← Chapters

အခန်း ၁၀၂၂

Vol. 69 Ch. 1022

အခန်း ၁၀၂၂

Vol. 69 Ch. 1022

အခန်း (၁၀၂၂) - ဆရာကို သတ်ဖြတ်ခြင်း

သူ၏ အစစ်အမှန် ခန္ဓာကိုယ် သည် မတူညီသော လမ်းစဉ် တစ်ခု ကို လျှောက်လှမ်း နေပြီး... မိမိ ကိုယ်တိုင် ဖန်တီး ထားသော ကျင့်ကြံခြင်း စနစ် ကို လက်ခံ ကျင့်သုံး နေသော်ငြားလည်း သူ သည် လက်ရှိ တွင် တာအို နှင့် ပေါင်းစည်းခြင်း နယ်ပယ် ၏ အတွင်းဘက် ၌ သာ ပြိုင်ဘက်ကင်း ဖြစ်နေသေး၏။

ယခု လက်ရှိ တောင်ဘိုးဘေးကြီး နှင့် သူတော်စင် ဘိုးဘေးကြီး တို့ ဖော်ဆောင် နေသော စွမ်းအားများမှာ တာအို နှင့် ပေါင်းစည်းခြင်း နယ်ပယ် ကို ကျော်လွန် နေခဲ့ပြီ ဖြစ်ပြီး... ကောင်းကင်ဘုံ ၏ အငွေ့အသက် အနည်းငယ် ပင် ထပ်ဆောင်း ပါဝင် နေသေး၏။ ချီ ၏ စွမ်းအား များ ပင်။

နင်ချီ သည် ဤကဲ့သို့သော သတင်း အချက်အလက် မျိုး နှင့် ယခု အချိန်အထိ လုံးဝ (လုံးဝ) မထိတွေ့ ရသေးသလို... ၎င်းကို အလုံအလောက် လည်း နားမလည် သေးချေ။ သို့ဖြစ်သည့်အလျောက် ၎င်းကို ကျော်လွန် ဖို့ ဆိုတာ ဘယ်လို လုပ်ပြီး ဖြစ်နိုင်ပါမည်နည်း။

နင်ချီ ဤသို့ တွေးတော နေစဉ် မှာပင်... သူ၏ အရှေ့ရှိ နတ်ဘုရား စာလုံး ကျောင်းတော်ကြီး၏ အတွင်းဘက် ၌ ရုတ်တရက် အပြောင်းအလဲ တစ်ခု ဖြစ်ပေါ် လာတော့၏။

နံနက်ခင်း ခေါင်းလောင်း သို့တည်းမဟုတ် ညနေခင်း စည်တော် ကြီး အလား... ကျယ်လောင် ပြတ်သားသော အသံ တစ်သံ က နတ်ဘုရား အသံ ကို ဖောက်ထွက် လာပြီး ထင်ရှားစွာ ပေါ်ထွက် လာတော့သည်။

"အင်မော်တယ် တွေကို သတ်ပစ်"

ထို ရိုးရှင်းသော စကားလုံး နှစ်လုံး က... နတ်ဘုရား အသံ ကို ရုတ်တရက် ရပ်တန့် သွားစေတော့၏။

“ဝေါ... ဝုန်း... ဝုန်း…”

နတ်ဘုရား စာလုံးများမှာ တစ်ခု ပြီး တစ်ခု ကြေမွ ပျက်စီး သွားကြပြီး... ကျောင်းတော်ကြီးမှာ လည်း စတင် ပြိုကျ လာကာ ၎င်း အတွင်းမှ ကြီးမား ထွားကြိုင်းလှသော ပုံရိပ်ကြီး တစ်ခု ပေါက်ကွဲ ထွက်ပေါ် လာတော့၏။

ထို ပုံရိပ်ကြီး သည် အဝေး သို့ ပစ်လွင့်သွားပြီး... တောင်ဘိုးဘေးကြီး ၏ လက်ရှိ အခြေအနေ ကို ထုတ်ဖော် ပြသ လိုက်တော့သည်။

