အခန်း ၁၀၄
Vol. 7 Ch. 104
အပိုင်း (၁၀၄)
ဖူမိသားစုဝင်တွေအားလုံးနဲ့ လင်ဟွားယွီတို့က တင်ပျဉ်ခွေထိုင်နေတဲ့ ဖူမင်ထျန်းကို မယုံမကြည် ကြည့်လိုက်ကြတယ်။
သူက တကယ်ပဲ... အခြေတည်စ ဝိညာဥ်ကျင့်ကြံခြင်းအဆင့်ကို ရောက်သွားပြီတဲ့လား။
ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။ သူက ရွှေအမြုတေကျင့်ကြံခြင်း အဆင့်ရောက်ထားတာ နှစ်ဝက်တောင် မပြည့်သေးဘူးလေ။ သူက ဘယ်လိုဖြစ်ပြီး နှစ်ဝက်အတွင်းမှာ အခြေတည်စ ဝိညာဥ်ကျင့်ကြံခြင်းအဆင့်ကို တိုးနိုင်မှာလဲ။
ကျင့်ကြံရေးလောကထဲက အထူးခြားဆုံး ပါရမီရှင်တွေတောင်မှ တစ်နှစ်အတွင်းမှာ ပိုပြီးအဆင့်မြင့်တဲ့ ကျင့်ကြံခြင်းတစ်ခုကို တိုက်ရိုက်တိုးတက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။
ဖူမင်ထျန်းက ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။
သူတို့က ဘယ်လောက်ပဲ အထိတ်တလန့်ဖြစ်နေပါစေ။ ဖူမိသားစုသခင်ကြီးက အားလုံးကိုဦးဆောင်ပြီး နောက်ကို မြန်မြန်ဆုတ်သွားလိုက်ပြီး မိုးကြိုးအတိဒုက္ခနယ်မြေထဲကနေ ထွက်ခွာလိုက်ကြတယ်။
တိတ်တဆိတ် လေ့လာနေကြတဲ့ ချန်ထျန်းဂိုဏ်းဝင်တွေ အားလုံးရဲ့ မျက်နှာအမူအရာကလည်း ထိုနည်းတူစွာ တအံ့တသြ ဖြစ်သွားကြတယ်။ ထိတ်လန့်တဲ့အရိပ်အယောင်တွေနဲ့ ဇဝေဇဝါ ဖြစ်သွားကြသလို အားကျတဲ့အရိပ်အယောင်နဲ့လည်း ထိတ်လန့်နေကြတယ်။
ဖူမင်ထျန်းက အခုစိတ်ဝိညာဉ်သဏ္ဌာန်ငယ်ကို ရသွားပြီတဲ့လား။
ဒါကအခြေတည်စ ဝိညာဥ်ကျင့်ကြံခြင်းလေ။
သူ့ကိုကူညီပေးမဲ့ ဝိညာဥ်စွမ်းအင်ရတနာတွေ တစ်ခုမှမရှိဘဲနဲ့ ဒါကို စိတ်ချလက်ချနဲ့ ချိုးဖျက်နိုင်တဲ့ဝိညာဥ်စွမ်းအင်ရှိတဲ့ နေရာတစ်ခုမရှိဘဲနဲ့ သူကတခြားသူတွေရဲ့ နှုတ်အားဖြင့် နိုပ်စက်ညှဉ်းပန်းတာကို ခံလိုက်ရရုံနဲ့ ... စိတ်ဝိညာဉ်သဏ္ဌာန်ငယ်ကို ဖွဲ့စည်းနိုင်တယ်ပေါ့။
