← Chapters

အခန်း ၉၅၈

Vol. 64 Ch. 958

အခန်း ၉၅၈

Vol. 64 Ch. 958

အခန်း (၉၅၈) - ဆုံးရှုံးသွားသော နယ်မြေအားလုံးကို ပြန်လည်သိမ်းပိုက်ခြင်း၊ ချန်ကျိုး နယ်မြေကို တုန်လှုပ်စေခြင်း (အပိုင်း- ၂)

မည်းတူးနေသော တာအို သွေးအချို့ ကျန်ရစ်နေ၏။

လက်ထဲရှိ အဆင့် (၆) စစ်သင်္ဘော အပိုင်းအစများနှင့် လွင့်ပျောက်မသွားသေးသော တာအို သွေး၏ အရှိန်အဝါကို ကြည့်လိုက်ကြသည်။

တာအို သခင်ကြီး ကျိုလင် နှင့် ရွှေဝိညာဉ် မိစ္ဆာ အရှင်သခင် တို့၏ မျက်ဝန်းများ အနည်းငယ် တုန်လှုပ်သွားတော့၏။

တာအို သခင်ကြီး ကျိုလင် က တိုးညင်းစွာ ရေရွတ်လိုက်သည်။

“ဒါတွေက မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် က လူတွေပဲ... ပြီးတော့ ဒီအရှိန်အဝါက...”

ဤအရှိန်အဝါသည် နှောင်းပိုင်း ပကတိဟင်းလင်းပြင် အဆင့် ၊ သို့မဟုတ် အထွတ်အထိပ် ပကတိဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီး တစ်ပါး၏ အရှိန်အဝါနှင့် တူညီနေသဖြင့် သူမ အလွန်အမင်း အံ့အားသင့်သွားသည်။

‘မိုးကြိုး နဂါး အင်မော်တယ် မင်းဆက်က ဆင်းသက်လာတဲ့ ပကတိဟင်းလင်းပြင် အဆင့် အထွတ်အထိပ် တာအိုသခင်ကြီး ကို အစွမ်းထက် ကျင့်ကြံသူ တစ်ဦးဦးက ဝင်ရောက် ဖျက်ဆီးပစ်လိုက်တာလား...

ဘယ်သူကများ လက်စွမ်းပြသွားတာလဲ…’

တာအို သခင်ကြီး ကျိုလင် သည် မျှော်လင့်ချက် နှင့် စိတ်လှုပ်ရှားမှုများ ရောယှက်နေသော အကြည့်ဖြင့် ရွှေဝိညာဉ် မိစ္ဆာ အရှင်သခင် ကို အကဲခတ်လိုက်၏။

သို့သော် ရွှေဝိညာဉ် မိစ္ဆာ အရှင်သခင် က မျက်မှောင်ကြုတ်သွားပြီး တုံ့ပြန်လိုက်သည်။

“ငါတို့ မြေကမ္ဘာအင်မော်တယ်စံအိမ် မှာ ဒီလောက် အစွမ်းထက်တဲ့သူ မရှိပါဘူး... တကယ်လို့သာ အဲဒီလို လူမျိုး ရှိနေခဲ့ရင် တာ့ချန် တစ်ခုလုံးကို အစောကြီးကတည်းက ပေါင်းစည်းပြီးနေလောက်ပြီ... ဘာလို့ အခုလို အခြေအနေမျိုးထိ ရောက်လာစရာ အကြောင်းရှိမှာလဲ...”

ထိုအခါ တာအို သခင်ကြီး ကျိုလင်မှာ ခေတ္တမျှ စဉ်းစားခန်း ဝင်သွားပြီးနောက် သဘောတူလိုက်သည်။

ဆိုလိုသည်မှာ ထို အစွမ်းထက် ကျင့်ကြံသူကြီးသည် မြေကမ္ဘာအင်မော်တယ်စံအိမ် မှ မဟုတ်ကြောင်း ထင်ရှားနေ၏။

'ဒါဆို ဘာလို့ မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် က လူတွေကို တိုက်ခိုက်ခဲ့ရတာလဲ...'

