← Chapters

အခန်း ၅၅၈

Vol. 56 Ch. 558

အခန်း ၅၅၈

Vol. 56 Ch. 558

အခန်း (၅၅၈) - ချွီလင်ကျွင်း၏ လက်ဆောင်နှင့် တံခါးစောင့်၏ သတိပေးချက်

ရက်အနည်းငယ်အကြာ ညဉ့်နက်သန်းခေါင်ယံ အချိန်တွင် ဖြစ်သည်။

အေးစက်နေသော လမ်းမထက်၌ လူတစ်ဦး လမ်းလျှောက်နေခဲ့သည်။ ထိုသူသည် ထျန်းလန်နတ်ဘုရားမြို့တော်ကြီးကို ဖြတ်သန်း၍ ဒန်ရှားတောင်သို့ ပေါ့ပါးတည်ငြိမ်သော ခြေလှမ်းများဖြင့် ဦးတည်နေခြင်း ဖြစ်သည်။

“ဘယ်သူလဲ....”

မှောင်ရိပ်ထဲမှ နေ၍ စူးရှပြတ်သားသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

“လော့ထျန်းအဖွဲ့က ချွီလင်ကျွင်းပါဗျာ”

ထိုလူက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“ဒီလောက်ညဉ့်နက်မှ တောင်ပေါ်ကို ဘာတက်လုပ်မလို့လဲ၊ အရင်လာပြီး မှတ်တမ်းတင်စမ်း” ကင်းစောင့်က မာန်မဲလိုက်၏။

ညဉ့်အမှောင်ထုအောက်တွင် ထိုပိန်ပိန်ပါးပါး လူငယ်သည် တစ်ချက်မျှ မငြင်းဆန်ဘဲ နာခံမှုရှိစွာဖြင့် လျှောက်လှမ်းလာခဲ့သည်။ သူသည် အနားသို့ ချဉ်းကပ်လာရင်း တံခါးစောင့်နေသည့် စိမ်းသက်လှသော ကျင့်ကြံသူအသစ်ကို ကြည့်ကာ စပ်စုမိသည်။

“အစ်ကိုကြီး ဝမ်ပင်းကျီရော မရှိဘူးလားဗျ”

တောင်တံခါးစောင့်သည် အိပ်ရေးပျက်၍ စိတ်တိုနေပုံရပြီး ရှေ့လူ၏ အမည်ကို ကြားရသောအခါ မျက်နှာ ပိုပျက်သွားကာ နှာခေါင်းရှုံ့လိုက်သည်။

“နောက်ဘဝ ရောက်သွားပြီလေ.... ဟွန်း.... ဒီမှာပဲ ငြိမ်ငြိမ်လေး တောင်စောင့်နေရင် ရရက်သားနဲ့ စစ်မြေပြင်ကို ဇွတ်သွားတာ၊ အခုတော့ ဝိညာဉ်တောင် အိမ်ပြန်လမ်းမသိတော့ဘူး ဖြစ်နေပြီ....”

ချွီလင်ကျွင်းအဖြစ် အသွင်ပြောင်းထားသော လော့ချန်သည် ထိုစကားကို ကြားလိုက်ရသောအခါ ခဏတာ ငေးငိုင်သွားသည်။ စစ်ပွဲအတွင်း အသက်ပေါင်းများစွာ ဆုံးရှုံးရလိမ့်မည်ဟု သူ ကြိုတင်တွက်ဆထားခဲ့သော်လည်း ဒန်ရှားတောင်၏ သာမန်တံခါးစောင့် ဝမ်ပင်းကျီ ကဲ့သို့သော သူပါ ပါသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သို့သော် တံခါးစောင့်အသစ်ကိုလည်း မိမိဘက်ပါအောင် ဆွဲဆောင်၍ ရသည် မဟုတ်ပါလော။ လော့ချန် ဘာစကားမျှ ထပ်မပြောတော့ဘဲ ဆေးတစ်ပုလင်းကို အသာအယာ ထုတ်၍ ကင်းစောင့်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ၎င်းမှာ ဆေးဘုရင်ဂိုဏ်းမှ ထွက်ရှိသော ချီစုစည်းဆေးလုံး ဖြစ်သည်။ ၎င်းသည် အလွန်တရာ အဖိုးတန်လှသည် မဟုတ်သော်လည်း သာမန်ကျင့်ကြံသူတစ်ဦးအတွက်မူကား ရှားပါးလှသော လက်ဆောင်ကောင်းတစ်ခု ဖြစ်ပေသည်။ ကင်းစောင့်သည် ခဏမျှ ငေးမောကာ အံ့အားသင့်သွားပုံရသည်။ သူသည် လော့ချန်ကို တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် ထိုလက်ဆောင်ကို တိတ်တဆိတ် လက်ခံကာ အင်္ကျီလက်ထဲသို့ အမြန် ထည့်လိုက်တော့သည်။

