← Chapters

အခန်း ၁၀၅

Vol. 7 Ch. 105

အခန်း ၁၀၅

Vol. 7 Ch. 105

အပိုင်း (၁၀၅)

လင်မိသားစုခေါင်းဆောင်က သူ့မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုနဲ့ စိုးရိမ်မှုတို့ကို မျိုသိပ်ထားရတဲ့ အရိပ်အယောင်တစ်ခုနှင့် တံခါးရှေ့က ချန်ထျန်းဂိုဏ်းက လူတွေကို ကြည့်လိုက်တယ်။

ဒါက ချန်ထျန်းဂိုဏ်းပဲ။

လင်မိသားစုက ချင်းထျန်းမြို့က မိသားစုငယ်လေးတစ်ခုပဲ။ ပုံမှန်အခြေအနေမှာဆိုရင် ချန်ထျန်းဂိုဏ်းက အတွင်းစည်းတပည့်တွေနဲ့ တွေ့ရဖို့ဆိုတာ တော်တော်လေး ခက်ခဲတယ်လေ။ ချန်ထျန်းဂိုဏ်းချုပ်ဆိုရင်တော့ ‌ပြောမနေနဲ့ပေါ့။

ဒီလိုစဉ်းစားလိုက်ပြီး သူက ရှေ့ကို မြန်မြန်ထွက်လာပြီး သူ့အသံထဲမှာလည်း စိတ်အားထက်သန်တဲ့ အရိပ်အယောင်တစ်ခုပါပြီး လေးစားမှုနဲ့ ပြောလိုက်တယ်။

“ဂိုဏ်းချုပ်ကြီးကျန်း၊ ကျွန်တော် ခင်ဗျားရဲ့ ကြီးမြတ်လှတဲ့နာမည်ကို အစောကြီးကတည်းက ကြားဖူးနေတာပါ၊ ဒီနေ့ ဂိုဏ်းချုပ်ကြီးတဲ့ စကားပြောခွင့်ရတဲ့အတွက် တကယ့်ကို ဂုဏ်ယူရပါတယ်”

ချန်ထျန်းဂိုဏ်းချုပ်ကြီးကို မြောက်ပင့်စကား ပြောလိုက်ပြီးတဲ့နောက်တော့ သူ့ရဲ့စိတ်အားထက်သန်နေတဲ့ အကြည့်စူးစူးက ဘယ်ဖက်ကို ဖြည်းဖြည်းချင်းပြောင်းသွားပြီး တခြားဘက်မှာရှိနေတဲ့ ရှန့်ဟော်တောင်ထွတ်သခင်ကို ထပ်ပြီး မြောက်ပင့်ပြောဆိုလိုက်တယ်။ ရှန့်ဟော်တောင်ထွတ်သခင်ရဲ့ မျက်နှာက ပျော့ပြောင်းသွားပြီး သူ့ပုံက အားလုံးကပဲ သူ့ဆီမှာ ဝိညာဉ်ကျောက်တုံးတွေ အကြွေးတင်နေတဲ့ပုံနဲ့ပေါ့။

လက်ဖက်ရည်ခွက်တစ်ဝက်စာ ကြာပြီးတဲ့နောက်မှာ အားလုံးက နောက်ဆုံးတော့ လင်အိမ်တော်ဝင်းထဲကို ဝင်လာခဲ့ကြတယ်။

လင်မိသားစု သခင်ကြီးရဲ့ မဆုံးနိုင်တဲ့ မြောက်လုံးတွေကို နားထောင်ရင်း ချန်ထျန်းဂိုဏ်းချုပ်ကြီးက လင်အိမ်တော်ဝင်းထဲက မြင်ကွင်းတွေကို မသိမသာ ပတ်ကြည့်လိုက်တယ်။

ဟမ်။ အဲဒါက အဆင့်လေး ဝိညာဉ်စွမ်းအင်သစ်ပင်မလား။

ဝိုး။ အဲဒါက အဆင့်ငါး သန့်စင်တဲ့ကျောက်စိမ်းတုံးပဲ။

အဲဒါက အဖိုးမဖြတ်နိုင်တဲ့ ရောင်စုံလျှော်ဖွတ်ခြင်းတဲ မလား။

လင်မိသားစုက အပြင်မှာ ဒီအတိုင်း သာမန်လိုပဲ ထားထားတဲ့ ဒီပစ္စည်းတွေက သူ့ဂိုဏ်းရဲ့ ပင်မခန်းမနီးပါးတောင် ကောင်းမွန်နေတယ်လို့ ဘာလို့ ခံစားမိနေပါလိမ့်။

အဟမ်း။ ဒါပေမဲ့ သူ ချန်ထျန်းဂိုဏ်းချုပ် ဖြစ်ကတည်းက သူလည်း ဆင်းရဲတာနဲ့ အသားကျလာပါပြီလေ။

ကျင့်ကြံရေးလောကထဲမှာ သာမန်ကျင့်ကြံသူအများစုက သူ့ထက် ပိုပြီး ချမ်းသာကြတာပဲ။

အင်း....

