အခန်း (၂၉၅၇-၂၉၅၈)
Vol. 296 Ch. 2957-2958
အခန်း (၂၉၅၇) - ဒီဘေးဆိုးကြီး နောက်ဆုံးတော့ ထွက်သွားပြီ
ဘိုးဘေးငယ်က လူသူကင်းမဲ့တဲ့ တားမြစ်နယ်မြေ ထဲမှာ တကယ်ပဲ ရေထဲကငါးလိုမျိုး ပျော်မွေ့နေပြီး အဆင်ပြေနေပုံရသည်။
သူ့ရဲ့ အကူအညီကြောင့် သားရဲ အများအပြားကို ဆင့်ခေါ်ပြီး စွမ်းအင်အားဖြည့် ဆေးလုံး တွေကို အတူတူ ရှာဖွေနိုင်ခဲ့သည်။
တစ်နှစ်ပင် မပြည့်ခင်မှာပင်။
ဖန့်ချန် လက်ထဲရှိ စွမ်းအင်အားဖြည့် ဆေးလုံး အရေအတွက်သည် မူလက (၂၉) လုံးမှ (၁၀၀) လုံးအထိ တိုးပွားလာခဲ့သည်။
"ဖန့် သူတော်စင်ဘိုးဘေး၊ စွမ်းအင်အားဖြည့် ဆေးလုံး တွေက ကြီးထွားဖို့ အချိန်လိုတယ်။ ဒီတစ်နှစ်အတွင်းမှာ တားမြစ်နယ်မြေ ထဲက ဆေးလုံးတွေကိုတော့ အကုန်လုံးနီးပါး တူးဖော်ပြီးသွားပြီ။"
ဘိုးဘေးငယ်က အနည်းငယ် မတတ်နိုင်ဟန်ဖြင့် -
"ဒီနေရာမှာ နောက်ထပ် ဆေးလုံးတွေ ထပ်မံကြီးထွားလာဖို့ ရာစုနှစ်နဲ့ချီ စောင့်မလား၊ ဒါမှမဟုတ်"
"ရာစုနှစ်နဲ့ချီတော့ မစောင့်တော့ပါဘူး။ ဆန်းနယဲ့ စစ်မြေပြင် ဘက်မှာ ပြီးအောင် လုပ်စရာ ကျန်နေသေးလို့။"
ဖန့်ချန်က လက်ကို ဝှေ့ယမ်းလိုက်သည်။
ဘိုးဘေးငယ်သည် စိတ်ထဲရှိ ဝမ်းမြောက်မှုကို ဖိနှိပ်ထားကာ တည်ငြိမ်စွာဖြင့် -
"ဒါဆိုရင်လည်း မင်းကို အပြင်ဘက်ကို ပို့ပေးမယ်။ သူတို့နဲ့ ပတ်သက်လို့ကတော့..."
သူက ဖေးရင်း ဘုရင် နဲ့ တခြားသော ဘုရင်အဆင့် သိုင်းသမားများကို တစ်ချက်ကြည့်လိုက်ပြီး -
"ဒီနေရာမှာပဲ ထားခဲ့လိုက်ပါ။ အပြင်ရောက်သွားရင် ဟိုဟိုဒီဒီ လျှောက်ပြောနေမှာ စိုးရတယ်။"
ရှိုးကွေ ဘုရင် တို့မှာ အလွန်တုန်လှုပ်သွားပြီး မျက်နှာပျက်ယောင်းယောင်းဖြင့် ဖန့်ချန်ကို ကြည့်လိုက်ကြသည်။
သူတို့ကိုယ်တိုင်လည်း တစ်နှစ်လုံး ပင်ပင်ပန်းပန်း ကူညီပေးခဲ့ကြတာပဲ၊ ဒီအတိုင်း မြစ်ကူးပြီး တံတားချိုးတဲ့ အလုပ်တော့ လုပ်မှာမဟုတ်ပါဘူးနော်။
"ဘာကို ထားခဲ့ရမှာလဲ ဘာအကြောင်းမှမရှိဘဲ သူတို့ကို သားရဲစာကျွေးဖို့လား ဒါက ကောင်းကင်တာအို နဲ့ မညီညွတ်ဘူး။"
ဖန့်ချန်က မျက်မှောင်ကြုတ်လျက် -
"သူတို့က ငါနဲ့အတူတူ အပြင်ကို လိုက်ခဲ့မယ်။"
"သူတို့ကို ဒီမှာ မထားခဲ့ရင် အဲ့ဒီ ဧကရာဇ်အဆင့် သားရဲ နဲ့ ငါ လုပ်ထားတဲ့ ကုန်သွယ်မှုက ပျက်သွားလိမ့်မယ်။ အဲ့ဒါဆိုရင် ငါ ဒီနေရာမှာ ဆက်နေပြီး စွမ်းအားအသိဉာဏ် ဗောဓိသီး ကို ဘယ်လို ဆက်သန့်စင်လို့ ရတော့မှာလဲ။"
ဘိုးဘေးငယ်က လေးနက်စွာ ပြောသည်။
"သူ ပြောတာ ဟုတ်တယ်။ ငါ မင်းကို တစ်နှစ်လုံး ကူညီပေးထားတာ၊ အခု ဒီ သွေးအသားတွေကိုပါ ခေါ်သွားမယ်ဆိုရင် ငါ့ကို လှည့်စားတာ မဟုတ်ဘူးလား။"
နန်းတော်အပြင်ဘက်မှာ ရုတ်တရက် အသံတစ်သံ ပေါ်လာသည်။
အနက်ရောင် မြွေကြီးတစ်ကောင်သည် အပြင်ဘက်တွင် တောင်ကုန်းငယ်တစ်ခုလို ခွေယောင်းနေသည်။
၎င်း၏ မျက်ခုံးကြားတွင် တတိယမျက်လုံးနှင့် တူသော နီရဲတောက်ပသည့် ကျောက်မျက်ရတနာတစ်ခု ရှိနေသည်။
