← Chapters

အခန်း ၁၀၂

Vol. 7 Ch. 102

အခန်း ၁၀၂

Vol. 7 Ch. 102

အပိုင်း (၁၀၂)

သူမရဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ရှန်ချန်းဟန်က ငေးကြောင်ကြောင်နဲ့ နေရာမှာတင် ရပ်နေမိတယ်။ သတိပြန်ဝင်လာပြီးတဲ့နောက်မှာတော့ သူမက စိုးရိမ်တဲ့အရိပ်အယောင်တစ်ခုနဲ့ ပြောလိုက်တယ်။

"ဒါပေမဲ့ ချန်ပေ့... ချန်ထျန်းဂိုဏ်းက ချန်ပေ့တစ်ယောက်ထဲသွားဖို့ အရမ်းအန္တရာယ်များပါတယ်"

စူးလီက လက်တစ်ဖက်နဲ့ သူမရဲ့နဖူးကို အသာအယာလေးထိလိုက်ပြီး လူတိုင်းမမြင်နိုင်တဲ့ ကောင်းကင်တာအိုရဲ့ အမှတ်အသားတစ်ခုက သူမရဲ့မျက်ခုံးကြားထဲမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတယ်။

အဲဒီနောက်မှာတော့ သူမက သူမရဲ့ခေါင်းပေါ်မှာ လက်လေးကို တင်လိုက်ပြီး နှစ်ချက်လောက် အသာအယာလေး ပုတ်ပေးလိုက်တယ်။

"ကောင်းတဲ့ကိစ္စတွေအားလုံးက နောက်ဆုံးတော့ သေချာပေါက်ရောက်လာမှာပဲ ကျင့်ကြံသူတစ်ယောက်ရဲ့ဘဝဆိုတာ အရမ်းကို ရှည်လျားပါတယ် သိပ်မကြာခင်မှာပေါ့... ငါတို့တွေ ထပ်ပြီးတွေ့ကြမှာပါ..."

ရှန်းချန်းဟန်က သူမရဲ့မျက်လုံးထဲက မျက်ရည်တွေကို ဖယ်ရှားပစ်ဖို့ နည်းနည်းလေး မျက်တောင်ခတ်လိုက်ပြီး သူ့မရဲ့အသံထဲမှာလည်း စိုးရိမ်တဲ့အရိပ်အယောင်တစ်ခု ရှိနေတယ်။

"ဒါပေမဲ့ ချန်ပေ့..."

စူးလီက သူမရဲ့လက်ကို ပြန်ချထားလိုက်ပြီး အေးအေးလူလူ အသံတစ်ခုနဲ့ ပြောလိုက်တယ်။

"ငါက ချန်ထျန်းဂိုဏ်းရဲ့ လွှမ်းမိုးမှုကို ကြောက်နေလိမ့်မယ်လို့ နင်က ထင်လို့လား"

သူမရဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ရှန်းချန်းဟန်က အလွန်မှလေးနက်တဲ့ဟန်နဲ့ ခေါင်းခါပြလိုက်တယ်။ ချန်ပေ့က ဘာကိုမှ မကြောက်တာ အမှန်ပဲလေ။

စူးလီက တခစ်ခစ်ရယ်မောလိုက်ပြီး ပြောလိုက်တယ်။

"ဒါဆိုရင် နင်က ဘာကို စိတ်ပူနေတာလဲ"

ဒီအချိန်မှာပဲ သိပ်မဝေးလှတဲ့နေရာက ထျန်းကြီးဂိုဏ်းချုပ်ရဲ့အသံက ရုတ်တရက်အကျယ်ကြီး ထွက်လာတော့တယ်။

"ထျန်းယောင် မင်းက ချန်ထျန်းဂိုဏ်းမှာ ဘာလုပ်နေသေးတာလဲ"

"ငါ လက်မလျှော့ရသေးခင် မင်းက ငါ့ကို ဝိညာဥ်ကျောက်တုံး ထောင်ချီအောင် အကြွေးတင်စေချင်နေတာလား"

ထျန်းယောင်က ရိုးရှင်းလှတဲ့ ကျင့်ကြံသူတစ်ယောက်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ရဲ့သိမ်မွေ့ပြီးချောမောတဲ့မျက်နှာပေါ်မှာ ခေါင်းမာတဲ့အကြည့်တစ်ခု ရှိနေတယ်။

