← Chapters

အခန်း ၄၀၈

Vol. 41 Ch. 408

အခန်း ၄၀၈

Vol. 41 Ch. 408

အခန်း (၄၀၈) - ပြန်လည်ဆုံစည်းခြင်း

လီကျန့်၏ အမိန့်ကို ကြားလိုက်ရသောအခါ စစ်သည်က မယုံကြည်နိုင်သလို မေးလိုက်လေသည်။

“ဗိုလ်ကြီး... ကျွန်တော်တို့ တကယ်ပဲ ပထမတပ်မတော်ကနေ ထွက်ခွာကြတော့မှာလား….”

လီကျန့်သည် သူ၏လက်များကို တင်းတင်းဆုပ်လိုက်ပြီး ခေတ္တတိတ်ဆိတ်သွားကာ ပြောလိုက်လေ သည်။

“ပထမတပ်မတော်ဆိုတာ မရှိတော့ဘူး….”

ထိုစကားကြောင့် စစ်သည်သည် ခေါင်းငုံ့သွားပြီး ဘာမှမပြောတော့ပေ။

စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက် လီကျန့်က မေးလိုက်လေသည်။

“မသွားသေးဘူးလား…”

စစ်သည်သည် လီကျန့်၏အမိန့်ကို သတိရသွားပြီး ပြန်ထူးလိုက်လေသည်။

“ဟုတ်ကဲ့ပါ ဗိုလ်ကြီး…”

စစ်သည်က ကျန်သူများကို အကြောင်းကြားရန် ပြေးထွက်သွားချိန်၌ လီကျန့်သည် သူ၏တဲဆီသို့ ပြန် သွားလိုက်လေသည်။ အိပ်ရာဘေးမှ စားပွဲပေါ်ရှိ ဂြိုဟ်တုဖုန်းကို ယူပြီး နံပါတ်တစ်ခုကို နှိပ်ကာ စောင့် နေလိုက်လေသည်။

ဖုန်းဝင်သွားသောအခါ လီကျန့်က ပြောလိုက်လေသည်။

“အစ်ကို... ဗိုလ်ကြီးက ကျွန်တော်တို့ကို သူ့အဖွဲ့ထဲဝင်ဖို့ ခွင့်ပြုလိုက်ပြီ… မြန်မြန်... ကျန်တဲ့သူတွေကို သွားပြောလိုက်တော့….”

တစ်ဖက်မှ အမျိုးသားက စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်လေသည်။

“တကယ်လား… ကောင်းလိုက်တာ… လူတိုင်းကို ဒီသတင်းကောင်း သွားပြောလိုက်မယ်…”

စိတ်လှုပ်ရှားမှုများ ငြိမ်သက်သွားပြီးနောက် တင်ကျန့်ဖုန်း စိုးရိမ်လာခဲ့လေသည်။

“ဒါပေမဲ့ လီကျန့်... တန်းလျားကနေ ထွက်သွားရင် ငါတို့မှာ နေစရာမရှိဘူးလေ… တစ်နေရာရာ သွားရှာရ မလား၊ ဒါမှမဟုတ်...”

လီကျန့်က သူ့ကို စိတ်အေးအောင် ချော့မော့လိုက်ပြီး ပြောလိုက်လေသည်။

“စိတ်မပူပါနဲ့… မရီးက ကျွန်တော်တို့ကို ဗီလာဧရိယာမှာ သူတို့နဲ့အတူနေဖို့ ဖိတ်ခေါ်ထားတယ်… အားနေ တဲ့အခန်းတွေ အများကြီးရှိတယ်၊ တစ်ယောက်နဲ့တစ်ယောက် အနီးကပ် စောင့်ရှောက်လို့ရတာပေါ့လို့ ပြောတယ်…”

ဝမ်းသာသွားသော တင်ကျန့်ဖုန်းက မှတ်ချက်ပေးလိုက်လေသည်။

“မရီးက တော်တော်လေး ကြင်နာတတ်ပုံပဲ…”

လီကျန့်က တစ်ချက်ရယ်လိုက်ပြီး ပြန်ပြောလိုက်လေသည်။

“ဒါပေါ့... မင်း သူ့ရဲ့စိတ်ထားကို သံသယရှိလို့လား… သူက ဗိုလ်ကြီးကိုယ်တိုင် ရွေးချယ်ထားတဲ့သူပဲ၊ ငါတော့ ဗိုလ်ကြီးရဲ့အမြင်ကို ယုံကြည်တယ်….”

