← Chapters

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း (၁၈၄) ဘိုးဘေးများ၏ မိတ်ဆွေဟောင်းနှင့် တွေ့ဆုံခြင်း

လျူအာကျူးသည် စာအုပ်စင်များပေါ်မှ သူလိုအပ်သော စာအုပ်များကို ထပ်မံရှာဖွေတွေ့ရှိခဲ့သည်။

စိုက်ပျိုးရေးနှင့် ပတ်သက်သော အသိပညာများပါဝင်သလို တိရစ္ဆာန်မွေးမြူရေးနှင့် ပတ်သက်သော စာအုပ်များလည်း ပါဝင်လေသည်။

သူအံ့သြသွားရသည်မှာ ကလေးများကို စာသင်ပေးရန်နှင့် ဂဏန်းသင်္ချာသင်ပေးရန် စာအုပ်များပင် ဤနေရာတွင် ရှိနေခြင်းဖြစ်၏။

လျူအာကျူးသည် နောင်တစ်ချိန်တွင် ကလေးများကို စာသင်ပေးရန်အတွက် ရွာ၌ မူလတန်းကျောင်းတစ်ကျောင်း ဖွင့်လှစ်ရန် ရည်ရွယ်ကာ ထိုစာအုပ်များကို ချက်ချင်း ဝယ်ယူလိုက်သည်။

သူသည် ဤဘဝတွင် ကျောင်းပြန်တက်ရန် မရွေးချယ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ကျောင်းတက်ခဲ့ပြီးဖြစ်၍ ပြန်တက်လျှင်လည်း အကျိုးရှိမည်မဟုတ်သောကြောင့်ဖြစ်၏။

သို့သော် ထိုအချက်က လူများကို ကျောင်းမတက်စေချင်ဟု ဆိုလိုခြင်းမဟုတ်ပေ။

ပညာသင်ကြားခြင်းသည် ငွေအများကြီးရှာနိုင်မည်ဟု မဆိုလိုသော်လည်း ပညာမတတ်ခြင်းက အနာဂတ်မရှိခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ရွာတွင် မူလတန်းကျောင်းတစ်ကျောင်း ဖွင့်လှစ်ရန်မှာ လိုအပ်လေသည်။

လျူအာကျူးသည် မူလက ပေကျင်းမြို့ရှိ နေရာတစ်နေရာသို့ အပန်းဖြေစရာပစ္စည်းအချို့ ဝယ်ရန် လာခဲ့ခြင်းဖြစ်သော်လည်း မသိလိုက်မသိဘာနှင့်ပင် စာအုပ်အုပ်ရေ ငါးရာကျော်ကို ဝယ်ယူပြီးမှ ပြန်ထွက်လာခဲ့မိသည်။

နိုင်ငံပိုင်စာအုပ်ဆိုင်တွင် စာအုပ်များ သိသိသာသာ နည်းပါးသွား၏။ အရောင်းစာရေးများနှင့် လမ်းသွားလမ်းလာများမှာ အံ့သြသွားကြပြီး လျူအာကျူးသည် အနီးအနားတွင် အခြားစာအုပ်ဆိုင်တစ်ဆိုင်ဖွင့်ကာ ယှဉ်ပြိုင်ရန် ကြိုးစားနေသည်ဟု ထင်မှတ်သွားကြ၏။

ဤမျှများပြားသော ဝယ်ယူမှုသည် စာအုပ်ဆိုင်မန်နေဂျာ၏ အာရုံကိုလည်း ဖမ်းစားသွားသည်။

စာအုပ်ဆိုင်မန်နေဂျာသည် လျူအာကျူး၏ သက်သေခံလက်မှတ်ကို စစ်ဆေးရန် အထူးတလည် ထွက်လာခဲ့သည်။

လျူအာကျူးသည် သူ၏ ထောက်ခံစာကို ကမ်းပေးလိုက်ပြီး သူ၏ရွာအတွက် မူလတန်းကျောင်းတစ်ကျောင်း ဖွင့်လိုကြောင်း ရှင်းပြလိုက်သည်။ ဤနေရာရှိ စာအုပ်များသည် အလွန်ပြည့်စုံသည်ကို တွေ့ရသဖြင့် မတော်တဆ စာအုပ်များ အများကြီးဝယ်မိသွားခြင်း ဖြစ်ကြောင်း ပြောပြလိုက်၏။

