အခန်း (၂၉၄၁-၂၉၄၂)
Vol. 295 Ch. 2941-2942
အခန်း (၂၉၄၁) - တောင်တန်း စွမ်းအင်သွင်း ဓလေ့
အဓိကတောင်ထိပ်ရှိ ကြီးမားလှသော ခန်းမဆောင်ကြီးအတွင်း၌ လူစည်ကားလျက် ရှိသည်။ တောင်ပိုင်ရှင် အသီးသီးတို့မှာ တစ်ခုမဟုတ်တစ်ခု စကားပြောဆိုကာ ပေါ့ပေါ့ပါးပါးပင် စကားစမြည် ပြောနေကြသည်။
"ဟောက်ယမ်ဘုရင် မိတ်ဆက်ပေးလိုက်တဲ့သူကလည်း ဘုရင်အဆင့် ကျွမ်းကျင်သူပဲလို့ ကြားတယ်၊ ဒါပေမဲ့ ဘုရင်အဆင့် အဆင့် (၃) ထဲက ဘယ်အဆင့်လဲဆိုတာတော့ မသိဘူး။"
"အခု သိုင်းလောကမှာ နာမည်ကြီးတဲ့ ဘုရင်အဆင့် ကျွမ်းကျင်သူ အများစုက အဆင့် (၁) ဒါမှမဟုတ် (၂) အဆင့်လောက်ပဲ ရှိကြတာ။ သိုင်းကျောင်းတော်ကြီး လေးခုမှာမှ အဆင့် (၃) ရောက်သူတွေ ရှိတာပါ။ ကျွန်တော်တို့ ကျောင်းတော်ပိုင်ရှင်လိုမျိုးပေါ့။ ဒါပေမဲ့ ဒီလူက အသက်အရွယ် နုပျိုနေတော့ အဆင့် (၁) လောက်ပဲ ဖြစ်မှာပါ။"
"ကျွန်တော်တို့ ကျောင်းတော်က ဘုရင်အဆင့် ကျွမ်းကျင်သူကို လက်ခံခဲ့တာ ကြာပြီလေ၊ ဒါပေမဲ့ သူ့ရဲ့ နောက်ကြောင်းကိုတော့ အတည်ပြုဖို့ မလိုဘူးလား။ အကယ်၍ သူက ချင်ထျန်း ဓားပြတွေရဲ့ သူလျှို ဖြစ်နေရင်ရော။"
"စိတ်မပူပါနဲ့၊ သူက ငါတို့ ကျောင်းတော်ရဲ့ အဓိက တပည့်မဟုတ်ဘူး၊ အဓိက လျှို့ဝှက် ကျမ်းဂန်တွေကို ထိတွေ့ခွင့် ရမှာ မဟုတ်ဘူး၊ ဒီကိုလာတာကလည်း အကာအကွယ်နဲ့ အဆင့်အတန်း တစ်ခုခု ရဖို့သက်သက်ပါ။ ဟောက်ယမ်ဘုရင်က အာမခံထားတာပဲ၊ ဘာကို ကြောက်စရာ လိုလို့လဲ။"
"အားလုံးပဲ၊ ကျွန်တော် တစ်ခုလောက် ပြောပါရစေ။"
ရုတ်တရက် အသံပိုင်ရှင်မှာ ခိုင်မာသော မျက်နှာထားရှိသည့် သက်ကြီးရွယ်အိုတစ်ဦး ဖြစ်သည်။ သူက ဖြည်းညှင်းစွာ စကားစလိုက်သည်။
တောင်ပိုင်ရှင်များမှာ အာရုံစိုက်သွားကြပြီး ထိုသူ့ဆီသို့ ဝိုင်းကြည့်ကြသည်။
"ကျောက်ရုပ်ဘုရင် ၊ ခင်ဗျား ဘာပြောချင်တာလဲ။"
စကားမပြောဘဲ တိတ်ဆိတ်နေခဲ့သော ဟောက်ယမ်ဘုရင်က ထိုသူကို ကြည့်ကာ ပြုံး၍ မေးလိုက်သည်။
ကျောက်ရုပ်ဘုရင်က အနည်းငယ် ပြုံးလျက် -
"ကျွန်တော် ထင်တာကတော့ သူ့ရဲ့ နောက်ကြောင်းက မရှင်းလင်းဘဲနဲ့ ချွန်းယမ်တောင်ကို သူ့ကို ပေးလိုက်တာက အလွန်တရာ အလျင်စလို ဖြစ်မနေဘူးလား။"
"ကျွန်တော် အာမခံထားတာပဲ၊ ဒါ့အပြင် ကျောင်းတော်ပိုင်ရှင်ကိုယ်တိုင်လည်း သဘောတူထားတာ၊ အလျင်စလို ဆိုတဲ့ စကားက ဘယ်ကနေ စပြောတာလဲ။"
ဟောက်ယမ်ဘုရင်က အေးဆေးပင် ပြန်ပြောသည်။
ကျောင်းတော်ပိုင်ရှင်က သဘောတူထားပြီးပြီလား
တောင်ပိုင်ရှင်များမှာ အလယ်တွင် ထိုင်နေသော အသက်အရွယ် အသင့်အတင့်ရှိသည့် အမျိုးသားကို အလိုလိုပင် ကြည့်လိုက်ကြသည်။ ထိုသူမှာ တည်ငြိမ်လှပြီး တောင်ကြီးတစ်လုံးကဲ့သို့ ထိုင်နေသည်။ စကားတစ်ခွန်းမျှ မပြောသော်လည်း ခန်းမထဲတွင် ထိုင်နေရုံဖြင့် တောင်တန်းကြီးတစ်ခု၏ ကျောရိုးကဲ့သို့ ခန့်ညားလှသည်။
"ကျောင်းတော်ပိုင်ရှင်ရဲ့ စွမ်းအားက ပိုပြီး တိုးတက်လာပုံပဲ..."
တောင်ပိုင်ရှင် အများစုက စိတ်ထဲတွင် တွေးလိုက်ကြသည်။ ဆွေဝေ့ သိုင်းကျောင်းတော်၏ ကျမ်းဂန်အားလုံးမှာ အဓိကပဲဖြစ်စေ၊ သာမန်ပဲဖြစ်စေ တောင်တန်း၏ စွမ်းအား ကိုသာ လေ့ကျင့်ကြရသည်။ ကျွမ်းကျင်လာသောအခါတွင် လူတစ်ယောက်ကို အလွန် ခန့်ညားလေးနက်သည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်။
ကျောင်းတော်ပိုင်ရှင်က ခေါင်းအသာညိတ်ပြီး ကျောက်ရုပ်ဘုရင်ကို တစ်ချက်ကြည့်လိုက်သည်။
"ငါ ဒီကိစ္စကို သဘောတူထားတာပါ။ မင်း စိုးရိမ်တာလည်း အကြောင်းမဲ့ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါတို့ ဆွေဝေ့ သိုင်းကျောင်းတော်မှာ တရားကျင့်နေတဲ့ ရှေးဟောင်း ဘိုးဘေးတွေ ရှိနေသရွေ့ ချင်ထျန်း ဓားပြတွေကို ဒီနေရာမှာ လာပြီး ဆိုးသွမ်းခွင့် ပေးမှာ မဟုတ်ဘူး။ အကယ်၍ သူက တကယ်ပဲ ချင်ထျန်း ဓားပြ ဖြစ်နေရင်လည်း ဘိုးဘေးတွေကပဲ ကြည့်ရှုစောင့်ရှောက်လိမ့်မယ်၊ ငါတို့ စိုးရိမ်စရာ မလိုပါဘူး။"
ကျောင်းတော်ပိုင်ရှင်၏ ပါးစပ်မှ 'ဘိုးဘေးများ' အကြောင်းကို ကြားလိုက်ရသောအခါ တောင်ပိုင်ရှင်များအားလုံး စိတ်အေးသွားကြသည်။
"ကျောင်းတော်ပိုင်ရှင် ဒီလိုပြောမှပဲ ကျွန်တော် စိတ်ချရပါတော့တယ်။"
ကျောက်ရုပ်ဘုရင်က ခေါင်းညိတ်သည်။
