← Chapters

အခန်း ၅၁၃

Vol. 52 Ch. 513

အခန်း ၅၁၃

Vol. 52 Ch. 513

အခန်း (၅၁၃) ကျွန်တော် လိုလားပါတယ်

​လင်ဖန်ဖေးသည် ဆူပွက်နေသော သူမ၏ ခံစားချက်များကို ခက်ခဲစွာ ဖိနှိပ်နိုင်ရန်အတွက် အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူလိုက်ရသည်။

​သူမက ခင်ပွန်းဖြစ်သူကို လွှတ်ပေးလိုက်သော်လည်း သူ၏ လက်မောင်းများကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး သူမ၏ မျက်ဝန်းများက တောက်ပနေကာ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သောအရှိန်ဖြင့် ရှင်းပြလိုက်၏။ "မနေ့က ရှင် အိပ်သွားပြီးတဲ့နောက်မှာ ညွှန်ကြားရေးမှူးကျန်းက အင်တာနက်ပေါ်မှာ အလုပ်ခေါ်စာတစ်ခု တင်လိုက်တယ်။ သူက အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားလမ်းညွှန်တစ်ယောက်ကို လူသိရှင်ကြား ခေါ်ယူနေတာလေ။ တစ်ကမ္ဘာလုံးက အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်နေကြတာ.."

​"ဒါပေမဲ့ အခုလို အရေးကြီးတဲ့ အချိန်မျိုးမှာ သူက ရှင့်တစ်ယောက်တည်းကို နေ့လယ်စာစားဖို့ ဖိတ်ခေါ်လာတယ်။ ရှင် စဉ်းစားကြည့်စမ်း... ဒါက ဘာကိုဆိုလိုတာလဲ..."

​ကျန်းဟွိုင်မင်က ဉာဏ်ကောင်းသူတစ်ဦးဖြစ်ရာ ၎င်း၏ အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားပြီး နေရာမှာပင် အေးခဲသွားတော့သည်။

​ကြီးမားလှပြီး မယုံကြည်နိုင်စရာကောင်းသော အံ့အားသင့်မှုကြီးက သူ၏ ဦးနှောက်ထဲသို့ ဆူနာမီလှိုင်းလုံးကြီးအလား ဝင်ရောက်ရိုက်ခတ်သွားပြီး သူ့ကို ခေတ္တမျှ မူးဝေသွားစေခဲ့၏။ သူက ပါးစပ်ကို ဟလိုက်သော်လည်း အချိန်အတော်ကြာမှသာ အသံထွက်လာခဲ့ပြီး ထိုအသံမှာ တုန်ယင်နေကာ မသေချာမှုများဖြင့် ပြည့်နှက်နေချေသည်။

​"ဒါ... ဒါ... ဒါရိုက်၂ာကျန်းက ကိုယ့်ကို အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားလမ်းညွှန် လုပ်ခိုင်းချင်တာလား..."

​"သေချာပေါက်ပဲ... တကယ်ကို သေချာတယ်" လင်ဖန်ဖေးက ခေါင်းကို အားပါးတရ ညိတ်ပြလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် ဂုဏ်ယူမှုနှင့် စိတ်လှုပ်ရှားမှုတို့ တောက်ပနေခဲ့သည်။ "ငါ့ယောကျ်ားက အတော်ဆုံးပဲဆိုတာ ငါ သိပြီးသားပါ...."

​သူ၏ စိတ်လှုပ်ရှားမှုကို ဆက်လက်၍ မထိန်းချုပ်နိုင်တော့သဖြင့် ကျန်းယွိုင်မင်သည် လင်ဖန်ဖေးကို ရုတ်တရက် ပွေ့ချီလိုက်ပြီး အခန်းထဲတွင် စိတ်လှုပ်ရှားစွာဖြင့် လှည့်ပတ်ကာ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

​"ဟားဟားဟား... သိပ်ကောင်းတာပဲ... ဒါရိုက်တာကျန်းက ငါ့ကို ရှာနေတာ... ငါ့ကို ဆက်သွယ်လာတာကွ"