ရွှေဝိညာဉ် မိစ္ဆာ အရှင်သခင် မှာလည်း အလားတူ တွေဝေသွားပြီး နောက်ဆုံးတွင် တိုးတိတ်စွာ မှတ်ချက်ချလိုက်၏။

“မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ရဲ့ ရန်သူများ ဖြစ်နေမလား... ဒါမှမဟုတ် မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ကပဲ ကံဆိုးလွန်းလို့ ဒီလို ဘေးဒုက္ခမျိုးနဲ့ ကြုံသွားရတာလား...”

တာအို သခင်ကြီး ကျိုလင် ဘာမျှ ဆက်မပြောတော့။

ယင်းအစား ရွှေဝိညာဉ် မိစ္ဆာ အရှင်သခင် ပြောသွားသော ကံဆိုးသည် ဆိုသည့် ကိစ္စကိုသာ သူမ ဆက်လက် တွေးတောနေမိသည်။

'စဉ်းစားကြည့်ရင် သဘာဝတော့ ကျနေတာပဲ...'

ဥပမာအားဖြင့် မကြာသေးမီက တာ့ယန် အင်မော်တယ် မင်းဆက် သည် အလွန် ကံဆိုးစွာဖြင့် မိစ္ဆာ မျိုးနွယ်စု ထိပ်တန်း အုပ်စိုးသူ တစ်ဦး ဖြစ်သော ရှန်းဝူ မျိုးနွယ်စု ၏ ဒေါသကို ဆွမိသွားခဲ့ပြီး သူတို့၏ အင်မော်တယ် မြို့တော်ကြီး ဖျက်ဆီးခံလိုက်ရသည်။

ယခု သူမတို့ ရှေ့မှောက်ရှိ ပျက်စီးနေသော စစ်တလင်းပြင် ကဲ့သို့ပင်။

ဆင်းသက်လာသည့် မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် မှ တာအိုသခင်ကြီး သည်လည်း ကံဆိုးမိုးမှောင်ကျကာ အစွမ်းထက် ကျင့်ကြံသူ တစ်ဦး၏ ချေမှုန်းခံလိုက်ရပုံပေါ်၏။

အချိန်တို အတွင်းမှာပင် မြေကမ္ဘာအင်မော်တယ်စံအိမ် အပေါ် အငြိုးထားသော အင်အားကြီး ရန်သူ နှစ်ဦးစလုံး တစ်ခုပြီးတစ်ခု ဘေးဒုက္ခများနှင့် ကြုံတွေ့သွားခဲ့ကြသည်။

မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ အကြပ်အတည်း ပြဿနာကြီးမှာလည်း ထူးဆန်းစွာ ဖြေရှင်းပြီးသား ဖြစ်သွားတော့၏။

“ရွှစ်...ဝှစ်... ဝီ…”

တာအို သခင်ကြီး ကျိုလင် နှင့် ရွှေဝိညာဉ် မိစ္ဆာ အရှင်သခင် တို့ စစ်တလင်းပြင်ကို ရှင်းလင်းပြီး မကြာမီမှာပင် တာအို သခင်ကြီး ရှစ်ဝမ် ၊ တာအို သခင်ကြီး မော့လုံ နှင့် အခြားသူများ ဟင်းလင်းပြင် ထဲမှ ထွက်ပေါ်လာကာ ဆင်းသက်လာကြ၏။

သူတို့ရှေ့မှောက်ရှိ အပျက်အစီးများကို မြင်လိုက်ရသောအခါ သိသိသာသာ တုန်လှုပ်သွားကြသည်။

တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ ၏ အစိတ်အပိုင်း တစ်ခုအနေဖြင့် ပကတိဟင်းလင်းပြင် အဆင့် ကို ကျော်လွန်သော အစွမ်းထက် ကျင့်ကြံသူ တစ်ဦး၏ အင်အား သက်ရောက်မှုကို သူတို့လည်း ခံစား သိရှိခဲ့ကြ၏။