စာအုပ်ဆိုင်မန်နေဂျာလည်း ချက်ချင်းပင် ဝမ်းသာသွားသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ဖခင်မှာ ပီကင်းတက္ကသိုလ်၏ ပညာရေးရေးရာ ဌာနမှူးဖြစ်သောကြောင့်တည်း။ ကလေးဘဝကတည်းက လွှမ်းမိုးမှုခံခဲ့ရသဖြင့် အခြားသောအလုပ်အကိုင်များအားလုံးသည် ပညာသင်ကြားခြင်းထက် နိမ့်ကျသည်ဟု သူက ယုံကြည်ထားသည်။

လျူအာကျူးသည် ရွာအတွက် မူလတန်းကျောင်းတစ်ကျောင်း ဖွင့်လှစ်မည်ဟု ကြားသောအခါ သူသည် အလွန်ဝမ်းသာသွားပြီး လျူအာကျူးကို ရုံးခန်းထဲသို့ လက်ဖက်ရည်သောက်ရန် ကိုယ်တိုင်ဖိတ်ခေါ်သည်။

"ရဲဘော်လျူအာကျူး... ပွင့်ပွင့်လင်းလင်းပြောရရင် ငါက တောသူတောင်သားတွေကို အထင်သေးတာ မဟုတ်ပါဘူး... ဒါပေမဲ့ ငါ အရင်က နယ်ဘက်ကို သွားလည်တုန်းက အဲ့လူတွေက တကယ့်ကို ဗဟုသုတနည်းပြီး ပညာသင်ဖို့ကိုလည်း ငြင်းဆန်ကြတယ်... သူတို့က အဲဒါကို အချိန်ဖြုန်းတယ်လို့ အမြဲခံစားရပြီး အလုပ်ရမှတ်ရဖို့အတွက် လယ်လုပ်ရတာကိုပဲ ပိုသဘောကျကြတယ်..."

"ဒီခေတ်ကာလ ကျေးလက်လူငယ်တွေထဲမှာ အဲ့လိုအမြော်အမြင်နဲ့ အသိအမြင်ရှိတဲ့ ပညာတတ်တစ်ယောက်ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး... ငါ တကယ် ဝမ်းသာပါတယ်..."

မန်နေဂျာက ပြုံးကာ လျူအာကျူးအား လက်ဖက်ရည် ကမ်းပေးလိုက်သည်။

လျူအာကျူးက ယဉ်ကျေးစွာ လက်ခံလိုက်ပြီး တစ်ငုံသောက်ကာ ပြောလိုက်၏။

"သူတို့က ပညာသင်ကြားခွင့် နည်းပါးခဲ့လို့ပဲ ပညာသင်တာ အသုံးမကျဘူးလို့ ခံစားနေရတာများလား... ဒါကြောင့်မို့လို့ ပညာသင်ကြားရေးရဲ့ အရေးပါမှုကို သူတို့ သိမြင်လာအောင် ကျွန်တော်တို့က ပိုလုပ်ပေးဖို့ လိုအပ်တာပေါ့..."

"မင်းပြောတာ အဓိပ္ပာယ်ရှိတယ်... အခုချိန်မှာ နိုင်ငံတော်က အရည်အချင်းရှိတဲ့သူတွေကို အလွန်လိုအပ်နေတာ... ပညာတတ်တိုင်းက ရတနာပဲ..."

မန်နေဂျာက အပြည့်အဝသဘောတူစွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် မေးလိုက်သည်။

"မင်းက အထက်တန်းကျောင်းဆင်းလား..."

"တက္ကသိုလ်ဆင်းပါ..."

