အခန်း ၉၄၈
Vol. 64 Ch. 948
အခန်း (၉၄၈) - ရွှမ်ထျန်း အင်မော်တယ်ကျွန်း၏ အဖြစ်ဆိုးနှင့် ရှန်းဝူ မျိုးနွယ်စု၏ ရက်စက်ကြမ်းကြုတ်သော အင်အား (အပိုင်း- ၃)
အမှန်တကယ်ပင် ရှန်းဝူ မျိုးနွယ်စု က လက်စားချေသွားခဲ့ပြီ။
သို့သော် ထိုသားရဲဥကို သူတို့ ပြန်လည် သိမ်းယူနိုင်ခဲ့ပါ့မလား ဆိုသည်မှာကား မသေချာသေးချေ။
သားရဲဥ တစ်လုံးအတွက်နှင့် လူသားမျိုးနွယ် ၏ အင်မော်တယ်ကျွန်း ကြီးတစ်ခုလုံးကို ရက်စက်စွာ သုတ်သင်သွားခဲ့ခြင်းပင်။
စုယွီ၏ မျက်ဝန်းအစုံ နက်ရှိုင်းသော နေရာမှ အရောင်တစ်ချက် လျှပ်ခနဲ ဖြစ်ပေါ်သွား၏။
'ရှန်းဝူ မျိုးနွယ်စု ရဲ့ နံပါတ်တစ် မိစ္ဆာ ပါရမီရှင်... မိစ္ဆာ နှိမ်နင်းရေး သခင်လေး တဲ့လား'
စုယွီသည် ထိုမိစ္ဆာ နှိမ်နင်းရေး သခင်လေး ၏ နာမည်ကို သူ၏ နှလုံးသားထဲတွင် တိုးညင်းစွာ ရေရွတ်လိုက်သည်။
'ဘယ်လောက်တောင် မောက်မာလိုက်သလဲ... တစ်နေ့ကျရင် ဒီနာမည်နဲ့ မထိုက်တန်ဘဲ ငယ်ရွယ်စဉ်မှာပဲ အသေဆိုးနဲ့ သေသွားမှာကို မကြောက်ဘူးလား'
နောက်ဆုံးတွင် ဤလောကကြီးသည် ခွန်အားရှိသူသာ အရာရာကို ဆုံးဖြတ်နိုင်သည်။
ရှန်းဝူ မျိုးနွယ်စု ကဲ့သို့ပင် သူတို့၏ မိစ္ဆာ ပါရမီရှင် တစ်ဦးက ရွှမ်ထျန်း အင်မော်တယ်ကျွန်း ကို သွေးချောင်းစီးအောင် သတ်ဖြတ်သွားခဲ့လျှင်တောင်မှ ရှန်းဝူ မျိုးနွယ်စု ကို လာရောက် အရေးယူမည့်သူ သို့မဟုတ် ထို လူသား ကျင့်ကြံသူများအတွက် တရားမျှတမှုကို ရှာပေးမည့်သူ မရှိနိုင်ပါ။
ဟုတ်ပါသည်... စုယွီ အနေဖြင့်လည်း ရွှမ်ထျန်း အင်မော်တယ်ဂိုဏ်း အပေါ်တွင် အကောင်းမြင်သော သဘောထားမျိုး မရှိပါချေ။
ဘာကြောင့်ဆိုသော် သူ၏ အတိတ်ကာလတွင် ရွှမ်ထျန်း အင်မော်တယ်ဂိုဏ်း နှင့် ပတ်သက်၍ အနည်းငယ်သော ပဋိပက္ခများနှင့် မကျေနပ်ချက်များ ရှိခဲ့ဖူးသောကြောင့်ပင် ဖြစ်၏။
ထိုအခိုက်အတန့်တွင် စုယွီ၏ တာအိုရုပ်သေး သည် ရုတ်တရက် အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် ဟင်းလင်းပြင် ကို အပေါ်ယံမျှသာ ထွင်းဖောက် ကြည့်ရှုလိုက်သကဲ့သို့ ဖြစ်သွားပြီး ရွှမ်ထျန်း အင်မော်တယ်ကျွန်း ၏ အပြင်ဘက်၊ ဟွမ်လင်းကျွန်း ၏ အထက် ကောင်းကင်ယံကို မျှော်ကြည့်လိုက်သည်။
အစွမ်းအစများ အားကောင်းလိုက်၊ အားနည်းလိုက် ဖြစ်နေသော မူလဝိညာဉ် တစ်ခုသည် ဟင်းလင်းပြင် မှတစ်ဆင့် ဤနေရာသို့ ဆင်းသက်လာခဲ့သည်။
ပကတိဟင်းလင်းပြင်အဆင့် ထက် သာလွန်သော မူလဝိညာဉ် ၏ နတ်ဘုရား အာရုံသည် ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံထားလိုက်ပြီး ဟွမ်လင်းကျွန်း ပေါ်ရှိ လူသား ကျင့်ကြံသူများကို စမ်းသပ် ရှာဖွေနေတော့၏။
၎င်းသည် ဤ ဂူကောင်းကင် လျှို့ဝှက်နယ်မြေ ၏ တည်ရှိမှုကိုလည်း သတိပြုမိသွားခဲ့သည်။
