အခန်း ၁၀၂၃
Vol. 69 Ch. 1023
အခန်း (၁၀၂၃) - ဆရာကို သတ်ဖြတ်ခြင်း
သူတော်စင် ဘိုးဘေးကြီး သည် အချိန် နိယာမ စည်းမျဉ်း ၏ စွမ်းအား ကို နောက်တစ်ကြိမ် ထပ်မံ ဖော်ဆောင် လိုက်ခြင်း ပင် ဖြစ်သော်ငြား... ဤ တစ်ကြိမ် တွင်မူ သူ သည် ၎င်းကို သူ၏ ဒဏ်ရာများကို ကုသ ရန် အတွက် ဖော်ဆောင် လိုက်ခြင်း ပင် ဖြစ်၏။
ထို ဒဏ်ရာများကို ကုသ လိုက်သည် ဟု ပြောခြင်း ထက်... အချိန် နိယာမ စည်းမျဉ်း ၏ အရှိန် ကို ပြန်လည် ရေးဆွဲ ခြင်း ဖြင့် ထို ရလဒ် ကို ရရှိခဲ့ခြင်း ပင် ဖြစ်သည် ဟု ဆိုရပေမည်။
နင်ချီ တစ်ယောက် အလွန်အမင်း မက်မော သွားမိတော့၏။ သူ ကိုယ်တိုင် ပင်လျှင် အချိန် နိယာမ စည်းမျဉ်း ၏ စွမ်းအား ကို လိုချင် တပ်မက် နေမိသည်။
သူတော်စင် ဘိုးဘေးကြီး ၏ ဒဏ်ရာ ပြန်လည် နာလန်ထူ လာသည်ကို မြင်လိုက်ရသောအခါ... တောင်ဘိုးဘေးကြီး ၏ မျက်လုံးများ ထဲရှိ သွေးရောင် မှာ ပို၍ပင် ရင့်မှိုင်းလာ၏။
သူတော်စင် ဘိုးဘေးကြီး ၏ နတ်ဘုရား ကျောင်းတော် ထဲ၌ ဖမ်းဆီး ချုပ်နှောင်ခံခဲ့ရစဉ် က... တောင်ဘိုးဘေးကြီး ဘာတွေ ကြုံတွေ့ ခဲ့ရသနည်း ဆိုတာကို မည်သူ ကမျှ မသိရှိကြသော်ငြားလည်း လက်တွေ့ တွေ့မြင် နေရသည် မှာ... တောင်ဘိုးဘေးကြီး ၏ လက်ရှိ အရှိန်အဝါ မှာ ယခင် က မာနထောင်လွှား နေသော အမူအရာ များနှင့် ရှင်းလင်းစွာ ကွဲပြား ခြားနားသွားသည်ကိုပင်။
‘လူ တစ်ယောက် က အင်မော်တယ် တစ်ပါး အဖြစ် မရောက်ရှိ သေးဘဲ နဲ့... အင်မော်တယ် တွေကို သတ်ပစ် မယ် ဆိုတဲ့ စကား ကို ဘယ်လို လုပ်ပြီး ပြောထွက် ရဲတာလဲ တဲ့လား’
တောင်ဘိုးဘေးကြီး သည် သူတော်စင် ဘိုးဘေးကြီး ၏ စကားများကို အလွန်အမင်း စိတ်မရှည် ဖြစ်နေကြောင်း သိသာလွန်းလှ၏။
"အဘိုးကြီး... အင်မော်တယ် ဆိုတာ က ခင်ဗျား မျက်စိ ရှေ့မှာ ရှိနေတာကို ခင်ဗျား မမြင်ဘူး လား"
ဤ အခိုက်အတန့် တွင်... သူတော်စင် ဘိုးဘေးကြီး သည် တုံ့ပြန် စကား မပြောမီ နင်ချီ ရှိရာ အရပ်ဆီသို့ အမှန်တကယ် ပင် တစ်ချက် အကြည့်ပို့လွှတ် လိုက်တော့သည်။