ထိုအရာက ကျင့်ကြံခြင်းကမ္ဘာ တွင် အမှန်တကယ် ထိပ်တန်း အဆင့်ရှိသော အစွမ်းထက် ကျင့်ကြံသူကြီး တစ်ဦးပင်။

လူသား မျိုးနွယ် ၏ ရှေးဟောင်း မြင့်မြတ် နယ်မြေကြီး သုံးခုမှလွဲ၍ ထိုကဲ့သို့သော တည်ရှိမှုမျိုးကို အခြားနေရာများတွင် တွေ့ရခဲလှသည်။ နှစ် (၁၀၀၀)၊ ထောင်နှင့်ချီသော နှစ်များတိုင်အောင် ပေါ်ထွက်လာလေ့ မရှိလှ။

သို့သော် ယနေ့တွင်တော့ ထိုအစွမ်းထက် ကျင့်ကြံသူကြီး တစ်ဦးက သူတို့၏ တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ ဆီသို့ ဆင်းသက်လာပြီး လက်စွမ်းပြသွားခဲ့ပြီ။

ထိုအစွမ်းထက် ကျင့်ကြံသူကြီးသည် ဆင်းသက်လာတော့မည့် ပကတိဟင်းလင်းပြင် အဆင့် အထွတ်အထိပ် ရှိ မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ၏ တာအိုသခင်ကြီး ကို ချေမှုန်းသွားခဲ့ကြောင်း တာအို သခင်ကြီး ရှစ်ဝမ် နှင့် အခြားသူများ သိလိုက်ရသောအခါ သူတို့၏ မျက်နှာထားများ ထပ်မံ ပြောင်းလဲသွားပြန်သည်။

သူတို့သည် အထိတ်တလန့် နှင့် ကြောက်ရွံ့မှုများ ရောယှက်နေသော မျက်လုံးများဖြင့် ရွှေဝိညာဉ် မိစ္ဆာ အရှင်သခင် နှင့် တာအို သခင်ကြီး ကျိုလင် တို့ထံ အကြည့်ပို့လွှတ်လိုက်ကြ၏။

သူတို့၏ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထလာပြီး ကျောရိုးထဲမှ စိမ့်တက်သွားတော့သည်။

တာအို သခင်ကြီး ရှစ်ဝမ်မှာ တံတွေး အကြိမ်ကြိမ် မျိုချလိုက်ပြီး တုန်ရီနေသော အသံဖြင့် ရွှေဝိညာဉ် မိစ္ဆာ အရှင်သခင် ကို မေးလိုက်သည်။

“တာအိုမိတ်ဆွေ ရွှေဝိညာဉ်... လက်စွမ်းပြသွားတဲ့ စီနီယာက...”

ယွီလုံ နန်းတော် မှ တာအို သခင်ကြီး မော့လုံ ၊ လီဟော် နန်းတော် မှ တာအို သခင်ကြီး ထျန်းဟော့ နှင့် အခြားသူများသည်လည်း ထိတ်လန့်ခြင်း၊ မသက်မသာ ဖြစ်ခြင်းများ ပြည့်နှက်နေသော အမူအရာများဖြင့် ရွှေဝိညာဉ် မိစ္ဆာ အရှင်သခင် ကို စူးစူးရဲရဲ စိုက်ကြည့်နေကြ၏။

'မြေကမ္ဘာအင်မော်တယ်စံအိမ် မှာ... ပကတိဟင်းလင်းပြင် အဆင့် တာအို သခင်ကြီး တွေကို ကျော်လွန်တဲ့ အစွမ်းထက်တဲ့သူ တစ်ယောက် တကယ်ပဲ ရှိနေတာလား...'

