← Chapters

အခန်း ၁၀၂၄

Vol. 69 Ch. 1024

အခန်း ၁၀၂၄

Vol. 69 Ch. 1024

အခန်း (၁၀၂၄) - ဆရာကို သတ်ဖြတ်ခြင်း

"ငါ.. လူ တစ်ယောက် ရဲ့ နာမည် ကို ပြောလိုက်မယ်... အဲဒါ အမှန် လား အမှား လား ဆိုတာကို မင်း သိသွားလိမ့်မယ်”

ပင်လယ်ဘိုးဘေးကြီး မှာ ရုတ်တရက် တိတ်ဆိတ်သွားတော့၏။

တောင်ဘိုးဘေးကြီး သည် ထို နှစ်ဦး ကို စူးစိုက် ကြည့်နေပြီး... သူ၏ မျက်ခုံးတန်းများ အနည်းငယ် တွန့်ချိုး သွားတော့သည်။

သူတော်စင် ဘိုးဘေးကြီး က ဆက်ပြောလိုက်၏။

"ဉာဏ်အလင်းပွင့် အဘိုးအို ကို မင်း မှတ်မိ သေးရဲ့လား"

ထိုစကား ကို ကြားလိုက်ရသောအခါ... တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့ နှစ်ဦး စလုံး ၏ မျက်နှာ အရောင် မှာ တစ်ပြိုင်နက်တည်း ပြောင်းလဲ သွားကြတော့၏။

ထင်ရှားသည်မှာ... သူတော်စင် ဘိုးဘေးကြီး ရည်ညွှန်း ပြောဆို လိုက်သော ဉာဏ်အလင်းပွင့် အဘိုးအို မှာ သူတို့ နှင့် မရင်းနှီးသော သူ တစ်ဦး မဟုတ်ဘဲ ဆန့်ကျင်ဘက် အနေဖြင့် သူတို့ နှင့် အလွန်တရာ ရင်းနှီး ကျွမ်းဝင် သူ တစ်ဦး သေချာပေါက် ဖြစ်သည်။

ပင်လယ်ဘိုးဘေးကြီး သည် သူမ၏ သွားများကို တင်းတင်း ကြိတ်လိုက်ရာ အက်ကွဲသံ တစ်သံ ထွက်ပေါ် လာပြီး... သူတော်စင် ဘိုးဘေးကြီး ၏ အနီးသို့ သူမက တဟုန်ထိုး ပျံသန်း သွားတော့၏။

ထို မျက်စိတစ်မှိတ် အတွင်းမှာပင်... သူမ၏ ရင်သပ်ရှုမောဖွယ် လှပသော မျက်နှာလေး ပေါ်တွင် ရူးသွပ်မှု အရိပ်အယောင် အချို့ နောက်တစ်ကြိမ် ပြန်လည် ပေါ်ထွက် လာပြန်သည်။

"ဆရာ ဉာဏ်အလင်းပွင့် အကြောင်းကို ရှင် ဘယ်လို လုပ်ပြီး သိနေရတာလဲ။ ဟောင်ရှန်း ရဲ့ မှတ်ဉာဏ် တွေထဲမှာ ဆရာ ဉာဏ်အလင်းပွင့် ကို ရှင် တကယ်ပဲ မြင်တွေ့ ခဲ့ရတာလား"

ပင်လယ်ဘိုးဘေးကြီး ၏ အသံ မှာ ပုံမှန် မဟုတ်လောက်အောင် အေးစက် လွန်းလှပြီး... သူမ၏ တစ်ကိုယ်လုံး မှ ရှေးဟောင်း ရေခဲပြင်ကြီး တစ်ခု အလား ကြောက်မက်ဖွယ် ကောင်းလှသော အအေးဓာတ် အရှိန်အဝါကြီး တစ်ခု ဖြာထွက် နေတော့၏။

