← Chapters

အခန်း ၆၇

Vol. 7 Ch. 67

အခန်း ၆၇

Vol. 7 Ch. 67

အပိုင်း (၆၇)

​လျူယွမ်သည် အိမ်ထဲသို့ ပြန်ဝင်လာပြီး သမီးဖြစ်သူ လျူနျန်လေးကို ကလေးပုခက်ထဲသို့ ညင်သာစွာ ပြန်သိပ်လိုက်သည်။

​ ထို့နောက် သူတစ်ယောက်တည်း အိပ်ခန်းထဲသို့ ပြန်လာခဲ့သည်။

​ “ကောင်းလိုက်တာကွာ... မိန်းမလည်း သူ့မိဘအိမ် ပြန်သွားပြီဆိုတော့ ငါလည်း နောက်ဆုံးတော့ တစ်ယောက်တည်း အေးအေးဆေးဆေး အိပ်ရတော့မယ်”

​ လျူယွမ်သည် ကုတင်ပေါ်တွင် ‘太’ စာလုံးပုံစံမျိုး လက်ခြေဆန့်ကာ လှဲချလိုက်ပြီး သူ၏မျက်နှာထက်တွင် လွတ်လပ်ခြင်းဟူသော ရောင်ဝါများ ဖြာထွက်နေတော့သည်။

​ ဇနီးသည်က မိဘအိမ် ပြန်သွားခြင်းသည် အိမ်ထောင်သည် သက်လတ်ပိုင်း အမျိုးသားအများစုအတွက် ပျော်ရွှင်စရာ အကောင်းဆုံး အခိုက်အတန့် ဖြစ်ပေသည်။

​ သို့သော်လည်း မကြာမီမှာပင် လျူယွမ်၏ အပြုံးများ ပျောက်ကွယ်သွားခဲ့သည်။

​ အဘယ်ကြောင့်ဆိုသော် သူသည် သက်လတ်ပိုင်းအရွယ်သို့ မရောက်သေးသောကြောင့် ဖြစ်သည်။

​ ငယ်ရွယ်သော ခန္ဓာကိုယ်တွင် ကုန်ခမ်းနိုင်စွမ်းမရှိသည့် ခွန်အားနှင့် စွမ်းအင်များ ပြည့်နှက်နေသည်။

​ သူသည် တစ်ကိုယ်လုံး စောင်းလိုက်ပြီး စုချင်းရွှယ် အသုံးပြုခဲ့သည့် ခေါင်းအုံးထဲသို့ မျက်နှာအပ်လိုက်မိသည်။

​ ပြင်းပြင်းရှူသွင်းလိုက်သည့်အခါ သင်းပျံ့မွှေးကြိုင်သော ရနံ့လေးသည် နှာခေါင်းဝမှတစ်ဆင့် အဆုတ်ထဲအထိ ချက်ချင်း စိမ့်ဝင်သွားခဲ့သည်။

​ သူတို့နှစ်ဦး ခွဲခွာရသည်မှာ နာရီဝက်ပင်မပြည့်သေးသော်လည်း သူသည် ဇနီးသည်ကို လွမ်းဆွတ်နေမိပြီ ဖြစ်သည်။

​ မျက်လုံးကို မှိတ်လိုက်သည်နှင့် လွန်ခဲ့သော ငါးနှစ်တာကာလအတွင်း ဤအိပ်ခန်းလေးထဲ၌ သူတို့ဇနီးမောင်နှံနှစ်ဦး ကြင်နာခဲ့ကြသည့် ပုံရိပ်မျိုးစုံသည် မနေ့ကမှ ဖြစ်ပျက်ခဲ့သလိုမျိုး စိတ်ထဲတွင် အလိုအလျောက် ပြန်လည် ထင်ဟပ်လာတော့သည်။

​ လွမ်းဆွတ်ခြင်း +၁

​ လျူယွမ်သည် ဗြုန်းကနဲ ထထိုင်လိုက်သည်။

​ ကုတင်ပေါ်တွင် တင်နေသည့် ညအိပ်ဝတ်စုံသည် ဇနီးသည်က ဤမနက်တွင် ကမန်းကတန်း ချွတ်ထားခဲ့သည့် အရာဖြစ်သည်။

​ လွမ်းဆွတ်ခြင်း +၁

​ သူသည် လက်ကိုဆန့်ကာ ကုတင်ဘေးစားပွဲခုံပေါ်တွင် တင်ထားသည့် ဇနီးဖြစ်သူ ဆံပင်ချည်လေ့ရှိသော သားရေကွင်းလေးကို လှမ်းကိုင်လိုက်သည်။