အနီးနားတွင်လည်း ဘုရင်အဆင့် သားရဲ အများအပြား ငြိမ်သက်စွာ ရပ်နေကြပြီး နှာခေါင်းမှ မြူခိုးကဲ့သို့ အသက်ရှူသံများ ထွက်ပေါ်နေသည်။
ဘိုးဘေးငယ်၏ မျက်နှာမှာ ပြောင်းလဲသွားပြီး စကားပြောဖို့ ပြင်စဉ်မှာပင် ဖန့်ချန်က သူ့ပခုံးကို ဖိနှိပ်လိုက်သည်။
"ငါပဲ သွားပြီး သူတို့နဲ့ စကားပြောလိုက်မယ်။ ပီ ညီငယ်၊ မင်း ဒီမှာပဲ ထိုင်နေခဲ့။"
ဖန့်ချန်က အပြင်သို့ ထွက်သွားပြီး စကားရှည်မနေဘဲ ချက်ချင်း တိုက်ခိုက်လိုက်သည်။
တိုက်ပွဲတစ်ခုလုံးသည် ၁၅ မိနစ်ပင် မကြာလိုက်ပေ။
အနက်ရောင် မြွေကြီးမှာ မြေပြင်ပေါ်တွင် မှောက်လျက်သား ဖြစ်နေပြီး ခေါင်းပြန်ထောင်နိုင်စွမ်း မရှိတော့ပေ။
"မင်းလိုမျိုး အာဏာပြတာက အလွန်ရိုင်းစိုင်းတယ်၊ တားမြစ်နယ်မြေ က မင်းတို့ကို ကြိုဆိုမှာ မဟုတ်ဘူး။"
ဟု ၎င်းက အားမရှိစွာ ပြောသည်။
"မင်းတို့ကို သွေးအသား မစားခိုင်းတာ မဟုတ်ဘူး၊ ဒါပေမဲ့ မင်းတို့ကိုယ်တိုင် မျှမျှတတနဲ့ အစာရှာသင့်တယ် မဟုတ်လား။ သိုင်းသမားတွေက ဒီနေရာကို ဆေးဖက်ဝင် ပစ္စည်းတွေ လာရှာကြတာ၊ မင်းတို့နဲ့ သူတို့နဲ့ တရားမျှတစွာ ပြိုင်ကြ။ မင်းတို့ အသတ်ခံရမလား၊ သူတို့ အစားခံရမလားဆိုတာ ငါ မစွက်ဖက်ဘူး။ လူဆိုတာ ကိုယ်ပိုင်အားထုတ်မှု မရှိဘဲနဲ့ မရသင့်ဘူး။"
ဟု ဖန့်ချန်က ဆုံးမလိုက်သည်။
အနက်ရောင် မြွေကြီးမှာ ဒေါသထွက်ပြီး -
"ငါက လူမှမဟုတ်တာ။"
ဖန့်ချန် -
"လူမဟုတ်ရင် ပိုပြီးတော့တောင် ကြိုးစားသင့်တာပေါ့။ အခု မင်းက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး၊ ငါ ပြောသမျှက မှန်တယ်။ မင်းမှာ အမြင်မတူတာ ရှိရင် တည့်တည့်ပြော။"
အနက်ရောင် မြွေကြီးမှာ အားမရှိစွာဖြင့် -
"မင်း ပြောချင်ရာ ပြောပါ။ နောက်ပိုင်း မင်းအတွက် စွမ်းအင်အားဖြည့် ဆေးလုံး တွေကို ငါတို့ ရှာမပေးတော့ဘူး။"
"နောက်မှ ဖြစ်မယ့်ကိစ္စကို နောက်မှပဲ ပြောကြတာပေါ့။"
ဖန့်ချန်က ပြောပြီးနောက် နန်းတော်ထဲ ပြန်ဝင်လာကာ ဘိုးဘေးငယ်ကို ရယ်မောလျက် -
"ပီ ညီငယ်၊ ကိစ္စပြတ်သွားပြီ။ သူက နည်းနည်းတော့ မကျေမနပ် ဖြစ်နေပုံရတယ်၊ မင်းပဲ ချော့ပြောလိုက်ဦး။ ငါတို့ အရင် ထွက်သွားနှင့်မယ်။"
"သွားပါလေ။"
ဘိုးဘေးငယ်က ချက်ချင်း ထရပ်ပြီး လိုက်ပို့သည်။
ဖန့်ချန်တို့ အဖွဲ့သည် ထွက်ပေါက်မှတစ်ဆင့် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားသည်ကို ကိုယ်တိုင်မြင်လိုက်ရမှ ဘိုးဘေးငယ်၏ အမူအရာသည် တဖြည်းဖြည်း အေးစက်သွားသည်။
အချိန်အတော်ကြာပြီးနောက် သူက သက်ပြင်းတစ်ချက် ချလိုက်သည်။
"ဒီဘေးဆိုးကြီး နောက်ဆုံးတော့ ထွက်သွားပြီ။ ငါ့ရဲ့ ဒီတစ်ခေါက် ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကိုလည်း မသိလိုက်ဘူး။"
ထို့နောက် သူက ခပ်အေးအေး ပြောလိုက်ပြီး သူ့ဝမ်းဗိုက်ထဲမှ မီးခိုးရောင် ပုလဲလုံးငယ် တစ်လုံးကို ထုတ်လိုက်သည်။
