← Chapters

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း ၁၇၂

Vol. 18 Ch. 172

🍅 Chapter 172

“အင်း၊ ဒါတွေက သမီးရဲ့ အခြေခံအုတ်မြစ်တွေပဲ၊ သေချာသိမ်းထား၊ ပြီးတော့ မှတ်ထားနော်၊

သမီးဆီမှာ ပစ္စည်းတွေ ဒီလောက်အများကြီးရှိတယ်ဆိုတာ တခြားဘယ်သူ့ကိုမှ မသိစေနဲ့၊ တခြားသူတွေက လောဘစိတ်မမွေးဘူးလို့ အာမခံဖို့ခက်တယ်”

လီရှို့ယွင် လိမ္မာစွာဖြင့် ခေါင်းညိတ်လိုက်သည်။

သားအမိနှစ်ယောက် စကားပြောနေစဉ် ဘေးနားရှိ ကလေးငယ်လေးက စတင်ဂျီကျလာသည်။

လီရှို့ယွင်က အလျင်အမြန်ကောက်ချီကာ နူးညံ့စွာ ချော့မော့လိုက်၏။

“အားနန်၊ လိမ္မာတယ်နော်၊ ဗိုက်ဆာနေပြီလား၊ အမေ အခုနို့တိုက်မယ်နော်”

စကားပြောရင်း သူမက အင်္ကျီကြယ်သီးများကို ဖြုတ်လိုက်၏။

အနံ့ရသွား၍လား မသိပေ၊ ကလေးငယ်လေးက ဂျီကျနေရာမှ ထိုဘက်သို့ တိုးဝှေ့သွားလေသည်။

နို့ရသွားသည်နှင့် သူမက ထိုနေရာတွင် တိတ်တဆိတ် စို့နေတော့သည်။

သမီးဖြစ်သူက ကလေးအား ညင်သာစွာ ချော့မော့နေသည်ကို မြင်သောအခါ ကျန်းချင်းဟန်မှာ စိတ်လှုပ်ရှားမှုလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။

အရင်က သူမ၏ရင်ခွင်ထဲတွင် အလိုလိုက်ခံဖို့သာသိခဲ့သော ကလေးမလေးမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် နူးညံ့သိမ်မွေ့ပြီး ကြံ့ခိုင်သောမိခင်တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့လေပြီ။

ကလေးမွေးဖွားခြင်းနှင့် ပြုစုပျိုးထောင်ခြင်းတို့တွင် သမီးဖြစ်သူခံစားခဲ့ရသော နာကျင်မှုများကို တွေးမိသောအခါ ကျန်းချင်းဟန်မှာ သမီးဖြစ်သူအတွက် ပို၍ပင် ရင်နာလာရသည်။

သူမက သမီးဖြစ်သူ၏ ဘဝအပိုင်းအစများစွာကို တကယ်ကို လက်လွတ်ဆုံးရှုံးခဲ့ရ၏။

သမီးဖြစ်သူ ဤအရာအားလုံးကို ဖြတ်သန်းနေရချိန်တွင် သူမသာ ဘေးနားမှနေ၍ ကာကွယ်ပေးနိုင်ခဲ့လျှင် မည်မျှကောင်းလိုက်မည်နည်း။

ကျန်းချင်းဟန်မှာ သမီးဖြစ်သူ ကလေးထိန်းရသည့် ဆင်းရဲဒုက္ခများအား တစ်ယောက်တည်း ခံစားနေရသည်ကို မကြည့်ရက်နိုင်သဖြင့် နူးညံ့စွာမေးလိုက်သည်။

“ရော့ယွင်၊ အမေ့ဆီမှာ ယုံကြည်ရတဲ့ အဘွားအိုတွေနဲ့ အစေခံမိန်းကလေးတွေရှိတယ်၊ သူတို့ကို သမီးကို ပြုစုဖို့ စီစဉ်ပေးရမလား”

“ကူညီမယ့်သူရှိရင် သမီးလည်း ပိုပြီးသက်သာတာပေါ့”

လီရှို့ယွင် ခေါင်းခါပြလိုက်သည်။ သူမ၏ မှတ်ဉာဏ်များ အနည်းငယ် ပြန်လည်ကောင်းမွန်လာသော်လည်း လောလောဆယ်တွင် တခြားသူများ၏ အလုပ်အကျွေးပြုမှုကို ခံယူရန် အသားမကျသေးပေ။

အထူးသဖြင့် သူမ၏ပတ်ဝန်းကျင်တွင် သူစိမ်းများ သွားလာနေပြီး သူမအား စောင့်ကြည့်နေမည့်မျက်လုံးများ ပိုလာမည်ကို တွေးမိခြင်းက သူမကို နေရခက်စေသည်။