မကြာမီပင် ဖန့်ချန်သည် လီဝင်ချင်းနှင့်အတူ ခန်းမထဲသို့ ဝင်ရောက်လာသည်။ ခန်းမအတွင်း ပြောဆိုနေသံများမှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။ တောင်ပိုင်ရှင်များစွာမှာ ဖန့်ချန်ကို အံ့သြစွာဖြင့် အပေါ်အောက် အကဲခတ်နေကြသည်။ အကြောင်းမှာ သူက အလွန်ပင် ငယ်ရွယ်နေသောကြောင့် ဖြစ်သည်။
တစ်ဖက်လူ၏ ရုပ်ရည်မှာ အသက် (၂၀) ကျော်မျှသာ ရှိပုံရသည်။ အကယ်၍ အိုမင်းခြင်းကို ထိန်းချုပ်သည့် နည်းလမ်းကို မတတ်မြောက်ထားဘူးဆိုပါက၊ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရင်အဆင့်ကို ရောက်နိုင်ပါ့မလား။ အကယ်၍ တကယ်ပဲ ကျွမ်းကျင်သူဆိုရင် သိုင်းလောကမှာ ဘာလို့ နာမည်မကြီးရတာလဲ။
"ကျုပ် ဖန့်ချန်၊ တောင်ပိုင်ရှင် အားလုံးကို နှုတ်ဆက်ပါတယ်။"
ဖန့်ချန်က ပြုံး၍ လက်အုပ်ချီ နှုတ်ဆက်သည်။ ထို့နောက် အလယ်တွင် ထိုင်နေသူကို ကြည့်ကာ
"ကျောင်းတော်ပိုင်ရှင်ကိုလည်း နှုတ်ဆက်ပါတယ်။" ဟု ဆိုသည်။
"ဖန့်ညီအစ်ကိုက တကယ့်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ထူးချွန်တာပဲ၊ အသက်အရွယ်ကို ထိန်းချုပ်တဲ့နည်းကို တတ်တာလား၊ ဒါမှမဟုတ် တကယ်ပဲ ဒီလောက် ငယ်တာလား။"
ကျောက်ရုပ်ဘုရင်က ရုတ်တရက် မေးလိုက်သည်။
"တကယ်ပဲ အိုမင်းခြင်းကို ထိန်းချုပ်တဲ့နည်းကို အနည်းငယ် တတ်ကျွမ်းပါတယ်။ အသက်အရွယ်နဲ့ ပြောရရင်တော့ မငယ်တော့ပါဘူး။"
ဖန့်ချန်က သက်ပြင်းချ၍ ဆိုသည်။
တောင်ပိုင်ရှင်များ၏ မျက်လုံးထဲတွင် အံ့သြမှုမှာ အနည်းငယ် လျော့နည်းသွားသည်။ သူတို့ ခန့်မှန်းရသလောက်တော့ ဖန့်ချန်က အသက် (၄၀) ဝန်းကျင်လောက် ရှိလိမ့်မည်။ ဒီလို အသက်အရွယ်မှာ ဘုရင်အဆင့် ဖြစ်နေခြင်းမှာ အလယ်အလတ်အဆင့်သာ ဖြစ်သည်။ ပိုငယ်သူက နည်းသလို၊ ပိုအသက်ကြီးသူကလည်း နည်းသည်၊ အကြောင်းမှာ အသက်အရွယ် တစ်ခုရောက်လျှင် ဟင်းလင်းပြင်အဆင့်နှင့် ဘုရင်အဆင့်ကြားက အတားအဆီးကို ကျော်ဖြတ်ဖို့ ခက်ခဲသောကြောင့် ဖြစ်သည်။
"ဖန့်ညီအစ်ကို၊ ကျွန်တော်တို့ ဆွေဝေ့ သိုင်းကျောင်းတော်မှာ ဘုရင်အဆင့်ဆိုရင် စာရင်းသွင်းရတယ်။"
ဟောက်ယမ်ဘုရင်က ရယ်မော၍
"ဘုရင်အဆင့် (၃) အဆင့်ထဲမှာ ဘယ်အဆင့်လဲ။"
ဟု မေးသည်။
"ဘုရင်အဆင့် (၁) ပါ။" ဖန့်ချန်က တည်ငြိမ်စွာပင် ဖြေလိုက်သည်။
ဘုရင်အဆင့် (၁) တဲ့လား။ တောင်ပိုင်ရှင်အချို့က ခေါင်းညိတ်လိုက်ကြသည်။ ဒီစွမ်းအားက သူတို့ ခန့်မှန်းချက်နဲ့ ကိုက်ညီနေသည်။ ဆွေဝေ့ သိုင်းကျောင်းတော်တွင် တောင် (၃၆) ခု ရှိရာ တဝက်ကျော်မှာ ဘုရင်အဆင့် (၁) များသာ ဖြစ်သည်။ အဆင့် (၂) က အနည်းစုသာ ရှိပြီး အဆင့် (၃) မှာ ကျောင်းတော်ပိုင်ရှင် တစ်ယောက်တည်းသာ ရှိသည်။
ဒီနေ့ အစည်းအဝေးမှာ အသိအမှတ်ပြုပြီး ရင်းနှီးသွားဖို့ ရည်ရွယ်သည်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ယောက် ကျောင်းတော်ကို ဝင်လာတာ ဖြစ်လို့ ဆွေဝေ့ သိုင်းကျောင်းတော်ဘက်ကလည်း လေးစားမှု ပြသရမည်ပင်။
တစ်နာရီခန့်အကြာတွင် တောင်ပိုင်ရှင်များမှာ ပြန်သွားကြသည်။
ဟောက်ယမ်ဘုရင်က ဖန့်ချန်အနားသို့ လာကာ -
"ဒီနေ့ကစပြီး ဖန့်ညီအစ်ကိုက စစ်မှန်တဲ့ ချွန်းယမ်ဘုရင်ပဲ။ ကျွန်တော်နဲ့အတူ အဓိကတောင်ကို လှည့်ပတ်ကြည့်မလား။"
ဟု မေးသည်။
"ဟောက်ယမ်ဘုရင်၊ ကျွန်တော် ကျွန်တော့်တပည့်တွေ လေ့ကျင့်ဖို့အတွက် ကျမ်းဂန်အချို့ကို သွားယူချင်တယ်။"
ဖန့်ချန်က ပြောသည်။
"ကောင်းပြီ၊ ကျမ်းဂန်တွေကို အဓိကတောင်ရဲ့ စာကြည့်တိုက်မှာ သိမ်းထားတယ်။ ကျွန်တော် ခေါ်သွားပေးမယ်။ ဒါပေမဲ့ အဓိက ကျမ်းဂန်တွေကတော့ ကျွန်တော်တို့ ကျောင်းတော်ရဲ့ တပည့်ရင်းတွေပဲ လေ့ကျင့်ခွင့် ရှိတယ်။ ဒီအချက်ကို ချွန်းယမ်ဘုရင် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။"
ဟောက်ယမ်ဘုရင်က ဆိုသည်။
ဖန့်ချန်က ရယ်မောကာ -
"လာခင်ကတည်းက ကြားပြီးသားပါ။ ကျွန်တော့် စွမ်းအားကလည်း တည်ငြိမ်နေပြီဆိုတော့ အခြား ကျမ်းဂန်ကို ပြောင်းလေ့ကျင့်ဖို့ မလိုတော့ပါဘူး။ အခြေခံလောက်ပဲ ယူပြီး တပည့်တွေကို သင်ပေးမှာပါ။"
ဟု ပြောသည်။
"ဒါဆိုလည်း ကောင်းပြီ၊ ချွန်းယမ်ဘုရင် ကျွန်တော့်နောက် လိုက်ခဲ့ပါ။"
......
......