သို့သော် ရွှေဝိညာဉ် မိစ္ဆာ အရှင်သခင် က မျက်မှောင်ကြုတ်လျက် ခေါင်းခါပြလိုက်သည်။

“ဒါက ငါတို့ မြေကမ္ဘာအင်မော်တယ်စံအိမ် နဲ့ ဘာမှ မသက်ဆိုင်ပါဘူး...”

အခြားသူများအားလုံး တိတ်ဆိတ်သွားကြသည်။

ဆင်းသက်လာသူက ပကတိဟင်းလင်းပြင် အဆင့် အထွတ်အထိပ်သို့ ရောက်နေသော မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် မှ တာအိုသခင်ကြီး ပင်။

သူက မြေကမ္ဘာအင်မော်တယ်စံအိမ် ကို နှိမ်နင်းရန် ဤနေရာသို့ လာခဲ့ခြင်းသာ။

သို့သော် သူ ရောက်လာသည်နှင့် တစ်ပြိုင်နက် ပကတိဟင်းလင်းပြင် အဆင့် ကို ကျော်လွန်သော အစွမ်းထက် ကျင့်ကြံသူကြီး တစ်ဦး၏ ချေမှုန်းခံလိုက်ရသည်။

ဤကိစ္စသည် မြေကမ္ဘာအင်မော်တယ်စံအိမ် နှင့် မသက်ဆိုင်ဟု ဆိုလျှင် မည်သူက ယုံကြည်မည်နည်း။

သို့သော် မြေကမ္ဘာအင်မော်တယ်စံအိမ် နှင့် တကယ် သက်ဆိုင်သည်ဟု ဝန်ခံရမည် ဆိုလျှင်လည်း ၎င်းက ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင် စိတ်ကူးယဉ်ဆန်လွန်းနေ၏။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် တာအို သခင်ကြီး ရှစ်ဝမ် စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိသည်။

'တိုက်ဆိုင်သွားတာများလား...'

သို့သော် ဒုတိယအကြိမ် ပြန်တွေးကြည့်သောအခါ တစ်ချိန်က မြေကမ္ဘာအင်မော်တယ်စံအိမ် ကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ဖူးသော တာ့ယန် အင်မော်တယ် မင်းဆက် ကို သူ သွားသတိရလိုက်မိ၏။

တာအို သခင်ကြီး ရှစ်ဝမ် ၏ မျက်လုံးအိမ်များ ရုတ်တရက် ကျုံ့ဝင်သွားတော့သည်။

မကြာသေးမီကပင် အကြောင်းအရင်း ရေရေရာရာ မရှိဘဲ တာ့ယန် အင်မော်တယ် မင်းဆက် သည် မိစ္ဆာ မျိုးနွယ်စု ၏ ထိပ်တန်း ရက်စက်ကြမ်းကြုတ်သူ ရှန်းဝူ မျိုးနွယ်စု ၏ ဝင်ရောက် စီးနင်းခံလိုက်ရကာ တာ့ယန် အင်မော်တယ် မြို့တော်ကြီး ပျက်စီးသွားပြီး ကြီးကြီးမားမား ဆုံးရှုံးသွားရသည်။

မြေကမ္ဘာအင်မော်တယ်စံအိမ် ကို တိုက်ခိုက်ရန် လှုပ်ရှားခဲ့သော ထိပ်တန်း အင်အားစု နှစ်ခုစလုံးသည် နောက်ဆက်တွဲ အနေဖြင့် အလွန် ကံဆိုးသော အဖြစ်အပျက်များနှင့် ကြုံတွေ့သွားခဲ့ရ၏။

'ဒါက...'

ထိုစဉ် တာအို သခင်ကြီး ကျိုလင် က ဝင်ပြောလိုက်သည်။

“တကယ်လို့ မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ကသာ တကယ့် ကပ်ဘေးနဲ့ ကြုံသွားရပြီ ဆိုရင် တာ့ချန် ထဲမှာ ရှိနေတဲ့ သူတို့ရဲ့ ထိပ်တန်း အင်အားတွေ ဆက်ရှိနေနိုင်တော့မှာ မဟုတ်ဘူး...”

