံစံ ဘာလို့ ပေါက်နေတာလဲ။ နောက်ပြီးတော့ သူ့စကားကို စဥ်းစားကြည့်ရင်သူက ကျန်းကျူးကို ဒီကိစ္စကို ဆက်မလုပ်စေချင်သလိုပဲ]

[မိဘတွေက သူတို့ကလေး အစားထိုးခံလိုက်ရတာကို သိလိုက်တဲ့အချိန်မှာ သူတို့ရဲ့ ပထမဦးဆုံးတုံ့ပြန်မှုက အမှန်တရားကို မြန်မြန်ရှာဖွေသင့်ပြီး သူ့တို့ရဲ့ကလေးအရင်းကို ရှာဖွေသင့်တာ မဟုတ်လား]

[ဧကန္တ ရှဲ့မိသားစုသခင်ကြီးက သူ့ကလေး လဲခံထားရတာကို သိနှင့်ပြီးသား ဖြစ်နေလို့များလား]

[ဒါတော့ မဟုတ်သေးဘူးလေ၊ ရှဲ့ရှောက်ထင်းက သူ့သမီးအရင်း မဟုတ်တာ အားလုံးက သိနေကြတာပဲ၊ ဒါနဲ့များ သူက ဒီနှစ်တွေအားလုံးမှာ ရှဲ့ရှောက်ထင်းအပေါ် ဘာလို့ အဲ့လောက်အထိ ကောင်းမွန်နေတာလဲ]

[ဘယ်လိုဖြစ်ပြီး ကိုယ့်ညီမရဲ့ကလေးက ကို့ကလေးအရင်းထက် ပိုပြီး အရေးပါနေရတာလဲ]

ကျန်းကျူးက သူမရဲ့လက်ထဲက ကျိုးနေတဲ့ဓားကို ရုတ်တရက် တင်းအောင်ဆုပ်ထားလိုက်ပြီး သူမရဲ့ သိပ်မဝေးလှတဲ့နေရာက ကြီးမြတ်သူလင်းဖုန်းရဲ့ မျက်နှာအမူအရာကလဲ ရုတ်ခြည်းဆိုသလို ညိုမည်းသွားခဲ့တယ်။

ဒီအချိန်မှာပဲ ပတ်ဝန်းကျင်ကအတင်းအဖျင်းကို နားထောင်နေကြတဲ့လူတွေကလဲ တစ်ခုခု မူမမှန်တာကို သဘောပေါက်သွားတယ်။

အားလုံးက နားမလည်နိုင်တဲ့မျက်လုံးတွေနဲ့ ရှဲ့မိသားစုသခင်ကြီးကို ကြည့်လိုက်ကြတယ်။ ဧကန္တ ရှဲ့မိသားစုသခင်ကြီးက တခြားသူတွေရဲ့ကလေးကို မွေးရတာကို အင်မတန်မှ သဘောကျနေတာများလား။ အဟမ်း... လူတိုင်းက သူတို့ရဲ့ကိုယ်ပိုင် ထူးခြားတဲ့သဘာဝ ရှိနေတာပဲ။

အခုတော့ သူတို့တွေအားလုံးက တိုက်ပွဲများစွာကို ရင်ဆိုင်ဖြတ်သန်းလာပြီး မရေမတွက်နိုင်တဲ့ လျှို့ဝှက်ချက်တွေကိုလဲ ကြားခဲ့ရတယ်။ ရှဲ့မိသားစုသခင်ကြီးရဲ့ ဝါသနာက နည်းနည်းလေး ထူးဆန်းနေတယ်ဆိုပေမဲ့လဲ သူတို့တွေက လက်ခံပေးဖို့ မခက်ပါဘူး။

