အခန်း ၁၀၂၆
Vol. 69 Ch. 1026
အခန်း (၁၀၂၆) - ဉာဏ်အလင်းပွင့် အဘိုးအို
ထို့နောက် သူတော်စင် ဘိုးဘေးကြီး က ပင်လယ်ဘိုးဘေးကြီး ထံသို့ လှည့်ကာ မေးလိုက်သည်။
"မင်း ကရော ဘယ်လို ထင်လဲ"
ပင်လယ်ဘိုးဘေးကြီး ၏ ရင်ဘတ် မှာ အကြမ်းပတမ်း ရိုက်ခတ် နေသော လှိုင်းလုံးကြီးများ အလား နိမ့်ချည် မြင့်ချည် ဖြစ်နေပြီး... သူမ၏ မျက်နှာ မှာ ဒေါသ ကြောင့် ရှုံ့မဲ့ နေတော့၏။
သူမ က နာကြည်း မုန်းတီးမှု များ အပြည့် ပါဝင် နေသော စကား တစ်ခွန်း ကိုသာ ရေရွတ် လိုက်သည်။
"ပြောစမ်းပါ"
သူတော်စင် ဘိုးဘေးကြီး က သူမ ကို သနား စာနာသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီး ဆိုလိုက်၏။
"ကောင်းပြီလေ"
"ဟောင်ရှန်းရဲ့ အတိတ် ထဲကနေ ငါ မြင်ခဲ့ရတာ ကတော့... ကမ္ဘာငယ် လေး ဆီကို သွားတဲ့ လမ်းကြောင်း ရဲ့ ရတနာ သိုက် ကို ဖွင့်ဖို့ အတွက် ဉာဏ်အလင်းပွင့် အဘိုးအို ရဲ့ အသက် ကို စတေး ရမယ် ဆိုတာကို သူ ကိုယ်တိုင် သိနေခဲ့တယ်။ တံဆိပ်ခေါင်း ကို ဖွင့်ဖို့ အတွက် သူ ကိုယ်တိုင် ပဲ ကိုယ်တိုင်ကိုယ်ကျ သတ်ပစ် ခဲ့တာ။ ပြီးတော့ ဟောင်ရှန်း က အဲဒီ အထဲက အမွေအနှစ် ကို ရသွားခဲ့တာပဲ"
ပင်လယ်ဘိုးဘေးကြီး ၏ ဆံနွယ်ရှည်များမှာ မည်သည့် လေ မှ မတိုက်ခတ် ဘဲ လှုပ်ရှား လာပြီး... အထက် သို့ ထောင်မတ် လာတော့၏။
ကြောက်မက်ဖွယ် ကောင်းလှသော အအေးဓာတ် အရှိန်အဝါကြီး ဖြာထွက် လာရုံ သာမက... သူမ၏ ခန္ဓာကိုယ် ကို မီးခိုးရောင် စွမ်းအား ကွင်းကြီး တစ်ခု ကပါ ရစ်ပတ် ဝန်းရံ လာတော့သည်။
ထို စွမ်းအားများမှာ ကျောချမ်းဖွယ် ကောင်းလောက်အောင် တွန့်လိမ် ကောက်ကွေး နေပြီး... တစ်ချက် ကြည့်လိုက်ရုံ ဖြင့်ပင် မကောင်းသော နိမိတ် လက္ခဏာများကို ခံစား လိုက်ရစေတော့၏။
ဤ မြင်ကွင်း ကို မြင်လိုက်ရသော အခါ... သူတော်စင် ဘိုးဘေးကြီး နှင့် တောင်ဘိုးဘေးကြီး တို့ နှစ်ဦး စလုံး မှာ အကြီးအကျယ် အံ့အားသင့် မှင်သက် သွားကြရတော့သည်။
"နယ်မြေများ ပင်လယ် ရဲ့ စွမ်းအား တွေ"
နင်ချီ ၏ မျက်လုံးများ ပင်လျှင် ပြူးကျယ် သွားပြီး... အနည်းငယ် အံ့အားသင့် တုန်လှုပ် သွားတော့၏။
ပင်လယ်ဘိုးဘေးကြီး သည် လူတိုင်း ၏ မျက်စိ ရှေ့မှောက် တွင်... နယ်မြေများ ပင်လယ် ၏ စွမ်းအားများကို မည်သည့် ဖုံးကွယ်မှု မျှ မရှိဘဲ ပထမဆုံး အကြိမ် အဖြစ် ထုတ်ဖော် ပြသ လိုက်ခြင်း ပင် ဖြစ်သည်။
