← Chapters

အခန်း ၁၀၁

Vol. 7 Ch. 101

အခန်း ၁၀၁

Vol. 7 Ch. 101

အပိုင်း (၁၀၁)

သူတို့တွေက အပြင်လောကက ပြောလိုက်တဲ့စကားသံတိုင်းကို သိပြီးသားပဲ။ ဒါပေမဲ့ အဲဒီစကားလုံးတွေကို အတူတူ တွဲလိုက်တဲ့အချိန်ကျရင် ဘာဖြစ်လို့ နားလည်ဖို့ ခက်ခဲသွားတာလဲ မသိဘူး။

ရှန့်ဟော်တောင်ထွတ်သခင်က... သူ့ကိုယ်သူ မိန်းမတစ်ယောက်လို... ရုပ်ဖျက်ပြီးတော့ ဝိညာဥ်ကျောက်တုံးတွေကို လိမ်လည်နေတာတဲ့လား။

ဒါကလည်း သူတို့အမှား မဟုတ်ဘူးလေ။ ဒီကိစ္စက တကယ်ပဲအရမ်းကို ထူးဆန်းပြီး ကို့ယို့ကားယား နိုင်နေတာမဟုတ်လား။ အရမ်းကို ထူးဆန်းလွန်းလို့ အပြင်လောကကလာတဲ့အသံဆီကတောင် ထွက်လာတာ မဟုတ်လား။ သူတို့တွေက အဲဒီ အခိုက်အတန့်အတွင်းမှာပဲ သံသယမဖြစ်ဘဲ မနေနိုင်အောင်ဖြစ်သွားတော့တယ်။

အဲဒါက ရှန့်ဟော်တောင်ထွတ်သခင်လေ။ သူက ကျင့်ကြံရေးလောကထဲမှာဆိုရင် နာမည်ကြီးတဲ့ သူတစ်ယောက်ပဲ။

သူက တကယ်တော့... တကယ်ပဲ ဒီလိုအောက်တန်းကျတဲ့ကိစ္စကို လုပ်သတဲ့လား။

အမျိုးသမီးကျင့်ကြံသူတစ်ယောက်လို ဟန်ဆောင်ပြီးတော့ တခြားအမျိုးသားကျင့်ကြံသူတွေရဲ့ ခံစားချက်ကို လိမ်ညာနေတာတဲ့လား။

ဒါက ဒီအတိုင်းကို ယုံချင်စရာမရှိသလို တကယ်လန့်စရာကောင်းတာပဲ။

အားလုံးက ဖြစ်ပျက်နေတဲ့အကြောင်းအရာကို သဘောပေါက်သွားတဲ့အချိန်မှာပဲ သူတို့တွေက အပြင်လောကကပြောလိုက်တဲ့ နောက်ထပ်စကားသံကို ကြားလိုက်ရတယ်။

ဟမ်...

အပြင်လောကကလာတဲ့အသံက အခုလေးတင် ဘာပြောလိုက်တာ။

အားလုံးက ရှန့်ဟော်တောင်ထွတ်သခင်ဆီကနေ ဝိညာဥ်ကျောက်တုံးထောင်ချီ လိမ်ညာသွားတယ်ဆိုတာ ဘာသဘောလဲ။

ရှန့်ဟော်တောင်ထွတ်သခင်က အဲဒီကို သွားလိုက်တာ လူတွေကို လိမ်ညာဖို့ မဟုတ်ဘူးလား။

သူက ဝိညာဥ်ကျောက်တုံးတစ်တုံးလေးတောင် မရခဲ့တဲ့အပြင် သူတို့တွေက သူရဲ့ပိုက်ဆံကိုတောင် လိမ်ညာသွားတယ်တဲ့လား။

ဒီစကားကို ကြားလိုက်ပြီးတဲ့နောက်မှာ ဝမ့်ကျန်ဂိုဏ်းချုပ်ကြီးက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သူက ဘယ်လောက်ဘဲဆင်းရဲနေပါစေ ဒီလိုလိမ်ညာလှည့်ဖျားတဲ့ လမ်းကြောင်းပေါ်တော့ ဘယ်တော့မှ မဆင်းခဲ့ဖူးလို့ ရုတ်တရက် ကံကောင်းသွားသလို ခံစားရတယ်။

အဟမ်း... ကြည့်ရတာတော့ လူတိုင်းက လူလိမ်တော့ မဖြစ်နိုင်ပါဘူး။

အားလုံးကလည်း တုံ့ပြန်လိုက်ပြီးကြတဲ့နောက်မှာ သူတို့က အမှတ်တမဲ့ဆိုသလို ရှန့်ဟော်တောင်ထွတ်သခင်ရှိရာဘက်ကို ကြည့်လိုက်ကြတယ်။

ကျောက်ယန်ရဲ့အာရုံကတော့ သူတို့နဲ့လုံးဝကို ဆန့်ကျင်ဖက်ပဲ။ သူက ချန်ထျန်းဂိုဏ်းကို ရောက်နေတာ ကြာပြီဖြစ်တဲ့အတွက်ကြောင့် ဂိုဏ်းရဲ့တောင်ထွတ်သခင်တွေ၊ အကြီးအကဲတွေ၊ ကြီးမြတ်သူတွေရဲ့ နေ့စဥ်ရှက်စရာဘဝအကြောင်းကို သိထားပြီသားလေ။

အဟမ်း... ဝိညာဥ်ကျောက်တုံးကို ရှာဖွေဖို့အတွက်ဆိုရင် ရှန့်ဟော်တောင်ထွတ်သခင်က တချို့ပုံမှန်မဟုတ်တဲ့ အမူအကျင့်တွေတောင် ပြုလုပ်ခဲ့သေးတယ်။ ဒါကိုလည်း သူက နားလည်နိုင်ပါတယ်။

