← Chapters

အခန်း ၁၀၂၇

Vol. 69 Ch. 1027

အခန်း ၁၀၂၇

Vol. 69 Ch. 1027

အခန်း (၁၀၂၇) - ဉာဏ်အလင်းပွင့် အဘိုးအို

တာအို မီးတောက်ကြီး။

အလွန်အမင်း ဒေါသထွက် နေမှု မှတစ်ဆင့် မွေးဖွား လာသော တာအို မီးတောက်ကြီး။

... ပင်လယ်ဘိုးဘေးကြီး ကို လုံးလုံးလျားလျား လောင်ကျွမ်း သွားစေမည့် အလား ပင်။

သူတော်စင် ဘိုးဘေးကြီး.. စူးစိုက်ကြည့်လိုက်ရာ... ပင်လယ်ဘိုးဘေးကြီး သည် မီးခိုးရောင် တဟုန်းဟုန်း တောက်လောင် နေသော မီးတောက်ကြီးများ ၏ အလွှာ တစ်ခု အောက်တွင် လုံးလုံးလျားလျား ဖုံးလွှမ်း နေသည်ကို တွေ့လိုက်ရ၏။

အမည်မသိ မီးတောက်ကြီး ပေါ်ထွက် လာသည် နှင့် တစ်ပြိုင်နက်... ပင်လယ်ဘိုးဘေးကြီး ၏ ပုံရိပ် မှာ မျက်စိ ရှေ့မှ နေ၍ ချက်ချင်း ပျောက်ကွယ် သွားတော့သည်။

“ဝုန်း…”

စစ်မြေပြင်နယ်မြေကြီးမှာ အပြင်းအထန် တုန်ခါ သွားပြီး... ဟင်းလင်းပြင် မှာ မတည်မငြိမ် ဖြစ်လာကာ ဟင်းလင်းပြင် နေရာလွတ် ၏ အတွင်းဘက် ရှိ စွမ်းအား များ အားလုံး သည် ဆူနာမီ လှိုင်းလုံးကြီးများ အလား တဟုန်ထိုး မြင့်တက် လာကြသဖြင့်... ကျင့်ကြံသူ များ အနေဖြင့် ခြေမြဲ အောင် ရပ်တည် နိုင်ရန် ပင် အလွန်တရာ ခက်ခဲ နေတော့၏။

အဆုံးအစ မရှိသော ဒေါသ များဖြင့် ပြည့်နှက် နေသော ပင်လယ်ဘိုးဘေးကြီး သည် တောင်ဘိုးဘေးကြီး ကို တိုက်ခိုက် လိုက်တော့သည်။ ပင်လယ်ဘိုးဘေးကြီးက အနီးသို့ ချဉ်းကပ် သွားပြီး... သူမ၏ နူးညံ့ သွယ်လျသော လက်ကလေး ကို ဝှေ့ယမ်း လိုက်ရာ၊ မီးခိုးရောင် မီးတောက်များ ရစ်သိုင်းနေသော ဧရာမ ရေ ဓားသွား ကြီး များစွာ လျှပ်တစ်ပြက် ပေါ်ထွက် လာပြီး... တောင်ဘိုးဘေးကြီး ဆီသို့ အဟုန်ပြင်းစွာ ခုတ်ပိုင်း ဝင်ရောက် သွားတော့၏။

ဤ မြင်ကွင်း ကို မြင်လိုက်ရသော အခါ... တောင်ဘိုးဘေးကြီး ၏ ခန္ဓာကိုယ် ပေါ်တွင် နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် အသေးစားလေး တစ်ခု အလိုအလျောက် ဖွဲ့တည်တော့သည်။

"ချင်ဟိုင်... ငါ့ရဲ့ ချစ်ရတဲ့ ဂျူနီယာ ညီမလေး... မင်းက ဒီနှစ်တွေ တစ်လျှောက်လုံး သည်းခံခဲ့ပြီးတော့မှ ဘာဖြစ်လို့ အခုမှ ငါ့ကို တိုက်ခိုက် ရတာလဲ။ တောင်နဲ့ ပင်လယ် ကမ္ဘာ ရဲ့ ကြီးမားလှတဲ့ ပုံရိပ် ကို မင်း ဂရုမစိုက် တော့ဘူးလား"

"ကြီးမားလှတဲ့ ပုံရိပ်... အကျိုးနည်း ကြီးမားလှတဲ့ ပုံရိပ်ပဲ"

ပင်လယ်ဘိုးဘေးကြီး က ဒေါသတကြီး ဟိန်းဟောက် လိုက်တော့၏။

“လူယုတ်မာ.. အခြေအနေ အရပ်ရပ်ကို ထည့်တွက်ရမယ် ဟုတ်လား... သွားစမ်းပါ..”