"အဖေ ချန်ထျန်းဂိုဏ်းမှာ ကျွန်တော့်အတွက် အခွင့်အရေးတစ်ခု ရှိတယ်ဆိုတာကို ကျွန်တော် တွက်ချက်မိထားတယ်"

"ဒါက ဝိညာဥ်ကျောက်တုံး တစ်ထောင်လောက်လေးပါပဲ။ အခွင့်အရေးလောက်တော့ အရေးမကြီးပါဘူး"

သူ ပြောလိုက်တဲ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ ထျန်းကျီးဂိုဏ်းချုပ်ကြီးက အင်မတန်မှ ဒေါသထွက်သွားပြိး သူရဲ့မုတ်ဆိတ်မွှေးကို မှုတ်ထုတ်ပြီး ဝါးစားမတတ် ကြည့်လိုက်တော့တယ်။

" မင်းရဲ့ဂဏန်းသုံးလုံးပဲသိတဲ့ သင်္ချာကို ငါက မသိလို့လား။ မင်းက အခွင့်အရေးအကြောင်း ပြောနေတယ်။ ဒါက ရှားပါးတဲ့ အခွင့်အရေးတစ်ခု မဟုတ်မှာဘဲ ငါက စိုးရိမ်တယ်"

"အဖေ ကျွန်တော်က ကျွန်တော်ရဲ့ကိုယ်ပိုင်ဂမ္ဘီရဉာဏ်ကို မယုံကြည်ဘူးဆိုရင် တခြားဘယ်သူက ယုံကြည်တော့မှာလဲ"

ထျန်းယောင်ရဲ့မျက်နှာက ပြတ်သားတဲ့ ဆုံးဖြတ်ချက်အပြည့် ဖြစ်နေတယ်။

"အဖေ အခွင့်အရေးတွေက ရှားပါးပါတယ်။ တကယ်လို့ ကျွန်တော်က ဒီတစ်ခုနဲ့ လွဲသွားခဲ့မယ်ဆိုရင် နောက်တစ်ခုက ဘယ်အချိန်မှ ရောက်လာမလဲဆိုတာ မသိဘူး"

"အဖေ ကျွန်တော် ချန်ထျန်းဂိုဏ်းမှာပဲ နေမှဖြစ်မယ်"

ထျန်းကြီးဂိုဏ်းချုပ်ကြီးက အသက်အရွယ် ကြီးရင့်လာမှ ဒီသားတစ်ယောက်ပဲ ရှိပြီး သူ့ကိုအမြဲ အလိုလိုက်ပြီး ချစ်မြတ်နိုးခဲ့ရတယ်။ ထျန်းယောင်ရဲ့ ပြတ်သားလှတဲ့ရုပ်ကို မြင်လိုက်ရပြီးတဲ့နောက်မှာ သူက ဒေါသတကြီးနဲ့ အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ပြီး ပြောလိုက်တယ်။

"ဒါဆိုရင် မင်း ချန်ထျန်းဂိုဏ်းမှာပဲနေပြီး မင်းရဲ့အခွင့်အရေးကို ရှာပေတော့"

"နောက်ပြီးတော့ မင်းချန်ထျန်းဂိုဏ်းမှာ တင်ထားတဲ့ အကြွေးတွေကိုလည်း မင်းဟာမင်း ပြန်ဆပ်ရမယ်။ ထျန်းကျီးဂိုဏ်းက ဘာတစ်ခုမှ တာဝန်ယူပေးမှာ မဟုတ်ဘူး"

ထျန်းယောင်က သူရဲ့ သဘောတူတဲ့အသံကို ကြားလိုက်ပြီးတဲ့နောက်မှာ သူ့ကို မြန်မြန်ဆန်ဆန် ဦးညွှတ်ပြီးပြောလိုက်တယ်။

"ကျေးဇူးတင်ပါတယ် အဖေ"

နာရီဝက်ကြာပြီးတဲ့နောက်မှာတော့

စူးလီက ချန်ထျန်းဂိုဏ်းရဲ့ လှေပျံပေါ်မှာထိုင်ပြီး မသိမသာ မျက်မှောင်ကျုံ့မိလိုက်တယ်။

ချန်ထျန်းဂိုဏ်းရဲ့လှေပျံကြီးက ဘယ်လိုဖြစ်ပြီး ဆယ်နှစ်ကျော်ကြာ အသုံးပြုလာခဲ့တဲ့ ကားအိုကြီးတစ်စီးနဲ့ တူနေတာလဲ။ ဒါက လှုပ်ခါနေတဲ့အပြင် ပျံနေတုန်းမှာလည်း တကျွီကျွီနဲ့ မြည်နေသေးတယ်။

