← Chapters

အခန်း ၉၅၅

Vol. 64 Ch. 955

အခန်း ၉၅၅

Vol. 64 Ch. 955

အခန်း (၉၅၅) - ထိပ်ဆုံး မဟာ စွမ်းအား၊ တစ်ချက်တည်းဖြင့် ရှင်းလင်းခံရသော လေ့ချန်ထျန်း

တာအိုဆရာ အရိပ်နီ ထံမှ လှုပ်ရှားမှုကို ခံစားမိသွား၍လော မသိ။ အင်မော်တယ် နန်းတော် အတွင်း အနားယူနေကြသော ပထမ ရွှေရောင် ချပ်ဝတ် ခေါင်းဆောင် နှင့် ဒုတိယ ရွှေရောင် ချပ်ဝတ် ခေါင်းဆောင် တို့ နိုးထလာကြ၏။ သူတို့က မျက်လုံး အစုံ ဖွင့်ကာ အပြင်ဘက်ရှိ ရေပြာရောင် အလင်းတန်းများ တလက်လက် တောက်ပနေသော နုနယ်သည့် သစ်ကိုင်းစိမ်းလေးကို စူးစိုက်ကြည့်လိုက်ကြသည်။

ပထမ ရွှေရောင် ချပ်ဝတ် ခေါင်းဆောင် က အံ့အားသင့်စွာ မေးလိုက်၏။

“မင်း ဘာလုပ်ဖို့ စီစဉ်နေတာလဲ”

တာအိုဆရာ အရိပ်နီ က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြန်လည် ဖြေကြားလိုက်သည်။

“လွန်ခဲ့တဲ့ ဟေးလုံ အင်ပါယာ နန်းတော် ရဲ့ အကြွင်းအကျန် အင်အားစု တစ်ခုက အင်မော်တယ် မြို့တော် အပျက်အစီးတွေထဲက အမွေအနှစ်တွေကို မျက်စိကျနေတယ်... ပကတိဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီး တစ်ပါး ပေါ်ထွက်လာပြီး ကျွန်တော့် နောက်ကွယ်က အင်အားစုကို အရေးယူဖို့ ရည်ရွယ်နေတယ်”

“သူ့ရဲ့ ခွန်အားက ကျွန်တော့်ရဲ့ ဒီ တာအို ရုပ်သေး နဲ့ ယှဉ်ရင် ဘယ်လောက်တောင် ရှိမလဲ ဆိုတာကို ကျွန်တော် ကြည့်ချင်လို့ပါ”

ပထမ ရွှေရောင် ချပ်ဝတ် ခေါင်းဆောင် ၏ မျက်ခုံးများ တွန့်ချိုးသွား၏။

“ဒါပေမဲ့ မင်းရဲ့ လက်ရှိ အခြေအနေနဲ့ဆိုရင် လှုပ်ရှားဖို့ သိပ်မလွယ်ကူလှဘူး မဟုတ်လား”

“ရပါတယ်”

တာအိုဆရာ အရိပ်နီ က စကားပြောရင်း ခပ်ဖွဖွ ရယ်မောလိုက်သည်။ တာအိုဆရာ အရိပ်နီ ၏ စွမ်းအားများကို သူ ဘယ်တုန်းကမှ မထုတ်သုံးဖူးခဲ့ချေ။ ထိုခန္ဓာကိုယ် အတွင်း ကိန်းအောင်းနေသော ကြောက်မက်ဖွယ် စွမ်းအားများမှာ လက်ရှိအချိန်တွင် သူ ထိန်းချုပ်နိုင်စွမ်း ရှိသည့် အရာမျိုး မဟုတ်ပေ။

သူ၏ ကိုယ်ပိုင် ခန္ဓာကိုယ်ကိုပင် သူ ယခု အချိန်အထိ လှုပ်ရှား ထိန်းချုပ်နိုင်စွမ်း မရှိသေးချေ။

သို့သော်ငြား အကယ်၍ သူသာ စွန့်လွှတ် အနစ်နာခံမှု အချို့ ပြုလုပ်မည် ဆိုပါက... ရှေးဟောင်း ယွဲ့ အင်မော်တယ်စံအိမ် မှ လက်ခံခဲ့ရသော ရှေးဟောင်း အမွေအနှစ်ကြီး၏ နက်ရှိုင်း ကြီးမားလှသော စွမ်းအားကို အခြားသူများ ရှင်းရှင်းလင်းလင်း သိမြင်သွားစေရန် လုပ်ဆောင်နိုင်စွမ်း ရှိဆဲပင်။

