← Chapters

အခန်း ၉၅၇

Vol. 64 Ch. 957

အခန်း ၉၅၇

Vol. 64 Ch. 957

အခန်း (၉၅၇) - ဆုံးရှုံးသွားသော နယ်မြေအားလုံးကို ပြန်လည်သိမ်းပိုက်ခြင်း၊ ချန်ကျိုး နယ်မြေကို တုန်လှုပ်စေခြင်း

သူ၏ ကျွမ်းကျင်မှု မျက်နှာပြင်အား စစ်ဆေးကြည့်လိုက်၏။

[ကျင့်ကြံခြင်း - ဝိညာဉ်ခွဲထွက် အဆင့်၊ အဆင့် (၁)]

[သက်တမ်း - (၅၁၅)/(၆၅၄၇) နှစ်]

[ကျင့်စဉ်များ - ဓာတ်ကြီယငါးပါး ကျင့်စဉ် (ဝိညာဉ်ခွဲထွက် အဆင့်၊ အဆင့် (၁)၊ ကျွမ်းကျင်မှု (၄၆.၈၃)%)၊ ကောင်းကင် အင်မော်တယ် ခန္ဓာ သန့်စင် ကျင့်စဉ် (အဆင့် (၅)၊ ကျွမ်းကျင်မှု (၃၃.၂၈)%)၊ သွေးဝေလငါး လမင်းမြို ကျင့်စဉ် (အဆင့် (၅)၊ ကျွမ်းကျင်မှု (၃၀)%)၊ အထက်ဘုံ သန့်စင်သော မူလ တာအို နိယာမ (ပြီးပြည့်စုံ)... ရွှေ‌ပုစဉ်းရင်ကွဲ ကျင့်စဉ် (အဆင့် (၅)၊ ကျွမ်းကျင်မှု (၂၅.၉၈)%)၊ ကန်းကျင်းကောင်းကင်ဓား ကျင့်စဉ် (အဆင့် (၅)၊ ကျွမ်းကျင်မှု (၁၅.၆၄)%)၊ နတ်ဘုရား ဖြစ်တည်ခြင်း သိုင်းကျမ်း (အဆင့် (၅)၊ ကျွမ်းကျင်မှု (၃.၃၁)%)]

[မှော်ပညာရပ်များ - သစ်သား နွယ်ပင် မန္တန် (ပြီးပြည့်စုံ)... ဟင်းလင်းပြင် ခွဲထွက်ခြင်း နည်းစနစ် (အဓိက အောင်မြင်မှု၊ ကျွမ်းကျင်မှု (၄၂.၅၂)%)၊ နတ်ဘုရား အသွင် ပြောင်းလဲခြင်း ကျင့်စဉ် (အဆင့် (၅)၊ ကျွမ်းကျင်မှု (၆.၅၄)%)၊ မီးဖီးနစ်၏ ဘဝ ကိုးခု မြားပစ်စွမ်းရည် (ကျွမ်းကျင်မှု (၅၅.၁၁)%)]

လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း ဓာတ်ကြီး ငါးပါး ကျင့်စဉ် သည် ကျွမ်းကျင်မှု အမှတ် (၈) မှတ်ခန့် စုဆောင်းနိုင်ခဲ့လေပြီ။

ကောင်းကင် အင်မော်တယ် ခန္ဓာ သန့်စင် ကျင့်စဉ် ၏ ခန္ဓာ သန့်စင်ခြင်း တာအို ပုံစံများသည် မှန်မှန် ခိုင်မာလာနေခဲ့၏။ ယခုအခါ ဝိညာဉ်ခွဲထွက် အဆင့် ၏ အဆင့် (၃) နှင့် နှိုင်းယှဉ်နိုင်သော အနေအထားသို့ ရောက်ရှိနေပြီပင်။

အခြားသော ခန္ဓာ သန့်စင် ကျင့်စဉ် တစ်ခု ဖြစ်သည့် ကန်းကျင်း ကောင်းကင် ဓား နတ်ဘုရား ကျင့်စဉ် ကတော့ တိုးတက်မှု တစ်စုံတစ်ရာ မရှိခဲ့။ သို့သော်ငြား အချိန်ရသည်နှင့် အလယ်အလတ်အဆင့် မှော်ရတနာ အနည်းငယ်ကို သူ၏ ခန္ဓာကိုယ် အတွင်းသို့ သန့်စင် ထည့်သွင်းနိုင်မည် ဆိုပါက ကန်းကျင်း ကောင်းကင် ဓား နတ်ဘုရား ကျင့်စဉ် ကို တိုးတက်စေဖို့ မခက်ပါ။