သူ့ကိုစိတ်ပူရစေတဲ့အရာကတော့ အပြင်လောကကလာတဲ့အသံ ပြောလိုက်တဲ့ နောက်ဆုံးတစ်ကြောင်းပဲ။

ရှန့်ဟော်တောင်ထွတ်သခင်က တကယ်တမ်းကျတော့ ချွန်းရှန်းဂေဟာမှာ ဖျော်ဖြေချင်ခဲ့တာတဲ့လား။

ဒါက သူတို့တွေကို ပြိုင်ဘက်ဖြစ်လာအောင် လုပ်နေတာ မဟုတ်လား။

ကျောက်ယန်က အမှတ်တမဲ့ဆိုသလို ခေါင်းထောင်သွားပြီး ရှန့်ဟော်တောင်ထွတ်သခင်ကို သေသေချာချာလေး လေ့လာလိုက်တယ်။

ကျင့်ကြံခြင်းနဲ့ ပတ်သက်လာရင်တော့ ရှန့်ဟော်တောင်ထွတ်သခင်က အင်အားအကြီးဆုံးဆိုတာ အမှန်ပဲ။ ဒါပေမဲ့ ဧည်သည်တွေက ကျင့်ကြံရေးနဲ့ပတ်သက်ပြီး ဒီလောက် ဂရုစိုက်ကြတာ မဟုတ်ပါဘူး။

ရုပ်ရည်နဲ့ ပတ်သက်လာရင်တော့ ငါကလည်း သူနဲ့ သိပ်မကွာလှပါဘူး။

အရည်အချင်းနဲ့ ပတ်သက်လာရင်ကော ဒါပေါ့ ငါက နည်းနည်းလေး ပိုပြီးတော့သာတယ်။ စိတ်နေသဘောထားအရဆိုရင်ကော ရှန့်ဟော်တောင်ထွတ်သခင်ရဲ့ပါးစပ်က လူတွေကို သေချင်စိတ်ပေါက်သွားအောင် လုပ်နိုင်တယ်ဆိုတာကို ကျောက်ယန် စဥ်းစားမိလိုက်တယ်...

အဲဒီအချက်တွေကို တစ်ခုပြီးတစ်ခု နှိုင်းယှဥ်ပြီးတဲ့နောက်မှာ သူက စိတ်အေးသွားခဲ့တယ်။

ရှန့်ဟော်တောင်ထွတ်သခင်က ချွန်းရှန်းဂေဟာကို ရောက်လာခဲ့တယ်ဆိုရင်တောင် နာမည်ကြီး ထိပ်တန်းကြယ်ပွင့်ဆိုတဲ့ သူရဲ့အဆင့်အတန်းကို လုံးဝထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်။

အားလုံးရဲ့အာရုံစိုက်ရာဖြစ်တဲ့ ရှန့်ဟော်တောင်ထွတ်သခင်က အပြင်လောကကပြောလိုက်တဲ့ စကားလုံးတိုင်းကို သေသေချာချာ ကြားလိုက်တယ်။ သူက အမှတ်တမဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အပြင်လောကက လာတဲ့အသံကို ကြားနိုင်တဲ့ကျင့်ကြံသူတွေများ ရှိနေအုံးမလားလို့ ကြည့်လိုက်တယ်။

အဲဒီနောက်မှာတော့__ သူက စိတ်လှုပ်ရှားမှုနဲ့ အတင်းအဖျင်းကို စိတ်ဝင်စားနေကြတဲ့ မရေမတွက်နိုင်တဲ့ မျက်လုံးအစုံတွေနဲ့ တွေ့ဆုံသွားတော့တယ်။

!!!

ဘယ်လိုဖြစ်ပြီးတော့ အဓိကဂိုဏ်းကြီးတွေနဲ့ မိသားစုအမျိုးမျိုးက ကျင့်ကြံသူတွေက ဒီကိုရောက်နေကြတာပါလဲ။

သူနဲ့ ပဋိပက္ခ ဖြစ်ခဲတဲ့ရှန်ယွင်အန်းပါ ရောက်နေသေးတယ်။

ဒီတော့ သူတို့တွေက အခုလေးတင် ကြားလိုက်တယ်ပေါ့....

သူက ရုတ်တရက်ဆိုသလို သူ့ရဲ့လက်တွေနဲ့ မျက်နှာကို အုပ်ထားလိုက်ပြီး လှည့်ထွက်သွားဖို့ ပြင်လိုက်တယ်။

ရှန်ယွမ်အန်းက ရှေ့ကိုမြန်မြန်ရောက်လာပြီး သူနဲ့မတော်တဆ တွေ့ဆုံခဲ့ဟန် ဟန်ဆောင်လိုက်ပြီး သူ့ကို အံ့သြတဲ့အကြည့်တစ်ခုနဲ့ လှမ်းဆွဲထားလိုက်တယ်။

"ဒါက ရှန့်ဟော်တောင်ထွတ်သခင် မဟုတ်လား။ ကျုပ်တို့တွေက တကယ်ပဲ ရေစက်ပါတယ်ထင်ပါရဲ့"

ရှန့်ဟော်တောင်ထွတ်သခင်က သူရဲ့လေသံထဲမှာ သိသိသာသာ ပီတိဖြစ်နေတဲ့ အသံကိုကြားလိုက်ရပြီး အံ့ကြိတ်ရင်းပြောလိုက်ရတော့တယ်။

"အကြီးအကဲရှန် ကျုပ်မှာ အရေးတကြီး သွားစရာရှိသေးလို့ ခင်ဗျားကိုဆက်ပြီး အဖော်မလုပ်နိုင်သေးဘူး"

