← Chapters

အခန်း ၉၉

Vol. 7 Ch. 99

အခန်း ၉၉

Vol. 7 Ch. 99

အပိုင်း (၉၉)

ချွန်းရှန်းဂေဟာရဲ့ ပထမထပ်က ကျင့်ကြံသူအများစုဟာဆိုရင် မိသားစုနောက်ခံလည်း မရှိသလို သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ဟာဆိုရင်လည်း မမြင့်မားကြဘူး။ အမြင့်ဆုံးကျင့်ကြံရေးအဆင့်ရှိသူက အခုမှ အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံခြင်းအဆင့်ရောက်သွားတဲ့ စုန့်ယွီကျင်းပဲရှိတယ်။

ဒါကြောင့် အဓိကဂိုဏ်းကြီးတွေရဲ့ ဂိုဏ်းချုပ်တွေနဲ့ မိသားစုသခင်တွေပဲ အပြင်လောကရဲ့အသံကို ကြားရတယ်။

သူတို့တစ်ယောက်ချင်းစီက မျက်နှာပေါ်မှာ အထိတ်တလန့်နဲ့ ဇဝေဇဝါဖြစ်တဲ့အကြည့်တွေ ဖြစ်သွားတယ်။

မိန်းမတွေက ကံကောင်းသတဲ့လား။

ကျင့်ကြံရေးလောကထဲမှာ ဒီလိုကံကောင်းခြင်းမျိုး ရှိသေးလို့လား။

ချမ်းသာကြွယ်ဝတဲ့ မိန်းမတစ်ယောက် ပိုင်ဆိုင်ထားခြင်း ကံတရားက နည်းနည်းလေး ယုံကြည်နိုင်စရာ မကောင်းဘူးဆိုပေမဲ့လည်း အပြင်လောကကလာတဲ့အသံက ဘယ်တုန်းကမှ မမှားခဲ့ဘူးဖူးလေ။

သူက ဒီလူမှာ ဒီလိုကံတရားမျိုး ရှိတယ်လို့ပြောရင် ဒီလူမှာ သေချာပေါက် ဒီကံတရားမျိုးရှိနေလို့ပဲ။

ပြောနေစရာတောင်မလိုဘူး....။

သူတို့တွေက အပြင်လောကကလာတဲ့အသံထဲက စုပိုင်ရဲ့အချစ်ရေးနဲ့ ပတ်သက်တဲ့ဘဝအကြောင်းကို ပြန်စဥ်းစားလိုက်ကြတယ်။ သူတိုတွေက စုပိုင်ကို ကျင့်ကြံရေးလောကထဲက ထူးခြားတဲ့ရတနာတစ်ခုလို ကြည့်နေတဲ့အကြည့်မျိုးနဲ့ ကြည်လိုက်မိတယ်။

ဒါက ဝိညာဥ်အမြစ်မရှိတဲ့ သေမျိုးတစ်ယောက်ကို ဝိညာဥ်အမြစ်ရှိလာအောင် ကူညီပေးနိုင်သတဲ့။ ကျင့်ကြံခြင်းအဆင့် ပိတ်ဆို့နေတဲ့ကျင့်ကြံသူတွေကိုလည်း သူတို့ရဲ့ကျင့်ကြံခြင်းအဆင့် မြန်မြန် တိုးတက်လာအောင် ကူညီပေးနိုင်တယ်တဲ့။

သတိပြန်ဝင်လာပြီးကြတဲ့နောက်မှာ သမီးတွေ ပိုင်ဆိုင်ထားကြတဲ့ ကြီးမြတ်သူတွေအားလုံးနဲ့ အစွမ်းထက်တဲ့သူတွေ အားလုံးက ရွှေရောင်မျက်လုံးတွေနဲ့ သိပ်မဝေးလှတဲ့နေရာမှာရှိတဲ့ စုပိုင်ကို ကြည့်လိုက်ကြတယ်။

သူတို့ရဲ့သမီးတွေက ကောင်းတဲ့အရည်အချင်းရှိတာဖြစ်ဖြစ် ဆိုးတဲ့အရည်အချင်းရှိတာဖြစ်ဖြစ် သူတို့ရဲ့ ကျင့်ကြံခြင်းတွေက မြင့်နေတာပဲဖြစ်ဖြစ် နိမ့်နေတာပဲဖြစ်ဖြစ် သူတို့ရဲ့စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိတော့တယ်။ သူတို့နဲ့ ရှေးစက်ပါလာတဲ့သမက်ပဲ။