ရှဲ့မိသားစုသခင်ကြီးက သူရဲ့အိန္ဒြေကို ဆက်ပြီးထိန်းမထားနိုင်တော့ဘဲ ဂိုဏ်းတွေနဲ့ အထက်တန်းစားမိသားစုတွေက အဆင့်မြင့်ပုဂ္ဂိုလ်တွေရဲ့ အကြည့်တွေကို ခံစားမိလိုက်မိတယ်။ သူ့မျက်လုံးထဲမှာ ဒေါသရိပ်တစ်ခု ပေါ်လာခဲ့တယ်။ သူက အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ပြီး သူ့ပတ်ဝန်းကျင်မှာရှိတဲ့ ရှဲ့မိသားစုဝင်တွေကို သြဇာသံတစ်ခုနဲ့ ပြောလိုက်တော့တယ်။

“မင်းတို့တွေ ဧည့်သည်တော်တွေကို ဘာဖြစ်လို့ အနားမယူခိုင်းသေးတာလဲ”

ဒိအချိန်မှာပဲ ထိတ်လန့်စရာကောင်းတဲ့အသံတစ်ခုက ကောင်းကင်ကနေပြီး ရုတ်တရက် ထွက်ပေါ်လာတယ်။

[ရှဲ့ရှောက်ထင်းက ရှဲ့မိသားစုသခင်ကြီးရဲ့သမီးတဲ့]

[ဒါက ရှဲ့မိသာစုသခင်ကြီးနဲ့ သူ့ညီမ ရှဲ့ယွင်နဉ်ရဲ့ ကလေးတဲ့လေ ]

[ကြည့်လိုက်ပါအုံးမယ်၊ ဒါက အမှန်ပဲဟဲ့၊ ရှဲ့ယွင်နဉ်က ရှဲ့မိသာစုသခင်ကြီးရဲ့ ညီမအရင်းပဲ၊ ဖအေတူ မအေကွဲ မောင်နှမတွေလိုမျိုးပေါ့၊ သွေးက ရေထက်ပျစ်တယ်တဲ့ ]

[သိပ်ကို လွန်တာပဲ...ကလေးတစ်ယောက်ရထားတဲ့ မောင်နှမဆက်ဆံရေးတစ်ခုတဲ့လေ]

[ရှဲ့ရှောင်ထင်းက အဲ့လောက်အထိ အားနည်းနေတာလဲ မထူးဆန်းတော့ဘူးလေ။ ဒီလောက်ရင်းနှီးလှတဲ့ သွေးချင်းရဲ့ ကလေးတစ်ယောက်က အသက်ရှင်နိုင်တာပဲ ကံကောင်းခြင်းတစ်ခု ဖြစ်နေပြီ]

ဟာ...

တိုက်ပွဲတွေအားလုံးကို ရင်ဆိုင်ခဲ့ဖူးပြီး မရေမတွက်နိုင်တဲ့ လျှို့ဝှက်ချက်ကို ကြားခဲ့ရဖူးတဲ့ ပတ်ဝန်းကျင်က ကျင့်ကြံသူတွေ အားလုံးက ရောက်နေတဲ့နေရာမှာ မှင်တက်အံ့သြသွားကြပြီး သတိပြန်ဝင်လာဖို့ အချိန်တော်တော်လေး ယူလိုက်ရတယ်။

ဒီလိုလျှို့ဝှက်ချက်မျိုးက အားလုံးရဲ့လက်ခံနိုင်စွမ်းထက် သိသိသာသာ ကျော်လွန်နေပြီလေ။

ပထမဦးဆုံး သတိဝင်လာတဲ့သူက သူ့ခေါင်းကို မကြည်မလင်နဲ့ လှည့်လာပြီး ရှဲ့မိသားစုသခင်ကြီးကို တည့်တည့်ကြည့်လိုက်တယ်။

သူတို့တွေ ထင်ယောင်ထင်မှား ဖြစ်နေကြတာများလား။ သူတို့တွေ ထင်ယောင်ထင်မှား ဖြစ်နေတာပဲ နေမှာပါ။

အဲ့လိုမှ မဟုတ်ဘူးဆိုရင် သူတို့တွေကဘယ်လိုဖြစ်ပြီး အပြင်လောကကလာတဲ့စကားကို ဒီလိုကြားမိမှာလဲ... ရှဲ့မိသားစုသခင်ကြီးနဲ့ သူရဲ့ညီမအရင်းဖြစ်သူက ချစ်မှု‌ရေးရာ ကိစ္စတစ်ခု ရှိနေသတဲ့...

