အခန်း ၁၇၅
Vol. 18 Ch. 175
🍅 Chapter 175
သခင်လေးမုချန်ကျွင်းက ထိုအချက်ကို သတိထားမိပုံရပြီး ကိုယ်တိုင်ကိုယ်ကျ ရေနွေးအိုးကိုကောက်ကိုင်ကာ လီရှို့ယွင်အတွက် နွေးထွေးသော သစ်မွှေးပန်းပျားရည်ဝိုင် ခွက်တစ်ဝက်ကို ငှဲ့ပေးလိုက်သည်။
“အမျိုးသမီးလီ၊ ဒါလေး မြည်းကြည့်ပါဦး၊ ပြီးခဲ့တဲ့ ဆောင်းဦးနှောင်းပိုင်းက စုဆောင်းထားတဲ့ သစ်မွှေးပန်းအချိုတွေနဲ့ လုပ်ထားတာပါ၊ အရက်ပြင်းအားနည်းတော့ မမူးပါဘူး”
လီရှို့ယွင် ခွက်ကို လက်နှစ်ဖက်ဖြင့် အလျင်အမြန် ကိုင်လိုက်ပြီး တိုးညင်းစွာ ကျေးဇူးတင်စကား ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် သူဌေးချန်”
တကယ်ကို ချိုမြိန်၊ မွှေးပျံ့ပြီး လန်းဆန်းစေသဖြင့် လီရှို့ယွင်မှာ တဖြည်းဖြည်းချင်း သက်သောင့်သက်သာ ဖြစ်လာတော့သည်။
ထမင်းစားနေစဉ် ဝူယွီလန်လည်း လုပ်အကျွေးပြုစုခံရသဖြင့် နေရခက်နေလေသည်။
“ဒီအဘွားကြီးက ဒီလိုတွေ ဇိမ်ကျကျနေရတာကို အသားမကျဘူး၊ မင်းတို့ မိန်းကလေးနှစ်ယောက် လုပ်စရာရှိတာ သွားလုပ်ကြချေ”
အစေခံမိန်းကလေးနှစ်ဦးမှာ သူတို့ တစ်ခုခုအမှားလုပ်မိပြီဟု ထင်မှတ်ကာ အလျင်အမြန် ဒူးထောက်လိုက်ကြသည်။
သခင်လေးမုချန်ကျွင်း လက်ဝှေ့ယမ်းလိုက်သည်။
“မင်းတို့အားလုံး ထွက်သွားလို့ရပြီ”
“ကိုယ်ဘာသာ ကိုယ် ထည့်စားရတာက ပိုသက်သောင့်သက်သာ ရှိတယ်”
“အဒေါ်ဝူ၊ ဒီဟင်းချိုလေး မြည်းကြည့်ပါဦး၊ အရသာ တော်တော်လေးကောင်းတယ်”
ထိုစကားကို ကြားသောအခါ လီရှို့ယွင် ကျက်သရေရှိစွာ မတ်တတ်ရပ်လိုက်ပြီး နို့ရောင်ဆေးဟင်းချို ပန်းကန်လုံးသေးသေးလေးကို သူမ၏ယောက္ခမအတွက် ခပ်ပေးလိုက်၏။
“အင်း၊ အရသာက တကယ်ကိုကောင်းတာပဲ”
“ရှို့ယွင်၊ သမီးလည်း နည်းနည်းသောက်ကြည့်ဦးလေ”
ဝူယွီလန် စကားပြောရင်း လီရှို့ယွင်အတွက် ဟင်းချိုတစ်ခွက် ခပ်ပေးလိုက်ပြီးနောက် ဟင်းများစွာကိုပါ ထည့်ပေးလိုက်လေသည်။
ယောက္ခမနှင့် ချွေးမတို့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပြီး ဟင်းများထည့်ပေးနေကြသည်ကိုကြည့်ရင်း သခင်လေးမုချန်ကျွင်းမှာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
သားသမီးအရင်းတွေတောင်မှ ဒီနှစ်ယောက်လောက် အဆင်ပြေချင်မှပြေမှာ။
သူ ဝူယွီလန်အတွက် ဟင်းချိုဇွန်းတစ်ဝက် ထပ်ထည့်ပေးရန် လက်ကို မြှောက်လိုက်ရင်း သူ့အသံမှာလည်း အလိုအလျောက် နူးညံ့သွားသည်။
“အဒေါ်၊ အဒေါ်က တကယ်ကံကောင်းတာပဲ၊ အဒေါ်ရဲ့ ချွေးမက သမီးအရင်းထက်တောင် ပိုပြီးဂရုစိုက်တတ်သေးတယ်”
ဝူယွီလန် ပါးစပ်ထဲမှ ငန်းရင်အုံသားကို မြိုချလိုက်ပြီး ပြုံးလျက်လက်ဝှေ့ယမ်းလိုက်၏။
