အခန်း ၅၂၂
Vol. 53 Ch. 522
အခန်း ၅၂၂ လောကနယ်မြေ တွင် ပြိုင်ဘက်ကင်း... ထျန်းယွမ် ကျိုးပေါက် သွားခြင်း
လေဟာနယ်အထက်တွင် အေးစက်သော လေပြင်းများ တိုက်ခတ်နေပြီး ကောင်းကင်နှင့် မြေကြီးက တိတ်ဆိတ် ငြိမ်သက်နေပေသည်။
လူသားနှင့် မိစ္ဆာ မျိုးနွယ် နှစ်ခုစလုံးမှ မရေမတွက်နိုင်သော မျက်လုံးများက လေဟာနယ် အတွင်း မတ်မတ်ရပ်နေသော ဧရာမ ပုံရိပ်ကြီး အပေါ်သို့ ကျရောက်နေကြပြီး မျက်ဝန်းများထဲတွင် အလွန်အမင်း အံ့အားသင့် တုန်လှုပ်မှုများနှင့် ကြောင်အမ်းမှုများ ပြည့်နှက်နေကြ၏။ ဤတိုက်ပွဲက ဤမျှအထိ ပြင်းထန် ကြမ်းတမ်းလိမ့်မည်ဟု မည်သူကမျှ မထင်မှတ်ထားခဲ့ကြချေ။
လေဟာနယ်များ ပြိုကျ ပျက်စီးသွားပြီး ပြင်ပလောက စစ်မြေပြင် ပင်လျှင် အတင်းအကျပ် ဖောက်ထွင်း ခံလိုက်ရလေသည်။
ဤသည်မှာ ယွမ်ရှန်းအဆင့် စစ်မှန်သောသခင် တစ်ဦး ထုတ်ဖော်နိုင်သော တိုက်ခိုက်ရေး စွမ်းအား ဟုတ်ပါသေးသလား ဟု လူအများအပြားက တွေးတော မရနိုင်အောင် ဖြစ်နေကြပြီး ရင်ထဲတွင် တုန်လှုပ်မှု သက်သက်သာ ကျန်ရှိတော့သည်။
ရှန်ရှန်းအဆင့် တွင် ရှိနေကြသော မဟာသိုင်းသခင်ကြီး များစွာက ဤအခိုက်အတန့်တွင် အလွန် နက်ရှိုင်းသော ကွာဟချက်ကို ခံစားလိုက်ကြရ၏။ ကျန်းချဲ့ နှင့် ၎င်းတို့က အခြေခံအားဖြင့် အဆင့်အတန်း တစ်ခုတည်းတွင် ရှိနေသော တည်ရှိမှုများ မဟုတ်ဘဲ သိုင်းသူတော်စင် စွမ်းအားရှင် များနှင့် နှိုင်းယှဉ်၍ ရနိုင်သော စစ်နတ်ဘုရား တစ်ပါး အလား ပင်ဖြစ်သည်ဟု ထင်မြင်နေကြလေသည်။
ဓားမိစ္ဆာ ကျန်းဆန်း ပင်လျှင် ဤအခိုက်အတန့်တွင် ကျန်းချဲ့က နေမင်းကြီး တစ်စင်း အလား ဖြစ်နေသော ဧရာမ ရွှေရောင်ကျီးကန်း ကို ဖိနှိပ် သတ်ဖြတ်လိုက်သည်ကို မျက်မြင်တွေ့ရှိပြီးနောက် ရင်ထဲတွင် အတွေးတစ်ခု အလိုအလျောက် ဖြစ်ပေါ်လာတော့သည်။ သူက ကျန်းချဲ့ကို လုံးဝ ယှဉ်နိုင်မည်မဟုတ်တော့ချေ။ မည်သို့ပင်ဆိုစေ ကိုယ်ချင်းစာ ကြည့်မည် ဆိုလျှင် အကယ်၍ သူကိုယ်တိုင် သာ ရွှေရောင်ကျီးကန်း သားတော် နှင့် ယှဉ်ပြိုင် တိုက်ခိုက်ရမည် ဆိုပါက တစ်ဖက်လူ၏ နတ်စွမ်းရည်ကို သေချာပေါက် တားဆီးနိုင်မည် မဟုတ်ချေ။
"သိုင်းသူတော်စင် အောက်မှာ ဝူအန်းမြို့စားကြီး က ပြိုင်ဘက်ကင်း လို့ ခေါ်ဆို နိုင်တယ်... သိုင်းသူတော်စင် အထက် မှာလည်း ယှဉ်ပြိုင် နိုင်စွမ်း ရှိလောက်တယ်"
ရွှယ်ဖျင်ဇူက မျက်နှာထား လေးနက်စွာဖြင့် လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး ကျန်းချဲ့ကို အလွန် မြင့်မားသော သုံးသပ်ချက် တစ်ခု ပေးလိုက်သည်။ ဤသည်မှာ ကျန်းချဲ့က သိုင်းသူတော်စင် ကိုပင် အဆင့်ကျော်လွန်၍ တိုက်ခိုက်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားပြီ ဖြစ်ကြောင်း အဓိပ္ပာယ် သက်ရောက်နေပေသည်။ ဤကဲ့သို့သော တည်ရှိမှုမျိုးက သိုင်းသူတော်စင် အဆင့်သို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် လူ့လောက တစ်ခုလုံးတွင် သေချာပေါက် နာမည်ကျော်ကြား သွားမည် ဖြစ်၏။
"ဝူအန်းမြို့စားကြီး က ငါ့ ကို စိတ်ပျက် အောင် မလုပ်ဘူး... ဒါမှ ငါတို့ လူသား မျိုးနွယ် ရဲ့ နံပါတ်တစ် ပါရမီရှင် အစစ် ပဲ"
"မှန်တယ်... ဘာ ရွှေရောင်ကျီးကန်း သားတော် လဲ... ဘာ အစစ်အမှန် နတ်ဘုရား အလားအလာ လဲ... အစစ်အမှန် ပြိုင်ဘက်ကင်း ပါရမီရှင် ကိုတော့ လိုက်မမီပါဘူး"
သိုင်းသူတော်စင် တစ်ပါးပြီးတစ်ပါး က စိတ်အားထက်သန်စွာ ပြောဆိုနေကြလေသည်။
ခေါက်ရှန်းနတ်မင်းကြီး ကျီချန်တောက်က လက်ကို နောက်ပစ်ထားပြီး မျက်ဝန်းများထဲတွင် ချီးကျူးလိုသော အရိပ်အယောင်များ တောက်ပနေသည်။ ကျန်းချဲ့၏ စွမ်းဆောင်ရည်က သူ၏ မျှော်လင့်ချက်ကို ပြည့်မီစေရုံသာမက ကြီးမားသော ဝမ်းသာ အံ့အားသင့်မှု များကိုပါ ပေးစွမ်းနိုင်ခဲ့ရာ လမ်းတစ်လျှောက် ကာကွယ် စောင့်ရှောက်ပေးခဲ့ရသည်မှာ အချည်းနှီး မဖြစ်တော့ချေ။ အရင်က ရွှေရောင်ကျီးကန်း သားတော် က နေမင်းကြီး အဖြစ် ပြောင်းလဲကာ ကောင်းကင်နှင့် မြေကြီးကို လောင်ကျွမ်းစေချိန်တွင် ကျီချန်တောက်က လှုပ်ရှား တိုက်ခိုက်ရန်ပင် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။
