← Chapters

အခန်း ၄၀၄

Vol. 41 Ch. 404

အခန်း ၄၀၄

Vol. 41 Ch. 404

အခန်း (၄၀၄) ငါးက ငါးစာကို ဟပ်လိုက်ပြီ

ယောင်ရန်နှင့် ယွမ်ရိဟွေးတို့သည် သတိမေ့မြောနေသော အမျိုးသားကို ဧည့်သည်အိပ်ခန်းတစ်ခုအတွင်း ရှိ ကုတင်ပေါ်တွင် တင်လိုက်သည်ကို မြင်သောအခါ လုံယုက မေးလိုက်လေသည်။

“သူ ဘာဖြစ်တာလဲ…”

“ကျွန်မ သူ့ကို ခန္ဓာကိုယ်ပုံပျက်တာ ကုတဲ့ဆေး တိုက်လိုက်တာပါ….”

ယောင်ရန်က ရှင်းပြလိုက်လေသည်။

အခြေအနေကို နားလည်သွားသဖြင့် လုံယုက ထပ်မမေးတော့ပေ။

ကျန်ရှိနေသော နှစ်ဦးအတွက် စိုးရိမ်နေသဖြင့် ယွမ်ရိဟွေးက ပြောလိုက်လေသည်။

“ကျန်တဲ့သူတွေကို ကျွန်တော် သွားခေါ်လိုက်ဦးမယ်... မစ္စယောင်ရန်... ဒီတစ်ယောက်ကို ခဏလောက် ကြည့်ပေးထားပါဦး…”

“ရပါတယ်…”

ယောင်ရန်က ပြန်ဖြေလိုက်လေသည်။

အပြင်ဘက်တွင် ကျန်နေသေးသူများရှိကြောင်း သိရသဖြင့် ရှီရွှမ်းက ကမ်းလှမ်းလာလေသည်။

“အစ်အစ်ကိုယွမ်... ကျွန်တော် ကူပေးပါ့မယ်…”

ယွမ်ရိဟွေးက ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်လေသည်။

“ကျေးဇူးပါပဲ…”

ထိုသူနှစ်ဦးသည် ကျန်ရှိနေသော နေရာလွတ်စွမ်းအားရှင် နှစ်ဦးကို သွားသယ်နေစဉ်အတွင်း ယောင်ရန် သည် ကုတင်ပေါ်ရှိ အမျိုးသား၏ ပုံပျက်နေသော လက်မောင်းကို စစ်ဆေးကြည့်လိုက်လေသည်။

ပုံပျက်နေသော အသားစများမှာ တဖြည်းဖြည်း ကွာကျနေပြီး အသားသစ်များ ပြန်လည်ဖြစ်ပေါ်လာကာ အရိုးများလည်း ပြန်လည်တည့်မတ်လာသည်ကို သူမ တွေ့လိုက်ရလေသည်။ အရာအားလုံး အဆင်ပြေ နေသည်ကို စစ်ဆေးပြီးနောက် သူမသည် သူ၏ အင်္ကျီလက်ကို ပြန်ချပေးလိုက်ပြီး သူမ၏ နေရာလွတ် ထဲမှ လျှပ်စစ်အပူပေးစက်တစ်လုံးကို ထုတ်ယူလိုက်လေသည်။

သူမ အပူပေးစက်ကို တပ်ဆင်နေစဉ်မှာပင် ရှီရွှမ်းနှင့် ယွမ်ရိဟွေးတို့သည် ကျန်ရှိနေသော နေရာလွတ် စွမ်းအားရှင် နှစ်ဦးနှင့်အတူ ပြန်ရောက်လာကြလေသည်။ နေရာလွတ်စွမ်းအားရှင် သုံးဦးစလုံးမှာ နာကျင်မှုကို မခံစားနိုင်တော့ဘဲ သတိမေ့မြောနေကြပြီ ဖြစ်လေသည်။