“ငါ့ရဲ့ တတိယချွေးမက တကယ်ကို မိဘကျေးဇူး သိတတ်တာ၊ ငါ ရေဆာရင် ရေငှဲ့ပေးတယ်၊ ငါ ပင်ပန်းရင် ကျောနှိပ်ပေးတယ်၊ ငါ့ခြေထောက်က ဖိနပ်တွေ၊ ငါ့ကိုယ်ပေါ်က အဝတ်အစားတွေကို ကြည့်ပါဦး၊ အကုန်လုံး တတိယချွေးမ ချုပ်ပေးထားတာချည်းပဲ”
လီရှို့ယွင်မှာ ယောက္ခမဖြစ်သူအတွက် ငါးသလောက်အရိုးများကို ဖယ်ရှားပေးနေသည်။
ချီးကျူးခံရသဖြင့် သူမ နားရွက်များ အနည်းငယ် နီရဲသွားသော်လည်း ကျက်သရေရှိစွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
“အမေက ကျွန်မကို သမီးအရင်းတစ်ယောက်လို ဆက်ဆံလို့ပါ”
သူတို့နှစ်ဦး အလွန်အလျင်းတည့်စွာ ဆက်ဆံနေကြသည်ကိုမြင်သောအခါ သခင်လေးမုချန်ကျွင်းမှာ သူ အားကျမှုကို ဆက်လက်၍ ဖုံးကွယ်မထားနိုင်တော့ပေ။
သူ တိုးတိုးလေး ရယ်မောလိုက်သည်။
“အဒေါ်၊ အဒေါ်က ‘သားကို ပေးလိုက်ရပေမဲ့ သမီးတစ်ယောက် အစားပြန်ရလိုက်တာ’ ပဲ”
ငါ့အမေသာ ငါ့ဇနီးနဲ့ အခုလို အဆင်ပြေနိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ’ ဟု တွေးမိကာ သူ့ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။
“တကယ်တော့ ငါ့ ချွေးမတိုင်းက ငါ့သားတွေထက် ပိုကောင်းပါတယ်”
‘အိမ်က သားသုံးယောက်လုံးက ဒီကလေးမလေးတွေလောက် စာနာနားလည်မှု မရှိဘူး၊ အားလုံးက မီးထိုးတုတ်လို အသုံးမကျတဲ့သူတွေချည်းပဲ'
ထမင်းစားပြီးနောက် ယောက္ခမနှင့် ချွေးမတို့ ဈေးဝယ်ထွက်ကြပြီး ကုန်ပစ္စည်းအချို့ကို ဝယ်ယူခဲ့ကြသည်။
ရာသီဥတု အေးလာပြီဖြစ်သဖြင့် ယနေ့ည အသားကင်လုပ်စားရန် သူမ စီစဉ်ထားလေသည်။
…
“သခင်လေး၊ နယ်စပ်ကနေ လျှို့ဝှက်စာရောက်လာပါတယ်”
ချင်းဖုန်း စာကိုကိုင်ကာ ခပ်သုတ်သုတ်ဝင်လာခဲ့သည်။
သခင်လေးမုချန်ကျွင်းက ခေါင်းညိတ်လိုက်လေ၏။
စာနှစ်စောင် ဖြစ်နေသည်ကို မြင်သောအခါ သူ အနည်းငယ် နားမလည်နိုင်ဖြစ်သွားရသည်။
“ဒီကောင်လေး၊ ဘာလို့ ဒီတစ်ခါ မိသားစုဆီပို့တဲ့စာပါ ထည့်ပေးလိုက်တာလဲ”
သူ သိပ်ဂရုမစိုက်တော့ဘဲ မိသားစုဆီပို့သည့်စာကို ဘေးသို့ အရင်ဖယ်ထားလိုက်ပြီး အခြားလျှို့ဝှက်စာကို ဖွင့်ဖတ်လိုက်သည်။
စာထဲမှ အကြောင်းအရာများကို ဖတ်ပြီးနောက် သခင်လေးမုချန်ကျွင်း၏မျက်နှာအမူအရာမှာ မှောင်မိုက်သွားတော့သည်။
“ဒီကောင်လေးပါ ဒဏ်ရာရသွားလိမ့်မယ်လို့ မထင်ထားဘူး၊ နယ်စပ်ကအခြေအနေ တော်တော်လေးဆိုးရွားနေပုံပဲ”
သူက စားပွဲဆီသို့သွားကာ လျှို့ဝှက်အကြောင်းပြန်စာရေးရန် စုတ်တံကို ကောက်ကိုင်လိုက်၏။
“ချင်းဖုန်း၊ နယ်စပ်စစ်ပွဲက အရေးပေါ်နေပြီ၊ ဒီစာနဲ့ ဒဏ်ကြေဆေးကို စစ်ကြောရေးမြင်းနဲ့ အခုချက်ချင်းပို့လိုက်”