သို့သော် ရလဒ် အနေဖြင့် တစ်ဖက်လူက ရွှေရောင်ကျီးကန်း သွေးမျိုးဆက် ကို အမြင့်ဆုံး အထိ လှုံ့ဆော်လိုက်လျှင်တောင် ကျန်းချဲ့က အတင်းအကျပ် တားဆီးနိုင်ခဲ့လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ ထို့အပြင် ဧရာမ ရွှေရောင်ကျီးကန်း ၏ အတောင်ပံ တစ်ဖက်ကိုပါ တိုက်ရိုက် ဆွဲဖြဲပစ်လိုက်သေးသည်။
သိုင်းသူတော်စင် အောက်တွင် နံပါတ်တစ် ဆိုသော ဂုဏ်ပုဒ်နှင့် တကယ်ကို ထိုက်တန်ပါပေသည်။
မဟုတ်ချေ။
တိတိကျကျ ပြောရမည် ဆိုလျှင် ယခုအခါ ထို ရွှေရောင်ကျီးကန်း ကို အနိုင်ယူလိုက်သော ကျန်းချဲ့သည် လောကနယ်မြေ အတွင်းတွင် မိစ္ဆာသူတော်စင် ဖြစ်စေ သိုင်းသူတော်စင် အောက်တွင် ဖြစ်စေ အငြင်းပွားဖွယ် မရှိသော နံပါတ်တစ် ပုဂ္ဂိုလ် လုံးဝ ဖြစ်လာခဲ့ပြီ ဖြစ်သည်။ အဆုံးအစမရှိသော မိုင်သန်းပေါင်းများစွာ ကျယ်ဝန်းသည့် လောကနယ်မြေ တစ်ခုလုံးတွင် ကျန်းချဲ့ကသာ ခေါင်းဆောင် ပင်ဖြစ်သည်။
အခြား တစ်ဖက်တွင်တော့ လူသားမျိုးနွယ် မှ သိုင်းသူတော်စင် များ၏ ဝမ်းသာ ပျော်ရွှင်မှုများနှင့် နှိုင်းယှဉ်ပါက မိစ္ဆာမျိုးနွယ် ဘက်တွင်တော့ အံ့အားသင့် တုန်လှုပ်မှုများ နှင့် မည်းမှောင်နေသော မျက်နှာထားများ သာ ကျန်ရှိတော့သည်။ ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ် ငြိမ်သက်နေပြီး မည်သူကမျှ အသံတစ်သံ ပင် မထွက်ရဲကြချေ။
ရွှေရောင်ကျီးကန်း သားတော် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။
မိစ္ဆာနယ်မြေတွင် နံပါတ်တစ်... မျိုးနွယ်စု သောင်းပေါင်းများစွာ တွင် နံပါတ်တစ် ဖြစ်သော ရွှေရောင်ကျီးကန်း သားတော် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်လေသည်။ ၎င်းတို့၏ မျက်စိရှေ့တွင်ပင် တစ်ဖက်လူ၏ မျှတ မှန်ကန်သော အနိုင်ယူမှုကို ခံလိုက်ရခြင်း ပင်ဖြစ်သည်။ အကယ်၍ ဤ မြင်ကွင်းက မျက်စိရှေ့တွင် ဖြစ်ပျက်နေခြင်း သာ မဟုတ်ပါက သူတို့ အနက်မှ မည်သူကမျှ ယုံကြည်ကြမည် မဟုတ်ချေ။
မည်သို့ပင်ဆိုစေ ရွှေရောင်ကျီးကန်း သားတော် လုဝူယာ၏ အစွမ်းထက်မှုက မိစ္ဆာနယ်မြေ တစ်ခုလုံးတွင် နာမည်ကျော်ကြားပေသည်။ သူ့ကို နတ်မျိုးစေ့ ဟုပင် ခေါ်ဆိုကြပြီး အစစ်အမှန် နတ်သွေးမျိုးဆက် ဖြစ်ကာ မိစ္ဆာနယ်မြေ တစ်ခုလုံးတွင် ပြိုင်ဘက်ကင်း ဖြစ်သည်။ မိစ္ဆာဧကရာဇ် များ ပင်လျှင် သူ့ကို အလွန် အလေးထားကြပေသည်။ ၎င်းတို့ အားလုံးက သူ့အပေါ် ကြီးမားသော မျှော်လင့်ချက်များ ထားရှိခဲ့ကြပြီး လူသားမျိုးနွယ်၏ ပါရမီရှင်များ အားလုံးကို ဖိနှိပ်ကာ မိစ္ဆာမျိုးနွယ်၏ ဂုဏ်ကျက်သရေကို ထုတ်ဖော်ပြသနိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။
သို့သော် ရလဒ် ကတော့ မိစ္ဆာစစ်သည် သန်းပေါင်းများစွာ ၏ မျက်စိရှေ့တွင် ပွဲချင်းပြီး ဖိနှိပ်ခံလိုက်ရပြီး အတောင်ပံ တစ်ဖက်ပါ ဆွဲဖြဲခံလိုက်ရကာ ပြင်းထန်သော ဒဏ်ရာများကို ရရှိသွားခဲ့သည်။ သူတို့ အားလုံးက မယုံကြည်ချင်ကြသလို ဤ မြင်ကွင်းကိုလည်း မမြင်တွေ့ချင်ကြချေ။
ထိပ်တန်းအဆင့် မိစ္ဆာဘုရင် အချို့ ကတော့ ကျန်းချဲ့၏ ထို နတ်ဆိုး ဓမ္မရုပ်တု ကို လှမ်းကြည့်လိုက်ချိန်တွင် မျက်ဝန်းများထဲ၌ ကြောက်ရွံ့ ထိတ်လန့်မှုများ ပေါ်လွင်နေကြတော့သည်။
ပန်သူတော်စင်လေး တောက်ယွင်ထျန်း ကလည်း တိတ်ဆိတ် ငြိမ်သက်မှု အတွင်းသို့ ကျဆင်းသွားတော့သည်။ သူက ကျန်းချဲ့၏ အနိုင်ယူခြင်းကို ခံလိုက်ရပြီး တစ်ဖက်လူ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား အောက်တွင် အရှုံးပေးလိုက်ရသော်လည်း အစအဆုံး တစ်ဖက်လူကို ကြောက်ရွံ့ခြင်း မရှိခဲ့ချေ။ အကြောင်းရင်းမှာ မိစ္ဆာနယ်မြေ တွင် လုဝူယာ ရှိနေသေးသောကြောင့် ပင်ဖြစ်သည်။