သူ့မှာကျင့်ကြံရေးအဆင့်မြင့်မားပြီး ကောင်းမွန်တဲ့ အရည်အချင်းရှိတယ်ဆိုရင်ကော ဘာဖြစ်သေးလဲ။ သူတို့ရဲ့သမီးတွေကို ကျင့်ကြံရေးအဆင့်ပိုပြီးမြင့်မားပြီး ပိုပြီးကောင်းမွန်တဲ့ အရည်အချင်း မရှိစေချင်တဲ့သူ ဘယ်သူရှိမှာလဲ။

အရည်အချင်းနိမ့်ပါးပြီး နှစ်ပေါင်း ၁၀၀ ကျော်လောက် ကျင့်ကြံခြင်းအဆင့်ပိတ်ဆို့နေကြတဲ့ ကြီးမြတ်သူတွေရဲ့ သမီးတွေအတွက်ကတော့... ထပ်ပြီးတော့ ပြောနေစရာတောင် မလိုဘူး။

ဒီအချိန်မှာပဲ ကြီးမြတ်သူတန်းယန်ရဲ့ ဆက်သွယ်ရေးပစ္စည်းက ရုတ်တရက် မီးလင်းလာခဲ့တယ်။ သူမက ရုတ်တရက် သတိဝင်လာပြီး အမှတ်တမဲ့ သူမရဲ့ဆက်သွယ်ရေးပစ္စည်းကို ကောက်ကိုင်လိုက်တယ်။ တဒင်္ဂအတွင်းမှာပဲ သူမ တပည့်လေးရဲ့အသံကို ဘေးကလူရှိနေတဲ့လူအားလုံးကို သေချာကြားလိုက်ရတယ်။

"ဆရာ ဂိုဏ်းတူအစ်မယွီအာက ရွှေအမြုတကျင့်ကြံခြင်း ရောက်ဖို့ကြိုးစားတာ ခြောက်ကြိမ်မြောက်မှာ ထပ်ပြီးကျရှုံးသွားပြန်ပြီ"

ကြီးမြတ်သူတန်းယန်က ဆက်သွယ်ရေး မန္တန်စာရွက်ထဲက သတင်းကို ကြားလိုက်တဲ့အချိန်မှာ သူမရဲ့နှလုံးသားထဲမှာ အေးစိမ့်တဲ့ ခံစားချက်တစ်ခုဖြစ်သွားတယ်။ အခုဆိုရင် ယွီအာမှာ ရွှေအမြုတေကျင့်ကြံခြင်းအဆင့်ကို ထိုးဖောက်ဖို့အတွက် အခွင့်အရေးတစ်ခုပဲ ကျန်တော့တယ်။

သူမက ရုတ်တရက်ဆိုသလို တစ်ခုခုကို သတိရသွားတဲ့ပုံပဲ။ သူမရဲ့မျက်လုံးထဲမှာ လင်းလက်တဲ့အလင်းတစ်ခု ဖျတ်ခနဲလက်သွားပြီး သူမက နောက်မှာရှိနေတဲ့လူအားလုံးကို ချန်ထားခဲ့ပြီး အလင်းလိုအရှိန်နဲ့ စုပိုင်နားကို ရောက်သွားတော့တယ်။

ဒီအချိန်မှာ စုန့်ယွီကျင်းက အစေခံကိုတောင်းပန်ဖို့ မာမာထန်ထန်နဲ့ ပြောနေတုန်းပဲ။ ဒါပေမဲ့ နောက်စက္ကန့်မှာတော့ သူမဟာ ဝိညာဥ်စွမ်းအင်စီးကြောင်းတစ်ခုရဲ့ ရိုက်နှက်တာ ခံလိုက်ရတယ်။

ချွန်းရှန်းဂေဟာရဲ့လူမိုက်တွေက ဒီမြင်ကွင်းကို ကြည့်လိုက်ပြီးတဲ့နောက်မှာ ဘာမှမဖြစ်သလို အကြည့်လွှဲထားလိုက်ကြတယ်။ ဒီကျင့်ကြံသူက ချွန်းရှန်းဂေဟာထဲက ဘယ်သူကိုမှ ထိခိုက်စေချင်ခဲ့တာ မဟုတ်ဘူး။ ဒါက ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုတစ်ခုပဲ သူတို့တွေရဲ့အလုပ် မဟုတ်ဘူး။ သူတို့တွေက အစောကြီးကတည်းက စုန့်ယွီကျင်းကို သဘောမကျတော့ဘူးလေ။

ကြီးမြတ်သူတန်းယန်က မေ့မျောသွားတဲ့ စုန့်ယွီကျင်းကိုတောင် လှည့်မကြည့်ဘူး။ သူမက စုပိုင်အရှေ့မှာ ရပ်လိုက်ပြီး တောင့်တောင့်တင်းတင်းဖြစ်နေတဲ့ အပြုံးတစ်ခုကို ကြိုးစားပြီး အားထုတ်လိုက်ရတယ်။

"မင်းက စုပိုင်ပေါ့နော် ဟုတ်လား၊ ငါက..."