တစ်နာရီခန့်အကြာတွင် ဖန့်ချန်သည် လက်ထဲက ကျမ်းဂန်ကို ဖတ်ရင်း ချွန်းယမ်တောင်ဘက်သို့ လမ်းလျှောက်သွားသည်။ ချင်းဝူကျိုးနှင့် ကော်ယန်လီတို့မှာ ခေါင်းငုံ့လျက် သူ၏ နောက်မှ လိုက်ပါလာသည်။ အဓိကတောင် စာကြည့်တိုက်မှ ဖန့်ချန်သည် တောင်တန်း စွမ်းအင်သွင်း ဓလေ့ ကျမ်းတစ်စောင်ကိုသာ ယူခဲ့သည်။
ချင်ဖိုကျားက သူ့ကို ပြောခဲ့ဖူးသည်၊ ဒီနေရာမှာ အမှားမှန် ထွင်းဖောက် မျက်လုံး ကို နားလည်ဖို့ဆိုရင် ဆွေဝေ့ သိုင်းကျောင်းတော်ရဲ့ ကျမ်းဂန်ကို မဖြစ်မနေ လေ့ကျင့်ရမည်ဟု ဆိုသည်။ အမှန်ပင် ဖြစ်သော်လည်း ချင်ဖိုကျားမှာ အသေးစိတ်ကို မသိပေ။ ဆွေဝေ့ သိုင်းကျောင်းတော်၏ ကျမ်းဂန်ကို လေ့ကျင့်မှ ရမည်ဟု မဆိုလိုပါ။
ဖန့်ချန်ကိုယ်တိုင်ကပင် ခန္ဓာကိုယ်ထဲတွင် 'ဟင်းလင်းပြင် စွမ်းအား' ရှိနေသဖြင့် 'အမှားမှန် ထွင်းဖောက် မျက်လုံး' ၏ စွမ်းအားကို ခံစားနိုင်သည်။ ထို့ကြောင့် ဟင်းလင်းပြင်အဆင့်မှာ ထိုမျက်လုံးကို နားလည်ဖို့ မရှိမဖြစ် လိုအပ်သည့်အချက် ဖြစ်သည်။ သို့သော်လည်း သူသည် တောင်အောက်တွင် ထိုမျက်လုံး၏ စွမ်းအားကို လုံးဝ မခံစားရပေ။ ဆွေဝေ့ သိုင်းကျောင်းတော် ရောက်မှသာ အနည်းငယ် ခံစားမိသည်။ ဆိုလိုသည်မှာ ကျောင်းတော်လေးခုလုံးသည် ထိုမျက်လုံးနှင့် ဆက်စပ်နေခြင်း ဖြစ်နိုင်သည်။
"ဒီ တောင်တန်း စွမ်းအင်သွင်း ဓလေ့ ဆိုတာ တကယ်ပဲ ကောင်းတဲ့အရာပဲ၊ ခန္ဓာကိုယ်ကို သန့်စင်ပေးပြီး စွမ်းအားကို တိုးတက်စေတယ်၊ ဟင်းလင်းပြင်အဆင့်အထိတောင် ရောက်နိုင်တယ်။ ဒါက အခြေခံ ကျမ်းဂန်ပေမဲ့ သိုင်းလောကမှာဆိုရင် အဆင့်မြင့် ကျမ်းဂန်တစ်ခုလို့တောင် ခေါ်နိုင်လောက်တယ် မဟုတ်လား။"
ဖန့်ချန်က တိုးတိုးလေး ပြောလိုက်သည်။
ချင်ဝူကျိုးက ကော်ယန်လီကို တစ်ချက်ကြည့်လိုက်ပြီးမှ သတ္တိမွေးကာ -
"ဖန့် ဆရာဘိုးဘေး ပြောတာ မှန်ပါတယ်။ သိုင်းကျောင်းတော်ကြီး လေးခုရဲ့ အခြေခံ ကျမ်းဂန်တွေက သိုင်းလောကမှာ အဆင့်မြင့်ဆုံးတွေပါ။ ဒါကြောင့်လည်း သူတို့က ဒီလို နေရာမျိုးမှာ ဒီလို အဆင့်အတန်းနဲ့ ရပ်တည်နိုင်တာပါ။"
ဟု ဆိုသည်။
"ဒါပေမဲ့ မင်းတို့ရဲ့ ပါရမီကတော့ သိပ်မကောင်းလှဘူး၊ ဟင်းလင်းပြင်အဆင့်အထိ ရောက်နိုင်တဲ့သူလည်း မရှိဘူး မဟုတ်လား။"
ဖန့်ချန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
ချင်ဝူကျိုးမှာ ရှက်ရွံ့စွာဖြင့်
"ဟုတ်ပါတယ်" ဟု ဖြေသည်။ ကော်ယန်လီ၏ မျက်နှာမှာမူ အလွန်ပင် ရှက်ရွံ့စရာ ကောင်းနေသည်။
"အရင်က လီမိသားစု အိမ်ခြံက ရှီမျိုးနွယ်စုရဲ့ အလောင်းတွေကို စီမံခိုင်းတာလေ၊ ဘာလို့ မြေအောက်ခန်းကနေ တက်လာတော့ မင်းတို့ကို မတွေ့ရတာလဲ။"
ဖန့်ချန်က စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလိုက်သည်။
ချင်ဝူကျိုး၏ ရင်ထဲမှာ တုန်လှုပ်သွားသည်။
အပြစ်ပေးတော့မှာလား...
"ထားပါတော့၊ မင်းတို့လည်း အသက်ကြီးပြီ၊ ချွန်းယမ်တောင် ရောက်ရင်တော့ အလုပ်ကြမ်းလေးတွေပဲ လုပ်ရတော့မယ်။ ငါ့ဘက်မှာလည်း လူလိုနေတာပဲ။"
ဖန့်ချန်က ဆိုသည်။
ချင်ဝူကျိုး စိတ်သက်သာရာ ရသွားသည်။ အသက်ရှင်ဖို့ လမ်းစရှိသေးသည်။
"ကော်ယန်လီ၊ မင်းကတော့ တမူထူးခြားတယ်၊ မင်းက ပါရမီရှင်ပဲ။ ယင်သူတော်စင် တွေထဲမှာလည်း နာမည်ကြီးနေမှာပေါ့။ မင်းရဲ့ အထက်က ခေါင်းဆောင်တွေကလည်း မင်းကို အများကြီး မျှော်လင့်ထားမှာပဲ၊ ဒါကြောင့်လည်း ဒီကို လွှတ်လိုက်တာပေါ့၊ မဟုတ်လား။"
ဖန့်ချန်က ကော်ယန်လီဘက်သို့ လှည့်ကာ ပြုံး၍ ပြောသည်။
"မင်း ချွန်းယမ်တောင် ရောက်ရင်တော့ လူတိုင်းရဲ့ ညအိုးတွေကို မင်းပဲ တာဝန်ယူပြီး ဆေးကြောရမယ်။ ငါတို့တွေက သာမန်လူတွေ ဖြစ်သွားပြီဆိုတော့ ဒီလို ညစ်ပတ်တဲ့ အလုပ်တွေကို လုပ်မယ့်သူ လိုအပ်တယ်လေ၊ မဟုတ်ရင် အနံ့တွေ နံနေမှာပေါ့။"
ကော်ယန်လီ၏ မျက်စိရှေ့မှာ အမှောင်ဖုံးသွားပြီး သတိလစ်သွားလုနီးပါး ဖြစ်သွားရတော့သည်။
အခန်း (၂၉၄၂) - တကယ်လို့ ငါ မလုပ်ဘူးဆိုရင်ရော
ချွန်းယမ်တောင်ပေါ်တွင် ဖြစ်သည်။
ဖန့်ချန် ပြန်ရောက်လာသည့်အခါ လူတိုင်းမှာ စိတ်အေးသွားကြသည်။ ဖန့်ချန်သည် အဓိကတောင်ထိပ်သို့ သွားပြီးနောက် ဘေးကင်းလုံခြုံစွာဖြင့် ပြန်ရောက်လာပြီ ဖြစ်သည့်အတွက် ထိုကိစ္စမှာ အဆင်ပြေသွားပြီဟု သူတို့ သိလိုက်ကြသည်။ နောက်ပိုင်းတွင် သူတို့သည် ချွန်းယမ်တောင်၌ စိတ်အေးလက်အေး တရားကျင့်နိုင်မည် ဖြစ်ပြီး 'အမှားမှန် ထွင်းဖောက် မျက်လုံး' ကို နားလည်အောင် ကြိုးစားနိုင်တော့မည် ဖြစ်သည်။
"ဟိုမှာ ကော်ယန်လီ မဟုတ်လား။"
ဒွမ်းချန်းရှန်းမှာ အကြည့်တစ်ချက်နှင့်ပင် ကော်ယန်လီကို မှတ်မိသွားပြီး အမူအရာ ပြောင်းလဲသွားသည်။
"ချင်ဝူကျိုးလည်း ပါလာတာပဲ၊ သူကတော့ ကိုယ့်ခြေထောက်နဲ့ ကိုယ်ထောင်ချောက်ထဲ ဝင်လာတာပဲ။"
စီကုကျိ က ရယ်မောရင်း ပြောသည်။
ချင်ဝူဆန့် ၏ စိတ်ထဲတွင်မူ ဝမ်းနည်းမှုများ ဖုံးလွှမ်းသွားသည်။ ကော်ယန်လီပါ ခေါ်လာခြင်းကို ကြည့်ရလျှင် သူတို့မှာ ဖန့်ချန်၏ လက်ချက်ဖြင့် အကြီးအကျယ် ဒုက္ခရောက်တော့မည်မှာ သေချာနေသည်။
"ကော်ယန်လီ၊ မင်းက ဟင်းလင်းပြင် တံခါးဝကို စောင့်ရှောက်ရမယ့်သူ မဟုတ်လား၊ ဘာလို့ ဒီမှာ ရောက်နေတာလဲ။ လူ (၅၀၀) ခွဲတမ်းထဲမှာ မင်း နာမည် မပါဘူး။"
ဒွမ်ချန်းရှန်းက အေးစက်စက် လေသံဖြင့် မေးလိုက်သည်။
"ဒွမ် အကြီးအကဲ..."