ကျန်းချဲ့က မည်မျှပင် အစွမ်းထက်ပါစေ ရွှေရောင်ကျီးကန်း သားတော် ကို သေချာပေါက် အနိုင်မယူနိုင်ဘူး ဟု သူ အခိုင်အမာ ယုံကြည်ထားခဲ့သည်။ သို့သော် အမှန်တရား ကတော့ ကျန်းချဲ့က မိစ္ဆာနယ်မြေ၏ မျိုးဆက်သစ် ပါရမီရှင်များ အားလုံးကို အပြတ်အသတ် အနိုင်ယူသွားခဲ့ခြင်း ပင်ဖြစ်သည်။
မိစ္ဆာနယ်မြေ အတွင်းတွင် နဂါးနန်းတော် အိမ်ရှေ့မင်းသားကြီး နှင့် ကျူးချွဲ သားတော် ကဲ့သို့သော ထိပ်တန်း ပါရမီရှင် အချို့ ရှိနေသေးသော်လည်း သူတို့ က သူနှင့် အဆင့်အတန်း သိပ်မကွာခြားလှချေ။ ရွှေရောင်ကျီးကန်း သားတော် ပင်လျှင် ရှုံးနိမ့်သွားသည့် အခြေအနေ အောက်တွင် သူတို့ ရောက်လာလျှင်လည်း အချည်းနှီး သက်သက်သာ ဖြစ်ပေလိမ့်မည်။
တစ်ခဏမျှ သူက တိတ်ဆိတ် ငြိမ်သက်မှု အတွင်းသို့ ကျဆင်းသွားတော့သည်။ နဂါးနန်းတော် တတိယ အိမ်ရှေ့မင်းသား အောက်ကျိန်း ကတော့ ဤအချိန်တွင် ခေါင်းကို ပင် မမော့ရဲတော့ဘဲ ရင်ထဲတွင် အလွန် နက်ရှိုင်းသော ကြောက်ရွံ့မှု အရိပ်မည်း ကြီး တစ်ခု ကျန်ရစ်နေခဲ့ပြီ ဖြစ်၏။
ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ် နှင့် နွားမိစ္ဆာဧကရာဇ် တို့ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး အားလုံး တိတ်ဆိတ်သွားကြသည်။ တစ်ချိန်တည်းမှာပင် သူတို့ နှစ်ဦးစလုံး ၏ ရင်ထဲတွင် ဖုံးကွယ်၍ မရနိုင်သော သတ်ဖြတ်လိုစိတ်များ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာတော့သည်။
'ကျန်းချဲ့ ဆိုတဲ့ ဒီ လူ ကို လုံးဝ အသက်ရှင်လျက် ထားလို့ မဖြစ်တော့ဘူး' ဟု စိတ်ထဲတွင် ကြိမ်းဝါးလိုက်ကြသည်။
ကောင်းကင်နှင့် မြေကြီး အတွင်းတွင် အသက်ရှူကြိမ် ဆယ်ဂဏန်းခန့် အထိ တိတ်ဆိတ် သွားပြီးနောက် လူများစွာ၏ ရင်ထဲတွင် အတွေးမျိုးစုံ ထွက်ပေါ်လာကြသည်။ ထို့နောက် ချက်ချင်းပင် လူသားမျိုးနွယ် ဘက်မှ ကောင်းကင်ယံ အပြည့် အားပေး သြဘာသံများ ပေါက်ကွဲထွက်လာတော့သည်။
"ဝေါင်း..."
"ဝေါင်း..."
"ဝေါင်း..."
ကျန်းချဲ့က ရွှေရောင်ကျီးကန်း သားတော် ကို အစွမ်းကုန် ဖိနှိပ်လိုက်သည်နှင့်အမျှ ထျန်းယွမ်မြို့ ဘက်တွင် တိုက်ခိုက်လိုစိတ်များ က မျက်တောင်တစ်ခတ်အတွင်း မြင့်တက်လာတော့သည်။
လေဟာနယ် အတွင်းတွင် မတ်မတ်ရပ်နေသော ကျန်းချဲ့၏ နတ်ဆိုး ဓမ္မရုပ်တု က ဖြည်းညင်းစွာ ပျောက်ကွယ်သွားပြီး အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ် ပုံရိပ်လေး တစ်ခုသာ ကျန်ရစ်ခဲ့သည်။ အေးစက် တည်ငြိမ်သော မျက်ဝန်းများဖြင့် အရပ်လေးမျက်နှာကို ဝေ့ကြည့်လိုက်ရာ ပြင်းထန်သော ဖိနှိပ်မှုများ ဖြာထွက်နေပေသည်။
သို့သော် လက်တွေ့တွင်တော့ ယခုအခါ ကျန်းချဲ့၏ အခြေအနေက အလွန် ဆိုးရွားနေပေသည်။
အင်္ကျီလက်စွပ် အောက်ရှိ လက်သီး နှစ်ဖက်စလုံး က ယခုအခါ ထိန်းချုပ်၍ မရနိုင်အောင် တုန်ယင်နေပြီး တစ်ကိုယ်လုံးရှိ သွေးချီစွမ်းအင်များ ဆုတ်ယုတ်နေကာ ဆယ်လက်မ ယွမ်ရှန်း ကလည်း အရင်ကကဲ့သို့ တောက်ပ လင်းလက် နေခြင်း မရှိတော့ချေ။ အကြောင်းရင်းမှာ ရွှေရောင်ကျီးကန်း သားတော် က အရမ်းကို ကြမ်းတမ်း အစွမ်းထက်လွန်းနေသောကြောင့် ပင်ဖြစ်သည်။ သူက အရာအားလုံးကို အစွမ်းကုန် ထုတ်သုံးပြီးမှသာ တစ်ဖက်လူကို အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
အရင်က ရင်ဆိုင် တိုက်ခိုက်စဉ်က သူက အနည်းငယ်မျှ ချန်လှပ်ထားခြင်း မရှိဘဲ သိုင်းသူတော်စင်အဆင့် လက်နက်... နတ်စွမ်းရည်... ယွမ်ရှန်း... ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်... ရှိသမျှ အရာအားလုံးကို ထုတ်သုံးခဲ့ပြီး သွေးချီစွမ်းအင်များကိုပါ အသက်စွန့် လောင်ကျွမ်းစေခဲ့မှသာ တစ်ဖက်လူကို လုံးဝ ပြင်းထန်သော ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ခြင်း ပင်ဖြစ်သည်။ အလွန် ခက်ခဲ ကြမ်းတမ်းသော တိုက်ပွဲကြီး တစ်ပွဲကို ဖြတ်သန်းခဲ့ရသည်ဟု ခေါ်ဆိုနိုင်ပေသည်။
ကံကောင်းထောက်မစွာ နောက်ဆုံး အဆုံးသတ် ရလဒ်က သူ အနိုင်ရရှိသွားခြင်း ဖြင့်သာ ပြီးဆုံးသွားခဲ့သည်။ ရွှေရောင်ကျီးကန်း သားတော် ပင်လျှင် သူ၏ လက်အောက်တွင် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်လေသည်။