စစ်မြေပြင်နယ်မြေ တစ်ခုလုံး ၏ လေထု အပူချိန် မှာ ရုတ်တရက် ထိုးကျ၏။

ဟင်းလင်းပြင် နေရာလွတ် ၏ အတွင်းဘက် ၌ အဖြူရောင် လွင့်မျော နေသော အရာဝတ္ထု လေးများ ပေါ်ထွက် လာကာ တဖြည်းဖြည်း နှင့် ကြီးမား လာပြီး ဆီးနှင်း ပွင့် များ အဖြစ်သို့ ပြောင်းလဲ သွားကာ အောက်သို့ တဖွဲဖွဲ ကျဆင်း လာတော့သည်။

အဆင့် နိမ့် နယ်ပယ် မှ ကျင့်ကြံသူ အချို့ မှာ... သူတို့ ၏ ခန္ဓာကိုယ် ပေါ်သို့ ထူးဆန်းသော အအေးဓာတ် တစ်ခု သက်ဆင်းလာသည်ကို ခံစား လိုက်ကြရ၏။ အရိုး ထဲထိ စိမ့်ဝင် သွားလောက်အောင် အေးစက် လွန်းလှသည်။

သို့သော်ငြား... သူတော်စင် ဘိုးဘေးကြီး ရည်ညွှန်း ပြောဆို လိုက်သော ဉာဏ်အလင်းပွင့် အဘိုးအို ဆိုသည်မှာ မည်သူ မည်ဝါ ဖြစ်ကြောင်း ကို နောက်ဆုံး တွင် သူတို့ နားလည် သဘောပေါက် သွားကြတော့၏။ သူ သည် ဘိုးဘေးကြီး နှစ်ပါး ၏ ယခင် ဆရာသခင် ပင် ဖြစ်တော့သည်။

သို့သော် ဉာဏ်အလင်းပွင့် အဘိုးအို က အမှန်တကယ် ပင် ဘိုးဘေးကြီး များ၏ ဆရာသခင် ဖြစ်ခဲ့မည် ဆိုလျှင်... အခြား တစ်ယောက် က ထို အကြောင်း ကို ပြောဆို လိုက်ချိန်မှာ ပင်လယ်ဘိုးဘေးကြီး ၏ တုံ့ပြန်မှု မှာ ဘာဖြစ်လို့ သည်လောက်တောင် ပြင်းထန် နေရတာလဲ... ။ ဝသန်လထဲမှာ ဆီးနှင်း တွေ ကျလာသလို မျိုး တောင် ဖြစ်သွားရသည့် အထိပင်။

နင်ချီ သည်လည်း ဤ ကိစ္စ နှင့် ပတ်သက်၍ အလွန်အမင်း ဇဝေဇဝါ ဖြစ်နေမိ၏။

သူတော်စင် ဘိုးဘေးကြီး သည် တစ်စုံတစ်ရာ ကို အမှန်တကယ် ပင် ကြိုတင် မြင်တွေ့ ခဲ့သည် ဖြစ်စေ၊ မမြင်တွေ့ ခဲ့သည် ဖြစ်စေ... ဤ လုပ်ရပ် က အတိတ် မှ ဇာတ်လမ်းဟောင်း တစ်ပုဒ် ကို ပြန်လည် တူးဆွ လိုက်ခြင်း ပင် ဖြစ်ကြောင်း ကို နင်ချီ နားလည် သဘောပေါက် လိုက်သည်။

ဒါက တောင်ဘိုးဘေးကြီး နှင့် လည်း သေချာပေါက် ပတ်သက် ဆက်နွှယ် နေလိမ့်မည်။ ပင်လယ်ဘိုးဘေးကြီး ၏ အတိတ် က လမ်းခွဲ မှု အနောက် က အမှန်တရား ပင်။

"တာအိုမိတ်ဆွေ နင်ချီ... အဲဒီ ဉာဏ်အလင်းပွင့် အဘိုးအို မှာ တခြား ကိုယ်ပိုင် အဆင့်အတန်း တစ်ခု ရှိသေးတယ်"

