← Chapters

အခန်း ၄၀၉

Vol. 41 Ch. 409

အခန်း ၄၀၉

Vol. 41 Ch. 409

အခန်း (၄၀၉) မင်းက တကယ်ကို အေးစက်လွန်းတယ်

သူတို့အားလုံး ဝင်ပေါက်တွင် ကြောင်အမ်းကာ တောင့်တောင့်ကြီး ရပ်နေကြသည်ကို မြင်သောအခါ လုံယုက လှမ်းပြောလိုက်လေသည်။

“ဘာလုပ်နေကြတာလဲ… အစားအသောက်တွေ မအေးခင် လာစားကြလေ….”

ထိုအခါမှ လီကျန့်နှင့် အခြားသူများသည် သတိပြန်ဝင်လာကာ ထမင်းစားပွဲဆီသို့ အပြေးအလွှား သွားကြလေတော့သည်။

လူအားလုံး ဆံ့စေရန်အတွက် ယောင်ရန်သည် သူမ၏ နေရာလွတ်ထဲမှ ရှည်လျားသော စားပွဲသုံးလုံးကို ထပ်မံထုတ်ကာ အတူတူ ယှဉ်ထားလိုက်လေသည်။ အစားအသောက်များ အပြည့်တင်ထားသော စားပွဲရှည်လေးလုံးနှင့်အတူ လူပေါင်း (၅၇) ယောက် ရှိနေသောကြောင့် ကျယ်ဝန်းလှသော ထမင်းစား ခန်းကြီးမှာ ရုတ်တရက်ဆိုသလို နွေးထွေးစိုပြေပြီး သက်ဝင်လှုပ်ရှားလာလေတော့သည်။

သူတို့အားလုံး စားပွဲတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး ဟင်းပွဲများကို စိုက်ကြည့်နေကြသည်ကို မြင်ရသော အခါ ယောင်ရန်က ပြုံးလျက် ပြောလိုက်လေသည်။

“ကြိုက်သလောက် စားကြနော်… မီးဖိုချောင်ထဲမှာ အများကြီး ကျန်သေးတယ်…”

အားလုံး စုစုစည်းစည်း ထိုင်စားနေကြသည်ကို မြင်ရသည်မှာ ယောင်ရန်၏ စိတ်ကို ကြည်လင်စေခဲ့ လေသည်။

အရင်ဘဝတွင် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရသည့် အရေးကြီးသော အချိန်များ၌ သူမကို ကူညီခဲ့ကြ သည့် ဤလူများ၏ မှတ်ဉာဏ်များကို ပြန်လည်တမ်းတမိရင်း ယောင်ရန်မှာ ကျေးဇူးတင်စိတ်များဖြင့် ပြည့်နှက်နေခဲ့မိလေသည်။ ထို့ကြောင့် အရင်ဘဝက ကြေကွဲစရာ အဖြစ်ဆိုးမျိုး ထပ်မဖြစ်စေရန် သူတို့ အား ပိုမိုအင်အားတောင့်တင်းလာအောင် ကူညီပေးရန် သူမ စီစဉ်ထားပေသည်။

ထိုသို့တွေးတောရင်း ယောင်ရန်သည် သူမ၏ တူကိုယူကာ လုံယု၏ ပန်းကန်ထဲသို့ အသားနှင့် ဟင်းသီး ဟင်းရွက်များကို ထည့်ပေးပြီးနောက် သူမကိုယ်တိုင်လည်း စတင်စားသောက်လေတော့သည်။

သူမ၏ ရွှင်လန်းနေသော အမူအရာကို မြင်သောအခါ လုံယုသည် သူ၏ ညီအစ်ကိုများကို တစ်ချက် ကြည့်လိုက်ပြီး တွေးလိုက်မိလေသည်။

*ရန်ရန် သူတို့ကို သဘောကျနေပုံပဲ…. သူတို့ကို မိသားစုဝင်တွေလို လက်ခံပေးလို့ ငါ တကယ် ဝမ်းသာပါ တယ်…*

ယောင်ရန်၏ စကားကြောင့် လီကျန့်သည် နောက်ဆုံးတွင် သူ၏ တူကို ကောက်ကိုင်လိုက်ပြီး ပြောလိုက် လေသည်။

“မရီး... ကျွေးမွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်….”

သူ၏ နောက်တွင် ကျန်သူများကလည်း လိုက်လံကျေးဇူးတင်ကြပြီးနောက် အားရပါးရ စားသောက်ကြ လေတော့သည်။ ထိုနေ့သည် လီကျန့်နှင့် သူ၏ ညီအစ်ကိုများအတွက် သဘာဝဘေးအန္တရာယ်များ စတင် ကတည်းက ပထမဆုံးအကြိမ် ဝဝလင်လင် စားခဲ့ရသော နေ့တစ်နေ့ပင် ဖြစ်တော့သည်။

လီကျန့်နှင့် အခြားသူများ ဗီလာသို့ ရောက်လာပြီးနောက် လုံယုသည် သူတို့ကို ဗီလာ၏ ကင်းစောင့် တာဝန်များကို အလှည့်ကျ ခွဲဝေပေးလိုက်လေသည်။

လီကျန့်၏အဖွဲ့နှင့် လီထျန်းယု၏အဖွဲ့တို့ စစ်တပ်မှ ထွက်လာပြီး နှစ်ရက်အကြာတွင် လုံယုနှင့် ယောင်ရန် တို့ ကြိုတင်တွေးဆထားသည့်အတိုင်း အခြေအနေများမှာ ပိုမိုဆိုးရွားလာခဲ့လေတော့သည်။

ယောင်ရန်နှင့် လုံယုတို့ ကင်းစောင့်တာဝန်ပြီး၍ အိပ်ခန်းထဲတွင် အနားယူရန် ပြန်ဝင်လာသည့် အချိန်မှာ ပင် ရှီရွှမ်းက တံခါးကို ခေါက်ကာ အစီရင်ခံလိုက်လေသည်။

“ခေါင်းဆောင်... အားကျန့်တို့ဆီက သတင်းပို့လာတယ်… လူအုပ်ကြီးတစ်စု ချဉ်းကပ်လာနေတာကို သူတို့ တွေ့လိုက်ရတယ်တဲ့…”

ထိုစကားကြောင့် လုံယုနှင့် ယောင်ရန်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြလေသည်။ သူတို့သည် အနွေး ထည် အထူကြီးများကို ပြန်ဝတ်ကာ လက်နက်များကို ယူပြီး အိပ်ခန်းထဲမှ ထွက်လာခဲ့ကြလေသည်။

ဧည့်ခန်းသို့ ရောက်သောအခါ ကျန်သူများမှာ လက်ပ်တော့ စခရင်ပေါ်ရှိ ဒရုန်းဗီဒီယိုကို အာရုံစိုက် ကြည့်နေကြသည်ကို တွေ့လိုက်ရလေသည်။

လုံယုက မေးလိုက်လေသည်။

“အခြေအနေ ဘယ်လိုလဲ…”

ရှီရွှမ်းသည် ဆိုဖာပေါ်တွင် ထိုင်လျက် စခရင်ပေါ်ရှိ နေရာအချို့ကို လက်ညှိုးညွှန်ပြကာ ရှင်းပြလေ သည်။

“ဒီလူတွေက ကင်းလှည့်နေတဲ့ အစောင့်တွေကို ရှောင်ဖို့အတွက် ဒီလမ်းကြောင်း နှစ်ခုကို သုံးပြီး ခိုးဝင်လာနေကြတာ… သူတို့ရဲ့ လှုပ်ရှားမှုတွေကို ကြည့်ရတာ ကျွန်တော်တို့ ဗီလာနဲ့ အစ်ကိုယွမ်ရဲ့ ဗီလာကို ပစ်မှတ်ထားနေပုံပဲ…”

ထိုစကားကို ကြားပြီးနောက် လုံယုသည် ချက်ချင်းပင် သူ၏ ဂြိုဟ်တုဖုန်းကို ထုတ်ကာ ယွမ်ရိဟွေးထံ ဖုန်းဆက်လိုက်လေသည်။ ဖုန်းဝင်သွားသည်နှင့် သူက ပြောလိုက်လေသည်။

“အစ်ကိုယွမ်... လူတစ်စု ခင်ဗျားတို့ဆီကို ဦးတည်လာနေတယ်…”

ယွမ်ရိဟွေးသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဩရှရှအသံဖြင့် ပြန်ဖြေလိုက်လေသည်။

“ဘာ... ဒီလူတွေက တကယ်ပဲ လက်မလျှော့ကြသေးဘူးပဲ…”

သူ၏ လေသံအရ ယွမ်ရိဟွေး အတိုက်ခိုက်ခံရခြင်းမှာ ယခုတစ်ကြိမ်သည် ပထမဆုံးအကြိမ် မဟုတ် ကြောင်း လုံယု သိလိုက်လေသည်။ ခဏမျှ စဉ်းစားပြီးနောက် လုံယုက မေးလိုက်လေသည်။

“အကူအညီ လိုသလား… ကျွန်တော်တို့ လာကူပေးလို့ ရတယ်…”

ထိုစကားကို ကြားလိုက်ရသောအခါ ယွမ်ရိဟွေးက အလျင်အမြန်ပင် စိတ်အားထက်သန်စွာ ပြန်ဖြေ လိုက်လေသည်။

“ဟုတ်ကဲ့... လိုပါတယ်…”

သူ၏ စိတ်အားထက်သန်မှုကြောင့် လုံယုက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး ပြောလိုက်လေ သည်။

“ကောင်းပြီ... ငါတို့ မိနစ်အနည်းငယ်အတွင်း ရောက်လာခဲ့မယ်…”

ဖုန်းချပြီးနောက် လုံယုက ကျန်သူများဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

“အစ်ကိုယွမ်ကို သွားကူဖို့ ငါနဲ့အတူ လိုက်ခဲ့ဖို့ လူငါးယောက် လိုမယ်….”

တင်ကျန့်ဖုန်းက စိတ်အားထက်သန်စွာဖြင့် လက်ထောင်လိုက်သောအခါ လုံယုက ထပ်လောင်းပြော လိုက်လေသည်။

“ကင်းစောင့်တာဝန် ခုနကမှ ပြီးထားတဲ့သူတွေကတော့ ဒီမှာပဲနေပြီး ကောင်းကောင်း အနားယူကြ….”

ထိုစကားကြောင့် တင်ကျန့်ဖုန်းမှာ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချကာ လက်ကို ပြန်ချလိုက်ရ လေတော့သည်။ လုံယု တခြားသူများကို ရွေးချယ်နေသည်ကို ကြည့်ရင်း သူက မနာလိုစွာ တိုးတိုးလေး ရေရွတ်နေမိလေသည်။

“ဗိုလ်ကြီးနဲ့အတူ သွားရတာ တော်တော် ပျော်ဖို့ကောင်းမှာပဲ….”

ယောင်ရန်သည် သူ၏ စကားကို ကြားလိုက်ရသဖြင့် လုံယုကို စူးစမ်းလိုသော မျက်လုံးများဖြင့် ကြည့် လိုက်လေသည်။ သူမ၏ အကြည့်ကို ခံစားမိသဖြင့် လုံယုက သူမဘက်သို့ လှည့်ကာ မေးလိုက်လေ သည်။

“ရန်ရန်... မင်း ငါနဲ့အတူ လိုက်ချင်လား…”

ခဏမျှ စဉ်းစားပြီးနောက် ယောင်ရန်က ခေါင်းညိတ်ပြလိုက်လေသည်။

“လိုက်မယ်လေ…”

သူမ၏ အဖြေကြောင့် လုံယုက ကျေနပ်သွားကာ ရှီရွှမ်းကို ကြည့်ပြီး မှာလိုက်လေသည်။

“အားရွှမ်း... ဗီလာကို မင်းလက်ထဲမှာ အပ်ခဲ့မယ်နော်….”

ရှီရွှမ်းက ယုံကြည်မှုရှိရှိ ခေါင်းညိတ်ပြလိုက်လေသည်။

“စိတ်ချပါ…”

ထို့နောက် လုံယုနှင့် ရွေးချယ်ခံရသည့် အဖွဲ့ဝင်များသည် ဗီလာမှ ထွက်လာခဲ့ကြလေသည်။ သံတံခါးကို သော့ခတ်ပြီးနောက် လုံယုသည် ယောင်ရန်ကို သူ၏ လက်မောင်းထဲတွင် ပွေ့ချီလိုက်ပြီး ပြောလိုက်လေ သည်။

“ငါတို့ အရင် သွားနှင့်မယ်….”

မည်သူမျှ မတုံ့ပြန်နိုင်မီမှာပင် သူသည် သူ၏ လေဓာတ်စွမ်းအင်ကို အသုံးပြုပြီး လေကို ထိန်းချုပ်ကာ ညဉ့်ကောင်းကင်ယံထဲသို့ ပျံတက်သွားလေတော့သည်။

သူ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း အဖွဲ့ဝင်တစ်ဦးက ခေါင်းကို ကုတ်ကာ ပြောလိုက်လေသည်။

“ဗိုလ်ကြီး ပျံနိုင်တယ်ဆိုတာ ငါတို့ မသိခဲ့ကြဘူး…”

ကျန်သူများကလည်း ပြိုင်တူ ခေါင်းညိတ်ကြလေသည်။

“ငါတို့လည်း မသိဘူး…”

ဗီလာအတွင်းတွင် တင်ကျန့်ဖုန်းကမေးလိုက်လေသည်။

“ကိုရှီ... ဗိုလ်ကြီး အခု ပျံနိုင်ပြီဆိုတာ မင်း ငါတို့ကို ဘာလို့ တစ်ခါမှ မပြောခဲ့တာလဲ….”