ကော်ယန်လီ၏ မျက်နှာမှာ အလွန်ပင် မကောင်းတော့သော်လည်း တည်ငြိမ်အောင် ဟန်ဆောင်ကာ လက်အုပ်ချီ နှုတ်ဆက်သည်။
"ပြောစမ်း၊ မင်း ဘာလို့ ဒီမှာ ရောက်နေတာလဲ။"
ဒွမ်ချန်းရှန်းက ချင်ဝူကျိုးကို တစ်ချက်ကြည့်လိုက်ပြီးမှ -
"ဒီလူမျိုးတွေ ဒီနေရာမှာ ပေါ်လာတာတော့ ထားပါတော့၊ သူတို့မှာ အမှုအခင်းလည်း မရှိဘူး။"
ဟု ဆိုသည်။
ထို့နောက် သူ၏ အကြည့်မှာ ကော်ယန်လီထံသို့ ပြန်ရောက်လာပြီး -
"ဒါပေမဲ့ မင်းက ဘာလို့ ဒီမှာ ရောက်နေတာလဲ။ အရင်က စစ်ဆေးရေးဌာနက ချမှတ်ထားတဲ့ မင်းရဲ့ ပြစ်ဒဏ်တွေက မပြီးဆုံးသေးဘူး မဟုတ်လား။"
ဟု မေးသည်။
"အရင်က ဘာဖြစ်ခဲ့လို့လဲ။"
အကြီးကဲငါးပါး တို့မှာ စပ်စုပြီး တိုးတိုးလေး မေးကြသည်။ ဝမ်ချုံစန်းက ထိုအခါမှ တိုးညှင်းသော အသံဖြင့် ရှင်းပြသည်။
"ဖန့် သူတော်စင်ဘိုးဘေး ပထမဆုံးအကြိမ် ရွှေဟွေးကျောင်းတော် ကို ရောက်တုန်းက သူက အရည်ချင်းရှိလွန်းလို့ နေမင်းခုနှစ်ပါးခန်းမ ထဲကို ဝင်နိုင်ခဲ့ပြီး နေမင်းခုနှစ်ပါး တံဆိပ် ကို ရခဲ့တယ်။ အဲ့ဒါကို ကော်ယန်လီက သူ့တပည့်ကို ကုသပေးဖို့ တောင်းဆိုခဲ့တယ်။ နောက်ဆုံးတော့ သူ မရလိုက်တဲ့အခါ နှစ်ယောက်ကြားမှာ ရန်ငြိုးဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ သူ့တပည့်က ယင်သူတော်စင် ဖြစ်နေမှန်း သိသွားတော့ ကော်ယန်လီလည်း အပြစ်သင့်ပြီး ဟင်းလင်းပြင် တံခါးဝကို စောင့်ရှောက်ဖို့ အပို့ခံလိုက်ရတာ။ ဟင်းလင်းပြင် ကွပ်မျက်သူတွေ လူ့လောကထဲကို ဖြတ်လမ်းကနေ မလာနိုင်အောင် တားဆီးထားရတာ။"
"နေမင်းခုနှစ်ပါး တံဆိပ် ဆိုတာ ရှေးဟောင်း သူတော်စင်ဧကရာဇ်ရဲ့ သွေးပဲ၊ အဲ့လိုလား..."
အကြီးကဲငါးပါးတို့မှာလည်း နားလည်သွားကြသည်။
ကော်ယန်လီမှာ တစ်စက်ကလေးမျှ စကားမပြောနိုင်ဘဲ ဒွမ်ချန်းရှန်း၏ မေးခွန်းကို ပြန်မဖြေနိုင်ဖြစ်နေသည်။
"မင်းရဲ့ အထက်က ဘိုးဘေးက ကော်ထျန်းယီ မဟုတ်လား။"
ဒွမ်ချန်းရှန်းက ရုတ်တရက် ရယ်မောလိုက်သည်။
"ဒါကြောင့်ကိုး၊ ရုံးဌာနက လူတစ်ယောက်က မင်းအတွက် နောက်ကွယ်ကနေ ကူညီပေးထားလို့ မင်း ပြစ်ဒဏ်ကနေ လွတ်လာတာပေါ့။ ဒီနေ့သာ မင်းကို မတွေ့ရင် မင်း ဟင်းလင်းပြင် တံခါးဝမှာပဲ ရှိနေအုံးမယ်လို့ ငါ ထင်နေမှာ။"
အခုဆိုရင် သူလည်း အရင်က ဖန့်ချန်ကို လျှို့ဝှက်တိုက်ခိုက်ခဲ့သူမှာ ကော်ထျန်းယီ ဖြစ်နိုင်ခြေ အများဆုံးဟု အတည်ပြုနိုင်ပြီ။ အမှားမှန် ထွင်းဖောက် မျက်လုံး ကို နားလည်ထားတဲ့ သူတော်စင်တစ်ယောက်ဆိုတော့လည်း ထိုသို့သော နည်းလမ်းမျိုး ရှိနိုင်တာ မဆန်းပါဘူး။
"ဒွမ် ဘိုးဘေး၊ ကော်ယန်လီနဲ့ ဒီမှာ ဆုံတွေ့တာကလည်း ကံတရားပါပဲ။"
ဖန့်ချန်က ရယ်မောလျက် -
"သူ ဘယ်လိုရောက်လာလဲ ဆိုတာကိုတော့ ခဏထားလိုက်ပါ၊ အပြင်ရောက်မှပဲ စကားပြောကြတာပေါ့။ ဒါပေမဲ့ ကော်ယန်လီ၊ ချင်ဝူကျိုး၊ ချင်ဝူဆန့် ၊ လွမ်းရှန်းချီ၊ လွမ်းထိုက်ရွှဲ့ တို့ရဲ့ ချွန်းယမ်တောင်ပေါ်က တာဝန်တွေကိုတော့ ဒီနေ့ပဲ ခွဲဝေရမယ်။ ငါ့လက်ထဲမှာ လူအင်အား ပိုနေသေးတော့ နောက်ပိုင်းမှာ ငါတို့လူတွေ ထပ်ရောက်လာအုံးမယ်။ နေရာကျယ်တော့ စနစ်တကျ မစီမံရင် ရှုပ်ကုန်လိမ့်မယ်။"
ဟု ပြောသည်။
"ဖန့်ချန်၊ မင်း လွန်လွန်းနေပြီ..."