"ဒီမယ် လူကြီးမင်းရန်ဖုန်းက အခုလေးတင်ပဲ ဖြည်းဖြည်းချင်း လျှောက်လာတာပဲ။ ဒီတော့ခင်ဗျားမှာ အလျင်လိုစရာ ကိစ္စမရှိဘူးလို့ ကျုပ်ထင်တယ်"

ရှန်ယွမ်အန်းရဲ့မျက်နှာက ကြင်နာမှုအပြည့်၊ ရင်းနှီးမှုအပြည့်ဖြစ်နေတယ်။ သူတို့တွေက ပြီးခဲ့တဲ့တစ်ခါ သူတို့တွေ့ခဲ့ကြပြီး နှစ်ပေါင်းသုံးရာလုံးလုံး အချင်းပွားခဲ့ကြတယ်ဆိုတာကို ဘယ်သူမှတောင် သိမှာမဟုတ်ဘူး။

"ဒါပေမဲ့ ဂိုဏ်ချုပ်အားလုံးနဲ့ မိသားစုခေါင်းဆောင်တွေ အားလုံးက ဒီနေရာကို ရောက်နေကြပြီ။ လူကြီးမင်းရန်ဖုန်းလည်း ဒီနေရာကိုရောက်နေပြီပဲ။ ဒါနဲ့များ ဘာလို့ မထွက်သွားခင် နှုတ်ဆက်စကားလေး မပြောခဲ့တာလဲ"

ရှန့်ဟော်တောင်ထွတ်သခင်က အံ့ကြိတ်ပြီး ဘယ်လိုငြင်းဆန်ရမယ်ဆိုတာ မသိခင်မှာဘဲ မရယ်မိအောင် ကြိုးစားနေတဲ့ ကောင်းကင်ကလာတဲ့အသံက ထပ်ပြီးထွက်လာတော့တယ်။

[ရှန့်ဟော်တောင်ထွတ်သခင်က သူရဲ့ထောင်ချောက်ထဲမှာ ဝိညာဥ်ကျောက်တုံးလေး တစ်တုံးလေးတောင် မရရတဲ့အကြောင်းရင်းကို အခုတော့ ငါ သဘောပေါက်သွားပြီ]

[စီးပွားရေးအရမ်းကို ဆိုးရွားလွန်းတဲ့ လူလိမ်တစ်ယောက်ဆိုတာ ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ။ ဟားဟားဟားဟား___ ___]

[တစ်ယောက်ယောက်က ကျင့်ကြံရေးလုပ်ရင်း တစ်ခုခု လွဲနေတာလို့ သူ့ကို လာပြီးညည်းညူရင် သူက ဒီလိုပဲ ပြန်ပြောတတ်တယ်။ ဒါကလည်း မင်းက လုံလောက်အောင် သေသေချာချာ မကျင့်ကြံသေးလို့ပဲ ဖြစ်ရမယ်တဲ့]

[တစ်ယောက်ယောက်ကနေပြီး သူ့မိဘတွေက အရမ်းကို စည်းကမ်းတင်းကျပ်ပြီး ကျင့်ကြံရေးကိစ္စကိုပဲ အာရုံစိုက်ဖို့ ပြောနေတယ်လို့ သူ့ကိုလာညည်းပြရင် သူက ဒီလိုပြန်ပြောတယ်တဲ့။ မင်းရဲ့မိဘတွေက မင်းကောင်းဖို့အတွက် လုပ်နေတာပဲတဲ့]

[တစ်ယောက်ယောက်က သီးသန့်ဖယ်ကြဥ်ခံထားရတယ်လို့ ညည်းညူရင် သူက ဒီလိုပြန်ပြောတယ်။ ကိုယ့်မှာ ပြဿနာရှိနေလား အရင်ဆုံးစဥ်းစားအုံးတဲ့]

[လူတွေက သူ့ကိုလာပြီးညည်းညူကြရင်...]

[သူတော်ကောင်းကြီးရယ် တခြားလူလိမ်တွေက ဂရုစိုက်တတ်တဲ့ အစ်မကြီးလို ဟန်ဆောင်နေကြပေမဲ့ ရှန့်ဟော်တောင်ထွတ်သခင်ကတော့ တကယ့်ကို လုံးဝ ပြောင်းပြန်ပဲ]

[သူရွေးချယ်ထားတဲ့ နူးညံ့လှတယ်ဆိုတဲ့ အမျိုးသမီးအသံကလည်း သူ့ခန္ဓာကိုယ်ပေါ်က အဆီတဝင်းဝင်းနဲ့ သတ်လတ်ပိုင်း ယောကျာ်းတစ်ယောက်ရဲ့အနံ့ကို ဖုံးကွယ်မထားနိုင်ဘူးလေ]

[ဒီလိုအကျင့်စရိုက်နဲ့များ သူက လူတွေကို လိမ်လည်သေးတယ်တဲ့။ ပြန်ပြီးအလိမ်မခံရတာပဲ ဝမ်းသာနေလိုက်အုံး]

ရှန့်ဟော်တောင်ထွတ်သခင်က လူလိမ်တစ်ယောက်လို ပြုမူနေတဲ့အကြောင်း အသေးစိတ် ကြားလိုက်ရပြီးတဲ့နောက်မှာ အားလုံးက မျက်နှာပေါ်မှာ တောင့်တင်းတဲ့အမူအရာတွေ ဖြစ်သွားကြတယ်။