​အခန်းထဲတွင် ဇနီးမောင်နှံနှစ်ဦး၏ ဝမ်းသာအားရ ရယ်မောသံများနှင့် ဖော်ပြ၍မရနိုင်သော ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားခဲ့ချေပြီ။

​ဤနေ့လယ်စာ၏ အရေးပါမှုသည် နေ့လယ်စာစားခြင်းသက်သက်ထက် များစွာ သာလွန်ချေသည်။

​၎င်းက မယုံကြည်နိုင်လောက်အောင် ကောင်းမွန်သော အနာဂတ်တစ်ခုဆီသို့ ရောက်ရှိနိုင်မည့် အခွင့်အရေးတစ်ခုကို ကိုယ်စားပြုပြီး သူတို့အတွက် တံခါးများ ပွင့်လာတော့မည်ပင်။

​နဂါးပြာသည် ပြင်းထန်သော ကွင်းဆင်း စစ်နည်းဗျူဟာ လေ့ကျင့်ရေးအစီအစဉ်တစ်ခုကို ယခုလေးတင် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။ သူ၏ လေ့ကျင့်ရေး ယူနီဖောင်းမှာ ချွေးများဖြင့် စိုရွှဲနေပြီး ဘောင်းဘီခြေထောက်များမှာလည်း ရွှံ့များ ပေကျံနေ၏။

​ရေဘူးကို ဖြည့်ရန် အဖုံးဖွင့်နေစဉ် ဆက်သွယ်ရေးအရာရှိဖြစ်သူ ကျန်းချီက မောကြီးပန်းကြီးဖြင့် ပြေးလာကာ "အဖွဲ့ခေါင်းဆောင်... အရေးပေါ် အကြောင်းကြားစာ.... တပ်မှူးကြီးက ခင်ဗျားကို ဌာနချုပ်ဆီ ချက်ချင်း လာခဲ့ဖို့ ခေါ်နေတယ်" ဟု ပြောလိုက်သည်။

​နဂါးပြညသည် မျက်နှာကို သုတ်လိုက်ပြီး မမျှော်လင့်ထားသော မစ်ရှင်တစ်ခုခုများ ရှိနေမလားဟု တွေးကာ သူ၏ ရင်ထဲတွင် တင်းကျပ်သွားရ၏။

​သူက အမိန့်ပေးဌာနချုပ်ဆီသို့ ခပ်သုတ်သုတ် လျှောက်သွားလိုက်ရာ တပ်မှူးကြီးများ၏ မျက်နှာပေါ်တွင် ရှားပါးလှသော၊ ကျေနပ်နေပုံရသည့် အပြုံးများကို မြင်တွေ့လိုက်ရသည်။

​"နဂါးပြာ... ရဲဘော်ကျန်းယဲ့ဆီက တရားဝင် အကြောင်းကြားစာကို ငါတို့ အခုလေးတင် လက်ခံရရှိခဲ့တယ်..." တပ်မှူးကြီးက ကျယ်လောင်သော အသံဖြင့် ပြောလိုက်ပြီး သူ၏ လေသံတွင် သိသာယုံမျှသာရှိသော စိတ်လှုပ်ရှားမှုများ ပါဝင်နေခဲ့သည်။ "ဘက်စုံ အကဲဖြတ်ပြီးတဲ့နောက် သူက မင်းကို ရီယဲ့ ခရီးသွားအေဂျင်စီမှာ အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားလမ်းညွှန်အဖြစ် ပါဝင်ဖို့ တရားဝင် ခန့်အပ်ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့"

​"..."

​အချိန်တွေ ရပ်တန့်သွားသကဲ့သို့ပင်။

နဂါးပြာသည် နေရာမှာပင် အေးခဲသွားပြီး သူ၏ ပြတ်သားသော မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်နေသည့် ဗလာကျင်းနေသော အမူအရာတစ်ခုသာ ရှိနေ၏။

​သူက အလွန်အမင်း ပင်ပန်းနွမ်းနယ်နေမှုကြောင့် ထင်ယောင်ထင်မှားများ ဖြစ်နေသည်ဟုပင် သံသယဝင်သွားမိသည်။

​'အချိန်နဲ့ ဟင်းလင်းပြင်... ခရီးသွားလမ်းညွှန်....'