သူမ၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ဆက်ပြောလိုက်၏။

“အခုက ငါတို့ တန်ပြန် တိုက်ခိုက်ဖို့ အကောင်းဆုံး အချိန်ပဲ...”

ထိုစကားကို ကြားလိုက်ရသောအခါ ရွှေဝိညာဉ် မိစ္ဆာ အရှင်သခင် ၊ တာအို သခင်ကြီး ရှစ်ဝမ် ၊ တာအို သခင်ကြီး မော့လုံ နှင့် အခြားသူများ အားလုံး အားတက်သွားကြသည်။

ရွှေဝိညာဉ် မိစ္ဆာ အရှင်သခင် က ချက်ချင်းပင် မေးလိုက်၏။

“တာအို မိတ်ဆွေတို့... ငါနဲ့အတူ ချန်းဟုန် အင်မော်တယ် မြို့တော် ဆီကို လိုက်ခဲ့ဖို့ ဆန္ဒရှိကြရဲ့လား...”

“သဘောတူပါတယ်...”

“ကောင်းပါပြီ...”

“အတူတူ သွားကြတာပေါ့...”

“ဝေါ...”

ချက်ချင်းပင် ရွှေဝိညာဉ် မိစ္ဆာ အရှင်သခင် ၊ တာအို သခင်ကြီး ရှစ်ဝမ် နှင့် ပကတိဟင်းလင်းပြင် အဆင့် တာအို သခင်ကြီး (၁၀) ဦးကျော်တို့ အတူတကွ ထွက်ခွာသွားကြပြီး ဟင်းလင်းပြင် ထဲသို့ ဝင်ရောက်ကာ ချန်းဟုန် အင်မော်တယ် မြို့တော်အတွင်း ပျောက်ကွယ်

သွားကြတော့သည်။

သူတို့.. ချန်းဟုန် အင်မော်တယ် မြို့တော် သို့ ဆင်းသက်လာချိန်တွင် မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် မှ တပ်မတော်သား (၁၀၀,၀၀၀) နီးပါး ထိုနေရာ၌ စုရုံးနေကြပြီ ဖြစ်၏။

ကျန်ရစ်နေသော တာအို သခင်ကြီး (၄) ဦးက ဤနေရာတွင် ကွပ်ကဲနေကြသည်။

တာအို သခင်ကြီး (၄) ဦးနှင့် တပ်သား (၁၀၀,၀၀၀) ရှိနေသော်ငြား ရွှေဝိညာဉ် မိစ္ဆာ အရှင်သခင် နှင့် အခြားသူများက စတင် တိုက်ခိုက်လိုက်သည်နှင့် မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ၏ တာအို သခင်ကြီး လေးဦးမှာ ချက်ချင်းပင် ထိတ်လန့်တကြား ထွက်ပြေးကြလေတော့သည်။

“ပြေး...”

“လူတွေကို ခေါ်ပြီး တာ့ချန် ကနေ ထွက်သွား... မဟုတ်ဘူး... ချန်ကျိုး နယ်မြေ ကနေပါ ထွက်သွား...”

“လေ့ချန်ထျန်း ကျဆုံးသွားပြီ... ပကတိဟင်းလင်းပြင် အဆင့် ကို ကျော်လွန်တဲ့ အစွမ်းထက် ကျင့်ကြံသူကြီး တစ်ယောက် ဝင်ပါသွားပြီ...”

“မြန်မြန် ပြေးကြ...”