ဒီအချိန်မှာပဲ သူမက လှေပျံရဲ့တခြားတစ်ဖက်က ချန်ထျန်းဂိုဏ်းချုပ်ကြီးနဲ့ သူ့တပည့်တွေကြားက စကားဝိုင်းကို ကြားလိုက်တယ်။

"ဆရာ ဒါက အရမ်း ထူးဆန်းသွားပြီ၊ တုယွီကျိုးက အချိန်အကြာကြီး ပျံသန်းလာခဲ့တာပဲ။ အရင်ဆုံး ရှဲ့မိသားစုကို သွားခဲ့တယ်။ နောက်ပြီးတော့ ဟွားချန်းမြို့ကိုလည်း လာခဲ့တယ်။ ဒါပေမဲ့လည်း အခုကျတော့ ဘာမှမဖြစ်ဘူးပဲ”

ပုံမှန်ဆိုရင် ဒီလှေကြီးက ပုံမှန်အကွာအဝေးရဲ့ တစ်ဝက်တောင် မပြည့်တဲ့ အကွာအဝေးကို ပျံခိုင်းလိုက်ရင် နှစ်ခါ၊ သုံးခါလောက်တော့ ပျက်စီးပြီးသားပဲလေ။

ဧကန္တ သူတို့ချန်ထျန်းဂိုဏ်းကြီးက ပိုပြီးတော့ကောင်းမွန်တဲ့ အလှည့်အချိုး ရောက်လာပြီလား။

တပည့်ရဲ့ စကားဆုံးသွားပြီး ချက်ချင်းမှာပဲ စူးလီက သူမရဲ့ခြေထောက်အောက်မှာ လှေပျံကြီးက တုန်ခါသွားတာကို ခံစားလိုက်ရတယ်။ နောက်တစ်စက္ကန့်မှာပဲ လှေက ဆက်ပြီးထိန်းမထားနိုင်တော့ဘဲ ပြုတ်ကျသွားတော့တယ်။

သူမက‌ ပေါ့ပေါ့ပါးပါး ပျံလိုက်ပြီး စိတ်ထဲမှာ သက်ပြင်းချလိုက်မိတယ်။ ဒီတပည့်ကြီးက တကယ် ပါးစပ်ပုတ်ကြီးပဲ။

ချန်ထျန်းဂိုဏ်းချုပ်ကြီးကလည်း လှေပျံကြီးက မြန်မြန်ဆန်ဆန် ထိုးဆင်းသွားတယ်လို့ ခံစားလိုက်ရတဲ့အခါ လှေပျံကြီးက မြေကြီးပေါ်ကို ပြုတ်ကျသွားပြီး ပျက်စီးသွားမှာ စိုးရိမ်တာနဲ့ ဒါကို မြန်မြန် သိမ်းလိုက်တယ်။

အခုတော့ ချန်ထျန်းဂိုဏ်းမှာ အားကိုးစရာဆိုလို့ ဒီလှေပျံတစ်ခုပဲ ရှိတော့တာလေ။

အဖွဲ့က သိပ်သည်းလှတဲ့ တောနက်တစ်ခုထဲမှာ ရပ်နားလိုက်ကြတယ်။ စူးလီက အားလုံးစီးဖို့အတွက် သူမရဲ့လှေပျံကို ထုတ်လိုက်မယ်လို့ ပြင်လိုက်တဲ့ဆဲဆဲမှာပဲ သူမက ဘာမှမလုပ်ရသေးခင်မှာပဲ သိပ်မဝေးလှတဲ့နေရာက အငြင်းပွားနေတဲ့အသံကို ရုတ်တရက် ကြားလိုက်ရတယ်။

သူမက အဲဒီစကားလုံးတွေကို နားထောင်လိုက်ပြီး ဖရဲသီးစားချင်တဲ့ စိတ်ဝိညာဥ်က ရုတ်တရက် နိုးထလာတယ်။ သူမက ငြင်းခုန်သံတွေလာတဲ့ဖက်ကို ခြေဖျားထောက်ပြီး လှမ်းကြည့်လိုက်တယ်။