ကျင့်ကြံရေးလောကထဲမှာ ကျင့်ကြံသူတစ်ယောက်အတွက် သူရဲ့ကျင့်ကြံခြင်းအဆင့်ကို တစ်ဆင့် ပိုမြင့်အောင် အဆင့်မြင့်တင်ဖို့ဆိုတာ အင်မတန်မှခက်ခဲတာပဲ။ တကယ်လို့ လူတစ်ယောက်ရဲ့ အရည်အချင်းက အရမ်းကို ထူးချွန်မနေဘူးဆိုရင် မရေမတွက်နိုင်တဲ့ ဝိညာဥ်ရတနာတွေ အကူအညီရှိနေတယ်ဆိုရင်တောင် သူက သူ့တစ်သက်တာမှာ အခြေတည်စ ဝိညာဥ်ကျင်ကြံခြင်းအဆင့် မပြောနဲ့ ရွှေအမြုတေအဆင့်ကိုတောင် အောင်မြင်ဖို့တောင် မဖြစ်နိုင်ဘူး။
အဲလိုမှမဟုတ်ဘူးဆိုရင် မဟာယနပညာရှင်တွေ တော်တော်များများက သူတို့ရဲ့သားသမီးတွေရဲ့ကိစ္စနဲ့ ပတ်သက်ပြီး အဲလောက်ထိ စိတ်ပူနေမှာ မဟုတ်ဘူးလေ။
နိုပ်စက်ခံရပြီး တစ်စုံတစ်ယောက်ရဲ့ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ဖို့အထောက်အကူဖြစ်တယ်ဆိုတဲ့ ဒီကံတရားကြီးက ကြွယ်ဝချမ်းသာတဲ့ ဇနီးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ကံတရားထက် သူတို့ကိုပိုပြီးတော့ ထိတ်လန့်သွားစေခဲ့တယ်။
အားလုံးက အထိတ်တလန့် ဖြစ်နေကြတဲ့အချိန်မှာပဲ ပထမဦးဆုံးမိုးကြိုးသွားက ပစ်ချလိုက်တယ်။
ဖူမင်ထျန်းက မိုးကြိုးပစ်ခံလိုက်ရပြီး လျှပ်စီးတွေက သူမကိုယ်ပေါ်မှာ တဖျတ်ဖျတ် လင်းလက်သွားတယ်။ ပတ်ဝန်းကျင်နေရာကလည်း မိုးကြိုးသွားအောက်မှာ မဲနက်တူးခြစ်သွားတော့တယ်။
အဝေးတစ်နေရာက ချန်ထျန်းဂိုဏ်းကလူတွေကို ကာကွယ်ပေးထားတဲ့ အတားအဆီးကလည်း မိုးကြိုးသွား ထိရိုက်ခံလိုက်ရပြီး နတ္ထိဖြစ်သွားတယ်။ အားလုံးရဲ့ပုံရိပ်တွေက တဖြည်းဖြည်း ပေါ်ထွက်လာတယ်။
မကြာခင်မှာပဲ ယွမ်ယင်းကာလကောင်းကင် မိုးကြိုးသွားသုံးခုက ပစ်ချလာပြီး ယွမ်ယင်းကာလရဲ့ ဖိအားတွေက ဖူမင်ထျန်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ပေါ်ထွက်လာပြီး ညို့မှိုင်းနေတဲ့ကောင်းကင်ကြီးက ရုတ်ခြည်းဆိုသလို ကြည်လင်သွားတော့တယ်။
ဖူမိသားစုသခင်ကြီးက အခြေတည်စဝိညာဥ် ကျင့်ကြံခြင်းအဆင့် ရောက်သွားတဲ့ ဖူမင်ထျန်းကို မျက်နှာပေါ်မှာ အင်မတန်မှ ရှုပ်ထွေးနေတဲ့အမူအရာတစ်ခုနဲ့ ကြည့်နေမိတယ်။