​ လွမ်းဆွတ်ခြင်း +၁

​ သူ မော့ကြည့်လိုက်သည့်အခါ နံရံတွင် ချိတ်ဆွဲထားသည့် မင်္ဂလာဆောင်ဓာတ်ပုံကို မြင်လိုက်ရပြီး ဓာတ်ပုံထဲက စုချင်းရွှယ်သည် ချိုသာစွာ ပြုံးနေခဲ့သည်။

​ လွမ်းဆွတ်ခြင်း +၁

​ မည်သို့ပင်ဆိုစေကာမူ သူမသည် သူနှင့်အတူ ငါးနှစ်တိုင်တိုင် လက်တွဲနေထိုင်ခဲ့သည့် ဇနီးသည်ဖြစ်ရာ ခွဲခွာရခြင်း၏ နောက်ဆက်တွဲ ဝေဒနာက တကယ်ကို ပြင်းထန်လှပေသည်။

​ “သိုင်းပညာ ကျင့်ကြံရမယ်”

​ လျူယွမ်သည် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး သိုင်းကျင့်ခြင်းဖြင့် အာရုံပြောင်းရန် ဆုံးဖြတ်လိုက်သည်။

​ သူသည် မိမိ၏အတွင်းစိတ်ကို ပြန်လည်ဆန်းစစ်လိုက်ရာ စိတ်ဝိညာဉ်သည် ဘီလီယံနှင့်ချီသော ဆဲလ်များဖြင့် ဖွဲ့စည်းထားသည့် သေးငယ်သော ကမ္ဘာငယ်လေးထဲသို့ ချက်ချင်း နစ်မြုပ်သွားခဲ့သည်။

​ ဆဲလ်တစ်ခုချင်းစီသည် ကမ္ဘာငယ်လေး တစ်ခုစီကဲ့သို့ပင်။

​ လျူယွမ်သည် သူ၏အသက်ရှူနည်းစနစ်ကို စတင်လိုက်သည်။ သူ၏နှာခေါင်းသည် အသက်ရှူခြင်းကို ရပ်တန့်သွားခဲ့သော်လည်း ဆဲလ်များသည် ဖြည်းညှင်းစွာ ဆက်လက် အသက်ရှူနေကြပြီး ဒြပ်စင်များနှင့် စွမ်းအင်များကို စုပ်ယူလိုက်၊ ထုတ်လွှတ်လိုက်ဖြင့် အဆက်မပြတ် သန့်စင်နေခဲ့သည်။

​ ထိုခဏ၌ပင်….

​ အိပ်ခန်းတံခါးလက်ကိုင်မှ ဂျောက်ကနဲ လှည့်သံလေး တစ်ချက် ထွက်ပေါ်လာသည်။

​ လျူနျန်လေးသည် ခြေဗလာဖြင့် ခြေဖျားထောက်ကာ တံခါးလက်ကိုင်ကို မမှီမကမ်း လှမ်းကိုင်ရင်း တံခါးကို ဟဟလေး ပွတ်ဆွဲ ဖွင့်လိုက်သည်။

​ “နျန်နျန်လေး... ဘာဖြစ်လို့လဲသမီး” လျူယွမ်သည် မျက်လုံးကို ဖွင့်လိုက်ပြီး သိုင်းကျင့်ရာမှ ထွက်လာကာ မေးလိုက်သည်။

​ “ဖေဖေ...” လျူနျန်လေးက အိပ်ချင်မူးတူးအသံဖြင့် မေးရင်း မျက်လုံးလေးကို ပွတ်လိုက်ကာ - “မေမေလည်း အိမ်မှာမရှိဘူး၊ သမီး ဖေဖေ့အိပ်ခန်းထဲမှာ လာအိပ်လို့ ရမလားဟင်”

​ လျူယွမ်၏ နှလုံးသားတစ်ခုလုံး နူးညံ့ပျော့ပျောင်းသွားပြီး ခေါင်းညိတ်ပြလိုက်ကာ စုချင်းရွှယ် သုံးခဲ့သည့် ခေါင်းအုံးကို ပုတ်ပေးရင်း တက်လာရန် အချက်ပြလိုက်သည်။

​ သမီးဖြစ်သူက အသက်တစ်နှစ်ပဲ ရှိသေးသဖြင့် သားအဖနှစ်ယောက်ကြား ရှောင်ကြဉ်နေစရာ မလိုပေ။

​ “ယေး...”