ဤအမွေအနှစ်သည် ဟေးလုံ အင်ပါယာ နန်းတော် ၏ စွမ်းအားများကို ဆက်ခံထားသည်ဟု ကြွေးကြော်နေသော မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ၏ အမွေအနှစ်ထက် လုံးဝ သာလွန် နိမ့်ကျနေမည် မဟုတ်ကြောင်း စုယွီ ယုံကြည်ထား၏။

မည်သို့ပင် ဆိုစေကာမူ လက်ရှိ သူ၏ နတ်ဘုရား ခန္ဓာ ၏ အခြေခံ စွမ်းအားများကို ထည့်မတွက်လျှင်ပင်... ပထမ ရွှေရောင် ချပ်ဝတ် ခေါင်းဆောင် နှင့် ဒုတိယ ရွှေရောင် ချပ်ဝတ် ခေါင်းဆောင် တို့ ကဲ့သို့သော ထူးခြား အစွမ်းထက်သည့် ပုဂ္ဂိုလ်ကြီးများ ရှိနေသေးသည် မဟုတ်ပါလော။

ထိုနှစ်ဦးမှာ ရှေးဟောင်း အတိတ် ကာလမှ ယနေ့ခေတ် တိုင်အောင် အသက်ရှင် နေထိုင်လာခဲ့ကြသော စစ်မှန်သည့် ရှေးဟောင်း ပုဂ္ဂိုလ်ကြီးများ ဖြစ်ကောင်း ဖြစ်နိုင်သည်။

မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် တွင် ဘိုးဘေး တာအို ပေါင်းစည်း အဆင့် တာအို ဧကရာဇ် တစ်ပါး၏ အုတ်မြစ်များ ရှိနေနိုင်သည်ကတော့ မှန်၏။

သို့သော် ရှေးဟောင်း ခေတ်ကာလမှ ယနေ့တိုင် အသက်ရှင် နေထိုင်ခဲ့ကြသည့် ရှေးဟောင်း အင်မော်တယ် မြို့တော် တစ်ခု၏ ချပ်ဝတ် ခေါင်းဆောင်ကြီးများ ဖြစ်ကြသော ရွှေရောင် အစောင့်အရှောက် နှစ်ပါးနှင့် သူတို့ ယှဉ်နိုင်ပါမည်လော။

...

ချန်ကု အင်မော်တယ် မြို့တော် မှ ထွက်ခွာလာချိန်တွင် လေ့ချန်ထျန်း ၏ မျက်နှာ အမူအရာမှာ တော်တော်လေး မကြည်မသာ ဖြစ်နေခဲ့သည်။

ချန်ကု အင်မော်တယ် မြို့တော် မှ မျိုးနွယ်စု (၅) ခုသည် သူ့အပေါ် အတော်လေး ရိုသေ ပျပ်ဝပ်ခဲ့ကြပြီး မြေကမ္ဘာအင်မော်တယ်စံအိမ် ထံသို့ သတင်းစကားပါးကာ ခေါင်းငုံ့ အရှုံးပေးရန် တောင်းဆိုပေးမည်ဟု သဘောတူခဲ့ကြသော်ငြား... ထွက်ပေါ်လာသော ရလဒ်များမှာမူ မျှော်လင့်ထားသည်နှင့် များစွာ ကွာခြားနေ၏။

သူ ကိုယ်တိုင်ကိုယ်ကျ ချန်ကျိုး နယ်မြေ သို့ ဆင်းသက်လာခဲ့သော်ငြား... ထို မြေကမ္ဘာအင်မော်တယ်စံအိမ် ကတော့ ခေါင်းမာဆဲ။ ရင်ဆိုင်နေရသော အန္တရာယ်ကို လုံးဝ သတိမထားမိကြချေ။ အင်အားကြီးသူကသာ နိုင်သည့် ကျင့်ကြံခြင်းကမ္ဘာကြီးတွင် အားနည်းသော အင်အားစု တစ်ခုအနေဖြင့် မည်သို့ ရှင်သန် ရပ်တည်ရမည်ကို လုံးဝ နားမလည်ကြခြင်းပင်။

