← Chapters

အခန်း ၁၈၅

Vol. 19 Ch. 185

အခန်း ၁၈၅

Vol. 19 Ch. 185

အခန်း (၁၈၅) နှလုံးရောဂါဖောက်ခြင်း

မန်နေဂျာသည် မျှော်လင့်ချက်အပြည့်ဖြင့် လျူအာကျူးအား ရုတ်တရက် ကြည့်လိုက်ပြီး သူ့အဖြေကို စောင့်ဆိုင်းနေသည်။

ခေတ္တမျှ စဉ်းစားပြီးနောက် လျူအာကျူးက ခေါင်းကိုသာ ခါမ်းလိုက်ပြီး ပြောလိုက်သည်။

"မလိုပါဘူး..."

သူသည် သူ၏အဘေးနှင့် အဆက်အသွယ်ဖြတ်ရန် ရက်စက်စွာ ကြိုးစားနေခြင်းကား မဟုတ်ပေ။(သူ့ အဖေ့ရဲ့ အဘွားနော်)

မန်နေဂျာ၏ ဖခင်ဖြစ်သူသည် အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး သူ့ကို လာရှာမည်ကို အဓိက စိုးရိမ်နေခြင်း ဖြစ်သည်။

နောင်တစ်ချိန်တွင် သူတို့၏ ဆက်ဆံရေးကို လူတွေသိသွားပါက မန်နေဂျာ၏ ဖခင်မှာ မလွဲမသွေ စွပ်စွဲခံရမည်ဖြစ်ပြီး သူ၏အသက်အရွယ်ဖြင့် အလွယ်တကူ ဒုက္ခရောက်ကာ အသက်အန္တရာယ်ပင် ကြုံတွေ့ရနိုင်ပေသည်။

မန်နေဂျာသည် လျူအာကျူး၏ စကားများကို လုံးဝမယုံကြည်ဘဲ မျက်မှောင်ကြုတ်ကာ ကြည့်ရင်း ပြောလိုက်သည်။

"မင်းက ဒုက္ခရောက်မှာကို ကြောက်နေတာလား..."

လျူအာကျူးက အေးဆေးစွာပင် ပြန်ပြောလိုက်သည်။

"ခင်ဗျားတို့ ဒုက္ခရောက်မှာကို ကျွန်တော်က ကြောက်နေတာပါ..."

မန်နေဂျာ၏ မျက်မှောင်ကြုတ်ထားမှုမှာ ပို၍ နက်ရှိုင်းသွားသည်။

"ငါတို့တောင် မကြောက်တာ မင်းက ဘာလို့ ကြောက်နေရတာလဲ..."

လျူအာကျူးက သက်ပြင်းချလိုက်သည်။

"ဒါက အခုအချိန်မို့လို့ပါ နောက်ဆိုဘာဖြစ်လာမယ်ဆိုတာ ဘယ်သူသိမှာလဲ ခင်ဗျားအဖေက အသက်ဒီလောက်ကြီးနေပြီကို ဘာလို့ ခုလိုကြီးမားတဲ့ အန္တရာယ်ကို ရင်ဆိုင်ခိုင်းရမှာလဲလို့ ခင်ဗျား စဉ်းစားဖူးရဲ့လား..."

လျူအာကျူးက သူ၏ဖခင်အတွက် စိုးရိမ်နေကြောင်း ကြားလိုက်ရသည့်အခါ မန်နေဂျာ၏ မျက်နှာထားမှာ တော်တော်လေး နူးညံ့သွားပြီး အတွေးနက်ထဲ နစ်မြောသွားလေသည်။

ရိုးရိုးသားသားပြောရလျှင် သူသည် ရှဲ့မုန်ယွင်ကို ရှာဖွေရန် ကျေးလက်သို့ သွားခဲ့စဉ်က ပညာသင်ထွက်သည်ဟူသော အကြောင်းပြချက်ဖြင့် သွားခဲ့ခြင်းဖြစ်ပြီး လူသိရှင်ကြား မလုပ်ရဲဘဲ တိတ်တဆိတ်သာ လိုက်ရှာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဤလူများနှင့် ဆက်သွယ်ခြင်းက ဆိုးရွားသော အကျိုးဆက်များ ရှိနိုင်ကြောင်းကို သူ နားလည်ထားသည်။

ယခု လျူအာကျူးက ဤအန္တရာယ်ကို ထပ်မံပြောဆိုလာသည့်အခါ သူသည် ရှောင်လွှဲရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