သူမရဲ့စကားမဆုံးခင်မှာပဲ အလောတကြီးနဲ့ အပြေးရောက်လာတဲ့ ကြီးမြတ်သူလျိုမင်က သူမကို နောက်ကို ပြန်ဆွဲထားလိုက်တယ်။

အဲ့ဒီနောက်မှာတော့ ကြီးမြတ်သူလျိုမင်က သူမရဲ့ရှေ့တည့်တည့်မှာ ဝင်ရပ်လိုက်တယ်။

သူက မဟာယနပညာရှင်တစ်ယောက်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ပုံစံကို လုံးဝမထုတ်ပြဘဲ စုပိုင်ကို နွေးနွေးထွေးထွေး ပြုံးပြလိုက်ပြီး သူရဲ့အသံကလည်းပိုပြီး နူးညံ့သိမ်မွေ့နေတယ်။

"ဒါက တာအိုရောင်းရင်းစုပိုင်ဖြစ်မယ် ဟုတ်လား။ တကယ့်ကို ချောမောလှတဲ့သူပဲ၊ ကျင့်ကြံရေးလောကထဲမှာ ရှားပါးပါပေတယ်..."

ကြီးမြတ်သူချုံးချင်းကလည်း သူ့စကားမဆုံးသေးခင်မှာပဲ အညှာအတာကင်းမဲ့စွာနဲ့ သူမကို ဘေးကို တွန်းထုတ်လိုက်တယ်။ သူက မျက်နှာပေါ်မှာ သူရဲကောင်းဆန်ဆန် ရုပ်တစ်ခုနဲ့ ပြောလိုက်တယ်။

"စုပိုင် မင်း ဘာလိုချင်လဲ။ ဝိညာဥ်ရတနာ၊ ဝိညာဥ်ကျောက်တုံး ဒါမှမဟုတ် ဝိညာဥ်ဆေးပင်လား။ ဝိညာဥ်စွမ်းအင်ဆေးရည်လား မင်းလိုချင်တာ မှန်သမျှ ဒီမြင့်မြတ်သူက အခု ချက်ချင်း မင်းအတွက် ရှာပေးနိုင်တယ်"

ကြီးမြတ်သူယွီလင်ကလည်း အပြေးရောက်လာတယ်။ ကြီးမြတ်သူချုံးချင်းနဲ့ မတူဘဲ သူက သူရဲ့လက်ထဲမှာ အဆင့်ခုနှစ် မှော်လက်နက်တစ်ခု၊ ဝိညာဥ်စွမ်းအင်ဆေးပင်တချို့နဲ့ မန္တန်စာရွက်တွေကို ကိုင်ထားတယ်။

အခိုက်တန့်အတွင်းမှာပဲ စုပိုင်က ဒါဇင်ချီတဲ့ကြီးမြတ်သူတွေနဲ့ အစွမ်းထက်ကျင့်ကြံသူတွေရဲ့ တင်းကြပ်အောင် ဝန်းရံခြင်း ခံထားလိုက်ရတယ်။

မြင့်မြတ်သူတဲ့လား။

မဟာယနကျင့်ကြံသူ ဒါမှမဟုတ် အတိဒုက္ခကျော်ဖြတ်ခြင်းအဆင့်ရှိတဲ့ ကျင့်ကြံသူတွေကပဲ သူတို့ကိုယ်သူ့တို့ ဒီလိုခေါ်ဝေါ်နိုင်ကြတယ်။

ဒါကဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။

စုပိုင်က မျက်လုံးထဲမှာ လုံးဝနားမလည်နိုင်တဲ့ပုံစံနဲ့ ဝန်းရံထားတဲ့လူတွေကို အူကြောင်ကြောင်နဲ့ ငေးကြည့်နေမိတယ်။

ကျင့်ကြံရေးလောကထဲမှာ ကြီးမြတ်သူဆိုတာ ဂိုဏ်းတစ်ခုကို ကာကွယ်နိုင်တဲ့ အရည်အချင်းတစ်ခုကို ပိုင်ဆိုင်ထားကြပြီးသားပဲ။ သူရဲ့အရည်အချင်းအဆင့်နဲ့ဆိုရင် သူ့တစ်သက်တာလုံးမှာ ကြီးမြတ်သူတစ်ယောက်နဲ့ တွေ့ဆုံဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး...။

ဟွားထျန်းမြို့မှာ ဘယ်လိုဖြစ်ပြီး ကြီးမြတ်သူတွေ အများကြီး ရောက်နေပြီးတော့ သူတို့အားလုံးကလည်း ဘာဖြစ်လို့ ချွန်းရှန်းဂေဟာမှာ ပေါ်လာကြပါလိမ့်။