တောင်ဘိုးဘေးကြီး၏ ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေပြီး အပြင်းအထန် အသက်ရှူ နေရကာ... မျက်လုံးများ မှာ သွေးရောင် အဖြစ်သို့ ပြောင်းလဲ သွားပြီး အရောင် တဖျတ်ဖျတ် လက်နေတော့၏။

တောင်ဘိုးဘေးကြီး နောက်ဆုံး တွင် ရပ်တန့် သွားသော အခါ... နတ်ဘုရား ကျောင်းတော်ကြီးမှာ လုံးလုံးလျားလျား ပြိုကျ ပျက်စီး သွားခဲ့လေပြီ။

ဟင်းလင်းပြင် နေရာလွတ် ၏ အတွင်းဘက် ၌... စာလုံး တစ်ထောင် ပါဝင်သော နတ်ဘုရား စာလုံး ကျောင်းတော်ကြီးမှာ လုံးဝ ပြိုကျ ပျက်စီး သွားခဲ့ပြီ ဖြစ်၏။ ထို့နောက်... သူတော်စင် ဘိုးဘေးကြီး ၏ ပုံရိပ် မှာ နောက်တစ်ကြိမ် ပြန်လည် ပေါ်ထွက် လာတော့သည်။

သူ၏ အခြေအနေ မှာ တောင်ဘိုးဘေးကြီး ထက် ပိုမို ဆိုးရွား နေကြောင်း ထင်ရှားစွာ တွေ့မြင် နေရ၏။

လူတိုင်း မြင်တွေ့ လိုက်ရသည် မှာ... သူတော်စင် ဘိုးဘေးကြီး ၏ ခါးပိုင်း တွင် ကန့်လန့်ဖြတ် ဖြစ်နေသော ဧရာမ ဒဏ်ရာကြီး တစ်ခု ကို သာလျှင် ဖြစ်သည်။ ထို ဒဏ်ရာကြီးမှာ အရိုး များ ပေါ်လွင် နေသည် အထိ နက်ရှိုင်းစွာ စုတ်ပြဲ နေသော်ငြား... သွေး တစ်စက်မျှ စီးကျ လာခြင်း မရှိချေ။

သူတော်စင် ဘိုးဘေးကြီး ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ထံမှ ရွှေရောင် အလင်းတန်းများ ဖြာထွက် နေတော့၏။ သာမန် မျက်စိ ဖြင့် မြင်နိုင်သော အရှိန်အဟုန် ဖြင့် ပြန်လည် နာလန်ထူ လာနေသည် မှန်သော်ငြား... သူ၏ အဆင့်အတန်း ရှိသော ပုဂ္ဂိုလ် တစ်ဦး အတွက် ကတော့ ထို အမြန်နှုန်း မှာ အလွန်တရာ နှေးကွေး လွန်းလှသည်။

နင်ချီ သည် အထူး ဂရုတစိုက် ဖြင့် စောင့်ကြည့် နေခဲ့၏။

ဘိုးဘေးကြီး နှစ်ပါး ၏ တိုက်ပွဲ ဤ အဆင့် အထိ ရောက်ရှိ လာခဲ့ပြီးနောက် တွင်... တောင်ဘိုးဘေးကြီး သည် အနည်းငယ် အသာစီး ရနေကြောင်း ရှင်းလင်းစွာ မြင်တွေ့ နေရသည်။

သူ၏ အကြည့်များ က တောင်ဘိုးဘေးကြီး ဆီသို့ ရောက်ရှိ သွားတော့၏။

တောင်ဘိုးဘေးကြီး သည် ဟင်းလင်းပြင် နေရာလွတ် အတွင်း၌ ရပ်နေပြီး... သူ၏ မျက်လုံးများ မှာ သွေးရောင် အဖြစ်သို့ ပြောင်းလဲ နေကာ သူ၏ ထူထဲသော မျက်ခုံးတန်းများမှာ ပင့်တက် နေပြီး... သူ၏ တစ်ကိုယ်လုံး မှ လက်ဆုပ် လက်ကိုင် ပြုနိုင်လောက်အောင် ထင်ရှားသော သတ်ဖြတ် လိုသည့် ရည်ရွယ်ချက် များနှင့် သွေးဆာ နေသော အရှိန်အဝါကြီး တစ်ခု တဟုန်ထိုး ဖြာထွက် နေတော့သည်။

