← Chapters

အခန်း ၄၀၅

Vol. 41 Ch. 405

အခန်း ၄၀၅

Vol. 41 Ch. 405

အခန်း (၄၀၅) ရွေးချယ်မှု၊ ဆုံးဖြတ်ချက်

ရွှီချီဖုန်သည် အောက်တွင် တန်းစီရပ်နေသော စစ်သည်များကို ကြည့်ကာ ပြောလိုက်သည်။

“ဒီနေ့ကစပြီး ကျွင်းချန် စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းဟာ ဗဟိုအစိုးရကနေ တရားဝင်သီးခြား ခွဲထွက်လိုက်ပြီ ဖြစ်တယ်…”

သူသည် ခေတ္တရပ်ကာ စစ်သည်များ၏ အခြေအနေကို ခဏမျှ အကဲခတ်လိုက်ပြီးနောက် ဆက်ပြော လိုက်လေသည်။

“ဗဟိုအစိုးရဆီမှာ ဆက်ပြီး တာဝန်ထမ်းဆောင်ချင်တဲ့သူတွေ ရှိရင်လည်း လွတ်လပ်စွာ ထွက်ခွာသွား နိုင်ပါတယ်…. ရှို့တု မြို့ကို သွားဖို့အတွက် လိုအပ်တဲ့ ရိက္ခာတွေကို ကျွန်တော်တို့ ထောက်ပံ့ပေးပါ့မယ်… ဒီမှာပဲ ဆက်နေဖို့ ရွေးချယ်တဲ့သူတွေကတော့ ပထမတပ်မတော် အဖွဲ့ဝင်တွေအတိုင်း ခံစားခွင့်တွေ ရရှိမှာပါ…”

အားလုံးက တိတ်ဆိတ်နေသည်ကို မြင်သောအခါ သူက နောက်ဆုံးအနေဖြင့် ပြောလိုက်လေသည်။

“ဒီနေ့အတွက် အစည်းအဝေးကို ဒီမှာတင် အဆုံးသတ်ပါတယ်… လူစုခွဲလို့ရပြီ…”

ထိုထိတ်လန့်ဖွယ် သတင်းစကားကို ပြောကြားပြီးနောက် ရွှီချီဖုန်သည် ရွှီရူဟန်နှင့်အတူ ခန်းမထဲမှ ထွက်ခွာသွားခဲ့လေသည်။ သူတို့နောက်ကွယ်တွင် တံခါးများ ပိတ်သွားသည်နှင့်တစ်ပြိုင်နက် စစ်သည် များသည် ထိုကြေညာချက်နှင့် ပတ်သက်၍ အချင်းချင်း အပြင်းအထန် ဆွေးနွေးကြလေတော့သည်။

တပ်ခွဲမှူးတစ်ဦးသည် လီထျန်းယုဘက်သို့ လှည့်ကာ မေးလိုက်လေသည်။

“ဗိုလ်ကြီးလီ... အခု ခင်ဗျား ဘာလုပ်ဖို့ စိတ်ကူးထားလဲ…”

လီထျန်းယုက တည်ငြိမ်စွာပင်ပြန်ဖြေလိုက်လေသည်။

“ကျွန်တော့်ရဲ့ ကမ်းလှမ်းချက်က အခုထိ ရှိနေတုန်းပဲ… ဘယ်သူမဆို ကျွန်တော်နဲ့အတူ လိုက်ချင်တယ် ဆိုရင် နောက်တစ်နာရီကြာရင် ကားပါကင်မှာ လာဆုံကြပါ…”

ထိုသို့ပြောပြီးနောက် လီထျန်းယုသည် လေ့ကျင့်ရေးခန်းမထဲမှ ထွက်လာခဲ့လေသည်။ သူ၏ အထက်လူ ကြီး ထွက်သွားသည်ကို မြင်သောအခါ လီထျန်းယု၏ လက်အောက်ငယ်သားများလည်း အလျင်အမြန် ပင် နောက်မှ လိုက်သွားကြလေတော့သည်။

တစ်နာရီအကြာတွင် လီထျန်းယုသည် ကားပါကင်တွင် တပ်ခွဲမှူး လေးဦးနှင့် စစ်သည် နှစ်သောင်းကျော် ၏ ရှေ့၌ ရပ်နေလျက်ရှိလေသည်။ သူသည် သူတို့အား ကြည့်ကာ မေးလိုက်လေသည်။

“မင်းတို့ ဒီအတွက် နောင်တမရဘူးဆိုတာ သေချာလား….”

တပ်ခွဲမှူးများက ခိုင်မာစွာ ခေါင်းညိတ်ပြကြလေသည်။ သူတို့ထဲမှ တစ်ယောက်က ပြတ်သားစွာပြော လိုက်လေသည်။

“ကိုယ့်ရဲ့ သေခြင်း၊ ရှင်ခြင်းကို တခြားသူတွေရဲ့ လက်ထဲမှာ အပ်ထားတာထက် ကိုယ့်အနာဂတ်ကို ကိုယ် တိုင် ဖန်တီးတာက ပိုကောင်းပါတယ်….”

သဘာဝဘေးအန္တရာယ်များကို တစ်နှစ်ကျော်ကြာ ခံစားခဲ့ရပြီးနောက်တွင် တာဝန်ထမ်းဆောင်ရန် နိုင်ငံ တော်ဟူ၍ မရှိတော့ကြောင်း စစ်သည်များ နားလည်ထားကြပေသည်။ ကျေးဇူးမသိတတ်သော အသက် ရှင်ကျန်ရစ်သူများကို ကာကွယ်ပေးနေရခြင်း သို့မဟုတ် အာဏာမက်မောသူများ၏ အသုံးချခံဘဝဖြင့် နေထိုင်ရခြင်းတို့ထက်၊ လမ်းဆုံးတွင် သေခြင်းတရား ရှိနေပါစေဦးတော့... မိမိတို့ကိုယ်တိုင် ရွေးချယ် သည့် လမ်းကိုသာ လျှောက်လှမ်းလိုကြပေတော့သည်။

သူတို့၏ ပြတ်သားမှုကို မြင်သောအခါ လီထျန်းယုက ပြောလိုက်လေသည်။

“ကောင်းပြီ… ငါ ဗိုလ်ကြီးလုံကို အကြောင်းကြားလိုက်မယ်… ပြင်ဆင်မှုတွေ ပြီးတာနဲ့ ငါတို့ရဲ့ အိမ်သစ်ဆီ ကို ထွက်ကြတာပေါ့…”

ထိုစကားကြောင့် စစ်သည်များ၏ မျက်နှာတွင် မျှော်လင့်ချက်များ တောက်ပလာခဲ့ကြလေသည်။ သူတို့ က ပြိုင်တူပင် ပြောလိုက်ကြလေသည်။

“ဟုတ်ကဲ့ပါ ဗိုလ်ကြီးလီ….”

ထို့နောက် အားလုံးသည် မိမိတို့၏ ပစ္စည်းများကို သိမ်းဆည်းရန် လူစုခွဲသွားကြပြီး လီထျန်းယုမှာမူ သူ၏ အိပ်ဆောင်သို့ သွားခဲ့လေသည်။ ဒုတိယတပ်မတော် တန်းလျားမှ မထွက်ခွာမီ လီထျန်းယုသည် နှစ်ပေါင်း များစွာ ဝတ်ဆင်ခဲ့သော စစ်ယူနီဖောင်းကို ချွတ်လိုက်ပြီး အရပ်ဝတ်လဲဝတ်လိုက်လေသည်။

အငြိမ်းစားယူခြင်း လုပ်ငန်းစဉ်များကို အပြီးသတ်ကာ သူ၏ လက်နက်များနှင့် ယူနီဖောင်းကို အပ်နှံပြီး နောက် လီထျန်းယုသည် သူ၏ ကျောပိုးအိတ်ကို လွယ်ကာ ကားပါကင်သို့ ထွက်လာခဲ့လေတော့သည်။ အချိန်အနည်းငယ် ကျန်သေးသည်ကို မြင်သဖြင့် လီထျန်းယုသည် သူ၏ ဂြိုဟ်တုဖုန်းကို ထုတ်ကာ လုံယုထံ ဖုန်းဆက်လိုက်လေသည်။

ခဏအကြာတွင် လုံယု၏ အိပ်ချင်မူးတူး ဖြစ်နေသော အသံဩဩကြီးမှာ ဖုန်းထဲမှ ထွက်ပေါ်လာခဲ့ပေ သည်။

“လုံယုပါ...”

“ကျွန်တော် ဗိုလ်ကြီးလုံ အိပ်နေတာကို နှောင့်ယှက်လိုက်ပုံရတယ်….”

လီထျန်းယုက နောက်ပြောင်လိုက်လေသည်။

ဗီလာထဲတွင် လုံယုသည် မျက်လုံးဖွင့်လိုက်ကာ ဖုန်းနံပါတ်ကို တစ်ချက်ကြည့်ပြီးနောက် နားတွင် ပြန် ကပ်လိုက်လေသည်။

“ပြောစရာက အရေးကြီးရင်တော့ ကောင်းမယ်နော်….”

သူက ခပ်တင်းတင်း ပြန်ပြောလိုက်လေသည်။

လီထျန်းယုက တဟားဟား ရယ်မောလိုက်ပြီး မေးလိုက်လေသည်။

“ဒုတိယတပ်မတော်မှာ ဘာတွေဖြစ်ကုန်လဲ ကြားပြီးပြီလား….”

ထိုစကားကြောင့် လုံယု၏ အိပ်ချင်စိတ်များ ချက်ချင်း ပျောက်ကွယ်သွားလေတော့သည်။ သူသည် ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး မေးလိုက်လေသည်။

“တုကျောက်ရီ ထွက်သွားပြီးနောက် ဗိုလ်မှူးကြီးရွှီ တစ်ခုခု လုပ်လိုက်လို့လား…”

“ဟုတ်တယ်…”

လီထျန်းယုက တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။

“ဗိုလ်မှူးကြီးရွှီက ဒီနေ့ကစပြီး ပထမတပ်မတော်နဲ့ ဒုတိယတပ်မတော်ကို ဖျက်သိမ်းလိုက်ပြီလို့ ကြေညာလိုက် တယ်… ပြီးတော့ ကျွင်းချန်စစ်တပ်က ဗဟိုအစိုးရကနေ တရားဝင် သီးခြားခွဲထွက်လိုက်ပြီလို့လည်း ပြော တယ်”

လုံယုသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ထပ်မေးလိုက်လေသည်။

“ဗိုလ်မှူးကြီးရွှီက မင်းကို ဒါမှမဟုတ် တခြားစစ်သည်တွေကို ဆွဲမထားဘူးလား….”

လီထျန်းယုက သက်ပြင်းချရင်း ပြောလိုက်လေသည်။

“ဆွဲထားတာပေါ့ဗျာ… ဒါပေမဲ့ ဒီမှာ ဆက်နေတယ်ဆိုတာ နိုင်ငံတော်နဲ့ ပြည်သူကို အလုပ်အကျွေးပြုဖို့ မဟုတ်ဘဲ ရွှီ၊ မုနဲ့ ဟွာ မိသားစုတွေအတွက် ကျွန်ခံပေးရမှာဆိုတာ အားလုံးသိနေကြတယ်… ပိုကောင်းတဲ့ ရွေးချယ်စရာတွေ ရှိနေတဲ့အချိန်မှာ စစ်သည်အများစုက အဲဒီလို မလုပ်ချင်ကြတော့ဘူးလေ…”

“ရွှီမိသားစုက မက်လောက်စရာ အခြေအနေတွေနဲ့ ဆုလာဘ်တွေ ကမ်းလှမ်းခဲ့ပေမဲ့ ဒုတိယတပ်မတော် က ကျွန်တော့်ရဲ့ ညီအစ်ကို အများစုကတော့ အဲဒီချမ်းသာတဲ့ မိသားစုတွေဆီမှာ အခိုင်းအစေ လုပ်မယ့် အစား ခင်ဗျားတို့အဖွဲ့ထဲကိုပဲ ဝင်ချင်နေကြတယ်…”

“မင်းတို့ထဲက ဘယ်နှစ်ယောက်လောက် ငါတို့ဆီ လာမှာလဲ….”

လုံယုက ခေတ္တတိတ်ဆိတ်ပြီးနောက် မေးလိုက်လေသည်။

လီထျန်းယုသည် ကားပါကင်တွင် စုရုံးနေသော စစ်သည်များကို တစ်ချက်ကြည့်လိုက်ပြီးပြောလိုက်လေ သည်။

“ကျွန်တော် အပါအဝင် လူပေါင်း နှစ်သောင်းနီးပါး ခင်ဗျားတို့အဖွဲ့ထဲကို ဝင်ပါလိမ့်မယ်…”

ထိုအရေအတွက်ကို ကြားလိုက်ရသောအခါ လုံယုမှာ အံ့အားသင့်သွားမိလေသည်။

“ဒါက မယုံနိုင်စရာပဲ… မင်း ဒါကို ပြောဖို့ပဲ ငါ့ဆီ ဖုန်းဆက်တာလား…”

လီထျန်းယုက တစ်ချက် ရယ်လိုက်ပြန်ပြီး …၊

“အကုန်လုံးတော့ မဟုတ်သေးဘူး… ခင်ဗျားနဲ့ ဆွေးနွေးစရာ တစ်ခု ကျန်သေးတယ်…”

“ဘာလဲ….”