ရုတ်တရက်... နင်ချီ ၏ စိတ်ထဲတွင် အသံလွှင့် သတင်းစကား တစ်ခု လက်ခံ ရရှိလိုက်တော့၏။

သူ သည် အသံ လာရာ အရပ်ဆီသို့ ချက်ချင်း အကြည့်ပို့လွှတ် လိုက်ရာ... လမင်းပင်လယ် အင်မော်တယ်ဂိုဏ်း ၏ ဂိုဏ်းချုပ် ကျောက်ယွီကျွင်း ထံမှ နေ၍ သူ့ထံသို့ အသံလွှင့် နေခြင်း ပင် ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ကျောက်ယွီကျွင်း က နင်ချီ ကို မျက်စိ တစ်ချက် မှိတ်ပြ လိုက်၏။

ပင်လယ်ဘိုးဘေးကြီး ၏ လက်အောက် တွင် အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ် တစ်ဦး ဖြစ်သလို... ပင်လယ်ဘိုးဘေးကြီး ကိုယ်တိုင် တည်ထောင် ခဲ့သော လမင်းပင်လယ် အင်မော်တယ်ဂိုဏ်း ၏ အုပ်ချုပ် စီမံခွင့် ကို ကျောက်ယွီကျွင်း ထံသို့ လွှဲအပ် ထားခြင်း ကို ကြည့်ခြင်း အားဖြင့် ကျောက်ယွီကျွင်း သည် ပင်လယ်ဘိုးဘေးကြီး ၏ နောက်သို့ လိုက်ပါ လာခဲ့သည်မှာ နှစ်ပေါင်း များစွာ ကြာမြင့် နေခဲ့ပြီး ပင်လယ်ဘိုးဘေးကြီး ၏ အပြည့်အဝ ယုံကြည် ကိုးစား မှုကို ရရှိထားသူ တစ်ဦး ဖြစ်ကြောင်း ကို တွေ့မြင် နိုင်သည်။

ဤ အခိုက်အတန့် တွင်... ပင်လယ်ဘိုးဘေးကြီး ၏ မျက်နှာ ပေါ်ရှိ နာကျင် နေသော အမူအရာ ကို သတိပြု မိသွားခြင်း ကြောင့်လော၊ သူတို့ အမြဲတမ်း ဆန့်ကျင် ဘက် အနေဖြင့် ရပ်တည် ခဲ့သော တောင်ဘိုးဘေးကြီး က အသာစီး ရနေသည် ကို မြင်လိုက်ရသောကြောင့်လား မသိတတ်ပါ။

ကျောက်ယွီကျွင်း သည် နင်ချီ ကို လျှို့ဝှက်ချက် အချို့ကို အမှန်တကယ် ပင် ဖွင့်ဟ ပြောပြလာခဲ့တော့သည်။

ကျောက်ယွီကျွင်း က ဘာဖြစ်လို့ ဒီ အကြောင်းအရာ တွေ အားလုံး ကို သူ့ကို ပြောပြ နေရသနည်း ဆိုတာကို နင်ချီ နားမလည်နိုင်အောင် ဖြစ်နေရသော်ငြားလည်း... အခမဲ့ နားထောင်ခွင့် ရသော အတွင်းစကားတွေ ရှိနေမှတော့ သူက ဘယ်လို လုပ်ပြီး လက်လွှတ် ခံနိုင်ပါမည်နည်း။

ထိုသို့ ဖြစ်လေရာ... နင်ချီ သည်လည်း ကျောက်ယွီကျွင်း ထံသို့ အသံလွှင့် ကာ ပြန်လည် ဖြေကြား လိုက်၏။

"တာအိုမိတ်ဆွေ ကျောက်... ခင်ဗျား အဲဒီ အကြောင်း ကို နည်းနည်းလောက် အသေးစိတ် ရှင်းပြ ပေးနိုင်မလား။ အဲဒီ ဉာဏ်အလင်းပွင့် အဘိုးအို မှာ တခြား ဘယ်လို ကိုယ်ပိုင် အဆင့်အတန်း မျိုး ရှိသေးလို့လဲ။ ဘိုးဘေးကြီး နှစ်ပါး နဲ့ ပတ်သက်ပြီး ကျွန်တော် သိထားတာ အရမ်း ကို နည်းလွန်း နေလို့ပါ။ အကယ်၍ နောက်ပိုင်း ကျရင် ကျွန်တော့် အတွက် တစ်ခုခု အသုံးဝင် ခဲ့မယ် ဆိုရင်... ခင်ဗျား ကို တစ်သက်လုံး ကျေးဇူးတင် နေမှာပါ"