အခု လင်မိသားစုက ချပြထားတဲ့ ဝိညာဉ်ရတနာတွေက ကျင့်ကြံရေးလောကထဲ အဲဒီမိသားစုငယ်လေးနဲ့ ယှဉ်နိုင်လောက်တာပဲ။

သူက ပုံမှန်အတိုင်း ခေါင်းညိတ်လိုက်ပြိး လင်မိသားစုသခင်ကြီးရဲ့ မြောက်လုံးတွေကို ပြန်ဖြေရင်း သူ့စိတ်ထဲမှာတော့ တောင်စဉ်ရေမရ စဉ်းစားနေခဲ့တယ်။

လင်မိသားစုက ချင်းထျန်းမြို့မှာ ဒီအတိုင်း မိသားစုငယ်လေးတစ်ခုပဲ။ လင်မိသားစုရဲ့သခင်ကြီးတစ်ခုကပဲ ရွှေအမြုတေကျင့်ကြံခြင်းအဆင့် ရောက်လာသေးတာပဲ။ သူက ဘယ်လိုဖြစ်ပြီး ဒီလောက်များပြားတဲ့ ဝိညာဉ်ရတနာတွေ ပိုင်ဆိုင်ထားတာလဲ။

ဧကန္တ လင်မိသားစုထဲက အင်မတန်မှ ကံကောင်းခြင်းပြည့်စုံတဲ့ ကလေးမ သခင်မလေးလင် ကြောင့်လား။

သူက ကြိတ်ပြီး နားမလည်နိုင် ဖြစ်နေတုန်းမှာ သခင်ကြီးလင်ရဲ့ ချန်ထျန်းဂိုဏ်းအပေါ် မြောက်လုံးတွေက နောက်ဆုံးတော့ အဆုံးသတ်သွားတော့တယ်။

သူက ရုတ်တရက် စကားလမ်းကြောင်းလွှဲလိုက်ပြီး သူရဲ့တစ်ဦးတည်းသောသမီး လင်ဟွားယာ့ အကြောင်း ပြောတော့တယ်။

“ကျွန်တော့်သမီးက ဂိုဏ်းချုပ်ကြီးကျန်းနဲ့ ချန်ထျန်းဂိုဏ်းကို အားကျနေတာ ကြာပါပြီ” သူ့သမီးအကြောင်း ပြောလိုက်တဲ့အချိန်မှာ သူ့မျက်လုံးတွေက ဂုဏ်ယူဝင့်ကြွားတာနဲ့ ချစ်မြတ်နိုးတဲ့အကြောင်း နည်းနည်းလောက် မပါဘဲ မနေနိုင်အောင်ဖြစ်သွားတယ်။ “ကျွန်တော့်သမီးက ဂိုဏ်းချုပ်ကြီးရဲ့ သူရဲကောင်းဆန်ဆန် ကောင်းမှုတွေနဲ့ရင်းနှီးပြီး ဂိုဏ်းချုပ်ကြီးလို သူရဲကောင်းတစ်ယောက် အမြဲဖြစ်လာချင်တာလေ”

အဲလိုပြောလိုက်ပြီး သူက သူ့နောက်က လူတွေကို လက်ဝေ့ယမ်းပြလိုက်တယ်။

“ယာ့အယ် ထွက်လာပြီး ဂိုဏ်းချုပ်ကြီးကျန်းကို ဘာလို့ လာမနှုတ်ဆက်သေးတာလဲ”

လင်ဟွားယာ့က လင်မိသားစုဝင်တွေ အားလုံးရှေ့မှာ ရပ်နေပြီး လင်မိသားစုသခင်ကြီးရဲ့ နောက်ခြေလှမ်းတစ်ဝက်အကွာ၊ သူမအစ်ကို လင်ဟွားယွီထက်တောင် ရှေ့ရောက်နေတယ်။ ဒါက လင်မိသားစုထဲမှာ သူ့အဆင့်ကို ပြနေတာပဲ။

လင်မိသားစုသခင်ကြီး ပြောလိုက်တဲ့ စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူမက သူမရဲ့အဝတ်အစားတွေကို နည်းနည်းလေး ပြင်ဆင်လိုက်ပြီး ချန်ထျန်းဂိုဏ်း ရှေ့ကို မြန်မြန်လျှောက်လာပြီး ဂိုဏ်းချုပ်ကြီးကို ဦးညွှတ်နှုတ်ဆက်လိုက်တယ်။

“လင်ဟွားယာ့ ကျန်းဂိုဏ်းချုပ်ကြီးကို နှုတ်ဆက်ပါတယ်”

ချန်ထျန်းဂိုဏ်းချုပ်ကြီးက လင်ဟွားယာ့ကို မသိမသာ အကဲခတ်လိုက်ပေမဲ့ သူမရဲ့ ရွှေအမြုတေကျင့်ကြံခြင်းကလွဲရင် တခြားထူးခြားတာ ဘာတစ်ခုမှ မတွေ့ရဘူး။

ကျင့်ကြံရေးလောကထဲမှာ ကံကောင်းခြင်းဆိုတာ တကယ်ရှိပါတယ်။ ဒါပေမဲ့ ဒါက အရိပ်အယောင်ဆိုလည်း ဟုတ်တယ်။ ကောင်းကင်နဲ့ မြေကြီးကို တွက်ချက်နိုင်တဲ့ ထျန်းကျီးဂိုဏ်းကတောင် ကျင့်ကြံသူတစ်ယောက်ရဲ့ ကံကောင်းခြင်း အတိအကျကို မြင်နိုင်ဖို့ နည်းလမ်းမရှိဘူး။

