← Chapters

အခန်း ၇၀

Vol. 7 Ch. 70

အခန်း ၇၀

Vol. 7 Ch. 70

အပိုင်း (၇၀)

​စုအိမ်တော်…..

​ “စီနီယာအစ်ကို... ချင်းရွှယ် အိမ်ပြန်ရောက်ပြီ”

​ ယွန်းမြောင်သည် တံခါးဝသို့ လျှောက်လှမ်းသွားပြီး ရုံးလုပ်ငန်းများကို ကိုင်တွယ်နေသည့် စုကျန့်နန်ကို လှမ်းပြောလိုက်သည်။

​ “ချင်းရွှယ် ပြန်ရောက်ပြီလား” စုကျန့်နန်၏ မျက်နှာတွင် ဝမ်းသာအားရဖြစ်မှုများ လွှမ်းခြုံသွားသည်။ သူသည် ချက်ချင်းပင် အစည်းအဝေးကို ရပ်နားလိုက်ပြီး ရုံးခန်းထဲမှ လှမ်းထွက်လာခဲ့ကာ - “ဂျူနီယာညီမ... မင်း ပင်ပန်းသွားပြီပဲ”

​ စကားပင် ဆုံးအောင် မပြောနိုင်ဘဲ သူသည် ရှေ့သို့ အလောတကြီး တိုးထွက်ကာ သမီးဖြစ်သူ၏ အဆောင်ရှိရာသို့ ပျံသန်းသွားတော့သည်။ ယွန်းမြောင်သည်လည်း နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။

​ လမ်းတွင် စုကျန့်နန်သည် စိတ်လှုပ်ရှားမှုကို အောင့်အီးထားရင်း ယွန်းမြောင်ကို လှမ်းမေးလိုက်သည် - “ပြောပါဦး... ချင်းရွှယ်က လွန်ခဲ့တဲ့ ငါးနှစ်လုံးလုံး ကမ္ဘာမြေပေါ်မှာ ဘာတွေလုပ်နေခဲ့တာလဲ”

​ ယွန်းမြောင်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

​ ဘာလုပ်ခဲ့လဲ ဟုတ်လား။

​ သာမန်လူသားတစ်ယောက်နဲ့ အိမ်ထောင်ကျရုံတင်မကဘူး၊ ကလေးတောင်မှ တစ်နှစ်ရှိနေပြီလေ။

​ ဒါကို သွားပြောလို့ ဖြစ်ပါ့မလား။

​ အကယ်၍သာ တည့်တည့်ပြောလိုက်ရင် စီနီယာအစ်ကိုက ချက်ချင်း ဓားဆွဲပြီး သူမကိုပါ သတ်ပစ်လောက်ပေသည်။

​ “ဘာလုပ်မှာလဲ အစ်ကိုကြီးရယ်” ယွန်းမြောင်သည် မျက်နှာအမူအရာမပျက်ဘဲ ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည် - “အဓိကကတော့ တံခါးပိတ်ကျင့်ကြံနေတာပေါ့၊ ပြီးတော့ သွေးမိစ္ဆာဧကရာဇ်ကိုလည်း တစ်ခါတည်း ရှင်းလင်းပေးခဲ့သေးတယ်။ တစ်ခါတလေကျရင်တော့ လူ့လောကရဲ့ ဖျော်ဖြေရေးလေးတွေကို လေ့လာပြီး လောကီအတွေ့အကြုံ ယူတာပေါ့”

​ “အင်း...” စုကျန့်နန်သည် စိတ်သက်သာရာရစွာဖြင့် ခေါင်းညိတ်လိုက်သည် - “ချင်းရွှယ်က အမြဲတမ်း လိမ္မာရေးခြားရှိပြီး ငါ့ကို စိတ်မပူရအောင် နေတတ်တဲ့ ကလေးပဲ။ ဒီတစ်ခေါက် အပြင်သွားတာ ငါးရက်တောင် ကြာသွားတယ်၊ သူ ဘာဆင်းရဲဒုက္ခတွေများ ကြုံတွေ့ခဲ့ရလဲ မသိဘူး”