ထိုအမျိုးသားနှစ်ဦးကို ကုတင်ပေါ်တွင် ဘေးချင်းယှဉ်၍ သိပ်ထားပြီးနောက် ယွမ်ရိဟွေးက စိုးရိမ် တကြီးဖြင့် မေးလိုက်လေသည်။

“မစ္စယောင်ရန်... သူတို့ အဆင်ပြေပါ့မလား…”

ယောင်ရန်သည် ကျန်နှစ်ဦးကို စစ်ဆေးပြီးနောက် ပြန်ဖြေလိုက်လေသည်။

“စိတ်မပူပါနဲ့… သူတို့က ပြန်လည်ကောင်းမွန်လာမယ့် အဆင့်ကို ရောက်နေပါပြီ… ပုံပျက်နေတာကို ပြန်ပြင်ရတာက နာကျင်ပေမယ့် ဒါပြီးသွားရင် သူတို့ မကြာခင် ပြန်နိုးလာပါလိမ့်မယ်….”

ထိုစကားကို ကြားလိုက်ရမှ ယွမ်ရိဟွေးမှာ သက်ပြင်းချနိုင်လေတော့သည်။

“တော်သေးတာပေါ့…”

သူ၏ စိုးရိမ်မှုကို ခံစားမိသဖြင့် လုံယုက သူ၏ ပုခုံးကို ပုတ်ပေးရင်း ပြောလိုက်လေသည်။

“သူတို့ နိုးလာတဲ့အထိ ဒီမှာပဲ အနားယူပါစေ… စောင့်နေရင်းနဲ့ ကျွန်တော်တို့နဲ့အတူ ထမင်းစားဖို့ ဖိတ်ခေါ် ပါတယ်…”

“ကောင်းပါပြီ…”

ယွမ်ရိဟွေးက ခဏစဉ်းစားပြီးနောက် သဘောတူလိုက်သည်။

နေရာလွတ်စွမ်းအားရှင် သုံးဦး သတိပြန်လည်လာသည်ကို စောင့်နေစဉ်အတွင်းမှာပင် ဒုတိယ တပ်မတော်၏ တန်းလျားအတွင်း၌ မထင်မှတ်ထားသော အရာတစ်ခု ဖြစ်ပျက်နေခဲ့လေသည်။

တုကျောက်ရီသည် သူ၏ ရုံးခန်းပြတင်းပေါက်နားတွင် ရပ်လျက် ဂြိုဟ်တုဖုန်းမှတစ်ဆင့် ပြောလိုက် လေသည်။

“ငါးက ငါးစာကို ဟပ်လိုက်ပြီ… ဆက်ပြီး ဘာလုပ်စေချင်လဲ…”

“မင်း အခု ရှို့တု မြို့ကို ပြန်လာလို့ရပြီ….”

ကောက်ရှုဝေက စက္ကန့်အနည်းငယ်အကြာတွင် ပြန်ဖြေလာခဲ့လေသည်။

ထိုစကားကို ကြားသောအခါ တုကျောက်ရီက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး မေးလိုက်လေသည်။

“ဒါဆို မင်းရဲ့ ချစ်လှစွာသော ညီမလေးကကော…”

ကောက်ရှုဝေ၏ လေသံမှာ အေးစက်စွာဖြင့် တုန့်ပြန်လာခဲ့လေသည်။

“ဒါ မင်းနဲ့ မဆိုင်တဲ့ ကိစ္စပဲ… သူ့ကို စောင့်ကြည့်ဖို့ တခြားသူတွေကို ငါ လွှတ်လိုက်မယ်… မင်းကတော့ ခိုင်းတဲ့အတိုင်းပဲ လုပ်ပါ…”

သူ၏ ဒေါသကို ခံစားမိသဖြင့် တုကျောက်ရီက တဟားဟား ရယ်မောလိုက်လေသည်။

“အေးပါ... အေးပါ... မင်းကတော့ သူ့အကြောင်း ပြောလိုက်ရင်ကို အမြဲ ဒေါသထွက်နေတော့တာပဲ…”