သို့သော် သူ၏ ဖခင်အိုကြီးက ရှဲ့မုန်ယွင်ကို ရှာဖွေရန် နေ့တိုင်း ပြောဆိုနေပုံကို တွေးကြည့်လိုက်လျှင် ထိုအရာက စွဲလမ်းမှုတစ်ခုလို ဖြစ်နေခဲ့ပြီး ထိုအကြောင်းကြောင့်ပင် ဖခင်၏ ကျန်းမာရေးမှာ ပို၍ ဆိုးရွားလာခဲ့သည်။

အကယ်၍ အဘိုးကြီးသာ ရှဲ့မုန်ယွင်၏ သွေးသားမျိုးဆက်ကို မြင်တွေ့ရပါက သူ၏ စိတ်အခြေအနေ တိုးတက်လာနိုင်မည်ဟု သူ ခံစားလိုက်ရသည်။

ဤသို့တွေးမိပြီးနောက် မန်နေဂျာက လျူအာကျူးအား ထပ်မံအတည်ပြုမေးမြန်းလိုက်သည်။

"မင်းက ရှဲ့မုန်ယွင်ရဲ့ သွေးသားမျိုးဆက်ဆိုတာ သေချာတယ်မလား အဲဒီလိုဆိုရင် ငါ့အဖေကို တိတ်တဆိတ် လာတွေ့ခိုင်းလို့ရတယ် ဘယ်သူမှ သိမှာမဟုတ်ပါဘူး ဒါက သူ့ကို နေလို့ထိုင်လို့ ကောင်းသွားစေနိုင်တယ် မင်းကို အကူအညီတောင်းတယ်လို့ပဲ သဘောထားပေးပါကွာ ဟုတ်ပြီလား..."

မန်နေဂျာ၏ တောင်းဆိုနေသော အမူအရာကို မြင်လိုက်ရသည့်အခါ လျူအာကျူးက သဘောတူရန် ရွေးချယ်လိုက်ရသည်။

သူ တတ်နိုင်သမျှ လုပ်ဆောင်ခဲ့ပြီးပြီဖြစ်ကာ သူတို့က တွေ့ဆုံရန် အတင်းအကြပ် တောင်းဆိုနေပါကလည်း တွေ့ရုံသာ ရှိတော့သည်။

မန်နေဂျာသည် သူ့ကို အမြန်ကျေးဇူးတင်စကားဆိုလိုက်ပြီးနောက် တယ်လီဖုန်းကို ကောက်ကိုင်ကာ ပီကင်းတက္ကသိုလ် ပညာရေးရေးရာ ဌာနသို့ ဖုန်းခေါ်ဆိုလိုက်သည်။

ဖုန်းလွှဲပေးပြီးနောက် တစ်ဖက်လိုင်းမှ သက်ကြီးရွယ်အိုတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

"ရှောင်အန်လား ဘာကိစ္စရှိလို့လဲ..."

မန်နေဂျာက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။

"အဖေ ယာဉ်ဌာနက ယာဉ်မောင်းရှောင်မာကို အဖေ့ကို သား ရုံးဆီ ခေါ်လာပေးခိုင်းလိုက်ပါ သတင်းကောင်းတစ်ခု ရှိတယ် ဒါပေမဲ့ အပြင်မှာ သွားမပြောနဲ့ဦးနော်..."

ဖုန်းထဲမှ အဘိုးကြီးမှာ နားမလည်နိုင်ဖြစ်သွားသည်။

"မင်း လာမပြောနိုင်လောက်အောင် ဘာသတင်းကောင်းမို့လို့လဲ ပြီးတော့ မင်းဆီကို လာဖို့ ယာဉ်ဌာနကို သုံးတာက နိုင်ငံပိုင်ပစ္စည်းကို အလဟဿ ဖြုန်းတီးရာ မကျဘူးလား..."

မန်နေဂျာက သွယ်ဝိုက်၍သာ ပြောနိုင်သည်။

"အဲဒါက အကောင်းဆုံးသတင်းပဲ အဖေ မျှော်လင့်နေတဲ့ ကိစ္စလေ..."

ဖုန်းထဲတွင် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အဘိုးကြီး၏ တုန်ယင်နေသော အသံ ထွက်ပေါ်လာသည်။

"သူ့ကို မင်း တွေ့ပြီလား..."

သူ၏ဖခင်အသံမှာ ပုံမှန်မဟုတ်တော့သည်ကို ကြားလိုက်ရသဖြင့် မန်နေဂျာက အမြန်ချော့မော့ပြောဆိုလိုက်သည်။

"စိတ်မလှုပ်ရှားပါနဲ့ စိတ်မလှုပ်ရှားပါနဲ့လို့ တောင်းဆိုပါတယ် အဖေ့နှလုံးက သိပ်ကောင်းတာ မဟုတ်ဘူး အရင်လာခဲ့ပါဦး..."

