← Chapters

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅

Vol. 5 Ch. 45

🌱 Chapter 45

ပိုင်ချောင်ရှီသည် ခိုင်းသည့်အတိုင်း လုပ်ဆောင်လိုက်ပြီး ကျစ်ရှုဘက်သို့ လှည့်ကြည့်လိုက်ရာ သူသည် တောင်တန်းစံအိမ် အစေခံတစ်ဦး၏ အဝတ်အစားများကို ရှင်းလင်းစွာဝတ်ဆင်ထားပြီး သူ့ မျက်နှာမှာ အနည်းငယ်စိမ်းသက်နေသော်လည်း သူ့ မျက်လုံးများကမူ လိမ်ညာမည် မဟုတ်ကြောင်း သူမ သဘောပေါက်သွားခဲ့သည်။ ယနေ့ တည်သီးပင်အောက်က လူဖြစ်ကြောင်း သူမ မှတ်မိသွားခဲ့သည်။

ဘုရားရေ၊ သူမ သစ်ပင်ပေါ်ကနေ ပြုတ်ကျသွားတဲ့ အချိန် သူ အကုန်မြင်သွားခဲ့တာလား။

အပြစ်ရှိသလို ခံစားနေရသော ပိုင်ချောင်ရှီသည် စကားထစ်သွားခဲ့သည်။

ပိုင်ချောင်ရှီ "ရှင်၊ ဘာလို့ ဒီလိုပုံစံ ဝတ်ထားတာလဲ"

ကျစ်ရှု မျက်နှာမှာ ခံစားချက်ကင်းမဲ့နေပြီး ထုံးစံအတိုင်း ခပ်တည်တည်ပင်။

ကျစ်ရှု "တပည့်တစ်ယောက်လို ဟန်ဆောင်ပြီး ကိုယ့်ရဲ့ လည်စေ့ကိုတောင် ဂရုမစိုက်တဲ့ မင်းနဲ့မတူပါဘူး၊ မင်း လုထို့ဝမ်ဆီ ဆက်သွားနေဖို့ မလုံခြုံတော့ဘူး၊ အဲဒီအစား ငါပဲ မင်းဆီ လာရှာပါရစေ"

ပိုင်ချောင်ရှီသည် သူမ၏အော်စကာအဆင့် သရုပ်ဆောင်စွမ်းရည်ကို အတော်လေးဂုဏ်ယူနေခဲ့သော်လည်း သူ ထိုကဲ့သို့ ဖွင့်ချလိုက်သည်ကို ကြားလိုက်ရချိန်တွင်မူ တကယ်ရှက်စရာကောင်းလှသည်။

သူ ဤနေရာတွင် ပေါ်လာရသည့် အကြောင်းရင်းကိုရှင်းပြခဲ့သည်။ ဒီတော့ သူက ငါ့ လုံခြုံရေးအတွက် စိုးရိမ်နေခဲ့တာလား ?

ထိုအတွေးကြောင့် ပိုင်ချောင်ရှီ အနည်းငယ်ဝမ်းသာသွားခဲ့သည်။

သူမ သူ့ဘေးတွင် ဝင်ထိုင်လိုက်ပြီး ကုတင်စွန်းတွင်သာ ထိုင်ကာ သူမ အသံကို အလွန်တိုးလိုက်သည်။

ပိုင်ချောင်ရှီ "အင်း၊ ဒီနေ့ တစ်ခုခု ရခဲ့လား၊ ကျမ ပြောပြမယ်၊ ယန်မြို့တော်က အနိုင်ကျင့်တဲ့ကောင်က တကယ်မုန်းဖို့ကောင်းတာပဲ၊ သူက တခြားသူတွေ ဘာလိုချင်လဲဆိုတာကို လုံးဝဂရုမစိုက်ဘူး၊ ကျမကို ယန်မြို့တော်ဆီ လိုက်စေချင်နေတာ"

ကျစ်ရှု လည်ချောင်းသံ ပြုလိုက်သည်။

ကျစ်ရှု "ဒါဆို မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ"

ပိုင်ချောင်ရှီ "..."