ဒါပေမဲ့ ကျင့်ကြံရေးလောကထဲမှာ ဘယ်သူကမှ ကြီးမြတ်သူတစ်ယောက်အဖြစ်တော့ ဟန်ဆောင်ရဲမှာ မဟုတ်ဘူး။

နောက်ပြီးတော့ ဒါက ချွန်းရှန်းဂေဟာလေ။ တကယ်လို့များ တစ်ယောက်ယောက်က အရည်အချင်းတွေကို ဟန်ဆောင်ထားခဲ့မယ်ဆိုရင် အဆောက်အအုံထဲက လျှို့ဝှက် အစောင့်အကြပ်တွေရဲ့ ဖော်ထုတ်ခံရမှာသေချာတယ်။

စုပိုင်က သူ့ဟာသူ ထိန်းချုပ်ဖို့ ကြိုးစားထားပေမဲ့လည်း သူတို့ဆီက ဖိအားတစ်ခုကို ခံစားနေရတယ်။ သူ့အသံက အနည်းငယ်လေး တုန်ယင်သွားတယ်။

"ချန်ပေ့တို့.. လာရှာရတဲ့ အကြောင်းအရင်းက အရေးကြီးကိစ္စများ ရှိနေလို့လား"

ကြီးမြတ်သူချုံးချင်းက သူရဲ့တင့်တယ်လှတဲ့အသွင်အပြင်နဲ့ ကြောက်လန့်နေတဲ့တိုင်အောင် တည်တည်ငြိမ်ငြိမ် နေနိုင်တဲ့ သူ့အရည်အချင်းကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲက အကြည့်တွေက ပိုပိုပြီးတော့ ကျေနပ်သွားတော့တယ်။

ဒီလောက်များပြားတဲ့ ကြီးမြတ်သူတွေရဲ့ရှေ့မှာ ဒီလို ပြုမူနိုင်တာ အရမ်းကို တော်နေပြီလေ။

သူ့ရဲ့အရည်အချင်းနဲ့ ကျင့်ကြံခြင်းအဆင့်တွေက နည်းနည်းလေး နိမ့်တယ်ဆိုပေမဲ့လည်း နေရာတိုင်းကို ကြည့်လိုက်မယ်ဆိုရင် အင်မတန်မှ စိတ်ကျေနပ်စရာကောင်းတာချည်းပဲ။

အထူးသဖြင့် သူ့ရဲ့ကံကြမ္မာပေါ့။

ဒီလိုစဥ်းစားလိုက်ပြီး သူက တွေဝေမနေဘဲ ပြောလိုက်တော့တယ်။

"စုပိုင် ငါကတော့ မင်းနဲ့ငါ့သမီးက ပြီးပြည့်စုံအောင် လိုက်ဖက်တဲ့သူတွေလို့ ထင်တယ်။ မင်းက လျိုအာနဲ့ တာအိုစုံတွဲ ဖြစ်လာဖို့ဆန္ဒရှိလား”

"စိတ်မပူပါနဲ့၊ ငါ မင်းကို ဘယ်တော့မှ မမျှမတ မဆက်ဆံပါဘူး"

ကြီးမြတ်သူလျိုမင်က ပတ်ဝန်းကျင်မှာရှိနေတဲ့ ကြီးမြတ်သူအားလုံးကို လှမ်းကြည့်လိုက်တယ်။ သူတို့တွေက အချင်းချင်း ထိန်းချုပ်ထားကြတယ်။ ဒီအချိန်မှာတော့ စုပိုင်ရဲ့ရွေးချယ်မှုက အထူးတလည် အရေးပါသွားပြီ။

ဒီလိုစဥ်းစားလိုက်ပြီး သူ့ရဲ့အသံက ပိုပြီးတော့သိမ့်မွေ့လာတယ်။

"ချစ်လှစွာသော တူတော်မောင်စုပိုင်၊ မင်းရဲ့ကံကြမ္မာနဲ့ ငါ့သမီးရဲ့ကံကြမ္မာက လိုက်ဖက်တယ်လို့ တွက်ချက်ပြီးသွားပြီ။ တကယ်လို့ မင်းသာ တာအိုလက်တွဲဖော် ဖြစ်လာမယ်ဆိုရင် ဒါက မင်းတို့နှစ်ယောက်စလုံးအတွက် အကျိုးရှိလိမ့်မယ်။ မင်းက ဆန္ဒများရှိ...."