လျူအာကျူးက မသိစိတ်ဖြင့် ပြောလိုက်မိလေသည်။

သို့သော် ပြောပြီးသည်နှင့် သူ အမှားလုပ်မိသွားမှန်း သိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဆယ်ကျော်သက်အရွယ်သာ ရှိသေးရာ မည်သို့လုပ် တက္ကသိုလ်ကျောင်းသား ဖြစ်နိုင်မည်နည်း။

မန်နေဂျာ၏ သံသယဖြစ်နေသော အကြည့်ကို မြင်လိုက်ရသောအခါ လျူအာကျူးက ရှင်းပြလိုက်သည်။

"ကျွန်တော်က ကိုယ့်ဘာသာကိုယ် လေ့လာသင်ယူခဲ့တာပါ... ကျွန်တော် ကျောင်းမတက်နိုင်ခဲ့ပေမဲ့ ကျွန်တော့်ဘိုးဘေးတွေက ပညာတတ်တွေဖြစ်နေလို့ ကိုယ့်ဘာသာကိုယ် သင်ယူခဲ့တာပါ..."

"မင်းက ကိုယ်တိုင်လေ့လာပြီး တက္ကသိုလ်သင်ရိုးညွှန်းတမ်းကို ပြီးမြောက်ခဲ့တာလား..."

မန်နေဂျာက အတော်လေး သံသယဖြစ်သွားသည်။ လျူအာကျူးကို ပညာတတ်တစ်ဦးဟု သူထင်ထားခဲ့သော်လည်း ယခုအခါ ကောင်လေးသည် အဓိပ္ပာယ်မရှိသည်များကို ပြောနေသည်ဟု ခံစားလိုက်ရ၏။

သေချာစေရန်အတွက် မန်နေဂျာသည် သူ၏အနောက်ရှိ စာအုပ်စင်ပေါ်မှ စာအုပ်တစ်အုပ်ကို တမင်ယူကာ ကမ်းပေးလိုက်လေသည်။

"ကြည့်ကြည့်စမ်း... မင်း ဒီစာအုပ်ကို စိတ်ဝင်စားလား..."

လျူအာကျူးသည် ထိုစာအုပ်ကို လှမ်းကြည့်လိုက်၏။ ၎င်းသည် နိုင်ငံခြားစာအုပ်တစ်အုပ်ဖြစ်ပြီး ကမ္ဘာ့ဂန္ထဝင်စာအုပ်တစ်အုပ် ဖြစ်လေသည်။

"လှောင်ပြောင်နေသော ငှက်ကလေးကို သတ်ခြင်းလား... ကျွန်တော် အဲဒါကို ဖတ်ဖူးတယ်... အရင်က အမေရိကန်ရဲ့ ရီးဒါးဒိုင်ဂျက် မဂ္ဂဇင်းကို ဖတ်ရတာ သဘောကျခဲ့ပြီး အဲဒီကနေတစ်ဆင့်

ဒီစာအုပ်အကြောင်းကို သိခဲ့တာ..."

လျူအာကျူးက အင်္ဂလိပ်စာအုပ်ကို တကယ်မှတ်မိပြီး နာမည်ကြီး အမေရိကန် ရီးဒါးဒိုင်ဂျက် မဂ္ဂဇင်းအကြောင်းကို သိနေသည်ကို မြင်သောအခါ မန်နေဂျာသည် သူ့ကို အနည်းငယ်ပိုယုံကြည်သွားသော်လည်း ဆက်လက်၍ မေးခွန်းထုတ်လေသည်။

"ဒီစာအုပ်ထဲမှာ ဂန္ထဝင်စာသားတွေ အများကြီးပါပါတယ်... ငါ အကြိုက်ဆုံးကတော့ မနက်ဖြန်ဟာ အခြားနေ့တစ်နေ့ပါပဲဆိုတဲ့ စာသားပဲ... လူတွေကို အမြဲမျှော်လင့်ချက်တွေ ပြည့်ဝစေတယ်လေ..."

"ဟင်..."

လျူအာကျူးက မျက်မှောင်ကြုတ်လိုက်သည်။

"အဲ့စာသားက မာဂရက်မစ်ချယ်ရေးတဲ့ လေနှင့်အတူလွင့်ပါသွားခြင်းထဲက မဟုတ်ဘူးလား..."