“လော့ထျန်းအဖွဲ့က ချွီလင်ကျွင်းနော်”

“ဟုတ်ပါတယ်ဗျာ”

သူ ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။

ကင်းစောင့်က ဝါးစာလိပ်ပေါ်တွင် စာအချို့ကို ကျွမ်းကျင်စွာ ခြစ်ရေးလိုက်သည်။

“ရပြီ၊ မှတ်တမ်းတင်တာ ပြီးပြီ၊ တောင်ပေါ်တက်လို့ရပြီ”

ထိုသို့ပြောပြီးနောက် သူ တောင်တံခါးအစီအရင်ကို ဖွင့်လိုက်သည်။ လေထုထဲတွင် အလင်းတန်းလေးများ တုန်ခါသွားပြီး အစီအရင်တံခါး ပွင့်သွားခဲ့သည်။ လော့ချန် ရှေ့သို့ လှမ်းဝင်ရန် ပြင်လိုက်စဉ်မှာပင် တံခါးစောင့်က နောက်မှ လှမ်းခေါ်လိုက်သည်။

“နောက်ဆို ညဉ့်နက်သန်းခေါင်ယံမှာ လျှောက်မသွားနဲ့နော်၊ မိုးကြိုးတောင်တန်းမှာ နတ်ဘုရားအသွင်ပြောင်း နယ်မြေတစ်ခု ပေါ်ထွက်လာကတည်းက ကျောက်စိမ်းအိုးနယ်မြေထဲကို အပြင်က အင်အားကြီး ကျင့်ကြံသူတွေ အများကြီး ရောက်နေတာ၊ ရှေ့တန်းက ပြန်လာတဲ့ စစ်သည်တွေနဲ့ပါ ပေါင်းလိုက်ရင် အခု ထျန်းလန်နတ်ဘုရား မြို့တော်ကြီးကတောင် ဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေတာ၊ နေ့ခင်းဘက်ဆိုရင် ကိစ္စမရှိပေမယ့် ညဘက်ဆိုရင်တော့ စစ်တာဆေးတာ အရမ်းတင်းကျပ်တယ်၊ မင်းက ဒန်ရှားတောင်ထိပ်ပေါ်မှာ ဂူဗိမာန်ကို ငှားနေနိုင်တယ်ဆိုတော့ ငွေတော်တော်ရှိမှာပဲ၊ မြို့ထဲ သွားလာတဲ့အခါ သတိထားဦး၊ မဟုတ်ရင် အနောက်ကနေ နောက်ယောင်ခံလိုက်တာ ခံရလိမ့်မယ်”

လော့ချန် အလေးအနက် နားထောင်ပြီးနောက် ရိုသေစွာဖြင့် လက်အုပ်ချီ နှုတ်ဆက်ကာ သူ၏ မှော်လက်နက်ကို စီးနင်း၍ ဒန်ရှားတောင်ထိပ်ပေါ်သို့ ပျံသန်းလာခဲ့တော့သည်။ တံခါးစောင့်သည် သူ ထွက်ခွာသွားသည်ကို ကြည့်ရင်း ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။ ထို့နောက် ချီစုစည်းဆေးလုံး ပါရှိသော ကျောက်စိမ်းပုလင်းလေးကို ထုတ်၍ လက်ထဲတွင် မြှောက်ကစားရင်း မျက်နှာတစ်ခုလုံး အပြုံးများဖြင့် ပြည့်နှက်သွားတော့သည်။