​ လျူနျန်လေးသည် ပျော်ရွှင်စွာဖြင့် ကုတင်ပေါ်သို့ ခုန်တက်လိုက်သည်။ ဤသည်မှာ သူမ မွေးဖွားလာကတည်းက မိဘများ၏ ကုတင်ကြီးပေါ်တွင် ပထမဆုံးအကြိမ် လာအိပ်ဖူးခြင်း ဖြစ်သည်။

​ ဤကုတင်ကြီးသည် သူမ၏ ကလေးပုခက်လောက် သက်တောင့်သက်သာ မရှိသော်လည်း မိဘများ၏ ကိုယ်ငွေ့ရနံ့များနှင့် ပြည့်နှက်နေသဖြင့် အသက်တစ်နှစ်အရွယ် ကလေးငယ်အတွက် လုံခြုံနွေးထွေးမှုကို ပေးစွမ်းနိုင်ခဲ့သည်။

​ သူမသည် လျူယွမ်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပြီး ခေါင်းလေးကို ဖေဖေ့ရင်ဘတ်တွင် တင်းတင်းကြပ်ကြပ် ကပ်ထားရင်း မျက်လုံးလေးမှိတ်ကာ ပျော်ရွှင်နေတော့သည်။

​ သို့သော် မကြာမီမှာပင် သူမက ညင်သာစွာ သက်ပြင်းချလိုက်ရင်း - “ဖေဖေ... သမီး မေမေ့ကို နည်းနည်း လွမ်းလာပြီ”

​ “ဖေဖေလည်း လွမ်းတာပေါ့ သမီးရဲ့”

​ “ဖေဖေ... သမီး အိပ်လို့မပျော်ဘူး။ ပြီးခဲ့တဲ့အကြိမ်က ပုံပြင်ကို မဆုံးသေးဘူးလေ၊ ‘အားလန်’ က သူ့မေမေကို ကယ်နိုင်ခဲ့ရဲ့လားဟင်”

​ “ဟုတ်ပြီ... ဒါဆို ဖေဖေ ဆက်ပြောပြမယ်နော်...”

​

​ နောက်တစ်နေ့မနက်တွင် လျူယွမ်သည် အိပ်ပျော်နေသည့် သမီးဖြစ်သူကို အသာအယာ ချီမကာ ကုတင်ပေါ်တွင် သိပ်ထားခဲ့သည်။

​ ထို့နောက် မီးဖိုချောင်ထဲသို့ ဝင်ကာ ချက်ပြုတ်ရေး ဝတ်စုံကို ဝတ်ဆင်ပြီး မနက်စာ ပြင်ဆင်တော့သည်။

​ ဇနီးသည် အိမ်က ထွက်သွားသည့် ပထမဆုံးနေ့မှာတင် သူသည် အချိန်ပြည့် ကလေးထိန်းဖေဖေ ဖြစ်လာခဲ့ရလေသည်။

​ လျူနျန်လေး နိုးလာပြီး မျက်လုံးဖွင့်လိုက်သည့်အခါ မိုးပြိုကျလာသလို ခံစားလိုက်ရသည်- သူမ၏ ဖေဖေ ဘယ်ရောက်သွားပါလိမ့်။

​ သူမ ခဏမျှ ထိတ်လန့်သွားခဲ့သည်။ မေမေလည်း မရှိတော့သည့်အပြင် ဖေဖေပါ ထပ်ပြီး ပျောက်ကွယ်သွားမှာကို သူမ ကြောက်ရွံ့နေမိသည်။

​ ကလေးမလေးသည် ခြေလှမ်းတိုလေးများဖြင့် အိပ်ခန်းထဲကနေ ပြေးထွက်လာခဲ့ပြီး မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသည့် ဖေဖေ့ကျောပြင်ကို မြင်လိုက်ရမှပဲ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့သည်။

​ “နျန်နျန်လေး... နို့ အရင်သောက်ထားနှင့်နော်၊ မနက်စာက မကြာခင် ရတော့မှာ”

​ လျူယွမ်သည် မီးဖိုချောင်သုံး ဓားကို အလွန်လျင်မြန်စွာ ကိုင်တွယ်နေသဖြင့် ဓားရိပ်များပင် ဝေဝါးသွားတော့သည်။

​ ဒါက ‘နွားသတ်သည့် အတတ်ပညာ’ ပင် မဟုတ်ပါလား။

​ အာလူးအချပ်လေးများသည် ဆံခြည်မျှင်ကဲ့သို့ ပါးလွှာနေပြီး တစ်မျှင်ချင်းစီ ထင်ရှားနေသည်။