သူ၏ လက်ရှိ အခြေအနေ မှာ... သူတော်စင် ဘိုးဘေးကြီး ၏ နတ်ဘုရား စာလုံး ကျောင်းတော် ကြောင့် ဖြစ်ပေါ် လာခြင်း လား၊ သို့တည်းမဟုတ် သူ ခုလေးတင် မှ ထုတ်လွှတ် ခဲ့သော နတ်ဘုရား မှော်စွမ်းရည် ကြောင့် ဖြစ်ပေါ် လာခြင်း လား ဆိုသည်ကိုတော့ အတိအကျ မခွဲခြား နိုင်ချေ။

နတ်ဘုရား စာလုံး ကျောင်းတော် ၏ အတွင်းဘက် ၌ ဘာတွေ ဖြစ်ပျက် သွားခဲ့သနည်း ဆိုတာကို နင်ချီ လုံးဝ မမြင်တွေ့ ခဲ့ရပါ။

ရွတ်ဖတ် သရဇ္ဈာယ် နေသော နတ်ဘုရား အသံ များ အကြား တွင်... အဆုံးစွန်သော သတ်ဖြတ် လိုသည့် ရည်ရွယ်ချက် များ ပါဝင် ကိန်းအောင်း နေသော "အင်မော်တယ် တွေကို သတ်ပစ်" ဟူသည့် စကားလုံး နှစ်လုံး ကိုသာ ကြားလိုက်ရလေသည်။ ထို့နောက် တောင်ဘိုးဘေးကြီး သည် သူ့ကို ဖိနှိပ် ချုပ်ချယ် ထားသော နတ်ဘုရား ကျောင်းတော် ကို ဖောက်ခွဲ ဖျက်ဆီး ပစ်လိုက်ပြီး ၎င်း အတွင်းမှ နေ၍ အဟုန်ပြင်းစွာ ပေါက်ကွဲလာခဲ့ခြင်း ပင်။

"လူ တစ်ယောက် က အင်မော်တယ် တစ်ပါး အဖြစ် မရောက်ရှိ သေးဘဲ နဲ့... အင်မော်တယ် တွေကို သတ်ပစ် မယ် ဆိုတဲ့ စကား ကို ဘယ်လို လုပ်ပြီး ပြောထွက် ရဲတာလဲ"

သူတော်စင် ဘိုးဘေးကြီး က တိုးတိတ်စွာ သက်ပြင်းချ လိုက်ပြီး... သူ၏ ဒဏ်ရာများကို အောက်သို့ ငုံ့ကြည့် လိုက်သည့်အခိုက် သူ့ခန္ဓာကိုယ် ပေါ်ရှိ ရွှေရောင် အလင်းတန်းများ အားလုံး သည် ထို ဒဏ်ရာ များဆီသို့ တဟုန်ထိုး စီးဆင်း သွားကြတော့၏။

ရေ အလား ဖြစ်နေသော ရွှေရောင် အလင်းတန်းများသည် အမာရွတ်များကို အဆက်မပြတ် ဆေးကြော ပေးကာ တောင်ဘိုးဘေးကြီး ချန်ရစ် ခဲ့သော စွမ်းအားများကို လုံးဝ လွင့်စင် သွားစေတော့သည်။

ချက်ချင်း ဆိုသလိုပင်... သူတော်စင် ဘိုးဘေးကြီး၏ ပြန်လည် နာလန်ထူ မှု အရှိန်အဟုန် မှာ တဟုန်ထိုး မြင့်တက် သွားသည်ကို လူတိုင်း မြင်တွေ့ လိုက်ကြရ၏။

သူ သည် မျက်တောင် တစ်ချက် ခတ်ကာ မျက်လုံးများကို မှိတ်လိုက်ရာ... မည်သည့် ဒဏ်ရာ မျှ မရှိတော့သည့် အခြေအနေ သို့ ရုတ်ချည်းပင် ပြန်လည် ရောက်ရှိ သွားတော့၏။

သို့သော် နင်ချီ သည် တစ်စုံတစ်ရာ ကွဲပြား ခြားနား နေကြောင်း ကို ထက်မြက်စွာ အာရုံခံ မိလိုက်သည်။

All Chapters