သူ့စကားမဆုံးခင်မှာပဲ တခြားကြီးမြတ်သူတွေကလည်း သူတို့ရဲ့သမီးဖြစ်သူကို ကောင်းကင် အထိရောက်အောင် ချီးမွမ်းပြောဆိုကြပြီး မက်လုံးပေးတဲ့အနေနဲ့ တန်ဖိုးရှိတဲ့ရတနာတွေကို ကတိပေးလိုက်ကြတယ်။

စူးလီက ကောင်းကင်စာအုပ်ထဲက စုပိုင်ရဲ့ အချစ်ရေးအကြောင်းကို ဖတ်ရှုလို့ပြီးသွားတဲ့အခါ လေးစားအားကျတဲ့ရုပ်တွေနဲ့ စုပိုင်ကိုကြည့်နေကြတဲ့ ကြီးမြတ်သူတွေကို လှမ်းကြည့်လိုက်တယ်။

[ဒီကြီးမြတ်သူတွေက တကယ်အမြင်စူးရှတာပဲ။ သူတို့တွေက တစ်ချက်ကြည့်လိုက်ရုံနဲ့ စုပိုင်က သူတို့သမီးအတွက် အကူအညီဖြစ်မယ်ဆိုတာ သိလိုက်ကြတယ်]

[ဟုတ်နေပါပြီ မဟာယနကျင့်ကြံခြင်းအဆင့် ပြီးသွားရင် သူတို့အမြင်တွေက ပိုတောက်ပလာတယ် ထင်တယ်]

အပြင်လောကကလာတဲ့အသံကို ကြားလိုက်ပြီးတဲ့နောက်မှာ ကြီးမြတ်သူတစ်ယောက်ချင်းစီရဲ့ မျက်နှာပေါ်က အမူအရာတွေက ပိုပြီးတော့ အသည်းအသန်ဖြစ်လာတော့တယ်။ စုပိုင်က သူတို့ရဲ့အမူအရာကို အထိတ်တလန့်ဖြစ်သွားပြီး နောက်ကို တစ်လှမ်းဆုတ်မိသွားတယ်။

"လူကြီးမင်းတို့ မှားနေကြပြီ ထင်ပါတယ်။ ကျွန်တော်က ချီကျင့်ကြံရေးပထမအဆင့်မှာပဲ ရှိသေးတဲ့ သာမန်ကျင့်ကြံသူတစ်ယောက်ပါပဲ။ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း သာမန်ဘဲ။ ကျွန်တော့်ရဲ့ အရည်အချင်းကလည်း မကောင်းပါဘူး။ ဘယ်လိုဖြစ်ပြီးတော့ ကျွန်တော်က လူကြီးမင်းတို့ပြောသလိုမျိုး..."

ဒီအချိန်မှာတော့ ကြီးမြတ်သူတွေက စုပိုင်ပြောတဲ့စကားတွေကို နားမထောင်နိုင်တော့ဘူး။ သူတို့အားလုံးက အပြင်လောကကလာတဲ့အသံကိုပဲ အာရုံစိုက်ပြီး နားထောင်နေလိုက်ကြတယ်။

[ကြည့်လိုက်ပါအုံးမယ် ဒီစုပိုင်က တာအိုစုံတွဲကျင့်ကြံခြင်းကို အဆင့်တိုးမြှင့်ပေးနိုင်တဲ့အပြင် တာအိုစုံတွဲကိုလည်း ကံကောင်းခြင်းတွေ ယူလာပေးနိုင်တယ်တဲ့]

[ဘုရားရေ.. ချစ်ကြိုက်ခဲ့ကြတဲ့ အမျိုးသမီး ကျင့်ကြံသူတွေကြားထဲမှာ ဒီစုန့်ယွီကျင်းကလွဲရင် တခြားကျန်တဲ့သူတွေအားလုံးက တခြားသူတွေ ထက်ပိုပြီး ကောင်းကောင်းမွန်မွန် နေနိုင်ကြတာပဲ]

[တကယ်ကို ချမ်းသာကြွယ်ဝတဲ့ ဇနီးကောင်းတစ်ယောက် ပိုင်ဆိုင်ရမဲ့ ယောကျာ်းတစ်ယောက်ပဲ]

ဒီအချိန်မှာပဲ စုပိုင်ရဲ့နှိမ့်ချတဲ့သဘောထားကို ဂရုမစိုက်နိုင်ကြတော့ဘူး။ ကြီးမြတ်သူချုံးချင်းကတောင် တိုက်ရိုက် ကတိပေးလိုက်တော့တယ်။

"စုပိုင် မင်း စိတ်ပူစရာ မလိုပါဘူး။ မင်းက ဘာမှလည်း လုပ်စရာမလိုဘူး။ မင်းက ငါ့သမီးနဲ့အတူတူနေဖို့ ဆန္ဒရှိသရွေ့ ငါ မင်းကို မရေမတွက်နိုင်တဲ့ ဝိညာဥ်ရတနာတွေကိုပေးမယ်"