​ သခွားသီးကွင်းလေးများသည်လည်း ပုရစ်တောင်ပံကဲ့သို့ ပါးလွှာကာ ကြည်လင်တောက်ပနေသည်။

​ ဒါက သိုင်းပညာခန်းမထံမှ သူ အလကား ရရှိခဲ့သည့် ‘ရွှမ်အဆင့်’ သိုင်းကျင့်စဥ်တစ်ခု ဖြစ်သည်။

​ သူသည် ယခင်က အဆင့်တစ်ခုစီကို ဖြတ်ကျော်နိုင်ခဲ့စဉ်က ရတနာ (သို့) သိုင်းပညာ တစ်ခုကို ရွေးချယ်ပိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

​ လျူယွမ်သည် ဤကျင့်စဉ်များကို သိပ်မလေ့ကျင့်ခဲ့ဘဲ၊ ဇနီးဖြစ်သူကပင် ဤသိုင်းကျင့်စဉ်စာအုပ်ကို စာပွဲခြေထောက်အောက်တွင် ခံစရာအဖြစ် အသုံးပြုခဲ့သေးသည်။

​ ယခုအခါတွင်တော့ သူသည် ဤကျင့်စဉ်များကို ပြန်လည် ထုတ်သုံးလိုက်ပြီဖြစ်သည်။

​ သူသည် စာအုပ်ကို ခပ်ပေါ့ပေါ့ပဲ လှန်လှောကြည့်လိုက်သော်လည်း တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်း သဘောပေါက် နားလည်သွားခဲ့သည်။

​ ဒါက မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲမှု၏ အကျိုးကျေးဇူးပင် ဖြစ်သည်။ ၎င်းသည် ခွန်အားကို မြှင့်တင်ပေးရုံသာမက နားလည်သဘောပေါက်နိုင်စွမ်းကိုပါ မြှင့်တင်ပေးခဲ့သည်။

​ ယခုအခါ သူသည် သိုင်းဂိုဏ်းချုပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဤရွှမ်အဆင့် ကျင့်စဉ်များကို သင်ယူဖို့ဆိုတာ အသက်တစ်ချက်ရှူရသလောက်ပင် လွယ်ကူလှပေသည်။

​ လျူနျန်လေးသည် လိမ္မာပါးနပ်စွာဖြင့် နို့ဗူးကို ကိုင်ကာ သောက်လိုက်ပြီး နှုတ်ခမ်းထောင့်က နို့စက်များကို သုတ်လိုက်သည်။

​ သူမ နို့သောက်လို့ ပြီးသည့်အချိန်မှာပင် မနက်စာက အဆင်သင့် ဖြစ်သွားခဲ့သည်။

​ သမီးဖြစ်သူက အသက်တစ်နှစ်ပဲ ရှိသေးပြီး လက်မောင်းလေးများက တိုလွန်းသဖြင့် လျူယွမ်က မူလက သူ့ဘာသာ ခွံ့ကျွေးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

​ သို့သော် လျူနျန်လေးက ခုံတန်းလျားပေါ်သို့ တက်ကာ သူမအတွက် သီးသန့်လုပ်ထားသည့် တုတ်လေးကို ကိုင်ပြီး ပေါင်းထားသည့် ကြက်ဥကာစတက် တစ်တုံးကို ကျွမ်းကျင်စွာ ညှပ်လိုက်ရင်း -

​“ဖေဖေ... သမီးဘာသာ စားနိုင်ပါတယ်”

​ သူမက တကယ်ကို လိမ္မာပြီး အလိုက်သိတတ်လွန်းရာ မိဘကို စိတ်ဒုက္ခ လုံးဝမပေးသည့် ကလေးလေးပင် ဖြစ်သည်။

​ “ဖေဖေ... ဖေဖေ ချက်တာ တကယ် စားလို့ကောင်းတယ်၊ မေမေ ချက်တာထက်တောင် ပိုကောင်းသေးတယ်”

​ သူမက ဖေဖေ့ကိုလည်း မျက်နှာချိုသွေးတတ်သေးသည်။

​ လျူယွမ်က လျူနျန်လေး၏ ပါးပြင်ကို ဆွဲလိုက်ပြီး - “နျန်နျန်လေး... ဖေဖေက တော်တာ မှန်ပေမဲ့ အများကြီးတော့ မမြှောက်ပါနဲ့ဦး။ သမီးမေမေ လက်ရာက အကောင်းဆုံးပါ”