​ထိုစကားလုံး အသီးသီး၏အဓိပ္ပာယ်ကို သူ တစ်လုံးချင်းစီ နားလည်သော်လည်း ၎င်းတို့ကို ပေါင်းစပ်လိုက်သောအခါ မိုးကြိုးတစ်စင်းက သူ၏ ပင်ပန်းနွမ်းနယ်နေသော ဦးနှောက်ထဲတွင် ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

​ရေတွက်မရနိုင်သော အရေးပေါ် မစ်ရှင်များကို သူ တွေးကြည့်ဖူးသော်လည်း ဤအရာကတော့ သူ တစ်ခါမှ မမျှော်လင့်ထားခဲ့သည့် အရာပင်။

​သူ သတိပြန်ဝင်လာရန် ငါးစက္ကန့် သို့မဟုတ် ခြောက်စက္ကန့်ခန့် ကြာသွားခဲ့၏။ သူ၏ လည်စေ့က ခက်ခဲစွာ လှုပ်ရှားသွားပြီး အလွန်အမင်း တုန်လှုပ်မှုကြောင့် သူ၏ အသံများမှာ အက်ကွဲကာ မတည်မငြိမ် ဖြစ်နေခဲ့သည်။ "အ... အကြီးအကဲ... အကြီးအကဲ ဆိုလိုတာက... ဒါရိုက်တာကျန်းက... ကျွန်တော့်ကို ရွေးလိုက်တယ်ပေါ့..."

​ခေါင်းဆောင်ဖြစ်သူက အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်ကို မြင်လိုက်ရသောအခါ ဧရာမ လက်တွေ့မဆန်သော ဝမ်းမြောက်မှုကြီးကြောင့် ဤမာကျောလှသော ယောက်ျားကြီးပင်လျှင် တွေဝေသွားသည့် အခိုက်အတန့်၌ သူ၏ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားမိလိုက်တော့သည်။

​လူရှစ်ယောက်၏ အချက်အလက်များကို ရရှိပြီးနောက် ကျန်းယဲ့သည် နေ့လယ်စာ စားမည့် နေရာနှင့် အချိန်ကို သူတို့ထံသို့ ပေးပို့လိုက်သည်။

​နောက်တစ်နေ့ နေ့လယ်၊ ရှောင်ကျူးစားသောက်ဆိုင်။

​သီးသန့်အခန်းအတွင်းရှိ လေထုမှာ ထူးခြားနေချေသည်။ စောစီးစွာ ရောက်ရှိလာကြသော ကိုယ်စားလှယ်လောင်းရှစ်ဦးတို့က တစ်ယောက်ကိုတစ်ယောက် နာမည်ခေါ်ကာ နှုတ်ဆက်နေကြပြီး သူတို့အားလုံး၏ မျက်နှာပေါ်တွင် ပြောမပြတတ်သော စိတ်လှုပ်ရှားနေသည့် အပြုံးများ အသီးသီး ရှိနေကြ၏။

နဂါးပြာမှလွဲ၍ ကျန်ခုနစ်ယောက်မှာ တစ်ခုတည်းသော နေရာအတွက် သူတို့ ရှစ်ယောက်ထဲမှ ရွေးချယ်ခံရမည်ဟု တွေးနေကြပြီး စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်ပူပန်မှုတို့ကို တစ်ပြိုင်နက်တည်း ခံစားနေကြရသည်။

​ကျန်းယဲ့သည် တံခါးကို တွန်းဖွင့်လိုက်ပြီး ဟင်းလျာများကို လာချပေးရန် စားပွဲထိုးကို ခေါ်လိုက်ကာ ခေါင်းဆောင်ထိုင်ခုံတွင် တည်ငြိမ်စွာ ထိုင်လိုက်သောအခါ လူတိုင်း၏ အကြည့်များက သူ့ထံသို့ ချက်ချင်း ရောက်ရှိသွားကြသည်။

