← Chapters

အခန်း ၄၀၃

Vol. 41 Ch. 403

အခန်း ၄၀၃

Vol. 41 Ch. 403

အခန်း (၄၀၃) မင်းတို့ ရဲရဲ့လား…

လုံယုက ပြုံးလိုက်ပြီး ယောင်ရန်၏ လက်ကို ဆုပ်ကိုင်ကာ ပြန်ဖြေလိုက်လေသည်။

“ဒါပေါ့…”

သူတို့နှစ်ဦးသည် မျက်နှာတွင် အပြုံးကိုယ်စီဖြင့် လက်တွဲကာ အမှာစာများ ပြင်ဆင်ရန် နောက်ဖေးခြံထဲ သို့ ထွက်လာခဲ့ကြပေသည်။ ရှီရွှမ်း ပြန်ရောက်လာသောအခါ သူလည်း ရိက္ခာများကို ရေတွက်ခြင်းနှင့် ထုပ်ပိုးခြင်းများတွင် ပါဝင်ကူညီခဲ့လေသည်။

တစ်နာရီခန့်အကြာတွင် ယွမ်ရိဟွေးသည် နေရာလွတ်စွမ်းအားရှင် သုံးဦးနှင့်အတူ ပြန်ရောက်လာခဲ့ လေသည်။

လူသစ်များသည် နောက်ဖေးခြံထဲသို့ ရောက်ရှိလာသောအခါ သူတို့ရှေ့ရှိ တောင်လိုပုံနေသည့် ရိက္ခာ များကို မြင်ပြီး ကြောင်အမ်းသွားကြလေသည်။ အဖွဲ့ထဲသို့ ဝင်ရောက်လာသည်မှာ ရက်အနည်းငယ်သာ ရှိသေးသဖြင့် ဤမြင်ကွင်းက သူတို့ကို စကားမပြောနိုင်အောင် မှင်တက်စေခဲ့ပေသည်။

သူတို့၏ အံ့အားသင့်နေမှုကို သတိပြုမိသဖြင့် ယောင်ရန်က ယွမ်ရိဟွေးကို လေသံတိုးတိုးဖြင့် မေးလိုက် လေသည်။

“အစ်အစ်ကိုယွမ်... သူတို့ကို ယုံကြည်လို့ရပါ့မလား…”

“စိတ်မပူပါနဲ့ မစ္စယောင်ရန်…”

ယွမ်ရိဟွေးက အာမခံလိုက်လေသည်။

“ကျွန်တော် သူတို့ကို လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ကယ်ခဲ့တာပါ… ကျွန်တော် သူတို့ကို ရှာတွေ့တဲ့အချိန်မှာ အဓိကရုဏ်းလုပ်တဲ့သူတွေရဲ့ သတ်ဖြတ်စားသောက်တာကို ခံရတော့မယ့်ဆဲဆဲ ဖြစ်နေခဲ့တာလေ… သူတို့က ကျေးဇူးဆပ်ဖို့တင် မဟုတ်ဘဲ သူတို့ရဲ့ မိသားစုတွေအတွက် အစားအသောက်နဲ့ ဘေးကင်းတဲ့ ခိုလှုံရာ လိုအပ်နေလို့ ကျွန်တော်တို့ဆီ ဝင်လာခဲ့ကြတာပါ…”

သူက ခေတ္တရပ်ကာ ရှင်းပြလိုက်လေသည်။

“သူတို့က နေရာလွတ်စွမ်းအားရှင်တွေ ဖြစ်တာကြောင့် ကျွန်တော်တို့အဖွဲ့ထဲ ဝင်ဖို့ စည်းရုံးလိုက်တာ… သူတို့အကူအညီနဲ့ဆိုရင် ရိက္ခာတွေ သယ်ယူရတာ ပိုပြီး လွယ်ကူဘေးကင်းသွားလိမ့်မယ်…”