သိပ်သည်းလှတဲ့သစ်တောကြီးရဲ့ ထောင့်တစ်ခုမှာ

ဖူမင်ထျန်းက သူမနဲ့တော်တော်လေး မကိုက်ညီတဲ့ ခမ်းနားထည်ဝါတဲ့ ပန်းရောင်ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားတယ်။ သူမက သူမရဲ့မျက်ခုံးထဲမှာ မာကြောတဲ့စိတ်သဘောထားတစ်ခုနဲ့ ပြတ်သားတဲ့ အရိပ်အယောင်တစ်ခုတွေ ရှိနေတယ်။ ချစ်စဖွယ်ကောင်းပြီး တက်ကြွလန်းဆန်းတဲ့ပန်းရောင်က သူမနဲ့မကိုက်ညီနေဘူး။

သူမက သူမရဲ့ စွမ်းအားဗဟိုချက်နားက နာကျင်မှုကို သည်းခံထားလိုက်ပြီး သူမရှေ့မှာရပ်နေတဲ့သူကို အေးစက်စက်နဲ့ ကြည့်လိုက်တယ်။ သူမရှေ့က ဖူယွီကျင်းကလည်း ပန်းရောင်ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားတယ်။

ဖူယွီကျင်းကတော့ လှပတဲ့မျက်နှာတစ်ခုနဲ့ သိမ်မွေ့တဲ့ရုပ်သွင်တစ်ခုကို ပိုင်ဆိုင်ထားပေမဲ့လည်း သူမရဲ့မျက်လုံးထဲက နက်ရှိုင်းတဲ့မလိုတမာစိတ်က သူမရဲ့အမူအရာကို နည်းနည်းလေး အကျည်းတန်သွားအောင် လုပ်နေတယ်။

သူမက ဖူမင်ထျန်းကို ခပ်ရေးရေး ပြုံးပြလိုက်ပြီး သူမအသံထဲမှာလဲလည်း လှောင်ပြောင်သရော်နေတဲ့ဟန် အပြည့်ဖြစ်နေတယ်။

"အစ်မ နင်က ဖူမိသားစုရဲ့သွေးသားရင်းချာ အမွေဆက်ခံသူ တစ်ယောက်ဆိုတာ သိနေသားပဲ။ အဖေနဲ့ အမေက ဘာဖြစ်လို့များ မွေးစားကလေးဖြစ်တဲ့ကျွန်မကိုပဲ ချစ်မြတ်နိုးကြတာလဲ”

"နင်နဲ့ငါနဲ့ တစ်ချိန်တည်းမှာ အန္တရာယ်ဖြစ်တဲ့အခါတောင်မှ သူတို့တွေက ငါ့ကို ကယ်တင်ဖို့ ရွေးချယ်ကြပြီး နင့်ကိုတော့ လက်လျှော့လိုက်ကြတယ်လေ"

သူမက သူမရဲ့ညာဖက်လက်ကို ဆန့်ထုတ်လိုက်ပြီး ဖူမင်ထျန်းကို အသာအယာ ဝေ့ယမ်းပြလိုက်တယ်။

"အဲဒီနေ့တုန်းကပေါ့၊ ငါက ငါရဲ့လက်ပေါ်မှာဓားရာလေး သေးသေးလေးပဲ ရှခဲ့တာလေ။ ဒါပေမဲ့လည်း အစ်ကိုက အရမ်းကို စိုးရိမ်သွားတာပေါ့၊ အမေကတောင်မှ အဆင့်ငါးရေခဲပန်းကို ထုတ်ပေးခဲ့သေးတယ်လေ"

"ဘယ်သူကမှ နင့်ကို ကြည့်တောင် မကြည့်ကြဘူး၊ တကယ်လို့ နင်က ကိုယ်ဟာကိုသာ ထုတ်မပြောဘူးဆိုရင် အားစိုက်ထုတ်မှုတွေ အများကြီးလုပ်ပြီး နင်ကျင့်ကြံထားခဲ့တဲ့ ရွှေအမြုတေကျင့်ကြံခြင်းအဆင့်က ဘယ်လိုလုပ်ပြီး ပြိုကွဲသွားတယ်ဆိုတာ ဘယ်သူက သိမှာလဲ"

ဖူမင်ထျန်းရဲ့ ဖြူဆုတ်သွားတဲ့ နှုတ်ခမ်းတွေက ဖြောင့်တန်းနေတဲ့မျဥ်းတစ်ခုလို တင်းနေအောင် စေ့သွားပြီး သူမရဲ့အသံကလည်း အေးစက်သွားတယ်။