သေချာသည်မှာ သူ နိုင်သွားလျှင်တောင် ဤအခိုက်အတန့်တွင် တစ်ဖက်လူ၏ အစွမ်းထက်မှုကို သူ အသိအမှတ် မပြုဘဲ မနေနိုင်ချေ။ သိုင်းသူတော်စင် စွမ်းအားရှင် များနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်ပြီး သူ၏ တစ်ကိုယ်လုံးရှိ သွေးမျိုးဆက် နတ်စွမ်းရည်များ အစွမ်းထက်ပုံက သူ တစ်သက်တာတွင် ပထမဆုံး အကြိမ် မြင်တွေ့ဖူးခြင်း ပင်ဖြစ်သည်။ မိစ္ဆာနယ်မြေ၏ နံပါတ်တစ် ဆိုသော အမည်နာမ နှင့် တကယ်ကို ထိုက်တန်ပါပေသည်။
လုဝူယာက သွေးအချို့ အန်ချလိုက်သည်။ ရွှေရောင်ကျီးကန်း သားတော် ၏ ခန္ဓာကိုယ် က ကိုင်းညွတ်နေပြီး သွေးချီစွမ်းအင်များ မှေးမှိန်နေကာ နှုတ်ခမ်းထောင့်ရှိ ရွှေရောင် သွေးစများကို မည်သို့ပင် သုတ်ဖယ်ပါစေ ပြောင်စင်သွားခြင်း မရှိချေ။ အချိန်တိုလေး ကြာပြီးနောက် သူက လက်လျှော့လိုက်ပြီး ကျန်းချဲ့ကို တည့်တည့် စူးစိုက်ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"မင်း ရဲ့ နတ်စွမ်းရည် က တကယ်ကို အစွမ်းထက် ပါပေတယ်... ငါ က မင်း ကို မမီဘူး"
လုဝူယာက အရှုံး ကို လက်မခံနိုင်သော စရိုက်မျိုး မဟုတ်ချေ။ အရင် တိုက်ပွဲတွင် သူ ကလည်း အရာအားလုံးကို အစွမ်းကုန် ထုတ်သုံးကာ မိမိကိုယ်ကို အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိစေခဲ့သည်။ သို့သော် ဤသို့ ဖြစ်နေလျှင်တောင် တစ်ဖက်လူကို ယှဉ်ပြိုင် အနိုင်မယူနိုင်ခဲ့ချေ။
ဤ အချက် တစ်ချက်တည်း ဖြင့်ပင် ကျန်းချဲ့၏ စွမ်းအား ဖြစ်စေ ပါရမီ အရည်အချင်း ဖြစ်စေ သူ့ထက် အများကြီး သာလွန်နေကြောင်း သက်သေပြရန် လုံလောက်နေပေသည်။ တစ်ဖက်လူ သာလျှင် အစစ်အမှန် နတ်မျိုးစေ့ အရည်အချင်း ဆိုသည်နှင့် အငြင်းပွားဖွယ် မရှိ ထိုက်တန်သူ ပင်ဖြစ်သည်။ ယခုအခါ လောကနယ်မြေ တစ်ခုလုံးရှိ သိုင်းသူတော်စင် အောက်တွင် နံပါတ်တစ် ပုဂ္ဂိုလ် လည်း ဖြစ်လာခဲ့ပြီ ဖြစ်၏။
ဤ နှစ်များ တစ်လျှောက်တွင် သူက ရှုံးနိမ့်မှု တစ်ခုကို အလွန်အမင်း တောင့်တ ခဲ့သော်လည်း မရရှိခဲ့ချေ။ သို့သော် အစစ်အမှန် ရှုံးနိမ့်သွားသော အခါတွင်တော့ သူ၏ ရင်ထဲတွင် အနည်းငယ် လက်ခံရန် ခက်ခဲနေပြီး မွေးရာပါ ပါလာသော မာနတရားများကို ကျန်းချဲ့က အတင်းအကျပ် ရိုက်ချိုးပစ်လိုက်သည့်အလား ခံစားနေရသည်။
"ငါ့ လက်အောက် မှာ ရှုံးနိမ့် သွားတာ မင်း ဂုဏ်ယူ လို့ ရပါပြီ"
ကျန်းချဲ့က တစ်ဖက်လူ၏ စကားကို တည်ငြိမ်စွာ ပြန်လည် တုံ့ပြန်လိုက်ပြီး တစ်ချိန်တည်းမှာပင် ကိုယ်ပိုင် ယွမ်ချီစွမ်းအင်များနှင့် သွေးချီစွမ်းအင်များကို တိတ်တဆိတ် ပြန်လည် ကုစားနေပေသည်။
"ဒီနေ့ တိုက်ပွဲ က ငါ ရှုံးသွားတာ မှန်ပေမဲ့ နောင်တစ်ချိန် မှာတော့ သေချာပေါက် မဟုတ်ဘူး... ကျန်းချဲ့ ဒီ တိုက်ပွဲ ပြီးလို့ ပြန်ရောက် သွားတာနဲ့ ငါ က မိစ္ဆာသူတော်စင် အဆင့် ကို ဝင်ရောက် တော့မယ်... မင်း နဲ့ ငါ နောက်ထပ်တစ်ကြိမ် ယှဉ်ပြိုင် တိုက်ခိုက် ဖို့ နေ့ရက် တစ်ခု ရှိလာဦးမယ် လို့ မျှော်လင့်ပါတယ်"
လုဝူယာက ခန္ဓာကိုယ်ကို မတ်မတ် ထားလိုက်ပြီး အဝေးရှိ ကျန်းချဲ့ကို လှမ်းကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။ တစ်ဖက်လူက သူ့ကို အနိုင်ယူနိုင်သော်လည်း သူ့ကို မသတ်နိုင်ချေ။ ဤ တိုက်ပွဲကို သူ ရင်ထဲတွင် ထာဝရ မှတ်သားထားမည် ဖြစ်ပြီး တစ်နေ့တွင် ကိုယ်တိုင် ကိုယ်ကျ အရှက်ရမှု များကို ပြန်လည် ဆေးကြောမည် ပင်ဖြစ်သည်။
"ငါ က မင်း လိုက်မီ အောင် အချိန် ပေးပါ့မယ်... မင်း လုံးဝ မျှော်လင့်ချက် မဲ့သွားတဲ့ နေ့ အထိပေါ့"
ကျန်းချဲ့က အခွင့်ကောင်း ယူကာ တစ်ဖက်လူကို ဖိနှိပ် သတ်ဖြတ်ရန် မလှုပ်ရှားခဲ့ချေ။ သူ မလုပ်ချင်၍ မဟုတ်ဘဲ မလုပ်နိုင်သောကြောင့် ပင်ဖြစ်သည်။ ယခုလက်ရှိ သူ၏ ဒဏ်ရာများကို မဆိုထားနှင့် ပတ်ဝန်းကျင် တွင် မိစ္ဆာသူတော်စင် များ ရှိနေခြင်း သက်သက် ဖြင့်ပင် တစ်ဖက်လူကို ဖိနှိပ် သတ်ဖြတ်ရန် လုံးဝ မဖြစ်နိုင်ချေ။ အကယ်၍ ကျီချန်တောက် သာ လှုပ်ရှားမည် ဆိုပါက ဖြစ်နိုင်ချေ အနည်းငယ် ရှိပေသည်။
