← Chapters

အခန်း ၁၀၂၉

Vol. 69 Ch. 1029

အခန်း ၁၀၂၉

Vol. 69 Ch. 1029

အခန်း (၁၀၂၉) - ဉာဏ်အလင်းပွင့် အဘိုးအို

ဤတိုက်ခိုက်မှုကြောင့် စစ်မြေပြင်နယ်မြေ တစ်ခုလုံးသည် ဆူနာမီ လှိုင်းတံပိုးကြီးများ ရိုက်ခတ်နေသော သမုဒ္ဒရာအလား ပြင်းထန်စွာ လှုပ်ခါသွားတော့သည်။ မည်သည့် တုန်ခါမှုကိုမျှ မခံစားရသော တစ်ခုတည်းသော နေရာမှာ တောင်ဘိုးဘေးကြီး ပထမဆုံး ဆင့်ခေါ်ထားခဲ့သော ပုကျိုးတောင်၏ ပုံရိပ်ယောင်သာ ဖြစ်လိမ့်မည်။

ပုကျိုးတောင်၏ ထိပ်ဖျားကို မြင်တွေ့နိုင်စွမ်း မရှိသလို အောက်ဘက်ရှိ ကမ္ဘာမြေကြီးနှင့် တိုက်ရိုက် ဆက်သွယ်နေကာ အနည်းငယ်မျှပင် မယိမ်းယိုင်‌ပေ။

၎င်း စတင်ပေါ်ထွက်လာကတည်းက ထာဝရ မပျက်စီးနိုင်သော နတ်ဘုရားတောင်ထွတ်ကြီး တစ်ခုအလား တည်ရှိနေခြင်း ပင်။ ကြွင်းကျန်ရစ်သော ဂယက်ရိုက်ခတ်မှုများကိုသာ ခံစားနေရခြင်း ဖြစ်သော်ငြား လူတိုင်းမှာ မုန်တိုင်းထန်နေသော ပင်လယ်ပြင်မှ လှေငယ်လေးတစ်စင်းအလား သူတို့၏ ခြေအောက်တွင် မတည်မငြိမ် ဖြစ်နေကြရလေသည်။

အချိန် မည်မျှကြာသွားမှန်း မသိရပြီးနောက် ပင်လယ်ဘိုးဘေးကြီး၏ မှော်စွမ်းရည်မှာ နောက်ဆုံး၌ ပြီးဆုံးသွားခဲ့လေပြီ။

“ဟူး…”

ပင်လယ်ဘိုးဘေးကြီးသည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး အရှေ့ဘက်သို့ စူးစိုက်ကြည့်နေလိုက်၏။

သူမ အကြိမ်မည်မျှ ဆက်တိုက် တိုက်ခိုက်ခဲ့သနည်း ဆိုသည်ကို မည်သူကမျှ မသိရှိကြချေ။ ထိုနေရာရှိ လူတိုင်းမှာ ကျင့်ကြံသူများ ဖြစ်ကြသော်ငြား သူတို့ထဲမှ အများစုမှာ ပင်လယ်ဘိုးဘေးကြီး တိုက်ခိုက်ခဲ့သော အကြိမ်အရေအတွက်ကို လိုက်လံ ရေတွက်နိုင်စွမ်း မရှိခဲ့ကြပေ။

ပင်လယ်ဘိုးဘေးကြီး၏ စစ်မြေပြင်နယ်မြေကိုပင် ဖျက်ဆီးပစ်နိုင်လုမတတ် တိုက်ခိုက်မှုကြီးက တောင်ဘိုးဘေးကြီးကို ထိမှန်သွားသည့်အခါ ဘာတွေ ဆက်ဖြစ်လာမည်ကို သိရှိလိုစိတ်ဖြင့် လူတိုင်းက အရှေ့ဘက်သို့ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြတော့သည်။ တောင်ဘိုးဘေးကြီး ရှိနေသော ဟင်းလင်းပြင်မှာ လုံးလုံးလျားလျား ခုတ်ပိုင်းခံလိုက်ရပြီး ဘာမျှမရှိသော ဗလာနယ်အဖြစ်သို့ ပြောင်းလဲသွားသည့်အလား ထင်မှတ်ရ၏။