ပြီးတော့ သမီးတစ်ယောက် မွေးခဲ့သတဲ့လား။

ဒါက သွေးရင်းစပ်ယှက်တာပဲ မဟုတ်လား။

ကျန်းကျူးက ရုတ်တရက် ခေါင်းကိုလှည့်လိုက်ပြီး မယုံမကြည်နဲ့ ရှဲ့မိသားစုသခင်ကြီးကို ကြည့်လိုက်တယ်။ သူမ မျက်လုံးတွေထဲမှာလဲ အံ့သြမှု အပြည့်ဖြစ်သွားတယ်။

အပြင်လောကကလာတဲ့ ပြောလိုက်တဲ့စကားက အမှန်တရားလားဆိုတာ မသိလိုက်ပေမဲ့လဲ ရှဲ့ယွင်ပေါ်နဲ့ ရှဲ့ယွင်နဉ်တို့ကြားက ဆက်ဆံရေးကို အမှတ်တမဲ့ ပြန်စဥ်းစားမိသွားတယ်။

သူမက ရှဲ့မိသားစုကို ရောက်လာကတည်းက ရှဲ့ယွင်နဉ်က သူမနဲ့ အချေအတင် အမြဲတမ်း လုပ်နေခဲ့ပြီး သူမက ရှဲ့မိသားစုရဲ့ အာဏာမရအောင် လျှို့ဝှက်ပြီး ပရိယာယ်နည်းလမ်းတွေ အများကြီး သုံးပြီးလုပ်ခဲ့တယ်။ သူမနဲ့ ရှဲ့ယွင်ပေါ်တို့ သီးသန့်ရှိနေကြတဲ့ အချိန်မှာဆိုရင်လဲ နေမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရှဲ့ယွင်ပေါ်ကို ခဏခဏ ခေါ်ထုတ်သွားတတ်တယ်။

ရှဲ့ယွင်ပေါ်က ရှဲ့ယွင်နဉ်ဘေးမှာ အမြဲတမ်း ရပ်တည်ပေးခဲ့ပြီး သူမကို ထောက်ပံ့ပေးနေတတ်တယ်။ ရှဲ့ယွင်နဉ်ကိုလဲ ရှဲ့မိသားစုက ဝိညာဥ်ရတနာတွေနဲ့ အရင်းအမြစ်တွေကို ရွေးချယ်ခွင့်ပေးထားတယ်။

လွန်ခဲ့တဲ့သုံးနှစ်တုန်းက ရှဲ့ယွင်နဉ်က အဆင့်ခုနှစ် နှင်းတောင်ကြာပွင့်ကို ကြည့်ချင်တယ်လို့ပြောလို့ ရှဲ့ယွင်ပေါ်က ရှဲ့မိသားစုက ကျင်ကြံသူအများကြီးကို စေလွှတ်ပြီး နှင်းတောင်ကြာပန်းကို ရှာဖွေခိုင်းခဲ့တယ်။ ရှဲ့ယွင်နဉ်ကို ပြုံးအောင်လုပ်ဖို့အရေး မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေကို စွန့်လွှတ်ခဲ့တယ်။

ဒီလိုကိစ္စတွေမှ အများကြီးပဲ။ ရှဲ့ယွင်ပေါ်က ပုံမှန်ဆိုရင် တည်ငြိမ်ပြီးတော့ ကိုယ့်ဟာကို ထိန်းချုပ်နိုင်တယ်ဆိုပေမဲ့ အခု ပြန်စဥ်းစားမိလိုက်တော့ ထိန်းချုပ်မှု ကင်းလွတ်သွားတဲ့ အကြိမ် တော်တော်များများကလဲ ရှဲ့ယွင်နဉ်နဲ့အားလုံး ပတ်သက်နေသယောင်ပဲ။