​ “ဆင်းရဲဒုက္ခဆိုလို့ ဒဏ်ရာရခဲ့တာပဲ ရှိတာပါ၊ ဒါပေမဲ့ ချင်းရွှယ်က ပါးနပ်လွန်းတော့ လင်အန်းမြို့မှာ သာမန်လူသားတစ်ယောက်အဖြစ် ဟန်ဆောင်ပြီး အကောင်းဆုံး ပုန်းကွယ်နေထိုင်နိုင်ခဲ့တယ်” ယွန်းမြောင်သည် လျူယွမ် ရှိနေခြင်းကို တမင်တကာ ချန်လှပ်ထားခဲ့ပြီး - “နောက်ဆုံးတော့ သွေးမိစ္ဆာဧကရာဇ်ရဲ့ ပုန်းခိုရာကို ရှာတွေ့ပြီး သူ့လက်နဲ့ကိုယ်တိုင် သုတ်သင်ခဲ့တာပဲ”

​“ငါကတော့ ချင်းရွှယ်ကို အေးစက်စက်နိုင်ပြီး တစ်ယောက်တည်း နေရတာကိုပဲ ကြိုက်တယ်လို့ အမြဲထင်ခဲ့တာ၊ သူမ လူ့လောကမှာ ငါးနှစ်တောင် နေနိုင်ခဲ့လိမ့်မယ်လို့ မထင်ထားမိဘူး။ ဓာတ်ပုံတွေထဲမှာလည်း သူ တော်တော်လေး ပျော်နေပုံရတယ်” စုကျန့်နန်၏ အကြည့်များသည် ဓားတစ်လက်ကဲ့သို့ စူးရှသွားပြီး အဓိကကျသည့် အချက်တစ်ခုကို ရှာဖွေတွေ့ရှိသွားသလိုမျိုး - “သူမ လူ့လောကမှာ သူငယ်ချင်းတွေ ဘာတွေများ ရခဲ့သေးလား”

​ သူမ၏ သမီးဖြစ်သူမှာ တုနှိုင်းမရအောင် လှပလွန်းသဖြင့် လိုက်မည့်သူများ တန်းစီနေမည်ကို သူ ခန့်မှန်းမိသည်။

​ ယွန်းမြောင်၏ ရင်ထဲ တစ်ချက် တုန်လှုပ်သွားသော်လည်း တည်ငြိမ်စွာဖြင့်ပင် ခေါင်းခါပြလိုက်ကာ - “မရှိပါဘူး၊ သူငယ်ချင်း တစ်ယောက်မှ မရှိဘူး။ အဆင့် (၁၀) ရဲ့ အထွတ်အထိပ် နတ်ဘုရားတစ်ပါးအနေနဲ့ ချင်းရွှယ်က သာမန်လူသားတွေနဲ့ ဘယ်လိုလုပ် သူငယ်ချင်း ဖြစ်နိုင်မှာလဲ”

​ သူမသည် အမှန်အတိုင်း ပြောခြင်းဖြစ်၍ အသံက အလွန်ပင် ခိုင်မာနေသည်။

​ စုချင်းရွှယ်သည် ကမ္ဘာမြေပေါ်တွင် သူငယ်ချင်း မရှိခဲ့သည်မှာ အမှန်ပင်၊ ယောက်ျားပဲ ရှိခဲ့ခြင်း ဖြစ်သည်။

​ ယောက်ျားဆိုတာ သူငယ်ချင်းမှ မဟုတ်တာ။

​ ဤစကားကို ကြားလိုက်ရမှ စုကျန့်နန်သည် လုံးဝ စိတ်အေးသွားတော့သည်။

​ သူ့ရဲ့ အကြီးမားဆုံးသော စိုးရိမ်ပူပန်မှုက ချင်းရွှယ်သည် ရိုးအလွန်းသဖြင့် လူ့လောကက ဆံပင်အဝါရောင်နဲ့ လူရှုပ်လူပွေကောင်လေးတွေရဲ့ လှည့်စားခြင်းကို ခံရမည်ကို ဖြစ်သည်။

​ အခုကြည့်ရတာ သူ တွေးပူနေခဲ့ခြင်းပင် ဖြစ်သည်။

​ သမီးဖြစ်သူ၏ အဆောင်တံခါးဝသို့ ရောက်သောအခါ စုကျန့်နန်သည် ဝတ်စုံကို သပ်ရပ်အောင် ပြင်လိုက်ပြီး တံခါးကို ညင်သာစွာ ခေါက်လိုက်သည် - “ချင်းရွှယ်... ဖေဖေ သမီးဆီ လာလည်တာ”

​ “လာပါပြီ...”

