← Chapters

အခန်း ၁၇၆

Vol. 18 Ch. 176

အခန်း ၁၇၆

Vol. 18 Ch. 176

🍅 Chapter 176

‘ထားလိုက်ပါတော့၊ ငါ သွားကြည့်လိုက်ပါ့မယ်, တကယ်လို့ သူ့အမေက အဲဒီလိုလူမျိုး တကယ်ဖြစ်နေရင်လည်း ငါ လူနှစ်ယောက်လောက်ထားခဲ့ပြီး သူတို့ကို စောင့်ရှောက်ခိုင်းလိုက်မယ်'

‘ညီအစ်ကိုတစ်ယောက်အပေါ် တာဝန်ကျေတယ်လို့ သတ်မှတ်လို့ရတာပေါ့'

…

စုန့်မိသားစု၏ ခြံဝင်းငယ်လေးအပြင်ဘက်တွင် ဟင်းချက်ရာမှ ထွက်ပေါ်နေသောမီးခိုးငွေ့များ လွင့်ပျံနေလေသည်။

ဝူယွီလန် အုတ်ခဲများဖြင့် ပြုလုပ်ထားသော အသားကင်စင်ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ မီးညှပ်ဖြင့် မီးသွေးများကို ထိုးဆွနေ၏။

လီရှို့ယွင်ကမူ အင်္ကျီလက်များကို ပင့်တင်ကာ နယ်ထားသော ဝက်သုံးထပ်သားများအား အသားကင်တံငယ်လေးများတွင် သီနေသည်။

အဆီများ ကျလာသည်နှင့်အမျှ တရှဲရှဲမြည်ကာ မီးတောက်များ မြင့်တက်လာလေသည်။

အနံ့များ ပျံ့လွင့်လာသဖြင့် ခြံဝင်းထဲရှိ လူကြီးနှင့် ကလေးအားလုံး သွားရည်ကျလာကြတော့သည်။

“အဖွား၊ ဒီအသားကင်က အရမ်းမွှေးတာပဲ”

ချွန်းနီ ဝူယွီလန်၏ခြေထောက်ကို မှီကာ မျှော်လင့်တကြီး ကြည့်နေလေ၏။

ဝူယွီလန် သူမ၏လက်ထဲရှိ အသားကင်တံများကို တစ်ချက်ကြည့်လိုက်သည်။

ကျက်သွားပြီဖြစ်ကြောင်း မြင်သောအခါ သူမ အသားကင်ဟင်းခတ်မှုန့်အချို့ကို ဖြူးကာ ချွန်းနီအား အစုလိုက်အပြုံလိုက် ကမ်းပေးလိုက်သည်။

“လောဘကြီးတဲ့ ကောင်မလေး၊ ဒါတွေကို ယူသွားပြီး သမီးရဲ့အစ်ကိုတွေ၊ ညီမတွေနဲ့ သွားစားတော့”

“ဟီးဟီး၊ ကျေးဇူးပါ အဖွား”

ချွန်းနီ အသားကင်တံများကို သူမ၏မောင်နှမများနှင့် မျှဝေစားသောက်ရန် ခုန်ဆွခုန်ဆွဖြင့် ထွက်သွားလေသည်။

ဝမ်ကွေ့ချင်နှင့် ကျောက်လီကျွမ်တို့ ရေဆေးထားသော ဟင်းသီးဟင်းရွက်များကို စားပွဲပေါ်တွင် တင်လိုက်ပြီး စားပွဲအား ခြံဝင်းထဲသို့ သယ်ထုတ်လာကြသည်။

အရာအားလုံး အသင့်ဖြစ်နေပြီဖြစ်ကြောင်း မြင်သောအခါ ဝူယွီလန် ဘေးနားတွင် ပျော်ရွှင်စွာစားသောက်နေသော စုန့်အာ့လန်ကို ကြည့်လိုက်သည်။