"ဒါယန်ပုလဲ၊ ဧကရာဇ်မျက်လုံး နဲ့ ပတ်သက်တဲ့ သဲလွန်စတွေကို ဒီနေရာမှာ ဘယ်အချိန်ကျရင် တွေ့နိုင်မလဲဆိုတာ တွက်ချက်ပေးပါ။"
မီးခိုးရောင် ပုလဲထဲမှ အရိပ်တစ်ခု ပေါ်လာပြီး တိုးတိုးလေး ပြောသည်။
"သခင်၊ အချိန်မတန်သေးလို့ ဖြစ်ပါလိမ့်မယ်။ နောက်ထပ် နှစ်အနည်းငယ်လောက် သည်းခံပြီး စောင့်ပေးပါ။"
"နှစ်တွေ အများကြီး ကြာနေပြီ။ မင်းသာ တိတိကျကျ မတွက်နိုင်ရင် ငါ မင်းကို ချေမှုန်းပစ်မယ်။"
ဘိုးဘေးငယ်က ညှစ်လိုက်သည်။
အရိပ်သည် ချက်ချင်း အော်ဟစ်လိုက်သည်။
"သခင်၊ အသက်ချမ်းသာပေးပါ ဒီနေရာမှာ ဧကရာဇ်မျက်လုံးရဲ့ သဲလွန်စကို တွေ့နိုင်တယ်ဆိုတာ တကယ်တွက်လို့ရတာပါ။ ဒါပေမဲ့ ဒီလောက် အဖိုးတန်တဲ့ ပစ္စည်းမျိုးကို ကျွန်တော်လည်း တိတိကျကျ မတွက်နိုင်ပါဘူး။"
"ငါ့ကို မလိမ်ရင် ပြီးတာပဲ။ ဒီတစ်ခေါက်တော့ ငါ အရှုံးအကြီးဆုံး ရှုံးခဲ့ရတယ်၊ ဒီလောက်ထိ သည်းခံနေတာက ဧကရာဇ်မျက်လုံး အတွက်ပဲ။ အဲ့ဒါကိုသာ တွေ့ရင် ငါ့မှာ အကြီးမားဆုံး အောင်မြင်မှုပဲ။ အဲ့ဒီကျရင် သံသရာမသေမျိုးဂိုဏ်းထဲ ငါ ဝင်နိုင်မှာပဲ၊ ချင်ဟော်ဆွေ့လို လူအိုကြီးရဲ့ အုပ်ချုပ်မှုအောက်မှာ ဘာလို့ နေနေရမှာလဲ။"
ဘိုးဘေးငယ်က ရယ်မောလိုက်ပြီး နောက်လှည့်ကာ ထွက်သွားသည်။
……
……
စခန်းအလယ်က ကြီးမားတဲ့ ကျင်းကြီးနားတွင် လူအများအပြား စုရုံးနေကြသည်။
ကျောင်းတော်ရှင် လေးဦးစလုံး ရှိနေသည်။
တစ်ဦးစီ၏ အမူအရာမှာ အနည်းငယ် လေးနက်နေကြသည်။
ထွက်ပေါက် ပွင့်လာသည့်အခါ တဒုန်းဒုန်းမြည်သံများကို ကြားလိုက်ရသည်။
ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာပြီး မြေပြင်ပေါ်သို့ ဆင်းသက်လာကြသည်။
ကျောင်းတော်ရှင် လေးဦးမှာ အံ့အားသင့်သွားသည်။
ဒီတစ်ခေါက် တားမြစ်နယ်မြေ ခရီးစဉ်မှာ လူဒီလောက် အသက်ရှင် ကျန်ရစ်လိမ့်မယ်လို့ မထင်ထားကြပေ။
လင်ဇယ် နှင့် ကျင်းရှဲ့ ကျောင်းတော်ရှင်တို့သည် သူတို့၏ ကျောင်းမှ ပေးပို့လိုက်သော ဘုရင်အဆင့် ကျွမ်းကျင်သူများကို ရှာတွေ့သွားသည်။
သူတို့မှာ ဒဏ်ရာပင် မရထားသည်ကို မြင်လိုက်ရသောအခါ ပို၍ပင် အံ့အားသင့်သွားသည်။
ဆွေဝေ့ ကျောင်းတော်ရှင်ကလည်း ဖန့်ချန်တို့ကို မြင်လိုက်ရသဖြင့် အနည်းငယ် ကြောင်သွားသည်။
'ဝမ်' သူဌေးကြီး ကတော့ ဒီမြင်ကွင်းကို မြင်ပြီးနောက် မျက်နှာပျက်သွားသည်။
သူသည် 'ဖေးရင်း' ဘုရင်ကို ချက်ချင်း ရှာလိုက်သည်။
ဖေးရင်းဘုရင် အေးဆေးစွာ ဆင်းသက်လာပြီး ပြုံးရွှင်စွာ လက်ခုပ်တီးနေသည်ကို မြင်လိုက်ရမှ သူ့ရင်ထဲက ကျောက်တုံးကြီး လိမ့်ကျသွားသည်။
အဆင်ပြေသွားပြီ။
ဝမ်သူဌေးကြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
သို့သော် ချက်ချင်းပင် ယွီလွမ် ကျောင်းတော်ရှင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ငါ့ရဲ့ ယွီလွမ်ကျောင်းက ဘုရင်အဆင့် သိုင်းသမားတွေ ဘယ်ရောက်သွားလဲ "