ရွှေအမြုတေကျင့်ကြံသူတစ်ယောက်ဆိုတာက ဖူမိသားစုအတွက် သိပ်ပြီး အဓိပ္ပာယ်မရှိဘူးလေ။ ဒါပေမဲ့ အခြေတည်စဝိညာဥ် ကျင့်ကြံသူတစ်ယောက်ကတော့ လုံးဝကွဲပြားသွားပြီ။
ဖူမိသားစုတစ်ခုလုံးမှာ အခြေတည်စ ဝိညာဥ်ကျင့်ကြံသူက တစ်ယောက်ထဲပဲ ရှိတယ်။ ဖူမိသားစု သခင်ကြီးပေါ့။
ဖူယွီကျင်းက အမှတ်တမဲ့ ဖူမိသားစုသခင်ကြီးကို လှမ်းကြည့်လိုက်တယ်။ သူမက သူရဲ့တွေးတွေးဆဆ အမူအရာကို မြင်လိုက်တဲ့အချိန်မှာ သူမရဲ့မျက်လုံးထဲက မနာလိုမှုတွေကို ဖုံးကွယ်ထားဖို့ ရုတ်တရက် ခေါင်းကို ငုံ့ထားလိုက်တယ်။ ဖူမင်ထျန်းက သာမန်အရည်အချင်းရှိတဲ့သူ မဟုတ်လား။ သူက ဘယ်လိုဖြစ်ပြီး ဒီလိုနဲ့ပဲ စိတ်ဝိညာဉ်သဏ္ဌာန်ငယ်တစ်ယောက် ရလာတာလဲ။ ဒီလိုစဥ်းစားလိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ မနာလိုစိတ်တွေ ပြည့်နေတဲ့အပြင် အကူအညီမဲ့သွားတဲ့ဟန် ဖြစ်သွားတော့တယ်။
အခြေတည်စ ဝိညာဥ်ကျင့်ကြံသူတစ်ယောက်က ဖူမိသားစုအတွက်ဘယ်လောက် အရေးပါတယ်ဆိုတာကို သူမလည်းပဲ သိထားတယ်လေ။
ဖူမင်ထျန်းက သူမရဲ့အဖေအမေနဲ့ အချစ်တွေ အာရုံစိုက်ခံရတာတွေကို ထပ်ပြီးတော့ ရသွားတော့မှာလား။ အဲဒီအချိန်ကျရင် သူမက အခုလိုပဲ ဖူမိသားစုရဲ့တစ်ဦးတည်းသော အမြင့်ဆုံးမှာရှိနေတဲ့ သခင်မလေးဖြစ်အုံးမှာလား။
သူမက ဖူမိသားစုဝင်တွေ နင်းချေခံရပြီး မုန်းတီးခံရတဲ့ ဖူမင်ထျန်းလို ဖြစ်လာမှာလား။
ဖူယွီကျင်းက ပျာယာခတ်သွားပြီး ဘာပြောရမယ်မှန်း မသိတဲ့အချိန်မှာပဲ ဖူမင်ထျန်းက ဖြည်းဖြည်းချင်း သူ့မျက်လုံးတွေကို ဖွင့်လိုက်တယ်။ သူမက သူမရဲ့စွမ်းအင်ဗဟိုချက်ထဲမှာ ထူးထူးခြားခြား ပေါများကြွယ်နေတဲ့ ဝိညာဥ်စွမ်းအားတွေကို ခံစားမိလိုက်ပြီး ပီတိဖြစ်သွားတဲ့ အရောင်တစ်ခုက သူမရဲ့မျက်လုံးပေါ်မှာ ဖျတ်ခနဲ လက်သွားတယ်။ သူမက ခေါင်းကိုမော့လိုက်ပြီး ဖူမိသားစုကို သူမကို သွားရည်ကျအောင်လုပ်နိုင်တဲ့ အဆီတဝင်းဝင်းနဲ့ အသားတုံးလို လှမ်းကြည့်လိုက်တယ်။
ဒီအချိန်မှာပဲ သူမရဲ့စိတ်ထဲမှာ အတွေးတစ်ခုပဲရှိတော့တယ်။ အဲဒါက သူမ ဖူမိသားစုထဲမှာနေမှပဲ ဖြစ်တော့မယ်။