"ငါ လည်း အရင်တုန်းက မင်း နဲ့ အတူတူပဲ တွေးခဲ့ဖူးပါတယ်။ ဒါပေမယ့်... ကောင်လေး တစ်ယောက် က ငါ့ကို အိပ်မက် ထဲကနေ လက်တွေ့ လောက ထဲကို ပြန်လည် ဆွဲခေါ် လာခဲ့တယ်လေ"
သူ၏ အကြည့် ဦးတည်ချက် ကို အခြေခံ ၍ ကြည့်မည် ဆိုလျှင်... သူတော်စင် ဘိုးဘေးကြီး ရည်ညွှန်း ပြောဆို နေသော ထို ကောင်လေး မှာ မည်သူ မည်ဝါ ဖြစ်ကြောင်း ကို လူတိုင်း ရုတ်ချည်းပင် နားလည် သဘောပေါက် သွားကြတော့၏။
နင်ချီ ၏ နှလုံးသား မှာ တဒိတ်ဒိတ် ခုန်သွားတော့သည်။
ဘိုးဘေးကြီး သုံးပါး စလုံး တွင်... လက်ရှိ အဟန့်အတားများအား ကျော်လွန် ဖောက်ထွက် ရန် အတွက် ပိုမို နက်ရှိုင်းသော စိတ်ကူး များ ကိုယ်စီ ရှိနေကြပြီး ၎င်းမှာ ဝိညာဉ်ကမ္ဘာ စစ်ပွဲ ကြီး စတင် ရခြင်း ၏ အကြောင်းရင်း ပင် ဖြစ်ကြောင်း ကို နင်ချီ ကောင်းကောင်းကြီး သိထား၏။
သို့သော် သူတော်စင် ဘိုးဘေးကြီးအနေနှင့် နင်ချီ ၏ လွှမ်းမိုးခံခဲ့ရပြီး သူ၏ အိပ်မက် ထဲမှ နေ၍ ပိုမို နိုးကြား လာခဲ့သည် ဟု ပြောဆို ခြင်းမှာ... သိသိသာသာ ပင် သွယ်ဝိုက်သော ရည်ညွှန်းချက် တစ်ခု ဖြစ်နေတော့၏။
နင်ချီ သည် သူတော်စင် ဘိုးဘေးကြီး ၏ ပါးစပ် ကို ပိတ်ပစ် လိုက်ချင်စိတ် များ တဟုန်ထိုး မြင့်တက် လာတော့သည်။
‘ခင်ဗျား အခု ပါးစပ် ပိတ်ထားပါလားဗျာ...’
‘ဒီ အဘိုးကြီး က တောင်ဘိုးဘေးကြီး ကို ကိုင်တွယ် ဖြေရှင်း ဖို့ အတွက် ဒီလောက် အချိန် တွေ အများကြီး ဖော်ဆောင် နေခဲ့တာ... အခုတော့ တခြား သူကို အပြစ် ပုံချ ဖို့ လောက်ပဲ တတ်နိုင် တော့တာပဲ’
သူတော်စင် ဘိုးဘေးကြီး သည် ယခု အချိန် တွင် နင်ချီ က ဘိုးဘေးကြီး သုံးပါး ၏ တန်ဖိုးထားခံရမည်ကို လုံးဝ (လုံးဝ) မလိုလားကြောင်း ကို သိသာစွာ အရိပ်အမြွက် ပြသ နေခြင်း ပင်။ နင်ချီ ၏ တည်ရှိနေမှု က သူတို့ ၏ အနာဂတ် အပေါ် တွင် လွှမ်းမိုးမှု အချို့ ရှိလာနိုင်ကြောင်း ကို သူတော်စင် ဘိုးဘေးကြီး က ရှင်းလင်းစွာ ရည်ညွှန်း နေခြင်း ပင် ဖြစ်၏။
ကံကောင်း ထောက်မစွာဖြင့်... သူတော်စင် ဘိုးဘေးကြီး သည် ထို ကိစ္စ ကို အတိုချုပ် သာ ပြောဆို ခဲ့ပြီး ပင်လယ်ဘိုးဘေးကြီး ကို ကျော်လွန် ကာ တောင်ဘိုးဘေးကြီး ကို တိုက်ရိုက် စူးစိုက် ကြည့်ရင်း ဆက်လက် ပြောဆို လိုက်သည်။