လွမ်းထိုက်ရွှဲ့က အသက်ကို ပြင်းပြင်းရှူလိုက်ပြီးမှ ဒွမ်ချန်းရှန်း၊ ယဲ့ထျန်းဂူ ၊ မုန့်ထျန်းရှုတို့ကို ကြည့်ကာ
"မင်းတို့ သုံးယောက်လုံးကလည်း သူတော်စင်တွေပဲ၊ ငါ ဒီနေရာမှာ လူငယ်တစ်ယောက်ရဲ့ အနိုင်ကျင့်တာကို ဒီအတိုင်း ကြည့်နေမှာလား။"
ဟု မေးသည်။
မုန့်ထျန်းရှုမှာ စကားတစ်ခွန်းမျှ မပြော။ ဒွမ်ချန်းရှန်းကလည်း အေးစက်စက် ရယ်မောသည်။
ယဲ့ထျန်းဂူက သက်ပြင်းချလိုက်ပြီး -
"ငါက ချင်းမင် က မဟုတ်တော့ မင်းတို့ ကိစ္စကို ဝင်မစွက်ဖက်ချင်ဘူး၊ ဒါပေမဲ့ ဒီတစ်ခေါက် အမှားမှန် စစ်မြေပြင် ခရီးစဉ်မှာ မင်းသား လုပ်ခဲ့တဲ့ အလုပ်တွေက မကောင်းဘူး။ ဒီနောက်ကွယ်မှာ မင်း ခိုင်းစေတာ ဟုတ်မဟုတ် ဘယ်သူက အတည်ပြုနိုင်မလဲ။ အမှန်တရားကို မသိရသေးခင်တော့ ဖန့် သူတော်စင်ဘိုးဘေး ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။ ဖန့် သူတော်စင်ဘိုးဘေးက ဘုရင်အဆင့် ကျွမ်းကျင်သူပဲလေ၊ ဟင်းလင်းပြင်အဆင့်ထက် အများကြီး သာတာပေါ့။"
ဟု ဆိုသည်။
"ချင်ဖိုကျားတို့တောင် ဒီကမ္ဘာကို အကြိမ်ကြိမ် ရောက်ဖူးတာ၊ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြာတဲ့အထိ သူတို့က အင်အားအဆင့်မှာပဲ ရှိကြသေးတာ၊ ဟင်းလင်းပြင်အဆင့်တောင် ရောက်တဲ့သူ မရှိဘူးလေ။ ဘုရင်အဆင့် ဆိုရင် ပိုတောင် ပြောစရာ မလိုတော့ဘူး။"
"..." လွမ်းထိုက်ရွှဲ့မှာ စကားမပြောနိုင်တော့ဘဲ ငြိမ်သက်သွားသည်။
"ထိုက်ရွှဲ့၊ အခုချိန်မှာတော့ သည်းခံလိုက်ပါ၊ မင်း အသက်ကိုမှ မယူထားတာပဲ မဟုတ်လား။"
ဒွမ်ချန်းရှန်းက သက်ပြင်းချ၍ ပြောသည်။ လွမ်းထိုက်ရွှဲ့မှာလည်း ဘာမှ ဆက်မပြောတော့ပေ။
"ငါ စဉ်းစားထားတာကတော့ ချွန်းယမ်တောင်မှာ လူတွေကို နှစ်စု ခွဲမယ်။ တစ်စုက တောင်တန်း စွမ်းအင်သွင်း ဓလေ့ ကို လေ့ကျင့်မယ်။ တစ်စုကတော့ နေ့စဉ် လုပ်ရမယ့် အလုပ်တွေကို တာဝန်ယူရမယ်။"
ဖန့်ချန်က -
"တံမြက်စည်း လှည်းတဲ့ အလုပ်ကိုတော့ ချင်ဝူကျိုး၊ ချင်ဝူဆန့် ၊ လွမ်းရှန်းချီ တို့ကို တာဝန်ပေးလိုက်မယ်။"
ဟု ဆိုသည်။ သူသည် ထိုသုံးဦးကို ကြည့်ပြီး -
"မင်းတို့ သဘောမတူဘူးလား။ အခု ပြောလို့ရသေးတယ်။"
ဟု မေးသည်။
"သဘောတူပါတယ်။"
ချင်ဝူကျိုးက ချက်ချင်းပင် ခေါင်းခါလိုက်သည်။ ချင် ဝူဆန့်နှင့် လွမ်းရှန်းချီတို့လည်း တစ်စုံတစ်ခုကို သဘောပေါက်သွားသကဲ့သို့ ခေါင်းညိတ်လိုက်ကြသည်။
"ကောင်းပြီ၊ ဒါဆိုရင် ဒီအတိုင်းပဲ လုပ်မယ်။"
"လူတွေဆိုတော့လည်း စားသောက်ရမယ်၊ အညစ်အကြေး စွန့်ရမယ်လေ။"
ဖန့်ချန်က ကော်ယန်လီနှင့် လွမ်းထိုက်ရွှဲ့ကို လက်ညှိုးထိုးကာ -
"မင်းတို့ နှစ်ယောက်က ဒီအလုပ်တွေကို တာဝန်ယူရမယ်။ အားလုံးရဲ့ ညအိုးတွေကို ဆေးကြောပေးရမယ်၊ နောက်ဆုံးမှာ အားလုံးကို စုပြီး သိမ်းဆည်းရမယ်၊ ဒီနေရာမှာ အနံ့တွေ နံပြီး တရားကျင့်တာကို မထိခိုက်စေရဘူး။"
ဟု ပြောသည်။
"မင်း..." လွမ်းထိုက်ရွှဲ့မှာ မျက်လုံးပြူးသွားသည်။
"မင်းက တာဝန်ခံပဲ၊ ကော်ယန်လီကို စောင့်ကြည့်နေလိုက်။"
ဖန့်ချန်က ဆိုသည်။
"ဟုတ်ကဲ့။" လွမ်းထိုက်ရွှဲ့က ခေါင်းညိတ်သည်။ သူ၏ သဘောထားမှာ အလွန်ပင် လျင်မြန်စွာ ပြောင်းလဲသွားသည်။
ကော်ယန်လီမှာ ခဏတာ ငြိမ်သက်နေပြီးမှ ရုတ်တရက် -
"တကယ်လို့ ငါ မလုပ်ဘူးဆိုရင်ရော။ မင်းက ငါ့ကို အရှက်ခွဲနေတာပဲ။"
ဟု ပြောသည်။
"ဒါဆိုရင်တော့ သေလိုက်တော့။"
ဖန့်ချန်က လက်ကို မြှောက်လိုက်သည်။
"ငါ လုပ်မယ်"
ကော်ယန်လီမှာ ဖန့်ချန် တကယ်ပဲ သတ်ဖြတ်တော့မည် ဖြစ်ကြောင်း ခံစားလိုက်ရသည်။ ဘေးနားက သူတော်စင်တွေ စောင့်ကြည့်နေတာကိုတောင် သူ ဂရုမစိုက်တော့ဘဲ ချက်ချင်းပင် လက်ခံလိုက်ရသည်။ သူ လောင်းကြေး မထပ်ရဲတော့ပေ။
"ကောင်းပြီ။" ဖန့်ချန်က လက်ခုပ်တီးလိုက်သည်။
"မင်းတို့ အလုပ်စလုပ်ကြတော့၊ ငါတို့မှာ ဆွေးနွေးစရာတွေ ကျန်သေးတယ်။"
ကော်ယန်လီတို့မှာ တိတ်ဆိတ်စွာဖြင့် ခန်းမထဲမှ ထွက်သွားကြသည်။ သူတို့ ထွက်သွားပြီးနောက် ဖန့်ချန်သည် တောင်တန်း စွမ်းအင်သွင်း ဓလေ့ ကျမ်းကို ထုတ်လိုက်သည်။
"အားလုံးပဲ အလှည့်ကျ ဖတ်ကြပါ။ ဒါက ဆွေဝေ့ သိုင်းကျောင်းတော်ရဲ့ အခြေခံ ကျမ်းဂန်ပဲ။ တောင်တန်း၏ စွမ်းအားကို ဘယ်လို ခံစားရမလဲ ဆိုတာ ကြည့်ကြ။ ဒီကျမ်းနဲ့ ခန္ဓာကိုယ်ကို သန့်စင်ပြီး စွမ်းအားကို တိုးတက်စေမယ်၊ ဟင်းလင်းပြင်အဆင့်၊ ဘုရင်အဆင့်အထိ ရောက်နိုင်တယ်။ 'အမှားမှန် ထွင်းဖောက် မျက်လုံး' ကို နားလည်ဖို့ ဆိုရင် ဟင်းလင်းပြင်အဆင့်က မရှိမဖြစ် လိုအပ်တာ သေချာတယ်။"
ဒွမ်ချန်းရှန်းနှင့် အခြားသူတော်စင်များမှာ အလှည့်ကျ ဖတ်ရှုကြသည်။ သူတို့၏ ပါရမီမှာ ထက်မြက်သဖြင့် တစ်ခေါက် ဖတ်လိုက်ရုံဖြင့် အတော်လေး မှတ်မိသွားကြသည်။ ဖန့်ကျစ်ရွှယ် ၊ ရှဲ့အာမန်၊ ဝမ်အိုကြီး နှင့် အကြီးကဲငါးပါး တို့လည်း ဖတ်ရှုကြသည်။
"ထားပါတော့၊ ငါပဲ လက်ရေးနဲ့ ကူးလိုက်တော့မယ်၊ မှားပြီး ကျင့်ကြံတာလွဲမှာ စိုးရိမ်ရတယ်။"
စီကုကျိမှာ သတိရှိသဖြင့် စက္ကူနှင့် ဘောပင် သွားယူသည်။
"ဒါဆိုလည်း ဒီအတိုင်းပဲ၊ ငါလည်း သွားပြီး တရားကျင့်တော့မယ်။"
ဖန့်ချန်သည် ခန်းမမှ ထွက်ခွာပြီးနောက် တိတ်ဆိတ်သော အခန်းထဲသို့ ဝင်ရောက်ကာ တောင်တန်း စွမ်းအင်သွင်း ဓလေ့ ကျမ်းကို စိတ်ထဲတွင် ပြန်လည် စဉ်းစားသည်။ ထိုကျမ်းတွင် အလွှာ (၁၂) လွှာ ရှိပြီး ဟောက်ယမ်ဘုရင် ပြောသလိုဆိုလျှင် ပြီးဆုံးသောအခါ ဟင်းလင်းပြင်အဆင့်သို့ ရောက်နိုင်သည်။ သတိမထားမိလိုက်သည့် အချိန်မှာပင် ဖန့်ချန်သည် ဟင်းလင်းပြင် စွမ်းအားကို စုပ်ယူသည့် အရှိန်မှာ ပို၍ မြန်ဆန်လာသည်။
ကျမ်းဂန်၏ ပထမအလွှာ... ဒုတိယအလွှာ... တတိယအလွှာ...