ဖူမိသားစုက သူမရဲ့ကျင့်ကြံခြင်းအဆင့် တိုးတက်ဖို့အတွက် လျှို့ဝှက်ရတနာပဲလေ။ ဒီလိုစဥ်းစားလိုက်ပြီး သူမက သူမရဲ့အကြည့်ကို မြန်မြန်ထိန်းချုပ်ထားလိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ အားကျတဲ့အရိပ်အယောင်တစ်ခုနဲ့ ဖူမိသားစုသခင်ကြီးကို ကြည့်လိုက်တယ်။
"အဖေ... ကျွန်မလေ အခြေတည်စဝိညာဥ် ကျင့်ကြံခြင်းအဆင့်ကို ရောက်သွားပြီထင်တယ် ဟုတ်လား"
သူမက ထိတ်လန့်နေတဲ့ရုပ်တစ်ခုနဲ့ သူမရဲ့စွမ်းအင်ဗဟိုချက်ကို အုပ်ထားလိုက်ပြီး ခုနက ဖြစ်သွားတဲ့ကိစ္စကို မြန်မြန် ရှင်းပြလိုက်တယ်။
"အဖေ ခုနက ဖူယွီကျင်းကို တွန်းလိုက်တာ တကယ် သမီး မဟုတ်ပါဘူး သူ့ဟာသူ လဲကျသွားတာပါ"
သူမရဲ့မျက်လုံးထဲမှာ အခြေတည်စ ဝိညာဥ်ကျင့်ကြံခြင်းအဆင့်ကို တိုးတက်သွားတာက ဖူမိသားစုရဲ့အဆင့်အတန်းနဲ့ လုံးဝယှဥ်လို့မရဘူး ဆိုတဲ့ပုံပေါက်နေတယ်။
သူမ ရှင်းပြလိုက်တဲ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ ဖူမိသားသခင်ကြီးက မျက်မှောင်ကျုံ့နေရာက တဖြည်းဖြည်း လျော့ကျသွားတယ်။
ဖူမင်ထျန်းက သူမရဲ့စိတ်အတိုင်း ဖူမိသားစုထဲမှာ နေမယ်ဆိုရင် သူမက ဖူမိသားစုအတွက် အထောက်အကူတစ်ခု ဖြစ်လာလိမ့်မယ်။ သူရဲ့အမူအရာကို ကြည့်လိုက်ပြီးတဲ့နောက်မှာ ဖူမင်ထျန်းကို ချောက်ချဖို့ ကြိုးစားမှုက အရာမထင်ဘူးဆိုတာကို ဖူယွီကျင်း သိလိုက်တယ်။
သူမက ဖူမိသားစုသခင်ကြီးရဲ့စိတ်ကို ခန့်မှန်းနိုင်နေကြလေ။ တဒင်္ဂအတွင်းမှာပဲ သူမက ရွေးချယ်မှုတစ်ခုကို ပြုလုပ်လိုက်တယ်။ သူမက ခေါင်းလေးကို အနည်းငယ်ငုံ့ပြီး တီးတိုးပြောလိုက်တယ်။
"အစ်မ ပြောတာ ဟုတ်ပါတယ်။ ကျင်းအာက မတော်တဆ လဲကျသွားတာပါ။ ဒါက အစ်မနဲ့ ဘာမှမဆိုင်ပါဘူး"
သူမရဲ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ ဖူမိသားစုသခင်ကြီးက ကျေနပ်သွားတဲ့ပုံစံနဲ့ ခေါင်းညိတ်လိုက်တယ်။