“အမေ၊ သမီး မပင်ပန်းပါဘူး၊ ယောက္ခမရယ်၊ ယောင်းမအကြီးနဲ့ ဒုတိယယောင်းမတို့က အမြဲတမ်း ကူပေးကြတယ်၊ ပြီးတော့ အာနန်ကလည်း ထိန်းရ အရမ်းလွယ်ပါတယ်”

ထိုစကားကို ကြားသောအခါ ကျန်းချင်းဟန် သမီးဖြစ်သူနှင့်အတူ လူများ အတင်းအကျပ်ထည့်ပေးရန် ဆက်လက်လုပ်ဆောင်မနေတော့ပေ။

“ကောင်းပါပြီ၊ တကယ်လို့ အကူအညီလိုချင်ရင် အမေ့ကိုသာ ပြောပါ၊ အမေ သမီးအတွက် လူတွေစီစဉ်ပေးပါ့မယ်”

“ကျေးဇူးတင်ပါတယ် အမေ”

ထိုနေ့က ကျန်းချင်းဟန်မှာ မခွဲချင်မခွာရက်ဖြင့် ညနေစောင်းသည်အထိ နေပြီးမှသာ ပြန်သွားလေသည်။

ညဘက်တွင် သမီးငယ်လေး အိပ်ပျော်သွားသည်အထိ စောင့်ပြီးနောက်မှသာ လီရှို့ယွင်မှာ မိခင်ဖြစ်သူပေးသွားသော ပိုင်ဆိုင်မှုများကို စစ်ဆေးရန် သေတ္တာအား ဖွင့်ကြည့်ဖို့ အချိန်ရတော့၏။

မကြည့်ရသေးခင်အထိတော့ သူမ မသိခဲ့သော်လည်း ကြည့်လိုက်ရသောအခါ အလွန်အမင်း အံ့ဩသွားတော့သည်။

သူမ၏မိခင်က ငွေစက္ကူချည်းသက်သက်ကို ငွေချောင်းသုံးသောင်းတိတိ ပေးထားခြင်းဖြစ်သည်။

“သုံး... သုံးသောင်းတောင်”

လီရှို့ယွင် ၎င်းကို ပူလောင်သော အာလူးတစ်လုံးအလား သူမ၏လက်ထဲတွင် ကိုင်ထားလိုက်မိသည်။

“ဒါက... ဒါက အရမ်းများလွန်းတယ်”

သေချာစဉ်းစားပြီးနောက် လီရှို့ယွင် မနက်ဖြန်တွင် ဤငွေစက္ကူများအား ငွေစုဘဏ်သို့ သွားအပ်ရန် ဆုံးဖြတ်လိုက်၏။

သေချာသည်မှာ သူမက ကိုယ့်အတွက်ကို အနည်းငယ်ချန်ထားဦးမည်ဖြစ်သည်။

စဉ်းစားပြီးနောက် လီရှို့ယွင်က သိမ်းထားရန် ငွေစက္ကူတစ်ထောင်ကို ထုတ်ယူလိုက်သည်။

ငွေစက္ကူများအား ရေတွက်ပြီးနောက် လီရှို့ယွင် လယ်ယာမြေများ၊ စံအိမ်များနှင့် ဆိုင်ခန်းများကို ရေတွက်လိုက်ရာ တစ်ဖန်အံ့အားသင့်သွားရပြန်သည်။

လယ်မြေဧကတစ်ထောင်ကျော်၊ စံအိမ်ငါးလုံးရှိပြီး ထိုလက်ဝတ်ရတနာဆိုင်များ၊ အဝတ်အထည်ဆိုင်များနှင့် စားသောက်ဆိုင်များကတော့ ဆယ့်ငါးဆိုင်တိတိပင် ရှိလေသည်။

ဤအိမ်ဂရန်၊ မြေဂရန်များကိုကြည့်ရင်း လီရှို့ယွင်မှာ အိပ်မက်တစ်ခုလို ခံစားနေရဆဲပင်။

‘ငါက ရုတ်တရက်ကြီး ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်သွားခဲ့ပြီ...’

သူမ ရင်ထဲတွင် မအော်ဟစ်ဘဲ မနေနိုင်တော့ပေ၊။

‘အမေ တစ်ယောက် ရှိရတာ တကယ်ကိုကောင်းလိုက်တာ'

နောက်တစ်နေ့မနက်တွင် လီရှို့ယွင် ကျောက်လီကျွမ်အာ ကလေးကြည့်ပေးရန် အပ်နှံခဲ့ပြီး ငွေစက္ကူသေတ္တာယူကာ ဝူယွီလန်ကို သွားရှာလေသည်။

“အမေ၊ ခဏနေရင် မြို့ပေါ်သွားမှာလား၊ သမီးလည်း လိုက်ချင်လို့”

လီရှို့ယွင် သေတ္တာတစ်လုံးကိုင်ထားသည်ကို မြင်သောအခါ သူမ လုပ်သည့်အရာအား ဝူယွီလန် အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။

