အခန်း ၅၀
Vol. 5 Ch. 50
🌱 Chapter 50
သူမက ဘယ်လောက်တောင် ထက်မြက်လိုက်တဲ့ အမျိုးသမီးလဲ။ သူမသည် လူ့သဘာဝကို ထွင်းဖောက်မြင်နိုင်သော လိမ္မာပါးနပ်သည့် ဉာဏ်ပညာကို ပိုင်ဆိုင်ထားသည်။
ယွမ်ရှန်း ဇွန်းကိုကိုင်ကာ ပန်းကန်လုံးထဲရှိ တောက်ပနေသော အရည်များကို ငေးကြည့်နေမိသော်လည်း စားရမည့်စိတ် မပေါက်နိုင်ဖြစ်နေသည်။
ယွမ်ရှန်း "ဒါ နောက်ဆုံးစားရမယ့် တစ်နပ်လား"
ဟွမ်ယမ် "ဟုတ်ပါတယ်"
သူ့ ရင်ထဲတွင် နောင်တစိတ်တစ်ခု လှုပ်ရှားသွားသည်။ ထို့နောက် သူ ဇွန်းဖြင့် တစ်ဇွန်းကို ဖြည်းညှင်းစွာခပ်ယူကာ ဂရုတစိုက်ဝါးစားလိုက်သည်။ အသား၏ အနံ့နှင့် ဆေးဖက်ဝင်အပင်၏ရနံ့တို့သည် ရောယှက်သွားပြီး ထူးခြားသော အရသာကိုဖြစ်ပေါ်စေသည်။
သို့သော် မည်မျှပင် အရသာရှိသော အစားအစာဖြစ်စေကာမူ အဆုံးသတ်သို့ ရောက်ရှိရမည်သာဖြစ်ပြီး ကောင်းမွန်သောအရာအားလုံးသည်လည်း အဆုံးသတ်ခြင်းသို့ ရောက်ရမည်သာ။
ယွမ်ရှန်းသည် ရှုခင်းပန်းချီကားဆီသို့ လမ်းလျှောက်သွားကာ ခေါင်းကို အနည်းငယ်စောင်း၍
"အဲဒီအရူးက ကျေနပ်မှာ မဟုတ်ဘူး၊ တစ်ယောက်ယောက်ကို နောက်ကနေ ထပ်စေလွှတ်လိုက်လိမ့်မယ်၊ သူ့ကို သုံးရက်ကြာ လျှို့ဝှက်စောင့်ရှောက်ပေးဖို့ လူတစ်ယောက် လွှတ်လိုက်၊ သုံးရက်ပြည့်ရင်တော့ ပြန်ခေါ်လိုက်တော့"
ဟွမ်ယမ် ရင်ထဲတွင် လှုပ်ရှားသွားပြီး "ပိုင်ချောင်ရှီ၊ အိုး ပိုင်ချောင်ရှီ၊ နင် ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ၊ ဒီဖက်ထုပ်တစ်ပွဲက နင့်ရဲ့ အသက်ကို ကယ်တင်လိုက်တယ်ဆိုတာ နင် သိရဲ့လား"
သို့သော် အကြီးအကဲများ၏ဆုံးဖြတ်ချက်များကို မေးခွန်းထုတ်၍မရနိုင်ပေ။
ဟွမ်ယမ် "သခင်ကြီးအပေါ် တစ်ခုခုဖြစ်ခဲ့ရင်ရော ဘယ်လိုလုပ်မလဲ"
ယွမ်ရှန်း "သတ်ပစ်လိုက်"
ယွမ်ရှန်း စကားလုံးတစ်လုံးသာ ပြောလိုက်သော်လည်း သူ့ အာဏာစက်မှာ ထင်ရှားလှသည်။ ထိုအချိန်တွင် သူသည် အသက်နှင့်သေခြင်းကို လက်ထဲတွင် ဆုပ်ကိုင်ထားသော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
ပိုင်ချောင်ရှီသည် ယွမ်ရှန်းနှင့် ဟွမ်ယမ်တို့၏ စကားပြောဆိုမှုကို မသိခဲ့ပေ။
သူမသာ သိခဲ့လျှင်လည်း ရယ်မော၍သာ ပြီးသွားပေလိမ့်မည်။ အရာအားလုံးက သခင်ကြီးပျော်ရွှင်စေဖို့အတွက်သာဖြစ်သည်။ သူမက သူနှင့် ခွဲခွာရမှာကို မခံနိုင်ရုံတင်ပါပဲ။