သူက စိတ်ထဲမှာ ဘယ်လိုပဲ စဉ်းစားနေပါစေ အစတုန်းကတော့ အ‌ပေါ်ယံမှာ တည်ငြိမ်ပြီး သိက္ခာရှိရှိ ထိန်းထားသေးတယ်။

သူက သူ့လက်ကို မသိမသာဝေ့ယမ်းလိုက်ပြီး အကျင့်အတိုင်း ယဉ်ယဉ်ကျေးကျေးပဲ ပြောလိုက်သေးတယ်။

“ခင်ဗျားသမီးက ဒီလောက်ငယ်ငယ်လေးနဲ့ ရွှေအမြုတေကျင့်ကြံခြင်းအဆင့်ကို ရောက်နေပြီပဲ၊ ဒီလိုကောင်းမွန်တဲ့ အရည်အချင်းနဲ့ဆိုရင် သူ့မှာ တောက်ပတဲ့အနာဂတ် သေချာ‌ပေါက် ပိုင်ဆိုင်ရလိမ့်မယ်”

သူ့စကားကို ကြားလိုက်ရပြီးနောက်မှာ အစတုန်းက မပြူးကျယ်တဲ့ လင်မိသားစုခေါင်းဆောင်ရဲ့ မျက်လုံးတွေက ပြုံးလိုက်တာကြောင့် အရာလေးပဲပေါ်တဲ့အထိ ကျဉ်းမြောင်းသွားခဲ့တယ်။

“ဂိုဏ်းချုပ်ကြီးကျန်း၊ ခင်ဗျားက အရမ်းကို ကြင်နာတတ်ပါပေတယ်” သူက သူ့မုတ်ဆိတ်မွှေးကို သပ်လိုက်ပြီး သူ့အသံထဲမှာလဲ ထိန်းချုပ်လို့မရတဲ့ ဂုဏ်ယူမှုတွေနဲ့ ပြည့်နေတယ်။

“ကျွန်တော့်သမီးရဲ့ အရည်အချင်းနဲ့ ကျင့်ကြံခြင်းက သာမန်ရဲ့ အထက်လောက်ပဲလို့ မှတ်လို့ရတာပါ၊ ဒါပေမဲ့ ယာ့အယ်က ကံကောင်းလို့ အစောကြီး ရွှေအမြုတေ ဖွဲ့တည်နိုင်ခဲ့တာ”

အဲလိုပြောလိုက်ပြီး သူက ဂုဏ်ယူတဲ့အရိပ်အနည်းငယ်နဲ့ သိပ်မဝေးလှတဲ့နေရာက ဝါးတောဘက်ကို လှမ်းကြည့်လိုက်တယ်။ အဲဒါက လင်ဟွားယာ့ အပြင်ထွက်လည်တုန်း မတော်တဆ ရှာတွေ့ခဲ့တဲ့ အဆင့်ငါး ရှန့်ယန်ဝါးပဲ။

အခုဆိုရင် ချင်းထျန်းမြို့တစ်ခုလုံးမှာ အဆင့်ငါး ရှန့်ယန်ဝါးကို ရှာတွေ့နိုင်ဖို့ဆိုတာ မသေချာတော့ပေမဲ့ လင်မိသားစုအိမ်တော်မှာတော့ ရှန့်ယန်ဝါးတောတစ်ခု ရှိနေတယ်လေ။

“အမှန်အတိုင်းပြောရရင် လင်အိမ်တော်ဝင်းထဲက သဘာဝရတနာတွေ အများစုကို ကျွန်တော့်သမီးက မထင်မှတ်ဘဲ တွေ့ခဲ့တာချည်းပဲ” လင်သခင်ကြီးက အပြုံးတစ်ခုနဲ့ သူ့ဘေးက လင်ဟွားယာ့ကို လှမ်းကြည့်လိုက်ပြီး ဆက်ပြောတယ်။ “ဟွားယွီနဲ့ ကျွန်တော်တောင် ယာ့အယ်ရဲ့အကူအညီ ကျေးဇူးကြောင့် လက်ရှိ ရွှေအမြုတေအဆင့်ကို ရောက်လာနိုင်တာပါ”

ချန်ထျန်းဂိုဏ်းချုပ်ကြီးက သူ့စကားကို ကြားလိုက်ရတဲ့အချိန်မှာ သူက အခိုက်တန့် မှင်တက်အံ့ဩသွားပြီး မြန်မြန် သတိပြန်ထိန်းထားရင်း ရယ်မော ချီးကျူုးလိုက်တယ်။

“ခင်ဗျားရဲ့သမီးက ဒီလောက်ကောင်းတဲ့ ကံတရား ပိုင်ဆိုင်ထားတာပဲ၊ သူ့ကို ကောင်းကင်ဘုံက ချီးမြောက်ထားတာပဲ၊ ကျွန်တော်တော့ သူ့ကို အားကျမိပါတယ်”

တစ်နေ့ထဲမှာပဲ သူက ကြွယ်ချမ်းသာတဲ့မိန်းမကို ပိုင်ဆိုင်ရမယ့်ကံတရား၊ နှိပ်စက်ခံရလေလေ ပိုပြီးသန်မာလာလော ကံတရားနဲ့ တွေ့ကြုံခဲ့ရတော့ ဒါကို ခံနိုင်ရှိတဲ့ သူ့အရည်အချင်းကလည်း အရင်ကထက် အများကြီး ပိုကောင်းလာခဲ့တယ်။