​ အတွင်းမှ ပြတ်သားပြီး ချိုသာသောအသံလေး ထွက်ပေါ်လာပြီးနောက် တံခါး ပွင့်သွားခဲ့သည်။

​ စုချင်းရွှယ်သည် လေထဲတွင် တဖျတ်ဖျတ် လွင့်ပျံနေသည့် ဂါဝန်ရှည်လေးကို ဝတ်ဆင်ထားပြီး ဖြူစင်သန့်ရှင်းကာ မွန်မြတ်သောအငွေ့အသက်များ လွှမ်းခြုံလျက် တံခါးဝတွင် ရပ်နေသည်။

​ သူမ၏ နက်မှောင်ရှည်လျားသော ဆံနွယ်များကို ဆံထုံးလေး ထုံးထားရာ ပျိုမြစ်နုနယ်သော အလှတရားအပြင် ရင့်ကျက်သည့် အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုလေးလည်း အနည်းငယ် ထွက်ပေါ်နေလေသည်။

​ သမီးဖြစ်သူ ဘာဒဏ်ရာမှ မရဘဲ အကောင်းတိုင်း ရှိနေသည်ကို မြင်လိုက်ရမှ စုကျန့်နန်၏ ရင်ထဲက အပူလုံးကြီး ကျသွားတော့သည်။

​ သို့သော်လည်း တစ်ခုခုတော့ မမှန်သလို သူ ခံစားလိုက်ရသည်။

​ ဆံပင်ပုံစံ…..

​ ဒီဆံထုံးက... ဘာလို့ အရင်ကထက်စာရင် ပိုပြီး ရင့်ကျက်တဲ့ မိန်းမသားအငွေ့အသက်ကို ပေးနေရတာပါလိမ့်။

​ လူ့လောကမှာ ငါးနှစ်တာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကြောင့် စိတ်နေသဘောထား ရင့်ကျက်သွားလို့ နေမှာပါလေ။

​ စုကျန့်နန် အများကြီး ဆက်မတွေးတော့ပေ။ ဘာပဲဖြစ်ဖြစ် သမီးဖြစ်သူသည် ပထမဆုံးအကြိမ်အဖြစ် အိမ်နှင့် ငါးရက်တိုင်တိုင် ဝေးကွာခဲ့ခြင်း ဖြစ်သည်။

လူ့လောကတွင် ငါးနှစ်ကြာ ကျင့်ကြံခဲ့ရသဖြင့် ရင့်ကျက်သွားခြင်းက သဘာဝကျလှပေသည်။

​ “ချင်းရွှယ်... သမီး...”

​ သူ ဘာမှဆက်မပြောနိုင်ဘဲ စကားကို ဘယ်လိုစရမှန်း မသိ ဖြစ်နေမိသည်။

​ သမီးဖြစ်သူကို အလွန်အမင်း ချစ်ခင်မြတ်နိုးသော်လည်း သူတို့နှစ်ယောက်ကြား ဆက်ဆံရေးကမူ ထိုမျှ နီးကပ်မှု မရှိလှပေ။

​ မိသားစုအရေးနှင့် အဆုံးမဲ့ကောင်းကင်ဘုံ၏ အရေးကိစ္စများကြောင့် တစ်နှစ်ပတ်လုံး အမြဲအလုပ်ရှုပ်နေသဖြင့် သမီးဖြစ်သူအပေါ် လိုလေသေးမရှိ ထောက်ပံ့ပေးရုံသာ တတ်နိုင်ခဲ့သည်။

​ “ကြည့်စမ်း... ဒါက ဖေဖေ သမီးအတွက် သွားခူးပေးခဲ့တဲ့ ကြယ်လေးတွေလေ”

​ သူ၏ လက်ဖဝါးကို ဖြန့်လိုက်ရာ ၎င်းအပေါ်တွင် နီပြာရောင် ကြယ်တစ်လုံးသည် ပြီးပြည့်စုံသော နီလာကျောက်မျက်ရတနာလေး တစ်ခုကဲ့သို့ ညင်သာစွာ လည်ပတ်နေသည်။

​ ထိုကြယ်ပေါ်တွင် ကုန်းမြေဟူ၍ မရှိဘဲ ကျယ်ပြောလှသော သမုဒ္ဒရာပြာကြီးသာ ရှိကာ တစ်ခါတရံတွင် ကြီးမားလှသော ဝေလငါးကြီးများ ရေပေါ်သို့ ခုန်တက်ပြီး လှိုင်းတံပိုးများ ထကြွလာသည်ကိုပင် မြင်တွေ့နိုင်လေသည်။