​သူက လူတိုင်း၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုနှင့် ဝမ်းမြောက်မှုတို့ကို အကဲခတ်ကြည့်လိုက်ပြီးနောက် "အားလုံးပဲ စောစောရောက်နေကြတာပဲ" ဟု ပြုံးလျက် ပြောလိုက်သည်။

​ကောရွှိုက်နှင့် အခြားသူများက "ကျွန်တော်တို့ မနေ့က ဒါရိုက်တာကျန်းဆီက စာကိုရရချင်း ချက်ချင်း ပြေးလာခဲ့တာပါ" ဟု လျင်မြန်စွာ ရှင်းပြလိုက်ကြ၏။

​ကျန်းယဲ့က ခေါင်းညိတ်လိုက်ပြီး လိုရင်းကို ချက်ချင်း သွားလိုက်သည်။ "အားလုံးကို ဒီကို ဖိတ်ရတဲ့ အကြောင်းရင်းကတော့ အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားလမ်းညွှန် ကိစ္စနဲ့ ပတ်သက်လို့ပါပဲ...."

​သူ စကားပြောပြီးသည်နှင့် အခန်းထဲတွင် အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွားရသည်။ ရှစ်ယောက်စလုံးက မည်သည့် တွေဝေမှုမျှမရှိဘဲ ခါးကို မတ်လိုက်ကြပြီး သူတို့၏ အမူအရာများမှာ တည်ကြည်လေးနက်နေကြ၏။

​"ခင်ဗျားတို့ အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားလမ်းညွှန်တွေ ဖြစ်လာဖို့ ဆန္ဒရှိကြလား"

​"ကျွန်တော် လိုလားပါတယ်...." အသံ ရှစ်သံက မည်သည့် တွေဝေမှုမျှမရှိဘဲ တညီတညွတ်တည်း ပြန်လည်ဖြေကြားလိုက်ကြသည်။

​၎င်းကိုမြင်ပြီးနောက် ကျန်းယဲ့သည် သူ၏ အဝတ်အိတ်ငယ်လေးထဲမှ ထူထဲသော စာအုပ်ငယ်တစ်ထပ်ကို ထုတ်ယူကာ လူတိုင်းကို ဝေငှပေးလိုက်၏။ "ဒါတွေက အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားလမ်းညွှန်တွေအတွက် ဝန်ထမ်းလက်စွဲစာအုပ်တွေပါ။ စည်းမျဉ်းစည်းကမ်းတွေကို သေချာဖတ်ကြည့်ပြီး ခင်ဗျားတို့ လိုက်နာနိုင်မယ်ဆိုတာ သေချာအောင် လုပ်ကြပါ..."

​လူတိုင်းက စာအုပ်ငယ်များကို ယူလိုက်ပြီး ချက်ချင်းပင် ဖတ်ရှုခြင်းထဲတွင် နစ်မြုပ်သွားကြကာ သူတို့၏ အမူအရာများမှာ အာရုံစိုက်နေကြလေသည်။

​နဂါးပြာက အမြန်ဆုံးဖြစ်ပြီး စာအုပ်ငယ်ကို ပိတ်ကာ "ပြဿနာ မရှိပါဘူး" ဟု လေးနက်သော အသံဖြင့် ပြောလိုက်၏။

​ကျန်းဟွိုင်မင်နှင့် ချောင်ရန်ကျိတို့ကလည်း အတုယူကာ သူတို့၏ သဘောထားများကို ထုတ်ဖော်ပြောဆိုလိုက်ကြသည်။

​မကြာမီမှာပင် အခြားသူများကလည်း ခေါင်းမော့လာပြီး သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်ကြလေသည်။

​ကျန်းယဲ့က ပြုံးကာ ပြောလိုက်၏။ "ကောင်းပါပြီ... အားလုံးကို ဂုဏ်ပြုပါတယ်။ ခင်ဗျားတို့ အားလုံးက ရီယဲ့ ခရီးသွားအေဂျင်စီရဲ့ အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားလမ်းညွှန်တွေ တရားဝင် ဖြစ်လာကြပါပြီ..."