"နင် ကြွားလို့ပြီးပြီလား"

သူမက သူမမိဘတွေရဲ့ လျစ်လျူရှုခံထားရတာကို နေသားကျနေပြီဆိုပေမဲ့လည်း ဖူယွီကျင်း ပြောလိုက်တဲ့စကားကို ကြားလိုက်ရတဲ့ အခိုက်အတန့်မှာ သူမရဲ့နှလုံးသားက နာကျင်မိနေသေးတယ်။

"အစ်မ နင့်ရဲ့စကားလုံးတွေက တကယ်ခံစားရခက်တယ်နော်။ ငါက ကြွားနေတာ မဟုတ်ပါဘူး။ ငါက လက်တွေ့ကိုပဲ နင့်ကို ရင်ဆိုင်စေချင်တာ"

ဖူယွီကျင်းက သူမရဲ့ ကျင့်ကြံခြင်းအဆင့်ကို မနာလိုစိတ်ဖြစ်နေတာကို ဖိနှိပ်ထားလိုက်ပြီး သူမရဲ့အသံထဲမှာ ဆိုးညစ်မှုတွေနဲ့ ပြောလိုက်တယ်။

"နင်က ရွှေအမြုတေကျင့်ကြံခြင်းအဆင့်ကို ခက်ခက်ခဲခဲ ကျင့်ကြံလိုက်တော့ရော ဘာအရေးလဲ။ ဖူမိသားစုထဲမှာ ရွှေအမြုတေကျင့်ကြံခြင်းအဆင့်က ရှားမှမရှားပဲ"

"နင်က ရွှေအမြုတေကျင့်ကြံခြင်းအဆင့် တစ်ယောက်ဖြစ်ပြီးတော့ ငါက အခြေတည်ဆောက်ခြင်း အဆင့်ကျင့်ကြံခြင်းဖြစ်နေရင်တော့အဖေ၊ အမေနဲ့ အစ်ကိုတွေကတော့ ငါ့ကိုပဲ ဂရုစိုက်ကြမှာပဲ"

ဒီအချိန်မှာတော့ သူမက ဝင့်ကြွားတဲ့ရုပ်တစ်ခုနဲ့ သူမကို လှမ်းကြည့်လိုက်ပြီး သူမရဲ့အသံထဲမှာလည်း အသာစီးရပြီး သရော်လှောင်ပြောင်မှုအပြည့် ဖြစ်နေတယ်။

"နင်က ပျောက်သွားပြီးပြီဆိုရင်လည်း အပြင်မှာပဲ သေသွားတာတောင် ပိုကောင်းအုံးမယ်။ ဘာဖြစ်လို့များ ဒုက္ခခံပြီး ဖူမိသားစုကို ပြန်လာခဲ့သေးလဲ"

ဖူမင်ထျန်းက ဖူမိသားစုဆီကိုသာ မပြန်လာခဲ့ဘူးဆိုရင် သူမက ဖူမိသားစုရဲ့ မွေးစားကလေးဆိုတာကိုဘယ်သူမှ သိကြမှာမဟုတ်ဘူး။

ဒီအခိုက်အတန့်အတွင်းမှာ သူမရဲ့မိဘတွေက သူမကို ဘယ်လိုပဲ နှစ်သိမ့်နေပါစေ မရည်မတွက်နိုင်တဲ့လူတွေက သူမကို သူမရဲ့နောက်ကွယ်မှာ အရူးတစ်ယောက်လို ပြောဆိုပြီး စောင့်ကြည့်နေကြတာကိုလည်း သူမ ကခံစားမိနေရတုန်းပဲ။

"ဒါက ငါ့အိမ်ပဲ၊ ဒီတော့ ငါ ပြန်လာရမှာပေါ့"

ဖူမင်ထျန်းက သူမရဲ့မျက်လုံးတွေကို ဖွင့်ထားလိုက်ပြီး သူမရဲ့အသံထဲမှာလည်း ဖူမိသားစုဆီက အစောပိုင်းက မျှော်လင့်ချက်တွေ ဆက်ပြီးရှိမနေတော့ဘူး။