ဖန့်ချန်မှာ လက်ဖက်ရည် တစ်ခွက်စာမျှ အချိန်အတွင်းမှာပင် (၁၂) လွှာအထိ အောင်မြင်သွားပြီး ခန္ဓာကိုယ်တစ်ပြင်လုံးတွင် မြေဝါရောင် စွမ်းအားများ လွှမ်းခြုံသွားသည်။ ပတ်ဝန်းကျင်ရှိ မှော်စွမ်းအား သီအိုရီ များမှာလည်း ပို၍ သက်ဝင်လှုပ်ရှားလာပြီး ဖန့်ချန်ဆီသို့ အလိုလို စုဝေးလာကြသည်။
"မဖြစ်နိုင်ဘူး၊ ဒီ တောင်တန်း စွမ်းအင်သွင်း ဓလေ့ က ဘာလို့ ဒီစွမ်းအားနဲ့ ဆက်စပ်နေတာလဲ။"
ဖန့်ချန်မှာ အံ့သြသွားသည်။ ဟင်းလင်းပြင်အဆင့်ရောက်မှသာ ဤစွမ်းအားကို နားလည်နိုင်မည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဆွေဝေ့ သိုင်းကျောင်းတော်၏ အခြေခံ ကျမ်းဂန်မှာ ထိုစွမ်းအားကို နားလည်ရန်အတွက် အပိုဆုကြေး ပေးသကဲ့သို့ ဖြစ်နေသည်။
"ဆွေဝေ့ သိုင်းကျောင်းတော်မှာ ဒီစွမ်းအား ရှိတယ်၊ အောက်မှာတော့ မရှိဘူး။"
"ဒီကျမ်းဂန်က ဒီစွမ်းအားကို နားလည်ဖို့ မြန်ဆန်စေတယ်။"
"ဒါဆိုရင်တော့ ဆွေဝေ့ သိုင်းကျောင်းတော်က အမှားမှန် ထွင်းဖောက် မျက်လုံး နဲ့ တကယ်ပဲ အနီးကပ် ဆက်စပ်နေတာပဲ။"
စိတ်ထဲရှိ အတွေးများကို ဖယ်ရှားလိုက်ပြီး ပတ်ဝန်းကျင်မှ စွမ်းအားများ ပိုမိုလှုပ်ရှားလာသည်ကို မြင်လိုက်ရသည့်အခါ ဖန့်ချန်က ပြုံးလိုက်သည်။
"လာခဲ့တော့။"
အခန်း (၂၉၄၄) - ဟယ်ရှန်းဝေ
တိုက်ပွဲမှာ စတင်သည်နှင့် အဆုံးသတ်သွားသည်မှာ အလွန်ပင် လျင်မြန်လှသည်။
ဟေးဆန်း အပါအဝင် အကြီးအကဲ ခြောက်ပါးမှာ ခေါင်းကို အောက်သို့ ဖိချခြင်း ခံလိုက်ရပြီး အဖမ်းခံလိုက်ရသည်။ တန်လင် ကျောင်းတော်မှ ဆွေ့ အကြီးအကဲမှာ ကံဆိုးစွာပင် အဖမ်းခံရချိန်တွင် တံတောင်ဆစ်ပါ ကျိုးသွားခဲ့ရသည်။ ဖန်ရွှေတို့မှာမူ ထိုမြင်ကွင်းကို ကြည့်ကာ သက်ပြင်းချလိုက်မိကြသည်။ ဂုဏ်သရေရှိ အကြီးအကဲများပင် ထိုကဲ့သို့ အခြေအနေမျိုး ရောက်သွားသည်ကို မြင်သောအခါ သူတို့ ခံစားနေရသော ဒုက္ခများမှာ ဘာမှမဟုတ်တော့ဟု တွေးမိသွားကြသည်။
ခရမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးမှာ အနည်းငယ် အံ့အားသင့်သွားပြီး -
"မင်းတို့ဆီမှာ သိုင်းပညာ ဘာတစ်ခုမှ မရှိဘဲနဲ့ ဘာလို့ ဒီနေရာကို လာရတာလဲ။ ဆွေဝေ့ သိုင်းကျောင်းတော်ရဲ့ ပထမအဆင့် စာမေးပွဲကိုတောင် မင်းတို့ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး။ ပေါင် (၁၀၀) ရှိတဲ့ ကျောက်တုံးကို ထားလိုက်ပါ၊ ပေါင် (၅၀) ရှိတဲ့ ကျောက်တုံးကိုတောင် သယ်ပြီး အသွားအပြန် လုပ်ရရင် မင်းတို့ရဲ့ အသက်တစ်ဝက်လောက်တောင် ပါသွားလိမ့်မယ်။"
ဟု ဆိုသည်။
"ကျားက လယ်ကွင်းထဲ ရောက်သွားရင် ခွေးတွေကတောင် အနိုင်ကျင့်ကြတာပဲ "
ဆွေ့ အကြီးအကဲမှာ မျက်နှာများ နီရဲလာပြီး တံတောင်ဆစ် ကျိုးသွားသည့် နာကျင်မှုကို အံကြိတ်ကာ သည်းခံနေရသည်။
"ဝမ် လို့ နာမည်ရတဲ့ မိန်းမ၊ ဒီအဘိုးကြီးတွေကို လွှတ်ပေးလိုက်စမ်း။ တစ်ယောက်လုပ် တစ်ယောက်ခံပဲ၊ မင်းမှာ ဘာရန်ငြိုးတွေ ရှိရှိ ငါတို့ဆီကိုပဲ လာခဲ့ "
ဟု ဆွေ့ထျန်းဟွမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"သတ္တိကောင်းလှချည်လား"
ဦးဆောင်သူ လူငယ်စီးနင်းသူမှာ ရှေ့သို့ တိုးလာပြီး ဆွေ့ထျန်းဟွမ်၏ ပါးကို တစ်ချက် ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အားဖြင့် ရိုက်လိုက်သဖြင့် ဆွေ့ထျန်းဟွမ်မှာ နေရာတွင် နှစ်ပတ်လည်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်လဲသွားသည်။ ယင်တန့် မှာ အော်ဟစ်ကာ သူ့ကို ထူရန် ပြေးသွားပြီး ဒဏ်ရာကို စစ်ဆေးသည်။ သို့သော် ထူပင် မထူရသေးခင်မှာပင် တစ်ဖက်လူ၏ ကန်ချက်ကြောင့် လဲကျသွားရပြန်သည်။
နေရာတွင် ရှိနေသော သူတော်စင်တို့မှာ အလွန်ပင် အရှက်ရပြီး ဒေါသထွက်နေကြသည်။ သူတို့မှာ ယခင်က ကောင်းကင်ကို ဖောက်ထွက်နိုင်လောက်သည့် စွမ်းအားများ ပိုင်ဆိုင်ခဲ့သော်လည်း ယခုမူ ပုရွက်ဆိတ်ကဲ့သို့ လူစု၏ အနိုင်ကျင့်ခြင်းကို ခံနေရသဖြင့် အလွန်ပင် မကျေနပ်ဖြစ်နေကြသည်။
"ဒီအဘိုးကြီး ခြောက်ယောက်ကိုလည်း သူတို့နဲ့အတူ ခေါ်သွားကြ။"
ဝမ် အစ်မတော် က နောက်ဆုံး အမိန့်ကို ပေးပြီးနောက် မြင်းကို လှည့်၍ ထွက်ခွာရန် ပြင်သည်။ တောင်ခြေတွင် ရှိနေကြသူများမှာမူ အဝေးမှသာ ကြည့်ရဲကြပြီး စကားတစ်ခွန်းမျှ မဟရဲကြပေ။ ဟေးဆန်းက အခြေအနေကို သတိပြုမိပြီး ချက်ချင်း အော်ဟစ်လိုက်သည်။