ထိုနောက်ပြောင်မှုကို လျစ်လျူရှုကာ ကောက်ရှုဝေက အေးစက်စွာ အမိန့်ပေးလိုက်လေသည်။

“ဒီနေ့ပဲ ထွက်လာခဲ့တော့…”

တုကျောက်ရီ တစ်ခုခု ထပ်မပြောမီမှာပင် ဖုန်းမှာ ရုတ်တရက် ကျသွားတော့သည်။ ဂြိုဟ်တုဖုန်းကို ကြည့်ရင်း တုကျောက်ရီက နှုတ်ခမ်းမဲ့ကာ ညည်းညူလိုက်လေသည်။

“တောက်... တကယ့်ကို စိတ်မရှည်တဲ့လူပဲ…”

ဖုန်းကို ပြန်သိမ်းလိုက်ပြီးနောက် သူက အော်ခေါ်လိုက်လေသည်။

“ဘယ်သူရှိလဲ... အထဲဝင်လာခဲ့…”

စက္ကန့်အနည်းငယ်အကြာတွင် စစ်သည်တစ်ဦး အခန်းထဲသို့ ဝင်လာပြီး မေးလိုက်လေသည်။

“ဗိုလ်မှူးကြီးတု... ဘာများ ညွှန်ကြားစရာ ရှိလို့လဲခင်ဗျာ…”

တုကျောက်ရီသည် ကြမ်းပြင်မှ မျက်နှာကျက်အထိ မြင့်မားသော ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက် ကို လှမ်းကြည့်လိုက်လေသည်။ သူ၏ မျက်လုံးများမှာ အောက်ဘက်တွင် ပြန့်ကျဲနေသော မီးရောင်လေး များကို စိုက်ကြည့်နေခဲ့လေသည်။ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေးတစ်ခုဖြင့် သူက ညွှန်ကြား လိုက်လေသည်။

“နောက် (၁၀) မိနစ်အတွင်းမှာ ငါတို့ ဒီစခန်းကနေ ရှို့တုမြို့ကို ထွက်ခွာမယ်…”

ထိုစစ်သည်မှာ တည်ငြိမ်သော အမူအရာဖြင့်ပင် အမိန့်ကို လက်ခံလိုက်လေသည်။

“ဟုတ်ကဲ့... ဗိုလ်မှူးကြီး…”

အမိန့်ကို ဆောင်ရွက်ရန် စစ်သည် ထွက်သွားပြီးနောက် တုကျောက်ရီသည် ဗီလာဧရိယာဘက်သို့ စူးစမ်း လိုသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်လေသည်။

“ဒီတစ်ခါ မဆုံလိုက်ရတာ နှမြောဖို့ကောင်းလိုက်တာ… ကျွန်တော်တို့ ပြန်ဆုံမယ့်နေ့အထိ အသက်ရှင်နေ ပါဦး မစ္စယောင်ရန်…”

ဆယ်မိနစ်အကြာတွင် စစ်ထရပ်ကား (၂၀) ကျော်နှင့် သံချပ်ကာယာဉ်များသည် မှောင်မိုက်မှု၏ အကာ အကွယ်ကို ယူကာ ကျွင်းချန် စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းမှ တိတ်တဆိတ် ထွက်ခွာသွား ကြလေ တော့သည်။

ညနေပိုင်းတွင် နေရာလွတ်စွမ်းအားရှင် သုံးဦးမှာ နောက်ဆုံးတွင် နိုးလာခဲ့လေသည်။ သူတို့ ပထမဆုံး တောင်းဆိုသည့်အရာမှာ ရေဖြစ်ပေသည်။

ယွမ်ရိဟွေးက သူတို့အတွက် သောက်စရာများ လောင်းထည့်ပေးနေစဉ် ယောင်ရန်က မေးလိုက် လေသည်။

“ဘယ်လို ခံစားရလဲ…”

သူတို့ထဲမှ တစ်ယောက်က ပြန်ဖြေလိုက်လေသည်။

“အရမ်းကောင်းပါတယ်... ခန္ဓာကိုယ်က အရင်ကထက် ပေါ့ပါးသွားသလိုပဲ…” ​

ကျန်နှစ်ယောက်ကလည်း ထိုစကားကို ကြားသောအခါ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြကြ လေသည်။

ထို့နောက် ယောင်ရန်က ညွှန်ကြားလိုက်လေသည်။

“ရှင်တို့ရဲ့ ပုံပျက်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စစ်ဆေးကြည့်လိုက်ပါဦး… ပြန်ကောင်းသွားပြီ လားလို့…”

သူမပြောသည်ကို ကြားသောအခါ သုံးယောက်စလုံးမှာ အလျင်အမြန်ပင် အဝတ်အစားများကို လှန် ကြည့်ကာ ပုံပျက်နေသော နေရာများကို စစ်ဆေးကြတော့သည်။ သူတို့၏ ခန္ဓာကိုယ်များမှာ မူလအတိုင်း ပြန်လည် ကောင်းမွန်သွားသည်ကို မြင်လိုက်ရသောအခါ သူတို့၏ ခံစားချက်ကို မထိန်းချုပ်နိုင်တော့ဘဲ မျက်ရည်များပင် ဝဲလာကြလေတော့သည်။

“တကယ်ပဲ… ဆေးက တကယ် အစွမ်းထက်တာပဲ….”

တစ်ယောက်က သူ၏ လက်မောင်းကို မယုံနိုင်သလို ပွတ်သပ်ရင်း ရေရွတ်လိုက်လေသည်။

ကျန်သူများမှာလည်း သူတို့၏ မူလအတိုင်းဖြစ်သွားသော ခန္ဓာကိုယ်များကို ကြည့်ကာ ထပ်တူပင် ဝမ်းသာအားရ ဖြစ်နေကြလေသည်။

သူတို့၏ စိတ်လှုပ်ရှားနေမှုကို မြင်သဖြင့် ယွမ်ရိဟွေးက သတိပေးလိုက်သည်။

“ကဲ... အခု ပြန်ကောင်းသွားပြီဆိုတော့ အဖွဲ့အတွက် ကြိုးကြိုးစားစား အလုပ်လုပ်ဖို့ မမေ့နဲ့ဦး…”

သုံးယောက်စလုံးက အလျင်အမြန် ခေါင်းညိတ်ပြလိုက်ကြပြီး ယောင်ရန်ဘက်သို့ လှည့်ကာ ပြိုင်တူ ပြောလိုက်ကြလေသည်။

“ကျေးဇူးတင်ပါတယ် မစ္စယောင်ရန်… ကျွန်တော်တို့ အခုကစပြီး ပိုပြီး ကြိုးစားပါ့မယ်…”

ယောင်ရန်က သူတို့စကားကြောင့် ပြုံးလိုက်ပြီး ပြောလိုက်လေသည်။

“ကောင်းပြီ… နိုးလာပြီဆိုတော့ တစ်ခုခု စားလိုက်ကြဦး… ပြီးရင် ဖောက်သည်တွေဆီ ရိက္ခာတွေ သွားပို့ရမယ်….”

“ဟုတ်ကဲ့ပါ မစ္စယောင်ရန်…”

သူတို့က ပြိုင်တူပင် ပြန်ဖြေလိုက်ကြလေသည်။

သူတို့သည် ယောင်ရန်နှင့် အခြားသူများနောက်မှ လိုက်၍ ထမင်းစားခန်းသို့ သွားနေစဉ်မှာပင် တုကျောက်ရီ တိတ်တဆိတ် ထွက်ခွာသွားသည့် သတင်းမှာ တစ်စခန်းလုံးသို့ ပျံ့နှံ့သွားခဲ့ပေတော့သည်။ စစ်သည်များမှာ ထိတ်လန့်သွားကြပြီး ထိုသတင်းကို မယုံကြည်နိုင်ဘဲ ဖြစ်နေကြပေသည်။ သို့သော် လည်း ဗလာဖြစ်နေသော ကုန်လှောင်ရုံနှင့် လက်နက်တိုက်များမှာ ငြင်းမရသော အမှန်တရားပင် ဖြစ် ပေတော့သည်။