ဒါပေမဲ့လည်း သူတို့တွေက ရှန့်ဟော်တောင်ထွတ်သခင်က သူက ချီးမွမ်းတဲ့အချိန်မှာတောင် လူတွေကို ဆို့နစ်ပြီး နာကျင်အောင် လုပ်နိုင်တာကို ပြန်ပြီးစဥ်းစားလိုက်မိတော့ သူတို့ရဲ့စိတ်ထဲမှာ သံသယ လုံးဝမဖြစ်လေဘူး။ ဒါက ရှန့်ဟော်တောင်ထွတ်သခင်လုပ်နိုင်တဲ့ အရာဆိုတာ အသိသာကြီးပဲလေ။

ရှန့်ဟော်တောင်ထွတ်သခင်က အပြင်လောကကလာတဲ့စကားသံကို နားထောင်လိုက်ပြီး အားလုံးရဲ့မျက်နှာပေါ်က အမူအရာကို ကြည့်လိုက်ပြီးတော့ သူရဲ့ပြတ်သားလှတဲ့မျက်ခုံးတွေက ဒေါင်လိုက် အရေးအကြောင်းသုံးခု ဖြစ်သွားတယ်။ သူတို့တွေက ဘာကို ရယ်နေကြတာတဲ့လဲ။

သူကတော့ သူပြန်ဖြေလိုက်တဲ့စကားထဲမှာ ဘာမှမှားတယ်လို့ မထင်လိုက်မိပါဘူး။

သူကသူတို့ရဲ့ ဝိညာဥ်ကျောက်တုံးတွေကို လိမ်လည်ချင်တယ်ဆိုပေမဲ့လည်း သူကတော့ တခြားလူလိမ်တွေနဲ့ မတူဘူးလေ။ တောင်ထွတ်သခင်တစ်ယောက်အနေနဲ့ သူ့မှာ သူ့ကိုယ်ပိုင်ကျင့်ဝတ်တော့ ရှိရမှာပေါ့။

သူက ဘယ်လိုလုပ်ပြီး သူတို့တွေကို လိမ်လည်နိုင်ပါ့မလဲ။ သူက သူတို့တွေကို လမ်းမှန်ပေါ်ရောက်အောင် အကောင်းဆုံး ကြိုးစားပြီး ခေါ်ဆောင်ပေးခဲ့တာပဲ။

ဒါကြောင့် သူပြောလိုက်တဲ့စကားလုံးတိုင်းက သူတို့ကောင်းဖို့အတွက်ပဲလေ။

သူတို့တွေက ကျေးဇူးမတင်ဘူးဆိုရင်လည်း ထားပါတော့။ ဒါပေမဲ့ သူတို့တွေက စေတနာကို အမုန်းတရားနဲ့ ပြန်ပေးချေကြပြီး သူရဲ့ဝိညာဥ်ကျောက်တုံးတွေကိုတောင် ဘာလို့ လိမ်လည်သွားကြတာလဲ။

နောက်ပြီးတော့__ သူမကရော သူ့ကို ဘာလို့ လိမ်လည်ခဲ့တာလဲ။ အပြင်လောကကလာတဲ့အသံကလည်း အချစ်ရေးမှာ လိမ်ညာခံလိုက်ရတဲ့ သူ့ရဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီး တော်တော်လေး သိချင်စိတ်ဖြစ်နေတာသေချာတယ်။ သူက နှစ်သိမ့်သလို မှတ်ချက်တွေ နည်းနည်းပါးပါး ပြောလိုက်ပြီးတဲ့နောက်မှာတော့ သူမက သူ့ရဲ့အချစ်ရေးသမိုင်းကြောင်းကိုစိတ်လှုပ်ရှားတဲ့ဟန်နဲ့ ပြောလိုက်တော့တယ်။

[မဖြစ်နိုင်တာ၊ မဖြစ်နိုင်တာ၊ ရှန့်ဟော်တောင်ထွတ်သခင်က ရှောက်ယွီကို မိန်းမတစ်ယောက်လို့ ထင်နေသေးတာတဲ့လား]

ရှန့်ဟော်တောင်ထွတ်သခင်ရဲ့ မျက်နှာပေါ်ကအမူအရာက ရုတ်တရက် အေးခဲသွားတော့တယ်။

ရှောက်ယွီက မိန်းမတစ်ယောက် မဟုတ်ဘူးတဲ့လား။ ဒါဆိုရင် ဧကန္တ သူက... ယောကျာ်းတစ်ယောက်များလား။

[ဟားဟားဟားဟား ကျွတ်ကျွတ် ယောကျာ်းနှစ်ယောက်စလုံးက မိန်းမတွေလို ဟန်ဆောင်ထားပြီး နှစ်ယောက်စလုံးက ဂရုစိုက်မှုတွေ နှစ်သိမ့်မှုတွေကို ဖော်ပြကြပြီး သူတို့တွေကို ကြည့်လိုက်ပါအုံး၊ မင်းကို ကြည့်ပါအုံးဆိုပြီး လုပ်နေတာပဲ]

[စကားလေး တစ်ခွန်း နှစ်ခွန်းလောက်နဲ့ တစ်ယောက်ယောက်က မျက်ရည်နဲ့ မျက်ခွက် ကျေးဇူးတရားတွေ ချစ်ခြင်းတရားတွေနဲ့ သူ့ကို လိမ်ညာသွားခဲ့တယ်။ သူ့ရဲ့သရုပ်အမှန်တောင် ပေါ်လုနီးပါးဖြစ်သွားတယ်]

[ရှင့်ရဲ့ရှောက်ယွီကလေ ဆက်ပြီးတော့သည်းမခံနိုင်တော့ဘဲ မထင်မရှား အကြံပေးချက်တွေ အများကြီးလုပ်ခဲ့သားပဲ။ ဒါပေမဲ့လည်း ရှင်က တကယ်ပဲ အချစ်စစ်ကို တွေ့ခဲ့ပြီလို့ ထင်နေခဲ့တာလေ__ ___]