​ဤစကားလုံးများက မိုးကြိုးတစ်စင်းအလား သီးသန့်အခန်းအတွင်း၌ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

​အခြေအနေကို ကြိုတင်သိရှိထားပြီး တည်ငြိမ်နေသော နဂါးပြာမှလွဲ၍ ကျန်ခုနစ်ယောက်မှာ မှင်တက်သွားကြပြီး သူတို့၏ မျက်လုံးများက မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်သွားကြရသည်။

​ကောရွှိုက်မှာ သူ၏ လက်ထဲရှိ စာအုပ်ငယ်လေးကိုပင် ပြုတ်ကျလုမတတ် ဖြစ်သွားပြီး သူ၏ အသံမှာ တုန်ယင်နေ၏။ "ဒါရိုက်တာကျန်း... ဆိုလိုတာက... ကျွန်တော်တို့ ရှစ်ယောက်စလုံး... အခန့်ခံရတယ်ပေါ့..."

​မျက်မှန်ကို ချိန်ညှိနေသော ကျန်းဟွိုင်မင်၏ လက်မှာ အနည်းငယ် တုန်ယင်သွားခဲ့သည်။ ချောင်ရန်ကျိနှင့် ကျိုးရှင်းဖူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ဖက်လူ၏ မျက်ဝန်းများထဲတွင် ကြီးမားလှသော တုန်လှုပ်မှုကြီးကို အသီးသီး မြင်တွေ့လိုက်ရ၏။

​ကျန်းခိုင်၏ ပါးစပ်မှာ ဟနေခဲ့ပြီး သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်နေသော ထိုက်ရွှီ ကျောင်းထိုင်ဆရာတော်၏ လက်မှာ လေထဲတွင် အေးခဲသွားကာ အမြဲတမ်း တည်ငြိမ်နေတတ်သည့် ကျန်းမင်ဟွေ့ပင်လျှင် သူ၏ အသက်ရှူနှုန်းများ အနည်းငယ် မြန်ဆန်လာခဲ့ချေပြီ။

​ဒါက ရှစ်ယောက်ထဲက တစ်ယောက်ကို ရွေးရမယ့် မေးခွန်းမဟုတ်ဘူး...

​သူတို့ ရှစ်ယောက်စလုံး ရှိနေတာကို။ အားလုံးကို လိုချင်တာတဲ့လား....

​ကျန်းယဲ့ စကားပြောပြီးနောက် သီးသန့်အခန်းအတွင်းရှိ လေထုမှာ ထူးဆန်းသော တိတ်ဆိတ်မှုကြီးတစ်ခုထဲသို့ ကျဆင်းသွားခဲ့လေသည်။

​"အားလုံး... အားလုံးပဲလား...." ကောရွှိုက်က ပထမဆုံး တုန့်ပြန်လာသူဖြစ်ပြီး သူ၏ အသံမှာ တုန်ယင်နေခဲ့၏။ "ညွှန်ကြားရေးမှူးကျန်း... ဆိုလိုတာက... ကျွန်တော်တို့ ရှစ်ယောက်စလုံးကိုလား..."

​ကျန်းယဲ့က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ဒီတစ်ခေါက်မှာ နေရာ ဆယ်နေရာ ရှိတယ်။ ခင်ဗျားတို့ ရှစ်ယောက်အပြင် လင်ရှောင်နဲ့ အများပြည်သူဆီကနေ ရွေးချယ်မယ့်တစ်ယောက်အပါအဝင် ဒီနေ့ကစပြီး အလုပ်သင် အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားလမ်းညွှန်တွေအဖြစ် တရားဝင် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်.."

​ရှစ်ယောက်တောင်....

​ကျိုးရှင်းဖူက ရုတ်တရက် သူ၏ ပေါင်ကို ရိုက်ချလိုက်ပြီး သူ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေခဲ့သည်။ "ဒီနေရာကို ရဖို့အတွက် ငါတို့တွေ အသေအလဲ တိုက်ခိုက်ရတော့မယ်လို့တောင် ထင်ထားခဲ့တာကွ...."

​ကျန်းဟွိုင်မင်၏ အသံမှာ ခံစားချက်များကြောင့် ဆို့နင့်နေ၏။ "ဒါရိုက်တာကျန်း... ဒါက တကယ်ကို ကျွန်တော်တို့အပေါ် အရမ်းကောင်းလွန်းပါတယ်...."