​ “ကျေးဇူးတင်ပါတယ် ဖေဖေ” စုချင်းရွှယ်သည် လက်ဆောင်ကို ယဉ်ကျေးစွာ လက်ခံလိုက်ပြီး သူမ၏ မျက်နှာကမူ တည်ငြိမ်မြဲ တည်ငြိမ်နေဆဲ ဖြစ်သည်။

​ သူမသည် ကလေးဘဝကတည်းက ဤကဲ့သို့သော လက်ဆောင်များကို မရိုးနိုင်အောင် ရရှိခဲ့ဖူးသည်။

​ ဒါပေမဲ့ ဤ "သမုဒ္ဒရာကြယ်လေး" ကို သိမ်းထားပြီး နောက်ကျမှ သမီးလေး နျန်နျန်ကို ကစားစရာအဖြစ် ပေးရပေမည်။

​ သမီးလေးအကြောင်းကို တွေးမိလိုက်သဖြင့် စုချင်းရွှယ်၏ မျက်နှာထက်တွင် နူးညံ့သော အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။

​ နျန်နျန်သာ ဒီကြယ်လေးကို မြင်ရင် အရမ်းပျော်သွားမှာ သေချာသည်။

​ “ချင်းရွှယ်... ပြုံးပြတယ် ဟုတ်လား”

​ သမီးဖြစ်သူ၏ အပြုံးကို မြင်လိုက်ရသောအခါ စုကျန့်နန်၏ ရင်ထဲတွင် အရည်ပျော်သွားသလို ခံစားလိုက်ရသည်။

​ သမီးဖြစ်သူ ပြုံးသည်ကို မမြင်ရသည်မှာ အတော်ပင် ကြာမြင့်ခဲ့ပြီ မဟုတ်ပါလား။

​ စုချင်းရွှယ်က အေးစက်လွန်း၍ မဟုတ်ဘဲ အဖေနှင့် သမီးကြားတွင် အမြဲတမ်း စိမ်းသက်မှုတစ်ခု ရှိနေသောကြောင့် ဖြစ်သည်။

​ ဒါက ခံစားချက်ချင်း ဝေးကွာနေသည့် အတားအဆီးတစ်ခုပင် ဖြစ်သည်။

​ မမျှော်လင့်ဘဲ ကမ္ဘာငယ်လေးဆီသို့ သွားရောက်ပြီး စမ်းသပ်မှုခံယူပြီးနောက် သမီးဖြစ်သူက စတင်ရယ်မောတတ်လာခဲ့ပြီဖြစ်သည်။

​ “ဟီး...”

​ စုကျန့်နန်သည် စိတ်လှုပ်ရှားလွန်း၍ ငိုပင်ငိုချင်လာပြီး ချက်ချင်းပင် - “သမီး သဘောကျရင် ဖေဖေ ဝမ်းသာပါတယ်။ နောက်ကျရင် ဖေဖေ သမီးအတွက် နောက်ထပ် အများကြီး သွားခူးပေးဦးမယ်” ဟု ပြောလိုက်သည်။

​ သူသည် စိတ်ကို ပြန်ထိန်းကာ တင်းမာသော ဖခင်တစ်ယောက်၏ အမူအရာသို့ ပြန်ပြောင်းလိုက်ပြီး - “ဒါက သမီး ပထမဆုံးအကြိမ် ခရီးဝေးသွားတာပဲ။ နောက်တစ်ခါဆို ညဘက် အပြင်မှာ အိပ်ခွင့်မရှိဘူးနော်၊ ဖေဖေ သမီးရဲ့ ဘေးကင်းရေးကို စိုးရိမ်လို့ပဲ”

​ “ဖေဖေ... အထဲကို ဝင်ထိုင်ပါဦး” စုချင်းရွှယ်သည် ဖခင်ဖြစ်သူ၏ လက်ကိုဆွဲကာ အခန်းထဲသို့ ခေါ်ဆောင်လာခဲ့သည် - “ဖေဖေ အလုပ်ရှုပ်နေတာ ကြာပြီဆိုတော့ ထမင်းလည်း စားရသေးမှာ မဟုတ်ဘူး”

​ “ထမင်းစားရမယ် ဟုတ်လား” စုကျန့်နန် ကြောင်အမ်းသွားခဲ့သည်၊ သူ ထမင်းမစားခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