"စုပိုင် မင်းရဲ့ကျင့်ကြံခြင်းက အကန့်အသတ်ဖြစ်နေတာကို ငါတွေ့တယ်။ တကယ်လို့ မင်း လျိုအာနဲ့ တာအိုစုံတွဲဖြစ်လာဖို့ လက်ခံမယ်ဆိုရင် ငါက မင်းကိုကူညီပြီး မင်းရဲ့အသွေးအသားနဲ့ ရိုးတွင်းချဥ်ဆီတွေကို ကူညီသန့်စင်ပေးပြီး မင်းရဲ့အရိုးတွေကိုလည်း ပြန်တည်ဆောက်ပေးမယ်"

"စုပိုင် သူတို့စကားကို နားမထောင်နဲ့၊ ငါက ဆေးလုံးတွေ သန့်စင်တဲ့နေရာမှာ ပညာရှင်တစ်ယောက်ပဲ၊ မင်းသာ သဘောတူမယ်ဆိုရင်..."

စုပိုင်က ကြီးမြတ်သူတွေရဲ့ ကတိပေးစကားကို နားထောင်လိုက်ပြီး သူ့မျက်လုံးထဲက ဇဝေဇဝါ ဖြစ်နေတဲ့အဖြေက တဖြည်းဖြည်းနဲ့ ပြတ်သားလာခဲ့တယ်။

ကြီးမြတ်သူတွေက သူ့ဆီကနေလိုချင်တာက ဘာကြီးပဲ ဖြစ်နေပါစေ ချီကျင့်ကြံခြင်းအဆင့်ပဲ ရှိတဲ့ ကျင့်ကြံသူတစ်ယောက်အနေနဲ့ သူ့မှာ ငြင်းပယ်ဖို့ရာနည်းလမ်းက မရှိလေဘူး။

နောက်ပြီးတော့ ကြီးမြတ်သူတွေ တောင်းဆိုထားတဲ့အရာကလည်း သူ့အတွက်တော့ အရေးမပါလှဘူး။ သူက ချွန်းရှန်းဂေဟာမှာ နှစ်ပေါင်းများစွာနေလာခဲ့ပြီး သူက အချစ်ရေးနဲ့ ပတ်သက်လာရင် ဘာမှတောင် ဂရုမစိုက်မိဘူး။

ဒါက ဒီဘဝမှာ သူ့ကံတရားကို ပြောင်းလဲဖ်ို့အတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်ကောင်းဖြစ်နိုင်တယ်။

သူကလည်း ကျင့်ကြံရေးတွေ လုပ်ချင်ပြီး သူ့ကိုယ်ပိုင်ဘဝကို ထိန်းချုပ်ထားနိုင်ချင်တယ်။

ကြီးမြတ်သူတွေရဲ့ မျော်လင့်ချက်အပြည့်မျက်လုံးတွေကို ကြည့်လိုက်ပြီး သူက ပင့်သက်တစ်ချက် ရှိုက်လိုက်ကာ သူတို့ကို တလေးတစား ဦးညွှတ်လိုက်တယ်။

"စုပိုင်က လူကြီးမင်းတို့ရဲ့ အလိုအတိုင်း လိုက်ပေးနိုင်ပါတယ်"

သူ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ ကြီးမြတ်သူချင်းချုံးက အလိုလို ခေါင်းညိတ်လိုက်တယ်။ ပါးနပ်ပြီး ကောင်းမွန်တဲ့ အရည်အချင်းရှိတာပဲ။

ဒီလိုနဲ့ စုပိုင်က ရွေးချယ်မှုတစ်ခု လုပ်စရာမလိုတော့ဘဲ ကြီးမြတ်သူတွေကြားမှာ အချင်းချင်း ဆွေးနွေးပြီး သဘောတူညီမှုရအောင် စောင့်ဆိုင်းဖို့ပဲ လိုတော့တယ်။

သူက ဒီလို သမက်ဖြစ်လာဖို့ ဆုံးဖြတ်ခဲ့ပြီးပြီ။

ဒီလိုစဥ်းစားလိုက်ပြီး သူက ဘာမှမတတ်နိုင်တော့သလို သက်ပြင်းချလိုက်တယ်။

"တာအိုရောင်းရင်းတို့လည်း သိပါတယ်၊ ကျုပ်သမီးက နှစ်ပေါင်းနှစ်ရာလောက် အုတ်မြစ်တည်ကျင့်ကြံခြင်းအဆင့်မှာ ပိတ်ဆို့နေခဲ့တာ၊ တကယ်လို့ ဆေးလုံးတစ်ခုကို မလုပ်ပေးနိုင်ဘူးဆိုရင် သက်တမ်းကလည်း မကြာခင်မှာ ကုန်ဆုံးသွားလိမ့်မယ်။ ကျုပ်က တာအိုရောင်းရင်းစုပိုင်ရဲ့ အကူအညီကို တကယ်ပဲ လိုအပ်နေတာပါ"