“ဟဲဟဲ.... ဒီတောင်စောင့်ရတဲ့အလုပ်ကလည်း အကျိုးအမြတ် လုံးဝမရှိတာတော့ မဟုတ်ပါဘူး၊ လော့ထျန်းအဖွဲ့ တဲ့လား.... တော်တော်လေး အလိုက်သိတတ်တဲ့ လူစုပဲ”

သို့သော် သူသည် ထိုအမည်ကို ရေရွတ်နေရင်း စိတ်ထဲတွင် တစ်ခုခုကို သတိရသွားသည်။

‘နေဦး.... သူတို့က ငါတို့လူတွေပဲ မဟုတ်လား၊ သူတို့အဖွဲ့ရဲ့ အဖွဲ့ချုပ်ခေါင်းဆောင်က ငါတို့ရေခဲခံတပ်ရဲ့ ဧည့်သည်တော်အကြီးအကဲလေ၊ အင်း.... နောက်ဆိုရင်တော့ သူတို့ကို နည်းနည်း မျက်နှာသာပေးရမယ်၊ စစ်ဆေးတာတွေကို အဲဒီလောက်ကြီး လုပ်နေဖို့ မလိုပါဘူးလေ”

....

ညဉ့်အမှောင်ထုအောက်တွင် လော့ချန်သည် သူ၏ မှော်လက်နက်ကို စီးနင်းကာ ငြိမ်သက်နေသော ကောင်းကင်ယံထက်၌ ဖြည်းညှင်းတည်ငြိမ်စွာဖြင့် ဒန်ရှားတောင်ထိပ်၏ နောက်ကျောဘက်ဆီသို့ ဦးတည်ပျံသန်းလာခဲ့သည်။

အကယ်၍ ထိုတံခါးစောင့်သာ လော့ချန် ရပ်တန့်လိုက်သည့် နေရာကို မြင်တွေ့သွားပါက အကြီးအကျယ် တုန်လှုပ်သွားပေလိမ့်မည်။ အကြောင်းမှာ သူသည် ပထမအဆင့် ဂူဗိမာန်ဆီသို့ သွားရောက်ခြင်း မဟုတ်ဘဲ၊ ဒုတိယအဆင့် ဂူဗိမာန်ဆီသို့ ရောက်ရှိသွားခြင်းဖြစ်ပြီး ထိုဂူဗိမာန်မှာလည်း သာမန်ဒုတိယအဆင့်မဟုတ်ဘဲ အဆင့်မြင့် ဝိညာဉ်ကြောပေါ်တွင် တည်ရှိနေသောကြောင့် ဖြစ်သည်။

သူ လက်ချောင်းများကို အသာအယာ လှုပ်ရှားလိုက်ရာ ကာကွယ်ရေးအစီအရင်သည် လှိုင်းတွန့်များသဖွယ် တုန်ခါသွားပြီး မြူနှင်းများ ကွဲအက်ကာ လမ်းပွင့်သွားခဲ့သဖြင့် သူ အတွင်းသို့ လှမ်းဝင်ခဲ့သည်။ ထိုစဉ် အတွင်းပိုင်းမှ ထိတ်လန့်တုန်လှုပ်နေသော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာသည်။

“ဒီလောက်ညဉ့်နက်မှ.... စီမံခန့်ခွဲရေးမှူး ဘာလို့ ရောက်လာတာလဲ”

ပိုင်မေလင်းသည် အဝတ်အစားများကို အလောတကြီး ပြင်ဆင်ဝတ်ဆင်ကာ ထွက်လာပြီး ဝင်ပေါက်ဆီသို့ ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။

“အာ.... ချွီလင်ကျွင်း.... နင် ဒီအချိန်ကြီး ဘာလာလုပ်တာလဲ.... နေဦး.... နင်က အစီအရင်ရဲ့ သော့ချက်ကို ဘယ်လိုလုပ် သိနေတာလဲ”