အဘိုးကြီးက စိတ်လှုပ်ရှားစွာဖြင့် ထိုစကားကို ချန်ရစ်ကာ ဖုန်းချသွားသည်။

"ကောင်းပြီ ကောင်းပြီ အဲဒီလူကို အဲဒီမှာပဲ ထားထား ငါ အခုချက်ချင်း လာခဲ့မယ်..."

လျူအာကျူးက မန်နေဂျာကို ကြည့်လိုက်သည်။

"အဲဒီဖုန်းကြောင့် ခင်ဗျားအဖေ နှလုံးရောဂါဖောက်သွားရင် တော်တော်လေး ကံဆိုးမယ်လို့ ခင်ဗျား မထင်ဘူးလား..."

မန်နေဂျာမှာ အနည်းငယ် ရှက်ရွံ့သွားသည်။

"ငါ သတိလက်လွတ် ဖြစ်သွားတာပါ ငါကိုယ်တိုင် သွားကြိုသင့်တာ ဒါပေမဲ့ လူတွေ အာရုံစိုက်ခံရမှာကို စိုးရိမ်လို့ပါ..."

လျူအာကျူးက စကားလမ်းကြောင်း လွှဲလိုက်သည်။

"ခင်ဗျားအဖေက ဘာရောဂါရှိတာလဲ..."

မန်နေဂျာက မေးလိုက်သည်။

"သွေးတိုးနှလုံးရောဂါလေ ဘာဖြစ်လို့လဲ..."

လျူအာကျူးက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။

"ဘာမှမဖြစ်ပါဘူး ကျွန်တော် ပြင်ဆင်ထားရမလို့ပါ ခဏနေ ခင်ဗျားအဖေ ကျွန်တော့်ကိုမြင်ပြီး ရောဂါဖောက်လာရင် အချိန်မီ ကယ်တင်နိုင်အောင်လို့ပါ..."

မန်နေဂျာက သူ၏နဖူးကို ရိုက်လိုက်သည်။

"ဟုတ်သားပဲ ဟုတ်သားပဲ မင်းပြောတာ အဓိပ္ပာယ်ရှိတယ် ငါ ပီကင်းယူနီယံဆေးရုံကို အရင်ဖုန်းဆက်ပြီး ဆရာဝန်တစ်ယောက်ကို လာခဲ့ဖို့ ခေါ်လိုက်ဦးမယ်..."

လျူအာကျူးက အံ့သြစွာဖြင့် ပြောလိုက်သည်။

"ခင်ဗျားတို့ မိသားစုက အတော်လေး ဩဇာတိက္ကမရှိတာပဲ ပီကင်းယူနီယံဆေးရုံကိုတောင် ခေါ်နိုင်တယ်ပေါ့..."

မန်နေဂျာက ပြုံးကာပြောရင်း သူ့ကို သတိပေးလိုက်သည်။

"ငါ့မိသားစု မဟုတ်ဘူး မင်းရဲ့မိသားစုပါ ဆရာမရှဲ့မုန်ယွင် ပီကင်းတက္ကသိုလ်မှာ စာသင်တုန်းက ကျောင်းသားတော်တော်များများကို ထောက်ပံ့ပေးခဲ့တာ..."

"အဲဒီလူတွေက အခုဆိုရင် ပေကျင်းမြို့က အဓိကနေရာတွေမှာ နေရာအနှံ့ ရောက်နေကြပြီလေ..."

"မင်းသာ တကယ်နေချင်တယ်ဆိုရင် ဒီမှာ ခြေကားယားလက်ကားယားနဲ့တောင် လျှောက်သွားလို့ရတယ်လို့ ပြောလို့ရတယ်..."

မန်နေဂျာက လျူအာကျူးကို ဆက်နေစေရန် ကြိုးစားကာ ဆက်လက် ဆွဲဆောင်နေလေသည်။

လျူအာကျူးကမူ ၎င်းကို အလေးအနက် မထားပေ။

အကယ်၍ သူ တကယ်နေလိုက်ပါက နောင်တစ်ချိန်တွင် ဤလူအားလုံး ပြဿနာကြီးကြီးမားမားနှင့် ရင်ဆိုင်ရမည်သာဖြစ်သည်။