“မင်းပြောတာ မှန်ပါတယ်… ကျန်တဲ့သူတွေကို ဆက်သွယ်ပြီး ဒီသတင်းကောင်း ပြောလိုက်မယ်… နောက်မိနစ်လေးဆယ်နေရင် ဝင်ပေါက်မှာ ဆုံကြတာပေါ့….” ဟု တင်ကျန့်ဖုန်းက ပြောလိုက်လေသည်။

“ကောင်းပြီလေ…”

ဖုန်းချပြီးနောက် လီကျန့်သည် သူ၏ပစ္စည်းများကို အလျင်အမြန် သိမ်းဆည်းကာ လက်နက်နှင့် ကျောပိုး အိတ်ကို ယူ၍ တဲထဲမှ ထွက်လာခဲ့လေသည်။ သူသည် သူ၏လူများကို စုစည်းနေစဉ် တင်ကျန့်ဖုန်းက အထူးတပ်ဖွဲ့မှ အခြားညီအစ်ကိုများကို ဆက်သွယ်လိုက်လေသည်။

နာရီဝက်အကြာတွင် လူပေါင်း (၅၀) ကျော်သည် ပထမတပ်မတော်တန်းလျား၏ ဝင်ပေါက်တွင် စုရုံး ရောက်ရှိလာခဲ့ကြလေသည်။

အားလုံး စုံပြီဖြစ်သဖြင့် လီကျန့်သည် ပထမတပ်မတော်တန်းလျားကို နောက်ဆုံးအကြိမ် လှည့်ကြည့် လိုက်ပြီးမှ ပြောလိုက်လေသည်။

“ညီအစ်ကိုတို့... သွားကြစို့….”

ညကြည့်မျက်မှန်များနှင့် လက်နက်များကို အသီးသီး တပ်ဆင်ထားကြသော လီကျန့်နှင့် သူ၏ရဲဘော် များသည် နောက်လှည့်မကြည့်ဘဲ တန်းလျားမှ ထွက်ခွာလာခဲ့ကြလေသည်။ သူတို့၏ ဖြူဖျော့ပိန်ချောင် နေသော မျက်နှာများပေါ်တွင် ယခုအခါ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များဖြင့် လင်းလက်နေတော့ သည်။

လီကျန့်နှင့် အခြားသူများ ဗီလာသို့ ရောက်ရှိလာသောအခါ အိပ်ခန်းများမှာ အဆင်သင့်ဖြစ်နေပြီး ယောင်ရန်နှင့် လုံယုတို့မှာ မီးဖိုချောင်တွင် အလုပ်ရှုပ်နေခဲ့ကြပေသည်။

လီကျန့်က သူတို့ရောက်ရှိကြောင်း အကြောင်းကြားရန် လုံယုထံ ဖုန်းဆက်လိုက်လေသည်။ ဖုန်းချပြီး ခဏအကြာမှာပင် ရှီရွှမ်း ဗီလာထဲမှ ထွက်လာသည်ကို တွေ့လိုက်ရလေသည်။

ရှီရွှမ်းသည် လီကျန့်နှင့် အခြားသူများအတွက် သံတံခါးကို ဖွင့်ပေးလိုက်ပြီး သူတို့ကို မြင်ရသဖြင့် အလွန် ဝမ်းသာနေရှာပေသည်။ သူသည် တစ်ယောက်ပြီးတစ်ယောက် ဖက်လှဲတကင်း နှုတ်ဆက်ကာ ကျန်းမာ ရေးအခြေအနေများကို မေးမြန်းပြီးနောက် ပြုံးရွှင်စွာဖြင့် အထဲသို့ ခေါ်ဆောင်သွားခဲ့လေသည်။

“ခေါင်းဆောင်... အားကျန့်တို့ ရောက်ပြီ… သူတို့ကို အရင်ဆုံး နေရာချပေးလိုက်ဦးမယ်…”

ရှီရွှမ်းက အိပ်ခန်းများဆီသို့ လမ်းပြရင်း အော်ပြောလိုက်လေသည်။

ခဏအကြာတွင် မီးဖိုချောင်ထဲမှ လုံယု၏အသံ ထွက်ပေါ်လာခဲ့လေသည်။

“အေး... နောက်ဆယ်မိနစ်ဆိုရင် နေ့လယ်စာ အဆင်သင့်ဖြစ်ပြီ…”

“ဟုတ်ကဲ့…”

ထိုသို့ပြောပြီးနောက် ရှီရွှမ်းက သူတို့အား ပထမထပ်ရှိ အိပ်ခန်းများဆီသို့ ခေါ်သွားလိုက်လေသည်။

“အခန်းတွေကို လိုက်ပြပေးမယ်….”

သူသည် ပထမထပ်ရှိ ပထမဆုံးအိပ်ခန်းကို ဖွင့်ပြလိုက်ပြီး ရှင်းပြလိုက်လေသည်။

“ပထမထပ်မှာ အိပ်ခန်းသုံးခန်း၊ ဒုတိယထပ်မှာ အားနေတဲ့အခန်း နှစ်ခန်းနဲ့ တတိယထပ်မှာ အခန်းငါးခန်း ရှိတယ်….”

“ငါက တစ်ယောက်တည်းနေတာဆိုတော့ အခန်းတွေ မလောက်ရင် ငါနဲ့အတူ လာနေလို့ရတယ်… ဪ... ပြီးတော့ ငါတို့ဗိုလ်ကြီးက အခု ယောင်ရန်နဲ့အတူ နေတာဆိုတော့ သူ့အခန်းလည်း အားနေ တယ်လေ…”

ထိုစကားကို ကြားသောအခါ တင်ကျန့်ဖုန်း တွန့်ဆုတ်သွားခဲ့လေသည်။ သူက အသံကိုနှိမ့်ကာ မေးလိုက်လေသည်။

“ဒါ... ဒါက မသင့်တော်ဘူးမလား… ငါတို့က ဗိုလ်ကြီးရဲ့အခန်းကို ယူလိုက်ရင် သူ စိတ်မဆိုးဘူးလား…”

ရှီရွှမ်းက သူ၏ပုခုံးကို ပုတ်လိုက်ပြီး ပြောလိုက်လေသည်။

“မင်းကလည်း မသိသေးဘူးပဲ… ဗိုလ်ကြီးရဲ့အခန်းကို မင်းတို့ယူလိုက်ရင် သူက ဆုတောင် ပေးဦးမှာ… ယောင်ရန် စိတ်မဆိုးအောင်ပဲ နေ၊ ဒါဆို ဗိုလ်ကြီးက မင်းတို့ကို ထုရိုက်ဖို့ အကြောင်းပြချက် ရှိမှာမဟုတ် ဘူး…”

ထိုစကားကြောင့် တင်ကျန့်ဖုန်းက ခေတ္တစဉ်းစားပြီးနောက် ပြောလိုက်လေသည်။

“နားလည်ပြီ… သတိပေးတဲ့အတွက် ကျေးဇူးပါပဲ အစ်ကို…”

ရှီရွှမ်းက သိတတ်သည့်အပြုံးဖြင့် ပြုံးပြလိုက်ပြီး ကျန်သောအိပ်ခန်းများကို ဆက်ပြလိုက်လေသည်။ ဗီလာထဲတွင် အိပ်ခန်း (၁၁) ခန်း ရှိလေသည်။ အားလုံး တိုင်ပင်ပြီးနောက် တစ်ခန်းလျှင် ငါးယောက်စီ နေရန် ဆုံးဖြတ်လိုက်ကြပြီး လီကျန့်နှင့် တင်ကျန့်ဖုန်းတို့ကတော့ ရှီရွှမ်းနှင့်အတူ တစ်ခန်းတည်း နေရန် ဖြစ်လာခဲ့လေသည်။

သူတို့ကို နေရာချပေးရင်း ရှီရွှမ်းက ပြောလိုက်လေသည်။

“တော်သေးတာပေါ့ အခန်းတွေ လောက်ငလို့…အခုလောလောဆယ်တော့ နည်းနည်း ကျဉ်းကျပ်နေမှာပဲ၊ ဒါပေမဲ့ ဒီမှာ အမြဲနေမှာ မဟုတ်ဘူးလေ… ငါတို့နေရာကို ပြန်ရောက်သွားရင် မင်းတို့တစ်ယောက်ချင်းစီ အတွက် ကိုယ်ပိုင်အခန်းတွေ ရပါလိမ့်မယ်….”