​ မည်သို့ပင်ဆိုစေကာမူ စုချင်းရွှယ်သည် အချိန်ပြည့် အိမ်ရှင်မတစ်ဦး ဖြစ်ခဲ့ပြီး ချက်ပြုတ်ခြင်းအတတ်ပညာကို ငါးနှစ်တိုင်တိုင် သေချာ လေ့လာခဲ့သူ မဟုတ်ပါလား။

​ “ဟိဟိ...” လျူနျန်လေးက သွားလေးဖြဲပြီး ရယ်လိုက်ကာ ဖေဖေက သူမ၏ လှည့်ကွက်ကို ရိပ်မိသွားမှန်း သိလိုက်သည်။

​ မနက်စာ စားပြီးနောက် လျူနျန်လေးက တုတ်ကို ချလိုက်ပြီး - “ဖေဖေ... သမီး အပြင်ထွက်ပြီး သိုင်းပညာ သွားကျင့်တော့မယ်”

​ “သွားလေ သမီး”

​ သမီးဖြစ်သူ ပြေးထွက်သွားတာကို ကြည့်ရင်း လျူယွမ်သည်လည်း သူလုပ်စရာတစ်ခုခုကို ရှာဖွေသင့်သည်ဟု တွေးမိလိုက်သည်။

​ အလုပ်ပြန်ဆင်းရမယ့် အချိန်ရောက်ချေပြီ။

​ အချိန်ကို တွက်ချက်ကြည့်မယ်ဆိုရင် သူ ခွင့်ယူထားတာ တစ်နှစ်ခွဲနီးပါး ရှိနေပြီ ဖြစ်သည်။

​ ပုံမှန်အားဖြင့် ဤမျှ ရှည်လျားသော ခွင့်ရက်မျိုးဆိုလျှင် လူဝင်မှုကြီးကြပ်ရေးဌာနက အစိုးရရုံး ဖြစ်နေရင်တောင် သူသည် အလုပ်က ထုတ်ပယ်ခံရသည်မှာ ကြာလှပြီ ဖြစ်သည်။

​ သို့သော်လည်း သူသည် အလုပ်မပြုတ်ခဲ့သည့်အပြင် လစာအပြည့်အဝ ရရှိခဲ့ပြီး အပိုဆုကြေးပါ ရရှိခဲ့သေးသည်။

​ ဒါတွေအားလုံးက သူ့ဇနီး စုချင်းရွှယ်ကြောင့်ပင် ဖြစ်သည်။

​

​ အလုပ်ဝတ်စုံကို လဲလှယ်ပြီးနောက် လျူယွမ်သည် အခန်းထဲက ထွက်လာခဲ့သည်။

​ “မိန်းမ... မောင် အလုပ်သွားတော့မယ်နော်...”

​ သူသည် အရင်ကလို အလိုအလျောက် လှမ်းအော်လိုက်မိသော်လည်း အခန်းထဲတွင် လူသူဆိတ်ငြိမ်နေပြီး မည်သူမျှ ပြန်မထူးခဲ့ချေ။

​ အရင်တုန်းကဆိုရင် ဤအချိန်တွင် စုချင်းရွှယ်သည် အပြေးအလွှား ရောက်လာပြီး သူ့ကို ချိုမြိန်သော နှုတ်ဆက် အနမ်းတစ်ခု ပေးလေ့ရှိသည်။

​ ခြံဝင်းထဲသို့ ရောက်သည့်အခါ အဘိုးအိုများသည် လျူနျန်လေးကို ဝိုင်းအုံကာ သူတို့၏ နေ့စဉ် သိုင်းပညာသင်ကြားမှုကို စတင်နေကြပြီဖြစ်ရာ... သူ့အနေဖြင့် ကလေးထိန်းဖို့ စိတ်ပူစရာ မလိုတော့ပေ။

​ ခြံဝင်းထဲက ထွက်လာပြီးနောက် လျူယွမ်သည် လူဝင်မှုကြီးကြပ်ရေးဌာနသို့ ခြေကျင်လျှောက်သွားရန် ပြင်လိုက်သည်။

​ ခြေကျင်သွားခြင်း ဖြစ်သော်လည်း ၎င်း၏အရှိန်က ကားမောင်းတာထက်ပင် ပိုမို လျင်မြန်လှသည်။

​ သိုင်းပညာရှင်တစ်ဦးသည် ‘ခြေလှမ်းတစ်လှမ်းဖြင့် ခရီးကို ကျုံ့စေခြင်း’ အတတ်ဖြင့် ခြေလှမ်းတစ်လှမ်းတည်းနှင့် မီတာတစ်ရာခန့်အထိ ရောက်ရှိနိုင်သည်။