ပင်လယ်ဘိုးဘေးကြီး က... သူမ တို့ နှစ်ဦး စလုံး သည် နယ်မြေများ ပင်လယ် ၏ စွမ်းအားများကို ပိုင်ဆိုင် ထားကြောင်း ယခင် က သူ့ကို ပြောပြ ခဲ့ခြင်း မှာ အံ့ဩစရာ မဟုတ်တော့ချေ။ ပင်လယ်ဘိုးဘေးကြီး သည်လည်း သူမ၏ ကိုယ်ပိုင် တားမြစ် နည်းစနစ်များကို ကျင့်ကြံ ထားခဲ့ခြင်း ပင် ဖြစ်တော့သည်။
သို့သော်ငြား... လက်ရှိ အခြေအနေ ကို ထည့်သွင်း စဉ်းစား ကြည့်မည် ဆိုလျှင် ထို အချက်မှာ ဒုတိယ အချက် သာ ဖြစ်ပြီး... ပို၍ အရေးကြီးသော အချက် မှာ သူတော်စင် ဘိုးဘေးကြီး ပြောဆို လိုက်သည့် စကား ပင် ဖြစ်၏။
"ဟောင်ရှန်း... သူ ပြောတဲ့ စကား တွေက တကယ်ပဲ အမှန်တွေ လား"
ပင်လယ်ဘိုးဘေးကြီး ၏ လှပသော မျက်နှာလေး မှာ ယခုအခါ ဝမ်းနည်း ပူဆွေးမှု များနှင့် နာကြည်း မုန်းတီးမှု များဖြင့် လွှမ်းခြုံ နေပြီး... ရူးသွပ်မှု အရိပ်အယောင် အချို့လည်း ရောယှက် နေကာ တောင်ဘိုးဘေးကြီး ကို အေးစက် စူးရှစွာ ဖြင့် မေးခွန်း ထုတ်လိုက်တော့၏။
သူတော်စင် ဘိုးဘေးကြီး ၏ လက်ထဲတွင် မည်သည့် အချိန် ကတည်းက မှန်း မသိရသော စက္ကူ ယပ်တောင် တစ်ချောင်း ပေါ်ထွက် လာတော့သည်။
သူ က စက္ကူ ယပ်တောင် ကို ဖွင့်လိုက်ပြီး... သူ့ကိုယ်သူ ညင်သာစွာ ယပ်ခတ် နေလိုက်၏။
နားလည် ရခက်သော အချက် မှာ... စက္ကူ ယပ်တောင် ပေါ်တွင် မီးတောက် တစ်ခု ရုတ်တရက် ပေါ်ထွက် လာပြီး သူ သည် အပူငွေ့များကို ယပ်ခတ် နေခြင်း ပင် ဖြစ်သည်။ သူ၏ ဘေးတွင် ရှိနေသော ပင်လယ်ဘိုးဘေးကြီး ထံမှ ဖြာထွက် လာသည့် အအေးဓာတ်များကို တန်ပြန် ခုခံ ရန် ကြိုးစား နေသည့်နှယ် ပင်။
ခမ်းနားကြီးကျယ်လှသော တောင်ဘိုးဘေးကြီး သည် သူတို့ နှစ်ဦး ကို စူးစိုက် ကြည့်နေပြီး... နောက်ဆုံး တွင် သူ၏ အကြည့်များ က သူတော်စင် ဘိုးဘေးကြီး အပေါ်သို့ ကျရောက် သွားတော့၏။
အဆုံးအစမဲ့ အသခ်ျေ ထောင်စုနှစ်များ တစ်လျှောက် တွင်... ပင်လယ်ဘိုးဘေးကြီး က သူ့ကို တိုက်ခိုက် သည့် အကြိမ် တိုင်း မှာ ဤ မေးခွန်း ကို အမြဲတမ်း မေးမြန်း လေ့ ရှိသော်ငြားလည်း သူ သည် အမှန်တရား ကို ပင်လယ်ဘိုးဘေးကြီး ထံသို့ ဘယ်သောအခါ မှ ထုတ်ဖော် မပြောပြ ခဲ့ပါ။
သို့သော် ယခုအခါ တွင်မူ... အခြား ကမ္ဘာ တစ်ခု မှ ကြောက်မက်ဖွယ် ကောင်းလှသော ရန်သူတော်ကြီး တစ်ဦး က သူ့ အနီးတွင် ရှိနေပြီ ဖြစ်သည့်အလျောက် သူ စကား မပြောဘဲ နေ၍ မရနိုင်တော့ချေ။