"ခင်ဗျားရဲ့သမီးက အဆင့်ကျော်ဖြတ်ဖို့ ဘာဆေးရည်မှ မသုံးခဲ့တာ သိနေတာပဲ။ သူ့မှာ နေဖို့ သက်တမ်းသုံးရာတောင် ကျန်သေးတယ်"

ကြီးမြတ်သူတန်းယန်က သူ့ကိုတွန်းထုတ်လိုက်ပြီး မျက်ရည်လဲရွဲနဲ့ အားလုံးကို ပြောလိုက်တယ်။

"ကျုပ်သမီးက ဆေးလုံးကို ခြောက်ကြိမ်သုံးခဲ့ပြီးပြီ၊ အခု သူ ထပ်ပြီး ကျရှုံးမယ်ဆိုရင် သူက ဒီတစ်သက်မှာဆေးလုံးကို ဘယ်တော့မှ ဖော်စပ်နိုင်တော့မှာ မဟုတ်ဘူး"

တခြားကြီးမြတ်သူတွေက ကြီးမြတ်သူတန်းယန်ရဲ့သမီးမှာ ဖြစ်ပျက်နေတဲ့ကိစ္စကို ကိုယ်ချင်းစာမိပေမဲ့လည်း ကျင့်ကြံရေးလောကထဲမှာ အခွင့်အရေးဆိုတာ ဖမ်းယူရမဲ့အရာပဲလေ။

သနားစရာကောင်းတဲ့အကြောင်း ပြောရမယ်ဆိုရင်တော့ သူတို့ရဲ့သမီးတွေမှာလည်း သနားစရာဥပမာတွေ ပေးစရာမှ အများကြီးပဲ...။

ရလဒ်အနေနဲ့ ဒီနေရာက ကြီးမြတ်သူတွေအားလုံးရဲ့ သမီးတွေအတွက် ယှဥ်ပြိုင်ရမဲ့ ပြိုင်ပွဲနေရာတစ်ခု ဖြစ်လာတော့တယ်။ အင်မတန်မှ အရည်အချင်းရှိလှပြီး ဘာပိတ်ဆို့မှုကိုမှ မခံစားရဖူးတဲ့ သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ကြီးမြတ်သူယွီလင်ကတောင် သမီးဖြစ်သူငယ်ငယ်တုန်းက ဝိညာဥ်မြွေတစ်ကောင်ကို က်ခံရတဲ့အကြောင်းကို သနားစဖွယ် ပြန်ပြီးပြောပြနေတော့တယ်။ စူးလီက ကျေကျေနပ်နပ်ကြီးနဲ့ နားထောင်နေလိုက်တယ်။ အားလုံးက သူတို့သမီးရဲ့ သနားစရာအကြောင်းတွေကို အားရပါးရ ပြောပြနေကြတဲ့အချိန်မှာ သူမကတော့မနေနိုင်ဘဲ ခေါင်းခါမိလိုက်တယ်။

[ဒီလူတွေက ဘာအတွက်များ တိုက်ခိုက်နေကြတာလဲ၊ စုပိုင်က တစ်ယောက်ထဲပဲ ယူလို့ရတာကျလို့~ ~]

[ဇနီးဖြစ်သူကို ကံကောင်းခြင်းတွေ ယူလာပေးနိုင်တဲ့ သူ့ရဲ့အားကောင်းတဲ့ ကံကောင်းခြင်းနဲ့ဆိုရင် လူအများကြီး တစ်လှည့်စီယူရင်တောင် ရှင်တို့သမီးတွေအတွက် ကံကောင်းခြင်းကို လုံလောက်အောင် ယူလာပေးနိုင်ပါသေးတယ်လေ]

ကြီးမြတ်သူတွေက ရုတ်တရက် ရပ်တန့်သွားတယ်။ ကြီးမြတ်သူတန်းယန်က လူအုပ်ကြီးရဲ့ စိတ်လှုပ်ရှားနေတဲ့ အမူအရာတွေကို လှမ်းကြည့်လိုက်ပြီး အရင်ဆုံး ပြောလိုက်တယ်။

"ကျုပ်တို့တွေရဲ့ သူတို့ရဲ့အရေးကြီးတဲ့ပေါ် မူတည်ပြီး အဆင့်သတ်မှတ်လိုက်ကြရင်ရော"

"ကြီးမြတ်သူတန်းယန်ပြောတာ တကယ့်ကို မှန်ကန်ပါတယ်"