အချိန်တိုလေး အတွင်းမှာပင် ထိုဟင်းလင်းပြင်မှ ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများကို စစ်မြေပြင်နယ်မြေကို ထိန်းသိမ်းထားသည့် ဝိညာဉ်ကမ္ဘာနှစ်ခု၏ ဆန္ဒတော်များက လျင်မြန်စွာ ပြန်လည် ပြုပြင်ပေးလိုက်လေပြီ။

ဟင်းလင်းပြင်မှာ မူလအခြေအနေအတိုင်း ပြန်လည် ရောက်ရှိသွားသော်လည်း လူတိုင်းမှာ ထိုနေရာကို မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးကာ စိုက်ကြည့်နေမိကြတော့သည်။

တောင်ဘိုးဘေးကြီးမှာ အနည်းငယ်မျှပင် အထိအခိုက်မရှိဘဲ ရပ်နေဆဲ ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဆင့်ခေါ်ထားသော နတ်ဘုရားတောင် ပုံရိပ်ယောင်ငယ်လေးမှာ အနည်းငယ်မျှသာ ပျက်စီး၏။

“ဟင်း..ဟင်း...”

ပင်လယ်ဘိုးဘေးကြီး၏ အသက်ရှူသံများ ပိုမို ပြင်းထန်လာတော့သည်။

နတ်ဘုရားတောင် ပုံရိပ်ယောင်ငယ်လေး အတွင်း၌ တောင်ဘိုးဘေးကြီးက ပင်လယ်ဘိုးဘေးကြီးအား သနားစရာ သတ္တဝါလေး တစ်ကောင်အလား အကြည့်ပို့လွှတ်လိုက်သော်ငြား သူ၏ မျက်နှာအမူအရာမှာမူ ပြိုင်ဘက်ကင်းလောက်အောင် အေးစက်နေကာ ယုံကြည်မှုများ ပြည့်နှက်နေသည်။

“ချင်ဟိုင်... ဒီနေ့ ရောက်လာလိမ့်မယ် ဆိုတာကို ငါ စောစောကတည်းက သိပြီးသားပါ... အမှန်တရားကို ဆက်မရှာဖို့ ငါ..မင်းကို အစောကြီးကတည်းက ပြောခဲ့တယ် မဟုတ်လား... အတိတ် ဆိုတာ အတိတ်မှာပဲ ကျန်ခဲ့ပြီလေ... ငါတို့က အခုချိန်ထိ စီနီယာအစ်ကို နဲ့ ဂျူနီယာညီမလေးတွေပါပဲ... ဒါပေမယ့် မင်းက ဘယ်တော့မှ နားမထောင်ခဲ့ဘူး... အကယ်၍ မင်း အဆုံးထိ ဆက်ပြီး ရှာဖွေချင်နေသေးတယ် ဆိုရင်တော့ အခု မင်း ရရှိမယ့် ရလဒ်က ဒါပဲ... မင်းကိုယ်မင်း ပိုပြီး အင်အားမဲ့ လာတယ်လို့ပဲ ခံစားရလိမ့်မယ်...”

ပင်လယ်ဘိုးဘေးကြီးသည် လုံးဝ အထိအခိုက် မရှိသော ပင်လယ်ဘိုးဘေးကြီးကို စိုက်ကြည့်နေမိ၏။

သူမ၏ အေးစက် လှပသော မျက်ဝန်းအစုံမှာ တုန်လှုပ်မှုကြောင့် ပြူးကျယ်နေပြီး နှုတ်ခမ်းများ တဆတ်ဆတ် တုန်ယင်ကာ လုံးဝ မယုံကြည်နိုင်သော အမူအရာ ဖြစ်နေတော့သည်။

“မဖြစ်နိုင်ဘူး... ဒီလိုမျိုး မဖြစ်နိုင်ဘူး...”