သူမ သူ၏ထင်မြင်ချက်ကို ကြားချင်ခဲ့သော်လည်း ၎င်းကမူ တာဝန်လွှဲချနေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် အမည်ခံအိမ်ထောင်ဦးစီး တစ်ယောက်ဖြစ်သည်မဟုတ်ပါလော။

ပိုင်ချောင်ရှီ "ကျမ မလိုက်ချင်ဘူး၊ သူသာ ကျမကို အတင်းအကျပ် ခေါ်ရင် သူ့ အစားအစာထဲမှာ အဆိပ်ခတ်ပြီး သူ့ကို သတ်ပစ်လိုက်မယ်"

ကျစ်ရှု သူမကို စူးစိုက်ကြည့်နေခဲ့သည်။ ၎င်းတို့သည် အလွန်နီးကပ်နေပြီး သူ့ မျက်နှာအမူအရာက ထိုသို့ပြောနေပုံရသည်။

'တစ်နေ့နေ့မှာ ငါသာ မင်း သဘောအတိုင်း မလိုက်လျောရင် မင်း ငါ့ကိုလည်း အဆိပ်ခတ်သတ်ပစ်မှာပဲလား'

ပိုင်ချောင်ရှီသည် သူ့ အကြည့်အောက်တွင် နေရခက်လာပြီး သူမ လက်ချောင်းများပေါ်တွင် စတင်ရေတွက်နေခဲ့သည်။

ပိုင်ချောင်ရှီ "ကျမ စကားကို ခပ်ပြတ်ပြတ်ပြောလိုက်တာပါ၊ ကျမ.."

ကျစ်ရှု အလွန်လေးနက်စွာ အသိပေးလိုက်ခြင်း ဖြစ်သည်။

ကျစ်ရှု "မှတ်ထား၊ စကားကြောင့် ဒုက္ခရောက်နိုင်တယ်၊ မပြောခင် စဉ်းစားပါ"

သူ ငါ့ကို ထပ်ပြီး ဂရုစိုက်နေပြန်ပြီ။

ပိုင်ချောင်ရှီ အနည်းငယ် ပျော်ရွှင်သွားကာ သူမ ခေါင်းကိုကုတ်လိုက်သည်။

ပိုင်ချောင်ရှီ "ရှင့်ရှေ့မှာပဲ ဒီလိုနေတာပါ၊ တခြားသူတွေနဲ့ဆိုရင် ကျမက အရမ်းပါးနပ်တာ"

တစ်စုံတစ်ခုကို အရိပ်အမြွက်ပြနေသည့်အလား ကျစ်ရှု ထိုအချက်ကို အေးစက်စွာထောက်ပြခဲ့သည်။

ကျစ်ရှု "ငါက အဲဒီလောက်တောင် အထူးသီးသန့်ဖြစ်နေတာလား၊ မင်း သစ်ပင်ပေါ်က ပြုတ်ကျတုန်းကတောင် ငါ မင်းကို လျစ်လျူရှုထားခဲ့တာလေ"

ပိုင်ချောင်ရှီ၏လက်များက သူမ ပေါင်ပေါ်တွင်တင်ထားပြီး အလွန်လိမ္မာရေးခြားရှိသည့်ပုံ ပေါက်နေသည်။

ပိုင်ချောင်ရှီ "ကျမ သိပါတယ်၊ ရှင် ကျမတို့ရဲ့ လုံခြုံရေးအတွက် လုပ်ခဲ့တာလေ၊ ရှင်က ကျမကို ဘယ်လိုလုပ် လျစ်လျူရှုရက်မှာလဲ"

ကျစ်ရှု မျက်လွှာချလိုက်ပြီး သူ့ နှုတ်ခမ်းထောင့်များက အနည်းငယ်ကွေးတက်သွားခဲ့သည်။

ကျစ်ရှု "နှစ်ရက်တောင် မပြည့်ခင်မှာ ယန်မြို့တော်က အနိုင်ကျင့်တဲ့ကောင် ယန်မြို့တော်ကိုပြန်သွားရလိမ့်မယ်"

သတင်းကောင်းမှာ အလွန်ရုတ်တရက်ဆန်စွာ ရောက်ရှိလာခဲ့သည်။

ပိုင်ချောင်ရှီ "ဟင်"

ပိုင်ချောင်ရှီသည် ကျစ်ရှု ဘာလုပ်မည်ကို မသိသော်လည်း သူ့အပေါ်တွင် ယုံကြည်မှု အပြည့်အဝရှိနေခဲ့သည်။

ပိုင်ချောင်ရှီ "ဒါဆို ကျမတို့ မကြာခင် အိမ်ပြန်လို့ရပြီပေါ့"

သူမ အိမ် ဟူသောစကားကို အလွန်သဘာဝကျကျ သုံးလိုက်သောကြောင့် ကျစ်ရှုအား တစ်ခဏမျှရပ်တန့်သွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမ တောင်တန်းစံအိမ်အား သဘောကျနေသည်ဟု သူ ထင်ထားသောကြောင့်ဖြစ်သည်။ သို့တိုင် သူ အသံပြုလိုက်သည်။