ဟာသအဖြစ်ထားပြီး အကောင်းဆုံး အစားအစာများကိုမူ ဂရုစိုက်ပေးသူများဖြစ်သည့် အဘိုးအိုနှင့် သူ့ခြံထဲတွင် နေထိုင်သူများအတွက် ချန်လှပ်ထားခဲ့သည်။
မြေအိုးငယ်လေးထဲတွင် ဖက်ထုပ်စုစုပေါင်း လေးဆယ်နှင့် ပန်းကန်လုံးလေး နှစ်လုံးပါရှိသည်။
သို့သော် ခြံဝင်းသို့ရောက်သောအခါ ကျစ်ရှုအား မတွေ့ရပေ။
ပိုင်ချောင်ရှီ "အကြီးအကဲဟွာ၊ ကျွန်မခင်ပွန်း ဘယ်ရောက်သွားလဲ"
အဘိုးအို နှာခေါင်းရှုံ့လိုက်သည်။
အကြီးအကဲဟွာ "သူ အစောကြီးကတည်းက ထွက်သွားပြီ"
ဝိုး၊ တစ်အိုးလုံး ရလိုက်တာပါလား၊ အရမ်းအရသာရှိမှာပဲ။
ပိုင်ချောင်ရှီ မျက်လုံးများထဲ မျက်ရည်များဝဲလာသည်။ သူမ နံနက်စောစောကတည်းက အစားအစာပြင်ဆင်ရန် အစောကြီးထခဲ့သော်လည်း စားမည့်သူ မရှိသဖြင့် စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။
အဘိုးအိုကမူ သူမ စိတ်ထဲတွင် ဘာတွေတွေးနေသည်ကို ဂရုမစိုက်ပေ။ သူ ကြီးမားသော ဖက်ထုပ်တစ်လုံးအား တစ်လုတ်တည်း မျိုချလိုက်ရာ အရည်များမှာ သူ့ မျက်နှာပေါ်သို့ စီးကျလာသည်။
အကြီးအကဲဟွာ "မိန်းကလေး၊ မင်းတို့ စံအိမ်ကနေ အတူတူထွက်သွားလို့ မဖြစ်ဘူးလေ၊ သူ အရင်မသွားရင် လူတွေ သိသွားမှာကို မင်းက စောင့်နေမှာလား"
အဲဒါ အမှန်ပင်။
စကားတစ်ခွန်းဖြင့် ပိုင်ချောင်ရှီ၏ရင်ထဲတွင် ပိတ်လှောင်နေသော ခံစားချက်များပြယ်လွင့်သွားသည်။ သူမသည် သူမ ပန်းကန်ကိုကောက်ကိုင်ကာ ငါးလုံး ခပ်ယူလိုက်သည်။
ပိုင်ချောင်ရှီ "အကြီးအကဲ၊ ကျွန်မ အိမ်ကိုလိုက်ခဲ့မလား၊ ကျွန်မ အရသာရှိတာ ချက်ကျွေးမယ်"
အဘိုးအို သူမအား ကျောခိုင်းလိုက်ကာ
"ငါ မလိုက်ဘူး၊ မင်းရဲ့ဘဲတွေက ဆူညံပြီး နေရာတကာ မစင်စွန့်နေလို့ မကြိုက်ဘူး"
ပိုင်ချောင်ရှီ "..."
အစားစားချိန်မှာ ပျော်ပျော်ပါးပါးလေး မနေနိုင်ကြဘူးလား။
ပိုင်ချောင်ရှီ သူ့ ဖက်ထုပ်များကို လုယူဟန်ဆောင်လိုက်ကာ
"ဒါဆိုလည်း မစားနဲ့တော့"
အဘိုးအိုကမူ သူ့ ခန္ဓာကိုယ်ဖြင့် ဖက်ထုပ်များကို အမြန်ကာကွယ်လိုက်ကာ
"ဒါက နောက်ဆုံးစားရမယ့် တစ်နပ်ပဲ၊ မိန်းကလေး ရက်ရောလိုက်ပါ၊ ငါ မင်းရဲ့ဖျားနေတဲ့ခင်ပွန်းကို ဂရုစိုက်ပေးဖို့ အများကြီးကြိုးစားခဲ့ရတာ"
ပိုင်ချောင်ရှီ "ဒါဆိုရင် အကြီးအကဲ၊ ဒီဟာစားပြီးရင်တော့ နောက်တစ်ခေါက် ပြန်ဆုံကြတာပေါ့"
အစာစားပြီးနောက် ပိုင်ချောင်ရှီသည် ပစ္စည်းများကို သိမ်းဆည်းကာ ခရီးထွက်ရန်ပြင်ဆင်လိုက်သည်။