​ လမ်းမပေါ်တွင် လျူယွမ်သည် စည်ကားလှသော လူအုပ်ကြီးကြားထဲတွင် တိုးဝှေ့ ဖြတ်သန်းသွားခဲ့ရာ သာမန်လူသားများအနေဖြင့် လုံးဝ မမှီနိုင်သည့် ရိပ်ခနဲ ပုံရိပ်တုများကိုသာ ချန်ရစ်ခဲ့တော့သည်။

​ အသစ်တည်ဆောက်ထားသည့် ခမ်းနားထည်ဝါသော တံတားကြီးတစ်ခုကို ဖြတ်ကျော်စဉ် သူ ခေတ္တ ရပ်တန့်လိုက်မိသည်။

​ တံတားအောက်တွင် အဆုံးမရှိသော ချောက်နက်ကြီးတစ်ခု ရှိနေပြီး ၎င်းသည် မြောက်မှ တောင်သို့ မိုင်ပေါင်းထောင်ချီ ရှည်လျားကာ အကျယ် တစ်မိုင်ခန့် ရှိပြီး ‘လင်းအန်း’ မြို့တစ်ခုလုံးကို နှစ်ပိုင်း ပိုင်းဖြတ်ထားသည်။

​ ဒါက စုချင်းရွှယ် နတ်ဘုရားအိုကြီးကို သတ်ဖြတ်စဉ်က ချန်ထားခဲ့သည့် ‘အံ့ဖွယ် မြင်ကွင်း’ ပင် ဖြစ်သည်။

​ လွန်ခဲ့သည့် တစ်နှစ်အတွင်း လင်းအန်းမြို့သားများသည် တဖြည်းဖြည်း အသားကျလာခဲ့ကြပြီး အစိုးရကပင် ဤ ‘နတ်ဘုရား နယ်မြေအကြွင်းအကျန်’ ကို စတင် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေပြီ ဖြစ်သည်။

​ ဤချောက်ကွဲကြီး၏ ဝဲယာနှစ်ဖက်စလုံးတွင် သိုင်းပညာရှင်များသည် တင်ပလ္လင်ခွေထိုင်ကာ ကောင်းကင်ဘုံ နတ်ဘုရား၏ ကျန်ရှိနေသော ရောင်ဝါများကို အာရုံခံ ကျင့်ကြံနေကြသည်ကို ခဏခဏ တွေ့ရတတ်သည်။

​ “ငါတို့ လင်းအန်းမြို့ထဲမှာ နတ်ဘုရားမတစ်ပါး နေထိုင်တယ်လို့ ကြားတယ်၊ ဒါပေမဲ့ ဘယ်သူလဲဆိုတာတော့ မသိဘူးနော်”

​ “ရှူး... တိုးတိုးပြောစမ်းပါ၊ ငါ အတွင်းသတင်း ကြားထားတာတော့ အဲ့ဒီနတ်ဘုရားအိုကြီးက သူမရဲ့ ခန္ဓာကိုယ်ကို မက်မောလို့ လာတာတဲ့၊ ဒါပေမဲ့ မအောင်မြင်ဘဲ ရှစ်ပိုင်း အပိုင်းပိုင်း ဖြတ်ခံလိုက်ရတယ်လို့ ပြောတာပဲ”

​ “ငါတို့ ဈေးဝယ်ထွက်ရင်းနဲ့တောင် သူမနဲ့ ဆုံဖူးရင် ဆုံဖူးမှာ၊ ငါတို့ကသာ သူမကို နတ်ဘုရားမမှန်း မသိတာ”

​ တံတားပေါ်က လမ်းသွားလမ်းလာများ၏ စကားဝိုင်းကို လျူယွမ် ကြားလိုက်ရသည့်အခါ ဇနီးသည်အပေါ် လွမ်းဆွတ်ခြင်းက +၁ ထပ်တိုးလာပြန်သည်။

​ သူ လူဝင်မှုကြီးကြပ်ရေးဌာနသို့ ရောက်ရှိပြီး စုံစမ်းစစ်ဆေးရေးဌာနခွဲ (၉) ၏ ရုံးခန်းထဲသို့ ဝင်လာသည့်အချိန်တွင် အတော်လေး နောက်ကျနေပြီ ဖြစ်သည်။