မူလက ကိစ္စရပ်များကို သူကိုယ်တိုင် ကိုင်တွယ် ဖြေရှင်းရန် သိပ်ပြီး စိတ်မပါခဲ့ချေ။ ထိုသို့ လုပ်ဆောင်ခြင်းက မိမိ၏ ဂုဏ်သိက္ခာကို အနည်းငယ် ကျဆင်းစေမည်လေ။

အထွတ်အထိပ် ပကတိဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီး တစ်ပါးက ဒီလို အရေးမပါတဲ့ အင်အားစု သေးသေးလေး တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ် ဖြေရှင်းရမယ် တဲ့လား။

အကယ်၍ သတင်းသာ ပြန့်သွားခဲ့လျှင် မိမိ၏ တာအို မိတ်ဆွေ အချို့က မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ကို လှောင်ပြောင် သရော်ကြလိမ့်မည်။ မိမိအား အစွယ်တွေ ကျိုးပြီး ဖျားနာနေသော ကျား တစ်ကောင် ဖြစ်သွားပြီလား ဆိုပြီး တွေးတောကြလိမ့်မည်။

သို့ဖြစ်သော်ငြား မြေကမ္ဘာအင်မော်တယ်စံအိမ် သည် ခေါင်းမာပြီး မာကျောသော အရိုးမာ တစ်ခု ဖြစ်ကြောင်း သက်သေပြနေခဲ့သည်။

၎င်းတို့ လက်ထဲတွင် အဆင့် (၆) အထွတ်အထိပ် နတ်ဘုရား ရုပ်တု တစ်ခု ရှိနေသဖြင့် မိမိ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားမှသာ သူတို့ကို နှိမ်နင်းနိုင်မည့် အခွင့်အရေး ရှိပေမည်။

“သွားကြစို့... သူတို့က သေလမ်းကို ရွေးချယ်ခဲ့မှတော့ သူတို့ အလိုကျ ဖြည့်ဆည်းပေးရမှာပေါ့”

လေ့ချန်ထျန်း က အေးစက် ကျောချမ်းဖွယ် လေသံဖြင့် ကြွေးကြော်လိုက်သည်။ ထို့နောက် သူနှင့် မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် မှ လူများသည် နေရာ‌ ရွှေ့ပြောင်း အခင်းအကျင်းမှတစ်ဆင့် ထွက်ခွာသွားကြလေ၏။

သူတို့၏ အနောက်ဘက်ရှိ ချန်ကု အင်မော်တယ် မြို့တော် တွင်မူ...

မျိုးနွယ်စု (၅) ခုမှ တာအို သခင်ကြီး အနည်းငယ်သည် လေ့ချန်ထျန်း နှင့် သူ၏ အုပ်စု ထွက်ခွာသွားသည်ကို မျက်မှောင် အနည်းငယ် တွန့်ကွေးလျက် စောင့်ကြည့်နေကြသည်။

“မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် က လူတွေကို ငါတို့ ချန်ကျိုး နယ်မြေ ထဲမှာ ဒီလောက်တောင် ရောင့်တက် မောက်မာခွင့် ပေးလိုက်တော့မှာလား”

ကုန်းစွန်း မိသားစု မှ တာအို သခင်ကြီး တစ်ပါးက ယင်း မိသားစု မှ ယင်းချန်ထုံ အား ပြောလိုက်ခြင်းပင်။

ယင်းချန်ထုံ က မျက်မှောင်ကြုတ်လိုက်သည်။

“ငါတို့က တခြား ဘာလုပ်နိုင်ဦးမှာမို့လို့လဲ... အခုချိန်မှာ ငါတို့ ချန်ကု အင်မော်တယ် မြို့တော် ရဲ့ အဓိက အာရုံစိုက်ရမယ့် ကိစ္စက ခွန်းလင် အသိုက် ပဲ... အစစ်အမှန် ခွန်းလင် အသိုက် ပေါ်လာပြီ ဆိုတဲ့ သတင်းက အခုလေးတင် ဝင်လာခဲ့ပြီ”

“ဒါက ပြီးခဲ့တဲ့ အကြိမ် ခွန်းလင် အသိုက် ပေါ်လာတုန်းကတောင် မရခဲ့ဖူးတဲ့ အခွင့်အရေး တစ်ခုကို ကိုယ်စားပြုနေတာပဲ”