အစောပိုင်းက သူတို့ ခံစားမိခဲ့သော ထိတ်လန့်ဖွယ်ရာ အရှိန်အဝါ၏ သဘောသဘာဝ အမှန်ကို ဖော်ပြထားသော လေကျန်း ၏ သတင်းစကားကို ရရှိလိုက်သောအခါ တာအို သခင်ကြီး လေးဦးစလုံး ကြောက်ရွံ့ တုန်လှုပ်သွားကြသည်။

မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ၏ ဘိုးဘေး တစ်ဦး လေ့ချန်ထျန်း သည် မြေကမ္ဘာအင်မော်တယ်စံအိမ် နယ်မြေ အတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် အစွမ်းထက် ကျင့်ကြံသူကြီး တစ်ဦး၏ ဇီဝိန်ခြွေခံလိုက်ရကြောင်း သူတို့ သိလိုက်ရ၏။

သူတို့ ဤနေရာတွင် ဆက်နေရဲပါဦးမည်လား။

ထွက်ပြေးရုံသာ။

“ဝုန်း…”

ရွှေဝိညာဉ် မိစ္ဆာ အရှင်သခင် နှင့် အခြားသူများ စတင် တိုက်ခိုက်လိုက်သည်။ သူတို့သည် မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ၏ တပ်ဖွဲ့ငယ် တစ်ခုကို ကမန်းကတန်း ခေါ်ဆောင်ကာ ထွက်ပြေးသွားကြ၏။ ကျန်ရစ်သော တပ်သား (၆၀,၀၀၀) အောက်ကိုသာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးရန် ထားရစ်ခဲ့ကြတော့သည်။

ရွှေဝိညာဉ် မိစ္ဆာ အရှင်သခင် နှင့် အခြားသူများ၏ ဖိနှိပ်မှု အောက်တွင် မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် မှ ကျင့်ကြံသူ (၄၀,၀၀၀) နီးပါးမှာ ဒူးထောက် လက်နက်ချရန် ရွေးချယ်လိုက်ကြသည်။

ဤသို့ဖြင့် တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ ဆီသို့ ဆင်းသက်လာခဲ့သော မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ၏ အင်အားစုများ အားလုံး ရှင်းလင်း ခံလိုက်ရလေပြီ။

အချိန်များ ဖြည်းညင်းစွာ ကုန်ဆုံးသွား၏။

မြေကမ္ဘာအင်မော်တယ်စံအိမ် သည် မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ၏ စစ်ရေးအင်အားကို နှိမ်နင်းလိုက်ပြီးနောက် မြို့တော်များကို တစ်မြို့ပြီးတစ်မြို့၊ အရင်းအမြစ် နယ်မြေများကို ပြန်လည် သိမ်းပိုက်လိုက်သည်။ ကျန်ရစ်နေသော အင်အားစု အမျိုးမျိုးကိုပါ စုပ်ယူလျက် ၎င်း၏ ပြင်ပ စံအိမ်များကို ပြန်လည် တည်ဆောက်ပြီး ကိုယ်ပိုင် အာဏာနှင့် ခွန်အားများကို ပြန်လည် ရယူလိုက်၏။

ဤလုပ်ငန်းစဉ် အတွင်း ယွီလုံ နန်းတော် နှင့် လီဟော့ နန်းတော် ကဲ့သို့သော အင်အားစုများသည် သတိကြီးစွာ ထားကြပြီး မတော်တဆ လှုပ်ရှားမှုမျိုး လုံးဝ မလုပ်ရဲကြဘဲ မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ အရင်းအမြစ် နယ်မြေများနှင့် အင်မော်တယ် မြို့တော်များကို ကျူးကျော်ရန် မဝံ့မရဲ ဖြစ်နေကြ၏။

ယခု လက်ရှိ မြေကမ္ဘာအင်မော်တယ်စံအိမ် ပိုင်ဆိုင်ထားသော အင်အားနှင့် ဆိုလျှင် တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ ၏ အချုပ်အခြာအာဏာပိုင် အင်မော်တယ် ဂိုဏ်းကြီး အဖြစ် အပြည့်အဝ ထိုက်တန်နေပေပြီ။