"ဒီလိုဆိုရင်တော့ ဒီနေ့ကိစ္စ ဒီနေရာမှာပြီးပြီ" ဒီအချိန်မှာ သခင်မဖူက ဝမ်းနည်းသွားတဲ့ ဖူယွီကျင်းကို ကြည့်လိုက်ပြီး ဖူမင်ထျန်းဘက်ကို လှည့်လိုက်ကာ အေးတိအေးစက် ပြောလိုက်တယ်။
"နင်က ယွမ်ယင်းတစ်ယောက်ဆိုရင်တောင် ဘာဖြစ်လဲ၊ နင် နောက်ထပ် ကျင်းအာကို ထိခိုက်အောင်လုပ်ရဲရင် နင့်ကို ပြန်ပေးဆပ်ရအောင် လုပ်လိုက်မယ်"
သူမရဲ့စကားဆုံးသွားတဲ့အချိန်မှာပဲ ဖူမင်ထျန်းက သူမရဲ့ကျင့်ကြံခြင်းအဆင့်က မသိမသာလေး တိုးတက်သွားတာကို ခံစားလိုက်ရတယ်။
ဖူမိသားစုထဲမှာ ဆက်နေမဲ့ သူမရဲ့ဆုံးဖြတ်ချက်က တကယ့်ကို မှန်ကန်တာပဲ။ အခုဆိုရင် သူမက အခြေတည်စ ဝိညာဥ်ကျင့်ကြံခြင်းအဆင့် ရောက်သွားပြီ။ ဖူမိသားစုသခင်ကြီးတောင် သူမကို မထိနိုင်တော့ဘူး။ ဒါပေမဲ့လည်း သူမက ဖူမိသားစုနဲ့ ဖူယွီကျင်းရဲ့ရွံ့ရှာမှုတွေကို အသုံးချပြီးတော့ သူမရဲ့ကျင့်ကြံခြင်းအဆင့်တိုးတက်အောင် လုပ်လို့ရတယ်။
ဒီလိုဆိုရင် သူမက ဝိညာဥ်အသွင်ပြောင်းခြင်း ကျင့်ကြံခြင်းအဆင့်ကိုတောင် ကျင့်ကြံနိုင်လိမ့်မယ်။
ကျင့်ကြံရေးလောကတစ်ခုလုံးမှာ သူမအတွက် ဖူမိသားစုထက် သင့်တော်တဲ့နေရာ မရှိတော့ဘူး။ နောက်ဆုံး သူမက ဖူမိသားစုဝင်တွေက သူမကို ပိုပြီးမုန်းလာအောင် လုပ်တဲ့နေရာမှာ အရမ်းကိုတော်တာပဲလေ။
ဒီအချိန်မှာပဲ လင်ဟွားယွီက ဖူမင်ထျန်းစိတ်ဝိညာဉ်သဏ္ဌာန်ငယ် ရလာတဲ့ကိစ္စကနေ သတိပြန်ဝင်လာခဲ့တယ်။
သူ့အတွက်ကတော့ ဖူမင်ထျန်းရဲ့ကျင့်ကြံရေးအဆင့်က နိမ့်တာမြင့်တာ ဘာမှမကွာခြားဘူး။ နောက်ဆုံး လင်မိသားစုမှာ ယာ့အယ်ရှိတယ်။ အခြေတည်စ ဝိညာဥ်ကျင့်ကြံသူတစ်ယောက်က လင်မိသားစုအတွက်တော့ အရေးမပါဘူး။
ဒီလိုစဥ်းစားလိုက်ပြီး သူကခေါင်းကို မသိမသာလှည့်လိုက်ပြီး သိပ်မဝေးလှတဲ့နေရာက ချန်ထျန်းဂိုဏ်းသားတွေကို တွေ့လိုက်တယ်။ ချန်ထျန်းဂိုဏ်းချုပ်ကြီးက အစောကြီးကတည်းက မျက်နှာပြောင်ပြီးသားလေ။ လင်ဟွားယွီရဲ့အကြည့်ကို တွေ့လိုက်ပြီးတဲ့နောက်မှာ သူက သူရဲ့ဝတ်ရုံကို အနည်းငယ် ပြင်ဆင်လိုက်ပြီး ဖူမိသားစုနဲ့ လင်ဟွားယွီတို့ရှေ့ကို တည်တည်ငြိမ်ငြိမ် လျှောက်လာခဲ့တယ်။