ဟွမ်ယမ်သည် သူမ၏တောင်းဆိုချက်အတိုင်း လိုက်လျောပေးပြီး ကျယ်ဝန်းသော နွားလှည်းတစ်စီး စီစဉ်ပေးကာ ဘဲလှောင်အိမ်နှစ်ခုကို တင်ပေးလိုက် သည်။
ဤနွားမှာ ရှာရခက်သဖြင့် စံအိမ်မှအစေခံများသည် အပြင်ဘက်ရှိ တောင်သူတစ်ဦးထံမှ ငှားရမ်းထားခြင်းဖြစ်သည်။
ဟွမ်ယမ် သူမအတွက် ငွေချောင်းတစ်ရာကိုလည်း ပြင်ဆင်ပေးလိုက်ကာ
"ဒါ သခင်ကြီးရဲ့ရည်ရွယ်ချက်ပါ၊ နင် ဆန်၊ ဟင်းသီးဟင်းရွက်နဲ့ ဆေးဖက်ဝင်အပင်တွေ ဝယ်ဖို့ လိုအပ်လိမ့်မယ်"
ပိုင်ချောင်ရှီ ပြုံး၍ ငွေများကို တွန်းပို့လိုက်ကာ မျက်စိတစ်ချက်မှိတ်ပြလိုက်သည်။
ပိုင်ချောင်ရှီ "ကျွန်မ ဒီရက်ပိုင်း အနှောင့်အယှက်ပေးမိတာ အများကြီးပါပဲ၊ ဒါတွေက လုံလောက်ပါတယ်၊ ဘယ်လိုလုပ် အဲ့တာတေါကိုအကုန် ယူပြန်နိုင်ပါ့မလဲ၊ စံအိမ်သခင် တကယ်ပဲ ကျွန်မရဲ့တောင်းဆိုချက်ကို ခွင့်ပြုချင်တယ်ဆိုရင် စံအိမ်က ဂျင်ဂိုပင်တစ်ပင်လောက် ပေးပါ"
အလယ်မှာ အကြောင်းပြချက်ကောင်းကောင်းနဲ့ လွတ်မြောက်သွားတာပဲ။
ထိုသည်မှာ ခွဲခွာရမည့် အချိန်ကိုပင် အနည်းငယ်သက်သာစေသည်။
ဟွမ်ယမ် ဆက်မရှင်းပြတော့ပေ။ ပိုင်ချောင်ရှီ ပြောသော ထိုဂျင်ဂို သစ်ပင်အနည်းငယ်သည် ငွေချောင်းတစ်ရာထက် ပိုတန်ဖိုးရှိသည်။
ဟွမ်ယမ် "ဒါဆို အိမ်ကိုမြန်မြန်ပြန်တော့၊ ငါ လိုက်မပို့တော့ဘူး"
ပိုင်ချောင်ရှီ "မိုင်တစ်ထောင်အထိ လိုက်ပို့ရင်တောင် ခွဲခွာရမှာပဲ၊ မမဟွမ်ယမ်၊ အခု ပြန်တော့"
နွားလှည်းမှာ ဖြည်းဖြည်းချင်း စတင်ရွေ့လျားလာသည်။
ဟွမ်ယမ်သည် သူမ ထွက်ခွာသွားသည်ကို ကြည့်ရှုရင်း စံအိမ်အပြင်ဘက်တွင် ရပ်ကျန်နေခဲ့သည်။
ဤခရီးသည် ပိုင်ချောင်ရှီအတွက် အကျိုးအမြတ်မရှိခြင်းတော့ မဟုတ်ပေ။ အနည်းဆုံး ဘဲပေါက်လေးတစ်ရာရလိုက်ပြီး စန်းယား၏ပန်းထိုးလုပ်ငန်းမှ ငွေအချို့ရခဲ့သည်။ နေဦး၊ သူမ၏ "တာ့ယန်ချန်းကျင်းဖန်" စာအုပ် ပျောက်လို့နေသည်။
ကိစ္စမရှိပါဘူး၊ အရေးမကြီးပါဘူး၊ အဲ့ဒါ ပုံတူကူးထားတဲ့ စာအုပ်ပဲလေ။
နှစ်မိုင်ခန့် ခရီးနှင်ပြီးနောက် နွားလှည်းရပ်တန့်သွားသည်။ လမ်းလယ်တွင် မျက်ကွင်းညိုနေသော ချောမောသည့် လူငယ်တစ်ဦးနှင့် သူ့ဘေးတွင် ဝံပုလွေပေါက်လေး တစ်ကောင်ရပ်နေခဲ့သည်။
ပိုင်ချောင်ရှီ မျက်လုံးများထဲ မျက်ရည်များထပ်မံရစ်သိုင်းလာပြန်ပြီး သူမမှာ စိတ်ပျက်မိလေသည်။