ဒီလိုစဥ်းစားလိုက်ပြီး ကျန်းကျူးရဲ့မျက်လုံးတွေက တဖြည်းဖြည်း စူးရှလာခဲ့တယ်။

အပြင်လောကကလာတဲ့အသံက ဘာဖြစ်လို့ဒီအကြောင်းကို သိနေတာလဲ။

ရှဲ့ယွင်ပေါ်က အစတုန်းကရှိနေခဲ့တဲ့ တည်ငြိမ်မှုတွေကို ထပ်ပြီး ထိန်းမထားနိုင်တော့ဘူး။ ဒီအချိန်မှာ သူ့မျက်နှာက အင်မတန်မှ သုန်မှုန်နေတော့တယ်။ သူက အပြင်လောကကအသံကို ကပျာကယာနဲ့ အော်ဟစ်ပြစ်လိုက်ချင်ပေမဲ့လဲ အပြင်လောကက လာတဲ့အသံနဲ့ ပတ်သက်ပြီး စကားလုံးတစ်လုံးကိုမှ မပြောဆိုနိုင်ခဲ့ဘူး။

နောက်ဆုံးမှာတော့ သူက နေရာမှာပဲ ရပ်နေလိုက်ရပြီး သူ့ရင်ဘတ်တွေက ပြင်းပြင်းထန်ထန် အတက်အကျ ဖြစ်နေတော့တယ်။

စူးလီကတော့ လူအုပ်ကြီးရဲ့အမူအရာကို ကြည့်မနေဘူး။ သူမက တအံ့တသြ အမူအရာတစ်ခုနဲ့ ကောင်းကင်စာအုပ်ထဲက စာလုံးတွေကို ကြည့်လိုက်တယ်။

[ကျွတ်ကျွတ်... သူတို့တွေဘယ်လောက်အထိ ချစ်နေကြလဲဆိုတာ ကြည့်လိုက်စမ်း.. သူတို့တွေက စုံတွဲတစ်တွဲနဲ့ တူနေတာပဲ။ သူတို့တွေကို မောင်နှမလို့ ဘယ်သူကများ ထင်ရဲပါ့မလဲ]

[ဒီလိုကတိတွေကလဲ ရှိသေးသတဲ့။ ‘အစ်ကိုက ယွင်နဉ်ကို စိတ်ပျက်အောင် လုပ်မှာမဟုတ်သလို စိတ်ဆင်းရဲအောင်လဲ လုပ်မှာမဟုတ်ဘူး’၊ ‘ကျန်းကျူးကကိုယ့်ရဲ့ အမည်ခံဇနီးသာပဲ ယွင်နဉ်ကမှ အစ်ကိုရဲ့အချစ်ရဆုံးသူပဲ’၊ ‘အစ်ကိုက အစ်ကိုတို့ရဲ့ကလေးကို သေချာပေါက် စောင့်ရှောက်ပြီးတော့ သူ့ကို နည်းနည်းလေးမှ မနစ်နာစေရဘူး’ .... တဲ့]

[ဟယ်~ ရှဲ့မိသားစုသခင်ကြီးက ကျန်းကျူးရဲ့ကလေး အလဲခံထားရတာကို သိတဲ့အပြင် ဒီဇာတ်ထဲမှာ ဟန်ဆောင် နေလိုက်သေးတယ်တဲ့]

ဒီအချိန်မှာပဲ ကျန်းကျူးရဲ့လက်ထဲက ဓားတိုလေးက ဝိညာဥ်စွမ်းအင်တွေနဲ့ ပြည့်နှက်နေတော့တယ်။

[ကျွတ်ကျွတ် သနားစရာရှဲ့ယုံလေး၊ ရှဲ့ယွင်နဉ်ရဲ့နေရာမှာ သူ့အဖေအရင်းရဲ့ လဲတာကို ခံလိုက်ရတယ်]

[ရှဲ့ယုံကို ကြည့်လိုက်အုံးမယ်_ __ ဟဲ့ ... သူက အခု ရှဲ့ယွင်နဉ် နှိပ်စက်တာခံနေရတာပဲ]

ကျန်းကျူးက ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ သူမက လက်ကို ဝေ့ယမ်းလိုက်ပြီး ဝိညာဥ်လှိုင်းတစ်ခုက လေထဲမှာ ထိုးဖောက်သွားပြီး ရှဲ့မိသားစုသခင်ကြီးကို ရက်ရက်စက်စက် ခုတ်ဖြတ်လိုက်တော့တယ်။ သူမက အေးစက်တဲ့ အသံတစ်ခုနဲ့ ပြောလိုက်တယ်။

“ရှဲ့ယွင်ပေါ် ကျွန်မရဲ့သမီးကို ရှာတွေ့တဲ့အထိ စောင့်နေလိုက်၊ ပြီးရင်တော့ ကျွန်မ ရှင့်နဲ့ စာရင်း လာရှင်းရလိမ့်မယ်”

သူမက မျက်လုံးထဲမှာ ထိန်းမနိုင်တော့တဲ့ နာကျင်မှုတွေနဲ့ အပြင်လောကကလာတဲ့စကားသံကို စဥ်းစားလိုက်ပြီး နောက်ပြန်လှည့်မကြည့်တော့ဘဲ ရှဲ့ယွင်နဉ်နေတဲ့ ယွင်လိုခန်းမဆီကို ထွက်သွားတော့တယ်။

ယွင်လိုခန်းမထဲမှာ လေထုက မသေမျိုး ဝိညာဥ်စွမ်းအင်တွေ မရေမတွက်နိုင်တဲ့ ဝိညာဥ်သစ်ပင်တွေနဲ့ ရှားပါးရတနာတွေ အပြည့်ဖြစ်နေတယ်။ ပတ်ဝန်းကျင်နေရာမှာ မွန်ထူနေအောင် ပေါများလှတဲ့ ဝိညာဥ်စွမ်းအင်တစ်ခုနဲ့ ပြည့်နှက်နေတယ်။

ဝိညာဥ်စွမ်းအင်သစ်ပင်တွေရဲ့ အတွင်းပိုင်းအတွင်းမှာတော့ အဆင့်ခြောက် လော့ရှားကျောက်နဲ့ လုပ်ထားတဲ့ခန်းမတစ်ခု ရှိနေတယ်။ ခန်းမထဲမှာ ချန်းရှန်းသစ်သားနဲ့ ပြုလုပ်ထားတဲ့ စားပွဲနဲ့ကုလားထိုင်တွေရှိပြီး ဝိုးတဝါးအရိပ်တစ်ခုက ကုလားထိုင်ပေါ်မှာ ထိုင်နေတယ်။ ရှဲ့ယွင်နဉ်က ခန်းမအောက်က အုတ်ကျိုးအုတ်ပဲ့ပေါ်မှာ ဒူးထောက်နေတဲ့လူကို ကြည့်လိုက်ပြီး ဘယ်တုန်းကမှ ဖုံးကွယ်မထားတဲ့ ရွံ့ရှာမှုတွေအပြည့် ဖြစ်နေတယ်။ သူမက အေးတိအေးစက် နှာခေါင်းရှုံ့လိုက်ပြီး ရွံရှာတဲ့ဟန်နဲ့ ပြောလိုက်တယ်။

“အတင့်ရဲလို့များ ရှဲ့မိသားစုက ခွေးတစ်ကောင်က အစားအသောက်ကို လုယက်ရဲရသလား။ အတင့်ရဲပြီး လုပ်ရဲလိုက်လေခြင်း”

...

All Chapters