[သူက အချစ်စစ်အတွက် လူကောင်းဖြစ်လာလုနီးပါးပဲတဲ့]

[ဟားဟားဟားဟား___ ___]

[ရှင့်ရဲ့အချစ်စစ်ကြီးကလေ ရှင် ပထမဦးဆုံး ပြောလိုက်တဲ့စကားမှာတင် လှေတစ်စီးတည်းဆိုတာကို သိလိုက်ပြီးသား]

ရှန့်ဟော်တောင်ထွတ်သခင်ရဲ့မျက်နှာက အကြိမ်ကြိမ်ပြောင်းလဲသွားပြီး နောက်ဆုံးတော့ ဒြပ်စင်လေးခုလုံး ပြောင်ရှင်းသွားတဲ့အခြေအနေလို စိတ်အေးသွားတဲ့ အခြေအနေတစ်ခုမှာ ရပ်တန့်သွားတော့တယ်။ နောက်ဆုံး ရှောက်ယွီက သူနဲ့ အချိန်အကြာကြီး ဆက်ဆံလာခဲ့တယ်ဆိုတာ သူ့ဆီက ဝိညာဥ်ကျောက်တုံးတွေကို လိမ်ညာဖို့ဆိုတာ သိပြီးသားပဲ]

ရှောက်ယွီက... ဒီအတိုင်း... ယောကျ်ားတစ်ယောက်တောင် မဟုတ်လောက်ဘူး။

သူ ဒါကို... လုံးဝ ဂရုမစိုက်ဘူး။

ဒီအချိန်မှာပဲ အားလုံးက နည်းနည်းလေး သနားနေတဲ့အကြည့်နဲ့ ရှန့်ဟော်တောင်ထွတ်သခင်ကို ကြည့်လိုက်ကြတယ်။

ရှန့်ဟော်တောင်ထွတ်သခင်က အဲဒီလောက်တောင် သနားစရာကောင်းနေလိမ့်မယ်လို့ သူတို့တွေ တကယ် ထင်မထားခဲ့ဘူးလေ။

ဒီအချိန်မှာပဲ အပြင်လောကကလာတဲ့အသံက ခပ်တိုးတိုးလေး ကောက်ချက်ချလိုက်တယ်။

[ဒီတော့ ရှန့်ဟော်တောင်ထွတ်သခင်က ဝိညာဥ်ကျောက်တုံးအတွက် လူတွေကိုလိမ်လည်ဖို့ ရည်ရွယ်ထားခဲ့တာပဲ။ ဒါပေမဲ့လည်း နောက်ဆုံးကျတော့ သူက သူ့ရဲ့နှလုံးသားကို ဆုံးရှုံးခဲ့ရတဲ့အပြင် ဝိညာဥ်ကျောက်တုံးပေါင်း တစ်သောင်းကျော်ကိုလည်း ဆုံးရှုံးခဲ့ရတယ်တဲ့]

[ဟားဟားဟားဟား ကံကောင်းချင်တော့ သူက ဆုံးရှုံးမှုကို အချိန်မီ တားဆီးလိုက်နိုင်တယ်လေ။ တကယ်လို့ သူက လူ့တချို့ကို ထပ်ပြီးလိမ်လည်ခဲ့အုံးမယ်ဆိုရင် ချန်းထျန်းဂိုဏ်းရဲ့ ငွေအားလုံးကို ဆုံးရှုံးသွားရနိုင်တယ်]

[ရှန့်ဟော်တောင်ထွတ်သခင်က ဘယ်လောက်တောင်များ ဆင်းရဲလွန်းလို့ လူတွေကိုလိမ်ညာပြီးတော့ ငွေရှာနေရတာပါလိမ့်]

ဒီစကားကို ကြားလိုက်တဲ့လူအားလုံးက နားစွင့်ထားလိုက်ကြတယ်။

[အယ်... ပေါင်းစပ်ကျင့်ကြံရေးကာလတုန်းက ရှန့်ဟော်တောင်ထွတ်သခင်ရဲ့ အတိဒုက္ခ ဖြတ်ကျော်ခြင်းမိုးကြိုးက နေရာမှားပြီးတော့ ပစ်မိသွားတာကိုး]

[သူက အတိဒုက္ခဖြတ်ကျော်ခြင်းလုပ်နေတဲ့ နေရာဘေးက ကြီးမားတဲ့ ဆေးစိုက်ခင်းကြီးကို ဖျက်ဆီးမိသွားခဲ့တယ်လေ။ သူက သူရဲ့ချမ်းသာမှုတွေအားလုံးကို စွန့်လွှတ်တယ်ဆိုရင်တောင် မလုံလောက်သေးဘူးတဲ့။ သူရဲ့အကြွေးတွေကို ပြန်ဆပ်ပေးဖို့ သူက တာဝန်တွေ အများကြီးလုပ်ခဲ့ရတယ်။ ဒါပေမဲ့လည်း သူက တာဝန်တွေကို ပြီးမြောက်အောင် မလုပ်နိုင်ခဲ့တဲ့အပြင် ဝိညာဥ်ကျောက်တုံးပဲ ဆုံးရှုံးခဲ့ရတယ်တဲ့]

[ဒီတော့ သူက... ဒီနောက်ဆုံး ဖြေရှင်းနည်းနဲ့ပဲ ဖြေရှင်းနိုင်တော့တာပေါ့]

[ကျွတ်ကျွတ် ချန်ထျန်းဂိုဏ်းရဲ့ အပြင်ဘက်ကတပည့်တွေကို လိမ်ညာခဲ့တဲ့အပြင် သူရဲ့ လူတွေကိုလည်း လိမ်ညာခဲ့သတဲ့]