နောက်ပြီးတော့ ဒီစကားတွေက လင်မိသားစုသခင်ကြီးရဲ့ ပါးစပ်က ထွက်လာပြီး ဒါက အမှန် အမှား မသိရဘူးလေ။

တကယ်လို့ ဒီစကားတွေက ကောင်းကင်လာတဲ့အသံဆီကဆိုရင်တော့ သူက လင်းဟွားယာ့ကို ချန်ထျန်းဂိုဏ်းကို ခေါ်လာမဲ့ နည်းလမ်းကို စစဉ်းစားပြီးနေလောက်ပြီ။

လင်သခင်ကြီးကလည်း စိတ်လှုပ်ရှားမှုထဲမှာ နစ်မြောနေပြီး ချန်ထျန်းဂိုဏ်းချုပ်ကြီးရဲ့ ဝတ်ကျေတမ်းကျေ လေသံကို သတိမထားမိလေဘူး။ သူက သူ့မုတ်ဆိတ်ကို သပ်လိုက်ပြီး ဘာမှမတတ်နိုင်သလို ခေါင်းခါလိုက်တယ်။

“လင်မိသားစုက မိသားစုငယ်လေးတစ်ခု ဖြစ်နေတာ နှမြောစရာကောင်းတာပဲ၊ ကျင့်ကြံရေးအဆင့်မြင့်တဲ့ ကျင့်ကြံသူတွေ မရှိဘူး၊ နောက်ပြီး ယာ့အယ်ကို သူ့ကျင့်ကြံရေးမှာ ညွှန်ကြားပြသပေးမဲ့သူ မရှိဘူး”

“တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှာတော့ ဂိုဏ်းချုပ်ကြီးကျန်းက ကျွန်တော့်ရဲ့ နိမ့်ကျလှတဲ့အိမ်ကို အလည်ရောက်ခဲ့တယ်၊ တကယ်လို့ ဂိုဏ်းချုပ်ပြီးကသာ အနည်းငယ် ထောက်ပြပေးနိုင်မယ်ဆိုရင် ကျွန်တော် အရမ်းကံကောင်းရမှာပဲ”

လင်မိသားစုက အရမ်းကို အားနည်းလို့ ယာ့အယ်ကို လုံးဝ မကာကွယ်ပေးနိုင်ဘူးလေ။ တကယ်လို့ ယာ့အယ်သာ မထင်မှတ်ဘဲ ပိုပြီးအဆင့်မြင့်တဲ့ ဝိညာဉ်ရတနာကို တကယ်ရခဲ့မယ်ဆိုရင် လင်မိသားစုကတော့ တကယ် ဒုက္ခသွားနိုင်တယ်။

ဒီတော့ လင်ဟွားယာ့မှာ သူ့ဘေးကလူတွေကိုရဲ့ ကံကောင်းခြင်းကို တိုးတက်လာအောင် လုပ်ပေးနိုင်တယ်ဆိုတာ သိလိုက်ရကတည်းက သူ့မှာ အရမ်းကို စိတ်ပူနေခဲ့မိတာပဲ။ သူ့ကံကောင်းခြင်းက တခြားတွေထက် နည်းနည်လေး ပိုကောင်းတာပါလို့ပဲ တခြားသူတွေကို ပြောပြရဲပြီး သူ့ပတ်ဝန်းကျင်က လူတွေဆီကို ယူဆောင်လာပေးတဲ့ အကျိုးကျေးဇူးတွေကိုတော့ တော်ရုံမပြောခဲ့ဘူး။

ဒါပေမဲ့ ချန်ထျန်းဂိုဏ်းချုပ်က လင်ဟွားယာ့ကို သူ့ဆရာအနေနဲ့ ခေါ်သွားနိုင်မယ်ဆိုရင်တော့ ကျင့်ကြံရေးလောကထဲမှာ သူမကိုရော လင်မိသားစုကိုရော ဘယ်သူ ထိရဲတော့မှာလဲ။

ဒီလိုစဉ်းစားလိုက်ပြီး သူက ချန်ထျန်းဂိုဏ်းချုပ်ကြီးကို ပိုပြီးစိတ်အားထက်သန်နေတဲ့ပုံနဲ့ ကြည့်လိုက်တယ်

ချန်ထျန်းဂိုဏ်းချုပ်ပြီးက သူ့စကားရဲ့အဓိပ္ပာယ်ကို နားလည်တာပေါ့။ သူက တစ်ခုခု ပြောတော့မဲ့ဆဲဆဲမှာပဲ သိပ်မဝေးလှတဲ့နေရာမှာ ဆူညံသံတစ်ခုကို ကြားလိုက်ရတယ်။

မျက်စိတမှိတ်အတွင်းမှာပဲ အပြာနုရောင် အစေခံဝတ်စုံ ဝတ်ဆင်ထားပြီး အသက် ၈နှစ် ၉နှစ်ကျော် ကလေးမလေးတစ်ယောက်က သူတို့ဆီကို ဒယိမ်းဒယိုင်နဲ့ လျှောက်လာလေရဲ့။

ကလေးမလေးက ပိုပြီးနီးကပ်လာတဲ့အချိန်မှာ သူမမျက်နှာပေါ်က ခြစ်ရာတွေနဲ့ သူမရဲ့လည်ပင်းပေါ်က အကွက်တွေကို အားလုံးက သတိထားလိုက်မိတယ်။