သူသည် သာမန်အဆင့် သိုင်းသမားတွေကိုသာ မြင်ရပြီး ဘုရင်အဆင့် သုံးဦးကို မတွေ့ရပေ။
ထွက်ပေါက်မှာလည်း လူမရှိတော့ဘဲ ကျင်းဝမှာ ပိတ်စပြုနေပြီ ဖြစ်၍ သူ ဘယ်လို မစိုးရိမ်ဘဲ နေနိုင်မလဲ။
ဝမ်သူဌေးကြီး၏ ရင်ထဲတွင် လိမ့်ကျသွားသော ကျောက်တုံးကြီးမှာ တစ်ဖန်ပြန်၍ တက်လာပြန်သည်။
သူက ဖေးရင်းဘုရင်ကို သံသယဖြင့် ကြည့်လိုက်သည်။
"ဖေးရင်းဘုရင်၊ ဒီတိုက်ပွဲက ဘယ်လို အခြေအနေလဲ"
ဖေးရင်းဘုရင်က လက်ခုပ်တီးရင်း -
"ချွန်းယမ်ဘုရင် နိုင်သွားတယ်။"
နိုင်သွားရင် ဘာလို့ လက်ခုပ်တီးနေရတာလဲ
ဝမ်သူဌေးကြီးမှာ ဒေါသထွက်ပြီး အံ့အားသင့်သွားသည်။
သို့သော် နောက်ပိုင်းတွင် ထွက်လာသူများ၏ အမူအရာမှာ တစ်မျိုးတစ်ဖုံ ဖြစ်နေသည်ကို သူ သတိထားမိသည်။
ယွီလွမ် ကျောင်းတော်ရှင်က အသက်ရှင်သူများကို မေးမြန်းသော်လည်း သူတို့မှာ ရှောင်ဖယ်ကာ အေးစက်စွာသာ တုံ့ပြန်ကြသည်။
ယွီလွမ် ကျောင်းတော်ရှင်မှာ စကားမပြောနိုင်တော့ဘဲ ငြိမ်သက်သွားသည်။
ကျန်တဲ့ ကျောင်းတော်ရှင်သုံးဦးလည်း တစ်ခုခုကို သဘောပေါက်သွားပြီး တစ်ဦးကိုတစ်ဦး ကြည့်ကာ စကားမဆက်တော့ပေ။
ဖန့်ချန်က သူတို့ကို မဖော်ထုတ်ဘဲ ဝမ်သူဌေးကြီးကို ရယ်မောလျက် -
"ဟယ်ရှန်းဝေကုန်သည်အဖွဲ့ က စွမ်းအင်အားဖြည့် ဆေးလုံး (၁၀၀) ကို ဘယ်တော့ ချွန်းယမ်တောင်ဘက် ပို့ပေးမှာလဲ"
"ကျွန်တော် အခြေအနေကို မသိသေးလို့ပါ၊ ချွန်းယမ်ဘုရင်က ဘာလို့ အဲ့လောက် အလျင်စလို ဖြစ်နေရတာလဲ"
ဝမ်သူဌေးကြီးက အတင်း ပြုံးပြပြီး ဖေးရင်းဘုရင်ကို -
"ဖေးရင်းဘုရင်၊ ဘာတွေ ဖြစ်ခဲ့တာလဲ ပြောပြပါဦး။"
"ငါ ပြောပြီးပြီလေ။ ချွန်းယမ်ဘုရင် နိုင်သွားတယ်။ သူက ဧကရာဇ်အဆင့် ပဲ၊ အကြွေး မတင်ပါနဲ့၊ အကြွေးတင်ရင် ငါတို့ အကုန် အသက်သေလိမ့်မယ်"ာာ
ဟု ဖေးရင်းဘုရင်က လက်ခုပ်တီးရင်း စိတ်မရှည်စွာ ပြောလိုက်သည်။
ဒီစကားကို ကြားလိုက်ရတဲ့အခါ ကျောင်းတော်ရှင်လေးဦးစလုံး ထိတ်လန့်သွားကြသည်။
"တော်ပြီ၊ တစ်နှစ်လုံး လက်ခုပ်တီးထားတာပဲ၊ နားတော့။"
ဖန့်ချန်က ဖေးရင်းဘုရင်ကို လက်ယမ်းပြလိုက်သည်။
ဖေးရင်းဘုရင်မှာ သက်ပြင်းချလိုက်ပြီး ထုံကျင်နေတဲ့ လက်တွေကို ချက်ချင်း ချလိုက်သည်။
ဝမ်သူဌေးကြီး၏ မျက်နှာမှာ ဖြူဖျော့သွားသည်။
ဖေးရင်းဘုရင် ဘာကြောင့် ဒီလို လုပ်နေရလဲဆိုတာကို သူ အခုမှပဲ သဘောပေါက်သွားသည်။
"ငါ အားတယ်၊ မင်းနဲ့အတူတူ ဟယ်ရှန်းဝေကုန်သည်အဖွဲ့ ကို လိုက်သွားမယ်။"
ဖန့်ချန်က ဝမ်သူဌေးကြီးကို ကြည့်ပြီး ပြုံးလျက် -
"ဒီလောက် ကြီးမားတဲ့ ကုန်သည်အဖွဲ့က ငါ့ရဲ့ စွမ်းအင်အားဖြည့် ဆေးလုံး (၁၀၀) ကို အကြွေးတင်မှာ မဟုတ်ပါဘူးနော် "
"မ၊ မတင်ပါဘူး..."
ဝမ်သူဌေးကြီးမှာ အတင်း ပြုံးပြပြီးနောက် ကျောင်းတော်ရှင် လေးဦးကို ကြည့်လိုက်သည်။
"ဟယ်ရှန်းဝေကုန်သည်အဖွဲ့ က အားလုံးဆီကနေ စွမ်းအင်အားဖြည့် ဆေးလုံး တွေကို အမြင့်ဆုံးဈေးနဲ့ ဝယ်ယူချင်ပါတယ်။"
"......"