“အဲဒီ ရှေးဟောင်း ပင်လယ် မျိုးနွယ်စု ထိပ်သီး ပုဂ္ဂိုလ် ရဲ့ အကြွင်းအကျန်တွေ ဒါမှမဟုတ် အမွေအနှစ်တွေ အတွင်းထဲမှာ ရှိနေဖို့ ငါတို့ မျှော်လင့်နေတာ မဟုတ်ဘူး... ဒါပေမဲ့ အတွင်းထဲက အဆင့် (၆) နဲ့ အဆင့် (၇) ဝိညာဉ် ဆေးပင် တွေနဲ့ ကောင်းကင်နဲ့ မြေကြီး ရတနာ အချို့ကို ရယူနိုင်ခဲ့မယ် ဆိုရင် ငါတို့ ချန်ကု အင်မော်တယ် မြို့တော် ရဲ့ အင်အားက နောက်ထပ် အဆင့် တစ်ခုကို တက်လှမ်းသွားနိုင်တယ်”

“တကယ်လို့ ငါတို့သာ ကံကောင်းပြီး အတွင်းထဲမှာ ကောင်းကင်ကို အာခံနိုင်တဲ့ အခွင့်အရေး တစ်ခု အမှန်တကယ် ရှိနေခဲ့မယ် ဆိုရင်...”

ယင်းချန်ထုံ ၏ မျက်လုံးများထဲတွင် လောဘ အရိပ်အယောင်များနှင့် စိတ်အားထက်သန်စွာ မျှော်လင့်နေမှုများ တောက်ပသွား၏။

မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် နှင့် မြေကမ္ဘာအင်မော်တယ်စံအိမ် တို့ကဲ့သို့သော အရာများနှင့် နှိုင်းယှဉ်လျှင် ခွန်းလင် အသိုက် ၏ အခွင့်အရေးက ချန်ကု အင်မော်တယ် မြို့တော် အတွက် လက်ရှိ ထိပ်တန်း ဦးစားပေး ကိစ္စရပ်ပင် ဖြစ်သည်။

ဤအကြောင်းကြောင့်ပင် မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ လက်ခုပ်ထဲတွင် ရှိနေသော အခွင့်အရေးကို သူတို့ မျက်စိ မကျခဲ့ကြခြင်း ဖြစ်၏။

သို့မဟုတ်ပါက မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် သည် မြေကမ္ဘာအင်မော်တယ်စံအိမ် အား အရေးယူရန် လှုပ်ရှားနေချိန်တွင် သူတို့ ဘာကြောင့် လက်ပိုက် ကြည့်နေကြမည်နည်း။

ယင်းချန်ထုံ ၏ အမြင်အရ မြေကမ္ဘာအင်မော်တယ်စံအိမ် က ရရှိခဲ့သည်ဟု သတင်းကြီးနေသော နတ်ဘုရား ရုပ်တုနှင့် ထူးခြားဆန်းကြယ်သည့် အမွေအနှစ် နှစ်ခုစလုံးကို ချန်ကု အင်မော်တယ် မြို့တော် ထံသို့ ပူဇော်ဆက်သ သင့်သည်ဟု ထင်မြင်ထား၏။

နောက်ဆုံးတော့ ဘာဖြစ်သွားခဲ့သလဲ။

သူ ကိုယ်တိုင် မြေကမ္ဘာအင်မော်တယ်စံအိမ် ကို ကာကွယ်ပေးရန် ကြိုးပမ်းခဲ့သော်ငြား... သူတို့က လွန်စွာ မိုက်မဲပြီး လောဘကြီးကာ ကိုယ့်ခွန်အားကိုယ် အထင်ကြီးလွန်းနေခဲ့ကြသည်။ သူတို့ ဘာသာ ရပ်တည်ရန်သာ ရွေးချယ်ခဲ့ကြ၏။

နှမြောစရာ ကောင်းလှသည်။ သို့မဟုတ်ပါက သူတို့ ယင်း မိသားစု သည် အဆင့် (၆) အထွတ်အထိပ် နတ်ဘုရား ရုပ်တု တစ်ခုကို အလကား ကောက်ရနိုင်သည်။

ယခုမူ… ယင်းချန်ထုံ သည် လေ့ချန်ထျန်း နှင့် အခြားသူများ ထွက်ခွာသွားသော ပုံရိပ်များကို ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ် တွေးလိုက်မိသည်။

'မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ကတော့ ဒီအပေးအယူကနေ အကျိုးအမြတ်တွေ ရသွားတော့မှာပဲ'

မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ၏ အင်အားနှင့် ဂုဏ်သတင်းက သာမန် မဟုတ်ပေ။

ဤ ချန်ကျိုး နယ်မြေ တွင်ပင် အင်အားစု အများအပြားသည် မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် အတွက် အရာရာကို လွယ်ကူစေခဲ့ကြသည်။ အင်အားစု အသီးသီး၏ တယ်လီပို့ စွမ်းအား ခင်းကျင်းမှု များကို အသုံးချကာ လေ့ချန်ထျန်း နှင့် သူ၏ အုပ်စုသည် တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ သို့ ရောက်ရှိရန် အချိန်သိပ်မကြာလိုက်ပေ။

သို့သော် ယခုအခါ တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ သည် တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ ကို ဖွဲ့စည်းထား၏။ မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ကို တစ်ကမ္ဘာလုံး နီးပါး ဆန့်ကျင်နေကြပြီ ဖြစ်၏။

မှန်သည်။ လေ့ချန်ထျန်း နှင့် သူ၏ အုပ်စုသည် မူလ မြေကမ္ဘာအင်မော်တယ်စံအိမ် တည်ရှိရာ ချန်ဟုန် အင်မော်တယ် မြို့တော် သို့ ရောက်ရှိရန် ကြီးမား ကျယ်ပြောလှသော နယ်မြေများကို ကိုယ်တိုင်ကိုယ်ကျ ဖြတ်ကျော်ခဲ့ကြရသည်။

သို့သော် သူတို့၏ ပစ်မှတ်က ကြီးမား ထင်ရှားလှပြီး သူတို့၏ အင်မော်တယ် အရှိန်အဝါများက တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ ၏ နယ်နိမိတ်များကို ထိတွေ့သွားသည်နှင့် တစ်ပြိုင်နက်... တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ က သူတို့ ရောက်ရှိလာမှုကို သတိပြုမိသွားကာ အထက်သို့ လျင်မြန်စွာ အစီရင်ခံလိုက်ကြသည်။

“ဝီ...”

ကောင်းကင်ယံ အထက်တွင် အဆင့် (၆) စစ်သင်္ဘော တစ်စင်းသည် ဟင်းလင်းပြင်အတွင်း တစ်စိတ်တစ်ပိုင်း ပုန်းကွယ်လျက် အလွန် လျင်မြန်သော အရှိန်အဟုန်ဖြင့် ကျင့်ကြံခြင်းကမ္ဘာ ကို ဖြတ်ကျော်သွား၏။

စစ်သင်္ဘော အတွင်း၌ လေ့ချန်ထျန်း သည် မျက်လုံး အစုံ မှိတ်ကာ အနားယူလျက် တင်ပျဉ်ခွေ ထိုင်နေပြီး တည်ငြိမ်စွာ စကားဆိုလိုက်သည်။

“အဲဒီ အဆင့် (၆) အထွတ်အထိပ် နတ်ဘုရား ရုပ်တု ကို ငါ ကိုင်တွယ်မယ်... တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ အပါအဝင် ကျန်တဲ့သူတွေ အားလုံးက မင်းတို့ရဲ့ တာဝန်ပဲ”

“ငါတို့ မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် က မကြာသေးခင်က ဒီမှာ ခံစားခဲ့ရတဲ့ ဆုံးရှုံးမှုတွေ အတွက် သူတို့ လျော်ကြေးပေးရလိမ့်မယ်”

တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ ကိုလည်း လျှော့တွက်၍ မရချေ။ မြေကမ္ဘာအင်မော်တယ်စံအိမ် ကို ဖယ်ထားလျှင်ပင် တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ တွင် တာအို သခင်ကြီး (၁၀) ပါးထက်မက ရှိနေသေး၏။

သူတို့အားလုံးက ပကတိဟင်းလင်းပြင် အဆင့်နိမ့် အဆင့် တာအို သခင်ကြီး များသာ ဖြစ်ကြသော်ငြား... အချို့ကို သတ်ဖြတ်ပြီး အခြားသူများကို တပ်ဖွဲ့များ ဖြည့်တင်းရန် စုဆောင်းခြင်းက မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ၏ အဓွန့်ရှည်သော ကြီးပွား တိုးတက်မှုကို ထိန်းသိမ်းထားနိုင်လိမ့်မည်။

All Chapters