​ သူ့ရဲ့ ဒီအဆင့်အတန်းကို ရောက်ရှိပြီးကတည်းက အစားအသောက် ဖြတ်တောက်ပြီး ကျင့်ကြံထားသဖြင့် အာဟာရ မှီဝဲရန် မလိုအပ်တော့ချေ။

​ သူ၏ မှတ်ညဏ်များထဲတွင် နေ့တိုင်း အချိန်မှန် ထမင်းစားခဲ့သည့် နောက်ဆုံးအချိန်မှာ ဇနီးဖြစ်သူ ယိုကွမ်း သက်ရှိထင်ရှား ရှိစဉ်ကပင် ဖြစ်သည်။

​ ယိုကွမ်း သေဆုံးသွားကတည်းက သူ့အတွက် ဘယ်သူမှ ချက်ပြုတ်မပေးတော့ချေ။

​ “ဟုတ်တယ်လေ” စုချင်းရွှယ်သည် ဖခင်ဖြစ်သူကို ထမင်းစားပွဲတွင် တွန်း၍ ထိုင်ခိုင်းလိုက်ပြီး - “ဖေဖေ့ကို မြည်းစမ်းကြည့်စေချင်လို့ သမီး ကမ္ဘာမြေကနေ လတ်ဆတ်တဲ့ ဟင်းချက်စရာတွေ အများကြီး သယ်လာတယ်”

​ ပြောပြီးသည်နှင့် သူမသည် မီးဖိုချောင်ထဲသို့ ဝင်သွားတော့သည်။

​ မီးဖိုချောင်သုံး ပစ္စည်းကိရိယာများလည်း အစုံအလင် ရှိနေပေသည်။

​ စုချင်းရွှယ်သည် သူမ၏ သိုလှောင်လက်စွပ်ထဲမှ လတ်ဆတ်သော ကျောက်ပုစွန်များ၊ အဆီအသား မျှတသော ဝက်သုံးထပ်သားနှင့် အမြီးတယမ်းယမ်း ဖြစ်နေဆဲဖြစ်သည့် ကကတစ်ငါးတစ်ကောင်ကို ထုတ်ယူလိုက်သည်။

​ စုကျန့်နန်သည် ထမင်းစားပွဲတွင် ထိုင်ရင်း မီးဖိုချောင်ထဲ၌ အလုပ်ရှုပ်နေသည့် သမီးဖြစ်သူ၏ ကျောပြင်ကို ကြည့်ကာ ဆွံ့အလျက် ယွန်းမြောင်ကို မယုံနိုင်စရာ မျက်လုံးများဖြင့် လှမ်းကြည့်လိုက်မိသည် -

​“ချင်းရွှယ်က... ဘယ်တုန်းက ဟင်းချက်တတ်သွားတာလဲ”

​ ချစ်သမီးလေးရယ်... သမီးက အရင်က ရေနွေးတောင် ဆူအောင် တည်တတ်တာ မဟုတ်ဘူးလေ။

​ ယွန်းမြောင် - “ကမ္ဘာမြေပေါ်မှာ ရှိတုန်းက သင်ယူခဲ့တာနေမှာပေါ့။ အဲဒီကမ္ဘာငယ်လေးမှာ သာမန်လူသားတွေ အများကြီးရှိပြီး လူတိုင်းက နေ့တိုင်း စားသောက်နေကြရတာကိုး”

​ စုကျန့်နန်၏ ရင်ထဲတွင် သမီးဖြစ်သူအတွက် စိတ်မကောင်းဖြစ်သွားပြီး သက်ပြင်းချလိုက်မိသည် - “ဒီကလေးမလေး လူ့ပြည်မှာ ဒုက္ခတွေ အများကြီး ခံခဲ့ရရှာတာပဲ”

​ “ဒုက္ခခံရတယ် ဟုတ်လား”

​ ယွန်းမြောင်သည် ရေချိုးခန်းထဲတွင် စုချင်းရွှယ်နှင့် လျူယွမ်တို့ ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းကို အလိုအလျောက် မြင်ယောင်လာမိပြီး နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကာ - “သူ ခံခဲ့ရတာက ဒုက္ခမဟုတ်ပါဘူး၊ အဲဒါက...”