​ချောင်ရန်ကျိက အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

​ကျန်းခိုင်က ထိုင်ခုံမှ ခုန်ထလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။ "ကျေးဇူးတင်ပါတယ် ဒါရိုက်တာကျန်း..... ဒါရိုက်တာကျန်း... ဖေဖေကျန်း... ကျွန်တော် ခင်ဗျားကို အရမ်းချစ်တာပဲ..."

​ထိုက်ရွှီကျောင်းထိုင်ဆရာတော်က တည်ငြိမ်နေပုံရသော်လည်း သူ၏ ယင်မောင်းတံက အနည်းငယ် တုန်ယင်နေမှုက သူ၏ ရင်ထဲမှ လှိုင်းထန်နေမှုများကို ဖော်ပြနေချေသည်။

​"အရမ်းကြီး စိတ်မလှုပ်ရှားနေကြနဲ့ဦး..." ကျန်းယဲ့က တည်ကြည်လေးနက်စွာ ပြောလိုက်၏။ "ခင်ဗျားတို့က အချိန်နှင့်ဟင်းလင်းပြင် ခရီးသွားလမ်းညွှန်တွေ ဖြစ်လာပေမဲ့ စည်းမျဉ်းတွေကို မလိုက်နာဘူးဆိုရင် အချိန်မရွေး ရာထူးကနေ ထုတ်ပယ်ခံရနိုင်ပါတယ်။ မှတ်ထားပါ... လက်စွဲစာအုပ်ထဲက စည်းမျဉ်းတိုင်းကို တင်းတင်းကျပ်ကျပ် လိုက်နာရပါမယ်...."

​"အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားလမ်းညွှန် တစ်ယောက်ဖြစ်လာတယ်ဆိုတာ ငြိမ်းချမ်းတဲ့ဘဝကို နှုတ်ဆက်လိုက်ပြီး အမည်မသိနဲ့ အန္တရာယ်များတဲ့ အကမ္ဘာတွေကို အချိန်မရွေး ရင်ဆိုင်ရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ခင်ဗျားတို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ လိုပါတယ်...."

​လူတိုင်း၏ မျက်နှာအမူအရာများမှာ တင်းမာသွားပြီး သူတို့၏ ရပ်တည်ချက်ကို တည်ကြည်လေးနက်စွာ အသီးသီး ထုတ်ဖော်ပြောဆိုလိုက်ကြသည်။

​"စိတ်ချပါ ဒါရိုက်တာကျန်း... ကျွန်တော် စည်းမျဉ်းတွေကို သေချာပေါက် လိုက်နာပါ့မယ်..."

​"ဧည့်သည်တွေရဲ့ ဘေးကင်းလုံခြုံရေးကို ကျွန်တော်တို့ ဘယ်တော့မှ နောက်ပြောင်မှာ မဟုတ်ပါဘူး..."

​"လုပ်ငန်းစဉ်တွေကို အမြန်ဆုံး ရင်းနှီးကျွမ်းဝင်အောင် လုပ်ပါ့မယ်..."

​စားပွဲထိုးက အရသာရှိပုံရသော ဟင်းလျာများကို စားပွဲပေါ်သို့ လာချပေးချိန်တွင် ယခုလေးတင် ခန့်အပ်ခံလိုက်ရသော ခရီးသွားလမ်းညွှန်ရှစ်ဦး၏ စိတ်အာရုံများမှာ စိန်ခေါ်မှုများ ပြည့်နှက်နေသည့် ကြယ်များနှင့် ပင်လယ်ပြင်ကမ္ဘာကြီးဆီသို့ ပျံသန်းသွားခဲ့ပြီ ဖြစ်သည်။

​ဤနေ့လယ်စာ စားပွဲက စိတ်လှုပ်ရှားဖွယ်ကောင်းသော အတွေ့အကြုံတစ်ခု ဖြစ်လာဖို့ ဖန်တီးထားပြီး ဖြစ်လေသည်။

အခန်း ၅၁၃ပြီး၏။

All Chapters