“အာ့လန်၊ အဘိုးကျန်းရှု ရောက်ပြီလား သွားကြည့်ချေ”

စုန့်အာ့လန် နှုတ်ခမ်းကို သပ်လိုက်သည်။

“ဟုတ်ကဲ့ပါ”

သူက ခြံဝင်းထဲမှ ခြေလှမ်းအနည်းငယ်မျှသာ လျှောက်လာရသေးချိန်တွင် ရွာလူကြီးစုန့်ကျန်းရှုက ဝိုင်အိုးတစ်အိုးကို သယ်ဆောင်လာပြီး သူ့အနောက်တွင် စုန့်ဆန်းကွေ့ ကပ်လျက်လိုက်ပါလာသည်ကို မြင်တွေ့လိုက်ရ၏။

“အဘိုးကျန်းရှု၊ အဘိုးတို့ နောက်ဆုံးတော့ ရောက်လာပြီပဲ”

ရွာလူကြီးစုန့်ကျန်းရှု လေထဲရှိ အသားရနံ့ကို ရှူရှိုက်လိုက်ပြီး သက်ပြင်းချလိုက်၏။

“မင်းတို့အိမ်က အစားအစာတွေက တကယ်မွှေးတာပဲ”

“ဒီည ကျွန်မတို့က ပုံမှန်ထမင်းမစားဘူး၊ အသားကင်စားမှာ”

“အသားကင်လား၊ ဟူလူမျိုးတွေသုံးတဲ့ အသားကင်တဲ့နည်းလမ်းကို ပြောတာလား”

“ဟုတ်တယ်၊ အဲဒါပဲလေ၊ ရွာလူကြီးဖိုးဖိုး စုန့်ကျန်းရှု၊ လာပါ၊ မြန်မြန်ဝင်ခဲ့”

စုန့်အာ့လန် ပြောပြောဆိုဆိုဖြင့် စုန့်ဆန်းကွေ့ကိုဆွဲကာ ခြံဝင်းထဲသို့ ခပ်သုတ်သုတ် ဝင်သွားလေသည်။

ရွာလူကြီးစုန့်ကျန်းရှု ရောက်လာသည်ကိုမြင်သောအခါ ဝူယွီလန် သိုးသားကင်တစ်ချောင်းကို ကိုင်ကာ လျှောက်လာခဲ့၏။

“ရောက်လာပြီပဲ အစ်ကိုကြီး၊ ဒီသိုးသားကင်ကို အရင်မြည်းကြည့်ပါဦး”

ရွာလူကြီးစုန့်ကျန်းရှု သိုးသားကင်ကို ယူကာ တစ်ကိုက် ကိုက်လိုက်၏။

“အင်း၊ ဒီအရသာက တကယ်ကို ကောင်းတာပဲ”

ဘေးနားရှိ စုန့်ကျစ်ယုံနှင့် စုန့်ကျစ်ချုံးတို့က သူ့ကိုဧည့်ခံရန် အလျင်အမြန် ရောက်လာကြ၏။

“ဦးလေးကျန်းရှု၊ ဦးလေး ကျွန်တော်တို့နဲ့အတူ သောက်ကြရအောင်”

စုန့်ကျစ်ယုံကမူ ရွာလူကြီးစုန့်ကျန်းရှုအတွက် အရက်ပြင်းတစ်ခွက်ကို ငှဲ့ပေးလိုက်၏။

ရွာလူကြီးစုန့်ကျန်းရှု တစ်ငုံသောက်လိုက်သည်နှင့် သူ့ မျက်ခုံးများ ပင့်တက်သွားတော့သည်။

“အင်း၊ ဘယ်လောက်တောင် ပြင်းတဲ့အရက်လဲ၊ ဒါကို ဘယ်ကနေ ယ်လာတာလဲ”

“မိတ်ဆွေတစ်ယောက် လက်ဆောင်ပေးလိုက်တာပါ၊ အစ်ကိုကြီး သဘောကျတယ်ဆိုရင် နောက်မှ နှစ်ပုလင်းလောက်ပြန်ယူသွားပေါ့”