ဒုတိယတပ်မတော် တန်းလျား၏ မိုးလုံလေလုံ လေ့ကျင့်ရေးခန်းမတွင် စစ်သည်များ စုရုံးရောက်ရှိနေကြ လေသည်။ သူတို့ တန်းစီရပ်နေစဉ်အတွင်း သူတို့၏ အကြည့်များမှာ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေ သော လီထျန်းယုဆီသို့ မကြာခဏ ရောက်သွားတတ်ပေသည်။

နာရီဝက်ကျော် စောင့်ဆိုင်းပြီးနောက် လေ့ကျင့်ရေးခန်းမ၏ တံခါးမှာ နောက်ဆုံးတွင် ပွင့်လာခဲ့လေ သည်။ စစ်သည်များ လှည့်ကြည့်လိုက်သောအခါ ရွှီချီဖန်သည် ရွှီရူဟန်နှင့်အတူ ဝင်လာသည်ကို မြင် လိုက်ရလေသည်။

စင်မြင့်ပေါ်တွင် နေရာယူလိုက်ပြီးနောက် ရွှီချီဖုန်သည် စစ်သည်များကို ကြည့်ကာ တည်ငြိမ်စွာ ပြော လိုက်လေသည်။

“ဗိုလ်မှူးကြီးတုက မနေ့ညက စခန်းကနေ တိတ်တဆိတ် ထွက်ခွာသွားပြီ… သူနဲ့အတူ ရိက္ခာတွေ၊ လက်နက်တွေနဲ့ ခဲယမ်းမီးကျောက် အားလုံးကိုပါ ယူသွားတယ်…”

သူ့စကားအဆုံးတွင် စစ်သည်များ၏ မျက်နှာမှာ ညှိုးငယ်သွားတော့သည်။ သူတို့မှာ ဒေါသထွက်ပြီး သစ္စာဖောက်ခံရသလို ခံစားနေရသော်လည်း မည်သူမျှ စကားမပြောသလို လှုပ်လည်းမလှုပ်ကြပေ။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရွှီချီဖုန်က ဆက်ပြောလေသည်။

“မနေ့ညက စစ်သည် (၅၀၀၀) ကျော် တုကျောက်ရီနောက်ကို လိုက်သွားကြတယ်… အဲဒီထဲမှာ ဒုတိယ တပ်မတော်ရဲ့ တပ်ခွဲအသီးသီးက တပ်ခွဲမှူး (၂၀) ပါဝင်တယ်…”

ထိုစကားကြောင့် စစ်သည်များသည် လီထျန်းယုနှင့် ကျန်ရှိနေသော တပ်ခွဲမှူး လေးဦးကို လှမ်းကြည့် လိုက်ကြလေသည်။ စုစုပေါင်း တပ်ခွဲမှူး (၂၅) ဦးရှိသည့်အနက် ငါးဦးသာ ကျန်ရစ်ခဲ့ခြင်း ဖြစ်ပေသည်။

သူတို့၏ ညှိုးငယ်နေသော မျက်နှာများကို ကြည့်ရင်း ရွှီချီဖုန်က ကြေညာလိုက်လေသည်။

“အခုအချိန်ကစပြီး ပထမတပ်မတော်နဲ့ ဒုတိယတပ်မတော်တို့ဟာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွား မှာဖြစ်ပြီးတော့ ကျွင်းချန်စစ်တပ်ဆိုပြီး သီးခြားမရှိတော့ဘူး…”

All Chapters