သူမက လက်တွေ့ကျကျအချက်ကိုပဲ ပြောလိုက်တော့တယ်။

ရောင်းချခံလိုက်ရပြီး ခက်ခဲတဲ့အချိန်ကာလ အတောအတွင်းမှာ သူမကို ရှေ့ဆက်သွားဖို့ အားပေးနေတဲ့အရာတွေက သူမရဲ့ဆွေမျိုးတွေနဲ့ ဖူမိသားစုနဲ့ပတ်သက်တဲ့ မှတ်ဉာဏ်တွေပဲလေ။ သူမက ကလေးဘဝတုန်းက ဘယ်လို အလိုလိုက်ခံခဲ့ရတယ်ဆိုတာကိုတောင် ရေးရေးလေး မှတ်မိနေသေးတယ်။ သူမရဲ့မိဘတွေက သူမ ပျောက်သွားတဲ့အခါ အင်မတန်မှ စိုးရိမ်ကြတာကို သူမက ခံစားမိလိုက်တယ်။ ဒါကြောင့်လည်း သူမက ပင်ပင်ပန်းပန်းနဲ့ လေ့ကျင်ပြီး ဖူမိသားစုကို ပြန်လာဖို့ အကောင်းဆုံး ကြိုးစားခဲ့တာပေါ့။

ဒါပေမဲ့ သူမပျောက်သွားပြီး သိပ်မကြာခင်မှာပဲ သူမရဲ့အမေက အင်မတန်မှ ဝမ်းနည်းနာကျင်ရတဲ့အတွက် ချက်ချင်းပဲ မိန်းကလေးတစ်ယောက်ကို မွေးစားခဲ့တယ်။ သူက ဖူယွီကျင်းပေါ့။

ဖူယွီကျင်းက သူမရဲ့နေရာကိုယူထားပြီး ဖူမိသားစုထဲမှာ အချစ်ခံပြီး ကြီးပြင်းလာခဲ့တယ်။

သူမ ပြန်ရောက်လာပြီးတဲ့နောက်မှာ အားလုံးက သူမကို ခပ်ကင်းကင်းနေကြပြီး မရင်းနှီးသလိုတောင် ကြည့်ကြတယ်။ နောက်ပိုင်းကျတော့ ဖူယွီကျင်းရဲ့ ဆက်တိုက် ပစ်မှတ်ထားခံရတဲ့အောက်က ဒီအကြည့်တွေထဲမှာ တဖြည်းဖြည်းနဲ့ ဒေါသနဲ့ ရွံ့ရှာမှုတွေ ပေါ်ပေါက်လာခဲ့တယ်။

တစ်ခါတလေ သူမရဲ့မိဘတွေက သူမ ထင်ထားသလောက် သူမကို ဂရုစိုက်တာမဟုတ်တာ မဟုတ်တာကို အမှတ်မှားနေတာများလားလို့ စဥ်းစားနေမိတယ်။

အဲလိုမှမဟုတ်ရင် သူမက သူမရဲ့တည်ရှိမှုကို လုံးဝအစားထိုးပစ်လိုက်ဖို့ နောက်ထပ်လူတစ်ယောက်ကို ဘာလို့ အစားထိုးမှာလဲ။

အခုကျတော့ ဒီကြီးမားလှတဲ့ဖူမိသားစုထဲမှာ သူမအတွက် နေရာမရှိတော့သလိုပဲ။

ဖူယွီကျင်းက သူမ ပြန်ပြောလိုက်တဲ့စကားကို ကြားလိုက်ရတဲ့အချိန်မှာ သူမမျက်နှာပေါ်က လှောင်ပြောင်မှုတွေက ပိုပြီးတော့ ထင်ရှားလာခဲ့တယ်။

"ဖူမိသားစုကို နင့်ရဲ့အိမ်လို့ တကယ်ပဲ ထင်နေသေးတာလား"

အဲဒီအချိန်မှာပဲ သူမက တစ်ခုခုကို ရုတ်တရက် သတိရသွားဟန်တူပြီး ဖူမင်ထျန်းကို ငုံ့ကြည့်လိုက်တယ်။

"နင်က အစ်ကိုယွီနဲ့ နင့်ရဲ့လက်ထပ်ပွဲကိစ္စကို အခုထိ စဥ်းစားနေသေးတာတော့ မဟုတ်ပါဘူးနော်"

"အခု နင့်ဟာနင် ပြန်ကြည့်လိုက်စမ်း၊ နင်က ဒုက္ခသည်တစ်ယောက်လို ဖြစ်နေပြီ အစ်ကိုယွီက ဘယ်လိုလုပ်ပြီး နင့်ကိုကြိုက်တော့မှာလဲ"