သူမသည် သူမ၏ ဆံပင်များကို ကိုင်ဆုပ်လိုက်ရာ လက်ချောင်းထိပ်များမှာ အသားထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားသည့်အလား ရှိနေပြီး မျက်စိရှေ့မှ မြင်ကွင်းကို ယုံကြည်ရန် ငြင်းဆန်နေလေသည်။

သူမအနေဖြင့် နယ်မြေများ ပင်လယ်၏ စွမ်းအားကိုပင် ဖော်ဆောင်ခဲ့ပါလျက် တောင်ဘိုးဘေးကြီးက ဘာကြောင့်များ ယခင်ကထက် ပို၍ အစွမ်းထက်နေရသနည်း။

ဤ အမှန်တရားကို သူမ လုံးဝ လက်မခံနိုင်ပါ။

နင်ချီသည် အဝေးမှနေ၍ ထိုသူနှစ်ဦးကို ငေးကြည့်နေလိုက်၏။ သူ၏ အကြည့်များက တောင်ဘိုးဘေးကြီး အစကတည်းက ဆင့်ခေါ်ထားခဲ့သော နတ်ဘုရားတောင် ပုံရိပ်ယောင်ပေါ်သို့ အလိုအလျောက် ရောက်ရှိသွားတော့သည်။ ထူးဆန်းသော အရာတစ်ခုကို သူ ရှာဖွေ တွေ့ရှိလိုက်သည်။

တောင်ဘိုးဘေးကြီးသည် ဧရာမ ပုကျိုးတောင်၏ ပုံရိပ်ယောင်ကို ဆင့်ခေါ်ပြီးနောက်ပိုင်း တိုက်စစ်တွင်ရော ခံစစ်တွင်ပါ အလွန်အမင်း ရှေးရိုးစွဲဆန်ကာ သတိကြီးစွာ ထားလာခဲ့လေ၏။ သူတော်စင် ဘိုးဘေးကြီး၏ နတ်ဘုရားစာလုံး ကျောင်းတော်နှင့် ရင်ဆိုင်ရစဉ်ကပင် တောင်ဘိုးဘေးကြီးသည် ‘အင်မော်တယ်တွေကို သတ်ပစ်’ ဟူသော နတ်ဘုရား မှော်စွမ်းရည်ကို ဖော်ဆောင်ခဲ့သော်ငြား ထို့နောက်တွင် အခြား မည်သည့် နည်းလမ်းကိုမျှ ထပ်မံ အသုံးမပြုခဲ့ခြင်းမှာ အလွန်တရာ ထူးဆန်းလွန်းလှသည်။

သို့သော် ပုကျိုးတောင်၏ ပုံရိပ်ယောင်နှင့် တောင်ဘိုးဘေးကြီး အကြားတွင် မည်သည့် စွမ်းအား စီးဆင်းကူးပြောင်းမှုမျှ မရှိခဲ့။ ဆိုလိုသည်မှာ တောင်ဘိုးဘေးကြီးသည် သူ၏ ကိုယ်ပိုင် မှော်စွမ်းအားများကို ပုကျိုးတောင်၏ ပုံရိပ်ယောင်ဆီသို့ လွှဲပြောင်း အသုံးမပြုခဲ့ပါ‌လေ။

သို့ဆိုလျှင် တောင်ဘိုးဘေးကြီးက သူတော်စင် ဘိုးဘေးကြီးနှင့် ပင်လယ်ဘိုးဘေးကြီးတို့ကို ရင်ဆိုင်ရန် အဘယ်ကြောင့် အခြားသော နည်းလမ်းများကို အသုံးမပြုခဲ့ရသနည်း။

All Chapters