ဟင်းလင်းပြင် ခွဲထွက်ခြင်း နည်းစနစ် မှာမူ အဓိက အောင်မြင်မှု တစ်ရပ်ကို ရရှိခဲ့ပြီး ကျွမ်းကျင်မှု အမှတ် (၄၀) ကျော် အထိ ရောက်ရှိလာခဲ့သည်။

ပကတိဟင်းလင်းပြင် အဆင့် သို့ မချိုးဖျက်မီ ဤကျင့်စဉ်ကို ပြီးပြည့်စုံအောင် သူ လေ့ကျင့်နိုင်မည်မှာ သေချာလှ၏။

ဤခွဲထွက်ခြင်း နည်းစနစ်သည် ဟင်းလင်းပြင် တာအို ကို နားလည် သဘောပေါက်ရန် အတွက် အလွန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ နေ့စဉ် ကျင့်ကြံမှုများမှ တစ်ဆင့် ဝိညာဉ်ခွဲထွက် အဆင့် ၏ အဆင့် (၂) သို့ တက်လှမ်းရန် နောက်ထပ် အနှစ် (၃၀) ခန့် အချိန်ယူရမည်ဟု စုယွီ ခန့်မှန်းထား၏။

'ဒါက နည်းနည်း နှေးကွေးနေတယ်...'

စုယွီ စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိသည်။ ကံမကောင်းစွာဖြင့် သူ၏ ဓာတ်ကြီး ငါးပါး ဝိညာဉ် အမြစ် သည် မြေကမ္ဘာ အဆင့် သို့ ပြောင်းလဲ တိုးတက်သွားပြီး နောက်ပိုင်း အချိန်အတော်ကြာသည့်တိုင်အောင် ဘာမှ ပြောင်းလဲမှု မရှိတော့ချေ။ အကယ်၍ ၎င်းကို ကောင်းကင် အဆင့် ဝိညာဉ် အမြစ် အဖြစ် ပြောင်းလဲနိုင်မည် ဆိုပါက သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်သည် သေချာပေါက် သိသိသာသာ တိုးတက်လာလိမ့်မည်။

သူ ပိုင်ဆိုင်ထားသော ထူးဆန်းသော အင်မော်တယ် မျိုးစေ့သည် ဝိညာဉ် အမြစ် တိုးတက် ပြောင်းလဲရန် အတွက် အကြီးမားဆုံး အကူအညီ ဖြစ်သော်ငြား ထိုမျိုးစေ့ ပွင့်လာတိုင်း ဖြစ်တည်လာသော ဝိညာဉ် ရတနာများမှာ ကြိုတင် ခန့်မှန်း၍ မရနိုင်ပေ။ ထို့အပြင် ထူးဆန်းသော အင်မော်တယ် မျိုးစေ့သည် အကြိမ်တိုင်းတွင် ပြုစုပျိုးထောင်ရန်နှင့် ပွင့်လာရန် အချိန် ပိုပို ကြာမြင့်လာနေ၏။

ဝိညာဉ် အမြစ် တိုးတက် ပြောင်းလဲရန် အတွက် ထူးဆန်းသော အင်မော်တယ် မျိုးစေ့မှ ရရှိသော ဝိညာဉ် ရတနာများကို သီးသန့် အားကိုးနေရန်မှာ မဖြစ်နိုင်သလောက်ပင်။

ထို့အပြင် ချီသန့်စင် အိုး ၏ ဝိညာဉ် အရည် ကလည်း ဝိညာဉ် အမြစ် တိုးတက်စေရန် အထိုက်အလျောက် သက်ရောက်မှု ရှိသည်။ သို့သော် အဆင့် (၅) ဝိညာဉ် အရည် အတွင်း ပါဝင်သော နတ်ဘုရား ထူးဆန်းသော စွမ်းအား အနည်းငယ်သည် သူ၏ ဓာတ်ကြီး ငါးပါး ဝိညာဉ် အမြစ် ကို ကောင်းကင် အဆင့် သို့ အမှန်တကယ် ပြောင်းလဲပေးရန် မလုံလောက်ခဲ့ချေ။ ထိုအရာက အလှမ်းဝေးလှသော ရည်မှန်းချက် တစ်ခု ဖြစ်နေဆဲပင်။

'ကျန်တာကတော့... တခြား အင်မော်တယ် ဝိညာဉ် ရတနာ တွေကို လိုက်ရှာရလိမ့်မယ် ထင်ပါရဲ့...'