လော့ချန် ဖွဖွလေး ပြုံးလိုက်သည်။ သူ မျက်နှာကို လက်ဖြင့် အသာအယာ ပွတ်သပ်လိုက်ရာ မျက်နှာ ပြောင်းလဲသွားပြီး ခန္ဓာကိုယ်မှာလည်း ပြောင်းလဲသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပိုင်မေလင်း၏ ရှေ့၌ ရင်းနှီးလှသော လူရိပ်တစ်ရိပ် ပေါ်ထွက်လာပြီး ထိုသူ့ထံမှ ငြင်းပယ်၍မရသော အရှိန်အဝါများ လျှံထွက်နေခဲ့သည်။

ပိုင်မေလင်းသည် ခဏမျှ မှင်တက်သွားမိသည်။ သူမ၏ ရင်ထဲမှ နွေးထွေးမှုနှင့် ရင်းနှီးမှုလှိုင်းလုံးများ တရိပ်ရိပ် တက်လာခဲ့သည်။ သူမ ဘာကိုမျှ ထပ်မတွေးတော့ဘဲ လော့ချန်၏ ရင်ခွင်ထဲသို့ အတင်းတိုးဝင်လိုက်တော့သည်။

“သခင်.... သခင် ပြန်လာပြီပေါ့....”

ထိုစဉ်မှာပင် ကျင့်ကြံအခန်း တံခါးမှာ ပွင့်သွားပြီး အလင်းတန်းတစ်ခုသဖွယ် လူရိပ်တစ်ရိပ် ပြေးထွက်လာခဲ့သည်။ လော့ချန် တိုးညှင်းစွာ ရယ်မောရင်း လက်တစ်ဖက်ဖြင့် ပိုင်မေလင်းကို ပွေ့ဖက်ထားကာ ကျန်လက်တစ်ဖက်ကို ဆန့်တန်း၍ ပြေးလာသူမိန်းကလေးကို ကြိုဆိုလိုက်သည်။ ထိုမိန်းကလေးမှာ တစ်ချက်မျှ တွန့်ဆုတ်မနေဘဲ သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လာခဲ့တော့သည်။

လေထုထဲတွင် တိုးညှင်းလှသော ရှိုက်သံလေးများ ပြည့်နှက်သွားခဲ့သည်။

လော့ချန် ပြုံးရင်း ခေါင်းကို ခါယမ်းလိုက်သည်။

“မင်းတို့နှစ်ယောက် ဘာလို့ အသည်းအသန် ငိုနေကြတာလဲ.... ငါ ပြန်ရောက်လာပြီပဲဥစ္စာ.... မဟုတ်ဘူးလား”

ကူချိုင်ယီက ခေါင်းမော့ကြည့်ကာ သူ၏ ရင်ဘတ်ကို လက်သီးဆုပ်လေးများဖြင့် အသာအယာ ထုရိုက်လိုက်သည်။ သူမ၏ မျက်လုံးများသည် သူ၏ ပိန်ပိန်ပါးပါး မျက်နှာထက်၌ စွဲမြဲနေခဲ့သည်။

“ရှင်က ဘာစကားတစ်ခွန်းမှ မချန်ထားခဲ့ဘဲ တစ်နှစ်ကျော်တောင် ပျောက်ချက်သားကောင်းနေတာလေ.... ကျွန်မတို့မှာ ဘယ်လောက်တောင် စိတ်ပူခဲ့ရလဲ.... ရှင် ရွှေအမြုတေအဆင့်ကျင့်ကြံသူတွေရဲ့ လိုက်သတ်တာကို ခံနေရတယ်လို့ ကြားတုန်းကဆို စိုးရိမ်လို့ သေတောင်သေမယ်.... အခုကျတော့လည်း သရဲတစ်ကောင်လို ရုတ်တရက်ကြီး ပေါ်လာပြီး....”

သူမ၏ စကားလုံးများသည် ပြင်းရှ၍ နက်ရှိုင်းလှသော အနမ်းတစ်ခုအောက်တွင် ပျောက်ကွယ်သွားခဲ့ရသည်။ လော့ချန် စိတ်ထဲမှ တိုးညှင်းစွာ ရယ်မောမိသည်။

‘ဒီမိန်းကလေး အရင်အတိုင်း စကားများတုန်းပါပဲလား....’