ဤသို့ ဖြစ်နေမှတော့ အနည်းငယ် သဘောထား ကြီးစွာဖြင့် တစ်ဖက်လူကို မျက်နှာ ပေးလိုက်ခြင်းက ပိုကောင်းပေသည်။ မည်သို့ပင်ဆိုစေ အစအဆုံး ဤ လုဝူယာ က လေးစား အသိအမှတ်ပြု ရမည့် ပြိုင်ဘက် တစ်ဦး အဖြစ် သတ်မှတ်၍ ရနိုင်ပြီး အနည်းငယ်မျှ မာနကြီးမနေဘဲ စိတ်နေစိတ်ထား ဖြစ်စေ စွမ်းအား ဖြစ်စေ ထို ရွှေရောင်ပန်ငှက် ထက် အများကြီး သာလွန်နေပေသည်။ သူနှင့် အတူ ယှဉ်တွဲ ရပ်တည်နိုင်သော တည်ရှိမှု ပင်ဖြစ်သည်။
"ကောင်းပြီလေ... ငါ စောင့်နေပါ့မယ်"
လုဝူယာက လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး မိစ္ဆာနယ်မြေ ဘက်သို့ နောက်လှည့် လျှောက်သွားတော့သည်။ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိဘဲ ဝမ်းသာခြင်း မရှိသလို စိတ်ပျက် အားငယ်နေခြင်း လည်း မရှိချေ။ ရှုံးသွားလျှင် ရှုံးသွားခြင်းသာ ဖြစ်ပြီး လက်မခံရဲစရာ မရှိချေ။
အလားတူပင် လုဝူယာ ရှုံးနိမ့်သွားလျှင်တောင် နေရာတွင် ရှိနေသူများ အနက်မှ မည်သူကမျှ သူ့ကို မလှောင်ပြောင်ရဲကြချေ။ သူ၏ စွမ်းအားက အလွန် အစွမ်းထက်ပြီး အလားအလာ လည်း ပြိုင်ဘက်ကင်း ဖြစ်နေခြင်း ကြောင့် သာမက ကျန်းချဲ့က တကယ်ကို အစွမ်းထက် လွန်းနေသောကြောင့် ပင်ဖြစ်သည်။ ရှန်ရှန်းအဆင့် ကျင့်ကြံခြင်း ဖြင့် သိုင်းသူတော်စင် စွမ်းအားရှင် များနှင့် နှိုင်းယှဉ်၍ ရနေပေသည်။ ဤကဲ့သို့သော လူမျိုးက ဝိညာဉ်နယ်မြေ တွင် မဆိုထားနှင့် မိစ္ဆာနယ်မြေ တွင် ဆိုလျှင်တောင် မည်သူကမျှ ယှဉ်ပြိုင်နိုင်စွမ်း ရှိမည် မဟုတ်ချေ။
လေဟာနယ် အထက်တွင်...
ကျန်းချဲ့က လုဝူယာ ထွက်ခွာသွားသည်ကို လှမ်းကြည့်နေပြီးနောက် နောက်လှည့်ကာ တစ်လှမ်းချင်းစီ ပြန်လည် ဆုတ်ခွာလာခဲ့သည်။ လူသောင်းပေါင်းများစွာ ၏ အာရုံစိုက် ကြည့်ရှုမှု ကို ခံစားနေရပြီး ယခုအခါ သူက အောင်ပွဲခံ ပြန်လာသော စစ်သူကြီး တစ်ဦး အလား ပင်ဖြစ်သည်။
"ကောင်းတယ်... အရမ်း ကောင်းတယ်"
"ဟားဟားဟား... ဝူအန်းမြို့စားကြီး က တကယ်ကို နာမည် နဲ့ လိုက်ဖက် ပါပေတယ်... ကမ္ဘာလောက ကို ငြိမ်းချမ်း စေနိုင်တယ်"
"သိုင်းသူတော်စင် အောက်မှာ ဝူအန်းမြို့စားကြီး က နံပါတ်တစ် အဖြစ် သတ်မှတ် လို့ ရတယ်"
"ကောင်းတယ်... ဒီ တိုက်ပွဲ ပြီးရင် ငါ က မင်း နဲ့ အတူ အရက် ခွက် သုံးရာ လောက် သောက်ရမယ်"
"ဝူအန်းမြို့စားကြီး ရဲ့ နတ်ဘုရား အစွမ်း က ပြိုင်ဘက်ကင်း ပါပဲ... ကျွန်တော်မျိုး လေးစား ပါတယ်"
မြှောက်ပင့် ချီးကျူးသံ များက အဆက်မပြတ် ထွက်ပေါ်လာသည်။ ရှန်ရှန်းအဆင့် မဟာသိုင်းသခင်ကြီး များ သာမက နေရာတွင် ရှိနေကြသော သိုင်းသူတော်စင် အချို့ ပါ ဤအခိုက်အတန့်တွင် သူ့အပေါ် အထင်ကြီး လေးစားစွာ ဖြင့် ကြည့်ရှုနေကြပြီး အဆင့်အတန်း တူညီသော တည်ရှိမှု တစ်ခု အဖြစ် သဘောထား ဆက်ဆံနေကြပြီ ဖြစ်လေသည်။
"အားလုံး ပဲ အားနာစရာ မလိုပါဘူး" ဟု ကျန်းချဲ့က လက်ကို အနည်းငယ် မြှောက်ပြလိုက်ပြီးနောက် ကျီချန်တောက် ထံသို့ လျှောက်သွားလိုက်သည်။
"နတ်မင်းကြီး... လက်အောက်ငယ်သား က တာဝန် ကျေပွန် ခဲ့ပါပြီ" ဟု သူက ရိုသေစွာ ပြောလိုက်၏။
"ကောင်းတယ်"
ကျီချန်တောက်က ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပြီးနောက် စကားလုံး အနည်းငယ် ဖွင့်ဟလိုက်သည်။ စကား မများသော်လည်း အလွန် လေးနက်သော အဓိပ္ပာယ် သက်ရောက်နေပေသည်။
ထို့နောက် သူက ခြေတစ်လှမ်း လှမ်းလိုက်ပြီး မိစ္ဆာစစ်သည် သန်းပေါင်းများစွာ ကို တည့်တည့် မျက်နှာမူ လိုက်သည်။ ပန်းခြံ အတွင်း လမ်းလျှောက်နေသည့် အလား ပေါ့ပေါ့ပါးပါး ဖြင့် အကြည့်များကို အရပ်လေးမျက်နှာ သို့ ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ် ၏ အပေါ်သို့ ကျရောက်သွားကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"လောင်းကြေးထပ် တိုက်ခိုက် မှု က နိုင်သွားပြီ... တိရစ္ဆာန်... မင်း က မိုင်တစ်ထောင် အနောက် ကို ဆုတ် ဖို့ မလိုသေးဘူးလား"