စုယွီ တိုးညင်းစွာ ရေရွတ်လိုက်သည်။

ဝိညာဉ် အမြစ် ပြဿနာ အပြင် သူ၏ ကိုယ်ပိုင် အခြေခံအုတ်မြစ် ကို ပျိုးထောင်ရန် သင့်လျော်သော အရင်းအမြစ်များကိုလည်း သူ ရှာဖွေချင်နေသေး၏။ အခြေခံအုတ်မြစ် အတွက် အဓိက အရင်းအမြစ်ကို သာမန်ကာ လျှံကာ ရွေးချယ်၍ မရနိုင်ပေ။

'အရင်ဆုံး ကျင့်ကြံရမယ်... ကိုယ်ပိုင် ခွန်အားက အခြေခံ အုတ်မြစ်ပဲ... အရာအားလုံးရဲ့ မူလ အရင်းအမြစ်ပဲ... ငါ့မှာ သက်တမ်း အများကြီး ကျန်သေးတယ်...'

စုယွီ.. ပြန်လည် အာရုံ စုစည်းလိုက်သည်။

'ပကတိဟင်းလင်းပြင် အဆင့် ဒါမှမဟုတ် တာအို ပေါင်းစည်း အဆင့် ကို မရောက်ခင် သင့်လျော်တဲ့ တာအို လက်နက် အရင်းအမြစ်တွေကို ရှာတွေ့သရွေ့ အဆင်ပြေပါတယ်လေ...'

စုယွီသည် စတင် တံခါးပိတ် ကျင့်ကြံတော့၏။ နေ့စဉ် ကျင့်ကြံမှုများမှ အားလပ်ချိန်များတွင် သူသည် အဆင့် (၅) အလယ်အလတ်အဆင့် ရုပ်သေး တစ်ရုပ်ကို သွန်းလုပ်သည်။ ဤတစ်ကြိမ်တွင် ၎င်း၏ ပုံပန်းသဏ္ဍာန်ကို ပြောင်းလဲရန် သူ ရည်ရွယ်ထား၏။

ယခင်က သူသည် ဆေးဆရာ၊ အဆောင်ဆရာ၊ နှင့် မီးဖီးနစ်လေး ကိုင်ဆောင်ထားသော တာအိုသခင်ကြီး ကဲ့သို့သော အခန်းကဏ္ဍများကို သရုပ်ဆောင်ဖူးသည်။ ဤတစ်ကြိမ်တွင်တော့ သူ၏ တာအို ရုပ်သေး ကို ဘုန်းတော်ကြီး တစ်ပါး အဖြစ် ပြောင်းလဲချင်နေခဲ့သည်။

ဘုန်းတော်ကြီးများသည် ကျင့်ကြံသူများ၏ စွမ်းအားများနှင့် မတူညီသော ဗုဒ္ဓ စွမ်းအား ကို ကျင့်ကြံကြ၏။

ဗုဒ္ဓ စွမ်းအား ကို ပိုင်ဆိုင်သော ရုပ်သေး တစ်ရုပ်ကို သွန်းလုပ်ရန် အတွက် ဗုဒ္ဓ နယ်မြေ မှ အထူး အရင်းအမြစ်များကို အသုံးပြုရန် လိုအပ်သည်။ စုယွီ သည် ကောင်းကင် ရုပ်သေး သိုင်းကျမ်း အတွင်း ရှာဖွေခဲ့ပြီး နောက်ဆုံးတွင် ဗုဒ္ဓ တာအို ရုပ်သေး တစ်ရုပ်ကို ရွေးချယ် ဆုံးဖြတ်လိုက်သည်။

အပြစ်ပေး ဗုဒ္ဓ အရှင်သခင်။

ခန္ဓာ ကျင့်ကြံသူ နှင့် ဆင်တူသော ဘုန်းတော်ကြီး တစ်ပါး ဖြစ်ပြီး ရုပ်ခန္ဓာ ခွန်အားကို အသုံးပြုရာတွင် ကျွမ်းကျင်သူ ဖြစ်၏။ ပြီးတော့ သူ ဘုန်းတော်ကြီး တာအို ရုပ်သေး တစ်ခု သွန်းလုပ်ချင်ရသည့် အကြောင်းရင်းမှာ စုယွီ သည် ဗုဒ္ဓ နယ်မြေ သို့ ခရီးထွက်ရန် စီစဉ်ထားသောကြောင့်ပင်။