စုယွီ ချထားခဲ့သော အဆင့် (၅) အဆင့်နိမ့် အခင်းအကျင်းဖြင့် ဤ မူလဝိညာဉ် ၏ အရှိန်အဝါ အာရုံခံမှုကို လုံးဝ တားဆီးနိုင်စွမ်း မရှိခဲ့။
"ဟင်... ဒီ ကျင့်ကြံခြင်းနယ်ပယ် အသေးစားလေးထဲမှာ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး တစ်ပါး တကယ် ရှိနေတာပဲ"
"ဟား... ဟား... ဟား... ကောင်းကင်ဘုံက ငါ့ကို စွန့်ပစ်မထားခဲ့ဘူးပဲ... ငါ..ကုန်းကျန်းယွင်ကို ကယ်တင်ဖို့ လမ်းဖွင့်ပေးလိုက်တာပဲ"
“ဝှစ်…”
ပကတိဟင်းလင်းပြင်အဆင့် တာအိုသခင်ကြီး ၏ မူလဝိညာဉ် သည် အလွန်အမင်း ပျော်ရွှင်စွာဖြင့် ဟင်းလင်းပြင်ထဲသို့ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။ စုယွီ ၏ တာအိုရုပ်သေး ချထားသော ဂူကောင်းကင် လျှို့ဝှက်နယ်မြေ ၏ အဆင့် (၅) အဆင့်နိမ့် အခင်းအကျင်း အကာအကွယ်ကို ဖောက်ထွင်းကာ စုယွီ ၏ တာအိုရုပ်သေး ၏ နဖူး အလယ်ဗဟိုဆီသို့ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။
ထို မူလဝိညာဉ် ပေါ်လာသည့် အခိုက်အတန့်တွင် လျှို့ဝှက် ကျင့်စဉ် တစ်ခုမှ ပေါက်ဖွားလာသော ကြောက်မက်ဖွယ်ကောင်းသည့် ဝိညာဉ် စွမ်းအားတစ်ခုသည် စုယွီ ၏ နတ်ဘုရား စိတ်အာရုံစံအိမ် ကို တိုက်ခိုက်လိုက်တော့၏။
သာမန် ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး သာ ဖြစ်ခဲ့မည်ဆိုပါက ပကတိဟင်းလင်းပြင်အဆင့် တာအိုသခင်ကြီး ၏ မူလဝိညာဉ် ကို သိမ်းပိုက် တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း ရှိမည် မဟုတ်ချေ။
သို့သော်လည်း ပကတိဟင်းလင်းပြင်အဆင့် တာအိုသခင်ကြီး ၏ မူလဝိညာဉ် သည် စုယွီ ၏ တာအိုရုပ်သေး ၏ နဖူး အလယ်ဗဟိုသို့ ရောက်ရှိလာသည့် အခိုက်အတန့်တွင် သူသည် ရုတ်တရက် ခေါင်းမူးသွားပြီး ကမ္ဘာလောကကြီး ချာချာလည်ပတ်သွားရ၏။ ငရဲခန်း၏ ဝဲဂယက်ထဲသို့ ကျဆင်းသွားသလိုပါပင်။
“ဝုန်း...”
ရွှေပုစဉ်းရင်ကွဲ နတ်ဘုရားစွမ်းရည် ။ သံသရာ ဘေးဒုက္ခ စိတ်ဝိညာဉ် တိုက်ကွက်။
ထို့အပြင် စုယွီ သည် လရောင် နတ်ဘုရား သိုင်းကျမ်း ကိုလည်း အသုံးပြုလိုက်သည်။
တစ်ခဏအတွင်း သူ၏ ခန္ဓာကိုယ်သည် လရောင်ခြည်၏ တောက်ပသော အလင်းရောင်ဖြင့် ထွန်းလင်းတောက်ပသွားပြီး လရောင်ရေစင် များလည်း စုစည်းသွားတော့၏။
၎င်းမှာ ကောင်းကင်နှင့် မြေကြီးကိုပင် အေးခဲသွားစေနိုင်လောက်အောင် ပြင်းထန်လှသော ယင် စွမ်းအား၏ အအေးဓာတ် ဖြစ်သည်။
လရောင် နတ်ဘုရား သိုင်းကျမ်း။ လရောင် နတ်ဘုရား မန္တန်။
“ဝှစ်…”
အဆုံးအစမဲ့ လရောင် နတ်ဘုရား မန္တန် စွမ်းအားများမှာ မန္တန်စာလုံးများအဖြစ် ပြောင်းလဲသွားပြီး သူ၏ တာအိုရုပ်သေး နဖူးအတွင်းသို့ အလျင်အမြန် ပြေးဝင်လာသော မူလဝိညာဉ် ကို လွှမ်းခြုံသွားလေ၏။ သို့ရာတွင် ၎င်းမှာ သံသရာ ကပ်ဘေး နတ်ဘုရားစွမ်းရည် ကြောင့် ခဏတာ တုံ့ဆိုင်းသွားခဲ့ရသည်။
"အား..."