အားလုံးက ရင်းရင်းနှီးနှီး တညီတညွှတ်နဲ့ ဆွေးနွေးလိုက်ကြပြီးတဲ့နောက်မှာ ပထမအဆင့်ရသွားတဲ့ ကြီးမြတ်သူတန်းယန်က စုပိုင်ကို လှမ်းဆွဲလိုက်ပြီး ပြောလိုက်တော့တယ်။

"ကျုပ်မှာ အရေးကြီးကိစ္စ လုပ်စရာတချို့ရှိသေးလို့ အခုတော့ ကျုပ် အရင်ဆုံး ပြန်ပါအုံးမယ်"

ကြီးမြတ်သူတန်းယန် ထွက်သွားတာနဲ့ ကြီးမြတ်သူယွီလင်ကလည်း လက်ကိုယမ်းပြလိုက်ပြီး စောစောက သူချထားတဲ့ အတားအဆီးကို ဖယ်ပေးလိုက်တယ်။

လေထဲမှာ ကြီးမြတ်သူတန်းယန်နဲ့ စုပိုင်တို့ကြားကစကားတွေကို ဝိုးတဝါးလေး ကြားလိုက်ရတယ်။

"ရှောင်ပိုင် အဆင့်ခြောက် ဟွားချန်းဝါးပင်ကို ကြိုက်လား၊ အဆင့်ခုနှစ် ယွီကျူးရူဝါးပင်ကို ကြိုက်လား ဒါမှမဟုတ် အဆင့်ခုနှစ်ရှိတဲ့ဝါးပင်ကို ကြိုက်လား ဒီအဆင့်က မင်းနဲ့ ထိုက်တန်တယ်"

"မင်းက ဂူထဲမှာ နေရတာကြိုက်လား ဒါမှမဟုတ် အဆောင်နဲ့ နေရတာကြိုက်လား၊ ဒါမှမဟုတ် ခြံဝန်းနဲ့ နေရတာကြိုက်လား..."

ပထမထပ်ရဲ့ ပြောင်းလဲနေတဲ့အရှိန်က ကြီးမြတ်သူတွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေပြီး ဆယ့်ငါးထပ်မှ ကုချင်တီးပြီး သီချင်းဆိုနေတဲ့ ကျောက်ရန်ကလွဲရင် တခြားကျင့်ကြံသူ အများကြီးရဲ့အာရုံကို မဆွဲဆောင်နိုင်ခဲ့ဘူး။

လှုပ်ရှားမှုကို အာရုံခံလိုက်မိတဲ့နောက်မှာ သူက ဘာမှမဟုတ်သလို အောက်ထပ်ကို လှမ်းကြည့်လိုက်တဲ့အခါ သူ့ဆရာရဲ့ အရပ်မြင့်မြင့် ထည်ဝါခမ်းနားလှတဲ့ပုံရိပ်ကို တွေ့လိုက်ရတယ်။

သူ့မှာအရမ်းကို ကြောက်လန့်သွားပြီး ခြေထောက်တွေ ချိနဲ့သွားကာ ကျောက်စိမ်းစင်ပေါ်မှာ လဲကျတော့မလို ဖြစ်သွားတော့တယ်။

ကျောက်ရန်က တစ်ဆယ့်ငါးထပ်မှာ သူ့ဆရာ သူ့ကိုမဖမ်းခင် တီးခတ်နေတာကို မြန်မြန်ဆန်ဆန်နဲ့ တိတ်တိတ်လေး ရပ်နားထားလိုက်ပြီး ကျောက်စိမ်းစင်ပေါ်မှာ သူ့ကိုယ်စား လူငယ်တစ်ယောက်ကို ဆွဲထည့်ထားလိုက်တယ်..

သူက သူ့မျက်နှာပေါ်မှာ ခြယ်သထားတဲ့ အဆင်အယင်အားလုံးနဲ့ ပေါင်ဒါမှုန့်တွေကို မြန်မြန်သုတ်ပစ်လိုက်တယ်။

ဒီအချိန်မှာတော့ သူက သန့်ရှင်းပြီးရိုးရှင်းတဲ့ပုံပေါက်နေပြီး တစ်ဆယ်ငါးလွှာမှာ ပေါ်လာတဲ့ မျက်နှာချေအပြည့်နဲ့ တင့်တယ်ကျော့ရှင်းတဲ့ ပညာရှင်ယွီယန်နဲ့ လုံးဝကို ကွာခြားသွားပြီ။ သူ့ကို နေ့တိုင်းနီးပါး မြင်ခဲ့ကြတဲ့ဧည်သည်တွေတောင်မှ မမှတ်မိနိုင်လောက်အောင် ဖြစ်သွားကြတော့တယ်။

...

All Chapters