ရှေးဟောင်း ယွဲ့ အင်မော်တယ်စံအိမ် အင်မော်တယ် မြို့တော် ၏ အပျက်အစီးများ အတွင်းရှိ သိုင်းကျမ်း တစ်သောင်း မျှော်စင် မှ အမျိုးမျိုးသော တာအို ကျင့်စဉ်များ အပြင် ပထမ ရွှေရောင် ချပ်ဝတ် ခေါင်းဆောင် နှင့် ဒုတိယ ရွှေရောင် ချပ်ဝတ် ခေါင်းဆောင် တို့ အပါအဝင် မြို့တော် အစောင့်များက အကြီးမားဆုံး အကူအညီများ ဖြစ်ကြသည်။

သို့သော်ငြား ထို အင်မော်တယ် မြို့တော် အစောင့်များကို သူတို့၏ ယခင် ဘုန်းကျက်သရေများ ပြန်လည် ရှင်သန်လာစေရန် အမွှေးတိုင် နှင့် ယုံကြည်မှု စွမ်းအား များ လိုအပ်သည်။

လက်ရှိ စုယွီ ၏ အမိန့်ပေးမှု အောက်တွင် အနက်ရောင် ဒေါသ စစ်သည်တော် တစ်ဦးတည်းကို ပြန်လည် ရှင်သန်စေရန် သို့မဟုတ် အနက်ရောင် ဒေါသ စစ်သည်တော် ဒါဇင်ကျော်၏ နတ်ဘုရား အတွေးများကို ထိန်းသိမ်းထားရန် လုံလောက်သော အမွှေးတိုင် နှင့် ယုံကြည်မှု စွမ်းအား အနည်းငယ်မျှသာ ရှိသော နယ်မြေ တစ်ခုတည်းသာ ရှိနေသည်။ ထိုပမာဏကိုပင် ဆယ်စုနှစ် တစ်ခု သို့မဟုတ် ထိုထက်ပိုသော အချိန်ကြာအောင် စုဆောင်းရမည်သာ။

ဤ အမွှေးတိုင် နှင့် ယုံကြည်မှု စွမ်းအား ပမာဏမှာ အလွန် နည်းပါးလွန်းလှ၏။

ရှေးဟောင်း ယွဲ့ အင်မော်တယ်စံအိမ် အင်မော်တယ် မြို့တော် ကို အမှန်တကယ် ဦးဆောင် ထိန်းချုပ်နိုင်ရန် စုယွီအနေနှင့် ပိုမိုများပြားသော အမွှေးတိုင် နှင့် ယုံကြည်မှု စွမ်းအား များ လိုအပ်နေသည်။ အနက်ရောင် ဒေါသ စစ်သည်တော် များ အားလုံးနှင့် ငွေရောင် ချပ်ဝတ် ခေါင်းဆောင်များ ကိုပါ ပြန်လည် ရှင်သန်လာစေရန် အတွက်ပါ။ ထိုသို့ ပြုလုပ်နိုင်မှသာ ရှေးဟောင်း ယွဲ့ အင်မော်တယ်စံအိမ် ၏ အမွေအနှစ်များကို စုယွီ အမှန်တကယ် ဆက်ခံနိုင်မည် ဖြစ်သည်။

ပြီးတော့ အမွှေးတိုင် နှင့် ယုံကြည်မှု စွမ်းအား များကို စုဆောင်းရန် အကောင်းဆုံး နေရာမှာ ဗုဒ္ဓ နယ်မြေ ပင် ဖြစ်၏။

'အပြစ်ပေး ဗုဒ္ဓ အရှင်သခင် ရုပ်သေး သွန်းလုပ်ပြီးတာနဲ့ အဲဒီ နတ်ဘုရား ရုပ်တုလေးကို ဗုဒ္ဓ နယ်မြေ ဆီ ယူသွားခိုင်းရမယ်...'

စုယွီ တွေးလိုက်ရင်း တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ ကို တိုက်ခိုက်ရန် ရည်ရွယ်ထားခဲ့သော မိစ္ဆာ ဗုဒ္ဓ အင်အားစုများကို ပြန်လည် သတိရလိုက်သည်။

‘ပုတူ ဗုဒ္ဓ ဂိုဏ်း... တကယ်လို့ ငါသာ ပုတူ ဗုဒ္ဓဂိုဏ်းကို နှိမ်နင်းနိုင်ပြီး သူတို့ရဲ့ အမွှေးတိုင် နဲ့ ယုံကြည်မှု စွမ်းအား အုတ်မြစ်တွေကို သိမ်းပိုက်နိုင်မယ် ဆိုရင်...'