ခေတ္တမျှ စဉ်းစားခန်း ဝင်လိုက်ပြီးနောက်... ကျောက်ယွီကျွင်း က ပြန်လည် ဖြေကြား လိုက်သည်။

"ဉာဏ်အလင်းပွင့် အဘိုးအို ဟာ ဘိုးဘေးကြီး နှစ်ပါး ရဲ့ လူငယ် ဘဝ က ဆရာသခင် ဖြစ်ခဲ့ပြီး... ပင်လယ်ဘိုးဘေးကြီး ရဲ့ အရင်းအချာ ဖခင် လည်း ဖြစ်ပါတယ်"

"ဟင်..."

နင်ချီ က ပြန်လည် တုံ့ပြန် လိုက်ပြီး... ကျောက်ယွီကျွင်း ဆက်ပြော မည့် စကားများကို စောင့်ဆိုင်း နေလိုက်၏။

"တစ်ချိန် တုန်းက တောင်ဘိုးဘေးကြီး ဟာ သေးငယ်တဲ့ ကမ္ဘာငယ် လေး တစ်ခု ထဲကို ရတနာ သိုက် တွေ ရှာဖွေ ဖို့ အတွက် သွားခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီ အထဲမှာ ပိတ်မိ နေခဲ့တယ်။ နောက်ပိုင်း မှာ ပင်လယ်ဘိုးဘေးကြီး က အဲဒီ သတင်း ကို သိသွားပြီး... သူ့ရဲ့ ဘေးကင်း လုံခြုံရေး အတွက် စိုးရိမ် သွားလို့ ဖခင် ဖြစ်သူ ရဲ့ တားမြစ် ချက် ကို လျစ်လျူရှု ပြီး ကမ္ဘာငယ် လေး ထဲကို အတင်းအကျပ် ဝင်ရောက် ခဲ့ရာ ကနေ... သူတို့ နှစ်ယောက် စလုံး ထောင်ချောက် ထဲမှာ ပိတ်မိ သွားခဲ့ကြတာပေါ့"

"အဲဒီနောက်... သူတို့ နှစ်ယောက် ရဲ့ ဆရာသခင် ဖြစ်တဲ့ ဉာဏ်အလင်းပွင့် အဘိုးအို ဟာ သူတို့ နှစ်ယောက် ကို ကယ်တင် ဖို့ အတွက် ကမ္ဘာငယ် လေး ထဲကို ဝင်ရောက် လာခဲ့တယ်.. ဘိုးဘေးကြီး နှစ်ပါး ကို အောင်မြင်စွာ ကယ်တင် နိုင်ခဲ့ပေမဲ့၊ သူ ကိုယ်တိုင် ကတော့ အဲဒီ အထဲမှာပဲ သေဆုံး သွားခဲ့ရတယ်"

"အဲဒီ နေရာ မှာ အတိအကျ ဘာတွေ ဖြစ်ပျက် သွားခဲ့တယ် ဆိုတာကိုတော့ ကျွန်မ လည်း မသိပါဘူး"

ကျောက်ယွီကျွင်း သည် လှည့်၍ နင်ချီ ကို စူးစိုက် ကြည့်လိုက်၏။

"ပင်လယ်ဘိုးဘေးကြီး ဟာ တစ်ခါတလေ ကျင့်စဉ် တွေ လေ့ကျင့် နေရင်း စိတ်ထွက်ပေါက် မရှိ ဖြစ်နေတဲ့ အချိန် တွေ ကျမှသာ... ဒီ ကိစ္စ တွေ အကြောင်း ကို ကျွန်မ သိခဲ့ရတာပါ။ တာအိုမိတ်ဆွေ နင်ချီ အနေနဲ့ ဒီ ကိစ္စ တွေကို အပြင် မှာ လျှောက်မပြော ဘူးလို့ မျှော်လင့်ပါတယ်"

All Chapters