အားလုံးက မှင်တက်အံ့ဩနေကြတဲ့အချိန်မှာပဲ ကလေးမလေးက ချော်နေတဲ့ငါးမွှေထိုးလေးတစ်ကောင်လို ချန်ထျန်းဂိုဏ်းရဲ့လူအုပ်ထဲ တိုးဝင်သွားပြီး-

သူမက စူးလီရဲ့အင်္ကျီလက်ကို တင်းနေအောင် ဖမ်းဆွဲထားလိုက်တယ်။

လင်အိမ်တော်ဝင်းထဲ ဝင်လာကတည်းက စူးလီက လေထဲက အမဲနဲ့ ရွှေရောင်ဖြစ်နေတဲ့ အပေါက်ကြီးကို တကယ်စိတ်ဝင်တစားနဲ့ ကြည့်လာခဲ့တာ လင်မိသားစုသခင်ကြီးရဲ့ အနှစ်မဲ့လှတဲ့ လောကဝတ်စကားတွေကို နားမထောင်နေခဲ့ဘူး။

ညာဘက်လက်က အလေးချိန်ကို ခံစားလိုက်မိမှ သူမက ခေါင်းကို နည်းနည်းလောက် ငုံ့ကြည့်လိုက်တော့ တောင်းပန်တိုးလျှိုးနေတဲ့ အဖြူအမဲမျက်ဝန်းတစ်စုံနဲ့ အကြည့်ချင်းဆုံသွားခဲ့တယ်။

သူမ ခေါင်းငုံ့လာတာကိုမြင်လိုက်ပြီးနောက်မှာ လင်ကျောင်းက နည်းနည်းလေး ကြောက်လန့်နေပေမဲ့ စူးလီရဲ့အင်္ကျီကို ကိုင်ထားတဲ့လက်တွေကိုတော့ လုံးဝ မလွှတ်လိုက်ဘူး။

ခပ်သွက်သွက် လျှောက်လာပြီးနောက်မှာ သူမရဲ့အသံက အရေးကြီးဖြစ်နေတဲ့ပုံ အပြည့်ပဲ။

“မမ သမီးနာမည်က လင်ကျောင်းပါ၊ သမီး အဝတ်လျှော်၊ ချက်ပြုတ်တတ်ပါတယ်၊ သမီး အဝတ်တွေကို သန့်ရှင်းအောင် လုပ်ပြီး ပြင်ဆင်ချုပ်လုပ်တတ်ပါသေးတယ်၊ သမီးက တကယ်အသုံးဝင်ပါတယ်”

“သမီးက တကယ့်ကို နည်းနည်းလေးပဲစားပြီး အိပ်ဖို့ဆိုလဲ ကြမ်းပြင်ပေါ်မှာ အိပ်ရာလေးတစ်ခုပဲ လိုတာပါ၊ သမီးက အရမ်းကို လုပ်ရည်ကိုင်ရည်ရှိတဲ့ အစေခံပါ၊ မမ သမီးကို ခေါ်သွားပေးပါလား”

စူးလီက ခေါင်းငုံ့ထားလိုက်ပြီး လင်ကျောင်းပတ်ဝန်းကျင်က အင်မတန်မှ ပြည့်ဝနေတဲ့ ရွှေကံကောင်းခြင်းကို ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း မျက်တောင်ခတ်လိုက်တယ်။

ဒီကံကောင်းခြင်းက - ဒီကလေးက ဒဏ္ဍာရီလာ ကံကောင်းခြင်းရဲ့သားတော်ပေါ့၊ ဟုတ်လား။

လင်ဟွားယာ့က လင်ကျောင်းက ပြေးသွားတာကို မြင်လိုက်တဲ့အခါ ကြောက်စိတ်တစ်ခုက သူမရဲ့မျက်လုံးထဲ ဖြတ်ပြေးသွားတယ်။ အဲဒီအစေခံတွေ ဘာလုပ်နေကြတာလဲ။

ကလေးတစ်ယောက်ကိုတောင် မထိန်းထားနိုင်ဘူးလား။

ဒါက သာမန်နေ့တွေမှာ ဒီလိုသတိမထားမိတာက အဆင်ပြေပါတယ်။ ဒါပေမဲ့ ဒီနေ့က ချန်ထျန်းဂိုဏ်းချုပ်က လင်မိသားစုကို ရောက်လာတဲ့နေ့လေ။

လင်ကျောင်းက သူ့ကို လင်မိသားစုက ခေါ်သွားပေးဖို့ တစ်ယောက်ယောက်ကို တောင်းဆိုနေတာ ကြားလိုက်ရပြီး သူမကို ကြောက်လန့်စေတဲ့ လင်ကျောင်းရဲ့ကံကောင်းခြင်းအကြောင်း စဉ်းစားမိလိုက်တဲ့အခါ သူမ ရုတ်တရက် လက်သီးဆုပ်ထားမိလိုက်တယ်။

လင်ကျောင်းကို သူမဘေးကနေ ထွက်သွားခွင့် လုံးဝမပေးနိုင်ဘူး။

ဒီလိုစဉ်းစားလိုက်ပြီး သူမက အခုလေးမှ ပြေးဝင်လာတဲ့ အစေခံမလေးကို ဒေါသမျက်လုံးနဲ့ လှမ်းကြည့်လိုက်ပြီး သူမရဲ့အသံက ပိုပြီးစူးရှလာခဲ့တယ်။