​ ဝန်ထမ်းအချို့က သူတို့၏ စားပွဲခုံများတွင် တိုးတိုးတိုးတိုးဖြင့် အတင်းတုပ် နေကြသည်ကို ကြားလိုက်ရသည်။

​ “ဌာနခွဲမှူးလျူက အလုပ်မဆင်းတာ တစ်နှစ်ကျော်နေပြီ၊ ဒါကို ညွှန်ကြားရေးမှူးကလည်း ဘာမှ မစစ်ဆေးဘူး။ သူ့နောက်ခံက တကယ် မသေးဘူးဟ”

​ “ငါ ကြားတာတော့ မီးဖွားခွင့် ယူထားတာတဲ့။ ငါ့ဌာနခွဲမှူးရဲ့ သမီးလေး မွေးတုန်းက ငါ မင်္ဂလာလက်ဆောင်တောင် ပေးလိုက်သေးတယ်၊ အခုဆို ကလေးက တစ်နှစ်လောက် ရှိပြီထင်တယ်”

​ “ဌာနခွဲမှူးက ပဉ္စမအဆင့် သိုင်းသူရဲကောင်းလေ... အလုပ်ခွင့် ရက်အနည်းငယ် ယူတာ ဘာဖြစ်လဲ...”

​ သူတို့ လျူယွမ်ကို မြင်လိုက်ရသည့်အခါ သရဲသရဲ မြင်လိုက်ရသလိုမျိုး အားလုံး ထိတ်လန့်သွားကြသည်။

​ သူ အသက်ပြန်ရှင်လာတာလား။

​ ဌာနခွဲမှူးလျူက တကယ် အလုပ်ပြန်ဆင်းလာတာပဲ။

​ “မင်္ဂလာပါ ဌာနခွဲမှူးလျူ”

​ “သမီးချောလေး မွေးဖွားတဲ့အတွက် ဂုဏ်ယူပါတယ် ဌာနခွဲမှူးလျူ”

​ လျူယွမ်က ပြန်လည် ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်သည်။

​ သူ အလုပ်တက်ကတ်ပြားကို စက်တွင် နှိပ်ရန် ပြင်လိုက်စဉ်မှာပင် အသံတစ်ခုက သူ့ကို လှမ်းအော်လိုက်သည်။

​ “ဌာနခွဲမှူးလျူ... မင်း ဘာလို့ နာရီဝက်တောင် နောက်ကျနေရတာလဲ။ မင်းမှာ စည်းကမ်းဆိုတာ မရှိဘူးလား”

​ ထိပ်ပြောင်ပြောင်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက တည်ကြည်သော မျက်နှာထားဖြင့် လျူယွမ်ကို ပြစ်တင် ဝေဖန်လိုက်သည်။

​ လျူယွမ်က သူ့ကို လှမ်းကြည့်လိုက်ရာ လုံးဝ စိမ်းနေသော လူတစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ဝန်ထမ်းအပြောင်းအလဲ ဖြစ်ပြီးနောက် အသစ်ရောက်လာသည့် ဌာနအဆင့် ခေါင်းဆောင်တစ်ဦး ဖြစ်ရပေမည်။

​ သူ၏ သိုင်းအဆင့်ကတော့ ‘သိုင်းသူရဲကောင်း’ အဆင့်လောက်ပဲ ရှိပေလိမ့်မည်။

​ မီးအသစ်က တောက်ပချင်တာမို့... ထိုမီးတောက်က သူ့ခေါင်းပေါ်သို့ ဝင်လာခြင်း ဖြစ်သည်။

​ လျူယွမ်က သူ့ကို ဂရုမစိုက်ဘဲ အလုပ်တက်စက်ပေါ်တွင် လက်ဗွေကိုသာ နှိပ်လိုက်သည်။

​ “တီ... တီ... တီ...”

​ အလုပ်တက်စက်မှ စူးရှသော အချက်ပေးသံကြီး ချက်ချင်း ထွက်ပေါ်လာပြီး ရဲရဲနီသော မီးရောင်များ လင်းလက်လာတော့သည်၊

​ ထို့နောက် ချက်ချင်းပင် စက်ရုပ်အသံတစ်ခုက မြည်ဟည်းလာခဲ့သည် -

​“သိုင်းဂိုဏ်းချုပ်အဆင့် သွေးနှင့် ချီစွမ်းအင်လှိုင်း လှုပ်ခတ်မှုကို စစ်ဆေးတွေ့ရှိရပါသည်။ စုံစမ်းစစ်ဆေးရေးဌာနခွဲ (၉) ၏ ဌာနခွဲမှူး ‘လျူယွမ်’ အား ဂုဏ်ယူပါသည်၊ သင်သည် သိုင်းပညာ၏ ဆဋ္ဌမမြောက်အဆင့်ကို တရားဝင် ဖြတ်ကျော်ပြီး သတ္တမမြောက်အဆင့်ဖြစ်သော ‘သိုင်းဂိုဏ်းချုပ်’ အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်”