“အခုလောလောဆယ် သူတို့ရဲ့ နေရာလွတ်တွေက သေးငယ်နေသေးပေမယ့် အခြေစိုက်စခန်းက စွမ်းအားမြှင့်တင်ပေးနိုင်တဲ့ ဆေးရည်တစ်မျိုးကို ဖော်စပ်ထားတယ်လို့ ကောလာဟလတွေ ကြားနေရ တယ်… ကျွန်တော်တို့ဆီမှာ အခြေစိုက်စခန်းသုံး ဒင်္ဂါးပြားတွေ လုံလုံလောက်လောက် ရှိလာပြီဆိုရင် အဖွဲ့ဝင်တွေအတွက် ဒီဆေးရည်ကို ဝယ်ပေးလို့ရပြီ… အဲဒီအချိန်ကျရင် ကျွန်တော်တို့က ဒီစခန်းမှာ အင်အားအကြီးဆုံးအဖွဲ့ ဖြစ်လာလိမ့်မယ်…”

စွမ်းအားမြှင့်တင်ပေးနိုင်သော ဆေးရည်သတင်းကြောင့် ယောင်ရန် အံ့အားသင့်သွားခဲ့ပေသည်။ သူမ၏ အရင်ဘဝတွင် ထိုကဲ့သို့သော ဆေးရည်မျိုး မရှိခဲ့ဖူးပေ။

ထိုနေရာတွင် အလုပ်လုပ်နေသော နေရာလွတ်စွမ်းအားရှင် သုံးဦးကို ကြည့်ရင်း ယောင်ရန် ခေတ္တမျှ စဉ်းစားလိုက်လေသည်။ သူတို့တစ်ဦးစီတွင် ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ ပုံပျက်နေသည်ကို တွေ့လိုက် ရသောကြောင့်ဖြစ်ပေသည်။ ထို့နောက် သူမက မေးလိုက်လေသည်။

“အစ်အစ်ကိုယွမ်... တကယ်လို့ ကျွန်မတို့က ခန္ဓာကိုယ်ပုံပျက်တာတွေကို ကုသပေးနိုင်တဲ့ဆေးနဲ့ စွမ်း အားမြှင့်ဆေးတွေကို ထုတ်လုပ်နိုင်မယ်ဆိုရင် အခြေစိုက်စခန်းတစ်ခု တည်ထောင်နိုင်မယ်လို့ ထင်လား…”

ယွမ်ရိဟွေးက သူမ၏ မေးခွန်းကြောင့် တဟားဟား ရယ်မောလိုက်ပြီး သက်ပြင်းချကာ ပြောလိုက် လေသည်။

“အဲဒီလို ဆေးမျိုးတွေသာ ရှိမယ်ဆိုရင် စခန်းတစ်ခု တည်ထောင်ဖို့တင် မဟုတ်ဘူး... ကမ္ဘာကြီးကို တောင် အုပ်စိုးလို့ ရတယ်…”

“ကံမကောင်းတာက ဒီဆေးတွေကို ရဖို့က မလွယ်ဘူး… ထုတ်လုပ်နိုင်တာကလည်း အကန့်အသတ်နဲ့ပဲ… နောက်နှစ်ပတ်နေရင် ဒီစခန်းမှာ ကျင်းပမယ့် လေလံပွဲမှာ နောက်ခံအင်အား တောင့်တင်းပြီး ထင်ရှား ကျော်ကြားတဲ့သူတွေပဲ ဒီဆေးကို ဝယ်ခွင့်ရလိမ့်မယ်လို့ ကျွန်တော် ကြားထားတယ်…”

ထိုသို့ပြောပြီးနောက် သူသည် ရုတ်တရက် ရပ်တန့်သွားကာ ယောင်ရန်ဘက်သို့ လှည့်ကြည့်ပြီး စူးစမ်း လိုစိတ်ဖြင့် မေးလိုက်လေသည်။