ပိုင်မေလင်းသည် အချိန်ကိုက်ပင် သူ၏ ရင်ခွင်ထဲမှ အသာအယာ ဖယ်ခွါပေးခဲ့ပြီး ဖြစ်သည်။ သူမ ထိုမြင်ကွင်းကို ကြည့်ရင်း ချိုမြိန်စွာ ပြုံးလိုက်မိသည်။

အချိန်အတော်ကြာပြီးနောက် နှစ်ဦးသား၏ နှုတ်ခမ်းများ ခွာသွားခဲ့ကြသည်။ လေထုတစ်ခုလုံးသည် နွေးထွေး၍ လေးနက်လှသော အငွေ့အသက်များဖြင့် ဖုံးလွှမ်းသွားခဲ့တော့သည်။

“ခဏနေရင် ဟွေ့နန် လာလိမ့်မယ်၊ ရှောင်လင်း.... အစီအရင်ကို သေသေချာချာ စောင့်ကြည့်ထားဦး”

လော့ချန် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ထို့နောက် ဘာစကားမှ ထပ်မဆိုတော့ဘဲ ကူချိုင်ယီကို ပွေ့ချီကာ အိပ်ခန်းထဲသို့ ပေါ့ပါးသွက်လက်သော ခြေလှမ်းများဖြင့် ဦးတည်လိုက်တော့သည်။ ပိုင်မေလင်းသည် မျက်လုံးဝိုင်းလေးများဖြင့် ထိုသူနှစ်ဦး ပျောက်ကွယ်သွားသည်ကို စိုက်ကြည့်နေမိသည်။

“သခင်ကလည်း ငါ့လို သရဲတစ်ကောင်အတိုင်းပဲ.... ဒါပေမဲ့ သူက နှာဘူးသရဲကြီးပဲ ဖြစ်မှာ”

....

စီမာဟွေ့နန်သည် လော့ချန်၏ သတင်းစကားကို ရရခြင်း ချက်ချင်းပင် အလောတကြီး ထွက်ခွာလာခဲ့ရာ ညဉ့်နက်ပိုင်းတွင် ဂူဗိမာန်သို့ ရောက်ရှိလာခဲ့သည်။ သူမသည် မြူနှင်းများ ဝေမှိုင်းနေသော အစီအရင်တံခါးကို ဖြတ်ကျော်ဝင်ရောက်လာစဉ် အိပ်ခန်းထဲမှ ထွက်လာသော လော့ချန်ကို လှမ်းမြင်လိုက်ရသည်။

သူသည် ချောင်ချောင်ချိချိ ရှိလှသော ပိုးသားဝတ်ရုံနက်ကြီးကို ဝတ်ဆင်ထားပြီး ရှည်လျားသော ဆံနွယ်များမှာ အနောက်ဘက်တွင် လွတ်လပ်စွာ ဖားလျားကျနေခဲ့သည်။ ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးလှသော ထိုအမျိုးသားသည် ယခုတွင်မူ အလွန်တရာ ဆွဲဆောင်မှုရှိပြီး စည်းကမ်းမဲ့လှသော အငွေ့အသက်များကို ဆောင်နေခဲ့သည်။

သူမ ထိုမြင်ကွင်းကြောင့် ခဏမျှ ဆွံ့အသွားသည်။

“ကျွန်မ လာတာ အချိန်မတော် ဖြစ်သွားပုံပဲ”

“မဟုတ်ဘူး.... မင်း လာတာ ကွက်တိပဲ”

လော့ချန်က စနောက်လိုသော အပြုံးလေးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။

ထို့နောက် သူမအား အနားသို့လာရန် လက်ဟန်ပြလိုက်သည်။ စီမာဟွေ့နန်သည် ခဏမျှ တွန့်ဆုတ်နေမိသော်လည်း ရင်ထဲမှ လှုပ်ခတ်နေသော ခံစားချက်များကြောင့် ငြင်းဆန်ရန် ခဲယဉ်းနေခဲ့သည်။ သူမ သတိမထားမိဘဲ ရှေ့သို့ လှမ်းဝင်လာခဲ့မိသည်။ လော့ချန် သူမအား အိပ်ခန်းဆီသို့ ဆွဲခေါ်သွားသောအခါ သူမ တိုးညှင်းစွာ ရေရွတ်လိုက်သည်။