“နင်တို့တွေ လင်ကျောင်းကို ဘာလို့ မြန်မြန် မဖမ်းသေးတာလဲ၊ သူက ဧည့်သည်တော်ကြီးကို အပြစ်လုပ်နေတာ မတွေ့ကြဘူးလား”

သူမက အဲလိုပြောလိုက်ပြီးနောက်မှ ချန်ထျန်းဂိုဏ်းချုပ်ကို အတိုင်းအတာတစ်ခုအထိ တောင့်တင်းနေတဲ့အပြုံးနဲ့ ပြောလိုက်တယ်။

“ဂိုဏ်းချုပ်ကြီး လင်ကျောင်းက လင်မိသားစုရဲ့အစေခံပါ၊ သူက ငယ်သေးပြီးတော့ သိပ်ပြီး စည်းကမ်းမရှိလို့ပါ၊ ဂိုဏ်းချုပ်ကြီးကို အရှက်ရအောင် လုပ်ခဲ့မိလို့ တောင်းပန်ပါတယ်ရှင်”

“ကျွန်မ သူ့ကို ချက်ချင်း ခေါ်သွားခိုင်းလိုက်ပါ့မယ်”

လင်ကျောင်းက စူးလီရဲ့အင်္ကျီလက်ကို တင်းနေအောင် ကိုင်ထိုင်ပြီး စူးလီက သူမက လင်မိသားစုထီ ပြန်တွန်းထုတ်ဖို့ စိတ်ကူးမရှိဘူးဆိုတာ မြင်လိုက်တဲ့အခါ နောက်ဆုံးတော့ စိတ်အေးသွားခဲ့တယ်။

သူမက အားကိုးရာ လူတစ်ယောက်ကို တွေ့လိုက်ပြီဆိုတဲ့ပုံနဲ့ ခေါင်းကိုလှည့်လိုက်ပြီး နောက်ဆုံးတော့ သူမ ပြောချင်တဲ့စကားတွေ အားလုံးကို ပြောလိုက်တော့တယ်။

“ငါက နင့်အစေခံ မဟုတ်ဘူး၊ ငါ့အမေက လင်သခင်ကြီးရဲ့ ဇနီး၊ ငါက လင်မိသားစုဆီမှာ ကိုယ့်ဟာကို ရောင်းစားထားတဲ့ စာချုပ် ချုပ်ထားတာ မရှိဘူး၊ ငါ သွားချင်တဲ့နေရာတိုင်း သွားလို့ရတယ်”

ဒီအချိန်မှာ ချန်ထျန်းဂိုဏ်းချုပ်က မျက်မှောင်ကြုတ်လိုက်တယ်။ ဒီကလေးကလည်း လင်မိသားစုရဲ့ မျိုးဆက်တစ်ယောက်တဲ့လား။

ဒါဆို သူက ဘာလို့ ဒီလောက် မသေမသပ် ဖြစ်နေတာလဲ။

ဒီအချိန်မှာတော့ သခင်မကြီးလင်က သခင်ကြီးရဲ့ သုန်မှုန်တဲ့အကြည့်ကို ခံစားလိုက်ရပြီး မြန်မြန် ရှေ့ထွက်ရပ်လိုက်ပြီး အားလုံးကို ရှင်းပြလိုက်တယ်။

“ကျောင်းအာက ကျွန်မနဲ့ တာအိုလက်တွဲဖော်ဟောင်းတို့ရဲ့ ကလေးပါ၊ လင်မိသားစုက သခင်ကြီးက ကြင်နာတတ်ပြီး ကျွန်မနဲ့ ကျောင်းအာတို့ကို ဒီမှာနေဖို့ နေရာတစ်ခုပေးထားတာပါ”

သူမက စကားဆုံးသွားတာနဲ့ လင်ကျောင်းကို မြန်မြန် လက်ဝေ့ယမ်းပြလိုက်ပြီး သူမရဲ့အသံကလည်း အနည်းငယ် မာထန်နေခဲ့တယ်။

“ကျောင်းအာ ဒီကိုလာခဲ့၊ အမေတို့ ဧည့်သည်တော်ကြီးကို မနှောင့်ယှက်နဲ့”

လင်ကျောင်းက သူမရဲ့စကားကို ကြားလိုက်ရတဲ့အခါ သူမရဲ့မျက်လုံးထဲမှာ ဝမ်းနည်းသွားတဲ့အရိပ်တစ်ခု ဖျတ်ခနဲလက်သွားတယ်။

အဲဒီနောက်မှာတော့ သူမက ခေါင်းမော့လိုက်ပြီး သခင်မလင်ကို လေးလေးနက်နက် ပြောလိုက်တယ်။

“အမေ လင်ဟွားယာ့က သမီးရဲ့ စွမ်းအားဗဟိုချက်ကို ဖျက်ဆီးပြီး သမီးကို ဆက်ပြီး ကျင့်ကြံလို့မရအောင် လုပ်တော့မှာ၊ ဒါကြောင့် သမီး လင်မိသားစုက ထွက်သွားမှဖြစ်မယ်”

“အဲလိုဆိုရင်တောင် အမေက သမီးကို ပြန်လာစေချင်သေးတာလား”

သူမရဲ့စကားကို ကြားလိုက်ရပြီးနောက်မှ သခင်မလင်က နေရာမှာတင် အေးခဲသွားတော့တယ်။ သူက မျက်နှာပေါ်မှာ ဆိုးယုတ်တော့မယ့် အကြည့်တစ်ခုဆောင်ထားတဲ့ လင်ဟွားယာ့ကို အမှတ်တမဲ့ လှည့်ကြည့်လိုက်မိတယ်။

လင်ဟွားယာ့ရဲ့ ဒေါသနဲ့ဆိုရင် သူက ဒီလိုကိစ္စမျိုး တကယ်လုပ်နိုင်တာ သူမ သိနေတယ်လေ။

ဒါပေမဲ့...