“ဟုတ်ကဲ့ပါ သခင်လေး”
ချင်းဖုန်း ဆေးကိုယူကာ သခင်လေးခိုင်းသည့်အတိုင်းစီစဉ်ရန် ချက်ချင်းထွက်သွားလေသည်။
လျှို့ဝှက်စာက စစ်ပွဲအကြောင်းသာမက ကိုယ်ရေးကိုယ်တာကိစ္စအချို့လည်း ပါဝင်နေသည်။
စာထဲတွင် စုန့်ကျစ်ခန်းက သူ့ဇနီးနှင့် သမီးတို့အား စောင့်ရှောက်ပေးရန် အကူအညီတောင်းထားသည်ကို တွေးမိသောအခါ သူ အနည်းငယ် ခေါင်းကိုက်သွားရသည်။
အထူးသဖြင့် စာထဲတွင် စုန့်ကျစ်ခန်း၏မိခင်က အရာရာဝင်စွက်ဖက်တတ်ပြီး ရက်စက်ကြမ်းကြုတ်သော အဘွားကြီးတစ်ဦးဖြစ်ကြောင်း ရေးသားထားသဖြင့် ထိုသို့သောအဘွားကြီးမျိုးက အကြီးမားဆုံးပြဿနာပင်။
“ထားလိုက်ပါတော့၊ ငါတို့က ဘယ်လိုပဲဖြစ်ဖြစ် ဖျန်းကျန်းမြို့မှာ ရောက်နေတာပဲဆိုတော့ သူ့ကိုယ်စား သွားစောင့်ရှောက်ပေးလိုက်ပါ့မယ်”
သခင်လေးမုချန်ကျွင်က နောက်ထပ်လျှို့ဝှက်အစောင့်တစ်ဦးကို ခေါ်လိုက်သည်။
“ချင်းယွီ၊ လယ်သမားမိသားစုနဲ့ သင့်တော်မယ့် လက်ဆောင်တချို့ ပြင်ဆင်ထားလိုက်၊ ခဏနေရင် ငါတို့သွားလည်ကြမယ်”
“ဟုတ်ကဲ့ပါ သခင်လေး”
ချင်းယွီ လယ်သမားမိသားစုအတွက် လက်ဆောင်တစ်ပုံးကို ရွေးချယ်လိုက်၏။
ဆန်သစ်နှစ်တောင်း၊ ဝက်သား ဆယ်ကတ်တီ၊ ကြက်မ နှစ်ကောင်၊ အသားခြောက် နှစ်ချောင်း၊ ဆန်ဝိုင်တစ်အိုး နှင့် မုန့်အချို့ ပါဝင်လေသည်။
ကြည့်ရသည်မှာ ရိုးရှင်းပြီး ဟန်ဆောင်မှုကင်းသော လယ်သမားမိသားစုအတွက် လက်ဆောင်အစုံအလင်နှင့် တူပေသည်။
သခင်လေးမုချန်ကျွင်း အစိမ်းရောင်ပိတ်စဝတ်ရုံကို လဲလှယ်ဝတ်ဆင်လိုက်ပြီး သာမန်မြင်းလှည်းတစ်စီးကို ပြောင်းစီးကာ စုန့်မိသားစုရွာဆီသို့ တိုက်ရိုက်ဦးတည်ထွက်ခွာသွားလေ၏။
ရွှံ့ဗွက်ထနေသော ကျေးလက်လမ်းမအတိုင်း လျှောက်လာရင်း စုန့်ကျစ်ခန်း၏စာထဲမှ စာကြောင်းများကို သူ တွေးတောနေမိသည်။
‘ကျွန်တော့် အမေက ရက်စက်ပြီး ဒေါသကြီးတယ်၊ နည်းနည်းလောက်လေး စကားမှားလိုက်တာနဲ့ ရိုက်နှက်ဆဲဆိုတော့တာပဲ၊ ပြီးတော့ ကျွန်တော့်ဇနီးကိုလည်း ရက်ရက်စက်စက်ဆက်ဆံတယ်၊ အစ်ကိုက ကျွန်တော့်ကို ဂရုစိုက်တယ်ဆိုရင်တော့ ငတ်မွတ်ခေါင်းပါးမှုတွေ အအေးဒဏ်တွေ မခံစားရအောင် သူတို့ကို နည်းနည်းပါးပါး ကြည့်ရှုစောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်’
ထိုအချိန် စာဖတ်လိုက်ပြီးနောက် မျက်ခုံးစောင်းစောင်း၊ တြိဂံပုံ မျက်လုံးများနှင့် ယုတ်မာသည့် အဘွားကြီးတစ်ယောက်၏ပုံရိပ်က ချက်ချင်းပေါ်လာခဲ့လေသည်။
ယခုအလည်သွားရတော့မည့်အချိန်တွင် ရန်သူ့စခန်းထဲ ဝင်ရမည်ထက်ပင် ပိုပြီးတွန့်ဆုတ်နေမိလေ၏။