"ငါတို့က ဆွေဝေ့ သိုင်းကျောင်းတော်က ချွန်းယမ်ဘုရင်ရဲ့ လူတွေပဲ။ မင်းက ဒီနေရာမှာ ငါတို့ကို ဒီလောက်အထိ ရဲရဲတင်းတင်းနဲ့ စော်ကားရဲတယ်ပေါ့။ မင်းတို့ မိသားစုတစ်ခုလုံး သေသွားလိမ့်မယ် ဆိုတာ သတိထား "
ဖန်ရွှေတို့မှာ အံ့အားသင့်သွားပြီး ဟေးဆန်းတို့ဘက်သို့ အကြည့်ရောက်သွားကာ အလွန်ပင် ဝမ်းသာသွားကြသည်။ ဝမ်လွှဲ့ မှာလည်း ခဏတာ တုံ့ဆိုင်းသွားသည်။ သူမမှာ ချွန်းယမ်ဘုရင် ဆိုသည်ကို မကြားဖူးသော်လည်း ဆွေဝေ့ သိုင်းကျောင်းတော်ကို အကြောင်းပြကာ ဘုရင်အဆင့် ကျွမ်းကျင်သူမှလွဲ၍ မသုံးဝံ့သည့် ဘွဲ့အမည်ကို သုံးစွဲနေသဖြင့် စိုးရိမ်စိတ် အနည်းငယ် ဝင်သွားသည်။ ထိုလူငယ်စီးနင်းသူများမှာမူ မယုံကြည်နိုင်သည့် အကြည့်ဖြင့် ကြည့်ကြသည်။
"မင်းတို့လိုလူတွေက ဘုရင်အဆင့် ကျွမ်းကျင်သူနဲ့ ဘယ်လိုလုပ် ပတ်သက်နိုင်မှာလဲ "
"မင်းတို့မှာ သိုင်းပညာ ဘာတစ်ခုမှ မရှိဘူး။ အနည်းဆုံး ဟင်းလင်းပြင်အဆင့် ကျွမ်းကျင်သူ တစ်ယောက်လောက် ပါရင် ငါတို့ ယုံမိမှာပါ၊ ဒါပေမဲ့ ကံမကောင်းတာပဲ၊ ဟား "
ထိုလူငယ်များ၏ စကားကြောင့် ဝမ်လွှဲ့ မှာ စိတ်အေးသွားပြန်သည်။ ထိုအချိန်တွင် မလှမ်းမကမ်းမှ လူငယ်တစ်ယောက်က အော်ဟစ်လိုက်သည်။
"ဟေးဆန်း၊ မင်း မဟုတ်တာတွေ လျှောက်ပြောမနေနဲ့။ တကယ်လို့ ချွန်းယမ်ဘုရင်သာ သိသွားရင် မင်းတို့ တကယ် အသက်ရှင်နိုင်မှာ မဟုတ်ဘူး ငါတို့ပါ မင်းကြောင့် ဒုက္ခရောက်ကုန်လိမ့်မယ် "
ထိုစကားကြောင့် ဟေးဆန်းတို့၏ မျက်နှာမှာ ပို၍ပင် မှောင်မိုက်သွားသည်။ ဝမ်လွှဲ့နှင့် လူငယ်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ရယ်မောလိုက်ကြသည်။ ထိုအချိန်တွင် လူရိပ်တစ်ခုမှာ တောင်ခြေသို့ ရောက်ရှိလာသည်။ သူသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ဝမ်လွှဲ့တို့ အဖွဲ့ကို တွေ့သောအခါ မျက်မှောင်ကြုတ်ကာ ထိုနေရာသို့ လျှောက်လာသည်။ သူသည် ထျန်းကျားသစ် အနားကို ဖြတ်သွားစဉ် ထျန်းကျားသစ်မှာ ဝမ်းသာအားရဖြင့် စကားပြောရန် ပြင်သော်လည်း တစ်ဖက်လူ၏ အေးစက်စက် အကြည့်ကြောင့် စကားကို ပြန်မျိုချလိုက်ရသည်။
ဝမ်လွှဲ့ မှာလည်း ထိုလူကို သတိထားမိသွားပြီး မြင်းပေါ်မှ ဆင်းလိုက်သည်။ လူငယ်စီးနင်းသူများမှာလည်း မြင်းပေါ်မှ ဆင်းလိုက်ကြပြီး လေးနက်သော အမူအရာ ဖြစ်သွားကြသည်။ အကြောင်းမှာ ထိုသူမှာ ဆွေဝေ့ သိုင်းကျောင်းတော်၏ တပည့်ဝတ်စုံကို ဝတ်ဆင်ထားသောကြောင့် ဖြစ်သည်။ ထိုဂုဏ်ပုဒ်မှာပင် သိုင်းလောကသားများအတွက် လေးစားမှု အပြည့်အဝ ရှိစေသည်။
ဝေဖုန်း မှာ လူအုပ်ရှေ့သို့ ရောက်လာပြီး ဝမ်လွှဲ့တို့ကို အေးစက်စက် ကြည့်ကာ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"ဟယ်ရှန်းဝေ ကလား"
"အော် သူတို့က ဟယ်ရှန်းဝေ က ဖြစ်နေတာကိုး"
"ငါ ပြောသားပဲ၊ တစ်ယောက်ချင်းစီရဲ့ အရှိန်အဝါက မသေးဘူး "
တောင်ခြေတွင် ရှိနေသူများမှာ အံ့အားသင့်သွားကြသည်။ ဟယ်ရှန်းဝေမှာ သိုင်းကျောင်းတော်ကြီး လေးခုလောက် မကြီးမားသော်လည်း သိုင်းလောကတွင် နာမည်ကြီးသည်။ သူဌေးကြီးများ ပူးပေါင်း တည်ထောင်ထားပြီး ငွေကြေးများစွာဖြင့် သိုင်းကျမ်းများကို စုဆောင်းထားကာ ဟင်းလင်းပြင်အဆင့် ကျွမ်းကျင်သူ ဆယ်ဂဏန်းကျော်ကိုလည်း မွေးထားသည်။ ဘုရင်အဆင့် ကျွမ်းကျင်သူ တစ်ပါးပင် ဌာနချုပ်တွင် ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
"ကျွန်မက ဟယ်ရှန်းဝေက ဝမ်ယွဲ့ယွဲ့ပါ၊ ဟယ်ရှန်းဝေရဲ့ အကြီးအကဲ ဖေးရင်ဝမ် ရဲ့ တပည့်ဖြစ်ပါတယ်။"
ဝမ်ယွဲ့ယွဲ့မှာ ရှေ့သို့တိုးကာ လက်အုပ်ချီ၍ ရယ်မော ပြောဆိုသည်။
"အစ်ကိုကြီးကို ဘယ်လို ခေါ်ရမလဲရှင့်"
ဝေဖုန်းမှာ သူမ၏ နောက်ကြောင်းကို ကြားလိုက်ရသဖြင့် အံ့အားသင့်သွားပြီး အေးစက်သော အမူအရာမှာ ပျောက်ကွယ်သွားကာ ပြုံးလျက် -
"အော် ဝမ်မမလေးပါလား၊ ဖေးရင်ဝမ် ရဲ့ ဂုဏ်သတင်းကို ကြားဖူးပါတယ်။ ဒီနေ့တော့ သူ့ရဲ့ တပည့်တရင်းကို တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး။ ကျွန်တော် ဝေဖုန်းပါ၊ ဆွေဝေ့ သိုင်းကျောင်းတော်ရဲ့ သာမန် တပည့်တစ်ယောက်ပါ၊ အစ်ကိုကြီးလို့ မခေါ်ပါနဲ့။"
ဟု ပြောသည်။
"ဝေ အစ်ကိုကြီးကလည်း နှိမ့်ချနေပြန်ပြီ။"
ဝမ်ယွဲ့ယွဲ့က ရယ်မော၍ ပြောသည်။
"ဖေးရင်ဝမ် ရဲ့ တပည့်တဲ့လား"
"ဒီ ဖေးရင်ဝမ် က တကယ်ပဲ ဟယ်ရှန်းဝေ ကို ရောက်သွားတာပဲ၊ ဟယ်ရှန်းဝေ က တကယ်ကို အစွမ်းထက်တာပဲ..."