အခန်း (၂၉၅၈) - မင်းမှာ စေတနာရှိသားပဲ
နောက်ဆုံးတော့ ဖန့်ချန်က ဟယ်ရှန်းဝေကုန်သည်အဖွဲ့ဆီ မလိုက်သွားတော့ဘဲ ဖေးရင်းဘုရင်ကိုပဲ သူကိုယ်စား သွားရောက်လုပ်ဆောင်ပေးဖို့ တာဝန်ပေးလိုက်သည်။ ကြုံတုန်းမို့ ရှိုးကွေဘုရင်ကိုလည်း လိုက်ပါသွားစေခဲ့သည်။
ဖန့်ချန်ကတော့ ကျန်ရစ်ခဲ့တဲ့ သိုင်းသမားတွေကို ခေါ်ဆောင်ပြီး ထွက်ခွာလာခဲ့သည်။
ဒီသိုင်းသမားတွေထဲတွင် ဘုရင်အဆင့် များစွာ ပါဝင်ပြီး အများစုမှာ ကျောင်းတော်ကြီး လေးခုမှ လာကြသူများ ဖြစ်သည်။
ထို့အပြင် မျိုးနွယ်ကိုးခု ၊ ဂိုဏ်းရှစ်ခု ၊ကျောင်းခုနှစ်ခု၊ ချိုင့်ဝှမ်းခြောက်ခု စတဲ့ အဖွဲ့အစည်းများမှ သူများလည်း ပါဝင်သည်။
ကျောင်းတော်ကြီး လေးခုမှ သိုင်းသမားတွေမှာ သူတို့ တားမြစ်နယ်မြေ ထဲဝင်လာရခြင်းမှာ ယဇ်ပူဇော်ခံ ပစ္စည်းများအဖြစ် အသုံးချခံလိုက်ရမှန်း သဘောပေါက်သွားကြသည်။
ထို့ကြောင့် သူတို့သည် မူလနေရာသို့ ပြန်သွားရန် မလိုလားကြသလို၊ မသွားလိုကြဘဲ မပြန်ရဲကြတော့ပေ။
မျိုးနွယ်ကိုးခု နှင့် ဂိုဏ်းရှစ်ခုမှ ဘုရင်အဆင့် သိုင်းသမားများမှာလည်း သူတို့မှာ ကံဆိုးလွန်း၍ ဒီလိုကိစ္စမျိုးနဲ့ ကြုံတွေ့ရမှန်း သိလိုက်ကြသည်။
ဒါပေမဲ့ သူတို့မှာ ကျောင်းတော်ကြီး လေးခုကို အရေးယူရန် စွမ်းအားမရှိသည့်အတွက် ဖန့်ချန်နောက်ကိုသာ မျက်နှာပျက်လျက် လိုက်ပါလာခဲ့ကြသည်။
"ရှေ့ဆက်သွားရင် ဆွေဝေ့ကျောင်းတော် ရောက်တော့မယ်။ မင်းတို့ ဆက်လိုက်ဦးမှာလား။"
ရက်အနည်းငယ် အကြာတွင် ဖန့်ချန်က ရုတ်တရက် ခြေလှမ်းရပ်လိုက်ပြီး မျိုးနွယ်ကိုးခု ၊ဂိုဏ်းရှစ်ခု ၊ ကျောင်းခုနှစ်ခု နှင့် ချိုင့်ဝှမ်းခြောက်ခုမှ လူတွေကို ကြည့်ကာ မေးလိုက်သည်။
ဘုရင်အဆင့် ကျွမ်းကျင်သူတွေမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဖန့်ချန်ကို တစ်ညီတည်း အရိုအသေပေးကာ တစ်ဦးပြီးတစ်ဦး နှုတ်ဆက်ပြီး ထွက်ခွာသွားကြသည်။
သူတို့ ထွက်သွားတာနဲ့ လူဦးရေမှာ တစ်ဝက်ကျော် လျော့နည်းသွားသည်။
သို့သော် လူအရေအတွက်မှာ အတော်လေး များပြားနေသေးသည်။
ဘုရင်အဆင့် ဆယ်ဦးနီးပါး၊ ဟင်းလင်းပြင်အဆင့် ရာဂဏန်းနှင့် အအားအဆင့် လူထောင်ပေါင်းများစွာ ရှိနေဆဲဖြစ်သည်။
သူတို့သည် တားမြစ်နယ်မြေ ထဲမှာ တစ်နှစ်တာ ကုန်ဆုံးခဲ့ပြီး ဖန့်ချန်နှင့်လည်း နားလည်မှုများ တည်ဆောက်ထားပြီး ဖြစ်သည်။
အပြင်မထွက်ခင်ကတည်းက နောက်ဘာဆက်လုပ်မည်၊ ဘယ်လိုလုပ်မည်ကို တိုင်ပင်ပြီး ဖြစ်သည်။
"မင်းတို့ အခု ပြန်လှည့်သွားရင် မှီသေးတယ်။ တကယ်လို့ ငါနဲ့အတူ ချွန်းယမ်တောင်ဘက်သာ လိုက်သွားရင် မင်းတို့ ကျောင်းတော်ကို ပြန်လို့ ရတော့မှာ မဟုတ်ဘူး။"
ဖန့်ချန်က ထိုသိုင်းသမား အုပ်စုကို ကြည့်ကာ ပြောသည်။
"ဖန့် သူတော်စင်ဘိုးဘေး၊ ကျွန်တော်တို့မှာ နောက်ဆုတ်စရာ လမ်းမရှိတော့ပါဘူး။ တကယ်လို့ ကျောင်းတော်ကို ပြန်သွားရင်လည်း အသတ်ခံရမှာ ကြောက်ပါတယ်။"
ကျင်းရှဲ့ကျောင်းတော်မှ ဘုရင်အဆင့် သိုင်းသမားတစ်ဦးက ခါးသီးစွာ ရယ်မောလျက် -
"ကျွန်တော်က ကျင်းရှဲ့ကျောင်းတော်သား ဖြစ်ပေမဲ့လည်း တစ်ဝက်တစ်ပျက်မှ ဝင်လာတာပါ။ ဒီတစ်ခေါက် တားမြစ်နယ်မြေ ကို သွားဖို့ ဘာလို့ ကျွန်တော်တို့ကို ရွေးချယ်တာလဲ ဆိုတာ အခုမှပဲ သဘောပေါက်တော့တယ်။ အဓိကကတော့ ကျွန်တော်တို့ကို သေခိုင်းတာပါပဲ။"