သူမက သူမရဲ့အဝတ်အစားကို ဖြည်းဖြည်းချင်း ပြင်ဆင်လိုက်တယ်။

"အစ်ကိုယွီက ငါ့ကို အစောကြီးကတည်းက ကတိပေးပြီးသွားပြီ။ ငါက သူ့ရဲ့တစ်ဦးတည်းသောဇနီး ဖြစ်လာလိမ့်မယ်"

"နင်က တကယ်ပဲ အစ်ကိုယွီကို စွဲလမ်းနေတယ်ဆိုရင်တော့ ငါက အစ်ကိုယွီကို နင်နဲ့တွေ့ပေးဖို့ နားချပေးနိုင်ပါတယ်"

ဖူမင်ထျန်းက ရုတ်တရက် သူမရဲ့မျက်လုံးကို မှိတ်ထားလိုက်ပြီး သူမရဲ့မျက်နှာကလည်း ဖြူဆုတ်သွားတာ သွေးလုံးဝမရှိတော့တဲ့အတိုင်းပဲ။

လင်ဟွားယွီက သူမရဲ့ရှေ့မှာရပ်ပြီး သူမကို ကာကွယ်ပေးမယ်လို့ ပြောခဲ့တဲ့မြင်ကွင်းကို ရုတ်တရက် သတိရမိသွားတယ်။

သူမက ပင့်သက်ရှည်ကြီး တစ်ချက်ရှိုက်လိုက်ပြီး ဖြည်းဖြည်းချင်း ပြန်မှုတ်ထုတ်လိုက်ကာ သူမရဲ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ အေးစက်ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်သွားတယ်။

"ဒါက ယောကျာ်းတစ်ယောက်ပဲ နင်ကြိုက်တယ်ဆိုရင် ယူလိုက်ပေါ့"

အခုအချိန်ကစပြီး သူမရဲ့ အာရုံစူးစိုက်မှုနဲ့ ထိုက်တန်တဲ့ တစ်ခုတည်းသောအရာက ကျင့်ကြံခြင်းပဲ။ ကျင်ကြံခြင်းကသာလျှင် သူမကို သစ္စာဖောက်လိမ့်မှာ မဟုတ်ဘူး။

"ငါ့မှာ လေ့ကျင့်စရာ ရှိသေးတယ်။ ဒီတော့ နင့်ကို ဆက်ပြီး အဖော်မပြုပေးနိုင်တော့ဘူး"

"လေ့ကျင့်မယ် ဟုတ်လား"

ဖူယွီကျင်းက သူမကြားလိုက်တဲ့စကားကို ပုံကြီးချဲ့ပြီး အော်ရယ်လိုက်တယ်။

"နင့်ရဲ့ ရွှေအမြုတေကျင့်ကြံခြင်းအဆင့်က ဒီအခြေအနေထိ ပျက်စီးပြီးသွားတဲ့နောက်မှာတောင် နင်က လေ့ကျင့်နိုင်သေးတယ်လို့ ထင်နေတာလား"

ဖူမင်ထျန်းက ရုတ်တရက် နေရာမှာတင် အေးခဲသွားတယ်။ သူမက ကိုယ့်ဟာကို သေသေချာချာလေး ဂရုစိုက်သရွေ့ နေပြန်ကောင်းလာမယ်လို့ သမားတော်ပြောလိုက်တဲ့စကားကို ကြားထားပေမဲ့လည်း သူမက အင်မတန်မှ ကြောက်ရွံ့နေမိသေးတယ်။

တကယ်လို့များ သူမက ဆက်ပြီးတော့ လေ့မကျင့်နိုင်တော့ဘူးဆိုရင်...

သူမရဲ့မျက်လုံးထဲမှာ ရုတ်တရက်ဆိုသလို စိတ်ပျက်အားလျော့ပြီး ရက်စက်သွားတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားတယ်။ အဲဒီနောက်မှာတော့ သူမက သူမနဲ့အတူ မြှုပ်နှံခံရဖို့အားလုံးကို ဆွဲခေါ်သွားရလိမ့်မယ်။ ဒီအချိန်မှာပဲ ရင်းနှီးသလို မရင်းနှီးလှတဲ့အသံတစ်ခုက ခပ်သဲ့သဲ့လေး ပေါ်လာတယ်။

[ဒီဖူမင်ထျန်းက တကယ်သနားစရာကောင်းတာပဲ]