ဤကဲ့သို့သော အချိန်မျိုးတွင် မည်သူက မြေကမ္ဘာအင်မော်တယ်စံအိမ် ကို အခွင့်ကောင်းယူရဲမည်နည်း။

အခြားတစ်ဖက်တွင် တာ့ယန် အင်မော်တယ် မင်းဆက် ၏ ကျန်ရစ်သော စစ်တပ် အင်အားစုများက အစောကြီးကတည်းက နောက်ဆုတ်သွားခဲ့ကြသည်။

ကံကောင်းစွာဖြင့် သူတို့ အမြန် ထွက်ပြေးနိုင်ခဲ့ကြ၏။

တာ့ယန် အင်မော်တယ် မင်းဆက် ဆီသို့ မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ၏ အင်အားစုများ ချေမှုန်းခံရပြီး မြေကမ္ဘာအင်မော်တယ်စံအိမ် က ဆုံးရှုံးသွားသော နယ်မြေ အားလုံးကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည့် သတင်း ရောက်ရှိသွားသောအခါ တာအို သခင်ကြီး များစွာ၊ ဝိညာဉ်ခွဲထွက် အဆင့် မှူးမတ်များ နှင့် စစ်သူကြီးများ အားလုံး မျက်နှာများ ဖြူဖျော့သွားကြတော့သည်။

လွန်ခဲ့သော အချိန်အတန်ကြာက ရှန်းဝူ မျိုးနွယ်စု ၏ တိုက်ခိုက်မှုကြောင့် သူတို့၏ အင်မော်တယ် မြို့တော်ကြီး ဖျက်ဆီးခံခဲ့ရပြီး ကြီးမားသော ဆုံးရှုံးမှုများ ခံစားခဲ့ရသည်။

ဆုံးရှုံးမှု အများစုမှာ မျိုးနွယ်စုဝင်များ၊ အရင်းအမြစ်များ၊ ရတနာတိုက်များ နှင့် အခြားအရာများ ဖြစ်၏။

တာအို သခင်ကြီး များ နှင့် ဝိညာဉ်ခွဲထွက် အဆင့် ရှိသူများ ကဲ့သို့သော အမှန်တကယ် ထိပ်တန်း တိုက်ခိုက်ရေး အင်အားစုများမှာ မြို့တော် ကျဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဘေးကင်းရာသို့ ထွက်ပြေးသွားခဲ့ကြသည်။

ရှန်းဝူ မျိုးနွယ်စု ဆုတ်ခွာသွားပြီးမှသာ ဤနေရာသို့ ပြန်လည် ခြေချကြလေ၏။

ယခုအခါ သူတို့သည် အင်မော်တယ် မြို့တော် ကို ပြန်လည် တည်ဆောက်နေဆဲပင်။

သို့သော် မြို့တော်ကို ပြန်လည် မတည်ဆောက်နိုင်မီမှာပင် တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ ၌ မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ရှုံးနိမ့်သွားကြောင်း သတင်းကို ကြားလိုက်ရသည်။

ဤသတင်းက တာ့ယန် အင်မော်တယ် မင်းဆက် တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့၏။

သတင်းအချက်အလက် တစ်ခုပြီးတစ်ခု စုဆောင်းရရှိလာသောအခါ တာ့ယန် အင်မော်တယ် အရှင်သခင်သည် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် အံ့အားသင့်မှု၊ လေးနက်မှု နှင့် ဖော်ပြ၍ မရနိုင်သော ကြောက်ရွံ့ တုန်လှုပ်မှုများ ပေါ်လွင်နေတော့သည်။

“မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် က လေ့ချန်ထျန်း ဆင်းသက်လာခဲ့ပေမယ့် မြေကမ္ဘာအင်မော်တယ်စံအိမ် ထဲကို ခြေချလိုက်တာနဲ့ တစ်ပြိုင်နက် ပကတိဟင်းလင်းပြင် အဆင့် ကို ကျော်လွန်တဲ့ အစွမ်းထက် ကျင့်ကြံသူကြီး တစ်ယောက်ရဲ့ ဇီဝိန်ခြွေခံလိုက်ရတယ် ဟုတ်လား...”