စုယွီ တိတ်တဆိတ် စဉ်းစားလိုက်၏။

'အနက်ရောင် ဒေါသ စစ်သည်တော် တွေ အားလုံးကို ပြန်လည် ရှင်သန်စေဖို့ မခက်ခဲလောက်တော့ဘူး...'

ရှေးဟောင်း ယွဲ့ အင်မော်တယ်စံအိမ် အင်မော်တယ် မြို့တော် အတွင်း၌ အနက်ရောင် ဒေါသ စစ်သည်တော် တစ်ရာကျော် ရှိနေပြီး သူတို့ တစ်ဦးစီတိုင်း၏ အထွတ်အထိပ် စွမ်းအားမှာ ဝိညာဉ်ခွဲထွက် အဆင့် နှင့် နှိုင်းယှဉ်နိုင်သည်။ အကယ်၍ သူသာ ထို အနက်ရောင် ဒေါသ စစ်သည်တော် များ၏ ထောက်ပံ့မှုကို ရရှိခဲ့မည် ဆိုပါက မြေကမ္ဘာအင်မော်တယ်စံအိမ် အနေဖြင့် တာ့ချန် ကျင့်ကြံခြင်းကမ္ဘာကို ပေါင်းစည်းရန် ခက်ခဲမည် မဟုတ်ပေ။

စုယွီ တံခါးပိတ် ကျင့်ကြံနေစဉ် အတွင်း...

မြေကမ္ဘာအင်မော်တယ်စံအိမ် မှ ရွှေဝိညာဉ် မိစ္ဆာ အရှင်သခင် နှင့် တာအို သခင်ကြီး ကျိုလင် တို့သည် အင်မော်တယ် ဂိတ်တံခါး မှတစ်ဆင့် ဟင်းလင်းပြင် ထဲသို့ အမြန် ထွက်လာခဲ့ကြပြီး လုံးဝ တိတ်ဆိတ် ငြိမ်သက်သွားသော အထက် ကောင်းကင်ယံရှိ စစ်တလင်းပြင် ဆီသို့ ရောက်ရှိလာခဲ့ကြသည်။

သူမတို့သည် အောက်ဘက်ရှိ မြေရိုင်းပြင်ကြီးကို ငုံ့ကြည့်လိုက်ကြရာ သူမတို့၏ မျက်လုံးများထဲတွင် အံ့အားသင့် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားရတော့သည်။

မိုင် ဆယ်နှင့်ချီ၍၊ ရာနှင့်ချီ၍ လုံးဝ ပျက်စီး ကြေမွနေသလေပြီ။

ဤနေရာသည် မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ ဂိတ်တံခါးနှင့် အလွန် ကွာဝေးသော်ငြား... မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲ၏ လှုပ်ခတ်မှုများ၊ ပို၍ တိတိကျကျ ဆိုရလျှင် ပကတိဟင်းလင်းပြင် အဆင့် ကို ကျော်လွန်သော စွမ်းအား အရှိန်အဝါကြီး ကြောင့် ဂိုဏ်းအတွင်း တံခါးပိတ် ကျင့်ကြံနေစဉ်မှာပင် သူတို့ကို ရှင်းလင်းစွာ ခံစား သိရှိနိုင်စေခဲ့သည်။

ဤနေရာသို့ ရောက်ရှိလာပြီး မကြာသေးမီကမှ ပြင်းထန်စွာ ပျက်စီးသွားသည်မှာ ထင်ရှားလှသော စစ်တလင်းပြင်ကို မြင်လိုက်ရသောအခါ သူမတို့ အကြီးအကျယ် တုန်လှုပ်သွားကြလေတော့၏။

“ဒီနေရာမှာ ဘယ်သူကများ ဒီလောက် ကြီးမားတဲ့ တိုက်ပွဲကြီးကို ဆင်နွှဲသွားခဲ့တာလဲ...”

တာအို သခင်ကြီး ကျိုလင် က တုန်ယင် တိုးညင်းသော လေသံဖြင့် မေးလိုက်မိသည်။

သူမတို့သည် စစ်တလင်းပြင် ကို လိုက်လံ ရှာဖွေလိုက်ကြ၏။

နောက်ဆုံးတွင် အဆင့် (၆) စစ်သင်္ဘော ၏ အပိုင်းအစများနှင့် ထိပ်တန်းအဆင့် နီးပါး ရှိသော မှော်ရတနာ တစ်ပါး ဖြစ်သည့် ကောင်းကင် ကိုးထပ် မိုးကြိုး ဒိုင်းလွှား ၏ အစအနများ အပါအဝင် အကြွင်းအကျန် အချို့ကို ရှာတွေ့သွားလေတော့သည်။

All Chapters