လျူအာကျူးက အလေးမထားသည်ကို မြင်လိုက်ရသဖြင့် မန်နေဂျာသည် တတ်နိုင်သမျှ ဖုန်းဆက်ကာ သူ၏ဖခင်အိုကြီးမှာ အနည်းငယ် စိတ်လှုပ်ရှားနေသဖြင့် ပြဿနာတစ်ခုခု ရှိလာနိုင်ကြောင်းနှင့် တစ်ဖက်လူအား အသင့်လာစောင့်နေပေးရန် တောင်းဆိုလိုက်ရတော့သည်။

ဖုန်းထဲမှလူသည် ချက်ချင်းပင် ကျိန်ဆဲကာ မန်နေဂျာအား အတန်ကြာ ဆူပူကြိမ်းမောင်းလိုက်သော်လည်း လာရန် သဘောတူလိုက်လေသည်။

နာရီဝက်ခန့်ကြာပြီးနောက် တံခါးခေါက်သံနှင့်အတူ သက်ကြီးရွယ်အိုတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

"ရှောင်အန် တံခါးဖွင့်စမ်း..."

မန်နေဂျာသည် ပြေးသွားကာ တံခါးကို ဖွင့်လိုက်ရာ အပြင်ဘက်တွင် ထျန်းစန်းဝတ်စုံ ဝတ်ဆင်ထားသော အဘိုးကြီးတစ်ဦးကို တွေ့လိုက်ရသည်။

ထိုအဘိုးကြီးမှာ ဆံပင်များ ဖြူနေပြီး မျက်နှာပေါ်တွင် ပါးရေတွန့်များ ပြည့်နှက်နေကာ သူ့မျက်လုံးများက ရုံးခန်းအတွင်းသို့ စိတ်လှုပ်ရှားစွာဖြင့် ဝေ့ဝဲကြည့်ရှုနေလေသည်။

သူသည် လူငယ်လေး လျူအာကျူးကိုသာ မြင်လိုက်ရသည့်အခါ ပထမတော့ အံ့ဩသွားသော်လည်း လျူအာကျူး၏ မျက်နှာမှာ ရင်းနှီးနေကြောင်း သတိပြုမိသွားသည်။ သူသည် အလျင်အမြန် လျှောက်သွားကာ တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။

"လူငယ်လေး မင်းရဲ့... မင်းရဲ့မျိုးရိုးနာမည်က ဘာလဲ..."

လျူအာကျူးက ထိုလူရောက်လာပြီဖြစ်၍ ဘာမျှဖုံးကွယ်မနေတော့ပေ။

"ကျွန်တော့်မျိုးရိုးနာမည်က လျူပါ ရှဲ့မုန်ယွင်က ကျွန်တော့်ရဲ့ အဘေးပါ..."

အဘိုးကြီးသည် ပို၍ပင် စိတ်လှုပ်ရှားသွားပြီး သူ၏ အသက်ရှူနှုန်းမှာ မြန်ဆန်လာကာ မျက်နှာကြီး နီရဲလာပြီး သွေးပေါင်ချိန်မှာ ချက်ချင်းပင် ထိုးတက်သွား၏။

ထို့နောက် သူသည် ရင်ဘတ်ကို ဖိထားကာ နာကျင်နေပုံပေါ်ပြီး ယိမ်းယိုင်သွားကာ နောက်သို့ လဲကျသွားလေတော့သည်။

မန်နေဂျာမှာ ပြင်ဆင်ထားပြီးဖြစ်ရာ ၎င်းကို မြင်လိုက်ရသည့်အခါ သူ၏ဖခင်အား ကမန်းကတန်း ထိန်းကိုင်လိုက်သည်။

"အဖေ ကျွန်တော့်ကို မခြောက်ပါနဲ့ စိတ်မလှုပ်ရှားပါနဲ့လို့ ပြောထားသားပဲ..."

လျူအာကျူးသည် သူ၏လွယ်အိတ်ထဲသို့ နှိုက်ကာ ငွေအပ်များကို ရှာလိုက်သည်။

"အကြံပေးရုံနဲ့ အလုပ်ဖြစ်မယ်ဆိုရင် ဆရာဝန်တွေက ဘာလုပ်ဖို့လဲ သူ့ကို ပက်လက်လှန်ထားပြီး အင်္ကျီကြယ်သီးတွေ ဖြုတ်ပေးလိုက်..."