“မစ္စယောင်ရန်... မဟုတ်မှလွဲရော မစ္စယောင်ရန့်ဆီမှာ အဲဒီဆေးတွေ ထပ်ရှိနေတာလား… အရင်က တော့ ခန္ဓာကိုယ်ပုံပျက်တာကို ကုတဲ့ဆေးက အကန့်အသတ်နဲ့ပဲ ရှိတယ်လို့ ပြောခဲ့တာ မဟုတ်လား…”

ယောင်ရန်က တည်ငြိမ်စွာ ပြုံးပြပြီး ပြန်ဖြေလိုက်လေသည်။

“အဲဒီအချိန်တုန်းက ကျွန်မတို့က အဖွဲ့ဝင်တွေ မဟုတ်သေးဘူးလေ… ဒါကြောင့် ကျွန်မ သတိထားခဲ့ရတာ ပါ... အခုတော့ ကျွန်မတို့က အဖွဲ့ဝင်တွေ ဖြစ်နေပြီဆိုတော့ အစ်အစ်ကိုယွမ်ကို ကျွန်မ ဖုံးကွယ်မထားတော့ပါ ဘူး… အဲဒီကုသဆေးတွေ ကျွန်မဆီမှာ အများကြီး ကျန်ပါသေးတယ်…”

“...”

ထိုစကားကို ကြားလိုက်ရသောအခါ ယွမ်ရိဟွေးမှာ ဆွံ့အသွားတော့သည်။

သူက ထိုဆေးများကို အသုံးချရန် အကြံထုတ်နေစဉ်မှာပင် ယောင်ရန်သည် သူမ၏ နေရာလွတ်ထဲမှ ကြည်လင်သော ရေအိုင်ထဲမှရေများ ထည့်ထားသည့် ဖန်ပုလင်းငယ် သုံးပုလင်းကို ထုတ်ယူလိုက်လေ သည်။

နေရာလွတ်စွမ်းအားရှင် သုံးဦးသည် ရိက္ခာများအားလုံးကို သိမ်းဆည်းပြီးသည်အထိ သူမက စောင့်ဆိုင်း နေလိုက်ပေသည်။ ထို့နောက် သူတို့အား ခေါ်လိုက်လေသည်။

“မင်းတို့ ဒီကို ခဏလောက် လာခဲ့ပါဦး…”

ရိက္ခာများ လာမယူမီမှာပင် ယွမ်ရိဟွေးသည် ယောင်ရန်၏ အခြေအနေကို သူတို့အား ပြောပြထားပြီး သား ဖြစ်ပေသည်။ သူမ၏ ခေါ်သံကို ကြားသောအခါ သုံးယောက်စလုံး အပြေးအလွှား ရောက်လာ ခဲ့ကြပေသည်။

သူမရှေ့တွင် ရပ်လိုက်သောအခါ သူတို့သည် ရိုရိုသေသေဖြင့် မျက်လွှာချကာ မေးလိုက်ကြလေသည်။

“ဘာများ ညွှန်ကြားစရာ ရှိလို့ပါလဲ မစ္စယောင်ရန်…”

ယောင်ရန်သည် ဖန်ပုလင်းငယ် သုံးပုလင်းကို ကမ်းပေးလိုက်ပြီး မေးလိုက်လေသည်။

“ဒါက ခန္ဓာကိုယ်ပုံပျက်တာကို ကုသပေးနိုင်တဲ့ဆေးပဲ… မင်းတို့ ဒါကို သောက်ရဲရဲ့လား….”