ဤအရက်များအားလုံးကို ဝူယွီလန် စနစ်ကုန်တိုက်မှ ဝယ်ယူထားခြင်းဖြစ်သည်။

တစ်ပုလင်းလျှင် ကုန်တိုက်သုံးငွေကြေး တစ်ရာကျော်ကုန်ကျပြီး အားလုံးမှာ အယ်လ်ကိုဟော ၄၀ မှ ၅၀ ရာခိုင်နှုန်းခန့် ပါဝင်သော အရက်ပြင်းများဖြစ်ကြ၏။

“အဟမ်း၊ ငါက မင်းတို့နဲ့ အရက်ကိစ္စအတွက်တော့ အားနာမနေတော့ဘူးနော်”

ရွာလူကြီးစုန့်ကျန်းရှု ပြောပြောဆိုဆိုဖြင့် နောက်ထပ် တစ်ငုံ သောက်လိုက်လေသည်။

“အာ... တကယ်ကို အ‌ရက်‌ကောင်းပဲ”

ဝူယွီလန် သူ့အား တစ်ခဏမျှသောက်စေပြီးနောက် ကျန်းချင်းဟန်အား စောင့်ရန် တံခါးဝသို့ထွက်လာခဲ့သည်။

ထိုအချိန်တွင် ကျန်းချင်းဟန်မှာ မြင်းလှည်းပေါ်တွင်ထိုင်လျက် အထိန်းတော်ကွေ့၏အစီရင်ခံမှုကို နားထောင်နေသည်။

“သခင်မကြီး၊ ကျွန်မ ငွေစုဘဏ်မှာ စုံစမ်းပြီးပါပြီ၊ သခင်မလေးက ငွေအချောင်း နှစ်သောင်းကိုးထောင် သွားအပ်ထားပါတယ်၊ သမားတော်ဝူ သခင်မလေးနဲ့အတူ သွားအပ်တာပါ”

ကျန်းချင်းဟန် ခေါင်းညိတ်လိုက်သည်။

“ဒီဝူယွီလန်က တော်တော်လေး ရိုးသားတာပဲ၊ ဒီလောက်ငွေတွေ အများကြီးကိုတောင် သူက ဘာရည်ရွယ်ချက်မှမရှိဘူး”

“သခင်မကြီး၊ သမားတော်ဝူရဲ့ဆေးပညာက အရမ်းကို ပြောင်မြောက်တာပါ၊ သူသာ ငွေလိုချင်ရင် လူနာကြည့်ပေးရုံနဲ့တင် အများကြီးရှာနိုင်တာပဲ၊ သူ့မှာ ငွေပြတ်လပ်နေမှာ မဟုတ်ဘူး”

ဝူယွီလန်၏ဆေးပညာကို တွေးမိသောအခါ ကျန်းချင်းဟန် ခေါင်းညိတ်လိုက်လေ၏။

“အဲဒါလည်း ဟုတ်တာပဲ”

“သူသာ ဂုဏ်သတင်းနဲ့ စည်းစိမ်ကို မက်မောတဲ့သူဆိုရင် ငါ သူ့ကို နန်းတွင်းသမားတော်အဖြစ် အကြံပြုပေးမယ်ဆိုတုန်းက အစောကတည်းက သဘောတူခဲ့ရမှာပေါ့၊ သူက အဲဒီလိုအရာတွေကို မမက်မောဘူးဆိုတာ သိသာပါတယ်”

သူတို့ စကားပြောနေစဉ်မှာပင် မြင်းလှည်း ရုတ်တရက်ရပ်တန့်သွားသည်။

ကျန်းချင်းဟန် မြင်းလှည်းလိုက်ကာကို မတင်လိုက်ရာ အသိတစ်ယောက်အား မြင်လိုက်ရသဖြင့် အံ့ဩသွားတော့သည်။