“ကျွန်မတို့.... တခြားအခန်းကို ပြောင်းလို့ ရမလား”

“မရဘူး.... အလုပ်ရှုပ်တယ်”

လော့ချန်က တစ်ခွန်းတည်းဖြင့် ပြတ်သားစွာ ငြင်းပယ်လိုက်သည်။ သူ၏ လေသံသည် ယခင်ကထက် ပိုမို အမိန့်ဆန်နေခဲ့သည်။ ထို့အပြင် သူ၏ အပြုအမူများသည်လည်း သူမ မှတ်မိနေသည်ထက် ပိုမို ပြတ်သားလာသည်။ သူမသည် သူ၏ဆန္ဒကို မဆန့်ကျင်လိုသဖြင့် နာခံမှုဖြင့် အခန်းထဲသို့ လိုက်ပါသွားခဲ့တော့သည်။ ထိုညတွင်လည်း ညဉ့်အမှောင်ထုသည် ပြင်းထန်လှသော ချစ်ကျူးသံများဖြင့် တစ်ဖန် ဟိန်းဟောက်သွားခဲ့ရပြန်သည်။

တိုက်ပွဲအလယ်ဗဟိုတွင် အိပ်မောကျနေသော အလှပဂေးလေးမှာ နိုးထလာခဲ့ပြီး တိုက်ပွဲမြေပြင်ဆီသို့ ပူးပေါင်းပါဝင်လာခဲ့သည်။

လော့ချန်သည် တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲခဲ့ဖူးသော်လည်း ယခုတိုက်ပွဲမှာမူ လုံးဝ ခြားနားလှပေသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် အပြည့်အဝ လေ့ကျင့်ပြင်ဆင်ပြီးမှ ပြန်လာခြင်းဖြစ်၍ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆမတန် မြင့်မားနေခဲ့ပြီ ဖြစ်သည်။ သန်မာလှသော ခန္ဓာကိုယ်နှင့် အကန့်အသတ်မဲ့လှသော ခံနိုင်ရည်တို့ဖြင့် သူသည် တိုက်ပွဲမြေပြင်တစ်ခုလုံးကို အပြတ်သတ် လွှမ်းမိုးထားနိုင်ခဲ့သည်။ ကောင်းကင်ယံကြီး တုန်ခါသွားပြီး၊ ပင်လယ်ရေပြင်ကြီး ကွဲအက်ကာ၊ တောင်တန်းကြီးများပင် ဦးညွှတ်သွားရသည့်အလားပင်။

ထိုအတောအတွင်း ပိုင်မေလင်းသည် အခန်းကျယ်ကြီးထဲရှိ ကျောက်စားပွဲတွင် မေးထောက်ကာ ဟင်းချက်နည်းစာအုပ်ကို တိတ်တဆိတ် ဖတ်ရှုနေခဲ့သည်။ သူမသည် ရံဖန်ရံခါတွင် စာအချို့ကို မှတ်သားရင်း သူမ၏ သခင်အတွက် ကြီးကျယ်ခမ်းနားသော စားပွဲတော်ကြီးတစ်ခုကို ပြင်ဆင်ရန် စိတ်ကူးယဉ်နေခဲ့သည်။

ညဉ့်အမှောင်ထုသည် ဤသို့ဖြင့် ကုန်လွန်သွားခဲ့ပြီး အရုဏ်ဦး၏ ပထမဆုံး အလင်းတန်းသည် နံနက်ခင်း မြူနှင်းများကို ဖြတ်သန်း၍ ကျရောက်လာခဲ့သည်။

မကြာမီမှာပင် စီမာဟွေ့နန်နှင့် ကူချိုင်ယီတို့ ဂူဗိမာန်အတွင်းမှ ထွက်လာခဲ့ကြသည်။ သူတို့၏ ပါးပြင်များသည် နီမြန်းနေပြီး မျက်နှာထက်တွင် တောက်ပလှသော အလင်းတန်းများ ယှက်သန်းနေခဲ့သည်။ သို့သော်လည်း သူတို့သည် ဘာမှမဖြစ်ခဲ့သည့်အလား တည်ငြိမ်စွာဖြင့် လော့ထျန်းအဖွဲ့ဆီသို့ ပြန်လည်ထွက်ခွာသွားကြပြီး မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက် ထမ်းဆောင်ကြတော့သည်။