တောင်ဘိုးဘေးကြီး အသက် ပြင်းပြင်း တစ်ချက် ရှူသွင်း လိုက်ပြီးနောက်... အံ့အားသင့်ဖွယ် ကောင်းလှစွာ ပင် သူ၏ နောက်ကွယ် ရှိ ပုကျိုး တောင် ၏ ပုံရိပ်ယောင် ဆီသို့ အကြည့် ရွှေ့ပြောင်း လိုက်တော့၏။
တောင်ထိပ် မှသည် မြေကြီး အောက်ခြေ အထိ ဆန့်တန်း နေသော နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် ကို ငေးကြည့် နေရင်း...တောင်ဘိုးဘေးကြီး၏ မျက်နှာ ပေါ်တွင် အလွန်အမင်း စွဲလမ်း ရူးသွပ် နေသော အရိပ်အယောင် အချို့ ပေါ်ထွက် လာတော့သည်။
သူ က သူ့ဘာသာသူ ရေရွတ်လာတော့၏။
"ငါ က တောင်ထိပ် မှာ ရပ်နေတယ်... ကမ္ဘာ လောက ကြီး ရဲ့ အမြင့်ဆုံး နေရာ ပေါ့။ သေမျိုး လောက မှာပဲ ဖြစ်ဖြစ်၊ အင်မော်တယ် လောက မှာပဲ ဖြစ်ဖြစ်... သားရဲ တိရစ္ဆာန် တွေ အကြား မှာပဲ ဖြစ်ဖြစ်၊ လူသား မျိုးနွယ်စု တွေ အကြား မှာပဲ ဖြစ်ဖြစ်... ဒီလို အမြင့်ဆုံး အဆင့်အတန်း ကို မရောက်ချင် တဲ့ အုပ်စု မျိုး မင်း မြင်ဖူး လို့လား"
ပင်လယ်ဘိုးဘေးကြီး နှင့် သူတော်စင် ဘိုးဘေးကြီး တို့မှာ ဆက်လက် နားထောင် နေကြပြီး... ထို နေရာ တွင် ရှိနေကြသော ကျင့်ကြံသူ အားလုံး ကလည်း အလားတူ ပင် ဖြစ်၏။
ကျင့်ကြံသူ အချို့ ၏ မျက်နှာ ပေါ်တွင် စိုးရိမ် ပူပန် နေသော အမူအရာများကိုပင် တွေ့မြင် နေရတော့သည်။
သူတို့ သည် လူ့ သဘာဝ ကို ကောင်းကောင်းကြီး နားလည် သဘောပေါက် ကြပြီး... ဤကဲ့သို့သော ကြီးမားလှသည့် လျှို့ဝှက်ချက်ကြီး တစ်ခု ကို ခိုးနားထောင် မိခဲ့ခြင်း ကြောင့် သေချာပေါက် အသက် အန္တရာယ် ကျရောက်နေပြီ ဖြစ်ကြောင်း ကို ခံစားသိရှိနေကြ၏။
"အမြင့်ဆုံး နေရာ မှာ ရပ်တည် နိုင်တဲ့ သူ တစ်ယောက် ဖြစ်လာဖို့ အတွက်... သက်ရှိ အားလုံး လုပ်သင့် လုပ်ထိုက် တဲ့ အရာ ကိုပဲ ငါ လုပ်ခဲ့တာပါ။ သံယောဇဉ် တရား တွေ၊ ကိုယ်ကျင့်တရား တွေ ဆိုတာ က ဘာတွေလဲ။ အဲဒါတွေ က ပထမဆုံး နေရာ မှာ ရှိနေတဲ့ သူ က ဂရုစိုက်စရာ မလိုဘဲ စွန့်လွှတ် ရမယ့် အရာ တွေပဲ"
ဤ စကားများ ဖြင့်... တောင်ဘိုးဘေးကြီး သည် သူတော်စင် ဘိုးဘေးကြီး ပြောဆို ခဲ့သည့် စကားများမှာ အမှန်တကယ် ပင် မှန်ကန် ကြောင်း ကို သွယ်ဝိုက်သော နည်းလမ်း ဖြင့် ဝန်ခံ လိုက်ခြင်း ပင် ဖြစ်တော့၏။
သူတော်စင် ဘိုးဘေးကြီး က သူ၏ စက္ကူ ယပ်တောင် ကို ရုတ်ချည်းပင် သိမ်းဆည်း လိုက်သည်။
အကြောင်းမူကား... သူ ၏ မလှမ်းမကမ်း တွင် ရှိနေသော ပင်လယ်ဘိုးဘေးကြီး ထံမှ ပြင်းထန် ပူလောင်လှသော အပူရှိန်ကြီး တစ်ခု ကို ခံစား လိုက်ရသောကြောင့် ပင်။