သူ့အသံက သိမ်မွေ့နေပေမဲ့လည်း ထည်ဝါတဲ့ အရိပ်အယောင်တစ်ခု ပါနေခဲ့တယ်။
"ဒီဂိုဏ်းချုပ်ကြီးက ဒီနေရာကိုဖြတ်သွားရင်း တစ်ယောက်ယောက်က အတိဒုက္ခကျော်ဖြတ်ခြင်း လုပ်နေတာကို သတိထားမိလိုက်တယ်လေ။ ဒါကြောင့်မို့လို့ ဒီနေရာမှာ ခဏလောက်နေနေတာ"
ဒီအချိန်မှာ သူက ဖူမင်ထျန်းကို မသိမသာ ခေါင်းညိတ်ပြလိုက်ပြီး သူ့အသံထဲမှာလည်း လေးစားအားကျမှု အပြည့်ဖြစ်နေတယ်။
"တာအိုရောင်းရင်း ရောင်းရင်းက ဒီလောက်အသက်ငယ်ငယ်လေးနဲ့ အခြေတည်စ ဝိညာဥ်ကျင့်ကြံခြင်းအဆင့်ကို ရောက်သွားပြီနော်။ ရောင်းရင်းက တကယ့်ကို အမှန်တကယ် ပါရမီရှိလှပါပေတယ်"
သူ့ဘေးမှာရှိနေတဲ့ ရှန့်ဟော်တောင်ထွတ်သခင်ကလည်း ချီးကျူးတဲ့အရိပ်တွေနဲ့ ဖူမင်ထျန်းကို ကြည့်လိုက်တယ်။ သူကလည်း တောင့်တောင့်တင်းတင်းနဲ့ ပြောလိုက်တယ်။
"တကယ်လို့ မင်းမှာ ကျင့်ကြံရေးအဆင့်နဲ့ ပတ်သက်ပြီး ပြသာနာတစ်ခုခု တွေ့ကြုံလာရတဲ့အခါ ချန်ထျန်းဂိုဏ်းက ရှန့်ဟော်တောင်ထွတ်သခင်ဖြစ်တဲ့ ကျုပ်ကို လာရှာလို့ရတယ်နော်"
သူက ဖူမင်ထျန်းရဲ့အတွေ့အကြုံတွေကို အရင်ဆုံး သိလိုက်ရတဲ့အချိန်မှာ သူက သူမကို သူ့တပည့်အဖြစ်ခေါ်ယူဖို့ စဥ်းစားမိလိုက်တယ်။ ဒါပေမဲ့အခုတော့ ...
သူက ဖူမိသားစုကို လှမ်းကြည့်လိုက်တယ်။ အခု ခန့်မှန်းရတာကတော့ ဖူမင်ထျန်းကို ဖူမိသားစုထဲက ထွက်လာအောင် ဘာကမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး။
ဒီအချိန်မှာပဲ လင်ဟွားယွီက အရင်ဆုံး သတိပြန်ဝင်လာပြီး ချန်ထျန်းဂိုဏ်းချုပ်ကြီးကို မြန်မြန် ဦးညွှတ်လိုက်တယ်။
"ဂိုဏ်းချုပ်ကြီးကျန်းလား ခင်ဗျာ"
ချန်ထျန်းဂိုဏ်းက ကျင့်ကြံရေးလောကထဲက အဓိကဂိုဏ်းကြီးခြောက်ခုထဲက တစ်ခုလေ။ လင်မိသားစုမှာ ယာ့အယ်ရှိနေတယ်ဆိုရင်တောင် သူတို့က ချန်ထျန်းဂိုဏ်းနဲ့ ယှဥ်လိုက်ရင်တော့ ဆယ်ပုံတစ်ပုံလောက် အစွမ်းမရှိနိုင်ဘူးလေ။ တကယ်လို့သူသာ ချန်ထျန်းဂိုဏ်းချုပ်ကြီးရဲ့ တပည့်တစ်ယောက် ဖြစ်လာခဲ့မယ်ဆိုရင် ...