ရှီရွှမ်းကတော့ ထိုအမေးကို ဂရုမစိုက်ဟန်ဖြင့် ပုခုံးတစ်ချက် တွန့်ပြကာ ပြန်ဖြေလိုက်လေ သည်။

“ဪ... ဆောရီးပဲ၊ ငါ မေ့သွားလို့….”

တင်ကျန့်ဖုန်းမှာ သူ၏ အေးစက်စက် လေသံကြောင့် ဆွံ့အသွားရလေတော့သည်။

“.....”

*အစ်ကိုကြီးရာ... မင်းက တကယ်ကို အေးစက်လွန်းတာပဲ…*

တင်ကျန့်ဖုန်း၏ အကြည့်ကို လျစ်လျူရှုရင်း ရှီရွှမ်းသည် ဝေါကီတော်ကီကို ကောက်ကိုင်ကာ အပြင်မှ အဖွဲ့ကို မေးလိုက်လေသည်။

“အစ်ကိုယွမ်ရဲ့ ဗီလာဆီကို မင်းတို့ကို ငါ နေရာရွှေ့ပြောင်းပေးရမလား…”

ထိုစကားကို ကြားသောအခါ သန်မာထွားကြိုင်းသော အဖွဲ့ဝင်တစ်ဦးက အရပ်အရှည်ဆုံးလူဆီမှ ဝေါကီတော်ကီကို အလျင်အမြန် လုယူလိုက်ပြီး ပြန်ဖြေလိုက်လေသည်။

“ဟင့်အင်း... မလိုဘူး… မင်းရဲ့ နေရာရွှေ့ပြောင်းတဲ့ စွမ်းရည်က ငါ့ကို အမြဲ မူးနောက်စေလို့…”

ရှီရွှမ်းက သူ၏ စကားကြောင့် တစ်ချက် ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။

“ကောင်းပြီ... အစ်ကိုယွမ်ရဲ့ ဗီလာ တည်နေရာကို မင်းတို့ဆီ ပို့ပေးလိုက်မယ်… လမ်းကြောင်းအတိုင်း သွားလိုက်ရင် ငါးမိနစ်အတွင်း ရောက်လိမ့်မယ်….”

“နားလည်ပြီ…”

သန်မာသော အမျိုးသားက ပြန်ဖြေပြီး ဆက်သွယ်မှုကို ဖြတ်လိုက်လေသည်။

အရပ်ရှည်သော အမျိုးသားထံ ဝေါကီတော်ကီကို ပြန်ပေးရင်း ပြောလိုက်လေသည်။

“သွားကြစို့... ဗိုလ်ကြီးတစ်ယောက်တည်း ပျော်နေတာကို ငါတို့ ကြည့်နေလို့ မဖြစ်ဘူး…”

အဖွဲ့သားများသည် ယွမ်ရိဟွေး၏ ဗီလာသို့ ဦးတည်သွားနေစဉ်မှာပင် လုံယုနှင့် ယောင်ရန်တို့မှာ ထိုနေရာ သို့ ရောက်ရှိနေပြီဖြစ်ပေသည်။

သူတို့ သံတံခါးရှေ့သို့ ဆင်းသက်လိုက်သည်နှင့် ယွမ်ရိဟွေးသည် ဒုတိယထပ် ဝရန်တာမှနေ၍ သူတို့ကို လက်ဝှေ့ယမ်းပြလိုက်လေသည်။ သူက ပြုံးလျက် နှုတ်ဆက်လိုက်လေသည်။

“အစ်ကိုလုံ၊ မစ္စယောင်ရန်... ခင်ဗျားတို့ ရောက်လာပြီပဲ…. ကျေးဇူးပြုပြီး အထဲဝင်လာခဲ့ကြပါ…”

ထိုစကားကြောင့် ယောင်ရန်သည် အပေါ်သို့ မော့ကြည့်ကာ သူ့အား ပြန်လည်လက်ဝှေ့ယမ်းပြလိုက် လေသည်။ ယွမ်ရိဟွေး၏ လူတစ်ဦးက တံခါးဖွင့်ပေးလိုက်ပြီးနောက် လုံယုနှင့် ယောင်ရန်တို့သည် အထဲသို့ လှမ်းဝင်သွားကြလေတော့သည်။

All Chapters