အပြင်လောကကလာတဲ့ ဒီစကားကို ကြားလိုက်ရတဲ့အချိန်မှာ ထောင့်လေးနားမှာရှိနေတဲ့ ချန်ထျန်းဂိုဏ်းချုပ်ကြီးက အားတက်သရော ခေါင်းညိတ်လိုက်တော့တယ်။

မဟုတ်လို့လား။

ဒါကိုမြင်လိုက်တဲ့အခါ စူးလီက လက်တစ်ဖက်နဲ့ မေးကို ထောက်ထားလိုက်ပြီး ဂိုဏ်းအသီးသီးရဲ့ ဂိုဏ်းချုပ်တွေကို တွေးတွေးဆဆနဲ့ ကြည့်လိုက်တယ်။

"ဒီလူတွေသာ ချန်ထျန်းဂိုဏ်းကို သွားခဲ့ရင် သူတို့တွေ အကြွေးဘယ်လောက်များ တင်နေမလဲဆိုတာတကယ်ပဲ သိချင်မိသားပဲ"

"ရွှင့်ချန်ဂိုဏ်းချုပ်ကြီးရဲ့ တပည့်တွေထဲကတစ်ယောက်က တစ်ဒသမနှစ်သန်း အကြွေးတင်ခဲ့တယ်။ ဆရာတစ်ယောက်အနေနဲ့ သူက သူ့တပည့်ထက်နည်းပြီးတော့ အကြွေးတင်မှာတော့ မဟုတ်ဘူးလေ ဟုတ်တယ်မလား"

ရွှင့်ချန်ဂိုဏ်းချုပ်ကြီးရဲ့ မျက်နှာပေါ်က ပီတိတဖွားဖွားဖြစ်နေတဲ့ မျက်နှာအမူအရာက ရုတ်တရက်ဆိုသလို အေးခဲသွားတော့တယ်။

"ဝမ့်ကျန့်ဂိုဏ်းလဲ ရှိသေးတယ်။ ဝမ့်ကျန်ဂိုဏ်းရဲ့ဂိုဒေါင်ထဲက ဝိညာဥ်ကျောက်တုံးတွေက ချန်ထျန်းဂိုဏ်းကိုသာ ရောက်သွားရင် အကြွေးဆပ်ဖို့ လုံလောက်မလားပဲ"

ဝမ့်ကျန်ဂိုဏ်းချုပ်ကြီး မျက်လုံးထဲမှာ ရုတ်တရက်ဆိုသလို ကြောက်လန့်သွားတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားတယ်။

"နောက်ပြီးတော့ ထျန်းကျီးဂိုဏ်း၊ ထျန်းကျီးဂိုဏ်းချုပ်ရဲ့သားကရော ဝိညာဥ်ကျောက်တုံး ဘယ်လောက်တောင် အကြွေးထင်ထားပါလိမ့်၊ ကြည့်ရတာ တစ်သောင်းတော့ ပြည့်မယ်မထင်ဘူး"

ထျန်းကျီးဂိုဏ်းချုပ်က သူ့မုတ်ဆိတ်မွှေးကို သပ်နေတဲ့လက်ကို ဖြည်းဖြည်းချင်း ချထားလိုက်တယ်။

ဒီအချိန်မှာတော့ အပြင်လောကကလာတဲ့အသံကို ကြားလိုက်ရတဲ့ ချန်ထျန်းဂိုဏ်းချုပ်ကြီးက ထောင့်တစ်နေရာကနေ ထွက်လာပြီး အားလုံးရဲ့ရှေ့မှာ ပေါ်လာတော့တယ်။

"ကျုပ်ရဲ့တာအိုရောင်းရင်း ဂိုဏ်းချုပ်ကြီးတို့ ကျုပ် ခင်ဗျားတို့နဲ့ မတွေ့ရတာ နာရီဝက်လောက်ပဲ ရှိပါသေးတယ်။ ချန်းရှန်းဂေဟာမှာ ဘယ်လိုဖြစ်နေကြရဲ့လဲ"

သူက အားလုံးရဲ့အင်မတန်မှ တည်ကြည်နေတဲ့ပုံကို ကြည့်လိုက်ပြီး သူ့မျက်နှာပေါ် ပိုပြီးတော့ ဖော်ရွေပြီး ရင်းနှီးလာတယ်။ သူက သူတို့ကို ဧည့်ဝတ်ကျေပွန်စွာနဲ့ ဖိတ်ခေါ်လိုက်တယ်။

"ခင်ဗျားတို့တွေက ချန်ထျန်းဂိုဏ်းရှိတဲ့ မြို့ကို ရောက်လာကြပြီဆိုတော့ စကားစမြည်ပြောဖို့ ကျုပ်ရဲ့ ချန်ထျန်းဂိုဏ်းကို လိုက်ခဲ့ကြပါလား။ ဒီက ဂိုဏ်းချုပ်ကြီးက ခင်ဗျားတို့ကို သေချာပေါက် ကောင်းကောင်းလေး ဧည်ခံပါမယ်"

ရွှင့်ချန်ဂိုဏ်းချုပ်ကြီးရဲ့မျက်နှာက ဖြူဆုတ်သွားတော့တယ်။ သူက သူ့တပည့်တွေကို ချန်ထျန်းဂိုဏ်းမှာ အရင်ဆုံး လာနေခိုင်းခဲ့တာက ချန်းထျန်းဂိုဏ်းကို စောင့်ကြည့်ပြီး အကြွေးတွေကို တတ်နိုင်သလောက် ပြန်ဆပ်ခိုင်းဖို့လေ။

ဒါပေမဲ့အခုကျတော့...