"ငါ့ရဲ့ နတ်ဘုရား စာလုံး ကျောင်းတော် က... အတိတ် နဲ့ အနာဂတ် ကို ကြည့်ရှု နိုင်တဲ့ စွမ်းအား အချို့ ကို ပိုင်ဆိုင် ထားတယ်လေ"
အကယ်၍ တစ်စုံတစ်ယောက် သာ ဤ စကား ကို တောင်ဘိုးဘေးကြီး သို့မဟုတ် ပင်လယ်ဘိုးဘေးကြီး ထံသို့ ယခင် က ပြောခဲ့မည် ဆိုပါက... သူတို့ သည် ထို သူကို သေသည် အထိ ရိုက်ပစ်လိုက်မည်သာ။
သို့သော် ယခု အခါ တွင်မူ... သူတော်စင် ဘိုးဘေးကြီး မှာ ရန်သူ တစ်ဦး ဖြစ်နေသော်ငြားလည်း အချိန် နိယာမ စည်းမျဉ်းများကို အတိုင်းအတာ တစ်ခု အထိ လွှမ်းမိုး ခြယ်လှယ် နိုင်စွမ်း ရှိသူ ဖြစ်သည့်အလျောက်... သူ ပြောဆို သည့် စကားများကို သူတို့ သည် အလွန်တရာ စိတ်ဝင်စား နေကြတော့သည်။
"ပြောစမ်းပါဦး... မင်း ဘာတွေ မြင်ခဲ့ရလဲ"
တောင်ဘိုးဘေးကြီး က ပြန်လည် မေးခွန်း ထုတ်လိုက်၏။
သူတော်စင် ဘိုးဘေးကြီး က သိမ်မွေ့စွာ ပြုံးလိုက်သည်။
"နတ်ဘုရား လွင့်မျော ကျောင်းတော် က အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂတ် ဆိုတဲ့ ကမ္ဘာ သုံးခု လုံးကို ကြည့်ရှု နိုင်တယ်လေ။ အဲဒီ အထဲမှာ မင်း ခုလေးတင် ကြုံတွေ့ ခဲ့ရတဲ့ အရာ အားလုံး ကို လည်း ငါ ရှင်းရှင်းလင်းလင်း သိလိုက်ရတယ်။ ပြီးတော့... မင်း ရဲ့ ရည်မှန်းချက် ကြီးမားမှု တွေ နဲ့ မင်း ဘာတွေ သယ်ဆောင် လာသလဲ ဆိုတာကို လည်း ငါ မြင်ခဲ့ရတယ်"
ထိုစကား ကို ကြားလိုက်ရသောအခါ... လူတိုင်း မှာ ရုတ်ချည်းပင် အံ့အားသင့် မှင်သက် သွားကြရတော့၏။
ဤကဲ့သို့သော နတ်ဘုရား မှော်စွမ်းရည် မျိုးမှာ အရင် က တစ်ခါမှ မကြားဖူး သလို မမြင်ဖူး သေးချေ။
နင်ချီ ပင်လျှင် အလွန်အမင်း စပ်စုချင်စိတ် ပြင်းပြ နေတော့သည်။ သူတော်စင် ဘိုးဘေးကြီး သည် နတ်ဘုရား မှော်စွမ်းရည် ကို ဖော်ဆောင်၍ လူ တစ်ယောက် ၏ အတိတ်၊ ပစ္စုပ္ပန်၊ နှင့် အနာဂတ် ကို အမှန်တကယ် ပင် မြင်တွေ့ နိုင်စွမ်း ရှိတာများလား။