လော့ချန်အတွက်မူကား ရှားရှားပါးပါး အခွင့်အရေးအဖြစ် မည်သူမျှ မနှောင့်ယှက်သော အိပ်စက်ခြင်းထဲသို့ နက်ရှိုင်းစွာ နစ်ဝင်သွားခဲ့သည်။ ထိုအိပ်စက်ခြင်းသည် သုံးရက်နှင့် သုံးညတိုင်တိုင် ကြာမြင့်ခဲ့သည်။

နတ်ဘုရားအသွင်ပြောင်း နယ်မြေငယ်လေးထဲတွင် ကုန်လွန်ခဲ့သော ထိုတစ်နှစ်တာ အချိန်သည် အလွန်ပင် ပင်ပန်းဆင်းရဲလှသော စမ်းသပ်ချက်တစ်ခု ဖြစ်ခဲ့ရသည်။ နေ့စဉ်နှင့်အမျှ သူသည် မိုးကြိုးစွမ်းအင်များကို အသုံးပြု၍ ခန္ဓာကိုယ်ကို ထုဆစ်နေခဲ့ရခြင်း ဖြစ်သည်။ အနားယူသည့် အချိန်လေးများတွင်ပင် သာမန် ကျင့်ကြံခြင်းသာ ရှိခဲ့ပြီး စစ်မှန်သော အိပ်စက်ခြင်းမျိုး မရှိခဲ့ချေ။ ရလဒ်အနေဖြင့် သူ၏ ခန္ဓာကိုယ်မှာ သန်မာလာခဲ့သော်လည်း သူ၏ ဝိညာဉ်အာရုံမှာမူ အဆုံးစွန်အထိ ပင်ပန်းနွမ်းနယ်နေခဲ့ရသည်။ ၎င်းသည် တစ်နှစ်ပတ်လုံး အနားမရဘဲ တံခါးပိတ်ကျင့်ကြံနေရသည့်အလား ခံစားခဲ့ရခြင်း ဖြစ်သည်။

ဤကဲ့သို့ ပြင်းထန်လှသော ကျင့်ကြံခြင်းမျိုးသည် အဆင့်တက်ချိန်တွင် ဖြစ်နိုင်သော်လည်း၊ အစဉ်တစိုက် ပြုလုပ်နေပါက ဘေးထွက်ဆိုးကျိုးများ ကြုံတွေ့ရနိုင်သည်။ ခန္ဓာကိုယ်နှင့် မတူဘဲ ဝိညာဉ်အာရုံသည် အနားမရဘဲ ကြာရှည်စွာ ဖိစီးမှုခံရပါက ပြန်လည်ပြုပြင်ရခက်ခဲသော ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်သည်။

သူ နိုးထလာသည့် အချိန်တွင်မူ သူ၏ ခန္ဓာကိုယ်သည် အင်အားအပြည့်ရှိနေပြီး ဝိညာဉ်အာရုံမှာလည်း လန်းဆန်းနေခဲ့သည်။ သူ၏ ဝိညာဉ်အာရုံသည် ပိုမို သန်မာလာခဲ့သည်ကို မှုန်ဝါးဝါး ခံစားမိရုံမက တခြားသော ပြောင်းလဲမှုတစ်ခုလည်း ရှိနေခဲ့သည်။ ထိုပြောင်းလဲမှုကို စကားလုံးဖြင့် ဖော်ပြရန် ခဲယဉ်းသော်လည်း ၎င်းသည် ကောင်းမွန်သော ပြောင်းလဲမှုတစ်ခုဖြစ်ကြောင်း သူ သိရှိနေခဲ့ရာ ထိုမျှနှင့်ပင် လုံလောက်လှပေပြီ။ ကျန်ရှိသည်များကိုမူ အချိန်ယူ၍ စူးစမ်းရပေလိမ့်မည်။