“ကောင်းပြီ၊ အမေလည်း သမီးနဲ့လိုက်ခဲ့မယ်”

သူမက စကားပြောရင်းမှ ဖော်စပ်ထားသော လူးဆေးများကို မြင်းလှည်းပေါ်သို့ တင်လိုက်ပြီးနောက် လီရှို့ယွင်ကို အော်ခေါ်လိုက်သည်။

“တတိယချွေးမ၊ မြင်းလှည်းပေါ်တက်လေ”

လီရှို့ယွင် ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့ပါ အမေ”

သူမက စကားပြောရင်း သေတ္တာကိုကိုင်ကာ မြင်းလှည်းပေါ်သို့ တက်သွားလေသည်။

သခင်လေးမုချန်ကျွင်းထံသို့ ဆေးသွားပို့ရမည်ဖြစ်သောကြောင့် ဝူယွီလန်က စုန့်ကျစ်ယုံအား မြင်းမောင်းခိုင်းခြင်းမပြုဘဲ သူမ ကိုယ်တိုင်သာ မြင်းလှည်းကိုမောင်းနှင်ခဲ့သည်။

မြင်းလှည်းက ရွာထဲမှ ဖြည်းညင်းစွာ ထွက်ခွာသွားလေသည်။

လီရှို့ယွင် တစ်ခဏမျှတွန့်ဆုတ်နေသော်လည်း ယမန်နေ့က မိခင်ဖြစ်သူ သူမအား လက်ဖွဲ့ပစ္စည်းများပေးခဲ့သည့်အကြောင်း ဝူယွီလန်ကို ပြောပြလိုက်သည်။

သို့သော် မိခင်ဖြစ်သူ၏သတိပေးချက်ကို သတိရသဖြင့် သူမ အများကြီးတော့ ဖွင့်မပြောခဲ့ပေ။

“အမေ၊ မနေ့က သမီးရဲ့အမေက သမီးက်ု လက်ဖွဲ့ပစ္စည်းတွေ တော်တော်များများ ပေးခဲ့တယ်”

ဝူယွီလန် အစောကတည်းက ခန့်မှန်းမိပြီးဖြစ်ကာ လီရှို့ယွင် သတိလက်လွတ်ဖြစ်မည်ကို စိုးရိမ်သဖြင့် သတိပေးလိုက်သည်။

“ဒါက သမီးအမေ ပေးခဲ့တာဆိုတော့ သမီးဘာသာ သေချာသိမ်းထား၊ မှတ်ထားနော်၊ မိန်းမတစ်ယောက်ရဲ့ ငွေကို ကိုယ်တိုင်ပဲ သိမ်းထားရမယ်၊ ပြီးတော့ တခြားသူတွေကို ပေးမသိနဲ့၊ နောင်ကျရင် ကျစ်ခန်း ပြန်လာရင်တောင် သူ့ကို မပြောပြနဲ့”

“မှတ်မိလား”

ထိုစကားကို ကြားသောအခါ လီရှို့ယွင်မှာ စိတ်လှုပ်ရှားသွားရသည်။

“အမေ၊ သမီး သိပါပြီ”

“အင်း၊ တခြားသူတွေကို အမြဲတမ်းသတိထားရမယ်၊ ကိုယ့်အတွက် ကိုယ် သေချာသိမ်းထားပါ”

လီရှို့ယွင် ခေါင်းကို တရစပ် ညိတ်ပြလိုက်သည်။

“အမေ၊ သမီးအမေပေးခဲ့တဲ့ ငွေတွေအားလုံးကို ငွေစုဘဏ်မှာ သွားအပ်မလို့ စီစဉ်ထားတယ်၊ ဒါပေမဲ့ သမီး နည်းနည်းပါးပါး ချန်ထားသေးတယ်”

သူမ စကားပြောရင်း ငွေစက္ကူ တစ်ထောင်ကို ထုတ်ယူလိုက်ပြီး ကိုယ့်အတွက် ငွေတစ်ရာချန်ထားကာ ကျန်သော ငွေကိုးရာအား ကမ်းပေးလိုက်သည်။

“အိမ်သုံးစရိတ်အတွက် ဒီငွေတွေကို ယူထားလိုက်ပါ”

ဝူယွီလန် ထိုငွေစက္ကူအထပ်လိုက်ကို ကြည့်ကာ ဤတတိယချွေးမမှာ တကယ်ကို ဂရုစိုက်ရကျိုးနပ်ကြောင်း…..

သူမအား အိမ်အသုံးစရိတ် ငွေပေးရမည်ကို သိတတ်ကြောင်း တွေးမိရင်း ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။

‘သမီးအရင်းတစ်ယောက် မွေးထားရင်တောင် ဒီလောက် သိတတ်မှာ မဟုတ်ဘူး'

All Chapters