ပင်လယ်ဘိုးဘေးကြီးသည် ဒေါသအမျက် ချောင်းချောင်းထွက်ကာ ကျိန်ဆဲလိုက်လေ၏။

အတိတ်ကာလများဆီက တောင်နှင့် ပင်လယ် ကမ္ဘာအတွင်း၌ ပင်လယ်ဘိုးဘေးကြီးနှင့် တောင်ဘိုးဘေးကြီးတို့ အကြိမ်ပေါင်းများစွာ သတ်ပုတ်တိုက်ခိုက်ခဲ့ဖူးသည်။

တိုက်ပွဲ ဖြစ်ပွားတိုင်း ထိုစဉ်က အတိအကျ ဘာတွေဖြစ်ပျက်ခဲ့သနည်းဟူသော အမှန်တရားကို ပင်လယ်ဘိုးဘေးကြီးက အမြဲတစေ မေးခွန်းထုတ်လေ့ရှိ၏။

သို့သော်ငြားလည်း အကြိမ်တိုင်း၌ တောင်ဘိုးဘေးကြီးက ယင်းမှာ နားလည်မှုလွဲမှားခြင်းသာ ဖြစ်ပြီး ဆရာသခင်ကို သူ ဘယ်သောအခါမှ မလုပ်ကြံခဲ့ကြောင်း ဟန်လုပ်ကာ တရားသေ ငြင်းဆိုလေ့ရှိသည်။ ဆရာသခင်ဖြစ်သူ အဘိုးအို ချီမင် အနေဖြင့် သူတို့နှစ်ဦးကို ကယ်တင်ရန်အတွက် ကမ္ဘာငယ်လေးတစ်ခုအတွင်း၌ သူ့ကိုယ်သူ စတေးသွားခဲ့ရခြင်းဖြစ်ကြောင်း တောင်ဘိုးဘေးကြီးက မဟာတာအိုကို တိုင်တည်၍ ကျိန်ဆိုခဲ့လေသည်။

ပင်လယ်ဘိုးဘေးကြီးမှာမူ ထိုစကားကို လုံးဝ မယုံကြည်ပေ။

သို့သော် ဖခင်ဖြစ်သူ သေဆုံးချိန်၌ သူမကိုယ်တိုင် သတိလစ်မေ့မြောနေခဲ့သောကြောင့် အမှန်တရားမှာ အဘယ်အရာ ဖြစ်ကြောင်းကို သူမ တပ်အပ်သေချာ မသိနိုင်ခဲ့ပေ။

ထို့အပြင် ပုကျိုးတောင်ဟု လူသိများသော ထိုကမ္ဘာငယ်လေး၏ အမွေအနှစ်ကို ရရှိသွားသူအား သူမ လုံးဝ အနိုင်မယူနိုင်ခဲ့ပါ။

တိုက်ပွဲတိုင်းတွင် အမွေအနှစ်ကို ပိုင်ဆိုင်ထားသော တောင်ဘိုးဘေးကြီးကသာ အောင်ပွဲခံလေ့ရှိတော့၏။

“ချင်ဟိုင်...မင်း ဘာလို့ စိတ်မအေးနိုင်ရတာလဲ... ငါက အဲဒီလိုလူမျိုးလို့ မင်း တကယ်ပဲ ထင်နေတာလား...”

“ငါတို့ရဲ့ တိုက်ပွဲကြောင့် လူတွေ ဘယ်လောက်တောင် သေကြေပျက်စီးခဲ့ရပြီလဲ ဆိုတာ ကြည့်စမ်းပါဦး... ဆရာသာ တောင်နှင့် ပင်လယ် ကမ္ဘာရဲ့ လက်ရှိအခြေအနေနဲ့ မင်းရဲ့ ရူးသွပ်နေမှုတွေကို မြင်တွေ့သွားခဲ့မယ်ဆိုရင် ဘယ်လိုများ တွေးမလဲ...”

“မင်းရဲ့ စည်းလွတ်ဝါးလွတ် လုပ်ရပ်တွေကို ငါ ခွင့်လွှတ်ပေးပါ့မယ်... ဒါပေမယ့် အခြေအနေ အရပ်ရပ်ကို ထည့်တွက်ပြီး ဒီလို ဇွတ်တရွတ် လုပ်နေတာတွေကို ရပ်တန်းက ရပ်ဖို့ ငါ မျှော်လင့်တယ် နော်...”

အကြိမ်တိုင်း၌ တောင်ဘိုးဘေးကြီးသည် ပင်လယ်ဘိုးဘေးကြီးအား ဤစကားများဖြင့်သာ တုံ့ပြန်လေ့ရှိပြီး တိုက်ပွဲကို စွန့်လွှတ်ရန် တိုက်တွန်းတတ်လေ၏။

သို့သော် ပင်လယ်ဘိုးဘေးကြီးမှာမူ ယနေ့ထက်တိုင်အောင် လုံးဝ အရှုံးမပေးခဲ့ပါချေ။

ယနေ့တွင်တော့ အတိတ်က အမှန်တရားသည် နောက်ဆုံး၌ အလင်းရောင်အောက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ထိုစကားမှာ သူတော်စင် ဘိုးဘေးကြီး၏ နှုတ်ဖျားမှ ထွက်ပေါ်လာခြင်း ဖြစ်သော်ငြား ပင်လယ်ဘိုးဘေးကြီးသည် တစ်စက္ကန့်မျှပင် တုံ့ဆိုင်းမနေဘဲ ယုံကြည်လိုက်ကာ ၎င်းမှာ အမှန်တရားဖြစ်ကြောင်း အတည်ပြုလိုက်လေသည်။

သေချာသည်ကတော့ အဓိက အကြောင်းရင်းမှာ တောင်ဘိုးဘေးကြီးက ထိုစကားကို ပြန်လည်ချေပရန် ငြင်းဆန်ခဲ့ခြင်းကြောင့်ပင် ဖြစ်လေသည်။

ယနေ့အချိန်သို့ ရောက်လာသောအခါ ထိုလျှို့ဝှက်ချက်ကို ဆက်လက် ဖုံးကွယ်ထားရန် မလိုအပ်တော့ဟု သူ ခံစားလိုက်ရခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပေ၏။

All Chapters