ကျင့်ကြံသူ များ သည် သူတို့ ၏ ရန်သူများကို အနိုင်ယူ နှိမ်နင်း ပြီးနောက် တွင်... လူ တစ်ယောက် ၏ အတိတ် ကို ကြည့်ရှု ရန် အတွက် ဝိညာဉ် ရှာဖွေ နည်းစနစ်များကို ဖော်ဆောင် နိုင်ကြသော်ငြားလည်း ပစ္စုပ္ပန် နှင့် အနာဂတ် ကိုတော့ ကြည့်ရှု နိုင်စွမ်း မရှိကြချေ။
တစ်ဖက်လူ က သေသွားမှတော့... ပစ္စုပ္ပန် နှင့် အနာဂတ် ဆိုတာ ဘယ်လို လုပ်ပြီး ရှိနိုင်တော့မည်လဲ။
သူတော်စင် ဘိုးဘေးကြီး ၏ တာအို နတ်ဘုရား စာလုံး ကျောင်းတော် သည် တောင်ဘိုးဘေးကြီး ကို ခဏလေး သာ ထောင်ချောက် ဆင် ဖမ်းဆီး နိုင်ခဲ့၏။ ထိုမျှ အချိန်တိုလေး အတွင်းမှာပင် လူ တစ်ယောက် ၏ အတိတ်၊ ပစ္စုပ္ပန်၊ နှင့် အနာဂတ် ကို သူ အမှန်တကယ် ပင် မြင်တွေ့ နိုင်စွမ်း ရှိပါမည်လား။
အကယ်၍ ဖမ်းဆီး ခံရသူ မှာ နယ်ပယ် အဆင့် နိမ့်ကျသော ကျင့်ကြံသူ တစ်ဦး ဖြစ်မည် ဆိုပါက ဖြစ်နိုင်ခြေ ရှိပါသည်။
ယခု ရင်ဆိုင် နေရသူ မှာ တောင်နှင့် ပင်လယ် ကမ္ဘာ တွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်သည့် တောင်ဘိုးဘေးကြီး ပင်။
ထိုသို့ ဖြစ်လေရာ လူတိုင်း မှာ အကြီးအကျယ် သံသယ ဝင်နေကြတော့၏။
သူတို့ အနေဖြင့် လုံးလုံးလျားလျား ငြင်းပယ် ခြင်း မပြုဘဲ သံသယ ဝင်နေရခြင်း ၏ အကြောင်းရင်း မှာ... သူတော်စင် ဘိုးဘေးကြီး သည် အချိန် ၏ စီးဆင်းမှု ကို အတိုင်းအတာ တစ်ခု အထိ ထိန်းချုပ် နိုင်စွမ်း ရှိနေသည် မဟုတ်ပါလော။
တောင်ဘိုးဘေးကြီး သည် အထင်အမြင် သေးစွာ ဖြင့် နှာခေါင်းရှုံ့ လိုက်၏။
သို့သော် တစ်ဖက်မှ ပင်လယ်ဘိုးဘေးကြီး ၏ မျက်လုံးများ ထဲတွင်မူ မေးခွန်း ထုတ်လိုသော အရိပ်အယောင် အချို့ ပေါ်ထွက် လာပြီး... အဓိပ္ပာယ် ဖော်ဆောင် ရန် ခက်ခဲသော အရိပ်အယောင် အချို့လည်း ရောယှက် နေတော့သည်။
တောင်ဘိုးဘေးကြီး က ဘာမှ မပြောသော်ငြား... ပင်လယ်ဘိုးဘေးကြီး ကမူ မေးလိုက်၏။
"ရှင် ပြောတဲ့ စကား တွေက တကယ်ပဲ အမှန်တွေ လား"
ထိုအခါ သူတော်စင် ဘိုးဘေးကြီး က ပြန်ပြောလိုက်သည်။
"ငါ လူ တစ်ယောက် ရဲ့ နာမည် ကို ပြောလိုက်မယ်... အဲဒါ အမှန် လား အမှား လား ဆိုတာကို မင်း သိသွားလိမ့်မယ်"