လင်မိသားစု သခင်ကြီးရဲ့ မျက်လုံးထဲက ရက်စက်တော့မဲ့ သတိပေးချက်ကို ကြည့်လိုက်ပြီး သူမက ပင့်သက်ရှည်ကြီးတစ်ချက် ရှိုက်လိုက်ပြီး သူမရဲထဲမှာ ရွေးချယ်မှုတစ်ခု လုပ်လိုက်တော့တယ်။

“ကျောင်းအာ သမီး ဘာတွေ ပြောနေတာလဲ” သူမက တည်ကြည်တဲ့မျက်နှာတစ်ခုနဲ့ လင်ကျောင်းကို ပြောလိုက်တယ်။ “မမလေးလင်က အမြဲတမ်း သမီးအပေါ်.... အရမ်းကောင်းခဲ့တာပဲ၊ သူက ဒီလိုကိစ္စမျိုးကို ဘယ်လို လုပ်နိုင်မှာလဲ”

“သမီး နားကြားမှားတာ ပဲဖြစ်ရမယ်”

လင်ဟွားယာ့ကို ကာကွယ်ပေးနေတဲ့ သူမအမေရဲ့ စကားလုံးတွေကို နားထောင်လိုက်ပြီးနောက်မှာ လင်ကျောင်းရဲ့မျက်လုံးထဲက ခပ်ရေးရေးမျှော်လင့်ချက်တွေက တဖြည်းဖြည်း မှေးမှိန်သွားတော့တယ်။

“သမီးက နားကြားတာမှားတာလို့ အမေ တကယ် ထင်တယ်ပေါ့”

သခင်မလင်က ခဏလောက် နှုတ်ဆိတ်သွားပြီးနောက် အခိုင်အမာပြောလိုက်တော့တယ်။ “သမီးက နားကြားမှားတာ မဟုတ်ဘူးဆိုရင် သမီး လင်ရှောင်... ယာ့အယ် ကို တမင် နာမည်ဖျက်နေတာပဲ”

လင်မိသားစုက ချင်းထျန်းမြို့မှာ နာမည်ကြီးမိသားစုတစ်ခုလေ။ သူမကို မရေမတွက်နိုင်တဲ့ ချမ်းသာခြင်းနဲ့ ဂုဏ်အရောင်အဝါတွေ ယူလာပေးနိုင်တယ်။ လင်ဟွားယာ့မှာလည်း သူ့ပတ်ဝန်းကျင်က ကျင့်ကြံသူတွေရဲ့ ကံတရားကို တိုးအောင်လုပ်ပေးနိုင်တဲ့ အရည်အချင်းရှိတယ်။

သူမက အရည်အချင်း နိမ့်ပါးတဲ့ ကျင့်ကြံသူတစ်ယောက်ပြ။ လင်ဟွားယာ့ရဲ့ ကံကောင်းခြင်း လွှမ်းမိုးမှုအောက်မှာ သူမက အခြေတည်ဆောက်ခြင်းအဆင့်ကို ဖွဲ့တည်နိုင်ခဲ့တာ။ သူမက လင်ဟွားယာ့မပြောနဲ့ လင်မိသားစုကိုတောင် လုံးဝ ပြစ်မားလို့မဖြစ်ဘူးလေ။

ဒီလိုစဉ်းစားလိုက်ပြီး သူမက လေသံကို လျှော့လိုက်ပြီး လင်ကျောင်းကို ချော့မော့လိုက်တယ်။ “ကျောင်းအာ ကျင့်ကြံခြင်းက အရမ်းကို ခက်ခဲပြီး ပင်ပန်းလှပါတယ်၊ သမီးထင်လို မကောင်းပါဘူး”

“လင်မိသားစုမှ မရေမတွက်နိုင်တဲ့ ပိုင်ဆိုင်မှုတွေ ရှိတာပဲ၊ သမီးက သာမန်လူတစ်ယောက်ပဲ ဆိုရင်တောင် တည်ငြိမ်ပြီး ပျော်ရွှင်တဲ့ဘဝတစ်ခုမှာ နေနိုင်ပါတယ်”

သူမရဲ့စကားကို ကြားလိုက်ရတဲ့အါ လင်ကျောင်းက မျက်နှာသေနဲ့ သူမရဲ့မျက်နှာပေါ်က မျက်ရည်တွေကို သုတ်ပစ်လိုက်တော့တယ်။

သူမအမေက လင်မိသားစုနဲ့ လင်ဟွားယာ့ကို အရမ်းတန်ဖိုးထားတာ သူမ အမြဲ သိခဲ့သားပဲ။ နောက်ပြီး အမေက လင်ဟွားယာ့က အကြိမ်မရေမတွက်နိုင်အောင် တမင်ရိုက်နှက်၊ ဆဲဆိုပြီး အနိုင်ကျင့်နေတာကို တမင်လျစ်လျူရှုထားခဲ့တယ်။