ဤစကား ထွက်ပေါ်လာသည်နှင့် မိစ္ဆာနယ်မြေ ဘက်မှ မိစ္ဆာသူတော်စင် များစွာ အားလုံး မျက်နှာထားများ မည်းမှောင်သွားကြသည်။ ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ် နှင့် နွားမိစ္ဆာဧကရာဇ် တို့၏ မျက်နှာထား ကလည်း လျင်မြန်စွာ တည်တင်းသွားပြီး အလွန် ကြည့်ရဆိုးနေပေသည်။ အဘယ်ကြောင့်ဆိုသော် လောင်းကြေး သဘောတူညီချက် ကို သူက စတင် အဆိုပြုခဲ့ခြင်း ဖြစ်သောကြောင့် ပင်ဖြစ်သည်။ ဤတစ်ကြိမ် တွင် မိစ္ဆာမျိုးနွယ် ဘက်မှ လူသုံးယောက် ဆက်တိုက် ထွက်လာခဲ့သော်လည်း အားလုံး အပြတ်အသတ် ရှုံးနိမ့်ပြီး ပြန်လာခဲ့ရသည်။
သို့သော် ပြဿနာမှာ သူက မူလက အချိန်ဆွဲရန် သက်သက်သာ ရည်ရွယ်ထားခဲ့ခြင်း ပင်ဖြစ်သည်။ ပထမဆုံး စေလွှတ်လိုက်သော မိစ္ဆာဘုရင် ကိုပင် တမင် သက်သက် ရှုံးနိမ့်စေရန် စီစဉ်ထားပြီး လူသားမျိုးနွယ် ဘက်ကို အခွင့်အရေး အနည်းငယ် ပေးရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် မျှော်လင့်မထားသည်မှာ ပန်သူတော်စင်လေး အနည်းငယ် အသာစီး ရသွားသည်မှ လွဲ၍ ကျန်ရှိသော တိုက်ပွဲများ အားလုံးတွင် လူသားမျိုးနွယ် ၏ လက်အောက်၌ ရှုံးနိမ့်သွားခဲ့ရခြင်း ပင်ဖြစ်သည်။ ယခုအခါ ကျီချန်တောက်က ဤသို့ စကားပြောလာခြင်းမှာ သေချာပေါက် သူ့ကို အခက်တွေ့စေခြင်း ပင်ဖြစ်သည်။ ရင်ထဲတွင်လည်း ဒေါသ မီးတောက်များ တောက်လောင်နေပြီး မျက်နှာ လုံးဝ ပျက်သွားပြီ ဟု ခံစားနေရသည်။
မိစ္ဆာသူတော်စင် များ အားလုံး တိတ်ဆိတ် ငြိမ်သက်မှု အတွင်းသို့ ကျဆင်းသွားသည်ကို မြင်သောအခါ တပ်လည်း မဆုတ်သလို စကားလည်း မပြောကြသဖြင့် ကျီချန်တောက်က မည်သည့် အံ့အားသင့်မှုမျှ မရှိချေ။ ဤကိစ္စကို ကြိုတင် ခန့်မှန်းထားသည့် အလား ပင်ဖြစ်သည်။ သူက ဆက်ပြောလိုက်၏။
"ဘာလဲ... မင်းတို့ မိစ္ဆာ မျိုးနွယ် က အရှုံး ကို လက်မခံ နိုင်ဘူးလား... ဒါမှမဟုတ် မင်း လို တိရစ္ဆာန် ကပဲ အရှုံး ကို လက်မခံ နိုင်တာလား"
"ကျီချန်တောက်... ငါ က မိစ္ဆာ မျိုးနွယ် ရဲ့ ဧကရာဇ် တစ်ပါး ပဲ... မိစ္ဆာစစ်သည် သန်းပေါင်းများစွာ ကို အုပ်ချုပ် နေတယ်... မင်း က ဘယ်လို လုပ်ပြီး ငါ့ ကို ဒီလို စော်ကား ရဲတာလဲ" ဟု ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ထို့နောက် အနည်းငယ်မျှ တွေဝေနေခြင်း မရှိဘဲ အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ကိုယ်ပိုင် အရှိန်အဝါဖြင့် တစ်ဖက်လူနှင့် ရင်ဆိုင် တိုက်ခိုက်လိုက်တော့သည်။
"တကယ်လို့ မင်း က လက်မခံ နိုင်ရင်လည်း လှုပ်ရှား လိုက်ပါလား... ကလေး တွေ က မင်းတို့ ကို သေချာ မရိုက်နှက် နိုင်ခဲ့မှတော့ ငါ ကိုယ်တိုင် ပဲ လှုပ်ရှား ရတာပေါ့... ဒီ တိုက်ပွဲ ပြီးသွားရင် ရွှေရောင်အတောင်ပံ ပန်ငှက် မျိုးနွယ် က ဧကရာဇ် မျိုးနွယ် အဆင့် ကနေ ကျဆင်း သွားလိမ့်မယ်... ပြီးတော့ မင်း ကလည်း ကမ္ဘာ အဆက်ဆက် ဝင်စား ခွင့် ရမှာ မဟုတ်တော့ဘူး" ဟု ပြောပြီး ကျီချန်တောက်က လက်ကို နောက်ပစ်ထားလိုက်သည်။ ကိုယ်ပေါ်ရှိ အရှိန်အဝါက ပေါ်လိုက် ပျောက်လိုက် ဖြစ်နေကာ ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသော တောင်တန်းကြီး တစ်ခု အလား ပင်ဖြစ်သည်။ တစ်ယောက်တည်း အင်အားဖြင့် လောက တစ်ခုလုံးကို ဖိနှိပ်နိုင်သည့် တည်ရှိမှု ပင်ဖြစ်သည်။
"မာနကြီး လိုက်တာ... မင်း ကျီချန်တောက် ဆီမှာ ဘယ်လောက်တောင် နတ်စွမ်းရည် တွေ ရှိလို့ ဒီ နေရာ မှာ လာပြီး ရမ်းကား ရဲတာလဲ ဆိုတာကို ငါ က တကယ် ကြည့်ချင်သေးတယ်" ဟု ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ်က နတ်မျက်လုံးကို ဖွင့်လိုက်ရာ ဖျက်ဆီးပစ်နိုင်သော ရွှေရောင် အလင်းတန်း တစ်ခု မျက်တောင်တစ်ခတ်အတွင်း ပေါက်ကွဲထွက်လာတော့သည်။ အနည်းငယ်မျှ နှုတ်ဆက်ခြင်း မရှိဘဲ ကျီချန်တောက် ထံသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။