အသတ်ခံလိုက်ရသည်။

လေ့ချန်ထျန်းက ပကတိဟင်းလင်းပြင် အဆင့် အထွတ်အထိပ်သို့ ရောက်နေသော တာအိုသခင်ကြီး တစ်ပါးပင်။

တာ့ယန် အင်မော်တယ် အရှင်သခင် မည်သို့များ မထိတ်လန့်ဘဲ နေနိုင်မည်နည်း။

တာ့ယန် အင်မော်တယ် မင်းဆက် တစ်ခုလုံး မည်သို့များ မကြောက်ရွံ့ဘဲ နေနိုင်မည်နည်း။

ရှန်းဝူ မျိုးနွယ်စု ထွက်သွားခဲ့ပြီ။

ပကတိဟင်းလင်းပြင် အဆင့် ကို ကျော်လွန်သော နောက်ထပ် အစွမ်းထက် ကျင့်ကြံသူကြီး တစ်ဦးသာ ထပ်ရောက်လာမည် ဆိုလျှင်ကော။

ထို မြေကမ္ဘာအင်မော်တယ်စံအိမ်... ၎င်း၏ အင်အားက လျှို့ဝှက်ဆန်းကြယ်လွန်းပြီး ခန့်မှန်း၍ပင် မရနိုင်ပါတကား။

“ငါတို့ မြေကမ္ဘာအင်မော်တယ်စံအိမ် နဲ့ ဆက်ပြီး ရန်သူ မဖြစ်နိုင်တော့ဘူး...”

တာ့ယန် အင်မော်တယ် အရှင်သခင် ငြိမ်ငြိမ် မထိုင်နိုင်တော့ဘဲ အင်မော်တယ် မြို့တော် ကို ပြန်လည် တည်ဆောက်ရေး ကိစ္စကိုပင် ဘေးဖယ်ထားကာ သူကိုယ်တိုင် ခရီးထွက်ရန် ပြင်ဆင်လိုက်တော့သည်။

သူ ကြောက်ရွံ့နေသည်။ ထို မသိရသော အစွမ်းထက် ကျင့်ကြံသူကြီး တာ့ယန် အင်မော်တယ် မင်းဆက် ဆီသို့ ဆင်းသက်လာမည်ကို အလွန် ကြောက်ရွံ့နေမိ၏။

*

အခြားတစ်ဖက်တွင် ချန်ကု အင်မော်တယ် မြို့တော် ၌ အချိန်များ တစ်စတစ်စ ကုန်လွန်သွားခဲ့သည်။

မြေကမ္ဘာအင်မော်တယ်စံအိမ် မှ မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် အကြောင်း ထိုနေရာသို့ သတင်းများ ပြန့်လာသောအခါ ချန်ကု အင်မော်တယ် မြို့တော် တစ်ခုလုံး ပွက်လောညံသွားပြီး ထို မသိရသော အစွမ်းထက် ကျင့်ကြံသူကြီး ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို လူအများအပြား စိတ်အားထက်သန်စွာ ထင်ကြေးပေးနေကြ၏။

ယင်း မိသားစု အတွင်း၌... လေ့ချန်ထျန်း သည် မြေကမ္ဘာအင်မော်တယ်စံအိမ် နယ်မြေ သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် အစွမ်းထက် ကျင့်ကြံသူကြီး၏ သတ်ဖြတ်ခံလိုက်ရကြောင်း သတင်းကို ယင်းချန်ထုံ ကြားလိုက်ရသောအခါ သူ အလွန် ကြောက်လန့်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

သူသည် အံ့အားသင့် ထိတ်လန့်မှုကြောင့် ထုံအသွားပြီး ရေရွတ်လိုက်မိသည်။

“လေ့ချန်ထျန်း... သေသွားပြီလား...”

All Chapters