ဤစကားကို ကြားသောအခါ လျူအာကျူးသည် သူ့အား လိမ်ညာနေခြင်းမဟုတ်ကြောင်း မန်နေဂျာက သိလိုက်သည်။

သူသည် တက္ကသိုလ်အဆင့်ပညာရပ်အားလုံးကို မကျွမ်းကျင်လျှင်တောင်မှ ထိုနိုင်ငံခြားဂန္ထဝင်စာအုပ်နှစ်အုပ်ကို သိနေခြင်းက သူ တကယ်ပဲ စာအများကြီး ဖတ်ထားကြောင်း သက်သေပြနေသည်။

အထူးသဖြင့် လှောင်ပြောင်နေသော ငှက်ကလေးကို သတ်ခြင်း စာအုပ်မှာ နိုင်ငံအတွင်း ဘာသာပြန်ဆိုထားသည့်မူ မရှိသေးပေ။ လျူအာကျူးသည် ထိုစာအုပ်ကို ဖတ်ဖူးသည်ဟူသောအချက်က သူ အင်္ဂလိပ်စာ တတ်ကျွမ်းကြောင်း ဆိုလိုနေခြင်းဖြစ်၏။

သာမန်လူများက အင်္ဂလိပ်စာကို မတတ်ကျွမ်းကြပေ။

မန်နေဂျာသည် ပွင့်လင်းဖြောင့်မတ်သော လူတစ်ယောက်ဖြစ်ရာ ချက်ချင်းပင် တောင်းပန်လိုက်သည်။

"စောစောက မယုံကြည်မိတဲ့အတွက် ငါ တောင်းပန်ပါတယ်... ဒါပေမဲ့ တက္ကသိုလ်အဆင့်အထိ ကိုယ်တိုင်လေ့လာနိုင်ခဲ့တာက တကယ့်ကို ထူးချွန်လွန်းပါတယ်..."

လျူအာကျူးက ချောင်းအနည်းငယ်ဟန့်လိုက်ပြီးနောက် ပြောလိုက်သည်။

"ဘာမှမဟုတ်ပါဘူးဗျာ..."

"ပွင့်ပွင့်လင်းလင်းပြောရရင် မင်းလို အရည်အချင်းရှိတဲ့သူက ပေကျင်းမြို့မှာပဲ နေသင့်တာ... မင်းသာ ဆန္ဒရှိရင် ငါ့အဖေနဲ့ မိတ်ဆက်ပေးပြီး ပီကင်းတက္ကသိုလ်မှာ အလုပ်တစ်ခု ရှာခိုင်းလို့ရတယ်..."

ဤခေတ်ကာလတွင် တက္ကသိုလ်ကျောင်းသားများမှာ ဖီးနစ်ငှက်၏ အမွေးအတောင်များနှင့် ယူနီကွန်း၏ ဦးချိုများကဲ့သို့ ရှားပါးပြီး အလွန်တန်ဖိုးရှိလှပေသည်။

တက္ကသိုလ်အဆင့် ပညာရေးရှိသူများမှာလည်း ထပ်တူပင် တန်ဖိုးထားစရာ ကောင်းလှ၏။

လျူအာကျူးက ခေါင်းခါလိုက်လးသည်။

"မလိုပါဘူးဗျာ... ကျွန်တော်က ကျွန်တော့်မွေးရပ်မြေက ကလေးတွေကိုပဲ ပျိုးထောင်ပေးချင်ပါသေးတယ်..."

တကယ်တော့ လျူအာကျူး၏ စွမ်းဆောင်ရည်မှတ်တမ်းများကို ထည့်သွင်းစဉ်းစားမည်ဆိုပါက ပီကင်းတက္ကသိုလ်တွင် အလုပ်လုပ်ရန် သူ ကြိုးစားနိုင်ကောင်း ကြိုးစားနိုင်မည်ဖြစ်ပြီး သူ၏နောက်ခံမှာလည်း ပြဿနာ သိပ်မရှိနိုင်ပေ။

သို့သော် နှစ်အနည်းငယ်ကြာပြီးနောက် လေတိုက်လာသောအခါ မည်သူမျှ သေချာပေါက် မပြောနိုင်တော့ပေ။

ထိုအချိန်က ပီကင်းတက္ကသိုလ်မှ ပါမောက္ခအများအပြားမှာ အသေးအဖွဲကိစ္စရပ်များဖြင့် ဖိနှိပ်ညှဉ်းပန်းခံခဲ့ရပြီး အများစုမှာ သူတို့၏ ကိုယ်ပိုင်ကျောင်းသားများနှင့် လုပ်ဖော်ကိုင်ဖက်များ၏ တိုင်တန်းခြင်းကိုပင် ခံခဲ့ရကြောင်းကို သူ သိထားသည်။

လျူအာကျူးသည် ဤပြဿနာများရှိသောနေရာတွင် မနေချင်ပေ။ လျူကျေးရွာတွင် ထိုဆယ်နှစ်တာကာလကို အေးချမ်းစွာ ဖြတ်သန်းချင်ရုံသာဖြစ်၏။

"ဒါလည်း ကောင်းပါတယ်လေ... မင်းမှာ ကြီးမားတဲ့ ရည်မှန်းချက်တွေရှိနေတော့ ငါက မင်းကို တားမထားသင့်ပါဘူး..."

မန်နေဂျာက သက်ပြင်းချကာ ဆက်ပြောလေသည်။

"တကယ်တော့ ပွင့်ပွင့်လင်းလင်းပြောရရင် မင်းကို ပထမဆုံးအကြိမ် မြင်လိုက်ရကတည်းက ရင်းနှီးနေသလို ငါ ခံစားမိတယ်... မင်းသာ ဒီနေရာတွင် ဆက်နေမယ်ဆိုရင် ငါတို့က အရမ်းကောင်းတဲ့ သူငယ်ချင်းတွေ ဖြစ်သွားလောက်တယ်..."

"ရင်းနှီးနေတယ်... တိုက်ဆိုင်တာလည်း ဖြစ်နိုင်ပါတယ်..."

လျူအာကျူးက သိပ်အရေးတယူ မတွေးခဲ့ပေ။

"တိုက်ဆိုင်တာပဲ ဖြစ်ရမယ်... ငါက အသက်လေးဆယ်နား နီးနေပြီ... မင်းက ဆယ်ကျော်သက်အရွယ်ပဲ ရှိသေးတာ... ငါက မင်းကို အရင်က ဘယ်လိုလုပ် မြင်ဖူးမှာလဲ..."

"ဒါပေမဲ့ မင်းရဲ့ မိသားစုဝင်တွေကို ငါ မြင်ဖူးတာလည်း ဖြစ်နိုင်တာပဲ... ရှဲ့မုန်ယွင်ဆိုတဲ့ လူတစ်ယောက်ကိုရှာဖို့ မင်းတို့ရဲ့ ခရိုင်မြို့ကို အရင်က ငါ သွားခဲ့ဖူးတယ်... ကံမကောင်းစွာနဲ့ပဲ သူ့ကို ရှာမတွေ့ခဲ့ဘူး..."

မန်နေဂျာက ရယ်မောကာ ရှင်းပြလေသည်။

သို့သော် သူ၏စကားကြောင့် လျူအာကျူး၏ မျက်နှာအမူအရာမှာ အံ့သြသွား၏။

"ရှဲ့မုန်ယွင်... ခင်ဗျားက သူ့ကို ဘာလို့ ရှာနေတာလဲ..."

"အာ..."

မန်နေဂျာသည် ရုတ်တရက် ရယ်မောခြင်းကို ရပ်တန့်လိုက်ပြီး လျူအာကျူးအား အံ့သြတကြီး ကြည့်လိုက်သည်။

"မင်းက သူ့ကို သိနေတာတော့ မဟုတ်ပါဘူးနော်..."

"ခင်ဗျား သူ့ကို ဘာလို့ရှာနေတာလဲဆိုတာ အရင်ပြောပါ..."

လျူအာကျူးက သတိထားကာ မေးလိုက်သည်။

သူ၏တုံ့ပြန်မှုကို မြင်သောအခါ မန်နေဂျာက လျူအာကျူးက သူ့ကို တကယ်သိကြောင်း သေချာသွားပြီး စိတ်လှုပ်ရှားလာသည်။

"ကျုပ်က ရှဲ့မုန်ယွင်ကို ရှာနေတာ... မဟုတ်သေးဘူး... တိတိကျကျပြောရရင် သူ့ကို ရှာနေတာက ငါမဟုတ်ဘူး... ငါ့အဖေ... ငါ့အဖေက သူ့ရဲ့ တပည့်ဖြစ်ခဲ့ဖူးပြီး သူ ကျေးဇူးကို ခံခဲ့ရဖူးတယ်... သူ အခြေအနေမကောင်းဘူးလို့ ကြားတော့ ငါ့အဖေက သူ့ကို ရှာဖို့ ကြိုးစားခဲ့ပေမဲ့ ဘယ်တော့မှ ရှာမတွေ့ခဲ့ဘူး..."

"ရှဲ့မုန်ယွင် ဘယ်မှာရှိလဲဆိုတာ မင်း ငါ့ကို ပြောပြနိုင်ရင် မင်းကို ငါက ဆုကြေးကောင်းကောင်း ပေးဖို့ ဆန္ဒရှိတယ်... နောင်ကြရင် မင်းတို့ရွာအတွက် ဘယ်စာအုပ်တွေပဲလိုလို ငါအကုန်လုံး တာဝန်ယူပေးပြီး ပို့ဆောင်ရေးကိုပါ စီစဉ်ပေးမယ်... ဘယ်လိုလဲ..."

မန်နေဂျာ၏ စိတ်လှုပ်ရှားမှုမှာ ဟန်ဆောင်နေခြင်းမဟုတ်ကြောင်း မြင်လိုက်ရသဖြင့် လျူအာကျူးသည် သက်ပြင်းဖွဖွချလိုက်သည်။

"ထပ်ရှာဖို့ မလိုတော့ပါဘူး... သူ ဆုံးပါးသွားတာ ကြာလှပါပြီ..."

"အာ..."

မန်နေဂျာက လျူအာကျူးကို မယုံနိုင်စွာ ကြည့်လိုက်သည်။

"မင်း ငါ့ကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်... ပီကင်းတက္ကသိုလ်ကနေ သူ ထွက်သွားတုန်းက အရမ်းငယ်သေးတယ်လို့ ငါ့အဖေက ပြောခဲ့တယ်... ပုံမှန်အားဖြင့်ဆိုရင် အခုချိန်အထိ အသက်ရှင်နေဖို့ ပြဿနာမရှိနိုင်ဘူး..."

"ခင်ဗျားကိုယ်တိုင်က ပုံမှန်အားဖြင့် ဆိုတဲ့စကားကို သုံးခဲ့တာပဲလေ... ခင်ဗျားအဖေက သူမရဲ့ နောက်ခံအကြောင်း ခင်ဗျားကို မပြောပြခဲ့ဘူးလား... အဲ့နောက်ခံမျိုးရှိတဲ့လူတစ်ယောက်က ပုံမှန်ဘဝမှာ နေနိုင်လိမ့်မယ်လို့ ခင်ဗျား ထင်နေတာလား..."

လျူအာကျူးက ခေါင်းခါရင်း ပြောလိုက်သည်။

မန်နေဂျာ၏ စိတ်အားထက်သန်မှုမှာ ချက်ချင်းပင် လျော့ကျသွား၏။

"သူ ပြောပြခဲ့ပါတယ်... သူ့ရဲ့ ကိုယ်ပိုင်နောက်ခံရော သူ့ယောကျ်ားဘက်က မိသားစုရောက ပြဿနာအရမ်းများတယ်... အဲ့ကာလကို ဖြတ်ကျော်ဖို့က တကယ့်ကို ခက်ခဲခဲ့မှာပါ..."

"နေပါဦး... မင်းက သူမအကြောင်းကို ဒီလောက်တောင် အများကြီးသိနေတာ... မင်းက သူမနဲ့ ဘယ်လိုတော်စပ်လို့လဲ..."

All Chapters