​ “ဘာလဲ...” စုကျန့်နန်က အတင်း အကဲခတ်ကာ မေးမြန်းလိုက်သည်။

​ “အဲဒါက... အရသာရှိတဲ့ အစားအစာတွေပါ”

​ ယွန်းမြောင်သည် မချိပြုံး ပြုံးလိုက်ပြီး ရှင်းပြလိုက်သည် - “ကမ္ဘာမြေရဲ့ လောကထဲမှာ သာမန်လူသားတွေက ကာမဂုဏ်ခံစားမှုတွေနဲ့ အစားအသောက်တွေအပေါ် စွဲလန်းကြတော့ သူတို့ရဲ့ အစားအသောက်ယဉ်ကျေးမှုက တော်တော်လေး တိုးတက်နေတယ်။ ချင်းရွှယ်ကလည်း မြင်ဖန်ကြားဖန်များတော့ အဲဒါကို သဘောကျသွားတာ နေမှာပါ”

​ “ဩော်... ဒါကြောင့်ကိုး” စုကျန့်နန်၏ ပါးစပ်ထဲ တံတွေးများ စိုစွတ်လာခဲ့သည် - “ဒါဆိုရင် ငါ့ရဲ့ ချစ်သမီးလေးကိုတောင် မခွဲနိုင်မခွာနိုင် ဖြစ်စေတဲ့ အစားအစာက ဘယ်လိုမျိုးလဲဆိုတာ မြည်းစမ်းကြည့်ရသေးတာပေါ့”

​ မီးဖိုချောင်ထဲတွင် စုချင်းရွှယ်သည် ဓားကို ကျွမ်းကျင်ညင်သာစွာ ကိုင်တွယ်လှုပ်ရှားနေသည်။

​ သူမ၏ ဟင်းချက်စွမ်းရည်သည် ကျင့်ကြံခြင်းစွမ်းရည်ထက် မလျော့နည်းပေ။

​ ဘာပဲဖြစ်ဖြစ် ဤအရာသည် ဓားနှင့် မီးအပူရှိန် ထိန်းချုပ်မှုကို စမ်းသပ်ခြင်း ဖြစ်သည်။

​ ဒါဟာ ကျင့်ကြံခြင်း နည်းလမ်းများစွာနှင့် သဘောတရားချင်း တူညီလှပေသည်။

​ မကြာမီမှာပင် မီးဖိုပေါ်မှ ဆွဲဆောင်မှုရှိသော ဟင်းနံ့မွှေးမွှေးလေးများ လွင့်ပျံလာခဲ့သည်။

​ သမီးဖြစ်သူ၏ လှုပ်ရှားနေသော ပုံရိပ်လေးကို ကြည့်ရင်း စုကျန့်နန်၏ ရင်ထဲတွင် နွေးထွေးမှုများ ပြည့်နှက်သွားပြီး ထပ်မံ သက်ပြင်းချလိုက်မိသည် - “ငါ့သမီးလေး တကယ်ကို ကြီးပြင်းသွားခဲ့ပြီပဲ”

​ ယွန်းမြောင်: “...”

​ ဟုတ်တာပေါ့... အခုဆို မိခင်တစ်ယောက်အဖြစ်တောင် ကြီးပြင်းသွားခဲ့ပြီလေ။

​ စီနီယာအစ်ကို၏ မျက်နှာထက်က စိတ်သက်သာရာရမှု အပြုံးများကို မြင်တွေ့နေရသဖြင့် သူမသည် အမှန်တရားကို မပြောရက်တော့ချေ။

​ ဒါက သူ့ရဲ့ ရင်ဘတ်ကို ဓားနဲ့ အစိမ်းလိုက် ထိုးလိုက်သလို ဖြစ်သွားပေလိမ့်မည်ဖြစ်သည်။

​ “အကယ်၍သာ ယိုကွမ်း ဒီမြင်ကွင်းကို မြင်နိုင်ရင် သိပ်ကောင်းမှာပဲ”

စုကျန့်နန်သည် ကွယ်လွန်သွားပြီဖြစ်သော ဇနီးသည်ကို သတိရကာ အကြည့်များကို အဝေးသို့ ပို့ထားလိုက်မိသည်။

​ ယွန်းမြောင်ကမူ စိတ်ထဲကနေ သဘောမတူပေ။

​ အကယ်၍သာ ယိုကွမ်း သိသွားခဲ့လျှင် သေချာပေါက် ဂူထဲကနေ ချက်ချင်း ထထိုင်လာမှာ ‌သေချာပေသည်။

All Chapters