ကျစ်ရှု "အင်း"

ပိုင်ချောင်ရှီ မကျေမနပဖြစ်စွာ ညည်းညူလိုက်သည်။

ပိုင်ချောင်ရှီ "ဪ ဒါနဲ့ ကျမ စာပို့ခိုတွေကိုလည်း တွေ့ခဲ့တယ်၊ ဟူးး အဲဒီအနိုင်ကျင့်တဲ့ကောင်က အိမ်ကထွက်လာတာတောင် ခိုတွေ သယ်လာသေးတယ်၊ သူ့အကြိုက်တွေက တကယ်ထူးဆန်းတာပဲ"

ကျစ်ရှု စိတ်ရှည်လက်ရှည် ရှင်းပြလာခဲ့သည်။

"လူတွေက အဝေးရောက်နေရင်တောင် ယန်မြို့တော်နဲ့ အဆက်အသွယ်လုပ်ဖို့ လိုသေးတယ်လေ၊ ကင်းထောက်တွေအပြင် စာပို့ခိုတွေကလည်း မရှိမဖြစ်ပဲ၊ တောင်တန်းစံအိမ်ပိုင်ရှင်က ဘာစီးပွားရေးလုပ်ငန်းလုပ်လဲဆိုတာ မင်း သိလား"

ကျစ်ရှုသည် ပိုင်ချောင်ရှီအား ကိုယ်တိုင်တွေးတောတတ်စေရန် တမင်လမ်းညွှန်ပေးနေပုံရသည်။

ပိုင်ချောင်ရှီသည် စံအိမ်သခင်နှင့် အတူကုန်ဆုံးခဲ့သော အချိန်တိုလေးများကို ပြန်လည်သတိရလာသည်။ သူသည် စောင်းတီးတတ်ပြီး အလွန်ကောင်းမွန်စွာ တီးခတ်နိုင်သည်။ စံအိမ်၏မြေယာရှုခင်းပြင်ဆင်မှုကို ကြည့်ခြင်းအားဖြင့် သူ၏အဆင့်အတန်းမြင့်မားသော အနုပညာခံစားမှုကိုလည်းမြင်တွေ့နိုင်သည်။ သူ့ ဝတ်စားဆင်ယင်မှုပုံစံမှာလည်း အလွန်ခေတ်ဆန်ပြီး ခေတ်သစ်စကားအရဆိုလျှင် သူ့ကိုယ်နေဟန်ထားများမှာ ထူးခြားလှသည်။ ထို့ပြင် သစ်ပင်မြင့်ပေါ်မှ သူမအား ဖမ်းဆွဲနိုင်ခဲ့သဖြင့် သူ့ထံ သိုင်းပညာစွမ်းရည်များလည်း ရှိရမည်ဖြစ်သည်။

ဤအရာများသည် ကုန်သည်များနှင့် မည်သို့မှသက်ဆိုင်ခြင်းမရှိပေ။

ပိုင်ချောင်ရှီ တုံ့ဆိုင်းဆိုင်းဖြင့် "သူတို့ ဆေးဖက်ဝင်အပင်တွေ ထုတ်လုပ်နေတာများလား"

ကျစ်ရှု ခေါင်းညိတ်ပြပြီး ဆက်လက်၍

"ဒီဖြစ်နိုင်ခြေကိုလည်း ဖယ်ထုတ်ထားလို့မရဘူး၊ ချန်ကောင်းမြို့က ကုန်းခရိုင်ထဲမှာပါဝင်ပြီး ကုန်းခရိုင်ရဲ့ အကြီးမားဆုံးထွက်ကုန်က ရေတွင်းဆားပဲ၊ နန်းတော်က ဆားနဲ့ သံတူးဖော်ခွင့်တွေကို ပြန်လည်သိမ်းယူထားတာကြာပြီဆိုပေမဲ့ ဒေသခံပုဂ္ဂလိကဆားလုပ်ငန်းတွေကတော့ အရှိန်အဟုန်မပျက် ဆက်ရှိ နေကြတုန်းပဲ၊ ကုန်းခရိုင်မှာ ကုန်သည်အများစုက ဆားကုန်သည်တွေဆိုပေမဲ့ သူတို့အားလုံး တခြားနာမည်တွေ သုံးတယ်"

'ဘုရားရေ၊ ဒါကို မှောင်ခိုကူးတယ်လို့ သတ်မှတ်လို့ရလား၊ ဒါ အသက်အန္တရာယ်ရှိနိုင်တဲ့ အလုပ်ပဲ'

All Chapters