← Chapters

အခန်း ၄၁၀

Vol. 41 Ch. 410

အခန်း ၄၁၀

Vol. 41 Ch. 410

အခန်း (၄၁၀) ရှင် မီးရှူးမီးပန်းတွေ ကြည့်ချင်လား

“နောက်ထပ် ငါးယောက် လာနေသေးတယ်”

ယောင်ရန်က ဘေးမှဖြတ်သွားသော အမျိုးသားအား အသိပေးလိုက်လေသည်။

ထိုစကားကို ကြားသောအခါ သူက ခေါင်းညိတ်ပြပြီး ပြောလိုက်လေသည်။

“နားလည်ပါပြီ…”

အမျိုးသားတစ်ဦးက သူတို့အား နှုတ်ဆက်ပြီးနောက် ဒုတိယထပ် ဧည့်ခန်းတွင် စောင့်နေသော ယွမ်ရိဟွေး ထံသို့ ခေါ်ဆောင်သွားခဲ့လေသည်။

သူ၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာကို သတိပြုမိသဖြင့် ယောင်ရန်က စိုးရိမ်တကြီး မေးလိုက်လေ သည်။

“ဘာဖြစ်တာလဲ…”

ယွမ်ရိဟွေးက သက်ပြင်းချရင်း ပြန်ဖြေလိုက်လေသည်။

“အိပ်ရေး နည်းနည်းပျက်နေလို့ပါ… အဲဒီဂိုဏ်းသားတွေက ဒီနှစ်ရက်အတွင်း ကျွန်တော်တို့ကို တော်တော် ဒုက္ခပေးနေတယ်…”

သူ့ထံတွင် ပိုမိုဆိုးရွားသော ကိစ္စတစ်ခုခု ဖြစ်ပျက်ခဲ့ကြောင်း သိလိုက်သဖြင့် ယောင်ရန်သည် သူနှင့် မျက်နှာချင်းဆိုင် ဆိုဖာတွင် ထိုင်လိုက်ပြီး မေးလိုက်လေသည်။

“သူတို့ ဘာလုပ်ကြလို့လဲ….”

ယွမ်ရိဟွေးက လက်သီးကို တင်းတင်းဆုပ်ကာ ဒေါသတကြီး ရှင်းပြလိုက်လေသည်။

“သူတို့က ကျွန်တော်တို့ရဲ့ ရိက္ခာတွေကို ခိုးဖို့ လူတွေကို အကြိမ်ကြိမ် လွှတ်နေတာ… တကယ်လို့များ ကျွန်တော်တို့သာ တိုက်ခိုက်ရေးစွမ်းအားရှင်တွေကို ကြိုတင်ပြီး အများကြီး မစုဆောင်းထားခဲ့ရင် အခုဆို အားလုံး အသတ်ခံနေရလောက်ပြီ…”

သူ့စကားကြောင့် ယောင်ရန် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူမက မေးလိုက်လေသည်။

“လွန်ခဲ့တဲ့ နှစ်ရက်က ဗိုလ်ကြီးလီဆီကို ရိက္ခာတွေ သွားပို့ပေးခဲ့လို့ ဖြစ်နိုင်မလား….”

ယွမ်ရိဟွေးက လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

“ဟုတ်တယ်…. အဲဒီနေ့က ကျွန်တော် ဓားပြအုပ်စုနဲ့ တိုးခဲ့တယ်… ပြဿနာတက်မယ်လို့တော့ တွက်ထား ပေမယ့် သူတို့တွေ အခုလို အုပ်စုဖွဲ့လာမယ်လို့တော့ မထင်ထားမိဘူး… သူတို့ရဲ့ မပြတ်တမ်း တိုက်ခိုက်မှု တွေကြောင့် ကျွန်တော်တို့ ကောင်းကောင်းတောင် အနားမယူရသေးဘူး….”

လူတိုင်း၏ မျက်လုံးအောက်တွင် ညိုမည်းနေသည့် ကွင်းကြီးများကို သတိပြုမိသဖြင့် ယောင်ရန် ခဏမျှ စဉ်းစားလိုက်လေသည်။ ထို့နောက် သူမသည် (၅၀) လီတာဆံ့ ရေပုံးကြီးတစ်ပုံးကို သူမ၏ နေရာလွတ် ထဲမှ ထုတ်ယူလိုက်ပြီး ပြောလိုက်လေသည်။

“ဒီရေကို ရှင့်ရဲ့ စွမ်းအားရှင်တွေကြားထဲမှာ ခွဲဝေပေးလိုက်ပါ… တစ်ယောက်ကို တစ်ခွက်ပဲ သောက်ခိုင်း ပါ….”

ရေပုံးကြီးကို မြင်လိုက်ရသောအခါ ယွမ်ရိဟွေး၏ မျက်လုံးများ ဝင်းလက်သွားခဲ့လေသည်။ သူသည် ရေပုံးအတွင်းရှိ ကြည်လင်နေသော အရည်ကို ကြည့်ကာ စိတ်လှုပ်ရှားစွာ မေးလိုက်လေသည်။

“မစ္စယောင်ရန်... ဒါက ဘာလဲ...ဆေးရည်အသစ်လား….”

ယောင်ရန်က ခေါင်းညိတ်ပြပြီး မျက်တောင်မခတ်ပဲ လိမ်ညာလိုက်လေသည်။

“အဲဒီလိုပါပဲ…. ဒါက စွမ်းအားရှင်တွေရဲ့ စွမ်းအင်ကို ပြန်ပြည့်စေတယ်၊ အားအင်ဖြည့်ပေးတယ်၊ ပြီးတော့ ဒဏ်ရာတွေကိုလည်း ကုသပေးနိုင်တယ်…”

သူမ၏ စကားကြောင့် ထိုနေရာတွင် ရှိနေသူအားလုံးနှင့် ခုနကမှ ရောက်လာသည့် လုံယု၏ ညီအစ်ကို ငါးယောက်စလုံးမှာ အံ့အားသင့်စွာဖြင့် သူမကို စိုက်ကြည့်နေမိကြလေသည်။

ခဏမျှ မှင်တက်သွားပြီးနောက် ယွမ်ရိဟွေးသည် ဆိုဖာပေါ်မှ ရုတ်တရက် ထရပ်လိုက်ပြီး ရေအိုင်မှ ရေတစ်ခွက်ကို အလျင်အမြန် လောင်းထည့်လိုက်လေသည်။ ဘာစကားမျှ မဆိုဘဲ သူသည် ထိုရေကို တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်ချလိုက်လေတော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်သူများက သူ့အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေ ခဲ့ကြလေသည်။ စက္ကန့်အနည်းငယ်အကြာတွင် သူ၏ လူတစ်ဦးက သတိကြီးစွာဖြင့် မေးလိုက်လေ သည်။

“အစ်ကိုယွမ်... ဘယ်... ဘယ်လိုနေလဲ…”

ယွမ်ရိဟွေးသည် အားနေသော ဖန်ခွက်ကို စားပွဲပုလေးပေါ် တင်လိုက်ပြီး ယောင်ရန်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

“မစ္စယောင်ရန်... ခင်ဗျားဆီမှာ ဒီလို ဝှက်ဖဲမျိုး ရှိနေလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေးမိဘူး…”

ယောင်ရန်က ပြုံးလျက် ပြောလိုက်လေသည်။

“အခုတော့ သိသွားပြီပေါ့…”

ယွမ်ရိဟွေးက ရယ်မောလိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်လေသည်။

“အားလုံးပဲ... လာပြီး ခွဲတမ်းယူကြ… စွမ်းအင်တွေကို ပြန်ဖြည့်ပြီး ငါတို့ကို ဒုက္ခပေးခဲ့တဲ့ အဲဒီကောင်တွေ ကို အတိုးချပြီး ပြန်ပေးဆပ်ခိုင်းကြတာပေါ့…”

“ဟုတ်ကဲ့ပါ အစ်ကိုယွမ်….”

သူတို့ တက်ကြွလာသည်ကို မြင်သောအခါ လုံယုက ယောင်ရန်အား ပြောလိုက်လေသည်။

“သူတို့ ငါတို့ရဲ့ အကူအညီတောင် မလိုလောက်တော့ဘူး ထင်တယ်….”

ကျန်ရှိနေသော အဖွဲ့ဝင် ငါးဦးက ထိုစကားကို ကြားသောအခါ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နောက် အရပ်ရှည်သောအမျိုးသားက အကြံပြုလိုက်လေသည်။

“ဗိုလ်ကြီး... ကျွန်တော်တို့ အရင်ဆုံး အခြေအနေကို သွားကင်းထောက်လိုက်ရင်ကော ဘယ်လိုလဲ… ဒရုန်းဗီဒီယိုအရဆိုရင် အဲဒီလူတွေက အနည်းဆုံး လူတစ်ရာလောက် ပါလာပုံရတယ်…”

ထိုစကားကြောင့် လုံယုက ခေါင်းညိတ်ပြကာ ပြောလိုက်လေသည်။

“ကောင်းပြီ... ဒါဆို မင်းပဲ ဦးဆောင်လိုက်တော့….”

မာဘန်ရွှမ်က အမိန့်ကို လက်ခံလိုက်လေသည်။

“ဟုတ်ကဲ့ပါ ဗိုလ်ကြီး…”

သူတို့ ထွက်သွားပြီးနောက် လုံယု ထရပ်လိုက်ပြီး ပြောလိုက်လေသည်။

“အစ်ကိုယွမ်... ကျွန်တော်တို့ အပြင်ထွက်ပြီး အဲဒီလူတွေကို အရင် ရှင်းထားလိုက်မယ်… ဒီအချိန်မှာ ခင်ဗျားတို့ ကောင်းကောင်း အနားယူပြီး အားအင်ပြန်ဖြည့်ထားလိုက်ပါ…..”

ယွမ်ရိဟွေးက ခေါင်းညိတ်ပြကာ သတိပေးစကားပြောလိုက်လေသည်။

“ကောင်းပါပြီ... အဲဒီလူတွေက တော်တော် ကောက်ကျစ်တာ။ တိုက်တဲ့အခါ ဂရုစိုက်ဦးနော်…..”

“နားလည်ပါပြီ…”

ထို့နောက် လုံယုသည် ယောင်ရန်ကို ပွေ့ချီကာ ဒုတိယထပ် ဝရန်တာမှနေ၍ ပျံထွက်သွားလေတော့သည်။

သူတို့ အမှောင်ထုထဲတွင် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း လူတစ်ဦးက မှတ်ချက်ပေးလိုက်လေ သည်။

“လေစွမ်းအားရှင်တွေ အဲဒီလို ပျံနိုင်တာ အံ့ဩစရာပဲ… ကျွန်တော်ကတော့ သူတို့က ပံ့ပိုးပေးရုံပဲ တတ်နိုင်တယ် ထင်နေတာ…”

ထိုစကားကို ကြားလိုက်ရသဖြင့် ယွမ်ရိဟွေးက တဟားဟား ရယ်မောလိုက်ပြီး…၊

“လေစွမ်းအားရှင်တိုင်း ပျံနိုင်တာ မဟုတ်ဘူးကွ…”

ယခင်က အရောင်းအဝယ်ဈေးကွက်တွင် ကြားခဲ့ဖူးသော စကားများကို ပြန်လည်အမှတ်ရရင်း ယွမ်ရိဟွေး က ဆက်ပြောလိုက်လေသည်။

“လေကို ထိန်းချုပ်ပြီး လေထဲမှာ မျောနေဖို့က စွမ်းအင် အများကြီး လိုအပ်တယ်လို့ ငါ မှတ်မိနေတယ်… တကယ်လို့ ပျံသန်းချင်တယ်ဆိုရင်တော့ လေစွမ်းအင်ကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ လိုအပ်တယ်… ဒါက လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး…”

“နောက်ပြီး အစ်ကိုလုံက တိုက်ခိုက်ရေး အမျိုးအစား စွမ်းအားရှင် တစ်ယောက်ပဲ… သူ ပုံပျက်နေတဲ့ ဘီလူးအုပ်ကြီးကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာကို ငါ တစ်ခါ မြင်ဖူးတယ်… နောင်ကျရင် စကား ပြောတဲ့အခါ သတိထားဦး….”

ထိုစကားကို ကြားသောအခါ ထိုအမျိုးသားမှာ ခေါင်းညိတ်ပြသော်လည်း ယွမ်ရိဟွေး၏ စကားကို အပြည့်အဝတော့ မယုံကြည်နိုင်သေးပေ။

သူတို့ ဆွေးနွေးနေသည်ကို မသိဘဲ လုံယုသည် အပြင်ဘက်သို့ ပျံသန်းသွားပြီး လေထဲတွင် ဝဲနေလိုက် လေသည်။ အပေါ်စီးမှ ကြည့်လျှင် သူနှင့် ယောင်ရန်တို့သည် ဗီလာဧရိယာထဲသို့ ခိုးဝင်လာနေသော လူအုပ်စု အချို့ကို မြင်တွေ့နေရပေသည်။

“သူတို့က တခြား ဗီလာတွေကိုတောင် ဂရုမစိုက်ကြဘူးပဲ…. ကြည့်ရတာ သူတို့က ယွမ်ရိဟွေးကိုပဲ တကူးတက လာတိုက်ကြတာ ထင်တယ်….”