ခန္ဓာကိုယ်ပုံပျက်ခြင်းကို ကုသပေးနိုင်သော ဆေးရည်နှင့် ပတ်သက်သည့် ကောလာဟလများသည် စခန်းတစ်ခုလုံးတွင်သာမက အခြားစခန်းများသို့ပင် ပျံ့နှံ့နေပြီးဖြစ်ပေသည်။ သို့သော်လည်း ဒုတိယ တပ်မတော်မှ စစ်သည်များ နောက်ဆုံးအကြိမ် ကုသခံရပြီးကတည်းက မည်သူမျှ ထိုဆေးကို ထပ်မံ မြင်ဖူးခြင်းမရှိသဖြင့် ဒဏ္ဍာရီတစ်ခုလို ဖြစ်နေခဲ့ပေသည်။

ဖန်ပုလင်းငယ် သုံးပုလင်းကို ကြည့်ရင်း နေရာလွတ်စွမ်းအားရှင် သုံးဦးသည် တွန့်ဆုတ်မှု၊ စူးစမ်းလို စိတ်နှင့် မျှော်လင့်ချက်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် အချင်းချင်း ကြည့်လိုက်ကြလေသည်။

သူတို့၏ ခံစားချက်ကို သတိပြုမိသဖြင့် ယောင်ရန်က တည်ငြိမ်စွာပင် ပြောလိုက်လေ သည်။

“မသောက်ချင်ရင်လည်း ကျွန်မ အတင်းမတိုက်ပါဘူး… ဒါပေမဲ့ ဒါက ကျွန်မ ရှင်တို့ကို အလကားပေး မယ့် နောက်ဆုံးအကြိမ်ပဲ… နောင်ကျလို့ လိုချင်တယ်ဆိုရင်တော့ အစ်အစ်ကိုယွမ်ဆီကနေ ပြန်ဝယ်ရလိမ့် မယ်….”

ထိုစကားကို ကြားသောအခါ သူတို့ ခဏမျှသာ တွန့်ဆုတ်နေပြီးနောက် တစ်ယောက်တစ်ပုလင်းစီ ယူ လိုက်ကြလေသည်။ အတွင်းရှိ ကြည်လင်သော အရည်ကို ကြည့်ရင်း သူတို့ အံ့အားသင့်သွားမိကြလေ သည်။ အေးစိမ့်လှသော အခြေအနေမျိုးတွင်ပင် ထိုရေမှာ ခဲမသွားဘဲ အရည်အတိုင်း ရှိနေခြင်းက မယုံနိုင်စရာပင် ကောင်းလှပေသည်။

ဤဆေးရည်၏ အစွမ်းထက်ပုံ ကောလာဟလများကို တွေးမိသောအခါ နောင်တွင် ဝယ်ရမည်ဆိုပါက ကြီးမားသော ဈေးနှုန်းကို ပေးရနိုင်ကြောင်း သို့မဟုတ် အသက်နှင့်ပင် လဲရနိုင်ကြောင်း သူတို့ နားလည် လိုက်ကြလေသည်။ သူတို့၏ အထက်လူကြီးက ပေးထားသည်ဖြစ်ရာ ၎င်းမှာ အမှန်တကယ် ဆေးရည် ဟုတ်မဟုတ်ကို ဂရုမစိုက်တော့ဘဲ သောက်ရန် ဆုံးဖြတ်လိုက်ကြလေတော့သည်။

ဆုံးဖြတ်ချက် ချပြီးနောက် နေရာလွတ်စွမ်းအားရှင် သုံးဦးသည် ဖန်ပုလင်းငယ်များကို ဖွင့်ကာ ရေအိုင်မှ ရေကို သောက်ချလိုက်ကြလေတော့သည်။

ကြည်လင်သော အရည်ကို သောက်ချလိုက်ပြီးနောက် သူတို့ထဲမှ တစ်ယောက်က မှတ်ချက်ပေးလိုက် လေသည်။

“ဒီဆေးက ဘာအရသာမှ မရှိဘူးပဲ….”