"နာမည်က ဝမ်၊ ဖေးရင်ဝမ် ရဲ့ တပည့်၊ ဒီမမလေးက ဟယ်ရှန်းဝေ ရဲ့ တည်ထောင်သူထဲက တစ်ယောက်ဖြစ်တဲ့ သူဌေးကြီး ဝမ် ရဲ့ သားသမီးများ ဖြစ်နေမလား "
ပတ်ဝန်းကျင်မှ တိုးတိုးတိတ်တိတ် စကားပြောသံများ ထွက်ပေါ်လာသည်။ ဖန်ရွှေတို့မှာမူ အလွန်ပင် စိတ်ညစ်သွားကြသည်။ ဝမ်ယွဲ့ယွဲ့၏ နောက်ခံမှာ ဤမျှအထိ ကြီးမားလိမ့်မည်ဟု မထင်ထားမိပေ။
"တကယ်လို့ မရတော့ရင်လည်း အသက်ကို စွန့်လိုက်ရုံပေါ့၊ ဒီနေရာမှာ အရှက်ကွဲခံရတာထက် ပိုကောင်းပါတယ်။"
ဖန်ရွှေက ရှန်ထျန်းဖန်းကို တိုးတိုးလေး ပြောလိုက်သည်။
"ဒါပေမဲ့ မသေခင်မှာ တစ်ယောက်ယောက်ကိုတော့ အဖော်ခေါ်သွားနိုင်မလား ကြည့်ဦးမယ်။"
ရှန်ထျန်းဖန်းမှာ မျက်နှာကို တည်ထားလျက် ခေါင်းညိတ်သည်။
"မင်းတို့ ဘာတွေ တိုးတိုးလေး ပြောနေတာလဲ။ ဝမ်မမလေးရဲ့ သိုင်းပညာက အတော်လေး ကျွမ်းကျင်နေပြီ၊ ဟင်းလင်းပြင်အဆင့်နဲ့လည်း မဝေးတော့ဘူး။ မင်းတို့ အသံကို သူ မကြားနိုင်ဘူး ထင်နေတာလား။"
ဝေဖုန်းက သူတို့ကို ဆူပူလိုက်သည်။
ထို့နောက် ဝေဖုန်းက ဝမ်ယွဲ့ယွဲ့ကို ကြည့်ကာ ပြုံး၍ -
"ဝမ်မမလေး၊ ဒီကိစ္စက ဘာဖြစ်တာလဲ" ဟု မေးသည်။
"ဒီမိန်းကလေးက ကျွန်မကို မလေးစားဘဲ မာန်မာနကြီးလွန်းလို့ သင်ခန်းစာ ပေးလိုက်တာပါ။ ကျန်တဲ့သူတွေကလည်း ဒီမိန်းကလေးနဲ့ တစ်ဖွဲ့တည်းပဲ၊ ကျွန်မကို စော်ကားပြီး ဆဲဆိုနေကြလို့ပါ။ ကျွန်မသာ သူတို့ကို သင်ခန်းစာ မပေးရင် ကျွန်မဆရာ့ရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားမှာစိုးလို့ပါ။"
ဝမ်ယွဲ့ယွဲ့က ရှန်ထျန်းဖန်းကို ညွှန်ပြကာ ပြောသည်။
"အော် ဒီလိုလား၊ ဒါဆိုရင် ဝမ်မမလေး စိတ်ကြိုက်သာ လုပ်ပါ။ ဆွေဝေ့ သိုင်းကျောင်းတော်က ဒီလိုကိစ္စမျိုးတွေကို ဝင်မစွက်ဖက်ပါဘူး။"
ဝေဖုန်းက ပြုံး၍ ပြောသည်။
ထိုအချိန်တွင် ထျန်းကျားသစ်မှာ အော်ဟစ်လိုက်သည်။
"ဝေ အစ်ကိုကြီး၊ ကျွန်တော် ပြောချင်ပါတယ် သူတို့က ချွန်းယမ်ဘုရင်ကို အကြောင်းပြပြီး မျက်နှာလုပ်နေတာတွေကို ကျွန်တော် တိုင်ကြားချင်ပါတယ် "
"ချွန်းယမ်ဘုရင် "
ဝေဖုန်းမှာ တုန်လှုပ်သွားပြီး လက်နှင့် ခြေထောက်တို့တွင် နာကျင်မှု တစ်ခုကို ခံစားလိုက်ရသည်။ သူသည် အလွန်လေးနက်သော အမူအရာဖြင့် ထျန်းကျားသစ်ကို ကြည့်ကာ -
"မင်း ဘာပြောလိုက်တယ်" ဟု မေးသည်။
ထျန်းကျားသစ်က ဟေးဆန်းတို့ကို စိုက်ကြည့်ကာ -
"သူတို့ပါပဲ၊ သူတို့က အသက်လုဖို့အတွက် ချွန်းယမ်ဘုရင်ရဲ့ လူတွေလို့ လိမ်ပြောနေတာ၊ ဒါက ချွန်းယမ်ဘုရင်ကို ဒုက္ခရောက်အောင် လုပ်နေတာမဟုတ်လား "
ချွန်းယမ်ဘုရင်ရဲ့ လူတွေလို့ ပြောလိုက်တာလား ဝေဖုန်းမှာ အံ့အားသင့်သွားပြီး ဟေးဆန်းနှင့် ဖန်ရွှေတို့ကို အကဲခတ်လိုက်သည်။ အမျိုးသားများ၊ အမျိုးသမီးများ၊ အသက်ကြီးသူများ၊ လူငယ်များ... ဒါက ချွန်းယမ်တောင်မှာ ရှိတဲ့သူတွေနဲ့ တူနေတာပဲ။
"ချွန်းယမ်ဘုရင်က ခွဲတမ်း (၁၀၀) ပေးထားတယ်ဆိုတော့ သူ့လူတွေက တကယ်ပဲ ရောက်လာနေတာ ဖြစ်နိုင်တယ်၊ ဒါဆိုရင်..."
ဝေဖုန်း တွေးနေစဉ် ဝမ်ယွဲ့ယွဲ့က ဖြတ်ပြောလိုက်သည်။
"ဒီကောင်တွေက လိမ်ပြောနေတာပါ၊ ဝေ အစ်ကိုကြီး။ ကျွန်မ သူတို့ကို အရင် ခေါ်သွားတော့မယ်။ ဝေ အစ်ကိုကြီး အားရင် ဟယ်ရှန်းဝေ ကို လာခဲ့ပါ၊ ကျွန်မ ကိုယ်တိုင် ဧည့်ခံပါ့မယ်။"
သူမသည် လက်ကို ဝှေ့ယမ်းကာ လူငယ်စီးနင်းသူများကို ဟေးဆန်းတို့ကို ခေါ်သွားရန် အချက်ပြသည်။
ဝေဖုန်းက ချက်ချင်း လက်ကို မြှောက်လိုက်ပြီး -
"နေကြပါဦး! ဒီကိစ္စကို ချွန်းယမ်ဘုရင်ကို အရင် တိုင်ကြားပြီးမှပဲ လုပ်ဆောင်ရမယ်။ အဲဒီအချိန်ထိ မင်းတို့ တစ်ယောက်ကိုမှ ထိခွင့်မရှိဘူး"
ဟု အမိန့်ပေးလိုက်သည်။