သူ အိပ်ခန်းထဲမှ ထွက်လာခဲ့ရာ ဂူဗိမာန်တစ်ခုလုံး တိတ်ဆိတ်နေသည်ကို တွေ့ရသည်။ သူ ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်ရာ ပိုင်မေလင်းသည် အပြင်ဘက်ရှိ ဒုတိယအဆင့် ဝိညာဉ်စိုက်ခင်းတွင် အလုပ်ရှုပ်နေသည်ကို လှမ်းမြင်လိုက်ရသည်။

ကျယ်ဝန်းသော ထိုစိုက်ခင်းလေးသည် ချီစွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့သည်။ သူမသည် သီးနှံတစ်သုတ်ကို ရိတ်သိမ်းပြီးပုံရကာ ယခုတွင်မူ သီးနှံအသစ်တစ်သုတ်ကို ထပ်မံ စိုက်ပျိုးနေခြင်း ဖြစ်သည်။ သစ်ပင်များသည် စိမ်းလန်းစိုပြည်နေပြီး ပန်းပွင့်များသည်လည်း လန်းဆန်းနေကြရုံမက ရွှီရန်သစ်ပင်ကြီးသည်ပင် ရွှေရောင်သန်းသော သစ်ရွက်အသစ်လေးများ ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။

လော့ချန် သူမအား သွားရောက် မနှောင့်ယှက်တော့ဘဲ ကျင့်ကြံခြင်းအခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်ခဲ့သည်။ သူ လှမ်းဝင်လိုက်သည်နှင့် ပြင်းထန်လှသော ချီစွမ်းအင်များသည် သူ့ထံသို့ တိုးဝင်လာခဲ့ကြသည်။ သူ အသက်ကို ဝအောင် တစ်ချက် ရှူလိုက်ပြီးနောက် တင်ပျဉ်ခွေထိုင်ကာ နွေဦးကျင့်စဉ်ကို စတင်ကျင့်ကြံတော့သည်။

မကျင့်ကြံရသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူ၏ လှုပ်ရှားမှုများသည် အလွန်ပင် ချောမွေ့တည်ငြိမ်နေခဲ့သည်။ ချီစွမ်းအင်များကို ဆွဲယူခြင်းဖြစ်စေ၊ လှည့်ပတ်ခြင်းဖြစ်စေ၊ သန့်စင်ခြင်းဖြစ်စေ အရာအားလုံးသည် သဘာဝအလျောက် စီးဆင်းနေခဲ့သည်။ ဒုတိယအပတ် စွမ်းအင်စီးဆင်းမှုသို့ ရောက်ရှိလာသောအခါ သူ၏ စိတ်ထဲတွင် အတွေးသစ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

သူသည် နွေဦးကျင့်စဉ်တစ်ခုတည်းကိုသာ အားကိုးခြင်းမျိုး မဟုတ်ဘဲ သူကိုယ်တိုင် တီထွင်ဖန်တီးထားသော မိုးကြိုးခန္ဓာကျင့်စဉ်မှ ချီစွမ်းအင်ဆွဲယူခြင်း နည်းစနစ်ကိုပါ ပူးပေါင်းအသုံးပြုလိုက်ပြီး ပြင်းထန်လှသော ချီစွမ်းအင်လှိုင်းကြီးကို ဆွဲယူလိုက်တော့သည်။

ဤကျင့်စဉ်နှစ်ခုကို ပူးပေါင်းအသုံးပြုလိုက်ခြင်းကြောင့် သူ၏ ပြင်ပချီစွမ်းအင် ဆွဲယူမှုနှုန်းသည် အဆမတန် မြင့်မားသွားခဲ့ရသည်။ တုန်လှုပ်စရာကောင်းသည်မှာ သူ၏ စွမ်းအင်ကြောများသည် ထိုပြင်းထန်လှသော စွမ်းအင်စီးဆင်းမှုကို တစ်ချက်မျှ နာကျင်ခြင်းမရှိဘဲ အလွယ်တကူ လက်ခံနိုင်ခဲ့ခြင်းပင်။ ပင်ပန်းနွမ်းနယ်သွားခြင်းမျိုးမရှိဘဲ ပိုမို တက်ကြွလာခဲ့ကာ စွမ်းအင်များကို ပိုမို တောင်းတနေသည့်အလား ခံစားလိုက်ရတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters