← Chapters

အခန်း ၉၈

Vol. 7 Ch. 98

အခန်း ၉၈

Vol. 7 Ch. 98

အပိုင်း (၉၈)

အားလုံးက အချင်းချင်း အပြန်အလှန်နှစ်သိမ့်ဖို့ ကြိုးစားနေကြတယ်။ တချို့ကတော့ သူတို့သားဖြစ်သူရဲ့ အသုံးမကျပုံကို ပြောဆိုနေကြပြီး တချို့ကတော့ သမီးဖြစ်သူရဲ့ မသိနားမလည်မှုတွေကို ဆွေးနွေးနေကြတယ်။

ဒါပေမဲ့လည်း ထောင့်နားမှာရှိနေတဲ့ ကြီးမြတ်သူတန်ယန်းက အစကနေအဆုံးအထိ စကားတစ်ခွန်းမှမပြောတာကိုတော့ ဘယ်သူမှ သတိမထားမိလိုက်ကြဘူး။

ကြီးမြတ်သူတန်ယန်းက နှုတ်ခမ်းပေါ်မှာ အေးစက်စက် အပြုံးတစ်ခုနဲ့ အားလုံးက သူတို့ရဲ့သားသမီးတွေအကြောင်းကို ပြောနေကြတာကို ဘာမှမတ်နိုင်ဘဲ နားထောင်နေရတယ်။ ဟဟ။

ကြွားလုံးထုတ်တာကလည်း နောက်ဆုံးတော့ကြွားတာပါဘဲ။

တချို့လူတွေရဲ့သားသမီးတွေက ရွှေအမြုတေအဆင့် ရောက်သွားပြီ။ တချို့လူတွေ့ရဲ့သားသမီးတွေက အခြေတည်စ ဝိညာဥ်အဆင့် ရောက်ပြီးသွားကြပြီ။ တချို့သူတွေရဲ့ သားသမီးတွေကတော့ အင်မတန်မှမြင့်မားတဲ့ အရည်အချင်းတွေ ရှိကြတယ်။

ဒါပေမဲ့လည်း သူမရဲ့သမီးဖြစ်သူကတော့...

ဆေးလုံးတစ်ခုဖြစ်ဖို့ အောင်မြင်နိုင်ခြေ ကိုးဆယ်ရာခိုင်နှုန်းတောင်ရှိတဲ့ အဆင့်ခုနှစ် ဖော့ယွမ်ဆေးလုံးကို အသုံးပြုပြီးတာတောင်မှ သူက အဟန့်အတားရဲ့ နောက်ဆုံးအလွှာကို ဖြတ်ကျော်ဖို့ ကျရှုံးနေသေးတယ်။

ယွီအာက ဖော့ယွမ်ဆေးလုံးကို ငါးကြိမ်တောင်သောက်ခဲ့ပြီး ငါးကြိမ်စလုံးဆေးလုံးကို ဖိအားနဲ့ စုပ်ယူခဲ့ရတယ်။

တကယ်လို့များ ဖော့ယွမ်ဆေးလုံးကို ခုနှစ်ကြိမ်ထက်ပိုပြီး သောက်တယ်ဆိုရင်တော့ ရွှေအမြုတေအဆင့် ဖြစ်လာဖို့ ဖြစ်နိုင်ခြေဆိုတာ ရှိလာတော့မှာမဟုတ်ဘူး။

ဒီလိုစဥ်းစားလိုက်ပြီး ကြီးမြတ်သူတန်ယန်းက ပျာယာခတ်သွားသလို ခံစားလိုက်ရတယ်။ အခုဆိုရင် ယွီအာက ရွှေအမြုတေအဆင့်ကိုရောက်ဖို့ ကြိုးစားနေတာ ခြောက်ကြိမ်မြောက်ရှိတော့မယ်။

ဒီတစ်ကြိမ်တော့ သူ တကယ်ကျရှုံးလို့မဖြစ်ဘူး။ ဒီအချိန်မှာပဲ လှေပျံပေါ်က ကြီးမြတ်သူတွေနဲ့ အကြီးအကဲတွေကြားက စကားဝိုင်းက ထက်ရှတဲ့ဓားသွားတစ်ခုလို သူတို့ရဲ့နှလုံးသားကို ထိုးဖောက်သွားတော့တယ်။

"ကျုပ်သမီးက အသက်နှစ်ရာမှာ အခြေတည်စဝိညာဥ် ကျင့်ကြံခြင်းအဆင့်ကိုပဲ ရောက်သေးတယ်။ သူ့ရဲ့အရည်အချင်းက တကယ့်ကို သာမန်ထက် နည်းနည်းပဲသာတာ။ သူက ခင်ဗျားဆီက ဒီလိုချီးမွမ်းစကား လက်ခံရဖို့ မထိုက်တန်ပါဘူး"

နှိမ်ချနေပေမဲ့လည်း ဝင့်ကြွားမှု အပြည့်ပါတဲ့အသံတစ်ခုက လွင့်ပျံလာခဲ့တယ်။

"ကြီးမြတ်သူယွီလင် ခင်ဗျားသမီးက အသက်ငါးရာမှာ မြင့်မြတ်အသွင်ပြောင်းခြင်း ကျင့်ကြံခြင်းအဆင့်ကို ရောက်ခဲ့တယ်။ သူက ကျင့်ကြံရေးလောကထဲမှာ တကယ့်ကို ထိပ်တန်းပါရမီရှင်တစ်ယောက်ပဲ"

"မဟုတ်ပါဘူး မဟုတ်ပါဘူး ဘယ်သူက သခင်ကြီးလုရဲ့သားသမီးတွေနဲ့ ယှဥ်နိုင်ပါ့မလဲ။ သူက လွန်ခဲ့တဲ့နှစ်တစ်ရာလောက်တုန်းက ရွှင့်ချန်ဂိုဏ်းရဲ့ ဧည့်အကြီးအကဲတစ်ယောက် ဖြစ်လာခဲ့တယ်လေ။ ကျုပ်တို့တွေက အရမ်းကို အားကျနေရတာ"

သားသမီးရှိကြတဲ့ ကျင့်ကြံသူတွေထဲမှာ တကယ်တော့ အုပ်စုနှစ်ခု ကွဲနေတာပဲ။

တစ်ဖက်က ကျင့်ကြံသူတွေရဲ့ သားသမီးတွေက ရွှေအမြုတေ ကျင့်ကြံခြင်းအဆင့်တောင် မရောက်ကြ လောက်သေးဘူး။ ဒါပေမဲ့ တစ်ခြားတစ်ဖက်က ကျင်ကြံသူတွေရဲ့ သားသမီးတွေကတော့ အင်မတန်မှ ပါရမီရှိလှပြီး ကျင့်ကြံရေးလောကထဲမှာ သူတို့ကိုယ်တိုင်ရဲ့ နာမည်တစ်လုံးကိုတောင် ဖော်ဆောင်နိုင်ခဲ့ပြီးပြီလေ။

လှေပျံပေါ်က ကျင့်ကြံသူတွေ အချင်းချင်း သူတို့ရဲ့သားသမီးတွေကို တကယ့်ကို ဝမ်းသာအားရ ချီမွမ်းစကားပြောကြတာကို ကြားလိုက်တဲ့အခါ ကျင့်ကြံသူ ချုံးချင်းနဲ့သူ့အဖွဲ့က ပါးစပ်ကို ပိတ်ထားလိုက်ရတော့တယ်။

ဒီခရီးက အရမ်းကိုပျင်းစရာကောင်းတာပဲ။

ဟွားထျန်းမြို့ကို ဘာလို့များ မရောက်သေးတာလဲ။

အရှိန်အပြည့်နဲ့ပျံသန်းလာတဲ့ အဆင့်ခုနှစ်လှေပျံများစွာက နှစ်နာရီကြာပြီးတဲ့နောက်မှာတော့ ဟွားထျန်းမြို့ကို နောက်ဆုံးတော့ ရောက်လာကြတော့တယ်။

ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက အတင်းအဖျင်းလာ ရောက်ကြည့်ရှုကြတဲ့ လူပေါင်းတစ်ဒါဇင်ကျော်တဲ့ လူအုပ်ကြီးကို ကြည့်လိုက်ပြီး မျိုသိပ်ထားတဲ့ဒေါသတစ်ခုနဲ့ ပြောလိုက်တော့တယ်။

"ကျုပ်တို့အားလုံးက ဟွားထျန်းမြို့ကို ကိစ္စကိုယ်စီနဲ့ ရောက်လာခဲ့ကြတာ မဟုတ်လား။ ခင်ဗျားတို့တွေက ဘာလို့ ကျုပ် နောက်လိုက်နေကြတာလဲ"

ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက သူရှေ့ကကြီးမားလှတဲ့ ချွန်းရှန်းဂေဟာကို မော့ကြည့်လိုက်ပြီး အေးအေးလူလူနဲ့ လက်ယမ်းပြလိုက်တယ်။

"တကယ်တမ်းကျတော့ အလျင်လိုစရာမလိုပါဘူး။ ဒီနေရာကိုရောက်လာပြီး ကိုယ့်ဟာကို အရင်ဆုံးကြည့်လိုက်တာက ပိုပြီးတော့ကောင်းပါတယ်"

အသင့်ဖြစ်နေတဲ့ လုမိသားစုသခင်ကြီးကလည်း ချမ်းသာခြင်းတွေ ယူဆောင်လာတဲ့ပုံစံနဲ့ မျက်နှာထားတစ်ခုကို ဆောင်ထားလိုက်တယ်။

"ဟုတ်တယ်၊ ဂိုဏ်းချုပ်ကြီး ကျုပ်တို့တွေ အခုရောက်နေကြပြီပဲ"

ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သူတို့ကို နောက်ထပ်စကားတစ်ခွန်း မပြောတော့ဘဲ အေးစက်စက် မျက်နှာထားတစ်ခုနဲ့ ချွန်းရှန်းဂေဟာထဲကို ဝင်သွားတော့တယ်။

သူက တံခါးကနေဝင်လိုက်တာနဲ့ချက်ချင်း ကျက်သရေရှိလှတဲ့ ကိုယ်လုံးကိုယ်ထည်တစ်ခုနဲ့ ယောကျာ်းတစ်ယောက်က ခါးလေးကို နွဲ့ပြီး သူ့ကို တားလိုက်တယ်။

"ဒီက ကျင့်ကြံသူက တကယ့်ကို မရင်းနှီးဘူးနော်"

အဲ့ဒီလူက လူအဖွဲ့ကြီးရဲ့အဝတ်အစား ကျင့်ကြံခြင်းနဲ့ မျက်နှာထားတွေကိုလေ့လာလိုက်ပြီး သူတို့ကို ပါးပါးနပ်နပ်နဲ့ ချီးမွမ်းစကားပြောလိုက်တယ်။

ဒီလိုနဲ့ တစ်ယောက်ချင်းဆီက ဝိညာဥ်ကျောက်တုံး အခု၅၀ဆီ ပေးလိုက်ပြီးတဲ့နောက်မှာ နောက်ဆုံးတော့ ချွန်းရှန်းဂေဟာထဲကို ဝင်သွားရတော့တယ်။

ချန်းထျန်းဂိုဏ်းချုပ်ကြီးကလွဲလို့ပေါ့။

ချန်းထျန်းဂိုဏ်းချုပ်ကြီးနောက်ကို တပည့်တွေအများကြီးက လိုက်နေကြတာလေ။ သူက ချွန်းရှန်းဂေဟာဝင်ပေါက်က လူတွေကို ခါးသက်သက်ပြုံးပြပြီး ပြောလိုက်တော့တယ်။

"အားလုံးပဲ မြန်မြန်ဝင်သွားကြပါ၊ ကျုပ်က ခင်ဗျားတို့ကို ဒီမှာပဲစောင့်ပါမယ်"

ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက အေးစက်စက် သူ့ကိုလှမ်ကြည့်လိုက်ပြီး ဘာတစ်ခွန်းမှမပြောဘဲ ချွန်းရှန်းဂေဟာထဲကို လှည့်ဝင်သွားတော့တယ်။

တကယ်လို့ သူက ချန်းထျန်းဂိုဏ်းမှာဒီလောက် အကြာကြီးသာ မနေခဲ့ရဘူးဆိုရင် သူရဲ့ အဆင့်ခြောက်တပည့်ကလည်း ဒီလိုနေရာမျိုးမှာ ဘယ်လိုလုပ်ပြီး ပေါ်လာနိုင်ပါ့မလဲ။

တခြားဂိုဏ်းချုပ်ကြီးတွေကလည်း သူတို့မျက်နှာပေါ်မှာ ဘာကိုယ်ချင်းစာတရားမှ မရှိနေဘူး။ သူတို့အားလုံးက သူတို့တပည့်တွေရဲ့ သနားစရာအခြေအနေကို မှတ်မိလိုက်ကြတယ်။

စူးလီက တခြားလူတွေရဲ့အမူအရာကို လုံးဝဂရုမစိုက်မိဘူး။ သူမက သူမရှေ့ကကြီးကျယ်ခမ်းနားလှတဲ့ ချွန်းရှန်းဂေဟာကို ကြည့်လိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ စိတ်လှုပ်ရှားတဲ့ အငွေ့အသက်တစ်ခု ပေါ်လာခဲ့တယ်။

ဒါက ကျင့်ကြံရေးလောကထဲက ဆောင်ကြာမြိုင်ပေါ့လေ။

ဒါကအမျိုးသားဆောင်ကြာမြိုင် ပြည့်တန်ဆာတွေကိုပဲ လက်ခံတဲ့ ဆောင်ကြာမြိုင်တစ်ခုပေါ့။ ဒီလိုစဥ်းစားလိုက်ပြီး သူမက တွေဝေမနေဘဲ လျှောက်ကာဝင်သွားလိုက်တော့တယ်။

စူးလီက အင်မတန်မှ စိတ်ဝင်စားတဲ့ အကြည့်နဲ့ ချွန်းရှန်းအဆောက်အအုံရဲ့ အတွင်းပိုင်းက အခင်းအကျင်းတွေကို ကြည့်လိုက်တယ်။ ပထမထပ်က အရမ်းကိုကျယ်ဝန်းပြီး တစ်ချိန်ထဲမှာ လူအယောက်တစ်ထောင်နီးပါးကို ဧည်ခံပေးနိုင်တယ်။

ဝတ်စားပုံတွေကလည်း သူမ စိတ်ကူးထားသလို တောက်ပြောင်မနေဘဲ အင်မတန်မှ ကျက်သရေရှိနေတယ်။ ဝါး၊သစ်သားနဲ့ကျောက်စိမ်း အပြင်အဆင်တွေကို ပြုလုပ်ထားတယ်။ အလယ်မှာ သစ်သားကြမ်းခင်း စင်မြင့်တစ်ခုရှိပြီး အပေါ်မှာ ကျင့်ကြံသူတွေ တော်တော်များများက ဓားသိုင်းကစားပြနေကြတယ်။ တချို့တွေကချောလှပြီး တချိူ့တွေက ကြွက်သားတွေ တောင့်တင်းတယ်။ တချို့တွေကျတော့ ချောမောလှပတဲ့မျက်နှာတွေ ပိုင်ဆိုင်ထားကြတယ်။

မရေမတွက်နိုင်တဲ့ ဧည်သည်တွေနဲ့အစေခံတွေက ဝင်လိုက်ထွက်လိုက်နဲ့ စည်ကားတဲ့မြင်ကွင်းတစ်ခုကို ဖန်တီးနေတယ်။

စူးလီက ပထမထပ်က လူတွေကို လှမ်းကြည့်လိုက်တယ်။ ချွန်းရှန်းဂေဟာရဲ့ အမြင့်ဆုံးနေရာမှာရှိတဲ့ ဖောက်ထွင်းမြင်နိုင်တဲ့ ဖန်သားကျောက်စိမ်း စင်မြင့်ကြီးတစ်ခုက သူမရဲ့မြင်ကွင်းကို ဆွဲဆောင်ထားလိုက်တော့တယ်။

ဒါကချွန်းရှန်းဂေဟာရဲ့ ငါးထပ်မြောက်ပဲ။ ဒီအထပ်မှာတော့ ကျောက်စိမ်းစင်မြင့်တစ်ခုပဲရှိပြီး တစ်ထပ်လုံးရဲ့အလည်မှာ အမြင့်ဆုံးနေရာတစ်ခုမှာ တည်ရှိတယ်။ ဘယ်အထပ်မှာပဲ ရောက်နေနေ စင်ပေါ်ကဖျော်ဖြေမှုကို ရှင်းရှင်းလင်းလင်း မြင်ရနိုင်တယ်။

ဒီအချိန်မှာတော့ အမျိုးသားကျင့်ကြံသူတစ်ယောက်က ကုချင်နဲ့ သံစဉ်တစ်ခုကို တီးခတ်နေတယ်။

သူမဖက်ကနေကြည့်ရင် သီးချင်းကိုတီးခတ်နေတဲ့ကျင့်ကြံသူရဲ့ ချောမောလှပတဲ့ ပုံရိပ်လေးကိုဘဲ မြင်ရတယ်။ တေးသံနဲ့အတူ တမူထူးခြားလှတဲ့မွှေးရနံ့တစ်ခုက လွှင့်ပျံလာတယ်။

စူးလီက ကောင်းကင်ကြီးကို မော့ကြည့်လိုက်ချိန် နှစ်လိုဖွယ်အမျိုးသားတစ်ယောက်က အပြုံးတစ်ခုနဲ့ သူမဆီကို ရောက်လာပြီးပြောလိုက်တယ်။

"မမလေး မင်းကရော ပညာရှင်ယွီယွမ်ကို သဘောကျနေတာလား"

စူးလီက ထူးဆန်းတဲ့ အမူအရာတစ်ခုနဲ့ အသစ်ရောက်လာတဲ့သူကို ကြည့်လိုက်တယ်။

"ပညာရှင်ယွီယွမ် ဟုတ်လား...".

သူမက အရမ်းကို စိတ်နှစ်ပြီးစောင့်ကြည့်နေမိတဲ့ အကြောင်းအရင်းကလည်း ဒီသခင်လေးယွီယွမ်ဆိုတာ ကောင်းကင်စာအုပ်ထဲက ကျောက်ယန်ရဲ့ကိုယ်လုံးကိုယ်ဖန်နဲ့ ခြောက်ဆယ်ရာခိုင်နှုန်းတူညီနေလို့ပဲ။

"ဟုတ်တယ် ပညာရှင်ယွီယွမ်က ကျွန်တော်တို့ရဲ့ ချွန်းရှန်းဂေဟာမှာ နာမည်ကြီးသူတစ်ယောက်လေ"

အမျိုးသားက ခါးလေးကိုညွှတ်လိုက်ပြီး စူးရှတဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။

"သူက စာပေနဲ့သိုင်းပညာမှာ တော်ယုံတင်မကဘူး၊ ဆေးရည်လုပ်တဲ့နေရာမှာလည်း အရည်အချင်းရှိတယ်"

"ပညာရှင်ယွီယွမ်ကို တွေ့ချင်ကြတဲ့ကျင့်ကြံသူတွေက မြို့ရဲ့အစကနေအဆုံးအထိ တန်းစီနေရတယ်လေ"

ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက စူးလီနဲ့ သိပ်မဝေးတဲ့နေရာမှာ ရောက်နေတယ်။ သူကပြောလိုက်တဲ့စကားကို ကြားလိုက်ရတဲ့အခါ သူ့မျက်နှာပေါ်က အမူအရာတွေက ကြောက်လန့်တကြား ဖြူဆုတ်သွားတော့တယ်။

အမျိုးသားက ဘာမှမသိဘဲ စူးလီကိုဆက်ပြီးတော့ မြှောက်ပင့်ပြောဆိုနေတယ်။

"ဟွားထျန်းမြို့ရဲ့ အဆင့်မြင့်ဆောင်ကြာမြိုင်ရွေးပွဲက ခုနှစ်ရက်နေရင် ကျင်းပမှာလေ၊ ကျွန်တော်တို့တွေရဲ့ ပညာရှင်ယွီယွမ်က အဆင့်မြင့်ပညာရှင်ပွဲအတွက် အတော်ဆုံး ပြိုင်ပွဲဝင်သူတစ်ယောက်ပေါ့"

"အခုဆိုရင် ကျွန်တော်တို့ရဲ့ ပညာရှင်ယွီယွမ်ကိုတွေ့ဖို့က အရင်တုန်းက ထက်ပိုပြီးတော့ အများကြီး ခက်ခဲသွားပြီလေ"

"ဆရာကြီး စိတ်လျှော့ပါ"

ရှချင်းက ရွှင့်ချန်ဂိုဏ်းချုပ်ကြီးရဲ့လက်ကို ဖမ်းဆုပ်ထားလိုက်တယ်။

ရှချင်းက ဝိညာဥ်စွမ်းအင်တွေ စုစည်းပြီးသားဖြစ်တဲ့ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးရဲ့ လက်ကို ဖမ်းဆုတ်ထားလိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်တယ်။

"ဂိုဏ်းတူမောင်လေးကိုတွေ့ပြီးမှ အပြစ်ပေးတယ်ဆိုရင်လည်း အရမ်းနောက်မကျသေးပါဘူး"

ချွန်းရှန်းဂေဟာရဲ့ အပြင်အဆင်တွေက အရမ်းကို စျေးကြီးတဲ့ပုံပဲ။ တကယ်လို့ သူတို့တွေသာ ဖျက်ဆီးခံလိုက်ရရင် လျော်ကြေးအဖြစ် ဝိညာဥ်ကျောက်တုံး ဘယ်လောက်တောင် ပြန်ပေးရမလဲမသိဘူး။

စူးလီက သူမရဲ့နောက်က ဆူညံသံကို ကြားလိုက်ရတဲ့အခါ လက်တစ်ဖက်နဲ့ မေးကိုထောက်ထားလိုက်ပြီး သူ့မရှေ့က အမျိုးသားကို သိလိုစိတ်နဲ့မေးလိုက်တယ်။

"ရှင်တို့ရဲ့ ပညာရှင်ယွီယွမ်ကိုတွေ့ဖို့အတွက် ဘာတွေလိုအပ်လဲ"

သူမရဲ့မေးခွန်းကို ကြားလိုက်ရပြီးတဲ့နောက်မှာ အမျိုးသားက နှစ်လိုဖွယ်ဖြစ်အောင် ပြုံးပြလိုက်တယ်။

"ကျွန်တော်တို့ရဲ့ ပညာရှင်ယွီယွမ်က သူရဲ့ပညာကိုပဲရောင်းပြီး ခန္ဓာကိုယ်ကိုတော့ မရောင်းပါဘူး။ တကယ်လို့ မင်းက ဝိညာဥ်ကျောက်တုံး အခုငါးထောင်ကိုပေးဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ ကျွန်တော်က မင်းအတွက် ပညာရှင်ယွီယွမ်ကို မေးပေးလို့ရပါတယ်"

"ဘယ်လောက်ထပ်ပေးရမှာလဲ"

ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးမှာ သူပြောလိုက်တဲ့စျေးကို ကြားလိုက်တဲ့အခါ အရမ်းကို ထိတ်လန့်သွားပြီး သူ့လျှာမှာ အတောင့်လိုက် ဖြစ်သွားတော့တယ်။

အမျိုးသားက ခေါင်းကိုလှည့်လိုက်ပြီး ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးရဲ့ဘေးက ဝိညာဥ်ဓားနဲ့ ရိုးရှင်းတဲ့ အဝတ်အစားတွေကို မြင်လိုက်တယ်။ သူ့မျက်နှာပေါ်က နွေးထွေးတဲ့အပြုံးက ရုတ်တရက်ဆိုသလို ယဥ်ကျေးသွားတော့တယ်။

"ဝိညာဥ်ကျောက်တုံး ငါးထောင်ကနေစပြီးတော့ အကန့်အသတ်မရှိပါဘူး"

အဖြေကို ပြန်ကြားလိုက်ရပြီးတဲ့နောက်မှာ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက ကြိတ်ပြီးတော့ တံထွေးမျိုချလိုက်တယ်။ ကျောက်ယန်က ဒီကိုရောက်လာရတဲ့ အကြောင်းအရင်းကို သူနားလည်သွားသလိုပဲ။

အားလုံးက မှင်တက်အံ့သြနေကြတဲ့အချိန်မှာပဲ ပထမထပ်ရဲ့ထောင့်တစ်ခုမှာ ငြင်းခုံတဲ့အသံတစ်ခုက သူတို့နားထဲဝင်လာခဲ့တယ်။

"စုပိုင် ငါက အုတ်မြစ်တည်ကျင့်ကြံသူတစ်ယောက် ဖြစ်လာပြီးပြီ၊ နင်ကအခုမှ ချီလေ့ကျင့်ခြင်း ပထမအဆင့်ကျင့်ကြံသူ၊ သာမန်ကျင့်ကြံသူပဲရှိသေးတယ်"

အားလုံးကို အထင်သေးနေပြီး ထောင်လွှားတဲ့မျက်နှာတစ်ခုနဲ့ အမျိုးသမီးကျင့်ကြံသူက မျက်နှာပေါ်မှာ မာန်အပြည့်ရုပ်နဲ့သူမရှေ့က အမျိုးသားကျင့်ကြံသူကို လက်ညိုးထိုးပြီး ပြောလိုက်တယ်။

"အခုကျွန်မ ဟွားထျန်းမြို့အကြီးအကဲရဲ့ တရားဝင်တပည့်တစ်ယောက် ဖြစ်လာပြီ၊ ဒါပေမဲ့ ရှင်ကတော့ ချွန်းရှန်းဂေဟာမှာ ငွေအတွက် အရှက်မရှိသီချင်းဆိုနေတုန်းပဲ။ ရှင်က ကျွန်မနဲ့ တန်တယ်လို့ ထင်သေးရဲ့လား"

သူမရှေ့က အမျိုးသားကျင့်ကြံသူက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားတယ်။ ကြည့်ရတာ အကြိမ်ကြိမ် လျော်ဖွပ်ထားတဲ့ အတွက်ကြောင့်မို့လို့ နည်းနည်းလေးနွမ်းနေပုံပဲ။ ဒါပေမဲ့လည်း သူရဲ့ ကြော့ရှင်းလှတဲ့ မျက်နှာကြောင့် ဒါက ရှိန်နေတဲ့ခံစားချက်တစ်ခုကို ထုတ်လွင့်ပေးနေတယ်။

အမျိုးသားကျင့်ကြံသူရဲ့ နှုတ်ခမ်းတွေက ဖြူဆုတ်နေပြီး သူက တစ်လုံးချင်းစီ ပြောလိုက်တယ်။

"မင်းက မင်းရဲ့ဆုံးဖြတ်ချက်ကို ချထားပြီးကတည်းက ငါက မင်းမှာ တောက်ပတဲ့ အနာဂတ်တစ်ခုရှိလာဖို့ ဆုတောင်းပေးခဲ့တယ်"

သူက သူ့ကျောပြင်ကို မတ်ထားလိုက်ပြီး သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်က ကြီးမားတဲ့ ကွာခြားချက် တစ်ခုရှိနေပေမဲ့လည်း သူမျက်နှာပေါ်မှာ ရှက်ရွံ့တဲ့အရိပ် ရှိမနေဘူး။

"စုန့်ယွီကျင်း အခု မင်း ငါ့ကိုပေးထားတဲ့ကတိကို ဖြည်းဆည်းပေးနိုင်မလား"

ပြီးခဲ့တဲ့တစ်ခေါက်ကတည်းက စိတ်ရင်းအမှန်ဆိုတာ ဘယ်တော့မှ ထည့်တွက်လို့မရတဲ့အကြောင်း သူ သိသွားတယ်လေ။

သူက ကြိုးကြိုးစားစားနဲ့ သီချင်းဆိုခဲ့ပြီး စုန့်ယွီကျင်းအတွက် ထွက်ပေါက်တစ်ခုကို ရှာဖွေပေးခဲ့တယ်။ သူကလည်းပဲ ကျင့်ကြံခြင်းတွေ ဆက်ပြီးတော့ လုပ်ချင်သေးတယ်။

ဒါပေမဲ့လည်း သူက သီချင်းပဲဆိုပြီး တခြားသူတွေနဲ့ အတူတူ အရက်မသောက်သလို စကားလည်းမပြောနိုင်ဘူး။ ပထမထပ်ရဲ့ တာဝန်ခံကိုတောင်မှ အပြစ်လုပ်မိခဲ့တယ်။ သူ့မှာ ကျင့်ကြံရေးအဆင့်မြင့်မားတဲ့ ကျင့်ကြံသူတွေနဲ့တော့ ဆက်ဆံခွင့်မရခဲ့ဘူး။ မင်ယွမ်ဆေးလုံးကို သန့်စင်နိုင်တဲ့ ဟွားထျန်းမြို့ရဲ့အကြီးအကဲတွေက သူ ဘယ်တော့မှ လက်လှမ်းမမှီနိုင်တဲ့သူတွေပဲပေါ့။

သူက သူရဲ့ မျှော်လင့်ချက်အားလုံးကို စုန့်ယွီကျင်းအပေါ်မှာပဲ ပုံချထားနိုင်ခဲ့တာ။ သူ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ စုန့်ယွီကျင်းက အထင်သေးတဲ့ပုံစံနဲ့ ပြောလိုက်တယ်။

"မင်းယွမ်ဆေးလုံးက အဆင့်သုံးဆေးလုံးပဲ။ နင့်လို သာမန်ချီကျင့်ကြံသူတစ်ယောက်က ဒါနဲ့တန်လို့လား"

သူမက စုပိုင်ကို သူမကိုဆန့်ကျင့်နိုင်မဲ့ အရည်အချင်းပေးဖို့ စိတ်ကူးမရှိလေဘူး။ ဒီလိုစဥ်းစားလိုက်ပြီး သူမက ဝိညာဥ်ကျောက်တုံးတစ်တုံးကို သူ့ကို ပစ်ပေးလိုက်တယ်။

"ဒါကို ဟိုနှစ်တွေတုန်းက ငါ နင့်ကို ဝယ်ခဲ့တဲ့ ဝိညာဥ်ကျောက်တုံးလို့ သဘောထားလိုက်"

"မင်း ဘယ်လိုလုပ်ပြီး ဒီလိုလုပ်ရက်ရတာလဲ၊ ပညာရှင်စုပိုင်က ဝိညာဥ်ကျောက်တုံးတွေ ရှာဖွေဖို့ မင်းအတွက် သီချင်းတွေ မဆိုပေးခဲ့ဘူးဆိုရင် အကြီးအကဲတွေရဲ့ သဘောကျလာအောင် မလုပ်ပေးခဲ့ဘူးဆိုရင် မင်းက မင်းရောက်နေတဲ့နေရာမှာ ရှိနေနိုင်မှာမလို့လား"

"အတင့်ရဲလိုက်လေ အစေခံတစ်ယောက်က ငါ့ကို ဒီလိုစကားပြောရတယ်လို့"

[အဟဲ ဒါကသြချဖို့ကောင်းတဲ့ ချစ်တတ်တဲ့ ယောကျာ်းတစ်ယောက်နဲ့ အသည်းနှလုံးမဲ့တဲ့ မိန်းမတစ်ယောက်ပေါ့လေ~ ~]

စူးလီက အရမ်းကို စိတ်ဝင်စားသွားပြီး ကောင်းကင်စာအုပ်ကို ဖွင့်လိုက်တော့တယ်။

[ဒီစုပိုင်ရဲ့ခံစားချက် အတွေ့ကြုံတွေကအရမ်းကို...]

[သူက တောင်ပေါ်ရွာလေးတစ်ရွာမှာနေတုန်းက သူ့ရဲ့ငယ်ချစ်ဦး သတို့သမီးလောင်းတစ်ယောက် ရှိခဲ့တယ်တဲ့။ ဒါပေမဲ့ အစကတည်းက ဝိညာဥ်အရင်းအမြစ် မရှိခဲ့တဲ့သတို့သမီးလောင်းက ရုတ်တရက်ကြီး သူ့မှာ ဝိညာဥ်အရင်းအမြစ် ရှိလာတာကို တွေ့လိုက်ရပြီး ဆရာတစ်ယောက်ဆီမှာ ပညာသွားသင်ဖို့ သူ့ကိုချန်ခဲ့ပြီး မြို့ကိုထွက်သွားခဲ့တယ်တဲ့]

[သူက ဟွားထျန်းမြို့ကို ရောက်လာတဲ့အခါ ဆိုင်တာဝန်ခံရဲ့သမီးကို ချစ်မိသွားခဲ့တယ်။ ရလဒ်အနေနဲ့ ဆိုင်တာဝန်ခံရဲ့သမီးရဲ့ ကျင့်ကြံခြင်းအဆင့်က မြန်မြန်ကြီး တိုးတက်သွားပြီး မိသားစုတစ်ခုရဲ့သားရဲ့ သဘောကျတာ ခံခဲ့ရတယ်။ ဆိုင်တာဝန်ခံရဲ့သမီးက သူ့ကို ဖြတ်သွားခဲ့တယ်တဲ့]

[မိသားစုငယ်လေးတစ်ခုထဲက နောက်ထပ် သမီးတစ်ယောက်ကလည်း သူနဲ့ ချစ်ကြိုက်ခဲ့ကြသေးတယ်။ သူမက သူမရဲ့ကျင့်ကြံရေးထဲမှာ နောက်ထပ်တစ်ဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တယ်။ အသွင်ပြောင်းခြင်း ကျင့်ကြံခြင်းအဆင့်ရှိတဲ့ မဟာသိုင်းဆရာကြီးရဲ့ တပည့်တစ်ယောက်အဖြစ် ချက်ချင်းလက်ခံခဲ့ရတယ်]

[နောက်ဆုံးတော့ အခု ဒီလိုဖြစ်လာတာပဲ။ အစတုန်းကတော့ စုန့်ယွီကျင်းက ချီကျင့်ကြံခြင်း အဆင့်ခုနှစ်မှာ ငါးနှစ်လောက် ပိတ်ဆို့လာခဲ့တာ။ စုပိုင်နဲ့ ချစ်ကြိုက်ကြပြီးတဲ့နောက်မှာ သူက ရုတ်တရက်ကြီး တစ်နှစ် အတွင်းအုတ်မြစ်တည် ကျင့်ကြံခြင့းအဆင့်ကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့တယ်တဲ့လား]

[ဘုရားရေ ဒီစုပိုင်က ဧကန္တ မိန်းမတွေကို ကံကောင်းစေတဲ့ ဒဏ္ဍာရီလာ ယောက်ျားတစ်ယောက်များလားဟဲ့]

...

All Chapters