သို့သော် ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ် ၏ ဒေါသတကြီး တိုက်ခိုက်လာမှုကို ရင်ဆိုင်ရာတွင် ကျီချန်တောက် ကတော့ မလှုပ်မယှက် ရပ်နေဆဲ ပင်ဖြစ်သည်။ တစ်ကိုယ်လုံးတွင် တာအို အငွေ့အသက်များ အလိုအလျောက် ဖြစ်ပေါ်နေပြီး နက်နဲ ဆန်းကြယ်သော ယွမ်ချီစွမ်းအင် တစ်ခု လှည့်ပတ်နေကာ ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ် ၏ နတ်စွမ်းရည်ကို အသံတိတ် ဖျက်ဆီးပစ်လိုက်တော့သည်။ အနောက်ဘက်ရှိ နွားမိစ္ဆာဧကရာဇ် ကတော့ ဆက်လက် မထိုင်နိုင်တော့ဘဲ ကောင်းကင်သို့ ထိုးတက်နေသော မိစ္ဆာ အငွေ့အသက်များ တစ်ဟုန်ထိုး ပေါက်ကွဲထွက်လာတော့သည်။
မိစ္ဆာသူတော်စင် ဆယ်ပါးကျော် ကလည်း ဖိနှိပ်မှုများ ဖြာထွက်လာပြီး အချိန်မရွေး လှုပ်ရှား တိုက်ခိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ၎င်းတို့က ကတိကဝတ် များကို လိုက်နာရန် အနည်းငယ်မျှ ပြင်ဆင်ထားခြင်း မရှိချေ။ အကယ်၍ တစ်ချက်တည်း ဖြင့် ကျီချန်တောက်ကို ဝိုင်းဝန်း သတ်ဖြတ်နိုင်မည် ဆိုပါက ၎င်းတို့က လုံးဝ လုပ်ဆောင်ကြမည် ပင်ဖြစ်သည်။
မိစ္ဆာသူတော်စင်များ လှုပ်ရှားလိုက်သည်နှင့် လူသားမျိုးနွယ် ဘက်ကလည်း သဘာဝကျကျ ဆက်လက် မထိုင်နိုင်တော့ချေ။ ကျန်ရှိသော ထျန်းယွမ်မြို့ သိုင်းသူတော်စင် ခုနစ်ပါး ကလည်း တစ်ပြိုင်နက်တည်း အရှိန်အဝါများ တည်တင်းသွားပြီး အချိန်မရွေး လှုပ်ရှားရန် ပြင်ဆင်ထားကြသည်။ အထူးသဖြင့် တိုင်းပြည်ဆရာ ဝမ်ထိုက်ရှီး နှင့် ပင်လယ် နှိမ်နင်းရေး စစ်မှန်သောသခင် ရွှမ်ယွမ်ဟယ် တို့မှာ လှုပ်ရှားရန် အတွေး ပင် ရှိနေကြပြီ ဖြစ်သည်။
ထျန်းယွမ်မြို့ ဘက်တွင် မိစ္ဆာနယ်မြေ ဘက်ကဲ့သို့ သိုင်းသူတော်စင် စွမ်းအားရှင် အရေအတွက် မများပြားသော်လည်း ၎င်းတို့ နှစ်ဦးစလုံးမှာ သိုင်းသူတော်စင် အထွတ်အထိပ် ကျင့်ကြံခြင်းအဆင့် ရှိသူများ ဖြစ်ကြသည်။ အကယ်၍ အရာအားလုံးကို စွန့်လွှတ်ကာ တိုက်ခိုက်မည် ဆိုပါက ဤ တိုက်ပွဲကို သေချာပေါက် မနိုင်နိုင်ဘူးဟု မဆိုနိုင်ချေ။
သို့သော် ဤအခိုက်အတန့်တွင် ကျီချန်တောက်က လက်ကို မြှောက်ကာ ဝမ်ထိုက်ရှီး တို့ကို တားဆီးလိုက်ပြီး အေးစက် တည်ငြိမ်သော အသံ တစ်သံ ချန်ရစ်ခဲ့သည်။
"ငါ တစ်ယောက်တည်း လုံလောက်တယ်"
"မာနကြီး လိုက်တာ"
"ရိုင်းစိုင်း လိုက်တာ"
"သေလမ်း ကို ရှာနေတာပဲ"
မိစ္ဆာသူတော်စင် များ၏ ဒေါသတကြီး ဟိန်းဟောက်သံ များက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေပြီး လေဟာနယ်ကို လွှမ်းခြုံသွားတော့သည်။
ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ် ၏ မျက်ဝန်းများထဲတွင် လှောင်ပြောင်မှု အချို့ ဖြတ်ပြေးသွားခဲ့ပြီး အော်ဟစ်လိုက်သည်။
"ကျီချန်တောက်... မင်း ရဲ့ စွမ်းအား က အစွမ်းထက် ပြီး သာမန် မဟုတ်ဘူး ဆိုတာကို ငါ သိတယ်... ဒါပေမဲ့ မင်း တစ်ယောက်တည်း နဲ့များ ငါတို့ မိစ္ဆာသူတော်စင် ဆယ်ပါးကျော် ကို တစ်ယောက်တည်း ရင်ဆိုင် ချင်သေးတယ်ပေါ့လေ... တကယ်ကို လူမိုက် တွေ အိပ်မက် မက်နေတာပဲ... မင်း ကို ထားလိုက်ပါတော့... မင်းတို့ တာ့ကျိုး နိုင်ငံတော် ရဲ့ ဘိုးဘေး ကြီး ရှင်သန် လာရင်တောင် လုပ်နိုင်မှာ မဟုတ်ဘူး"
ကျီချန်တောက်၏ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေးသွားပြီး ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ် ၏ ရန်စမှုကို တိုက်ရိုက် လျစ်လျူရှု ထားလိုက်သည်။
ဤအခိုက်အတန့် မှာပင်... ရုတ်တရက် လောက တစ်ခုလုံး... မိုင်ထောင်ပေါင်းများစွာ ကျယ်ဝန်းသော ထျန်းယွမ် တစ်ခုလုံး တုန်ခါလာပြီး ကောင်းကင် ပြိုကျကာ မြေကြီး အက်ကွဲသွားသည့်အလား ပင်ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးကို ဖြတ်သန်းသွားသော ထျန်းယွမ် ကြီး က ယခုအခါ ပြိုကျနေသည့်အလား ပင်ဖြစ်ပြီး ကောင်းကင် ကိုးထပ် အထက်တွင် ပို၍ပင် လေတိုက် တိမ်စု လာတော့သည်။
"ဘုန်း..."