သူကိုယ်တိုင်တောင် ချန်ထျန်းဂိုဏ်းကို သွားဖို့မပြောနဲ့ သူ့တပည်တွေကို ချန်းထျန်းဂိုဏ်းကို လွှတ်ဖို့မတွေးရဲတော့ဘူး။

ဒီလိုစဥ်စားလိုက်ပြီး သူ့မျက်နှာပေါ်ကအပြုံးက မနေနိုင်ဘဲ လူသတ်လိုတဲ့ အရိပ်အယောင်တစ်ခုနဲ့ ပြည့်နှက်သွားတော့တယ်။ သူက အံ့ကြိတ်ထားလိုက်ပြီး ပြောလိုက်တော့တယ်။

"မလိုပါဘူး ဒီကဂိုဏ်းချုပ်ကြီးက ဂိုဏ်းထဲမှာ အရေးကြီးကိစ္စ လုပ်စရာတစ်ခုရှိတာကို အခုမှပဲ သတိရသွားတယ်"

သူက စကားဆုံးသွားတဲ့နောက်မှာပဲ သူ့တပည့်နှစ်ယောက်ကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်တယ်။

"ရှချင်း၊ ကျောက်ယန် ဒီတစ်ခါတော့ ငါနဲ့အတူတူ ဂိုဏ်းကို ပြန်လိုက်ခဲ့ကြ"

သူ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှ, ချန်ထျန်းဂိုဏ်းချုပ်ကြီးက နှမြောတသသလို ပြောလိုက်တယ်။

"ဒါဆိုရင်တော့ တကယ်နှမြောစရာပါပဲ"

သူ့စကား ဆုံးသွားတော့ သူက အပြုံးတစ်ခုနဲ့ ကိုယ်ကိုလှည့်လိုက်ပြီး ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးကို ကြည့်လိုက်တယ်။

"ကျုပ်အထင်တော့ ဂိုဏ်းချုပ်ကြီးချီကတော့ အဆင်ပြေလိမ့်မယ်ထင်တယ်။ ကျုပ်တို့ ချန်းထျန်းဂိုဏ်းကို အလည်လာခဲ့ပါလား"

ဝမ့်ကျန်ဂိုဏ်းချုပ်ကြီးက နောက်ကိုဆုတ်လိုက်ပြီး လမ်းလျှောက်လိုက်ကာ သူ့အသံထဲမှာလည်း ပျောက်ကွယ်မသွားသေးတဲ့ ကြောက်ရွံ့မှုတွေ ပြည့်နှက်နေတော့တယ်။

"ရပါပြီ၊ ရပါပြီ၊ ကျုပ်မှာလည်း အရေးကြီးကိစ္စ လုပ်စရာလေး တချို့ရှိနေတယ်"

"ကျုပ် တပည့်စုန့်ယွီကလည်း အရေးကိစ္စတွေ ရှိသေးတယ်"

ဒီအခိုက်အတန့်တွင်းမှာပဲ ချန်းထျန်းဂိုဏ်းချုပ် ကြည့်လိုက်တဲ့ နေရာတိုင်းကလူတွေက နောက်ကို ပြန်ဆုတ်သွားကြပြီး သူနဲ့အကြည့်ချင်း မဆုံရဲအောင် ဖြစ်သွားကြတယ်။

စူးလီကလွဲလို့ပေါ့...

စူးလီက သူ နေ့တစ်ဝက်တုန်းက ပြောခဲ့တဲ့ စကားတွေကို ပြန်စဥ်းစားမိလိုက်တယ်။ အဲဒီနောက်မှာတော့ ချန်ထျန်းဂိုဏ်းအကြောင်းကို အင်မတန်မှ သိချင်စိတ် ဖြစ်လာတော့တယ်။

ချန်ထျန်းဂိုဏ်းရဲ့ဖရဲသီးက ငါထားခဲ့တဲ့ဝမ့်ကျန်ဂိုဏ်းက အဲဒီအညံ့စား ဖရဲသီးတွေထက် ပိုပြီးတော့ အရသာရှိနေတယ်မလား။

ဘာပဲဖြစ်ဖြစ်လေ ဝမ့်ကျန့်ဂိုဏ်းထဲက အပေါက်တွေကိုလည်း အစောကြီးကတည်းက ပြင်ဆင်ပြီးသွားပြီလေ။ အခုဖရဲသီးစားဖို့ နောက်တစ်နေရာကို သွားဖို့အချိန်တန်ပြီလေ...။ အော်မဟုတ်ပါဘူး အပေါက်တွေကိုပြင်ပေးဖို့ အချိန်တန်ပြီလို့ပြောတာပါ။

ငါက ကိုယ့်အလုပ်ကို ချစ်မြတ်နိုးတဲ့ လူကောင်းတစ်ယောက်ပဲ။ အလုပ်ကိုပဲ စိတ်နှစ်ထားရမှာပေါ့။

ဒီလိုစဥ်းစားလိုက်ပြီး သူမက ရှေ့ကိုနှစ်လှမ်းတိုးလိုက်ကာ အပြုံးတစ်ခုနဲ့ ချန်ထျန်းဂိုဏ်းချုပ်ကြီးကို ပြောလိုက်တယ်။

"ချန်ထျန်းဂိုဏ်းချုပ်ကြီးက တစ်စုံတစ်ယောက်ကိုများ လိုအပ်သေးလား"

ချန်ထန်းဂိုဏ်းချုပ်ကြီးရဲ့မျက်လုံးက ရုတ်တရက်ဆိုသလို လင်းလက်သွားတော့တယ်။

"တာအိုရောင်းရင်း မင်းက ချန်ထျန်းဂိုဏ်းကို အလည်လာချင်လို့လား"

သူက စူးလီအကြောင်းကို အများကြီး မသိဘူးဆိုပေမဲ့လည်း သူမ ဝတ်စားထားတဲ့ပုံစံနဲ့ တခြားသူတွေက သူမကို တရိုတသေ ဆက်ဆံတဲ့ပုံစံကြောင့် သူမက သေချာပေါက် ချမ်းသာလိမ့်မယ်လို့ သူ သိလိုက်တယ်။