အခြား ဘုရင်အဆင့် သိုင်းသမားတွေကလည်း သူတို့၏ သဘောထားကို ထုတ်ဖော်ပြောဆိုကာ ကျောင်းတော်ကို ဘယ်တော့မှ ပြန်မသွားတော့ကြောင်း အတည်ပြုလိုက်ကြသည်။
"ဒါဆိုလည်း ကိစ္စမရှိဘူး။"
ဖန့်ချန်က ထပ်မပြောတော့ဘဲ သူတို့ကို ခေါ်ဆောင်ကာ ခရီးဆက်ခဲ့သည်။
ချွန်းယမ်တောင်သို့ ပြန်ရောက်သည့်အခါ ဆွေဝေ့ကျောင်းတော် မှာလည်း ဒီလှုပ်ရှားမှုကြောင့် အံ့အားသင့်သွားကြသည်။
တောင်ထိပ်သခင် အသီးသီးတို့မှာ ဘာဖြစ်လဲဆိုတာ လာမေးဖို့ ပြင်ကြချိန်မှာပဲ နောက်ကနေ ပြန်လိုက်လာတဲ့ ကျောင်းတော်ရှင်က တားဆီးလိုက်သည်။
ဒီကိစ္စကို ဖုံးကွယ်ထားလို့ မရနိုင်ပေ။
ဒုတိယနေ့မှာတော့ သတင်းက ဆွေဝေ့ကျောင်းတော် တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ချွန်းယမ်တောင်တွင်ရှိသူက ဘုရင်အဆင့် သိုင်းသမားများ၊ဟင်းလင်းပြင်အဆင့်နှင့် အင်အားအဆင့် လူအများအပြားကို ခေါ်ဆောင်လာကြောင်း လူတိုင်း သိသွားကြသည်။
မူလက ဘာအခြေခံမှ မရှိဘဲ ပုံမှန်တောင်တစ်ခုလို ဖြစ်နေတဲ့ ချွန်းယမ်တောင်မှာ ချက်ချင်းဆိုသလို ဆွေဝေ့ကျောင်းတော်ထဲတွင် အင်အားအကြီးဆုံး တောင်တစ်ခု ဖြစ်လာပြီး အဓိကတောင်ထိပ်တောင် မယှဉ်နိုင်တော့ပေ။
……
……
"အဲ့ဒီတုန်းက အခြေအနေက ဒီအတိုင်းပါပဲ။ ကျွန်တော်တို့အားလုံး ချင်ဟော်ဆွေ့ ကို အထင်သေးမိကြတယ်။"
အခန်းငယ်ထဲတွင် ဖန့်ချန်၊ ရှဲ့အာမန် နှင့် ဝမ်ချုံစန်းသုံးဦးသာ ရှိသည်။
ဖန့်ချန်က တားမြစ်နယ်မြေ ထဲက အကြောင်းအရာတွေကို အသေးစိတ် ရှင်းပြလိုက်သည်။
ထို့နောက် သူတို့၏ မျက်နှာအမူအရာကို စောင့်ကြည့်ရာ နှစ်ဦးစလုံး၏ မျက်လုံးထဲတွင် အံ့ဩမှုများ ရှိနေသည်ကို မြင်လိုက်ရသဖြင့် သူတို့လည်း ဒီကိစ္စကို မသိကြမှန်း သေချာသွားသည်။
"အစ်မကြီး၊ ဝမ်အိုကြီး၊ ခင်ဗျားတို့လည်း ချင်ဟော်ဆွေ့ က သံသရာမသေမျိုးဂိုဏ်း ရဲ့ တပည့်ဆိုတာ မသိကြဘူးလား။"
ဖန့်ချန်မှာ အံ့အားသင့်သွားသည်။
"မသိဘူးလေ။ အဲ့တုန်းက ငါတို့ ဘာလို့ အဲ့လောက် အရှုံးကြီး ရှုံးခဲ့တာလဲဆိုတာ အခုမှ သဘောပေါက်တော့တယ်။ ငါက သူ့နောက်ကွယ်က အရိပ်ရုပ်သေး ဂိုဏ်း က လူတွေ နောက်ကနေ ကြိုးကိုင်နေတယ်လို့ ထင်နေတာ။"
ဝမ်ချုံစန်းက ရှုပ်ထွေးသော အမူအရာဖြင့် သက်ပြင်းချလိုက်သည်။
"သံသရာမသေမျိုးဂိုဏ်းလက်ထဲမှာ ရှုံးတာဆိုရင်တော့ မနစ်နာပါဘူးလေ။"
ရှဲ့အာမန်က လေးနက်စွာဖြင့် -
"ဒီလိုဆိုရင်တော့ ကိစ္စက မလွယ်တော့ဘူး။ ငါတို့ရဲ့ အဓိက ရည်မှန်းချက်ကို ကောင်းကင်ငါးပါးနယ်မြေ ကနေ တခြားကို ပြောင်းရွှေ့ဖို့ လိုလာပြီ။
အဲ့ဒီ သံသရာမသေမျိုးဂိုဏ်းက အမြဲတမ်း သူတော်စင်ဧကရာဇ် နန်းတော် ဘက်မှာပဲ ရပ်တည်နေတာ။
ချင်ဟော်ဆွေ့ ရဲ့ ရပ်တည်ချက်က အခု သူတော်စင်ဧကရာဇ် နန်းတော် နဲ့ ဆန့်ကျင်ဘက် ဖြစ်နေရင်တောင် သူတို့က ဘယ်တော့ သူတော်စင်ဧကရာဇ် နန်းတော် ဘက်ကို ပြန်လှည့်သွားမလဲ ဆိုတာ မပြောနိုင်ဘူး။"
"အဘိုးတို့က အခု ယန်နတ်ဘုရားအဆင့် ဖြစ်နေကြပြီ၊ စွမ်းဆောင်ရည်ကလည်း မတည်ငြိမ်ဘူး၊ လောလောဆယ် သူတို့ကို အားကိုးလို့ မရဘူး။ မင်းကော ဘာအစီအစဉ် ရှိလဲ။"