လုံယုက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။

ခေတ္တမျှ ရပ်နားပြီးနောက် လီထျန်းယုက ရှင်းပြလိုက်လေသည်။

“ကျွန်တော် ကျန်တဲ့သူတွေနဲ့အတူ ခင်ဗျားတို့ရဲ့ လေကြောင်းရန် ကာကွယ်ရေး ခိုလှုံရာစခန်းဆီကို အမြန်ဆုံး ပြောင်းလာဖို့ စီစဉ်နေတယ်… ဒါပေမဲ့ ကျွန်တော်တို့မှာ လောင်စာဆီနဲ့ ရိက္ခာတွေ လိုအပ်နေ တယ်… အဲဒါ ခင်ဗျားရဲ့ ချစ်သူက ကူညီပေးနိုင်မလားလို့ပါ…”

လုံယုသည် အိပ်ပျော်နေဆဲဖြစ်သော ယောင်ရန်ကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်လေသည်။

“ဖြစ်နိုင်ပါတယ်... ငါ အစ်အစ်ကိုယွမ်ကို ခိုင်းပြီး မင်းတို့ဆီ ရိက္ခာတွေ နောက်မှ ပို့ခိုင်းလိုက်မယ်… မင်း အခု ဘယ်မှာလဲ…”

“ကျွန်တော် ဒုတိယတပ်မတော် တန်းလျားရဲ့ ကားပါကင်မှာ ကျန်တဲ့သူတွေနဲ့ စောင့်နေတယ်…”

လီထျန်းယုက ပြန်ဖြေလိုက်လေသည်။

“ယွမ်ရိဟွေးက ရိက္ခာတွေကို တစ်နာရီအတွင်း ပို့ပေးနိုင်မလား… စစ်တပ်ဖျက်သိမ်းတဲ့ သတင်းတွေ မပျံ့ခင်မှာ ကျွန်တော်တို့ ဒီကနေ ထွက်သွားဖို့ လိုတယ်…”

စစ်တပ်နှစ်ခုစလုံး ဖျက်သိမ်းလိုက်ပြီး စစ်သည်အများအပြား စခန်းမှ ထွက်ခွာသွားကြောင်း လူတွေ သိသွားပါက ဖြစ်ပေါ်လာမည့် မငြိမ်မသက်မှုများကို တွေးမိသဖြင့် လီထျန်းယု အဘယ်ကြောင့် အမြန် ဆုံး ထွက်ခွာချင်ရသည်ကို လုံယု နားလည်လိုက်ပေသည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လုံယုက သဘောတူလိုက်လေသည်။

“ကောင်းပြီလေ... ငါတို့ ရိက္ခာတွေကို အမြန်ဆုံး ပို့ပေးလိုက်ပါ့မယ်…”

“ကောင်းပါပြီ…”

ဖုန်းချပြီးနောက် လုံယုသည် ညင်သာစွာ ခေါ်လိုက်သည်။

“ရန်ရန်... ထတော့”

ယောင်ရန်၏ မျက်ခွံများ အနည်းငယ် လှုပ်ရှားသွားပြီးနောက် အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်လာခဲ့လေ သည်။

“ဘာဖြစ်လို့လဲ….”

“လီထျန်းယု အခုပဲ ဖုန်းဆက်တယ်….”

လုံယုက ရှင်းပြလိုက်လေသည်။

“သူနဲ့ စစ်သည် နှစ်သောင်းလောက် ဒုတိယတပ်မတော်ကနေ အငြိမ်းစားယူပြီး ငါတို့ဆီ ဝင်ချင်နေကြတယ်… သူတို့က နောက်တစ်နာရီအတွင်း ငါတို့ရဲ့ ခိုလှုံရာစခန်းကို ထွက်လာဖို့ စီစဉ်နေကြပြီး လမ်းမှာသုံးဖို့ လောင်စာဆီနဲ့ ရိက္ခာတွေ လိုအပ်နေတယ်တဲ့... မင်း သူတို့အတွက် ရိက္ခာတွေ ပြင်ဆင်ပေးဖို့ ကူညီပေးနိုင် မလား…”

ယောင်ရန်သည် မျက်တောင်အနည်းငယ် ခတ်လိုက်ပြီး မေးလိုက်လေသည်။

“ဘာလို့ ဒီလောက် ရုတ်တရက်ကြီးလဲ… စစ်တပ်ထဲမှာ တစ်ခုခု ဖြစ်လို့လား…”

လုံယုက ခေါင်းညိတ်ပြလိုက်လေသည်။

“ဗိုလ်မှူးကြီးရွှီက ပထမတပ်မတော် နဲ့ ဒုတိယတပ်မတော်ကို ဖျက်သိမ်းလိုက်ပြီး အသစ်တစ်ခု ပြန်ဖွဲ့ စည်းမယ်လို့ ကြေညာလိုက်တယ်… ပြီးတော့ ဒီအခြေစိုက်စခန်းဟာ ဒီနေ့ကစပြီး ဗဟိုအစိုးရကနေ တရားဝင် သီးခြားခွဲထွက်လိုက်ပြီလို့လည်း သူက ပြောတယ်…”

All Chapters