ဤကဲ့သို့သော မြင်ကွင်းက လောကကြီး ပျက်သုဉ်းပြီး လူ့လောက အဆုံးသတ် သွားသည့်အလား ပင်ဖြစ်သည်။ ထျန်းယွမ်မြို့ ဘက်မှ သိုင်းသူတော်စင် များစွာမှာ ယခုအခါ မျက်နှာထားများ အကြီးအကျယ် ပြောင်းလဲသွားကြပြီး မယုံကြည်နိုင်စရာ ကိစ္စတစ်ခု ဖြစ်ပျက်သွားသည့်အလား ပင်ဖြစ်သည်။
ပင်လယ် နှိမ်နင်းရေး စစ်မှန်သောသခင် ရွှမ်ယွမ်ဟယ် နှင့် တိုင်းပြည်ဆရာ ဝမ်ထိုက်ရှီး တို့၏ မျက်နှာပေါ်တွင် အံ့အားသင့် သံသယဖြစ်နေမှုများ ရှိနေသည်မှ လွဲ၍ ကျန်ရှိသော သိုင်းသူတော်စင် များ အားလုံးက အဆက်မပြတ် ထိတ်လန့် တုန်လှုပ် နေကြတော့သည်။ စစ်တပ် သိန်းပေါင်းများစွာ နှင့် ရှန်ရှန်းအဆင့် မဟာသိုင်းသခင်ကြီး များစွာ ဆိုလျှင်တော့ ပို၍ပင် မဆိုထားနှင့်တော့။ ယခုအခါ အားလုံးက အလွန်အမင်း ထိတ်လန့် တုန်လှုပ် နေကြပြီး ကောင်းကင် ပြိုကျကာ မြေကြီး ကျွံကျ သွားပြီဟု ထင်မြင်နေကြသည်။
ကျန်းချဲ့ ကတော့ မျက်တောင်တစ်ခတ်အတွင်း အကြည့်များကို လေဟာနယ် အတွင်းရှိ တည်ငြိမ်နေသော ခန့်ညား ထည်ဝါသည့် ပုံရိပ်ကြီး အပေါ်သို့ ရွှေ့လိုက်ပြီး ရင်ထဲတွင် အကြောင်းပြချက် မရှိဘဲ အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
'ထျန်းယွမ် တုန်ခါ ပြီး ကောင်းကင် ပြိုကျ မြေကြီး အက်ကွဲ တယ်... ခေါက်ရှန်းနတ်မင်းကြီး ကျီချန်တောက် က ကြိုတင် ခန့်မှန်း ထားခဲ့တာများလား...'
"ဝေါင်း..."
"ဝေါင်း..."
"ဝေါင်း..."
ထိုအချိန်မှာပင် ကောင်းကင်ကို တုန်လှုပ်စေသော ဟိန်းဟောက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ထို ထျန်းယွမ် ကြီး အတွင်းမှ ယခုအခါ ဧရာမ ပေထောင်ပေါင်းများစွာ အရွယ်အစားရှိသော ပုံရိပ်ကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာတော့သည်။ အတောင်ပံ နှစ်ဖက်ကို ဖြန့်ကျက်ထားပြီး ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာ သားရဲ ခေါင်း ကိုးခေါင်း ပေါက်နေကာ သွေးရဲနေသော မျက်လုံး နှစ်လုံးက ကောင်းကင်နှင့် မြေကြီးကို လင်းလက်သွားစေသည်။ ချောက်နက် ကြီး အတွင်းမှ တွားသွား ထွက်လာသော ခေါင်းကိုးလုံး မိစ္ဆာ သားရဲ ကြီး တစ်ကောင် အလား ပင်ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုများက ကောင်းကင်နှင့် မြေကြီး အရပ်လေးမျက်နှာသို့ လွှမ်းခြုံသွားတော့သည်။
ဤ မြင်ကွင်းကို မြင်တွေ့သောအခါ ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ်က ကောင်းကင်သို့ မော့ကာ ရူးသွပ်စွာ ဟိန်းဟောက်လိုက်ပြီး ပြင်းပြသော လှောင်ပြောင်မှုများ ပါဝင်နေပေသည်။
"ဟားဟားဟား... ကျီချန်တောက်... ထျန်းယွမ် ကျိုးပေါက် သွားပြီ... မင်း ဘာ နဲ့များ ငါတို့ မိစ္ဆာ မျိုးနွယ် ရဲ့ စစ်တပ် သန်းပေါင်းများစွာ ကို တားဆီး နိုင်မလဲ ဆိုတာကို ငါ ကြည့်ချင်သေးတယ်"
"မင်း ကို အမှန်တိုင်း ပြောရရင်... အရင်က လောင်းကြေးထပ် တိုက်ခိုက် တာက ငါ တမင် သက်သက် လုပ်ခဲ့တာပဲ... မင်း ကို ဒီ နေရာ မှာ ဆွဲထား ပြီး ကိုးမျက်နှာ မိစ္ဆာဧကရာဇ် အတွက် အချိန် ရအောင် လုပ်ပေးတာပဲ... အခု ထျန်းယွမ် ရဲ့ အခြေခံ အုတ်မြစ် တွေ အားလုံး ကို ကိုးမျက်နှာ မိစ္ဆာဧကရာဇ် က ဖျက်ဆီး လိုက်ပြီ... မင်းတို့ ရဲ့ အသေးအမွှား ထျန်းယွမ်မြို့ လေး တစ်ခုတည်း နဲ့ ဘာ နဲ့များ လာပြီး တားဆီး မှာလဲ... တကယ်လို့ အခြေအနေ ကို နားလည် ရင် အခု ဒူးထောက် ပြီး အရှုံးပေး လိုက်... မင်း ကို မိစ္ဆာ အဖြစ် ပြောင်းလဲ ဖို့ အခွင့်အရေး တစ်ခု ပေးနိုင်သေးတယ်"
"ဝေါင်း..."
"ဝေါင်း..."
အနောက်ဘက်ရှိ မိစ္ဆာစစ်သည် သန်းပေါင်းများစွာ က တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြပြီး မိစ္ဆာသူတော်စင် ဆယ်ပါးကျော် က ကောင်းကင်သို့ ထိုးတက်လာကြသည်။ သို့သော် ဤ မြင်ကွင်းကို ကြည့်ရင်း ကျီချန်တောက် ကတော့ အနည်းငယ်မျှ ထိတ်လန့် တုန်လှုပ်ခြင်း မရှိဆဲ ပင်ဖြစ်သည်။ ဤကိစ္စကို ကြိုတင် ခန့်မှန်းထားသည့် အလား ပင်ဖြစ်ပြီး ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ် ကို ကြည့်နေသော မျက်ဝန်းများထဲတွင် လှောင်ပြောင်မှု အချို့ ပင် ပါဝင်နေသေးသည်။