ဝမ်ချုံစန်းက ဖန့်ချန်ကို ကြည့်ကာ မေးသည်။
"ဆန်းနယဲ့ စစ်မြေပြင် ။"
ဖန့်ချန်က တည်ငြိမ်စွာဖြင့် -
"ကျွန်တော် ထင်တာကတော့ အဲ့ဒီနေရာက အခွင့်အရေး တစ်ခုပဲ။ ဆန်းနယဲ့ စစ်မြေပြင် ထဲက ရှေးဟောင်းအင်အားစု ခုနစ်ခုက အစကတည်းက ထွက်ပြေးလွတ်မြောက်လာတဲ့ ဂိုဏ်းပေါင်းစုံမှ ကျွမ်းကျင်သူတွေ တည်ထောင်ခဲ့တာ ဖြစ်လိမ့်မယ်။
နှစ်ပေါင်းများစွာ ကြာမြင့်လာတဲ့အခါ သူတို့ရဲ့ အရင်းအမြစ်တွေက ဒီက ကောင်းကင်ငါးပါးနယ်မြေ ထက် ပိုပြီးတော့တောင် ထူထပ်နေလိမ့်မယ်။
သူတော်စင်ဧကရာဇ် နန်းတော် နဲ့ တိုက်ခိုက်ဖို့အတွက် ကျွန်တော်တို့တစ်ယောက်တည်း တစ်ကိုယ်တော် လုပ်စရာ မလိုသလို၊ ရှေ့ဆုံးကနေလည်း ထွက်စရာ မလိုပါဘူး။
သူတို့က ရှေ့ကနေ ထွက်မယ်၊ ကျွန်တော်တို့က နောက်ကနေ အလံထူပြီး အော်ပေးကြမယ်၊ အဲ့ဒါလည်း ရွေးချယ်စရာ တစ်ခုပဲ မဟုတ်လား။"
"မင်းက တာအိုသုံးထောင်ဂိုဏ်းရဲ့ တပည့်အရင်းပဲ။ အာမန်ကလည်း ရှူးရှန်းဓားဂိုဏ်း ကို ကိုယ်စားပြုတယ်။ အဓိက ဂိုဏ်းကြီး နှစ်ခုရဲ့ ထိပ်သီးပုဂ္ဂိုလ်တွေက အဲ့ဒီလူတွေအတွက် အော်ပေးနေရမယ်ပေါ့လေ။"
ဝမ်ချုံစန်းက ခေါင်းခါလိုက်သည်
"ငါ တော့ လုံးဝ သဘောမတူဘူး။"
ရှဲ့အာမန်က စဉ်းစားဟန်ဖြင့် -
"ဒီကိစ္စက ဖြစ်နိုင်တယ်။ အရင်တုန်းက ငါတို့ လုပ်ရပ်တွေက အလွန် အလျင်စလို ဖြစ်ပြီး ပြင်းထန်လွန်းတယ်။ အမြဲတမ်း ပြည့်စုံတဲ့ ပြင်ဆင်မှု မရှိခဲ့ဘူး။
ဒီတစ်ခေါက်တော့ နံပါတ်ကိုး ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။
ချင်ဟော်ဆွေ့ နဲ့ အရိပ်ရုပ်သေးဂိုဏ်း ကိစ္စကတော့ လောလောဆယ် မလိုသေးပါဘူး။
သူတို့က ခဏအတွင်း သူတော်စင်ဧကရာဇ် နန်းတော် ဘက်ကို ပြန်လှည့်ဖို့ မဖြစ်နိုင်ဘူး။"
ဝမ်ချုံစန်းကလည်း ထောက်ခံလိုက်သည်
"ငါလည်း ဒီကိစ္စကို ဖြစ်နိုင်တယ်လို့ မြင်တယ်။"
ဖန့်ချန်က ဒါကိုမြင်တော့ 'စွမ်းအားအသိဉာဏ် ဗောဓိသီး' သုံးလုံးကို ထုတ်ယူလိုက်သည်။
"ဘိုးဘေးငယ် ပြောတာတော့ ဒီ ဗောဓိသီး သုံးလုံးက သံသရာမသေမျိုးဂိုဏ်း ရဲ့ နည်းလမ်းနဲ့ သန့်စင်ထားတာတဲ့။ သုံးဆောင်ရင် အမှားမှန်အမှားမှန်ထွင်းဖောက် ကို နားလည်နိုင်မယ်။"
သူက တစ်လုံးကို ဝမ်ချုံစန်းထံ ပစ်ပေးလိုက်သည်။
"ဒီ ဗောဓိသီး ရတော့ ကျွန်တော် ခင်ဗျားကိုပဲ အရင် သတိရမိတယ်။ ဒီမျက်လုံးနဲ့ဆိုရင် ခင်ဗျား အဆင့်တက်ပြီးတဲ့နောက်မှာလည်း ဘယ်သူ့ကိုမှ ကြောက်စရာ မလိုတော့ဘူး။ ဒီ ဗောဓိသီးနောက်က အန္တရာယ်ကတော့ ဆန်းနယဲ့ စစ်မြေပြင် ထဲက ရှေးဟောင်း သူတော်စင်ဧကရာဇ်ရဲ့ သွေးကို အများကြီး သန့်စင်လိုက်ရင် နှိမ်နင်းနိုင်လိမ့်မယ်။"
"မင်းမှာ စေတနာရှိသားပဲ။"
ဝမ်ချုံစန်းက ပြုံးရွှင်စွာ လက်ခံလိုက်ပြီး တစ်ချက်ကြည့်ကာ ပါးစပ်ထဲ ထည့်လိုက်သည်။
ထို့နောက် ဖန့်ချန်နှင့် ရှဲ့အာမန် တို့က သူ့ကို တစိုက်မတ်မတ် ကြည့်နေသည်ကို မြင်တော့ မျက်မှောင်ကြုတ်လျက် -
"ဘာကြည့်တာလဲ။ မင်းတို့လည်း စားလေ။"
"ကျွန်တော်က ဒီ မျက်လုံး ကို နားလည်ပြီးသားမို့ မလိုတော့ဘူး။"
ဖန့်ချန်က ပြောသည်။
ရှဲ့အာမန်က
"အရင်ဆုံး ဒီ ဗောဓိသီး မှာ ဘာမှ ထူးခြားတာ မရှိကြောင်း စစ်ဆေးကြည့်ဦးမယ်။"
"......"