​ “သင်၏ လစဉ် ချီးမြှင့်ငွေကို ယွမ် ၃ သိန်းအထိ တိုးမြှင့်ပေးမည်ဖြစ်ပြီး SSS အဆင့် ခံစားခွင့်များကို ရရှိမည်ဖြစ်သည်။ သင့်အတွက် ‘ကောင်းကင်အဆင့်’ ကျင့်ကြံခြင်း အခန်းကို စီစဉ်ပေးမည်ဖြစ်ပြီး သိုင်းကျင့်စဉ်စာကြည့်တိုက်ရှိ သိုင်းကျင့်စဉ်အားလုံးကို စိတ်ကြိုက် ရွေးချယ်ခွင့် ပေးအပ်လိုက်သည်”

​ ထိုထိပ်ပြောင် သက်လတ်ပိုင်း အမျိုးသားသည် သေလုမတတ် ထိတ်လန့်သွားတော့သည်။

​ သိုင်းဂိုဏ်းချုပ်... ဟုတ်လား။

​ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ သိုင်းဂိုဏ်းချုပ် ဖြစ်နေတာလား။

​ ငါ ခုနက... ငါ တကယ်ပဲ သိုင်းဂိုဏ်းချုပ်အဆင့်တစ်ယောက်ကို စော်ကားမိလိုက်တာလား။

​ သိုင်းဂိုဏ်းချုပ်အဆင့် သိုင်းပညာရှင်၏ ဂုဏ်သိက္ခာကို စော်ကား၍မရပေ။

​ သူက သာမန် သိုင်းသူရဲကောင်းတစ်ယောက်မျှသာ ဖြစ်ပြီး သိုင်းဂိုဏ်းချုပ်တစ်ယောက်၏ ရှေ့မှောက်တွင် ဆရာကြီး လာလုပ်မိလေခြင်းဖြစ်သည်။

​ “ဘုန်း...” ဟူသောအသံနှင့်အတူ ထိုသက်လတ်ပိုင်း အမျိုးသားသည် ကြောက်လန့်ရုံတင်မကဘဲ ချက်ချင်း ဒူးထောက် ချလိုက်ပြီး -

​“ဌာနခွဲမှူးလျူ... ကျွန်တော် တကယ် တောင်းပန်ပါတယ်” သူသည် မိမိပါးကို မိမိ ပြန်လည် ရိုက်နှက်တော့သည်။

​ လျူယွမ်က ထိုသူနှင့် ဖက်ပြိုင်မနေတော့ဘဲ လှည့်ထွက်ကာ သူ၏ရုံးခန်းဆီသို့ လျှောက်လှမ်းသွားခဲ့လိုက်သည်။

​ ပတ်ဝန်းကျင်က လုပ်ဖော်ကိုင်ဖက်များအားလုံး ဆွံ့အမှင်တက်ကာ မတ်တတ်ရပ်ကျန်ခဲ့ကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် ရိုသေလေးစားမှုများနှင့် ပြည့်နှက်နေတော့သည်။

​ “ဌာနခွဲမှူးလျူက... တကယ်ပဲ သိုင်းဂိုဏ်းချုပ် ဖြစ်သွားတာလား”

​ “ဘုရားရေ... လွန်ခဲ့တဲ့ တစ်နှစ်က သူက သိုင်းသူရဲကောင်းအဆင့်ပဲ ရှိသေးတာ မဟုတ်လား”

​ “ဒါဆို ဌာနခွဲမှူးလျူက ပြီးခဲ့တဲ့ တစ်နှစ်ခွဲလုံး ကလေးမီးဖွားခွင့် ယူတာတင် မဟုတ်ဘဲ သိုင်းဂိုဏ်းချုပ် ဖြစ်အောင် တံခါးပိတ် ကျင့်ကြံနေခဲ့တာပေါ့”

​ “ဒါက တကယ်ကို ကြောက်စရာကောင်းလိုက်တာ၊ ဒီလို သိုင်းအဆင့်တက်လှမ်းမှု အရှိန်အဟုန်မျိုးကတော့ ကမ္ဘာ့စံချိန်ပါ တင်လို့ရတယ်ဟ”

All Chapters