ဒီလိုစဥ်းစားလိုက်ပြီး သူ့မျက်လူံးတွေကပိုပြီး စိတ်အားတက်ကြွလာတယ်။
ချန်ထျန်းဂိုဏ်းချုပ်ကြီးက သူ့ကို မသိမသာ ခေါင်းညိတ်ပြလိုက်တယ်။ လင်ဟွားယွီက သူခေါင်းညိတ် ပြလာတာကို မြင်လိုက်တဲ့အခါ စိတ်လှုပ်ရှားသွားတဲ့ အရိပ်အယောင်တစ်ခုနဲ့ ပြောလိုက်တယ်။
"ဂိုဏ်းချုပ်ကြီးကျန်းက ချင်းထျန်းမြို့ကို ရောက်လာပြီဆိုမှတော့ လင်မိသားစုအိမ်တော်ကိုလာပြီး ခဏလောက် အနားယူပါအုံးလား"
ချန်ထျန်းဂိုဏ်းချုပ်ကြီးက ငြင်းပယ်တော့မဲ့ဆဲဆဲမှာပဲ သူ့ရဲ့ညာဘက်က ဒုတိယတပည့်ဆီက အသံလွှင့်လာတာကို ကြားလိုက်ရတယ်။
"ချင်းထျန်းမြို့က လင်မိသားစုက ပြီးခဲ့တဲ့ဆယ်နှစ်အတွင်းမှာ တိုးတက်လာတဲ့မိသားစုတစ်ခုလေ၊ သူတို့တွေက အင်မတန်မှ ကံကောင်းပြီးတော့ အရမ်းလည်းချမ်းသာကြတယ်"
"ပြောကြတာကတော့ လင်မိသားစုထဲမှာ အင်မတန်မှကံကောင်းတဲ့ မိန်းမပျိုလေးတစ်ယောက် ရှိတယ်တဲ့၊ သူက ရွှေငါးကံကြမ္မာနဲ့ မွေးလာတာလို့ပြောကြတယ်"
ရွှေငါးကံကြမ္မာတဲ့လား။
ချန်ထျန်းဂိုဏ်းချုပ်ကြီးက ငြင်းပယ်တော့မဲ့ သူရဲ့စကားလုံးတွေကို ရုတ်တရက်မျိုချထားလိုက်ပြီး လင်ဟွားယွီကိုခေါင်းညိတ်ပြလိုက်တယ်။
"ဒါဆိုရင်တော့ မင်းတို့ကိုနှောင့်ယှက်ရတဲ့အတွက် အားနာမိပါတယ်"
စူးလီကလည်း သူရဲ့အသံလွင့်လာတာကို ကြားလိုက်ရပြီး သူမရဲ့မျက်လုံးထဲမှာ စိတ်ဝင်စားမှုတစ်ခု ဖျတ်ခနဲဖြစ်သွားတယ်။
သူမက ရွှင်ချန်ဂိုဏ်းထဲမှာ လူတွေရဲ့ကံကောင်းခြင်းတွေကို စုပ်ယူနိုင်တဲ့ ရွှေငါးတစ်ကောင်ကို တွေ့ခဲ့ဖူးတယ်လေ။ အဲဒီတုန်းကတော့ လင်ဖုန်းရဲ့ ကံကောင်းခြင်းတစ်ခုလုံးက သူမစုပ်ယူတာ ခံလိုက်ရတော့မလို့။
ဒီရွှေငါးမှာရော ဘယ်လိုကံကောင်းခြင်းမျိုးတွေ ရှိနေမလဲမသိဘူး။
-
လင်မိသားစုအိမ်တော်
လင်ဟွားယာ့က လင်ဟွားယွီဆီက ဆက်သွယ်ရေးပစ္စည်းတစ်ခုကို လက်ခံရရှိလိုက်တဲ့အချိန်မှာ သူမက အစေခံတွေကို သူမအတွက် အဝတ်အစား မြန်မြန်လဲပေးဖို့ ပြောလိုက်တယ်။
သူမက အဝတ်အစားလဲပြီးသွားတဲ့နောက်မှာ သူမနောက်က အစေခံတွေကို မေးလိုက်တယ်။
"ထင်းတွေထားတဲ့အခန်းထဲမှာ လင်ကျောင်း ဘယ်လိုနေလဲ။ သူက သူ့အမှားကို သိသွားပြီတဲ့လား"
အစေခံမလေးက သူမကိုဂရုတစိုက်လှမ်းကြည့်လိုက်ပြီး ခပ်တိုးတိုးလေး ပြန်ဖြေတယ်။
"လင်ကျောင်းက ဒဏ်ရာရပြီး အချိန်အကြာကြီး အဆာခံနေတယ်။ အခု သူ သတိမေ့နေတယ်"
ဒီစကားကို ကြားလိုက်ရတဲ့အချိန်မှာ လင်ဟွားယာ့က သူမကို ခပ်နာနာလေး ပါးချလိုက်တယ်။
"လင်ကျောင်း ဘာမှဖြစ်လို့မရဘူးလို့ ငါနင့်ကိုပြောထားတယ် မဟုတ်လား"
"နင် ဘာလုပ်နေတာလဲ သူ သတိလစ်သွားရင် သူ့ကို ဘယ်လိုပြုစုရမယ်ဆိုတာ မသိဘူးလား"
"လင်ကျောင်းက ဒီအတိုင်း အဖျားတက်နေတာပါ။ သူ့အသက်က အန္တရာယ်မရှိပါဘူး။ ဒါကြောင့်မို့လို့ ကျွန်မကလည်း သခင်မလေးကို သူ့ကိစ္စကို စိတ်မရှုပ်စေချင်တာ"
"သူ့ကို ကုသပေးဖို့ သမားတော်သွားခေါ်လာခဲ့"
သူမ၏ ဖြေရှင်းသည့်စကားကို ကြားလိုက်ပြီးနောက်တွင် လင်ဟွားယာ့က စိတ်အေးသွားပြီး သက်ပြင်းတစ်ချက် ချလိုက်တယ်။ သူမက မှန်ရှေ့မှာ သူမရဲ့ဆံထိုးကို ဂရုတစိုက် ချိန်ညှိလိုက်တယ်။
"သူ့က ဒီအတိုင်း မယားပါသမီးပဲ၊ သူက ငါ့အစေခံပဲ ဖြစ်သင့်တာ၊ ဒါနဲ့များ ဘာလို့ ကျင့်ကြံဖို့စဥ်းစားနေလဲ မသိဘူး"
"လင်မိသားစုကြောင့်သာ မဟုတ်ရင် သူနဲ့သူ့အမေက အစောကြီးကတည်းက ငတ်လို့သေနေပြီ"
သူမက တံခါးအပြင်ဖက်ကို လျှောက်ကာထွက်လာပြီး အေးတိအေးစက် လေသံတစ်ခုနဲ့ ပြောလိုက်တယ်။
"ခဏနေကျရင် တစ်ယောက်ယောက်ကိုရှာပြီးတော့ သူ့ရဲ့စွမ်းအင်ဗဟိုချက်တွေကို ဖျက်ဆီးလိုက်။ ဒါမှနောက်ဆိုရင် မလိုအပ်တဲ့အတွေးတွေကို မတွေးတော့မှာ"
"ဟုတ်ကဲ့"
-
လက်ဖက်ရည်ခွက်တစ်ဝက်စာ သောက်ပြီးသည့် အချိန်လောက်မှာတော့ စူးလီက လင်မိသားစုရဲ့ ခြံတံခါးဝမှာ ရပ်နေပြီး လင်မိသားစု ကောင်းကင်အထက်က လေထဲက တကယ့်ကိုကြီးမားတဲ့ အပေါက်ကြီးကို ကြည့်နေမိတယ်။ အဲဒီအပေါက်ကြီးက ရွှေရောင်အလင်းတန်းတွေ တဖျတ်ဖျတ် လက်နေဆဲဖြစ်ပြီး သူမလည်း အတွေးနစ်သွားတော့တယ်။
ကျင့်ကြံရေးလောကထဲက ယိုပေါက်တွေက အရမ်းကို ကြီးမားလွန်းလို့ သူတို့ကိုယ်ပိုင် အရေခွံတစ်ခုတောင် ဘယ်လိုလုပ်ရှိနေတာလဲ။
ဒီအချိန်မှာပဲ လင်မိသားစုဝင်တွေ အားလုံးက ထွက်လာကြတယ်။
စူးလီက သူ့နောက်မှာရပ်နေတဲ့ လင်ဟွားယာ့ကို ကြည့်လိုက်ပြီး တွေးတွေးဆဆနဲ့ မျက်တောင်ခတ်မိလိုက်တယ်။
ဒါကရွှေငါး ကံကြမ္မာနဲ့လူတဲ့လား။
သူရဲ့ကံကောင်းခြင်းက တော်တော်လေးသန်မာပေမဲ့လည်း ...ဒါပေမဲ့ သူ့ရဲ့ရွှေငါးကံကောင်းခြင်းက အနက်ရောင်စွမ်းအင်ကြီး ဖြစ်နေတာပဲ။
...