ဝမ်ချုံစန်းက ဖန့်ချန်ကို တစ်ချက် စိုက်ကြည့်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ ခဏကြာသော် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ငွေရောင် အလင်းတန်းများ လည်ပတ်နေသည်။
မကြာခင်မှာပင် ထိုအလင်းတန်းများက သူ့မျက်လုံးထဲသို့ ဝင်ရောက်သွားသည်။
သူ မျက်လုံးဖွင့်လိုက်သည့်အခါ မျက်လုံးထဲတွင် အနည်းငယ်သော ငွေရောင်အရိပ်များ ထင်ဟပ်နေသည်။
"အောင်မြင်သွားပြီ။"
ဖန့်ချန်နှင့် ရှဲ့အာမန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
အစအဆုံး ကြာချိန်မှာ တစ်နာရီလောက်ပဲ ရှိသေးသည်။
"သံသရာမသေမျိုးဂိုဏ်း ရဲ့ ဗောဓိသီး သန့်စင်တဲ့ နည်းလမ်းက တကယ်ပဲ အံ့ဩဖို့ ကောင်းတယ်။"
ရှဲ့အာမန်က သက်ပြင်းချလိုက်သည်။
ဝမ်ချုံစန်းက စမ်းသပ်ကြည့်ရာ သူ့လက်ချောင်းဖြင့် မြေပြင်ကို အလွယ်တကူ အပေါက်ဖောက်နိုင်သည်ကို တွေ့ရ၍ အံ့ဩစွာ -
"ဒီ မျက်လုံး က တကယ်ပဲ တိုက်ခိုက်မှုအတွက်ပဲ။ ငါက အင်အားအဆင့် သိုင်းသမားတောင် မဟုတ်သေးဘူး၊ ဒီလောက်ပဲ နားလည်တာနဲ့ ဒီလို စွမ်းအားတွေ ရနိုင်တာလား။"
"ဒါပေါ့၊ မဟုတ်ရင် မျက်လုံးကိုးမျိုး ထဲမှာ ဘာလို့ ပါဝင်နေမှာလဲ။"
"ကမ္ဘာပေါ်မှာ မျက်လုံးပညာတွေ အများကြီး ရှိပေမဲ့ ဒီကိုးမျိုးကိုပဲ မျက်လုံးကိုးမျိုး လို့ သတ်မှတ်ထားတာမို့ ထူးခြားတာပေါ့။"
ရှဲ့အာမန် ပြောပြီးနောက် ဖန့်ချန်ထံမှ ဗောဓိသီးကို ယူကာ စားလိုက်သည်။
"ဝမ်အိုကြီး၊ အစ်မကြီးကို ကူညီပေးပါ။ ကျွန်တော် ညီမလေးဆီ သွားလိုက်ဦးမယ်။"
ဖန့်ချန်က ချက်ချင်း ထရပ်ပြီး ထွက်သွားသည်။
ထို့နောက် ဖန့်ချန်က ဖန့်ကျစ်ရွှယ် ကို ရှာတွေ့ပြီး နောက်ဆုံးကျန်တဲ့ ဗောဓိသီး တစ်လုံးကို ပေးကာ စားစေလိုက်သည်။
တစ်နာရီ ကျော်လောက် ကြာပြီးနောက်။
ဖန့်ကျစ်ရွှယ် က ဝမ်းသာအားရ မျက်လုံးဖွင့်လိုက်ပြီး ငွေရောင် အလင်းတန်းများ ပါဝင်နေသဖြင့် အောင်မြင်စွာ နားလည်သွားမှန်း သိသာသည်။
"ဒီလိုဆိုတော့လည်း ငါ ဒီမှာ ဆက်နေစရာ မလိုတော့ဘူး။ ဒါပေမဲ့ မထွက်ခင် တစ်ခုခု လုပ်ရဦးမယ်……"
ဖန့်ချန်က ဖန့်ကျစ်ရွှယ် ကို သိုင်းမျက်လုံးကို အရင် ကျင့်ကြံခိုင်မာအောင် လုပ်ထားဖို့ မှာကြားခဲ့ပြီးနောက် သူသည် ချွန်းယမ်တောင်မှ ထွက်ခွာကာ ဆွေဝေ့ကျောင်းတော်၏ နောက်ကျောဘက် တောင်ကုန်းဆီသို့ ဦးတည်သွားတော့သည်။