ယောင်ရန်က သူတို့ကို အကဲခတ်ပြီးနောက် ပြောလိုက်လေသည်။

“ဟုတ်တယ်….”

လုံယုက အောက်ရှိ လူများကို စူးစမ်းရင်း ပြန်ဖြေလိုက်လေသည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက ပြောလိုက်လေသည်။

“သူတို့ထဲမှာ အာရွှမ်းလောက် နီးနီး အစွမ်းထက်တဲ့သူ သုံးယောက် ပါလာတယ်….”

ထိုစကားကြောင့် ယောင်ရန်က စိတ်ဝင်တစားဖြင့် မျက်ခုံးပင့်လိုက်လေသည်။

“ကျွန်မရဲ့ ရေအိုင်ထဲက ရေရဲ့ အကူအညီ မပါဘဲနဲ့ ဒီလောက် အစွမ်းထက်နေတယ်ဆိုရင် သူတို့မှာ တကယ့် ပါရမီရှိတာပဲ ဖြစ်ရမယ်…”

လုံယုက ခေတ္တစဉ်းစားပြီး ခေါင်းခါပြလိုက်လေသည်။

“ငါတော့ အဲဒီလို မထင်ဘူး… သူတို့ရဲ့ စွမ်းအင်တွေက တအား လှုပ်ခတ်နေတယ်... အရမ်းကြီး မတည် ငြိမ်ဘူး…”

သူတို့သည် ထိုစွမ်းအားရှင်များ၏ မတည်ငြိမ်သော စွမ်းအင်များအကြောင်း ဆွေးနွေးနေစဉ်မှာပင် ထို သုံးဦးထဲမှ တစ်ဦးက ရုတ်တရက် အပေါ်သို့ မော့ကြည့်လိုက်လေသည်။ ထိုလူက လုံယုကို လက်ညှိုး ညွှန်ပြကာ အော်လိုက်လေသည်။

“ဟိုအပေါ်မှာ လူရှိနေတယ်….”

သူ၏ အော်သံကြောင့် ကျန်သူများမှာ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် လုံယုနှင့် ယောင်ရန်ရှိရာသို့ သူတို့ ၏ စွမ်းအားများဖြင့် စတင်ပစ်ခတ်ကြတော့သည်။ တိုက်ကွက်များ သူတို့ဆီ မရောက်မီမှာပင် လုံယု သည် လေကို ထိန်းချုပ်ကာ သူတို့၏ တိုက်ခိုက်မှုအားလုံးကို လျင်မြန်ချောမွေ့စွာ ရှောင်တိမ်းလိုက် လေသည်။

ထိုမြင်ကွင်းကို မြင်သောအခါ ထိုလူက ဆဲဆိုလိုက်ပြီး အမိန့်ပေးလိုက်လေသည်။

“သူတို့ကို အောက်ကိုဆွဲချပစ်….”

စက္ကန့်အနည်းငယ်အကြာတွင် သစ် စွမ်းအားရှင် သုံးဦးက သူတို့ဆီသို့ နွယ်ပင်များကို ပစ်လွှတ်လိုက်ကြ လေသည်။

ယောင်ရန်က ထိုမြင်ကွင်းကို ကြည့်ကာ မဲ့ပြုံးပြုံးလိုက်ပြီး သူမ၏ လက်ကို အသာအယာ မြှောက်လိုက် လေသည်။ လုံယုက နွယ်ပင်များကို ရှောင်တိမ်းနေစဉ် သူမသည် သူမ၏ ရေစွမ်းအင်ကို အသုံးပြုကာ ရန်သူများ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော သွေးများကို စတင်အာရုံခံလိုက်လေသည်။

ရေနှင့် သွေးတို့၏ သိမ်မွေ့သော ကွာခြားချက်များကို ခွဲခြားသိမြင်ပြီးနောက် ယောင်ရန်၏ မျက်လုံးများ တွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ဝင်းလက်လာပြီး သူမ၏ နှုတ်ခမ်းထောင့်များမှာလည်း အပေါ်သို့ ကွေးညွတ်သွားလေတော့သည်။

သူမ၏ လက်ဖဝါးကို ဖြန့်လိုက်ရင်း သူမက ခပ်နောက်နောက် မေးလိုက်လေသည်။

“အာယု... ရှင် မီးရှူးမီးပန်းတွေ ကြည့်ချင်လား…”

All Chapters