လရောင်ရေစင် တွင် အခြေခံထားသော လရောင် နတ်ဘုရား မန္တန် မှာ ဝိညာဉ်ကို အေးခဲစေပြီး တိုက်စားပစ်နိုင်သည့် အစွမ်းထက် နတ်ဘုရားစွမ်းရည် တစ်ခုပင် ဖြစ်၏။
နတ်ဘုရားစွမ်းရည် နှစ်ခုစလုံး၏ လွှမ်းမိုးမှုအောက်တွင် စုယွီ ၏ တာအိုရုပ်သေး နဖူးထဲသို့ ပြေးဝင်လာသော မူလဝိညာဉ် မှာ နာကျင်စွာ အော်ဟစ်နေသည်။ လရောင် နတ်ဘုရား မန္တန် ၏ တိုက်စားမှုကြောင့် မရှုမလှ ဒဏ်ရာရကာ သံသရာ ကပ်ဘေး အတွင်း၌ ပိတ်မိသွားတော့သည်။ စုယွီ သည် ထို မူလဝိညာဉ် ကို အလွယ်တကူပင် ချိတ်ပိတ်လိုက်လေတော့၏။
မူလဝိညာဉ် ၏ မှတ်ဉာဏ် အစိတ်အပိုင်း အနည်းငယ်ကို သန့်စင်ပြီးနောက် စုယွီ ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။ ထို မူလဝိညာဉ် ထံမှ အထွတ်အထိပ်အဆင့် မှော်လက်နက် တစ်ခုနှင့် သိုလှောင်လက်စွပ် တစ်ကွင်းကို ထုတ်ယူလိုက်သည်။
သိုလှောင်လက်စွပ် ရှိ နတ်ဘုရား တံဆိပ်ကို သူ ချိုးဖျက်လိုက်ပြီးနောက် သူ၏ နတ်ဘုရား
အာရုံဖြင့် ဝင်ရောက်ကြည့်ရှုလိုက်ရာ စုယွီ တစ်ခဏမျှ အံ့အားသင့်သွားပြီး နှလုံးခုန် တစ်ချက် ရပ်တန့်သွားရသည်။
သိုလှောင်လက်စွပ် အတွင်း၌ ရှိနေသည်က နက်ရှိုင်းသော ရွှေရောင် အလင်းတန်းများ လွှမ်းခြုံထားပြီး လျှို့ဝှက်ဆန်းကြယ် ပုံစံများဖြင့် ဖုံးအုပ်ထားသည့် အရွယ်အစား တစ်တောင်ခန့်ရှိ ဧရာမ သားရဲဥ တစ်လုံးပင်။ ရွှေအိုရောင် မီးတောက် အရှိန်အဝါများက ၎င်းထံမှ ရစ်သိုင်းနေ၏။
ထို သားရဲဥ ကို ကြည့်ရင်း စုယွီ က စကားတစ်ခွန်းကို ဖြည်းညင်းစွာ ပြောလိုက်သည်။
"ဒါတော့... သောက်ကျိုးနည်းပြီ"
သားရဲဥ ၏ မမျှော်လင့်ထားသော 'လက်ဆောင်' အပြင်။
ထို မူလဝိညာဉ် ၏ ပိုင်ရှင် မှာလည်း သာမန် ပုဂ္ဂိုလ် မဟုတ်ပေ။
ရွှမ်ဟွမ် ရှေးဟောင်းနယ်မြေ မှ လာသော ပကတိဟင်းလင်းပြင်အဆင့် ပထမအလွှာ တာအိုသခင်ကြီး ကုန်းကျန်းယွင် ဖြစ်ပြီး ထိုနေရာရှိ အသစ်ခန့်အပ်ထားသော အကြီးအကဲ တစ်ဦးပင် ဖြစ်သည်။