ဒါပေမဲ့ လင်ဟွားယာ့က သူမကို ဖျက်ဆီးချင်နေတာ သိတာတောင်မှ သူမရဲ့အမေက သူမကို လင်ဟွားယာ့နားမှာ ဆက်ပြီးနေခိုင်းလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။

ဒီအချိန်မှာတော့ သူမစိတ်ကူးက လုံးဝကို ရိုးရိုးလေးပဲ။ သူမအမေက သူမကို စွန့်လွှတ်လိုက်ပြီးဆိုတော့ သူမလည်း သူမအမေကို ထပ်မလိုချင်တော့ပါဘူး။

ဒီလိုစဉ်းစားလိုက်ပြီး သူမက သခင်လင်ကို ထပ်မကြည့်တော့ဘဲ ခေါင်းကို လှည့်ပြီး စူးလီကို ဂရုတစိုက် အလေးအနက်နဲ့ ကြည့်လိုက်တယ်။

“မမ သမီးကို ခေါ်သွားပေးလို့ရလား”

“နင်က ဘာလို့ ထွက်သွားမှာလဲ၊ လင်မိသားစုက ထွက်သွားဖို့ စဉ်း‌တောင် မစဉ်းစားနဲ့” လင်ဟွားယာ့က ဆက်ပြီး မထိန်းထားနိုင်တော့ လုံးဝကို ထင်မထားတဲ့ ကြောက်စရာကောင်းတဲ့ အသံတစ်ခုနဲ့ ပြောလိုက်တယ်။

“သူ့ကို အခုပဲ ငါ့ဆီ ပြန်ဖမ်းလာခဲ့”

စူးလီက အမဲရောင်ကံတရားအပြည့် ပိုင်ဆိုင်ထားတဲ့ခန္ဓာကိုယ်နဲ့ ကြောက်စရာ ကောင်းလွန်းတဲ့ မျက်နှာပိုင်ရှင် လင်ဟွားယာ့ကို ကြည့်လိုက်ပြီးတဲ့နောက်မှာ ပြည့်လျှံထွက်တော့မတတ် ရွှေရောင်ကံကောင်းခြင်းတွေ ပြည့်နေတဲ့ လင်ကျောင်းကို ကြည့်လိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ သိလိုစိတ်အရိပ်တစ်ခု ဖြတ်ပြေးသွားတော့သည်။

ဒါက စိတ်ဝင်စားစရာပဲဟဲ့။

သူမက သူမသိုလှောင်အိတ်ထဲက ဝိညာဉ်စွမ်းအင် သစ်သီးတစ်လုံးကို ယူထုတ်လာပြီး လင်ကျောင်းရဲ့လက်ထဲ ဘာမှမဖြစ်သလို ထည့်ပေးလိုက်တယ်။

လင်ကျောင်းက ဝိညာဉ်စွမ်းအင် သစ်သီးကို အူကြောင်ကြောင်းနဲ့ ယူထားလိုက်ပြီး မျက်တောင်ခတ်ရင်း စူးလီကို မော့ကြည့်လိုက်တယ်။

စူးလီက သူမရဲ့သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို လှန်လှောရင်း အလုပ်များနေတဲ့ကြားက လင်ကျောင်းရဲ့ခေါင်းကို သပ်ပေးလိုက်သေးတယ်။

“မြန်မြန် စားလိုက်”

သူမရဲ့အသံကို ကြားလိုက်ရတဲ့အခါ လင်ကျောင်းက သူမရဲ့မျက်လုံးထဲမှာ တစ်ခါက ကြီးမားတဲ့သတ္တဝါလို့ ထင်ရတဲ့ လင်မိသားစုက သူမကို လုံးဝမထိခိုက်နိုင်တော့သလို သူမရဲ့စိတ်ထဲမှာ ရှင်းမပြတတ်အောင် ရုတ်တရက် အေးချမ်းသွားတဲ့အာရုံတစ်ခုကို ခံစားလိုက်ရတယ်။

ဒီမမက အရမ်းကို နူးညံ့သိမ်မွေ့ပြီး အံ့ဩစရာကောင်းတာပဲ။

သူမ ဒီမမရဲ့ အစေခံဖြစ်လိုက်တာ။ ဒီမမနောက် တစ်ချိန်လုံး လိုက်နေချင်လိုက်တာ။

သူမက မျက်တောင်ခတ်လိုက်ပြီး သူမလက်ထဲက ဝိညာဉ်သစ်သီးကို တင်းနေအောင် ဆုပ်ထားရင်း အကိုက်ကြီးတစ်ကိုက် ကိုက်လိုက်တယ်။

လင်ဟွားယာ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဘယ်သူမှ မလှုပ်ရဲတာကို တွေ့လိုက်ရတယ်။ သူမရဲ့အဖေကတောင် ဇဝေဇဝါ ဖြစ်နေတဲ့ပုံပဲ။ သူမက ကြောက်စိတ်မွှန်သွားပြီး သူမရဲ့လက်နဲ့ လင်ကျောင်းကို ပြန်ဖမ်းလာဖို့ ပြင်လိုက်တယ်။

သူမက ဘာမှ မလုပ်ရ‌သေးခင်မှာပဲ မကြားရတာ အရမ်းကို ကြာနေပြီဖြစ်တဲ့ အသံတစ်ခုကို ကြားလိုက်ရတော့တယ်။

…

All Chapters