သူ အပ်များကို မထုတ်နိုင်မီ အပြင်ဘက်မှ အခြားအဘိုးကြီးတစ်ဦး အပြေးဝင်လာသည်။

ဤအဘိုးကြီးသည် ဆရာဝန်ဝတ်စုံဖြူ ဝတ်ဆင်ထားဆဲဖြစ်ပြီး ဆေးသေတ္တာတစ်လုံးကို ကိုင်ဆောင်ထားသည်။ လဲကျနေသော အဘိုးကြီးကို မြင်လိုက်ရသည့်အခါ သူက ချက်ချင်းပင် ကျိန်ဆဲတော့သည်။

"ဝမ်ရှဲ့အန် မင်းလို ကောင်စုတ်က မင်းအဖေ ခုလိုဖြစ်သွားအောင် ဘယ်လိုများ စိတ်အနှောင့်အယှက် ပေးလိုက်တာလဲ..."

မန်နေဂျာက ရှင်းပြမနေနိုင်တော့ဘဲ အမြန်ပြောလိုက်သည်။

"ဦးလေးချီ သူ့ကို အရင်ကယ်ပါဦး ပြီးမှ စကားပြောကြတာပေါ့..."

ဦးလေးချီသည် ဆေးသေတ္တာကို အောက်ချလိုက်ပြီး ဆေးပြားတစ်ပြားကို အရင်ထုတ်ယူလိုက်သည်။

"နောက်ဆုတ်ကြ အားလုံး နောက်ဆုတ်ကြ လေဝင်လေထွက် ကောင်းပါစေ... ဒါက သွေးပေါင်ကျဆေးပဲ အရင်ဆုံး သူ့သွေးပေါင်ကို ကျအောင် လုပ်ကြရအောင်..."

ဤသက်ကြီးဆရာဝန်၏ နည်းလမ်းများမှာ အတော်လေး ကျွမ်းကျင်ပိုင်နိုင်ကြောင်း မြင်လိုက်ရသဖြင့် လျူအာကျူးသည် ဆက်လက်ဝင်မပါတော့ဘဲ အပ်စိုက်ကုသရေးကိရိယာအိတ်ကို သူ၏နေရာလွတ်ထဲသို့ ပြန်ထည့်လိုက်သည်။

မကြာမီ မြေပြင်ပေါ်တွင် လဲကျနေသော အဘိုးကြီးမှာ ဦးလေးချီ၏ ပြုစုမှုကြောင့် သတိပြန်လည်လာပြီး ခက်ခက်ခဲခဲ ထိုင်လိုက်သည်။ သို့သော် သူသည် ဘေးရှိ လူနှစ်ဦးကို လျစ်လျူရှုထားကာ လျူအာကျူးကို ကြည့်ရန်အတွက် သူတို့ကို အရင်ဖယ်ထုတ်လိုက်သည်။

"မင်း... မင်းက ဆရာမရဲ့ မြစ်လား..."

ဦးလေးချီသည် ကျိန်ဆဲတော့မည် လုပ်စဉ် ဤစကားကို ကြားလိုက်ရသဖြင့် သူလည်း အံ့အားသင့်သွားသည်။

"အဘိုးကြီးဝမ် မင်းက ဘယ်ဆရာမကို ပြောနေတာလဲ ဆရာမရှဲ့လား..."

မန်နေဂျာသည် တံခါးပိတ်ရန် အလျင်အမြန် သွားလိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။

"ဦးလေးချီ ဒီလူငယ်ရဲဘော်က ရှဲ့မုန်ယွင်ရဲ့ မြစ် လျူအာကျူးပဲ..."

ဦးလေးချီမှာ ချက်ချင်းပင် အံ့သြဝမ်းသာဖြစ်သွားသည်။

"ဘာ မင်းက ဘာလို့ စောစောက မပြောတာလဲ ဒါကြောင့် ဒီကလေးကကြည့်ရတာ ရင်းနှီးနေတယ်လို့ ထင်သားပဲ သူက အဒေါ်ရှဲ့ရဲ့ မြစ်လား..."

အဘိုးကြီးဝမ်သည်လည်း စိတ်လှုပ်ရှားနေကာ ပြင်းထန်စွာ မောဟိုက်နေသည်။ လျူအာကျူးက အမြန်အကြံပေးလိုက်၏။

"စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါ နောက်တစ်ခါ သတိလစ်မသွားအောင် သတိထားပါဦး…”

သူ၏ဖခင် ယနေ့ သေဆုံးသွားမည်ကို ကြောက်ရွံ့နေကာ ထိုသို့ဖြစ်ပါက သူသည် တရားခံဖြစ်သွားမည်စိုးသဖြင့် မန်နေဂျာက ပြောလိုက်၏။

"ဟုတ်တယ် ဟုတ်တယ် အဖေ စိတ်အေးအေးထားပါ သူ ဘယ်မှ မသွားပါဘူး..."

All Chapters