ထိုစကားကို ကြားရသောအခါ ကျန်သူများက ရှီရွှမ်းကို မယုံကြည်နိုင်သလို သံသယမျက်လုံးများဖြင့် ကြည့်လိုက်ကြလေသည်။

စစ်သည်များအနေဖြင့် သူတို့တွင် ကိုယ်ပိုင်အခန်းဟူ၍ တစ်ခါမှ မရှိခဲ့ဖူးပေ။ အကောင်းဆုံး ခံစားခွင့်ရခဲ့ စဉ်က အထူးတပ်ဖွဲ့မှာ ဖြစ်ပေသည်။ သို့သော် ထိုအချိန်ကပင် ရဲဘော်တစ်ဦးနှင့် အခန်းမျှနေခဲ့ရခြင်း ဖြစ်ပေသည်။

သူတို့၏ အမူအရာကို မြင်သောအခါ ရှီရွှမ်းက တဟားဟား ရယ်မောလိုက်လေသည်။ သူ ထပ်ပြီး ရှင်းမပြတော့ဘဲ…၊

“အဲဒီနေရာကို ရောက်မှပဲ ကိုယ်တိုင်ကြည့်လိုက်ကြတော့…” ဟုသာ ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် သူသည် လီကျန့်နှင့် တင်ကျန့်ဖုန်းတို့ကို အိပ်ရာပြင်ပေးကာ သုံးယောက်အတူနေ ရန် အဆင်ပြေအောင် အခန်းကို ပြန်စီစဉ်ပေးခဲ့လေသည်။

ဆယ်မိနစ်အကြာတွင် လုံယုက အောက်ထပ်မှ အော်ခေါ်လိုက်လေသည်။

“ဟေ့လူတွေ... အရင်ဆင်းပြီး ထမင်းစားကြဦး…”

လုံယု၏စကားကြောင့် ရှီရွှမ်း ပြုံးလိုက်လေသည်။

“ဪ... နေ့လယ်စာ အဆင်သင့်ဖြစ်ပြီပဲ… မင်းတို့လည်း ဗိုက်တော်တော် ဆာနေကြမှာပဲ… အရင်ဆုံး စားကြတာပေါ့၊ ပြီးမှ ရေချိုးကြတော့… တကယ်ပြောတာ... မင်းတို့အားလုံးဆီက အနံ့က တော်တော်ဆိုး တယ်…”

ထိုစကားကို ချန်ထားခဲ့ကာ သူသည် တတိယထပ်မှဆင်း၍ အောက်ထပ်သို့ သွားခဲ့လေတော့သည်။

ရှီရွှမ်း၏စကားကို မယုံနိုင်သဖြင့် လီကျန့်သည် သူ၏အင်္ကျီကို နမ်းကြည့်ကာမေးလိုက်လေသည်။

“ငါ့ဆီက အနံ့က တကယ်ပဲ အဲဒီလောက် ဆိုးနေတာလား…”

တင်ကျန့်ဖုန်းက မဲ့ပြုံးပြုံးလိုက်ပြီး ပြန်မေးလိုက်လေသည်။

“မင်းဆီက အနံ့က အမြဲတမ်း အဲဒီလိုပဲ မဟုတ်ဘူးလား….”

လူအုပ်မှာ ရယ်စရာသဘောဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် အောက်ထပ်သို့ ဆင်းလာ ခဲ့ကြလေသည်။

ထမင်းစားခန်းသို့ ရောက်သောအခါ လီကျန့်နှင့် အခြားသူများသည် စားပွဲပေါ်ရှိ ဟင်းပွဲအမျိုးစုံနှင့် အစားအသောက် ပမာဏကို ကြည့်ပြီး ကြောင်အမ်းသွားကြလေတော့သည်။

လပေါင်းများစွာ လတ်ဆတ်သော အသားနှင့် ဟင်းသီးဟင်းရွက်များကို မမြင်ခဲ့ရသဖြင့် အရသာရှိလှ သော အသားဟင်းနှင့် ဟင်းသီးဟင်းရွက် ဟင်းလျာများကို မြင်သောအခါ သူတို့မှာ တံတွေးပင် မျိုချ လိုက်မိကြတော့သည်။

All Chapters