“အဒေါ်ကျန်း၊ တကယ် အဒေါ်ကိုး”

သခင်လေးမုချန်ကျွင်း ယဉ်ကျေးစွာ လက်သီးဆုပ်ချီကာ အငယ်တစ်ဦးလုပ်သင့်သည့် နန်းတွင်းအရိုအသေပေးမှုကို ပြုလုပ်လိုက်သည်။

သခင်လေးမုချန်ကျွင်းဖြစ်နေသည်ကို မြင်သောအခါ ကျန်းချင်းဟန်မှာ အလွန်အမင်း အံ့ဩသွားတော့သည်။

‘ဒီလူက ဘာလို့ ဒီလိုဝေးလံခေါင်သီပြီး ဆင်းရဲတဲ့နေရာကို ရောက်လာရတာလဲ'

“တတိယအိမ်ရှေ့...”

သူမ၏အခေါ်အဝေါ်က မသင့်တော်ကြောင်း သတိပြုမိသွားသဖြင့် ကျန်းချင်းဟန် ပြန်ပြင်လိုက်သည်။

“တတိယသခင်လေး၊ ဘာလို့ ဒီကိုရောက်နေတာလဲ”

သခင်လေးမုချန်ကျွင်း တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“ကျွန်တော် ခရီးထွက်လာရင်းနဲ့ ဒီဘက်ကိုရောက်လာတာပါ၊ ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ရဲ့အိမ်က ဒီမှာရှိလို့ သူ့ကိုယ်စား ဝင်လည်မလို့လေ”

“အဒေါ်ကျန်းရော ဘာလို့ ဒီကိုရောက်နေတာလဲ”

ကျန်းချင်းဟန် သူမ၏အငယ်ဆုံးသမီးအား ရှာတွေ့သည့်ကိစ္စကို လောလောဆယ် ထုတ်မပြောချင်သေးပေ။

နောက်ဆုံးတွင် အချို့လူများ၏လက်ပါးစေများက ဤနေရာအထိ ရောက်ရှိလာနိုင်ခြင်း ရှိ၊ မရှိကို သူမ သေချာမသိနိုင်သောကြောင့်ဖြစ်သည်။

“ကျွန်မတို့ရဲ့ အရင်မျိုးဆက်တွေက ပေလျိုခရိုင်မှာ ရှိတာလေ၊ ကျွန်မ မိတ်ဆွေကောင်းတစ်ယောက်နဲ့ ဆုံမိလို့ ရင်းနှီးသွားပြီး ဒီနေ့ သူ့အိမ်ကို ညစာသွားစားမလို့ပါ”

“ဪ၊ ဒါဆိုရင်လည်း….”

သခင်လေးမုချန်ကျွင်း မိုးကုတ်စက်ဝိုင်းကို တစ်ချက်လှမ်းကြည့်လိုက်ရာ နေဝင်သွားပြီဖြစ်ပြီး တိမ်တိုက်များကြားတွင် ညနေခင်း နေရောင်ခြည်များသာ ကျန်ရှိနေတော့သည်ကို ‌မြင်လိုက်ရလေ၏။

“အချိန်လည်း လင့်နေပြီဆိုတော့ ကျွန်တော် အဒေါ်ကျန်းကို ဆက်ပြီးအချိန်မဆွဲတော့ပါဘူး၊ နောက်နေ့မှ ပေလျိုခရိုင်ကို လာလည်ပါ့မယ်”

ကျန်းချင်းဟန်မှာလည်း သွားရန်အလျင်လိုနေသဖြင့် ထိုစကားကို ကြားသောအခါ ခေါင်းညိတ်ပြလိုက်၏။

“ကောင်းပါပြီ”

သူမ မြင်းလှည်းကို ဆက်မောင်းရန် အထိန်းတော်ကွေ့အား ညွှန်ကြားလိုက်သည်။

All Chapters