[ငယ်ငယ်တုန်းက အစ်ကိုနဲ့ ကစားနေရင်း ပျောက်သွားခဲ့ပြီး မင်မိသားစုရဲ့ လျှို့ဝှက်အစောင့်စခန်းထဲမှာ ရောင်းချခံလိုက်ရတယ်။ ဒုက္ခတွေ အများကြီး ခံလိုက်ရပြီး နောက်ဆုံးတော့ ဖူမိသားစုကို ပြန်လာခဲ့တယ်]

[ရလဒ်ကတော့ လျှို့ဝှက်ရဲမက်စခန်းထဲမှာ နေရတာထက်ပိုပြီးတော့ ဆိုးရွားနေတယ်]

[မိဘတွေက အချင်းချင်းကို ဘက်လိုက်တတ်ကြပြီး သူတို့နှစ်ယောက်စလုံးကလည်း တစ်ချိန်တည်းမှာ ပြန်ပေးဆွဲခံလိုက်ရတယ်။ မိဘတွေက နှစ်ယောက်ကြားကို ရွေးချယ်ကြတဲ့အခါ သူတို့တွေက ဖူမင်ထျန်းကို လှည့်တောင်မကြည့်ကြဘူး။ အစ်ကိုကလည်း သူ့ကိုမုန်းတီးပြီး သူက သူမကို တွေ့လိုက်ရတဲ့အချိန်တိုင်းမှာ ညီမဖြစ်သူကို သေချာမစောင့်ရှောက်တဲ့အတွက် သူ့မိဘတွေ ဆဲဆိုခံရတဲ့အချိန်ကိုပဲ သတိရမိတယ်။ လက်ထပ်ရမဲ့သူကလည်း တခြားသူကို ချစ်ကြိုက်သွားခဲ့တယ်]

[အနိုင်ကျင့်ခံရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်]

[ဝမ်းနည်းစရာကောင်းတဲ့ ဝတ္တုတစ်ပုဒ်ထဲက တွေ့နေကျ သူရဲကောင်းမလေးပဲ]

[အယ် ဒါတော့မဟုတ်သေးဘူး___]

[ဖူမင်ထျန်းက ရောင်းစားခံလိုက်ရတာ သိပ်တောင် မကြာသေးဘူး။ သူ့က သူ့ခန္ဓာကိုယ်ထဲကချီကို ဆွဲထုတ်ပြီးပြီတဲ့။ ကြည့်လိုက်ပါအုံးမယ်၊ လျှို့ဝှက်အစောင့်စခန်းထဲမှာ သူဒဏ်ရာရတဲ့အကြိမ်တိုင်း သိပ်မကြာခင်မှာပဲ သူရဲ့ကျင့်ကြံရေးအဆင့်က တိုးတက်လာခဲ့...]

[သူရဲ့ကျင့်ကြံရေးအဆင့်က ဖူမိသားစုကို မပြန်လာခင်အထိ အရမ်းကြီး မြန်မြန်ဆန်ဆန် တိုးတက်ခဲ့တာ မဟုတ်ဘူး]

[အလို... သူကရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်တာ ခံစားရတဲ့အချိန်တိုင်း သူရဲ့ကျင့်ကြံခြင့်အဆင့်က မိုးထိုးသွားတာပဲ]

ဒါကို တွေ့လိုက်ရတဲ့အချိန်မှာ ဖူမင်ထျန်းရဲ့ လက်ရှိအခြေအနေကို မော့ကြည့်ပြီး အကဲမခတ်ဘဲ မနေနိုင်အောင် ဖြစ်သွားတယ်။

[ဒါက ပုံမှန်အခြေတည်စ ဝိညာဥ်အဆင့်နဲ့ မတူဘူးဆိုပေမဲ့လည်း ဒါက အခြေတည်စဝိညာဥ် ဖွဲ့စည်းခြင်းမရောက်ခင် စွမ်းအားချိုးဖျက်ခြင်းအဆင့်ဖြစ်မှာပေါ့]

[အခု သူက ဆိုးဆိုးရွားရွား နှိပ်စက်ခံထားရတာကို စဥ်းစားကြည့်မယ်ဆိုရင် သူက နှစ်ရက်အတွင်း အခြေတည်စဝိညာဥ်ကျင့်ကြံခြင်းအဆင့်ကို ရောက်သွားမယ်ထင်တာပဲ]

...

All Chapters