ကျန်နှစ်ယောက်ကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြကြလေသည်။

ယောင်ရန်၏ ဘေးတွင် ရပ်နေသော ယွမ်ရိဟွေးက သူတို့ကို အသေအချာ စောင့်ကြည့်နေသည်။ ထူးခြား သော နာကျင်မှု လက္ခဏာမျိုး မတွေ့ရသဖြင့် သူက မေးလိုက်လေသည်။

“ဘယ်လိုနေလဲ… ဆေးသောက်ပြီးနောက် ဘာထူးခြားမှု ခံစားရလဲ…”

နေရာလွတ်စွမ်းအားရှင် သုံးဦးက ခေါင်းခါပြလိုက်ကြသည်။ ထိုသို့ လုပ်လိုက်စဉ်မှာပင် သူတို့ထဲမှ တစ် ယောက်မှာ ရုတ်တရက် ဒူးထောက်ကျသွားပြီး နာကျင်စွာ ညည်းညူလေတော့သည်။

“အား...”

ထိတ်လန့်သွားသော ယွမ်ရိဟွေးနှင့် ကျန်နှစ်ယောက်မှာ သူ့ကို စစ်ဆေးရန် အလျင်အမြန် အနားသို့ တိုးသွားခဲ့ကြလေသည်။

“ဘာဖြစ်တာလဲ…. အဆင်ပြေရဲ့လား…”

ယွမ်ရိဟွေးက စိုးရိမ်တကြီး မေးလိုက်လေသည်။

နေရာလွတ်စွမ်းအားရှင်မှာမူ သူ၏ ပုံပျက်နေသော လက်ကို ဆုပ်ကိုင်ထားပြီး နာကျင်မှုကို အသံတိတ် အောင့်ထားရရှာလေသည်။

ယောင်ရန်ဘက်သို့ လှည့်ကာ ယွမ်ရိဟွေးက စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။

“မစ္စယောင်ရန်... ဒါက ဆေးရဲ့ ဘေးထွက်ဆိုးကျိုးလား…”

သူမ ပြန်မဖြေမီမှာပင် ကျန်ရှိနေသော နေရာလွတ်စွမ်းအားရှင် နှစ်ဦးပါ နာကျင်စွာ ညည်းညူရင်း လဲကျ သွားခဲ့ပြန်လေသည်။ အံ့အားသင့်သွားသော ယွမ်ရိဟွေးမှာ သူတို့အာဒ မည်သို့ ကူညီပေးရမည်မှန်း မသိ ဘဲ ထိုနေရာတွင်ပင် တောင့်တောင့်ကြီး ရပ်နေမိလေတော့သည်။

သူ ဘာလုပ်ရမှန်း မသိဖြစ်နေသည်ကို မြင်သောအခါ ယောင်ရန်က တည်ငြိမ်စွာပင် ပြောလိုက်လေ သည်။

“ဘာလုပ်နေတာလဲ… သူတို့ကို အထဲ ခေါ်သွားဖို့ ကျွန်မကို မြန်မြန်ကူပါဦး…”

သူမ၏ စကားက ယွမ်ရိဟွေးကို သတိပြန်ဝင်လာစေခဲ့ပေသည်။ သူသည် ဆန်ကို ကောက်နေသော ကြက်ကလေးတစ်ကောင်ကဲ့သို့ အဆက်မပြတ် ခေါင်းညိတ်ပြရင်း တုံံ့ပြန်လိုက်လေသည်။

“အေး... အေး... ဟုတ်ကဲ့…”

ယွမ်ရိဟွေးနှင့် ယောင်ရန်တို့သည် နေရာလွတ်စွမ်းအားရှင် သုံးဦးထဲမှ တစ်ဦးကို ဧည့်သည်အိပ်ခန်းထဲသို့ အတူတူ သယ်ဆောင်သွားခဲ့ကြလေသည်။ ထိုအချိန်မှာပင် လုံယုနှင့် ရှီရွှမ်းတို့မှာ လေ့ကျင့်ရေးအခန်းမှ အောက်ထပ်သို့ ဆင်းလာခဲ့ကြလေသည်။

All Chapters