စူးလီက ခေါင်းညိတ်လိုက်တဲ့အချိန်မှာပဲ သူမဘေးက ရှန်းချန်းဟန်ကလည်း ရှေ့ကိုနှစ်လှမ်းတိုးလာတာကို တွေ့လိုက်ရတယ်။

"ချန်ပေ့ ကျွန်မလည်း ချန်ပေ့နဲ့အတူတူသွားမယ်"

ရှန်းချန်းဟန် ပြောလိုက်တဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက ကြောက်လန့်တကြား အကြည့်တစ်ခုနဲ့ ပြောလိုက်တော့တယ်။

"ဆရာတူဦးလေး ဘိုးဘေးကြီးက ဆရာတူဦးလေးကို စောင့်ဆိုင်းနေပါသေးတယ်"

ရှန်းချန်းဟန်ရဲ့ အဆင့်အတန်းကို ထောက်ချင့်လိုက်ရင် သူမသာ ချန်ထျန်းဂိုဏ်းကို တကယ်တမ်း သွားချင်တယ်ဆိုရင် ဝမ့်ကျန်ဂိုဏ်းတစ်ခုလုံး ရောင်းလိုက်တာတောင် အကြွေးကျေမယ်လို့ မထင်ဘူးလို့ သူ ခံစားမိနေတယ်။

သူက အားတက်သရော အကြံပေးလိုက်တယ်။

"ဆရာတူဦးလေး ဆရာတူဦးလေးက အခုအချိန်မှာ ဓားသိုင်းလေ့ကျင့်ဖို့အတွက် အကောင်းဆုံး အသက်အရွယ် ဖြစ်နေပါသေးတယ်။ အချိန်တွေကို အလကား ဖြုန်းလိုက်လို့ မဖြစ်ဘူးလေ"

အထူးသဖြင့် ဒီအချိန်မှာပဲ သူက ချန်ထျန်းဂိုဏ်းချုပ်ကြီးကို ရက်စက်တဲ့အကြည့်တစ်ခုနဲ့ လှမ်းကြည့်လိုက်ပြီး ကိုယ်ကိုလှည့်ကာ ဘာမှမတတ်နိုင်တဲ့ အရိပ်အယောင်တစ်ခုရောနေတဲ့ လေးစားတဲ့အမူအရာတစ်ခုနဲ့ ပြောလိုက်တော့တယ်။

"မင်းလည်း ဒါကိုကြားခဲ့တာပဲ၊ ချန်းထျန်းဂိုဏ်းက... တကယ်တော့ မင်းသွားဖို့ မသင့်တော်ပါဘူး”

ရှန်းချန်းဟန်က ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးကို လေးနက်တဲ့မျက်နှာတစ်ခုနဲ့ ပြောလိုက်တယ်။

"ဂိုဏ်းချုပ်ကြီး စိတ်မပူပါနဲ့၊ ကျွန်မ ဘယ်နေရာပဲရောက်ရောက် ကျွန်မကို တစ်ယောက်ယောက်က ကြီးကြပ်ပေးနေတာပဲဖြစ်ဖြစ် မစောင့်ရှောက်ပေးတာပဲဖြစ်ဖြစ် ကျွန်မက ကျွန်မရဲ့ကျင့်ကြံခြင်းကိုတော့ လျစ်လျူရှုထားမှာ မဟုတ်ပါဘူး။

"တကယ်လို့ ကျွန်မက အကြွေးတင်သွားတယ်ဆိုရင်လည်း ကိုယ့်ဟာကို အကြွေးပြန်ဆပ်ပြီး ဂိုဏ်းကို ဝန်ထုပ်ဝန်ပိုး ဖြစ်အောင် လုပ်မှာမဟုတ်ပါဘူး"

သူမက ပြောရင်းဆိုရင်း ချန်ထျန်းဂိုဏ်းကို ဘာယူသွားရင်ကောင်းမလဲလို့ စဥ်းစားလိုက်တော့တယ်။ ချန်ပေ့ကြိုက်တဲ့ အသားကင်ပါဝင်ပစ္စည်းတွေရယ်၊ အရုပ်တွေ ချုပ်လုပ်ဖို့အတွက် အပ်နဲ့ အပ်ချည်တွေရယ်၊ ပြီးတော့...

ဝမ့်ကျန်ဂိုဏ်းချုပ်ကြီးက ပြောစရာစကား ပျောက်ဆုံးသွားပြီး ရှန်းချန်ဟန်ရဲ့စိတ်ကို ပြောင်းလဲသွားအောင် ဘယ်လိုနားချရမယ်မှန်း မသိတော့တဲ့အချိန်မှာပဲ စူးလီက ကိုယ်ကိုလှည့်လိုက်ပြီး တခစ်ခစ်ရယ်မောလိုက်ကာ ရှန်းချန်းဟန်ရဲ့ပခုံးကို ပုတ်လိုက်တယ်။

"ငါ တစ်ယောက်တည်း သွားလို့ရပါတယ်" သူမရဲ့အသံက ပျော့ပြောင်းပြီး သိမ့်မွေ့နေတယ်။

"နင်ကတော့ ဝမ့်ကျန်ဂိုဏ်းမှာပဲ ကောင်းကောင်း လေ့ကျင့်သင့်တယ်။ နောက်တစ်ခါ ငါတို့တွေ တွေ့တဲ့အချိန်ကျရင် ငါ နင့်ရဲ့ဓားသိုင်းပညာကို စစ်ဆေးရလိမ့်မယ်"

...

All Chapters